Channel Myanmar

Yuko Takeuchi

The Travelling Cat Chronicles (2018) 6.8
The Travelling Cat Chronicles (2018) The Travelling Cat Chronicles (2018)"ခုနစ်ရောင်သက်တံ ဆိုတာ နန ရဲ့သက်တံပေါ့"တဲ့။ ဒါကတော့ ကျွန်တော့်သခင် ဆတိုးရု ပြောခဲ့တဲ့စကားပါ။ နန ဆိုတဲ့ ကျွန်တော့်နာမည်က ဂျပန်လိုဆို ခုနစ်မလို့တဲ့လေ။ ဆတိုးရုက သိပ်ကို ကြံကြံဖန်ဖန်တွေးတတ်တာပဲနော်။ပြီးတော့ ကျွန်တော့်ကို သိပ်ချစ်ရှာပြီး ကျွန်တော့်အတွက်ဆို ငိုပါငိုကြွေးတဲ့ လူသားပေါ့။ဆတိုးရုနဲ့ ကျွန်တော်နဲ့ စတွေ့ခဲ့ပုံကို ပြောပြပါဦးမယ်။ကျွန်တော်ဆိုတာ အရင်တုန်းက လမ်းပေါ်မှာ လေလွင့်နေတဲ့ ကြောင်တေလေတစ်ကောင်ပေါ့ဗျာ။အဲဒီလိုကျွန်တော့်ကိုမှ တယုတယနဲ့ အစာလာကျွေးနေကျဖြစ်တဲ့ လူသားကတော့ အခု ကျွန်တော့်သခင်ဖြစ်လာတဲ့ ဆတိုးရုပေါ့။သိတဲ့အတိုင်း စတွေ့တဲ့အချိန်တုန်းက ကျွန်တော်ဟာ ကြောင်လောကမှာလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ ဆရာကြီးဆိုတော့ မာနကလည်းတစ်ခွဲသားနဲ့ဗျ။ စားစရာရှိတာစားပြီးရင် သံယောဇဥ်တွေအတွယ်မခံ၊ ပွတ်သပ်လည်း မခံဘူး။ဝတ်ကျေတန်းကျေလောက်ပဲ ဆက်ဆံတာပေါ့။ဒါပေမဲ့ တစ်နေ့မှာတော့ ခါတိုင်းလို ကြောင်အစည်းအဝေးပွဲ သွားရမယ့်ညမှာ ကျွန်တော့်ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်ဗျ။ ဒါကတော့ လမ်းဖြတ်ကူးနေတုန်း ကားတိုက်ခံလိုက်ရတာပါ။ အမှားလေး တစ်ချက်​ကအသက်ကို နှုတ်ယူသွားနိုင်တဲ့ လေလွင့်ကြောင်တွေရဲ့ဘဝပေါ့ဗျာ။ ကျွန်တော်တစ်ကောင်တည်း လမ်းမကြီးထက်မှာ ကူရာကယ်ရာမဲ့ ဝေဒနာခံစားနေရပြီး သိပ်နာကျင်လွန်းလို့ ...
movie

The Travelling Cat Chronicles (2018)

2018
Strawberry Night (2013) 6.3
Strawberry Night (2013) [Unicode]Strawberry night : Sutoroberi naito (2013)Strawberry night Japan seriesကိုထုတ်လွှင့်ပြသခဲ့ပြီးတဲ့နောက် 2013မှာ movieအနေနဲ့ထွက်လာခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။စိတ်ဒဏ်ရာရစရာကိစ္စရပ်တွေဆီကနေရုန်းထွက်ခဲ့ပြီးနောက် မိန်းကလေး "ရီကို ဟီမီကဝ"က ရဲမေတစ်ယောက်ဖြစ်လာခဲ့ပါတယ် ၊ တစ်နေ့မှာတော့ သူတာဝန်ကျရာနေရာတဝိုက်မှာ လူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်"ရူဇာကီဂိုဏ်း"ရဲ့ဂိုဏ်းတွင်းပြသနာတွေနဲ့ပတ်သက်တယ်လို့ ယူဆခဲ့ကြပေမယ့် ဟီမီကဝကတော့ ဒါကိုမယုံကြည်ခဲ့ပါဘူး... အဲဒီအချိန်မှာဟီမီကဝဆီကို ထူးဆန်းတဲ့ဖုန်းတစ်ခုဝင်လာပြီး လူသတ်သမားဟာ "ကန်တို-ရနိုင်"ဖြစ်ကြောင်း သတင်းပေးတဲ့ဖုန်းဖြစ်နေခဲ့ပါတယ် ၊သို့ပေမယ့် ကန်တို-ရနိုင်နောက်ကိုမလိုက်ဖို့ ဟီမီကဝရဲ့အထက်လူကြီးကအမိန့်ပေးခဲ့ပါတယ်... ဒါပေမယ့်လည်း အမှန်တရားကိုသိချင်တဲ့သူဖြစ်တဲ့အတွက်ကြောင့် မရပ်သွားဘဲ ကန်တို-ရနိုင်နောက်ကိုဆက်လိုက်နေရင်းနဲ့ ရူဇာကီဂိုဏ်းရဲ့အကြံပေး "အိဆအို မာကိတ"နဲ့တွေ့ခဲ့ပါတယ်။မာကိတနဲ့ဆီကအချက်အလက်တွေကိုယူပြီးဒီအမှုကိုဆက်လိုက်ရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေဖြစ်လာတဲ့အခါမှာ... လုပ်နေရတဲ့အလုပ်ချင်းက ပြဒါးတစ်လမ်း သံတလမ်းဖြစ်နေပေမဲ့ ရီကိုက မာကိတအပေါ်ဘာလို့ သံယောဇဉ်ရှိသွားရတာလဲ ...အမှန်တရားဘက်တော်သားဖြစ်ရမဲ့အကြီးအကဲကိုယ်တိုင်က ရာထူးတည်မြဲရေးနဲ့ ဂုဏ်သိက္ခာအတွက် အမှန်တရားကိုလျစ်လျူရှုထားတဲ့အခါ ...ဖုံးကွယ်ပေးထားတဲ့ကန်တိုကိုရှာရင်း လူသတ်သမားအစစ်သေချာအောင် လိုက်ရှာရတဲ့အခါ.... ဘယ်လိုမျိုးလှည့်စားမှု ယုတ်မာမှုတွေရှိလာမှာလဲ တကယ့်လူသတ်သမားအစစ်ကရောဘယ်သူဖြစ်မလဲဆိုတာတွေကို ဒီဇာတ်လမ်းလေးထဲမှာဆက်ပြီး ကြည့်ရှုအားပေးကြပါဦးနော် ။( အညွှန်း နဲ့ ဘာသာပြန်သူကတော့ Ingyin San ဖြစ်ပါတယ် )[Zawgyi]Strawberry night : ...
movie

Strawberry Night (2013)

Ringu (1998) 7.3
Ringu (1998) နာမည်ကျော် The Ring ရဲ့ Original ဇာတ်ကားဖြစ်တဲ့ Japan ဇာတ်ကား Ringu ပါ။ မူရင်း ဝတ္ထုဇာတ်လမ်းအတိုင်း ရိုက်ကူးတယ်လို့ သိရပါတယ်။ ကျွန်တော်ကတော့ ဒီဇာတ်လမ်းကပိုပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ထင်ပါတယ်။ The Ring နဲ့ တော်တော်များများတူနေပေမယ့် ကွဲတဲ့ အချက်တွေကြောင့် ဒီဇာတ်ကားကို ပိုစိတ်ဝင်စားမိတယ် ထင်ပါတယ်။ ဂျပန်ကားတွေရဲ့ ထုံးစံ ဇာတ်လမ်းခပ်အေးအေးပုံစံကို မတွေ့ရဘဲ ဇာတ်လမ်းသွားက နည်းနည်းသွက်ပါတယ်။ ပုံမှန်မြင်နေကျ Overacting တွေလည်း မပါပါဘူး။ အတော်ကြည့်လို့ကောင်းတဲ့ ဇာတ်ကားပါ။The Ring ကတော့ ဒုတိယ The Ring Two ကြည့်မှ ပိုပြီးကြည့်ကောင်းမယ်ဆိုပေမယ့် ဒီဇာတ်ကားကတော့ နောက်ထပ်မဆက်လည်း ကြည့်ကောင်းတဲ့ ဇာတ်ကားပါ။ ပြီးတော့ ဒီဇာတ်ကားမှာ သရဲတင်မဟုတ်ဘဲ သဘာဝလွန်စွမ်းအင်တွေ တခြားလောကကလာကြတဲ့ သတ္တဝါတွေ အဲဒီအယူအဆတွေကိုပါထည့်သွင်းထားပါတွေ့ရပါတယ်။ ၁၉၉၈ ခုနှစ်က ထွက်ခဲ့တာဖြစ်ပြီး IMDB Rating 7.3 ထိရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ ...
movie

Ringu (1998)

1998