Channel Myanmar

Zhang Zifeng

My Sister ( 2021 ) 6.7
My Sister ( 2021 ) ဒီကားလေးက “ အစ်မကြီး အမိအရာ” ဆိုတဲ့စကားလေးကို လုံးဝ ပုံဖော်ပြထားတဲ့ကားလေးပေါ့...သားယောက်ျားလေးမှ ဦးစားပေး နေရာပေး လူရာသွင်းတဲ့ တရုတ်တွေရဲ့ ဖိုဝါဒဓလေ့ကြီးအောက်မှာ နင်က အစ်မပဲလေဆိုတဲ့စကားတစ်ခွန်းဟာ တစ်သက်လုံးရုန်းထွက်မရအောင် ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းဖြစ်နေခဲ့ပါတယ်...ဒီလိုမမျှတနေတာကြီးနဲ့ ဒီလိုချည်နှောင်ထားတဲ့ကြိုးကို ဖြတ်တောက်ဖို့ရုန်းထွက်ဖို့ကြိုးစားသူကတော့ အန်းရန်ပေ့ါ သူကို မွေးတည်းက မိန်းကလေးဖြစ်လို့ဆိုပြီး မိဘရင်ခွင်ထက် အဒေါ်ရင်ခွင်မှာ ခိုလုံခဲ့ရတဲ့သူဖြစ်ခဲ့ရတယ်...သူအပျိုအရွယ်လောက်မှာ သားယောက်ျားလေးမွေးပြီး သူ့ကို မပေးခဲ့တဲ့မေတ္တာတွေကို ဒီမောင်လေးအလှည့်မှ ပေးနေတဲ့အပြင် သူ့ကိုပါ ဒီမောင်လေးအတွက် စွန့်ခြင်းမြောက်များစွာကို စွန့်ခိုင်းခဲ့တဲ့အခါသူဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး...ဒီအချိန်မှာ သူ့ကိုတိုက်ခန်းလွှဲပေးပြီး သူ့မိဘ ၂ ပါးလုံး ရုတ်တရက်ကြီး ပျောက်ကွယ်သွားချိန်မှာ အန်းရန်တစ်ယောက် မမျှော်လင့်ထားတဲ့တိုက်ခန်းနဲ့အတူ သူမမြင်ချင်မကြည့်ချင်တဲ့ မောင်လေးပါ သူ့ဘဝထဲရောက်လာခဲ့ပါတယ်...အန်းရန်တစ်ယောက်ဟာ တိုက်ခန်းနဲ့အတူ မောင်ကိုပါ ရောင်းဖို့ပြင်ဆင်တော့တာပေါ့... အန်းရန်နဲ့ သူ့မောင်လေး ဘယ်လိုစခန်းသွားမယ်ဆိုတာ ဒါရိုက်တာက ပုံဖော်ထားပါတယ်... ဒါပေမယ့် ပရိသတ်ကြီးရော ဒီလို “အစ်မကြီးအမိရာ”ဆိုတဲ့အတိုင်း မောင်တွေညီမတွေရဲ့ အရှုပ်ထုပ်ကို အစ်မကလိုက်ရှင်းပေးရမယ်ဆိုတဲ့ အဆိုကို ထောက်ခံကြသလား...ဇာတ်ကားကြည့်ပြီးရင် အမြင်လေးတွေ ပြန်ဝေမျှသွားပါဦး~  Quality : Bluray 1080p , 480p Format : mp4 Genres : Drama Runtime : 2h 7min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Nu ...
movie

My Sister ( 2021 )

Upcoming Summer ( 2021 ) 6.9
Upcoming Summer ( 2021 ) ဒီတစ်ခါတော့ The long Ballad ဇာတ်ကားနဲ့ ပရိတ်သတ်တွေအချစ်အားလုံးကိုသိမ်းပိုက်သွားတဲ့ မင်းသား Leo Wu ရဲ့ဇာတ်ကားလေးကို တင်ဆက်ပေးမှာပါနော် ဒီဇာတ်ကားလေးကတော့ ချစ်ဖို့ကောင်းတဲ့ ဆယ်ကျော်သက်အရွယ်သူငယ်ချင်းနှစ်ယောက်အကြောင်းကို ပုံဖော်ထားတာပါ ဇာတ်ကြောင်းလေးကတော့ ...ချန်ချန်ဟာ မိသားစုပြဿနာကြောင့် စာမေးပွဲမဖြေနိုင်လိုက်ဘဲတစ်နှစ်ပြန်နေဖို့ဖြစ်လာခဲ့ပါတယ် ကျန်းယွီရှင်း(Leo Wu) ကတော့စာမေးပွဲကိုတောင် လာမဖြေခဲ့လို့ နောက်တစ်နှစ်ပြန်နေရတဲ့အင်တာနက်ဆယ်လီတစ်ယောက်ပါ အရမ်းကိုထူးခြားတဲ့ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံပုံလေးကတော့... ကျန်းယွီရှင်းဟာ ကျောင်းစတက်တက်ချင်းနေ့မှာပဲသူ တစ်ခါမှ မမြင်ဖူးတဲ့ ချန်ချန်က သူ့ကောင်မလေးလို့ ကျောင်းမှာ နာမည်ကြီးသွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ ချန်ချန်ကို စသတိထားမိသွားပြီးမိသားစုပြဿနာ အချစ်ရေးပြဿနာတွေကို ရင်ဖွင့်ရင်း နှစ်ဦးသား အမှန်တရားကိုလက်ခံနိုင်အောင်ဘယ်လိုကြိုးစားကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်ကျွန်တော်တို့အားလုံး တစ်ခါတစ်လေမှာ အမှန်တရားကို သိနေပေမဲ့လက်ခံနိုင်ဖို့ ခဲယဉ်းတဲ့အချိန်မျိုးမှာ လက်တွေ့ဘဝကို ငြင်းဆန်တတ်ကြပါတယ်ဒီလိုပဲ ဒီဇာတ်လမ်းလေးထဲမှာလည်း အဲ့လိုလူ့သဘာဝအကြောင်းလေးကိုထည့်သွင်းရိုက်ကူးထားတာကြောင့်မို့လို့ ကြည့်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါတင်မကဘူး ဟာသလေးတွေပါနှောထားတာကြောင့် တကယ်ကို အချိန်ကုန်မြန်စေမှာပါနော် Quality : WEB-DL 1080p, 720p , ...
movie

Upcoming Summer ( 2021 )

Chinese Doctors (2021) 5
Chinese Doctors (2021) Chinese Doctors (2021)Wuhanဆိုတဲ့ အမည်ကိုကြားလိုက်တာနဲ့ ကျွန်​တော်တို့ရဲ့အ​တွေးထဲမှာ ​နေရာတစ်ခုကိုတန်းပြီး ​ပြေးမြင်မိမှာပါ၊ ဟုတ်ပါတယ် ..... တစ်ကမ္ဘာလုံးက လူသန်း​ပေါင်းများစွာကို ဒုက္ခ​​ပေးခဲ့၊ ​ပေးဆဲဖြစ်တဲ့ Covid 19လို့​​ခေါ်တဲ့ ကမ္ဘာ့ကပ်​ရောဂါဆိုးကြီး စတင်​ပေါ်​ပေါက်ခဲ့တဲ့​နေရာပါ၊ဒီရုပ်ရှင်က​တော့ Wuhan မြို့မှာ Corona virusစတင်​တွေ့ရှိချိန်ကစပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်မျိုးပါ၊ ရုပ်ရှင်လို့လည်း ဆိုနိုင်သလို Real footage ​တွေပါ ပြန်သုံးထားတဲ့အတွက် Documentary လို့​​လည်း သတ်မှတ်လို့ရနိုင်ပါတယ်ဒီရုပ်ရှင်ထဲမှာ ဒီ Virusက ဘယ်​လောက်ထိ​ကြောက်ဖို့​ကောင်းလဲ ​ရောဂါအ​ကြောင်း ဂဃနဏမသိ​သေးတဲ့ စမ်းတဝါးဝါးအချိန်မှာကတည်းက ဘယ်​လောက်ထိ ဒုက္ခ​ပေးနိုင်လဲဆိုတာ ကိုယ်တိုင်တကယ်ကြုံ​နေရသလို ခံစားရမယ်၊ ဇာတ်​ကောင်​တွေနဲ့အတူ စီး​မြောပြီး ရင်​​မောရပါမယ်ပြီး​တော့ ဆရာဝန်​တွေရဲ့ကျင့်ဝတ်နဲ့ ကိုယ်ကျိုးယှဉ်လာတဲ့အချိန်မှာ ဘယ်​လောက်ထိ ​ဝေခွဲရခက်တယ်၊ ​ရွေးရခက်တယ်ဆိုတာ မြင်နိုင်တယ်၊ အပြင်လူ​တွေသိဖို့ခက်တဲ့ ဆရာဝန်​တွေရဲ့ဘဝကို​​တွေ့ရမယ်၊ လူနာအသက်ကိုကယ်ဖို့ဆိုရင် ဘာမဆိုလုပ်ရလုပ်ရဆိုတဲ့ သမားဂုဏ်ကိုလည်း ​ပေါ်လွင်​အောင် ရိုက်ကူးပြထားတယ်Covidအ​ကြောင်းပဲလား၊ ဆရာဝန်​တွေရဲ့ရှု​ထောင့်ပဲလားဆိုရင် မဟုတ်ပြန်ပါဘူး၊ လူနာ​တွေရဲ့ ...
movie

Chinese Doctors (2021)

2021
Detective Chinatown 3 ( 2021 ) 5.4
Detective Chinatown 3 ( 2021 ) Detective Chinatown 3 ( 2021 ) အညွှန်း**********************************စုံထောက်ဇာတ်ကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့လူတွေအတွက်ဟာသနှောစုံထောက်ကားလေး လာပါပြီနော်Detective Chinatown 3ဇာတ်ကားလေးဟာဆိုရင် အရင်က 1 2 ဆိုပြီးတော့နှစ်ကားထွက်ဖူးတာကြောင့် ကြည့်ပြီးသားလူတွေကတော့ဒီကားလေးထဲမှာ တူဝရီးနှစ်ယောက် ဘယ်လိုတွေ ဗရုတ်ကျပြီးပဟေဠိဆန်ဆန် လူသတ်မှုတွေကို စုံစမ်းကြသလဲဆိုတာ သိပြီးသားဖြစ်မှာပါအခု 3 မှာရော နှစ်ယောက်သား ဂျပန်ကိုသွားပြီး ဘယ်လိုအလွဲတွေနဲ့ပဟေဠိဆန်တဲ့လူသတ်မှုကို ဖြေရှင်းကြမလဲ ထိုင်းစုံထောက်ဂျပန်စုံထောက်တွေနဲ့ အားလုံးဆုံမိသွားတဲ့အပြင် မာဖီးယားတွေနဲ့အမှုက ပတ်သတ်နေတဲ့အခါ တူဝရီးနှစ်ယောက် ဟာသတွေ တစ်ပုံကြီးနဲ့အမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုကြရမှာပါရှေ့နှစ်ကားမကြည့်ဖူးသေးတဲ့လူတွေအတွက်လည်း ဒီကားလေးက1 2 နဲ့ အမှုအသွားအလာ အဆက်အစပ်မရှိတဲ့အတွက်ကြောင့်မို့လို့ဟာသ သဲထိတ်ရင်ဖိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအနေနဲ့လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးပါနော် Quality : HEVC 1080p 5.1,BLU-RAY720PFormat : mp4During : 2h 6minSubtitle : Myanmar Sub ( Hardsub )Translated ...
movie

Detective Chinatown 3 ( 2021 )

HEVC 1080p 5.1
Home Sweet Home ( 2021 ) 5.5
Home Sweet Home ( 2021 ) Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့...ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်းယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရအပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်းဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့်ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့်မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူကငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်ကကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင်အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ ...
movie

Home Sweet Home ( 2021 )

Adoring 5.6
Adoring The Adoring (2019)ည အိပ်မပျော်တုန်း ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ကားလေးပေါ့ နာမည်က Adoring တဲ့ ဒီရုပ်ရှင်ကားထဲမှာ မိသားစု ၆ ခု ဟာ မတူညီတဲ့ ပြသနာလေးတွေ ရှိပါတယ် တူညီတာကတော့ သူတို့ မွေးထားတဲ့ အကောင်လေးတွေ ရဲ့ ချစ်ခြင်းမေတ္တာ ပါပဲ ရှိကြမှာပါ တစ်ချို့တွေ ချစ်သူ မရှိ အိမ်ထောင်မကျခင် မွေးထားတဲ့ အကောင်လေးတွေကို သက်ဆိုင်သူ ရောက်လာတဲ့ အခါ စွန့်ပစ်လိုက်ရတာတွေ သက်ဆိုင်သူက အကောင်လေးတွေ မချစ်တက်ရင် ရွေးချယ်ရမယ့် အခါ ဒီအကောင်လေးတွေကို ဘေးပို့လိုက်ရတာတွေ ပေါ့ ပြီးတော့ အထီးကျန်နေတဲ့ လူတွေ က အကောင်လေးတွေကို သူတို့ သားသမီးလိုပဲ ချစ်ကြတယ် နွေးထွေးတယ် ယုယတယ် အကောင်လေးတွေကလဲ မထင်မှတ်ထားအောင် သူတို့ သခင်တွေ အပေါ် ချစ်ကြပြီး ဂရုစိုက်ကြတယ် လူသားတွေ ကြားထဲမှာတောင် မရှိတက် မတွေ့ရတဲ့ နွေးထွေးမှုတွေဟာ သူတို့တွေမှာ ရှိပါတယ် သင်ဟာ တိချစ်သူ တစ်ယောက်ဆို ဒီရုပ်ရှင်ကားကို ကြည့်ပြီး ငိုဖို့ တစ်ရှူးဆောင်ထားပါ ဒါမှမဟုတ် မကြည့်ပါနဲ့ ပုံမှန်လူတွေတောင် ဒီရုပ်ရှင်ကို ကြည့်ပြီး အကောင်လေးတွေ မွေးချင်စိတ် ချစ်ချင်စိတ် ဖြစ်လာမယ် ထင်တာပါပဲ တစ်ချို့တွေက ...
movie

Adoring

2019
Aftershock ( 2010 ) 7.5
Aftershock ( 2010 ) ဒီဇာတ်ကားလေးဟာ 2010 ခုနှစ်ကထွက်ရှိထားပြီး Vote ပေါင်း 8603 နဲ့imdb မှာ 7.5 အထိ Rating ကောင်းထားတဲ့ ဇာတ်ကားလေးပါပဲRotten Tomatoes လည်း 91 % ရထားပါတယ်သဘာဝဘေးအန္တရာယ်ဆိုတာ ကြုံလာရင် လူတိုင်းရှောင်လွှဲလို့မရတဲ့ကပ်ဆိုးကြီးတစ်ခုပါ ဒီလိုကပ်ဆိုးတွေကြောင့် ပျော်ရွှင်နေရတဲ့ မိသားစုတွေသေကွဲတွေသာမက ရှင်ကွဲပါကွဲကြရပါတယ် ယခုတင်ဆက်ပေးမဲ့ ရုပ်ရှင်ရဲ့အကြောင်းအရာဟာဆိုရင်ဖြင့် ၁၉၇၆ခုနှစ် တရုတ်နိုင်ငံ ထန်ရှန်မြို့မှာ ဖြစ်ခဲ့တဲ့ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့သူ နှစ်သိန်းလေးသောင်းရဲ့ ဘဝတွေကိုအမှတ်ရအောက်မေ့ဖွယ်ရာ တင်ဆက်ထားခြင်းဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ငလျင်ဘေးကြီးကြောင့် ပြိုကွဲသွားရတဲ့ မိသားစုလေးအကြောင်းကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ဇာတ်ကြောင်းလေးကတော့....ထန်ရှန်မြို့လေးမှာ ယွမ်နီဆိုတဲ့ အမျိုးသမီးလေးဟာ အမွှာ သား သမီးနှစ်ယောက်ယောကျာ်းနဲ့အတူ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူ တစ်ယောက်ပါဒါပေမဲ့ ကံအကြောင်းမလှတဲ့အခါမှာတော့ ထန်ရှန်မြို့မှာ ငလျင်အကြီးစားတစ်ခုလှုပ်ခတ်ပြီး ယောကျာ်းဖြစ်သူက ယွမ်နီကို ကာကွယ်ရင်း ငလျင်ဘေးမှာ ဆုံးပါးသွားခဲ့ပါတယ်ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို ယောကျာ်းသာသေရုံမကပဲကလေးနှစ်ယောက်ဟာလည်း ကွန်ကရစ်တုံးကြီး အောက်မှာပိမိပြီး တစ်ယောက်ပဲကယ်လို့ရမဲ့ ...
movie

Aftershock ( 2010 )

Go Brother! ( 2018 ) 6.2
Go Brother! ( 2018 ) အစ်​ကို့ရဲ့အနိုင်​ကျင့်​မှု​တွေကိုအမြဲခံ​နေရတယ်​လို့ထင်​​နေ​တဲ့​ကောင်​မ​လေးတစ်​​ယောက်​ဟာသူ့​မွေး​နေ့မှာ သူ့အစ်​ကိုကိုသူ့ဘဝထဲက​နေ​ပျောက်​သွား​စေဖို့ဆု​တောင်းခဲ့မိပါတယ်​၊​နောက်​တစ်​​နေ့ပြန်​လည်​နိုးထလာချိန်​မှာ​တော့အံ့အားသင့်​ဖွယ်​ကိစ္စကဆီးကြို​နေခဲ့ပါတယ်​၊သူမရဲ့အစ်​ကိုကသူမဘဝထဲက​ပျောက်​ကွယ်​သွားခဲ့ပြီးသူမသူငယ်​ချင်းရဲ့အစ်​ကိုဖြစ်​​နေတဲ့အခါဘယ်​လို​တွေဆက်​ဖြစ်​လာမလဲ..သူမရဲ့အစ်​ကိုက​နောက်​ကွယ်​က​နေညီမ​လေးကိုဂရုစိုက်​တာ​တွေ၊ဖြည့်​ဆည်း​ပေးတာ​တွေကိုမြင်​လာရတဲ့အခါ သူမရဲ့အစ်​ကိုကိုပြန်​ရနိုင်​ပါ​တော့မလား၊​မောင်​နှမနှစ်​​ယောက်​ကြားကသံ​ယောဇဉ်​၊အထူးသဖြင့်​အစ်​ကိုကညီမ​လေးအ​ပေါ်ထားတဲ့ကြီးမားတဲ့မေတ္တာတရားကို ဆွတ်​ပျံကြည်​နူးဖွယ်​ခံစားကြည့်​ရှုရမှာဖြစ်​ပါတယ်​၊ကျွန်​​တော့အမြင်​အရ​တော့..ကြည့်​ရင်းနဲ့အစ်​ကိုမရှိတဲ့သူ​တွေလဲအစ်​ကိုတစ်​​ယောက်​​လောက်​​လိုချင်​မိမှာဖြစ်​ပြီး...အစ်​ကိုရှိပြီးသားသူ​တွေလဲကိုယ့်​ရဲ့အစ်​ကိုကိုပိုပိုချစ်လာလိမ့်မယ်ထင်မိပါတယ်.. အညွှန်းနဲ့ဘာသာပြန် ဖြိုးဇော် ဖြစ်ပါတယ်Encoder : LK
movie

Go Brother! ( 2018 )

2018
Detective Chinatown(2015) 6.6
Detective Chinatown(2015) Detective Chinatown (1) (2015) Detective Chinatown (2) (2018)ကို တင်ပြီးသားပါ...2018ခုနှစ်ထွက်တဲ့ နံပါတ်(၂)ကို အတော်များများက ကြိုက်ကြတယ်..ရယ်လည်းရယ်ရသလို အမှုမှန် ပေါ်ပေါက်ရေးအတွက် ဥာဏ်သုံးဖြေရှင်းသွားတာလေးတွေကလည်း ပညာတော်တော်ပါတဲ့အပြင် တင်ဆက်ပုံတွေကလည်း ဆွဲဆောင်မှုရှိတယ်..ဒါကြောင့် အတော်များများက (1)ကိုတင်ပေးဖို့တောင်းဆိုကြတယ်..(1)ကလည်း အတော်ရယ်ရသလို မျှော်လင့်နေတဲ့သူတွေအတွက် ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်...  ချင်​ဖုန်းဆိုတဲ့ စကားထစ်​တတ်​တဲ့​ကောင်​​လေးတစ်​​ယောက်​ဟာ စုံ​ထောက်​အလုပ်​ကို ဝါသနာပါလွန်းလို့ ရဲ​ကောလိပ်​ကို တက်​ဖို့ ကြိုးစား​ပေမယ့်​ ဝင်​ခွင့်​မရခဲ့ပါဘူး စိတ်​ဓာတ်​​တွေ အလုံးအရင်းလိုက်​ကျ​နေတဲ့ ချင်​ဖုန်းကို သူ့အဘွားဖြစ်​သူက ​​ပျော်​​စေချင်​တဲ့အတွက်​ သူနဲ့ အမျိုးဆယ့်​နှစ်​ဝမ်းကွဲ​​လောက်​​တော်​တဲ့ ဦး​လေးထန်​ရန်​ရှိတဲ့ ထိုင်းနိုင်​ငံကို အလည်​အပတ်​ခရီးထွက်​ဖို့ စီစဉ်​​ပေးခဲ့ပါတယ်​ သူ့ဦး​လေးထန်​ရန်​ဟာဆိုရင်​​တော့ဖြင့်​ ထိုင်းနိုင်​ငံ ဘန်​​ကောက်​မြို့ တရုတ်​တန်းမှာ နာမည်​ကြီးစုံ​ထောက်​လို့ အဖွားကတော့ ဂုဏ်ယူဝင့်ကြွားစွာပြောခဲ့လေရဲ့... တကယ်​တန်းမှာ​တော့ သူက လမ်း​ပေါ်မှာပဲ ​ပေ​တေ​လေလွင့်​​နေတဲ့ ​လောင်းကစားသမားပါ သူ့တူဖြစ်​သူ ချင်​ဖုန်း​ရောက်​လာတဲ့အခါ သူကြိုဆိုဧည့်​ခံပုံ​တွေကလဲ အ​တော်​ခွီရတဲ့ ဇာတ်​ဝင်​ခန်း​လေး​တွေပါ အဲ​နောက်​မှာ​တော့ ထန်​ရန်​ကို လူသတ်​မှုတစ်​ခုမှာ ​ချောက်​တွန်းခံရတာက​နေ သူတို့ တူဝရီးနှစ်​​ယောက်​ ​ပြေးရလွှားရနဲ့ အမှု​ဖော်​တာ​တွေကို မြင်​​တွေ့ရမှာပါ ဥာဏ်​​ကောင်းပြီး စုံ​ထောက်​ဝတ္ထု​တွေ ...
movie

Detective Chinatown(2015)

2015
My Old Classmate (2014) 5.7
My Old Classmate (2014) My Old Classmate ဇာတ်လမ်းအကျဉ်း တခြားကျောင်းသားတွေအနိုင်ကျင့်တာ အမြဲခံရတဲ့ကျောင်းသူသစ်လေးကျိုးရှောင်ကျူ ကျိုးရှောင်ကျူကိုအမြဲကာကွယ်ပေးတတ်တဲ့ပြသနာအိုးလင်ရီး သူတို့နှစ်ယောက်ကြားခိုင်မာတဲ့သူငယ်ချင်းသံယောဇဉ်ကနေ၁၅ဝဝချစ်ခြင်းအဖြစ်ပြောင်းလဲသွားကြတဲ့အခါ… ကျောင်းတုန်းကသူငယ်ချင်းတွေကြားထဲ 'နောက်ဆယ်နှစ်ကြာလို့ငါတို့ပြန်တွေ့ကြရင်ငါတို့တွေဘယ်လိုဖြစ်နေမလဲ'ဆိုပြီးအမြဲပြောလေ့ရှိကြမယ်ထင်တယ်နော်...အဲ့မေးခွန်းလေးရဲ့အဖြေကတော့… အချစ်ဦးဆိုတာအလွန်လှပတဲ့အတိတ်က အမှတ်တရကောင်းလေးပေါ့....။ထိရှမယ့်ရသတချို့နဲ့ ဒီဇာတ်ကားက ရင်ဘတ်ထဲမယ် ရွာရန်ရာနှုန်းမြင့်တက်လာနိုင်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ Ying Ying ပါ။)File size…(850 MB) and (400 MB) Quality…WEB-HD Rip 720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying  
movie

My Old Classmate (2014)

2014