Channel Myanmar

Yuuko Kobayashi

Naruto Shippuden the Movie: The Lost Tower(2010) 6.8
Naruto Shippuden the Movie: The Lost Tower(2010) Naruto shippuden movie 4 : the lost tower ==================================Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်ကနာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece,bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါအချိန်တုန်းက ကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာnever give up, this is my way of ninja,Dattebayo 😅ဆိုပြီးရွတ်ဆိုခဲ့ကြတဲ့အထိmoti​ပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အ​နေနဲ့လည်းက​လေးဘဝကို ၃ကားထွက်ခဲ့ပြီး shippudenလူငယ်ဘဝက​တော့ ၇ ကားအထိထွက်ခဲ့ပါတယ်။ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာစတုတ္ထကားဖြစ်ပြီးIMDb 6.8/10My anime list 7.4/10ရထားပါတယ်ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​​​​တော့Konohaရွာက Narutoတို့အဖွဲ့ဟာ လူဆိုးတစ်​ယောက်ကိုလိုက်ဖမ်းရင်းနဲ့မြို့ပျက်ကြီးတစ်ခုကို​ရောက်သွားပါတယ်။အဲ့ဒီမြို့ပျက်ထဲမှာ 4th Hokageရဲ့ ချိတ်ပိတ်ထားတဲ့အစီအရင်တစ်ခုရှိပြီး အဲ့ဒီအစီအရင်ကိုလူဆိုးကစုပ်ယူလိုက်တဲ့​နောက်မှာ​တော့ Naruto ဟာ အတိတ်ကို​ရောက်ရှိသွားကာ 4th hokageနဲ့ပြန်ဆုံမိပါ​တော့တယ်။အနာဂတ်ကလာတဲ့ Naruto​ကြောင့် သမိုင်း​ကြောင်း​ပြောင်းသွားမလား သားအဖချင်း​ပြောချင်တဲ့စကား​တွေကဘာ​တွေလဲ ပစ္စုပ္ပန်ကို Narutoပြန်လာနိုင်ပါ့မလားဆိုတာကိုကိုယ်တိုင်ကြည့်ရှုလိူက်ပါ​တော့  File size…1.2GB / 509MB Quality…1080p  / 720p Format…mp4 Duration….1h 25m Genre ..... Animation , ...
movie

Naruto Shippuden the Movie: The Lost Tower(2010)

Kiki’s Delivery Service (1989) 7.8
Kiki’s Delivery Service (1989) ၁၃နှစ်ပြည့်တဲ့စုန်းလေးတွေဟာ အိမ်ကထွက်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့ စုန်းတို့ရဲ့ရိုးရာအတိုင်း ၁၃နှစ်အရွယ်စုန်းမလေးခီခီဟာ တိမ်ကင်းစင်တဲ့လပြည့်ညတစ်ညမှာ သူ့ရဲ့ကြောင်နက်လေးဂျီဂျီရယ် အဖေ့ရေဒီယိုလေးရယ်နဲ့အတူ တံမြက်စည်းပျံစီးပြီး အိမ်ကထွက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ နာရီ​စင်ကြီးရှိတဲ့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ အခြေချဖို့ဖြစ်လာတဲ့အခါ စုန်းမလေးခီခီဟာ အခက်အခဲပေါင်းများစွာနဲ့ရင်ဆိုင်ရပါတော့တယ်။ ​ တဖြည်းဖြည်းနဲ့ ခီခီ့ရဲ့တစ်ပါးသူအပေါ်ကူညီပေးမှုတွေ၊ သနားကြင်နာတတ်မှုတွေကြောင့် လူချစ်လူခင်ပေါလာပြီး သူ့ကိုယ်ပိုင်ပစ္စည်းပို့လုပ်ငန်းလေးကိုလည်း တစ်နိုင်တစ်ပိုင်ထူထောင်လာနိုင်ပါတော့တယ်။ ဒီဇာတ်လမ်းမှာ ခီခီ့ရဲ့ ကိုယ်ပိုင်အလုပ်သစ်လေးမှာ အလုပ်အပ်သူတစ်ယောက်ပေါ်လာရင်ကို စိတ်လှုပ်ရှားနေတတ်တာမျိုးတွေ၊ သူငယ်ချင်းကြောင်နက်လေးဂျီဂျီ သူငယ်ချင်းအသစ်ရသွားတဲ့အခါ စိတ်ပျက်ဝမ်းနည်းပုံလေးတွေ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတဲ့အခါ အတက်အကျတွေအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရပုံလေးတွေကို လူငယ်သဘာဝအလျောက် တွေ့မြင်ရမှာဖြစ်ပြီး ကိုရိုကိုဆိုတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေးရဲ့ သဘာဝအလှအပလေးတွေကိုလည်း စိတ်ချမ်းမြေ့ဖွယ်ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်... IMDb 7.8/10 Rotten tomatoes 98% ထိရရှိထားတဲ့ anime ဇာတ်ကားကောင်းလေးကို ကြည့်ရှုခံစားပေးကြပါဦး....   File Size - 1.4 GB Quality - BluRay 1080p Subtitle - Burmese (hardsub) Translator - May Thu Aung Encoder -  Thit San Khant
movie

Kiki’s Delivery Service (1989)

1989