Channel Myanmar

Zhang Guangbei

Blood on the Nameless River ( 2023 ) 5.8
Blood on the Nameless River ( 2023 ) ကိုရီးယားအမေရိကန်စစ်ပွဲကိုအခြေခံထားတဲ့ သွေးနဲ့ရေးတဲ့စစ်ပွဲဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရန်သူအမေရိကန်စစ်တပ်တွေကိုတားဆီးနိုင်ဖို့အတွက်ဆိုရင် သူတို့ရဲ့ရိက္ခာအထောက်အပံ့တွေကိုဖြတ်ပစ်လိုက်တာဟာ ခြေထောက်နှစ်ချောင်းကိုဖြတ်ပစ်သလိုပဲထိရောက်ပါလိမ့်မယ်။အဲဒါကြောင့် တုချွမ်းတို့တပ်စုဟာရိက္ခာဖြည့်တဲ့ထောက်ပို့စခန်းတစ်ခုကိုဝင်စီးကြပါတယ်။ အဲဒီထောက်ပို့စခန်းကိုဝင်စီးလိုက်တဲ့အချိန်မှာ မထင်မှတ်ပဲ ရန်သူရဲ့စစ်ကြောင်းကိုသိလိုက်ရပါတယ်။ တရုတ်ပင်မစခန်းကြီးကို အမေရိကန်တွေရဲ့အမြှောက်တပ်ကြီးရောက်မသွားအောင် တုချွမ်းတို့တပ်စုဟာအစွမ်းကုန်ကြိုးစားရဖို့တာဝန်ဖြစ်လာပါတယ်။ရန်သူနဲ့အင်အားမမျှတဲ့အတွက် သူတို့တပ်စုလေးဟာ ဘယ်လိုနည်းဗျူဟာတွေသုံးပြီး အမေရိကန်တွေကိုတားမလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ ပီပြင်တဲ့ဆက်တင်နဲ့သရုပ်ဆောင်ချက်တွေကြောင့် စစ်ကားကြိုက်တတ်တဲ့သူတွေရဲ့ ကျေနပ်စရာကောင်းတဲ့ကားလေးတစ်ကားဖြစ်မှာသေချာပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , War Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Blood on the Nameless River ( 2023 )

Hibiscus Town (1986) 8.1
Hibiscus Town (1986) Hibiscus Town (1986) ================ IMDb Rating - 8.1/10Hibiscus Town ဟာ ဟောင်ကောင် ထိုင်ဝမ် ပြည်မ သုံးခြမ်းပေါင်းက အကောင်းဆုံးရုပ်ရှင်တစ်ရာကို စာရင်းလုပ်ထားတဲ့ထဲက တစ်ကားအပါ အဝင်ဖြစ်တဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို ရိုက်ထားတဲ့ ဒါရိုက်တာက တရုတ် ပြည်မရဲ့ တတိယမျိုးဆက်ဒါရိုက်တာစာရင်းဝင် Xie Jin။ သူ့ကျန်တဲ့ကား တွေတော့ မကြည့်ဖူးပေမဲ့ ဒီကားအရတော့ အရောင်အသုံးတော့မတူပေ မဲ့ ဇာတ်တင်ဆက်ပုံတော့ ကျန်းရိမူနဲ့ တော်တော်လေး တူတယ်လို့တော့ ခံစားရတယ်။ တစ်ခုရှိတာက ကျန်းရိမူက မူရင်းဇာတ်ကို အမြဲချုံ့ပစ်တတ် ပေမဲ့ သူကတော့ အဲဒီလိုမဟုတ်လောက်ဘူး။ ကျန်းရိမူက ငါးဆက်မြောက် မျိုးဆက် သူက တတိယမျိုးဆက်ဆိုတော့ ကျန်းရိမူတို့ chen kaige တို့ ရိုက်ခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလ နောက်ခံရုပ်ရှင်မျိုးတွေကို သူရိုက်တာ ပိုစောတာတော့ သေချာတယ်။ ကျန်းရိမူကို ကြိုက်တဲ့လူတွေ ကြည့်သင့်တဲ့ကားမျိုးလို့တော့ ပြောလို့ရတယ်။ သူရိုက်တဲ့မူရင်းစာအုပ်က လည်း ဒီကားနဲ့ နာမည်အတူတူပဲ။ဇာတ်က ဘာဇာတ်လဲဆိုရင်တော့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ တရုတ်ပြည်က ရွာလေးတစ်ရွာကို နောက်ခံထားပြီး အဲဒီရွာလေးက ဘဝတွေ ဇာတ်တွေ ...
movie

Hibiscus Town (1986)

1987
Under The Shadow (2022)
Under The Shadow (2022) Under the Shadow (2022)ဒီကားလေးက တရုတ်နိုင်ငံမှာ တရားမဝင်အွန်လိုင်းဂိမ်းအစပျိုးလာတော့ ပညာပေးအနေနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ယူပြီး ပြည်သူတွေကို ဘယ်လိုကာကွယ်ပေးလဲဆိုတာ အသားပေးရိုက်ကူးထားပါတယ်။ဝက်သတ်ပွဲကို ကြိုးကိုင်နေကြတဲ့သူတွေအကြောင်း၊ အလိမ်ခံရတဲ့ပြည်သူတွေရဲ့ ပျက်ဆီးဆုတ်ယုတ်မှုတွေအကြောင်းတွေကို သေချာရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပါပဲ။ ဝက်သတ်ပွဲ ဆိုတာကို သိချင်ရင်တော့ ဇာတ်ကားလေးကိုသာ ကြည့်လိုက်ပါတော့။နိဂုံးချုပ်အနေနဲ့ ပြောရရင်... ရှောင်ထုန်လေးက အရမ်းအရမ်းချစ်ဖို့ကောင်းပါတယ်လို့ ....အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 755MB | 337MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... Brian
movie

Under The Shadow (2022)

2022
Switch (2013)
Switch (2013) Action, Crime, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသား Andy Lau က အေးဂျင့်ဖိုက်တာတစ်ယောက်အဖြစ် အဓိကပါဝင်ထားပါတယ်။သိပ္ပံနည်းနည်းဆန်တဲ့တရုတ်အက်ရှင်ကားလေးတွေအများစုကပေါသလိုလိုဖြစ်သွားတတ်တယ်ဗျ။ ဒါပေမဲ့အခုကားလေးကိုတော့မပေါဘူးလို့မထင်ပါနဲ့၊ အခုကားလေးလည်းပေါတာပဲ။ ဒါပေမဲ့ပေါပေမဲ့တော်တော်ကြည့်‌လို့ကောင်းနေတာဆိုတော့ ပေါကောင်းလေးပေါ့။ဒါပေမဲ့ပေါတယ်ဆိုတာကနိုင်ငံတကာပရိသတ်ရဲ့အမြင်မှာပေါနေတာမျိုး‌ပေါ့ဗျာ၊ ထောက်ပြစရာလစ်ဟာတာတွေ၊ ဟိုဟာတွေ ဒီဟာတွေ ဘာညာကွိကွ ဘလာဘလာဆိုပြီး ပေါကားလို့သတ်မှတ်ခံရတာမျိုးပေါ့။ ဒါပေမဲ့ကြည့်လိုက်လို့အရမ်းကြီးငါ့အချိန်တွေသက်သက်ဖြုန်းလိုက်ရတယ်ဆိုတာမျိုးတော့မဖြစ်မယ့်ကားကောင်းလေးပါ။ နိုင်ငံကြီးသုံးနိုင်ငံပေါင်းကားဆိုတော့ ဗြိတိသျှရော တရုတ်ရော ဂျပန်ရောက စကီလန်းလန်းလေးတွေကိုကြည့်ရမယ်၊ ပိုပြီးကျစ်လျစ်အောင်လုပ်ရင်‌ရှယ်ကောင်းမယ့်ဇာတ်ကွက်ရှိနေတာရယ် အထဲက CGI တွေက ၂၀၁၃ နဲ့ဆိုအရမ်းကြီးမဆိုးနေတာရယ်ကတော့ ဒီကားလေးကို အဓိကကြည့်ပျော်ရှုပျော်ဖြစ်စေတဲ့အချက်ပါပဲ။အက်ရှင်ကားဆိုတဲ့အတိုင်း အက်ရှင်ကတော့ တကယ်အပြည့်အဝကိုပါတာပါ၊ အာရှမျက်စိနဲ့ဆိုကြည့်လို့တကယ်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟိုးဒဏ္ဍာရီတည်းကနှစ်ပိုင်းကွဲနေတာကြာပြီဖြစ်တဲ့ ပန်းချီကားတစ်ကားရဲ့အပိုင်း ၂ ပိုင်းကို သူပြိုင်ကိုယ်နိုင်အပြိုင်လုကြမယ့် ဗြိတိသျှ၊ တရုတ်၊ ဂျပန်‌သုံးနိုင်ငံပေါင်းကားလေးဖြစ်ပြီး ဒီထဲကအဓိကအေးဂျင့် ရှောင်ဂျင်ဟန်ရဲ့အက်ရှင်ကြမ်းကြမ်းတွေ တရုတ်၊ ဂျပန်၊ အင်္ဂလန်ဂျက်မတွေရဲ့ အက်ရှင်‌ကောင်းကောင်းတွေကို အာရှမျက်စိလေးနဲ့ခံစားဖို့ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Switch ဆိုတဲ့အက်ရှင်ကားကောင်းလေးကိုညွှန်းလိုက်ရပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p ...
movie

Switch (2013)

2013
Triple Threat(2019) 5.6
Triple Threat(2019) Triple Threat(2019) IMDb....7.5 Ong Bak မင်းသား တိုနီဂျား၊ The Raid ရဲ့ မင်းသား Iko Uwais နဲ့ ထိုက်ချိမင်းသား တိုက်ဂါးချန်း တို့ ပူးပေါင်းပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကို တင်ပေးထားပါတယ်။ ဗီလိန်နေရာမှာတော့ ဘွိုင်ကာ မင်းသားကြီး စကော့ အက်ဒ်ကင်း ပါဝင်ထားတာမို့ ဘယ်လောက်ကြမ်းကြမလဲ ပြောဖို့မလိုလောက်တော့ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ရာဇဝတ်မှုတွေ မြင့်တတ်နေတဲ့ မဟာဂျာယာမှာ လူဆိုးဂိုဏ်းတွေနှိမ်နင်းရေးအတွက် အကြီးအကျယ်လာလှူဒါန်းတဲ့ တရုတ်မလေး ထန်းရှောင်ရှန်းကို ကော်လင်တို့ ကြေးစားအဖွဲ့က လုပ်ကြံဖို့ကြိုးစားတာမှာ ဟို ဂျပုသုံးကောင်နဲ့ တွေ့တာပါပဲ ။ သူတို့ သုံးယောက်နဲ့ ကော်လင်တို့က အရင်ကတည်းက ရန်ငြိုးရှိသူတွေပီပီ အတိုးရော အရင်းရော ပေါင်းပြီးဆပ်ကြပါတယ်။ အကျဉ်းပြောရရင်တော့ ချတဲ့ကားပါ။ ချပါတယ် အားတိုင်း။ သေနတ်ရှိရင်တောင် ဘေးချပြီး ချပါတယ်။ တွေ့ရာနေရာမှာ အားတိုင်းချပါတယ်။ ကြည့်ရင်းနဲ့ ကြည့်တဲ့သူပါ ချချင်နေလိမ့်မယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်...  File Size ...
movie

Triple Threat(2019)

2019