Channel Myanmar

Action

Black Fox: Ultimate Rescue ( 2022 ) 6.1
Black Fox: Ultimate Rescue ( 2022 ) Black fox: Ultimate Rescue 2022ဒီတစ်ခါမှာတော့ CM ကနေပြီးတော့ Action/Fantasy/War movie လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1945ကိုအခြေခံထားပြီးတော့ အဲ့ခေတ်အဲ့အခါက ဂျပန်နဲ့တရုတ်ရဲ့နိုင်ငံရေးအရှုပ်အထွေးကို ရိုက်ကူးထားတာပါ။1945ခုနှစ်ဧပြီလမှာ ဆိုဗီယက်စစ်‌ရေးကျွမ်းကျင်သူလော့ဖေးဟာ အရေးကြီးတဲ့တာဝန်ကိုထမ်းဆောင်ပြီး တရုတ်ပြည်ကိုပြန်လာတဲ့လမ်းမှာ ဂျပန်တပ်သားတွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ လော့ဖေးကိုကယ်ဖို့ မာလုံချွမ်ဦးဆောင်တဲ့ကယ်ဆယ်ရေးအသင်းကို စေလွှတ်ခဲ့ပေးမယ့်လည်း ကျရှူံးခဲ့ကြပါတယ်။ အဲ့အချိန်မှာပဲ ဝမ်ဝိန်ယွမ်း၊ရှဖန်နဲ့မြေခွေးနက်ကွန်မန်ဒိုအဖွဲ့တို့ပူးပေါင်းပြီး ကောက်ကျစ်ပြီးရက်စက်တဲ့ဂျပန်တပ်သားတွေလက်ထဲကနေ လော့ဖေးကိုအသက်စွန့်ပြီး ဘယ်လိုကယ်ထုတ်ကြမလဲ သတိကြီးပြီးအင်အားများတဲ့ဂျပန်တွေကို‌ရော သူတို့ရင်ဆိုင်နိုင်ပါ့မလားဆိုတာကို စိတ်လှုပ်ရှားစရာကောင်းစွာနဲ့ကြည့်ရှူရမှာပါ။Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , War Runtime : 1h 36 min Subtitle : Myanmar Subtitle ( hardsub ) Translated by Shwe Zin Oo , Chu Chu , Nu Mon Encoded by LK
movie

Black Fox: Ultimate Rescue ( 2022 )

Piercing Heart Sword ( 2022 ) 6.2
Piercing Heart Sword ( 2022 ) ဒီတစ်ခါ CMကတင်ဆက်ပေးမှာကတော့ အမှုကိစ္စတွေနဲ့ လူတွေကိုစိတ်ဝင်စားပေမဲ့ ကားလေးတစ်ကားပါ တင်းဝူနဲ့ကျန်းဟွမ်က ဌာနတစ်ခုထဲမှာတင်အလုပ်လုပ်ကြတဲ့ လူနှစ်ယောက်ပါ သူတိုနှစ်ယောက်က အရမ်းလည်းရင်းနှီးကြသလို အမှုကိစ္စတွေလည်း အတူတူလိုက်ကြရတာပါတင်းဝူမှာဇနီးရှိသလို ကျန်းဟွမ်မှာလည်း သူသဘောကျနေတဲ့ကောင်မလေးရှိပါတယ် ကျန်းဟွမ်က ပြည့်တန်ဆာအိမ်မှာအလုပ်လုပ်နေတဲ့ရွှမ်ရွှမ်ကို ဂရုစိုက်ကာကွယ်ပေးရင်း ဘာတွေကြုံတွေ့ရမလဲတင်းဝူရဲ့ဇနီးကလည်း ဘယ်လိုလူမျိုးဆိုတာ စိတ်ဝင်စားစရာပါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ကြရအောင်နော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 35min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

Piercing Heart Sword ( 2022 )

Dear Comrade (2019) 7.3
Dear Comrade (2019) IMDb Rating (7.3) ထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ တောင်ပိုင်းရဲ့ နာမည်ကြီး အက်ရှင်ရိုမန့်အချစ်ဇာတ်ကားတစ်ကားပါပဲ...မင်းသား Vijay Devarakonda ကိုတော့ Arjun Reddy ဇာတ်ကားထဲက အချစ်လူကြမ်းကြီးအဖြစ် မှတ်မိကြမယ်ထင်ပါတယ်။မင်းသမီးလေးကတော့ အားလုံးရဲ့အသည်းကျော်လေး ရာရှ်မီကား(Rashmika Mandanna)ပါပဲ။ဇာတ်ကားနာမည်ကတော့ အားလုံးသိတဲ့အတိုင်း ချစ်လှစွာသော သွေးသောက်ရဲဘော်တဲ့။"သွေးသောက်ရဲဘော်ဆိုတာ ကိုယ့်လုပ်ရပ်တွေကို ဝန်းရံပေးပြီး တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့လူ"ပဲမဟုတ်လား။ဇာတ်လမ်းစစချင်းမှာဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက် မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းခေါ်ဖို့ အတင်းကြိုးစားနေတယ်။လီလီ... တစ်ချိန်က သူ့ဘဝထဲ လှလှပပ ဝင်ရောက်ခိုနားခဲ့ပြီး ဝမ်းနည်းမှုတွေပေးပြီးမှ ထွက်ခွာသွားခဲ့သူ။လီလီဟာ ဘာကြောင့်များ ဒီလို ထွက်သွားရက်တာလဲ။ဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်ယောက်။ကျောင်းမှာဆိုရင်လည်း "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ နာမည်တစ်ခုနဲ့ ထင်ရာစိုင်းတဲ့ကောင်လို့ အများမြင်ကြတယ်။ခဏခဏ ရန်တွေဖြစ်တယ်။ သောက်စားတယ်။ဒါပေမဲ့ မိန်းကလေးတွေကို ရိုသေမှုထားတတ်တာလည်း သူ့စရိုက်ပဲ။"သူ ပြောခဲ့တဲ့ စကားတွေထက် ကျွန်တော် ဘာမှ ခွန်းတုန့်မပြန်နိုင်ခဲ့တာကို ပိုရင်နာရပါတယ်" ...
movie

Dear Comrade (2019)

2019
4K HEVC Web-DL
Sniper Hero ( 2022 ) 6
Sniper Hero ( 2022 ) ဒီတစ်ခေါက် CM ချစ်ပရိသတ်တွေကိုမိတ်ဆက်ပေးမယ့် Sniper Heroဆိုတဲ့ ကားလေးက တခြားစစ်ကားတွေလို တော်လွန်းတဲ့ အရာရှိကြီးတိုအကြောင်းတို အောင်နိုင်ခဲ့တဲ့ သမိုင်းကြောင်းတိုကို ရိုက်ကူးထားတာမဟုတ်ဘဲ တစ်ယောက်လဲရင် တစ်ယောက်က သူ့အစားဝင်ပြီး ဒီတိုက်ပွဲကို ဒီလက်နက်နဲ့ ဆက်တိုက်သွားတဲ့ မလျှော့သောဇွဲ ရန်သူနဲ့ လက်နက်အားချင်းမယှဉ်နိုင်တောင် ယုံကြည်ချက်ဆိုတဲ့ ကျည်ကို စည်းလုံးမှုဆိုတဲ့ သေနတ်မှာထည့်ပြီး ရန်သူကိုတိုက်ပြသွားတဲ့ကားဖြစ်လို နာမည်ကြီးမင်းသားမင်းသမီးမပါ ရုပ်ချောတဲ့သူတွေမထည့်ထားတာတောင် ဘာသာပြန်ရင်း ကြည့်ရတဲ့အရသာက ရှယ်ပါပဲဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ၁၉၅၂ ခုနှစ်အစောပိုင်း မြောက်ကိုးရီးယားနယ်မြေမှာ အမေရိကန်နဲ့ တရုတ် တိုစစ်ဖြစ်ပွားခဲ့ပြီး လက်နက်အင်အားမမျှကြပေမယ့် အမေရိကန်စစ်တပ်ရဲ့ တိုက်စစ်ဆင်မှုတွေကို အဖွဲ၈ က အကြိမ်ပေါင်းများစွာခုခံလာနိုင်ခဲ့ရာကနေ တိုက်ပွဲတစ်ခုမှာတော့ အသေအပျောက်များသွားခဲ့ပြီး တပ်သားသစ်စုဆောင်းရာမှာ အဖွဲ၆က ရန်တုန်းဖုန်းဆိုတဲ့ စီချွမ်တပ်သားလေးတစ်ယောက်ဟာ အဖွဲ၆ တစ်ဖွဲလုံး ရန်သူတပ်ရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပြီး သူအရမ်းလေးစားရတဲ့ အဖွဲခေါင်းဆောင်လည်း အသက်ပေးသွားခဲ့ရပြီး နောက်ပိုင်းမှာတော့ စနိုက်ပါအထူးတပ်ဖွဲထဲကို ဝင်ရောက်လာခဲ့ပြီး ကလဲ့စားပြန်ချေဖိုကြိုးစားခဲ့ပါတယ်အဲ့လိုကနေ ရဲဘော်အသစ်တွေနဲ့ဆက်လက်တိုက်ပွဲဝင်ရင်း နောက်ဆုံးမှာ သူဖြစ်ချင်တဲ့ရည်မှန်းချက်လေးပြည့်ဝသွားမှာလား ဆိုတာတွေကိုတော့ ဆက်လက်စောင့်ကြည့်ကြရအောင်Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 30min Subtitle : Myanmar Subtitle ...
movie

Sniper Hero ( 2022 )

Hot Blooded (2022) 6.9
Hot Blooded (2022) Hot Blooded (2022) လူမိုက်ဂိုဏ်းတွေကြားက အရှုပ်တော်ပုံတွေ၊ ရန်ပွဲတွေနဲ့ စီးပွားဈေးကွက် ယှဉ်လုမှုတွေအကြောင်း ရိုက်ကူးထားတဲ့ ကိုးရီးယား အက်ရှင် ဇာတ်လမ်း အသစ်လေး လာပါပြီ။ဇာတ်လမ်းအညွှန်းလေးကတော့ ... ဟီဆုက သူဌေးဆွန်း ပိုင်တဲ့ ဘူဆန်မြို့ ခူအန်းမြို့နယ် ကမ်းခြေဘေးက မန်လီဂျန်းဟိုတယ်မှာ မန်နေဂျာ လုပ်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ သူဌေးဆွန်းကလည်း သူ့ကို မနည်း ယုံကြည်ပြီး တစ်ခုခုဆို အမြဲ အကြံဥာဏ်ကောင်းတွေ ပေးတတ်ပါတယ်။တစ်နေ့မှာ လူသတ်တရားခံဖြစ်ပြီး ထွက်ပြေးသွားတဲ့ ယုံးဂန်းဆိုတဲ့သူ ပြန်ရောက်လာပြီး သောင်းကျန်းတာကြောင့် ဟီဆုတစ်ယောက် ခေါင်းစားလို့မှ မဆုံးသေးခင် သူ့သူဌေးဆွန်းနဲ့ တခြားသူဌေးတစ်ဦးရဲ့ လူမိုက်ဂိုဏ်း ရန်ပွဲထဲမှာ ကြားညပ်နေပြီဖြစ်ကြောင်း သိလာရတဲ့အခါ ...ကိုရီးယားတို့ ထုံးစံအတိုင်း အက်ရှင်ဇာတ်လမ်းကိုမှ ဒရမ်မာလေးတွေနဲ့ ကြည့်ရှုကြရမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။)File Size : 2.1GB, 731MB & ...
movie

Hot Blooded (2022)

Rangasthalam (2018) 8.2
Rangasthalam (2018) Rangasthalam (2018)IMDb Rating(8.2) / Rotten Tomatoes (100%)Rating အလန်းစားနဲ့ ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ်ရော Plot Twist ရော ရိုက်ကူးမှုပိုင်းတွေရော အကုန်လုံး ပြည့်စုံကောင်းမွန်တဲ့ တောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပါပဲ။သာမန်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလို Overတွေ မပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။မင်းသားကလဲ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းဆိုတော့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်ဖက်လွန်းနေပါတယ်...ဇာတ်လမ်းလေးကတော့... ၁၉၈ဝခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးတစ်ရွာက ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး..ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး ...
movie

Rangasthalam (2018)

2018
1080p HEVC
Mechanic: Resurrection (2016) 5.7
Mechanic: Resurrection (2016) Mechanic: Resurrection (2016)_____IMDb - 5.7/10လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း ...
movie

Mechanic: Resurrection (2016)

2016
4K HEVC
The Mechanic (2011) 6.6
The Mechanic (2011) The Mechanic (2011) IMDb - 6.6/10_____Rotten - 53%မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကားတွေထဲမှာ ဒီဇာတ်ကားကလဲ နာမည်ကြီးပါတယ်။ကြေးစားလူသတ်သမား ဘစ်ရှော့ဆိုတာ Mechanic စက်တစ်လုံးလို တိကျသေချာတဲ့နည်းလမ်းနဲ့ အလုပ်လုပ်တတ်တဲ့သူပါ။ဘယ်နေရာမှာမဆို တိကျသေချာအောင် အကွက်ချတတ်ပြီးတော့ သူ့ရဲ့အလုပ်က လူသတ်ယုံမဟုတ်ဘဲ အဲ့ဒီ့လူသတ်မှုကို မတော်တဆမှုလိုလို...အခန့်မသင့်လို့သေတာလိုလို...ဖန်တီးရတာမျိုးပါ။ဒီလိုကြေးစားလူသတ်သမားကိုမှ လာရှုပ်မိတဲ့ ငနဲသားတွေ ဘယ်လိုဒုက္ခဝေသွားမလဲဆိုတာ.....။မာကြောပြတ်သားတဲ့ အက်ရှင်ဇာတ်ရုပ်နဲ့ Jason Statham နဲ့ကတော့ အလိုက်ဆုံးအတွဲအဖက်ပါပဲ။Action,Crime,Thriller အမျိုးအစားဖြစ်ပြီး IMDb Rating (6.6/10 ) ရရှိထားပါတယ်။ File size…(1.8 GB) / (700 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

The Mechanic (2011)

2011
1080p HEVC
Major(2022) 8.7
Major(2022) Major(2022) အညွှန်း******************IMDb...8.7၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာအစွန်းရောက်အကြမ်းဖက်တွေဟာ မွန်ဘိုင်းမြို့ရဲ့  Iconic တစ်ခုလိုဖြစ်တဲ့Taj Mahal Palace Hotel ကို ဝင်ရောက်စီးနင်းခဲ့တယ်...အလွှာပေါင်း ၄၄ လွှာ ၊အခန်းပေါင်း  ၅၆၀ရှိတဲ့ ဒီဟော်တယ်ကြီးဟာစစ်အတွင်းမှာတောင်ကုတင်  ၆၀၀ဆံ့ ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့ဖူးတယ်လို့ဆိုတယ်...ဒီဟော်တယ်ကြီး စီးနင်းခံရတဲ့အဖြစ်အပျက်ကတော့ အတော်ထိတ်လန့်စရာကောင်းပါတယ်..အဆိုးဆုံးကတော့ အကြမ်းဖက်အဖွဲ့တွေဟာ  ဧည့်သည်တွေကိုအထိန်းအကွပ်မဲ့ပစ်သတ်ခဲ့သလို အဆောက်အဦးကိုလည်း အတော်ဖျက်ဆီးခဲ့ပါတယ်..ဒါ့ကြောင့်  ကျန်ရှိနေသေးတဲ့ ဓားစာခံ ပြည်သူတွေကို ကယ်ထုတ်ပြီး အကြမ်းဖက်အဖွဲ့ကိုနှိမ်နှင်းဖို့  ဆန်ဒီဗ်အွန်နီခရစ်ရှနန်းဆိုတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့မှမေဂျာအဆင့်ရှိသူဦးစီး  တပ်စိတ်တစ်စိတ်ဟာ ဝင်ရောက်ခဲ့တယ်..ဒီနေရာမှာအကြမ်းဖက်အဖွဲ့ဟာ ခပ်ညံညံအဖွဲ့မဟုတ်ခဲ့ဘဲသေချာထရိန်းပြီး တိုက်ပွဲအတွေ့အကြုံတွေများစွာရှိနေတဲ့သူတွေဖြစ်တယ်...ဒီတော့ မေဂျာတို့အဖွဲ့ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာကတော့ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်..မေဂျာအဆင့်ဖြင့်တာဝန်ထမ်းဆောင်စဉ် ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကြီးကို ကယ်ဆယ်ခဲ့တဲ့  Major Sandeep Unnikrishnan အကြောင်းကိုရိုက်ပြထားခြင်းဖြစ်လို့ ခံစားကြည့်ကြပါဦး...သမိုင်းဝင်ဖြစ်ရပ်မို့ ဘက်ဂျက်အများကြီ:အကုန်ကျခံထားသလိုအက်ရှင်ခန်းတွေလည်း တော်တော်ကြည့်ကောင်းပါတယ်..File Size :(2.23GB)(2.5GB) (1.1GB) and (364 MB) Quality ...
movie

Major(2022)

HEVC 1080p
[18+] Raped by an Angel 2: The Uniform Fan (1998) 4.7
[18+] Raped by an Angel 2: The Uniform Fan (1998) Raped by An Angel အောင်မြင်သွားတာကြောင့် နံပါတ် (၂) ထွက်ရှိလာတဲ့ဇာတ်ကားပါ...ဒီဇာတ်ကားထဲက မင်းသမီးကတော့ A Chinese Odyssey ထဲက စတီဗင်ချောင်ရဲ့တွဲဖက် မင်းသမီးချောလေး Athena Chu ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ...ကောင်မလေးတွေရဲ့ယူနီဖောင်းဝတ်စုံတွေကိုစွဲလန်းပြီး လစ်ရင်လစ်သလို မကောင်းကြံတတ်တဲ့ သွားဆရာဝန် နှာဘူးကောင်ကိုRaped by An Angel ဇာတ်ကားတို့ ထုံးစံအတိုင်း ကောင်မလေးတစ်ယောက်က လက်စားပြန်ချေမယ့် ဇာတ်လမ်းပါ။နှာဘူးကောင်က စတီဖင်ချောင်ပုံစံပြင်ဆင်ထားပြီး ယူနီဖောင်းမြင်တိုင်း ရုပ်တည်ကြီးနဲ့  နှာဘူးထနေတာကို မြင်ရမှာပါ။မင်းသမီးကလဲ အားနွဲ့တဲ့ မိန်းမသားဆိုပေမယ့် အရေးကြုံလာတော့ ဘယ်လိုအကွက်ချ လက်စားပြန်ချေမယ်ဆိုတာ အသည်းတယားယားကြည့်ရှုရမှာပါ။တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=raped+by+an+angel  ရှာကြည့်လို့ရပါတယ်။File Size : (4.8 GB) & (999 MB) Quality : ...
movie

[18+] Raped by an Angel 2: The Uniform Fan (1998)

The Breath(2009) 7.9
The Breath(2009) The Breath(2009) အညွှန်း***********************ဒီကားက Drama, Action, Thriller ကားပါဇာတ်လမ်းကတော့ တူရကီရဲ့အကြမ်းဖက်အဖွဲ့ PKK ကို တွန်းလှန်တဲ့စစ်ပွဲအကြောင်းပါတူရကီရဲ့ အရှေ့တောင်ပိုင်း အီရပ်နယ်စပ်က တောင်ကြီးတွေကြားမှာရှိတဲ့ စခန်းကို စောင့်ပြီးကာကွယ်ရတဲ့ တပ်ဖွဲ့လေးနဲ့ သူတို့အကြောင်းကို အဓိက အခြေခံထားပါတယ်စခန်းမှာ လူ၄၀ပဲရှိပြီး ကြမ်းတမ်းတဲ့ ရာသီဥတုမှာ ကင်းစောင့်ရပြီး စခန်းကို ရန်သူက မသိမ်းနိုင်အောင် ထိန်းထားရပါတယ်တောင်တွေထဲနေတဲ့ရန်သူက အချိန်မရွေးလာတိုက်နိုင်ပြီး လူအင်အားကလဲ နည်း၊ ကိုယ်ပိုင်ဘဝတွေလဲစွန့်ခဲ့ရ၊ PKK အကြမ်းဖက်အဖွဲ့ကိုလဲ ပူရပြီး ဖြတ်ကျော်ခဲ့ရပုံကို သေချာလေးရိုက်ထားတာပါIMDb မှာလဲ 7.9 ရထားပါတယ် File Size : (1.9GB) and (723MB) Quality : Blu-ray 1080p AC3 5.1CH, Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Adventure, Drama, Fantasy Subtitle : Myanmar Subtitle (Hard ...
movie

The Breath(2009)

No Escapes (2020) 6.5
No Escapes (2020) No Escapes (2020) ============== IMDb Rating - 6.5/10စွန့်စားခန်းကြည့်ချင်လား? သဲထိပ်ရင်ဖိုကြည့်ချင်လား ? ဇာတ်လမ်းအစနေအဆုံးအထိ စီးမြောခံစားပြီးကြည့်ချင်လား ? အများကြီးမစဉ်းစားနေပါနဲ့ တစ်ခါတည်းဒေါင်းပြီး ကြည့်လိုက်တော့ဗျို့...ပိုစတာမြင်တာနဲ့ ဘာကားမှန်းတော့သိကြမှာပါ။ တောမီးလောင်တာကို ငြိမ်းရတဲ့ မီးသတ်ကားလေးပါ။ တစ်ခြားမီးသတ်ကားနဲ့ဘာမတူဘူးလဲဆိုတော့ ဇာတ်အလယ်ရောက်မှ ဇာတ်ရှိန်တက်တာမဟုတ်ဘူးဗျ၊ အစကတည်းက တက်လိုက်တဲ့ဇာတ်ရှိန်၊ တစ်ခါမှကို ပြန်မကျတော့ဘူး။ သရုပ်ဆောင်တွေကလည်း ကွက်တိ။ မီးလောင်နေတဲ့တောထဲ တကယ်ရိုက်ထားသလားတောင် ထင်ရတဲ့အထိပါ။ တကယ်ကောင်းပါတယ်။ကမ္ဘာကြီးလည်း တစ်ဖြည်းဖြည်းပူလာတာနဲ့အမျှ တောမီးတွေလည်းနေရာစုံက လောင်နေပါတယ်။ ဒါကိုငြိမ်းဖို့ လူအင်အားလည်းမရှိတော့ လူသစ်တစ်ယောက်ကို အပါခေါ်ပြီး စုစုပေါင်းခြောက်ယောက်နဲ့ မစ်ရှင်စပါတော့တယ်။ တောမီးငြိမ်းနေရင်းနဲ့ အနီးအနားကရွာပါ မီးကူးသွားနိုင်တဲ့ အခြေအနေနဲ့ကြုံလာတော့... ဘယ်လိုမျိုးဇာတ်သိမ်း ဖြစ်မလဲဆိုတာကို ဆက်ကြည့်လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.47 GB) / (1.39 GB) / (884 MB) Quality............WebRip 1080p / 720p / 360P Duration.........2Hr 11mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Drama Translator.......Jo Jo Va Encoder..........SWM 
movie

No Escapes (2020)

2020
Viraata Parvam (2022) 9.0
Viraata Parvam (2022) ဒီတစ်ခါမှာလည်း IMDB မှာ Rating 9 အထိရရှိထားပြီး နာမည်ကျော်သရုပ်ဆောင်နှစ်ဦးပါဝင်ထားတဲ့ ရုံတင်ဇာတ်ကားတခုကို တင်ဆက်ပေးလိုက်ပါပြီ... ဒီရုပ်ရှင်ရဲ့အဓိက ဇာတ်‌ဆောင်နှစ်ဦးကတော့ ဗဟူဗလီဇာတ်ကားမှာနာမည်ရလာပြီး Kaadanရုပ်ရှင်ကားနဲ့ ပရိတ်သက်ရဲ့အားပေးမှုကို ထပ်မံရရှိထားတဲ့ မင်းသားrana daggubati နဲ့ မိတ်ကပ်မပါပဲ သဘာဝဆန်ဆန်လှပတဲ့ မင်းသမီးsai pallaviတို့ပဲဖြစ်ပါတယ်....ဇာတ်လမ်းအကျဉ်း ============== ၁၉၇၃ ခုနှစ်ကိုအခြေခံထားပြီး ဓနရှင်တွေနဲ့ အခြေခံလူတန်းစားတိုက်ပွဲကြားမှာ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတစ်ယောက်။ မိခင်ဖြစ်သူဆီက ခေါင်းမာမှုနဲ့ ဖခင်ဖြစ်သူဆီက စာပေကဗျာတွေဖတ်ရှုမှုကိုအမွေရထားပြီး မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူတစ်ယောက်ပေါ့ ၊တစ်နေ့ သူငယ်ချင်း အစ်ကိုဆီက စာအုပ်တစ်အုပ်ကိုဖတ်မိရင်း လူတန်းစားအားလုံး သာတူညီမျှ ရှိဖို့အတွက် ခေါင်းထဲဝင်ရောက်လာသလို စာအုပ်ရေးသူကိုပါစွဲလမ်းသွားရာမှစပြီး ထင်မှတ်မထားတဲ့အရှုပ်တော်ပုံတွေထဲ ဘယ်လိုဝင်ရောက်ပတ်သက်မိမှာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ကြပါဦး။အညွှန်း Lwin Htoo Aung File size…(2.6 GB)/ (1.29GB) Quality… WEB-DL 1080p HEVC/720p Format...mkv/mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lwin Htoo Aung & Guu Guu & Honeyey
movie

Viraata Parvam (2022)

2022
1080p HEVC
The Princess (2022) 6.0
The Princess (2022) The Conjuring , Kissing Booth တို့နဲ့ လူတော်တော်များများသိလာကြတဲ့ မင်းသမီး Joey King ရဲ့ အလန်းစားကားတစ်ကားထွက်လာပြန်ပါပြီ ဇာတ်လမ်းအကျဥ်းလှပပြီး စိတ်ဓာတ် ခံယူချက်ပြင်းထန်တဲ့ မင်းသမီး ‌ချော‌လေးကို လာရောက်တောင်းရမ်း စေ့စပ်ထားတဲ့သူကို လက်မထပ်ချင်လို့ မင်းသမီးကငြင်းလိုက်တဲ့နောက်...အငြင်းခံရတဲ့ စစ်သည်တော်က ခံပြင်းပြီး မင်းသမီးကို ရဲတိုက်ထဲ ဖမ်းကာ နန်းတော်ကို သိမ်းလိုက်တယ်ဘုရင်အစစ်ဖြစ်ဖို့ မင်းသမီးကို လက်ထပ်မှဖြစ်မယ်ဆိုပြီး နည်းအမျိုးမျိုးနဲ့ ကြိုးစားတော့တာပေါ့မင်းသမီးလေးကလည်း ရဲတိုက်ထဲကနေ မိဘတွေကိုကယ်တင်ပြီး ဘယ်လို လွတ်မြောက်ဖို့ ကြိုးစားမလဲဆိုတာတွေကို ကြည့်ရှုကြရမှာပါ ။File Size__( 1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:32:00 Type__Action, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt
movie

The Princess (2022)

Blowback (2022) 4.4
Blowback (2022) Bloback 2022ဒီရုပ်ရှင်ကားလေးဟာ ၂၀၂၂ ရဲ့ အက်ရှင်ကားလေးတွေထဲမှာ နေရာတစ်နေရာစာဝင်ယူထားတဲ့ကားကောင်းလေးဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်းမပါဘဲ မိမိဘာသာ rating ပေးရရင်တော့ 6/10 ပေးရမယ့်ကားလေးဖြစ်ပြီး တော်တော်လေးကြည့်ပျော်မယ့် အက်ရှင်ကားလေးလည်းဖြစ်ပါတယ်။တစ်ခါတလေတော့ ဘဝဆိုတာ သောက်ပြဿနာတွေတက်တဲ့အခါ တစ်ခုပြီးတစ်ခုပြုံပြီးတက်ပေမဲ့ သောက်ကောင်းတွေကျတော့ အခါတစ်ထောင်မှ တစ်ခါလာတဲ့အထိရှားပါတယ်။ ဒီလိုပါပဲ မစ်ရှင်တွေကို အောင်မြင်မယ်ထင်ထားခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်လိုက်၊ ကျရှုံးလိုက်ဖြစ်နေရတဲ့အခါ အဲလိုအခြေအနေကြီးက ဘယ်လိုရုန်းထွက်ရမလဲပေါ့။ကျွန်တော်အနေနဲ့အားပေးရမယ်ဆိုရင် လဲကျသွားတဲ့အခါ ပြန်မထပါနဲ့။ အိပ်‌နေလိုက်ပါ၊ အနည်းဆုံးတော့ အိပ်ရေးဝတာပေါ့။ ဒါပေမဲ့ မင်းသားကတော့ ပြန်ထတယ်။ ပြန်ကြိုးစားတယ်ဗျ။ သူ့မှာက သေအံ့ဆဲဆဲသမီးလေးကို ဆေးကုသဖို့အတွက် ရှာဖွေဖို့လိုတာကိုး။ ဒီတော့ဗျာ။ ဒီရုပ်ရှင်ကားလေးထဲမှာဆိုရင် မင်းသားနဲ့ သူသူငယ်ချင်းတစ်သိုက်က ဘဏ်တစ်ခုကို ဓားပြတိုက်ကြတယ်ပေါ့။ ဟောလိဝုဒ်ကားတွေရဲ့ထုံးစံအတိုင်း ရှယ်စီစဉ်ပြီးတော့ကို တိုက်တာပေါ့ဗျာ။ ဘတ်မန်းလိုတော့ ပလန်ဘီမရှိဘူးပေါ့။ ဒီတော့ သူတို့တွေ ဘဏ်ဓားပြတိုက်တာက အောင်မြင်သွားလား၊ ဘာကြောင့် ရှယ်စီစဉ်ပြီးတော့ကို သရဲမရဲ တိုက်ဖို့ကြိုးစားကြတာလဲ၊ မင်းသားရဲ့ရည်းစားဟောင်းနဲ့ မင်းသားတို့အခြေအနေ၊ မင်းသားရဲ့သမီးလေး လျှောမလျှော(မင်းသားသမီးဆိုပြီး မလျှောဘူးမထင်နဲ့ဗျနော်) ဘာတွေဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ၂၀၂၂ ခုနှစ်ထွက် အက်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Blowback 2022 ထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

Blowback (2022)

2022
The Replacement (2021) 6.2
The Replacement (2021) The Replacement (2021) ================== IMDb Rating - 6.2/101982 ခုနှစ် စပိန်-ဂျာမနီ စစ်ပွဲကာလတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းတစ်ခုအကြောင်း အခြေခံရိုက်ကူးထားတဲ့ စပိန်နောက်ခံစကားပြော ဇာတ်ကားလေး တစ်ကားပါ။အဲဒီကာလ မက်ဒရစ်မြို့ရဲ့ အတော်ဆုံး စပိန်လူမျိုး စုံစမ်းရေးမှူး တစ်ယောက်ဖြစ်တဲ့ အန်ဒရက်စ်က ပင်လယ်ဆိပ်ကမ်းမြို့လေးက ဘိုအာဒါဆိုတဲ့ ရဲတစ်ယောက်ရဲ့နေရာမှာ လူစားထိုးပြောင်းရွှေ့လာခဲ့တယ်။ ကိုလမ်ဘို ဆိုတဲ့ တွဲဖက်တစ်ယောက် ရလာခဲ့ပြီး အဲဒီမြို့က ဂျာမန်တွေရဲ့ လာဘ်ထိုးမှုတွေနဲ့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲဖို့ ဖန်လာခဲ့တာပေါ့။ အဲဒီအချိန်မှာပဲ နာဇီတွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ မူးယစ်ဆေးမှုတွေအပြင် သူအစားဝင်ခဲ့တဲ့ ဘိုအာဒါရဲ့ သေဆုံးမှုကပါ သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ထူးဆန်းနေကြောင်း သတိထားမိလာပြီး အမှုကို ပြန်လည်စစ်ဆေးဖို့ ကြိုးစား ပါတော့တယ်။ဒါ့အပြင် 1980 အစောပိုင်းကာလ နာဇီဂျာမန်တွေရဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေ၊ အကြမ်းဖက်ဒုစရိုက်မှုတွေကို ရိုက်ကူး ပုံဖော်ထားတဲ့အပြင် စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းခဲ့ရတဲ့ ကာလတွေအကြောင်း မြင်တွေ့ရမှာမို့ နိုင်ငံရေးသမိုင်းကြောင်း စိတ်ဝင်စားတဲ့လူတွေအတွက် အကြိုက်တွေ့စေမှာ အသေချာပါပဲ။ IMDb 6.2 ရရှိထားပြီး Ricardo Gómez, Vicky Luengo, Pere ...
movie

The Replacement (2021)

2021
Kowloon Walled City ( 2021 ) 6.3
Kowloon Walled City ( 2021 ) Kowloon walled city  ဆိုတဲ့ ဟာသအက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒါက ထုံးစံအတိုင်း တော်လှန်ရေးကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ပုံစံမတူတာကတော့ ဟောင်ကောင်မြို့ရဲ့ လူမသိ သူမသိ ပျက်စီးသွားတဲ့ အကြောင်းရင်းလေးကို ဟာသနှောပြီး တင်ဆက်ပြထားတာဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်းနဲ့ ဇာတ်ကားအကြောင်းမပြောခင်မှာ... ဟောင်ကောင်ဟာ တစ်ခေတ်တစ်ခါက တရုတ်ပြည်မှာ ရှန်ဟိုင်းထက် စီးပွားရေး အောင်မြင်ပြီး ငွေဖြစ်လွယ် ရလွယ်တဲ့ အားလုံး မျက်စိကျစရာ နေရာတစ်ခုဖြစ်ခဲ့တယ်ဆိုတာလေး ပြောချင်ပါတယ်...သို့ပေမယ့် ဘာကြောင့် ရှန်ဟိုင်းတို့ ပေကျင်းတို့လောက် စီးပွားရေး အခွင့်အလမ်းမရှိတော့တာလဲလို့ မေးလာရင် ဒီကားလေးက အဖြေပေးမယ်လို့ ပြောပါရစေ...တော်လှန်ရေးကာလမို့ စီးပွားရေးက မကောင်း ခေတ်ကပျက် စနစ်က မရှိ စည်းကမ်းမဲ့နေတဲ့ ကာလတစ်ခုမှာ လူကိုဖျက်တဲ့ ဘိန်းကပါ အတူယှဉ်တွဲနေထိုင်လိုက်ချိန်မှာတော့ ဟောင်ကောင်ဟာ အခုကားလေးထဲကလိုပဲ ဘိန်းဘုရင်တွေပေါ်လာတယ်...ဘိန်းက လူကိုဖျက်... ဖျက်တဲ့ဘိန်းကို လူကမဖြတ်နိုင်တော့ မရှိရှိတာပေါင်နှံ ငွေမလောက်တော့ လောင်းကစားဝိုင်းပြေး နောက်ဆုံး အိမ်တိုင်ကျွတ် ရှိတာကုန်တော့ မိန်းမသားသမီးကို သင့်ရာနေရာရောင်းချ... ဒီလိုနဲ့ပဲ လောင်းကစားဝိုင်းတွေများပြားလာပြီး အဖော်အချွတ်နဲ့ ငွေရှာတဲ့ အမျိုးသမီးတွေ ထုနဲ့ထည်ပေါ်ထွက်လာတာပေါ့...ခေတ်ပျက်မှာ စာရိတ္တပျက်ပြီး မကောင်းတာလုပ်မှ ငွေရတော့တဲ့ ကာလဆိုရင်မမှားဘူးပေါ့... ဒီကာလမှာဖြစ်တဲ့ အဖြစ်ပျက်တစ်ချို့ကို အမှန်နည်းနည်း စိတ်ကူးယဉ်နည်းနည်း ရောယှက်ပြီး ဒီဇာတ်လမ်းလေးဖြစ်လာခဲ့တာပါ..  Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action Runtime ...
movie

Kowloon Walled City ( 2021 )

The Hard Way (2019)
The Hard Way (2019) Payne ကစစ်သားဘဝက အနားယူပြီးနယူးယောက်မှာ အရက်ဆိုင်လေးဖွင့်ပြီး ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့ကြိုးစားနေသူပါ ADS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သူ့အစ်ကိုကတော့ရိုမေးနီးယားမှာမူးယစ်ဆေးဂိုဏ်းတစ်ခုကိုလိုက်ဖမ်းရင်းကျဆုံးသွားခဲ့ပါတယ် Payne တစ်ယောက်သူ့အစ်ကိုရဲ့သေဆုံးမှုအတွက် အထူးစစ်သားဘဝကိုပြန်ဝင်ပြီး အရင်အဖွဲ့ဝင်ဟောင်းနှစ်ဦးနဲ့လက်တွဲကာ သူ့အစ်ကိုသတ်သွားတဲ့ တကယ့်ဂိုဏ်းချုပ်ကြီးကို ဘယ်လိုဖော်ထုတ်လက်စား‌ချေသွားမလဲဆိုတာ တွေ့ရမှာပါ Hand Combat Fighting တွေ ရှယ်ပါတဲ့အတွက် အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက်ကတော့ တကယ့် masterpiece ပါပဲ File size…(1.7 GB)/(942MB)/(534MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin
movie

The Hard Way (2019)

Dhaakad(2022) 6.5
Dhaakad(2022) Dhaakad(2022) အညွှန်း*********************အထူးအေးဂျင့် အက်ဂါနီနဲ့ အဖွဲ့ဝင်နောက်တစ်ယောက်တို့ဟာမစ်ရှင်တစ်ခုထမ်းဆောင်ဖို့ စတင်လှုပ်ရှားခဲ့တယ်...လျှို့ဝှက်လုပ်ဆောင်တယ်ဆိုပေမဲ့ သတင်းပေါက်ကြားသွားပုံကြောင့်အက်ဂါနီတို့ ၂ယောက်ကို စစ်တပ်တစ်တပ်စာလောက်ကအသင့်စောင့်နေလို့အဖွဲ့ဝင်တစ်ယောက်သေဆုံးသွားတယ်...ဌါနချုပ်က အက်ဂါနီကို မစ်ရှင်ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့ပေမဲ့အက်ဂါနီက ရူးမိုက်စွာ ဆက်လုပ်ခဲ့တဲ့အပြင်မလိုအပ်ဘဲ လူများစွာသတ်ဖြတ်ခဲ့တယ်...ဒီအခြေအနေကို ဌါနချုပ်က သူတွေလည်းအတော်စိတ်ပျက်သွားတယ်..အဲ့ဒီနောက်မှာတော့ အေးဂျင့်အက်ဂါနီကိုလုံးဝက်ခက်ခဲတဲ့ တာဝန်တစ်ခုထမ်းဆောင်ဖို့ သီးခြားစေလွှတ်လိုက်တယ်..ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...မင်းသမီးကြီး Kangana Ranaut အဓိက ပါဝင်ထားသလိုစတန့်ခန်းတွေလည်း သူကိုယ်တိုင်ပါဝင်ထားပြီးအဖော်အချွတ် မူးယစ်ဆေး စတဲ့ အိန္ဒိယ သိပ်မဆန်တဲ့ဇာတ်ဝင်ခန်းများစွာနဲ့ သူမရဲ့ ပြင်ပလူနေမှုပုံစံက ဒီရုပ်ရှင်ရဲ့Rating အပေါ်သက်ရောက်မှုရှိခဲ့ပုံပါပဲ..မင်းသားကြီး Arjun Rampal လည်းပါဝင်ပွဲကြမ်းထားတာမို့ဘာပဲဖြစ်ဖြစ် အမိုက်စားအက်ရှင်တွေနဲ့တမူထူးတဲ့ တင်ဆက်ပုံတွေကြောင့် ခံစားကြည့်ကြပါလို့.. File Size :(4GB) (1.5GB) (759 MB) and (253MB) Quality : 4K,WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:15:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat ...
movie

Dhaakad(2022)

4K HEVC Web-DL
Blood-Club Dolls 2 (2020)
Blood-Club Dolls 2 (2020) Blood-Club Dolls 2 (2020) ...................................................သွေးသံတရဲရဲ ရက်ရက်စက်စက်သတ်ဖြတ်တာတွေ မိစ္ဆာတွေနဲ့ သူသေကိုယ်သေ တိုက်ခိုက်တာတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေရဲ့ အသည်းစွဲ Anime စီးရီးတစ်ခုဖြစ်တဲ့ Blood C ကိုအခြေခံထားတဲ့ Live Action ဇာတ်ကား Blood Club dolls ရဲ့ part 2 လာပါပြီ။ဒီကားကတော့ Blood Clud Franchise ရဲ့ Live Action အနေနဲ့ လေးကားမြောက်ဖြစ်ပြီး Part 1 အဆုံးသတ်ကနေ ပြန်ချိတ်ဆက်ပြီး အစပျိုးထားပါတယ်။ဇာတ်လမ်းအစကိုတော့ Michiru Arisugawa ကို Souen နဲ့ သူ့ရဲ့အဖွဲ့အစည်းဖြစ်တဲ့ Blood Clud ကနေဖမ်းဆီးသွားလို့ သူ(မ)ရဲ့လူတွေဘက်ကနေ ပြန်လည်ကယ်ထုတ်ဖို့ ကြိုးစားရှာဖွေနေကြပုံနဲ့ အစပျိုးထားပြီး Souen အကြောင်းကို အဓိကဦးစားပေးအနေနဲ့ ပြသသွားမှာမလို့ ကြည့်ရှုအားပေးကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 720p | ...
movie

Blood-Club Dolls 2 (2020)

2020