Channel Myanmar
Zoe Chao
If You Were the Last (2023) 6.3
If You Were the Last (2023) If You Were the Last (2023)~ IMDb - 6.3/10, Rotten Tomatoes - 85% ~အခုလတ်တလောမှ ထွက်ရှိလာတဲ့ Sci-Fi / Romance အမျိုးအစားလေးကိုမှ Comedy လေးစွက်ထားတဲ့ ကားတစ်ကားပါ။ အလုပ်ကနေအပြန် စိတ်အပန်းဖြေဖို့အတွက် ပေါ့ပေါ့ပါးပါးကြည့်ဖို့ဆိုရင် မေ့မထားသင့်တဲ့ရွေးချယ်မှုပါပဲ။ Cast အနေနဲ့ဆိုရင်လည်း တလောကမှ Twisted Metal မှာ ပရိသတ်အကြိုက်တွေ့နေကြတဲ့ Falcon တဖြစ်လဲ ကပ္ပတိန်အမေရိကလက်သစ်ဖြစ်တဲ့ Anthony Mackie က အဓိကမင်းသားအနေနဲ့သရုပ်ဆောင်ထားတာပါ။နာဆာရဲ့မစ်ရှင်တစ်ခုက အမှားအယွင်းဖြစ်ပြီးတော့ အာကာသယာဉ်ကလမ်းပျောက်ပြီး သုံးနှစ်လောက် ဂျူပီတာနဲ့ စေတန်ဂြိုဟ်ကြားမှာ မြောနေခဲ့ပါတယ်။ အာကာသယာဉ်မှူး သုံးယောက်ရှိခဲ့ပေမဲ့ အခုတော့ ဂျိန်းရယ် အဒမ်ရယ်နှစ်‌ယောက်ပဲကျန်ပါတော့တယ်။ ယာဉ်ပေါ်မှာ ‌ဂေဟစနစ်ပါတဲ့အတွက် စားဖို့သောက်ဖို့နေဖို့က မပူရပေမဲ့ အိမ်ပြန်လမ်းမဲ့နေတဲ့လူနှစ်ယောက် အချင်းချင်းကူညီဖေးမကြပုံတွေ၊ ယာဉ်ကိုကြိုးစားပြင်ကြပုံတွေနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ နည်းမျိုးစုံနဲ့ဖြည့်ဖို့ကြိုးစားကြတာကို ...
movie
If You Were the Last (2023)
2023
Your Place or Mine(2023) 6.7
Your Place or Mine(2023) Your Place or Mine(2023)*********************** Reese Witherspoon  နဲ့ Ashton Kutcher တို့ အဓိကပါဝင်ထားလို့ဒီကားက ကြည့်သင့်ပါတယ်..ပီတာနဲ့ဒက်ဘီတို့ ငယ်သူချင်းနှစ်ယောက် အကြောင်းတစ်ခုကြောင့် သူတို့ဝေးသွားကြပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်ကြသလို အဆက်အသွယ်လဲ ပြတ်တယ်လို့မရှိပါဘူးဒက်ဘီက‌ ကလေးတစ်ယောက်အမေ Single Mom ပီတာကတော့ လူလွတ်တစ်ယောက်ပီပီသူ့အကြိုက်မိန်းကလေးတွေကိုလိုက်ရှာပေမယ့် တွဲတိုင်းခြောက်လမခံ ဒီလိုနဲ့တစ်နေ့ဒက်ဘီတစ်ယောက် ဘဝရှေ့ရေးအတွက် အဝေးတစ်နေရာကိုသွားပြီး ဒီဂရီတစ်ခုသွားယူဖို့ဆုံးဖြတ်လိုက်ပြီးသူ့ကလေးကိုလည်း အဲ့အတောအတွင်းမှာ ပီတာကလာပြီး ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းဖန်လာပါလေရော...အဲ့နောက်ပိုင်းကစပြီး သူတို့ငယ်သူချင်း နှစ်ယောက်ကြား ဘယ်လိုဆက်ပြီး ရှေ့ဆက်ကြမယ်ဆိုတာကိုတော့    File Size :(1.6GB)(703 MB) and (172MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:49:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Zwel Zan Aung Encoded by Phyo Pyae
movie
Your Place or Mine(2023)
Somebody I Used to Know(2023) 6.7
Somebody I Used to Know(2023) Somebody I Used to Know(2023)*******************************ဒီရုပ်ရှင်လေးကတော့ ရည်းစားဟောင်းရဲ့ မင်္ဂလာဆောင်ကို သွားရှုပ်တဲ့အကြောင်းကိုမှပူရဆွေးရတာတွေ၊လက်ခံပေးရတာ၊အသည်းကွဲရတာ၊ အသစ်ပြန်စရတာမျိုးတွေစတဲ့ ချိုချဥ်စပ်ခါးအရသာလေးနဲ့ကြည့်ရှုရမှာပါ၊ ဇာတ်လမ်းကိုတော့ မမAlison Brieနဲ့ ခင်ပွန်းဖြစ်သူ now you see meထဲက မင်းသားDave Francoတို့အတူတူဇာတ်ညွှန်းရေးပြီး အယ်လီနေရာမှာ မမAlison Brieကသရုပ်ဆောင်၊ Dave Francoက ဒါရိုက်တာလုပ်ပြီးအပြိုင်ကြဲထားကြပါတယ်။ အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အတိတ်မှာပဲထားခဲ့၊ လက်ရှိဘဝကိုယူလာရင်တော့ အနာဂတ်ပါရှုပ်ထွေးသွားနိုင်တာကိုရိုက်ပြထားပြီး ကိုယ့်ကိုယ်ကိုလက်ခံတတ်စေဖို့ စိတ်ဝင်စားစရာဇာတ်လမ်းလေးနဲ့ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ အယ်လီဟာ အစီအစဥ်တင်ဆက်သူတစ်ယောက်၊အလုပ်ကိုပဲတမ်းတမ်းစွဲလုပ်တတ်သူပေါ့၊ ဒီအလုပ်ကိုရွေးချယ်ခဲ့တာကြောင့် ရည်းစားဟောင်းဖြစ်သူရှောင်နဲ့ ကွေကွင်းခဲ့ရတာပေါ့နော်။ သူလုပ်ချင်တဲ့ ရှိုးကို သုံးနှစ်လောက်လုပ်အပြီးမှာ အကြောင်းမလှဘဲရှိုးပွဲကရပ်နားခံလိုက်ရတော့ အယ်လီတစ်ယောက်စိတ်ဓာတ်တွေကျပြီး မိခင်ရှိရာနယ်မြို့လေးကိုပြန်လာခဲ့တယ်ပေါ့၊ ရောက်တဲ့နေ့မှာပဲ မထင်မှတ်ဘဲ ရီးစားဟောင်း ရှောင်နဲ့ပြန်တွေ့ပြီး ဇာတ်လမ်းလေးတွေပြန်စမယ်ကြံမိခါမှသူက မင်္ဂလာဆောင်တော့မှာတဲ့၊ အဲ့ဒီနောက်မှာတော့File Size :(1.5GB) and (644MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:46:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Somebody I Used to Know(2023)
The High Note (2020) 6.4
The High Note (2020) The High Note (2020)~ IMDb - 6.4/10, Rotten Tomatoes - 71% ~မာဂရက် ရှားဝုဒ် (မက်ဂ်) ဆိုတဲ့ ကောင်မလေးဟာ တန်းဝင်အဆိုတော်ကြီး ဂရေ့စ် ဒေးဗစ် ရဲ့ အတွင်းရေးမှူးလေးတစ်ယောက်ပေါ့။ မက်ဂ်ရဲ့ မိခင်က အဆိုတော်၊ ဖခင်က ရေဒီယိုအစီအစဉ်မှူးဆိုတော့ ဂီတနဲ့ ရင်းနှီးသူဖြစ်ပြီး ဂီတအကြောင်း ကောင်းကောင်းသိပါတယ်။ သူ့ရဲ့ရည်မှန်းချက်က ဂရေ့စ်ရဲ့ ထုတ်လုပ်ရေးမှူးဖြစ်လာချင်တာပါ။ ဒါပေမဲ့ ငယ်ရွယ်နုနယ်လွန်းတာကြောင့် ယုံကြည်မှုမရရှာတော့ တိတ်တိတ်လေးခိုးပြီး သီချင်းလေးတွေ အစမ်းထုတ်လုပ်ကြည့်နေသူပေါ့။ဒီလိုနဲ့ အသံသိပ်ကောင်းပြီး ဆွဲဆောင်အားပြင်းတဲ့ ကောင်လေးတစ်ယောက်ကို ချစ်လည်းချစ်မိ၊ အသံကိုလည်း ကြွေခဲ့ရတဲ့ မက်ဂ်က သူ့ကို သီချင်းတွေ ထုတ်လုပ်ပေးဖို့ ကြိုးစားကြည့်တယ်။ ဂရေ့စ်ဆီရယ်၊ ကောင်လေးဆီရယ် အပြန်အလှန် ပြေးပြေးလွှားလွှားနဲ့ သူ့ရဲ့ ထုတ်လုပ်ရေးမှူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်လာတဲ့အခါ၊ မက်ဂ်တစ်ယောက် ငါးရံ့နှစ်ကောင်ဖမ်းရင်း ...
movie
The High Note (2020)
2020
Senior Year (2022)
Senior Year (2022) 293MBSenior Year (2022)ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့ မဝင်ဆန့်ဘူး ကိုယ်တစ်ယောက်တည်း ကွဲထွက်နေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို တခြားလူတွေနဲ့နှိုင်းယှဉ်မိပြီး သိမ်ငယ်မိဖူးပါသလားစတက်ဖနီကလည်း အဲဒီလိုကောင်မလေးပါပဲ။ ဆယ်ကျော်သက်အရွယ်အစောပိုင်းမှာ အမေရိကကိုပြောင်းလာတဲ့ ဩစတြေးလျသူလေး စတက်ဖနီဟာ ယဉ်ကျေးမှုမတူတဲ့ အသိုင်းအဝိုင်းကြားမှာ သူ့ကိုယ်သူအပယ်ခံလေးတစ်ယောက်လို ခံစားခဲ့ရရှာပါတယ်။ကျောင်းက နာမည်ကြီးကလေးတွေဆို အပေါင်းအသင်းတွေလည်းအများကြီး၊ သွားလေရာမှာ ဖူးဖူးမှုတ်ခံရတာတွေကို အားကျပြီး သူကိုယ်တိုင်လည်း နာမည်ကြီးလာအောင်လုပ်မယ်ဆိုပြီး ကျောင်း cheerleader အဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ ၂၀၀၂ ခုနှစ် ဟားဒင်းအထက်တန်းကျောင်းရဲ့ ကျောင်းကပွဲဘုရင်မ prom queen ဖြစ်လာဖို့ကြိုးစားရင်း မမျှော်လင့်တဲ့အဖြစ်တစ်ခုနဲ့ ကြုံရပြီး သူ့ဘဝဟာ ချက်ချင်းဆိုသလို သူ့ဘဝရဲ့ နှစ်‌ပေါင်း၂၀ တာကာလဟာ မျက်စိတစ်မှိတ်အတွင်း ပြီးဆုံးသွားပါတယ်။ဆယ်စုနှစ်၂စုအကြာ ၂၀၂၂ခုနှစ် အသက်၃၇ခုနှစ်အရွယ်ထိ အထက်တန်းကျောင်းသူတစ်ဦးဖြစ်နေဆဲ စတက်ဖနီဟာ ကျောင်းကပွဲဘုရင်မ သရဖူကိုခူးဆွတ်ရဖို့ လက်မလျှော့နိုင်သေးပါဘူး။သူ့ဘဝရဲ့ရည်မှန်းချက်ဟာ ကျောင်းကပွဲဘုရင်မရာထူးပဲဖြစ်နေပြီး အဲဒီအတွက်နဲ့ သူ့ဘဝရဲ့အရေးကြီးတဲ့အရာတွေကို မေ့လျော့နေခဲ့တာပါ။ကျောင်းပြီးဖို့တစ်လအလို စီနီယာနှစ်မှာမှ စတက်ဖနီတစ်ယောက် ဘယ်လိုတွေကြုံတွေ့ခဲ့ရလို့များ ၃၇နှစ်အရွယ်အထိ အထက်တန်းကျောင်းသူအဖြစ် သံသရာလည်နေခဲ့ရလဲဆိုတာကို အဖြေရှာရင်း ပေါ့ပေါ့ပါးပါး comedy teenage ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါဦးPitch Perfect ထဲက Fat ...
movie
Senior Year (2022)
Long Weekend (2021) 6.1
Long Weekend (2021) Long Weekend (2021) =================IMDb Rating - 6.1/10"အနာဂတ်နဲ့ပတ်သက်ပြီး အများကြီးမပြောနိုင်ပေမဲ့ တစ်နေ့တာကုန်ဆုံးသွားတိုင်း လူတွေဟာ တန်ဖိုးအထားခံရပြီး ပျော်ရွှင်ရတယ်ဆိုတဲ့ခံစားချက်ကို ခံစားချင်ကြဆဲ အချစ်ကို ရှာဖွေကြဆဲပါပဲ" လူတိုင်းဘဝမှာ တစ်ကြိမ်တစ်ခါလောက်တော့ စိတ်တွေ လွတ်ထွက်ဖူးမှာပါ ...အထူးသဖြင့် ဒီကားထဲက ဇာတ်ကောင် ဘက်လိုမျိုး အမေက ကင်ဆာနဲ့ဆုံး ကောင်မလေးကပစ်သွားတဲ့အပြင် အလုပ်ပါမရတဲ့အနေအထားမှာဆိုရင် ပိုလို့တောင်ဆိုးဦးမှာပေါ့။ဒီလိုအခြေအနေကနေ သူငယ်ချင်းဖြစ်သူကြောင့် နလန်ထခါစ ပြုလာတဲ့အနေအထားမှာ ကောင်မလေးတစ်ယောက်နဲ့ အမှတ်အထင် တွေ့ဆုံခဲ့ပေါ့ဗျာ။ ပျော်စရာနတ္ထိဖြစ်နေတဲ့ ဘဝမှာ အချိန်တိုအတွင်း ရင်းနှီးခဲ့ရတဲ့ ကောင်မလေးကသူ့အတွက် အရာရာလာဖြစ်ပေမဲ့ လက်ကိုင်ဖုန်းမရှိ၊ မှတ်ပုံတင်မရှိဘဲ ဒေါ်လာတစ်သောင်းလောက်ကို အထပ်လိုက် အိတ်ထဲထည့်ပြီး လိုက်သွားနေတဲ့ ဒီကောင်မလေးကို ထူးဆန်းစပြုလာတဲ့အချိန်မှာတော့.....ဘဝမှာ အဝေးကြီးကို လှမ်းမမျှော်ဘဲ လက်ရှိအချိန်ကိုပဲ အကောင်းဆုံးနေထိုင်နိုင်ဖို့ကလည်း အရေးကြီးတဲ့အရာတစ်ခုပဲမလား ဒီဇာတ်ကားဟာ ခမ်းနားလွန်းတဲ့ အချစ်ဇာတ်လမ်းမျိုးမဟုတ်ပေမဲ့ ရင်ထဲရောက်စေမယ့် ရုပ်ရှင်ပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Amelia ဖြစ်ပါတယ်။)File Size -(1.5 GB) / (876 MB) / (417 MB) Quality – WebRip -(1080p) /  (720p) / (480p) Duration - ...
movie
Long Weekend (2021)
2021
Downhill (2020) 4.8
movie
Downhill (2020)
2020
I Used to Go Here (2020) 5.6
I Used to Go Here (2020) ကိတ်ဟာ စာအုပ်သစ်ထုတ်ဝေလိုက်တာမကြာသေးတဲ့ ငယ်ရွယ်တဲ့စာရေးဆရာမပါ။သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ဝတ္ထုရေးဆရာမ ဖြစ်ခဲ့ပေမယ့်သူ့စာအုပ်ဟာသူထင်သလောက်ရောင်းအားမကောင်းခဲ့ပါဘူး။သူ့ထုတ်ဝေသူကလည်း သူ့စာအုပ်မိတ်ဆက်ပွဲတွေကိုဖျက်လိုက်ပါတယ်။သူ့ရည်းစားကလည်းသူနဲ့မနေတော့တဲ့ဆက်ဆံရေးမျိုးပါ။တစ်ရက်တော့ သူတက်ခဲ့တဲ့ကောလိပ်က ပရော်ဖက်ဆာကကျောင်းမှာစာဖတ်ပွဲလေးလာလုပ်ဖို့ ကမ်းလှမ်းပါတယ်။ဒါနဲ့ သူ့ကိုစာရေးဆရာဖြစ်အောင် အားပေးခဲ့တဲ့ပရော်ဖက်ဆာရဲ့စကားကြောင့်ကောလိပ်ရှိတဲ့မြို့လေးကို ခဏပြန်လာခဲ့ပါတယ်။ပြီးတော့ သူတည်းတဲ့အိမ်ရှေ့က သူကျောင်းသူဘဝကနေခဲ့တဲ့အိမ်ဖြစ်ပြီးကျောင်းသားလေးတွေနေနေတဲ့အတွက် အိမ်ကိုသွားလည်ရင်းဇာတ်လမ်းလေးတွေစကြတာပေါ့။ပေါ့ပေါ့ပါးပါးဇာတ်မြူးလေးတစ်ကားပါ။ File Size : ( 823 MB , 258 MB) Quality : WEB Rip 720p Running Time : 1 hr 20 min Format : Mp4 Genre : Comedy , Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by ...
movie
I Used to Go Here (2020)
Where’d You Go, Bernadette (2019) 6.5
Where’d You Go, Bernadette (2019) ဒီကားလေးကတော့လူတွေနဲ့ပေါင်းသင်းဆက်ဆံဖို့ကိုတွန့်ဆုတ်တဲ့အောင်မြင်ကျော်ကြားတဲ့ဗိသုကာပညာရှင်တစ်ယောက်ရဲ့ဘဝအခက်အခဲတွေပြဿနာတွေရင်ဆိုင်တာတွေကိုသေချာရိုက်ကူးထားတဲ့မိသားစုဒရမ်မာဇာတ်ကားကောင်းလေးပါဘါနန်ဒတ်ဆိုတဲ့မိန်းမတစ်ယောက်ကတစ်ချိန်ကအရမ်းကိုအောင်မြင်ကျော်ကြားတဲ့ဗိသုကာပညာရှင်တစ်ယောက်ဖြစ်တဲ့အပြင်ပြီးပြည့်စုံတဲ့ခင်ပွန်းရယ်မကြာခင်နိုင်ငံခြားမှာကျောင်းသွားတက်တော့မယ့်သမီးလေးရယ်နဲ့ပျော်ရွှင်နေခဲ့ပေမယ့်အကြောင်းတစ်ခုကြောင့်လူကြားထဲကနေပျောက်ကွယ်ပြီးစီရက်တယ်မှာပဲတိတ်တဆိတ်မိသားစုနဲ့အတူနေထိုင်နေခဲ့ပါတယ်အဲဒီအကြောင်းပြချက်ကြောင့်ပဲသူကလူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာပြဿနာရှိနေခဲ့ပြီး အချိန်ကြာလာတော့ယောကျာ်းကပါသူ့ကိုစိတ့ရောဂါဖြစ်နေတယ်ဆိုပြီး စိတ်ရောဂါကုတဲ့နေရာကိုပို့ပါတော့တယ်အဲဒီမှာပဲဘာနန်ဒတ်တစ်ယောက်ထွက်ပြေးလာပြီးအန္တာတိကကိုရောက်သွားတဲ့အခါမှာသူ့သမီးလေးကသူ့အမေပျောက်သွားလို့လိုက်ရှာဖို့ကြိုးစားတဲ့အခါဘါနန်ဒတ်တစ်ယောက်အထင်အမြင်လွဲနေတာတွေကိုဘယ်လိုဖြေရှင်းမလဲသူ့သမီးလေးနဲ့ရောပြန်ဆုံနိင်မလားသူ့ယောကျာ်းနဲ့ရောပြန်လည်အဆင်ပြေမလားသူကိုယ်တိုင်ရောဘယ်လိုပြန်လည်ရုန်းထမလဲဆိုတာတွေကိုကြည့်ရှုရမယ့်ဇာတ်ကားကောင်းပါဘဝကိုအရှူံးမပေးတဲ့မိန်းမတစ်ယောက်ရဲ့အကြောင်းကိုမပျင်းရအောင်သေချာရိုက်ပြထားတဲ့အပြင်အန္တာတိကရဲ့အလှတရားတွေ ပင်ဂွင်းလေးတွေကိုပါကြည့်ရမှာပါ File Size : ( 977 MB , 328 MB )Quality :  WEB-DL 720pRunning Time : 1 hr 49 minFormat : Mp4Genre :  Comedy , Drama , MysterySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie
Where’d You Go, Bernadette (2019)
2019