Channel Myanmar

Zak Orth

You Will Meet a Tall Dark Stranger (2010) 6.8
You Will Meet a Tall Dark Stranger (2010)  လူတိုင်းမှာတော့ ကိုယ်စီကိုယ်စီလိုအင်ဆန္ဒတွေရှိကြမှာပါပဲ။လူ့အလို နတ်မလိုက်နိုင်ဆိုသလိုလူတွေရဲ့ လိုအင်ဆန္ဒကလဲ ဘယ်တော့မှပြည့်ဝတယ်ဆိုတာကိုမရှိပါဘူး။ ဒီကားထဲမှာလဲမိသားစုတစ်စုထဲက အဲ့လိုလူလေးယောက်ရဲ့အကြောင်းကိုရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်။ ဒီကားရဲ့အဓိက ဇာတ်ကောင်လေးယောက်ထဲက ပထမတစ်ယောက်ကတော့ဟယ်လီနာဆိုတဲ့ဘဝမှာ စိတ်ညစ်စရာတွေအများကြီးရှိနေပြီး ယောက်ျားထားသွားတာကိုခံခဲ့ရလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့အဖွားကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒုတိယတစ်ယောက်ကတော့ ဟယ်လီနာဆိုတဲ့အဖွားကြီးကိုထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်လူပျိုလေးလိုသဘောထားပြီး သူငယ်ပြန်နေတယ်လို့ထင်ရတဲ့ အယ်လ်ဖီဆိုတဲ့အဖိုးကြီးပဲဖြစ်ပါတယ်။တတိယတစ်ယောက်ကတော့စာရေးဆရာယောင်ယောင် ဘာယောင်ယောင် မယ်မယ်ရရအလုပ်လဲမလုပ်ကိုင်ပဲအိမ်မှာပဲ ယောက္ခမရဲ့ ပိုက်ဆံနဲ့နေနေတဲ့ တစ်အုပ်ကောင်းစာရေးဆရာဟယ်လီနာရဲ့သမက်ရွိုင်းပဲဖြစ်ပါတယ်။နောက်ဆုံး တစ်ယောက်ကတော့ ရွိုင်းရဲ့အသုံးမကျမှုတွေကြောင့် အလုပ်တွေကုန်းရုန်းလုပ်ကိုင်နေရပြီး ကလေးတစ်ယောက်ယူကာ မိသားစုဘဝကိုထူထောင်ချင်နေတဲ့ ရွိုင်းရဲ့မိန်းမဆယ်လီပဲဖြစ်ပါတယ်။အဲ့ဒီလူလေးယောက်ရဲ့ဘဝတွေကိုစိတ်ဝင်စားစရာကောင်းအောင် အသေးစိတ်ရိုက်ကူးထားတဲ့လူ့သဘောသဘာဝတွေအကြောင်းကို ကြည့်ရှုရမဲ့မိသားစုကြားကဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။  File size…3.54GB / 986MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

You Will Meet a Tall Dark Stranger (2010)

Vicky Cristina Barcelona (2008) 7.1
Vicky Cristina Barcelona (2008) IMDb----7.1/10မင်းသမီးချော စကားလက်ဂျိုဟန်ဆန် ငယ်ရွယ်နုပျိုစဥ်အခုတုန်းကရိုက်ထားတဲ့ဇာတ်ကားလေးပါ ဘာစီလိုနာမြို့မှာအခြေတည်ရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပြီးတော့ ဘာစီလိုနာရဲ့မြို့အလှမြင်ကွင်းတွေကိုသေချာမြင်တွေ့နိုင်မယ့်ဇာတ်ကားလေးလည်းဖြစ်ပါတယ် အချစ်ရဲ့အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းမတူကြတဲ့သူငယ်ချင်းနှစ်ယောက် ဘာစီလိုနာမြို့ကို နွေရာသီအားလပ်ရက်အနားယူဖို့ရောက်လာရာကနေ ဇနီးဟောင်းနဲ့သမုဒယကြိုးတွေမပြတ်နိုင်သေးတဲ့ စပိန်ပန်းချီဆရာတစ်ယောက်ကိုတစ်ပြိုင်တည်း စိတ်ဝင်စားမိရာက အချစ်နဲ့ဘဝရဲ့ ပဟေဠိတွေကို အဖြေရှာကြတဲ့အကြောင်းလေးပါ မင်းသမီးချော စကားလက်ဂျိုဟန်ဆန်ရဲ့ Lost in translation 2003ကိုကြိုက်နှစ်သက်ကြသူတွေဆို ဒီကားလေးကိုလဲ သဘောကျပါလိမ့်မယ် ကြည့်ပြီးတာနဲ့ လူတစ်ယောက်နဲ့တစ်ယောက် ဇာတ်ကားအပေါ်ခံစားရပုံခြင်းမတူကြပဲ အချစ်နဲ့ဘဝရဲ့ပတ်သက်တဲ့မေးခွန်းလေးတွေကိုတွေးမိနေစေမယ့်ဇာတ်ကားလေးပါ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre...Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Tz  
movie

Vicky Cristina Barcelona (2008)

Music and Lyrics (2007) 6.5
Music and Lyrics (2007) Music and Lyrics (2007) ================== IMDb Rating - 6.5/10ဒီဇာတ်ကားကိုမကြည့်ခင် YouTube Spotify Apple music စတဲ့ပလက်ဖောင်းတွေမှာ Way back into love ဆိုတဲ့ သီချင်း ကို နားဆင်ခံစားကြည့်လိုက်ပါ၊ တကယ်လို့ အဲ့သီချင်းကိုမကြိုက် ခဲ့ရင်လည်း ဇာတ်ကားကိုတော့ ဆက်ကြည့်လိုက်ပါ။ နားထောင် ရတာကြိုက်ခဲ့ရင်တော့ စီးကရက်တစ်လိပ်နဲ့ ကော်ဖီတစ်ခွက်ယူပြီး ဆက်ခံစားကြည့်ကြဖို့ အကြံပေးပါရစေ။ဇာတ်လမ်းကမဆန်းပါဘူး musical romance လေးပါပဲ။ ဒါပေမဲ့ အချစ်ဆိုတဲ့အရာကိုက ဆန်းကြယ်နေခဲ့တာပါ။ အချစ်ကြောင့် အရာ ရာအဓိပ္ပာယ်ရှိသွားတယ်၊ အချစ်ကြောင့် အရာရာလှပနေခဲ့တယ်၊ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မှာ နားဆင်ခံစားဖို့သီချင်းကောင်းလေး တွေအပြင် သီချင်းစာသားတွေရဲ့နှလုံးသားကို ခံစားလို့ရမယ်။လူတိုင်းချစ်တတ်ကြမှာပါ၊ အချစ်မှာနောင်တတွေအမှားတွေရှိတယ်၊ အချစ်မှာကြီးကျယ်ခမ်းနားခြင်းတွေ အားအင်တွေရှိတယ်၊ အဲတော့ ဒီအချစ်ဇာတ်ကားလေးနဲ့အတူ အချစ်ကိုခံစားရင်း ကောင်မလေးရှိတဲ့ သူတွေက ကောင်မလေးကိုရိုပြပါ၊ FA တွေကလည်း စိတ်ကူးယဉ်ရင်း မျက်ရည်ကျပါ၊ တစ်ခေတ်တစ်ခါရဲ့ Charles'Angle ဒရူးဘယ်ရီမိုးက တော့ သင်တို့အားလုံးအား အချစ်အဓိပ္ပာယ်ကိုဖွင့်ဆိုပြမှာမို့ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်)File Size..........(2.13 GB) / (889 ...
movie

Music and Lyrics (2007)

2007
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020) 7.1
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020) Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)အညွှန်း**************************************************************IMDb.... 7.1ဒီဇာတ်ကားလေးက Netflix ကနေပြီးတော့ unbreakable Kimmy Schmidt series ထဲကို 2020 special အနေနဲ့ ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အသက် ၂၉ နှစ်အရွယ် ကမ်မီဟာ အင်ဒီရားနနား မြို့လေးရဲ့ မြေအောက် ကတုတ်ကျင်းထဲမှာ နှစ်အတော် အကြာ ပိတ်လှောင်ခြင်းခံထားရဖူးပါတယ်။ကြောက်စိတ်တွေနဲ့ သူမဟာ လက်ထက်ဖို့ သုံးရက်အလိုမှာ လွယ်အိတ်ထဲကနေမမျှော်လင့်ပဲ စာကြည့်တိုက်ကနေ ဌားထားတဲ့ စာအုပ်လေးကို တွေ့ရှိခဲ့တယ်။ အဲ့လိုနဲ့ အကောင်းမြင် သမားလေးဖြစ်တဲ့ ကမ်မီဟာ နောက်ထပ် သူ့လို မတရားခံရသူ မိန်းကလေးတွေ ရှိနေနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မင်္ဂလာပွဲမစခင် သုံးရက် အလိုမှာ သူငယ်ချင်း ဖြစ်သူ တိုင်းဒက်စ်နဲ့ အင်းဒီးရားနား မြို့လေးကို ပြန်သွားခဲ့ပါတယ်။သူမှာ သူ့ ...
movie

Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)