Channel Myanmar

Action

The Spy Who Never Dies (2022) 5
The Spy Who Never Dies (2022) The Spy Who Never Dies (2022)စစ်သည်တစ်သိန်းနဲ့ ညီမျှတဲ့ စပိုင်စစ်သည်တော်ကြီး ဇာတ်လမ်းတွေကို ခဏခဏကြည့်ဖူးနေကြမှာပါ။ ဒီဇာတ်ကားထဲက စပိုင် ဘရတ်ဒလေကလည်း အဲဒီလိုပါပဲ။ဘယ်လိုသတ်သတ်မသေတဲ့ ပစ်သမျှကျည် အကုန်လွဲတဲ့ လူစွမ်းကောင်းကြီးပေါ့။ဒါပေမဲ့ ဒီကားကတော့ ဟာသကားပါ။ ကိုကျော်ဝင်းခေါ် ဂျွန်ဝစ် နဲ့ ဂျိမ်းစ်ဘွန်းကို နာမည်တပ်ပြီး ပြောင်ထားတာတွေပါတယ်။ နောက်ခံတီးလုံးကလည်း ဂျိမ်းစ်ဘွန်းတီးလုံးနဲ့ ခပ်ဆင်ဆင်လုပ်ထားပါတယ်။ဒီတစ်ခါကတော့ ကမ္ဘာကို ဖျက်ဖို့ ကြိုးစားတာမဟုတ်ပါဘူး။ ဒါပေမဲ့ လူဆိုးတွေကတော့ ထုံးစံအတိုင်း ရုရှားတွေပါပဲ။ဇာတ်လမ်းအကျဥ်း‌ ပြောရရင် နေ့တိုင်း ကမ္ဘာကြီးကို ကယ်တင်နေရတာ ပျင်းလာတဲ့ အေးဂျင့် ဘရတ်ဒလေတစ်ယောက် ဝစ်ကီ ခေါ် ဂျွန်ဝစ်လို အငြိမ်းစားယူဖို့ စိတ်ကူးရလာပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့နောက်ဆုံးပစ်မှတ်ရဲ့ခွေးကို ဆေးခန်းပို့ရင်း သူ့ဘဝရဲ့ အဓိပ္ပါယ်လေး တိရစ္ဆာန်ကု ဆရာဝန်မလေး ဗရော်နီကာနဲ့တွေ့ဖြစ်ပါတယ်။ဆရာဝန်မလေးမှာ ရှားပါးတဲ့နှလုံးရောဂါတစ်ခုရှိနေပြီး သူ့ရဲ့ အငြိမ်းစားဘဝကို နှောင့်ယှက်ချင်နေကြတဲ့ ဗီလိန်တစ်စုရဲ့ လက်က ...
movie

The Spy Who Never Dies (2022)

2022
Blind War (2022) 6.1
Blind War (2022) The Blind War (2022) အကြမ်းအရမ်း တရုတ် Action ကားသစ် တစ်ကားပါ။ Social Media တွေမှာ ဟာသ ဇာတ်လမ်းတိုလေးတွေနဲ့ နာမည်ကြီးတဲ့ Dao Dao (သောင်းသောင်း) လည်း support role ကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။လူကုန်ကူးဂိုဏ်းကြီးက ဆရာကြီးကို တရားရုံးကနေ ဂိုဏ်သားတွေက ကယ်ထုတ်ရာမှာ အထိကရုဏ်းတွေ ဖြစ်သွားပြီး ရဲအများအပြားရော၊ လုကုန်ကူးဂိုဏ်းသားတွေပါ သေဆုံးကာ၊ ရဲတပ်ဖွဲ့ဝင်ဒုံဂူလည်း မျက်စိအလင်းကွယ်ခဲ့ပါတယ်။ အထက်ကခွင့်ပြုချက်မပါဘဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ဒုံဂူတစ်ယောက် ရဲတပ်ဖွဲ့ကလည်းအနားယူလိုက်ရသလို လူကုန်ကူးဂိုဏ်းသား၊ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စီနာဆိုတဲ့ အမျိုးသမီးကလည်း သူ့ကို လက်စားချေချင်နေခဲ့ပါတယ်။ဒီလိုနဲ့ မျက်စိကလည်းကန်း၊ အလုပ်ကလည်း ထွက်လိုက်ရတဲ့ ဒုံဂူဟာ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်သမီးလေးနဲ့ပဲ နေထိုင်ခဲ့ကာ၊ တစ်နေ့ သူ့သမီးပြိုင်ပွဲအတွက် နိုင်ငံခြားက စီနာထောင်ကျနေတဲ့ မြို့ကို အတူသွားရင်း ရုတ်တရက် သူ့သမီးကို လူကုန်ကူးဂိုဏ်းက ဖမ်းသွားတဲ့အခါမှာတော့ ...
movie

Blind War (2022)

2022
The Bodyguard from Beijing: The Defender (1994) 6.5
The Bodyguard from Beijing: The Defender (1994) The Bodyguard from Beijing: The Defender (1994) IMDb - 6.5/10______Rotten - 71% ဂျက်လီရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားဖြစ်တဲ့ ဒီဇာတ်ကားက သာမန်သိုင်းချတဲ့အက်ရှင်ကားတွေနဲ့မတူပါဘူး...မြတ်နိုးရတဲ့အချစ်တစ်ခုအကြောင်းကို စီကုံးပြထားတဲ့ မျက်ရည်ပြဇာတ်တစ်ခုလိုပါပဲ...ဂျက်လီကလဲ ငယ်သေးသလို အဓိကမင်းသမီး Christy Chung ရဲ့ အလှဆုံးအချိန်မှာ ရိုက်မိထားတဲ့ အချစ်အက်ရှင်ဇာတ်ကားလေးပါ။သက်တော်စောင့်လို့ပြောလိုက်တာနဲ့ ကျွန်တော်ကတော့ ဒီဇာတ်ကားထဲက ဂျက်လီဇာတ်ရုပ်ကို ပြေးမြင်မိတာပါပဲ။သက်တော်စောင့်တစ်ယောက်ရဲ့ ဟန်ပန်အပြည့်အဝနဲ့ စွန့်စားမှု ပေးဆပ်မှုတွေနဲ့ တစ်ခါကြည့်ဖူးရင် မေ့မရတဲ့ဇာတ်ကားမျိုးပါ။BluRay Quality ထွက်ရှိထားလို့ HEVC Quality နဲ့ အကောင်းဆုံး ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(2.2 GB) / (900 MB) Quality….BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:32:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nu Mon
movie

The Bodyguard from Beijing: The Defender (1994)

1994
1080p HEVC
The Heist of the Century(2020) 7.1
The Heist of the Century(2020) The Heist of the Century(2020) အညွှန်း***********************************IMDb...7.1မာရီယိုဆိုတာ မီးခံသေတ္တာလေးတွေလိုက်ဖောက်လိုက် ...မမိရင် သုံးလိုက်ဖြုန်းလိုက်..မိပြန်တော့ ထောင်ထဲလေ လေးချွန်ဝင်လိုက်နဲ့ပေါ့...တစ်နေ့တော့ သူတို့ သူခိုးအသိုင်းအဝန်းက လူတစ်ယောက်ကလာကမ်းလှမ်းတယ်...လက်တစ်ကိုင်စာ ပိုက်ဆံလေးအတွက်စွန့်စားမဲ့အစားအချီချဖို့ လာစည်းရုံးတယ်... ဘဏ်ကြီ:တစ်ခုကိုဓားပြတိုက်ဖို့ပါပဲ...အတော်ကို မလွယ်ကူတဲ့အလုပ်ပါ..သို့ပေမဲ့အသက်အရွယ်လည်းရသလို အတွေ့အကြုံတွေလည်းများခဲ့ဖူးတဲ့ ဒီဘိုးတော်တွေဟာဒီဘဏ်ကြီးကိုစနစ်တကျ ဓားပြတိုက်ဖို့  သွေးအေးအေးနဲ့ အစီအစဉ်တွေဆွဲပြီးဗျင်းဖို့ကြိုးစားကြတယ်... တခြားဇာတ်လမ်းတွေနဲ့  မတူတာကတော့ သူကbased on true story ဖြစ်ရပ်မှန်ပါပဲ။ Heist of century ဆိုတာ 2006 ခုနှစ်January 13 ရက်နေ့က အာဂျင်တီးနားမှာ ဖြစ်ခဲ့တဲ့အကြီးမားဆုံးဘဏ်ဖောက်မှုကြီးကို အခြေတည်ပြီးရိုက်ထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။သူခိုးပါရဂူကြီးတို့ ဦးဆောင်ပြီး ရဲတွေ ဘဏ်ဝန်ထမ်းတွေကိုဘယ်လိုလှည့်ဖြားကြမလဲဆိုတာ ကြည့်ရမှာပါ။ကိုင်း ခံစားကြည့်ကြပါဦ:...File Size : (2.1GB)(799 MB) and (239 MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:54:00 Genre : Action, Biography, Comedy Subtitle ...
movie

The Heist of the Century(2020)

Interceptor(2022) 4.4
Interceptor(2022) ဇာတ်အိမ်ခိုင်ခိုင်နဲ့ အက်ရှင်ကား ကောင်းကောင်းကြည့်ချင်သူတွေအတွက် ၂၀၂၂ ထွက် Intercepter လာပါပြီ။ ဇာတ်လမ်း အကျဉ်းကတော့ အမေရိကန်မှာရှိတဲ့ နျူကလီးယား ဒုံးကျည်တွေကို ခိုးယူပြီး အမေရိကန် နိုင်ငံတစ်ဝက်စာလောက်ကို ဖျက်ဆီးပစ်ဖို့ လူတစ်စု ဗိုလ်ကြီး ကောလင်းစ်ရဲ့ တာဝန်ကျရာ တပ်စခန်းကို ဝင်ရောက် စီနင်းကြတယ်။ သူတို့ စီနင်းကြတဲ့ စခန်းက နျူကလီးယား ဒုံးတွေ ပစ်လွှတ်လာခဲ့ရင် ကြားဝင် ဖြတ်ချပစ်ဖို့ ဒုံးဖျက်လက်နက်တွေကျန်ရှိရာ ရေလယ်က တစ်ခုတည်းသော ရေပေါ်စခန်းကြီးတစ်ခု ဗိုလ်ကြီးကောလင်းစ်တစ်ယောက် အနိုင်ရဖို့ ၂၀ ရာခိုင်နှုန်းတောင် မသေချာတော့ လူဆိုးတွေနဲ့ ပူးပေါင်းမလား ဆက်လက်တိုက်ပွဲဝင်မလား ရင်တမမနဲ့ ကြည့်ရမယ့်ကားပါပဲ။ ဒီဇာတ်လမ်းဟာ သာမာန် အက်ရှင်ကား အများစုနဲ့ ကွဲထွက်နေတဲ့အချက်က social issue ( လူအသိုင်းအဝိုင်းတွင်းက မမျှတမှု) တွေကို ထည့်စဉ်းစားမိအောင် အများကြီး ထည့်ရိုက်ပြသွားပါတယ်။ လက်ယာစွန်းရောက်နေတဲ့ မျိုးချစ် အမေရိကန်တွေရဲ့ ရူးမိုက်မှု၊ အမျိုးသမီးတွေကို နိုင့်ထက်စီးနင်းလုပ်မှု ၊ ရွှေ့ပြောင်းအခြေချလာတဲ့ အမေရိကန်မဟုတ်သူတွေကို ခွဲခြားဆက်ဆံမှု ဒါတွေကို တစ်လွှာချင်း တူးဖော်ပြီး ကြည့်နိုင်ပါတယ်။   သေချာတာကတော့ သဘာဝလွန် ...
movie

Interceptor(2022)

2022
Bajirao Mastani (2015) 7.2
Bajirao Mastani (2015) ဒါရိုက်တာ ဆန်ဂျေးဘန်ဆာလီရဲ့ History နောက်ခံ အချစ် War ဇာတ်ကားဖြစ်ပါတယ်...နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား ရန်ဗီးဆင်း... မင်းသမီး ဒီပီကားနဲ့ ပရီရန်ကားတို့ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းဆိုတော့ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ဇာတ်လမ်းကတော့...စစ်သူရဲကောင်း ဘာဂျီရောဝ် ဟာ 
စစ်ပရိယာယ် ကြွယ်ဝလှပြီး တိုင်းပြည်ရဲ့
အားထားရာ / ပြည်သူ့အချစ်တော်တစ်ဦး
ဖြစ်ပါတယ်။ သူ့မှာ ကာရှီးဆိုတဲ့ ဇနီးချောလေးရှိပြီး သားတစ်ယောက်လည်း 
ပိုင်ဆိုင်ထားသူပါ။တစ်နေ့မှာတော့ သူရဲ့ စစ်မြေပြင်ကို
မဟာမိတ်တိုင်းပြည်မှ မင်းသမီးလေး 
မာစတီးနီ လာရောက်ပြီး စစ်ကူတိုက်ခိုက်ပေးပါဖို့ အကူညီတောင်းခံလာခဲ့ပြီး ဘာဂျီရောဝ်ရဲ့ စစ်ရေးကျွမ်းကျင်မှုကြောင့်
မင်းသမီး မာစတီးနီ တို့ဘက်မှ အနိုင်ရှိခဲ့ပါတယ်။ဒီ့နောက်မှာတော့ ဘာဂျီရောဝ်ဟာ မင်းသမီးလေးကို
ချစ်မြတ်နိုးလာခဲ့ပြီး သူမပြန်ခင်အချိန်မှာ
 သူ့ဓားမြှောင်လေးကို ပေးခဲ့ပါတယ်။
မင်းသမီး မာစတီးနီတို့တိုင်းပြည်မှာတော့
ဓားမြှောင်ပေးအပ်ခြင်းဟာ လက်ထပ်ခွင့်
တောင်းခြင်းလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ဘာဂျီရောဝ် ကို ချစ်မိခဲ့သူ မာစတီးနီဟာလည်း ဓားမြှောင်လေးကို
တယုတယသိမ်းဆည်းထားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ အချစ်ရဲ့စွန့်စားခန်း
အနေဖြင့် မင်းသမီး မာစတီးနီဟာ ဘာဂျီရောဝ်ကို ...
movie

Bajirao Mastani (2015)

4K HEVC
Last Seen Alive (2022) 5.8
Last Seen Alive (2022) Last Seen Alive (2022)မင်းသားကြီး Gerard Buttler ရဲ့ ဇာတ်ကားအသစ်လာပါပြီ။ ဒီတစ်ခါတော့ အရင်လို သမ္မတလိုက်ကယ်တာမဟုတ်ဘဲ လူပျောက်လိုက်ရှာမှာပါ။ လူပျောက်ရှာပုံတော် ဇာတ်ကားတွေ နှစ်သက်တဲ့ပရိသတ်အတွက် အသစ်ထွက်ရှိလာတဲ့ကားလေးပါ။ ဝေလ်နဲ့ လီဆာစပန်းက အိမ်ထောင်ရေးအဆင်မပြေကြတဲ့ ဇနီးမောင်နှံပါ။ ခဏ အိမ်ခွဲနေချင်တယ်လို့ တောင်းဆိုလာတဲ့ ဇနီးဖြစ်သူလီဆာ့ကို ဝေလ်က မခွဲချင်ပေမဲ့ တနယ်တကျေးက လီဆာ့မိဘအိမ်ကို လိုက်ပို့ဖို့ ထွက်လာခဲ့ကြပါတယ်။လမ်းခရီးမှာ ဂတ်စ်ကုန်လို့ ဝင်ဖြည့်တုန်း လီဆာတစ်ယောက် ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ ဇနီးဖြစ်သူကို ခေါင်းမီးတောက်အောင်ရှာပေမဲ့ မတွေ့တော့ ဝေလ်လည်း ရဲတိုင်ရတော့တာပေါ့။ နောက်ဆုံးသဲလွန်စလေးတစ်ခုက လီဆာဟာ မပျောက်သွားခင် အထက်တန်းကျောင်းနေဘက်ဖြစ်သူ နက်ကယ်စ်နဲ့ နောက်ဆုံးစကားပြောနေခဲ့တာကိုပါပဲ။ရဲတွေကလည်း ဖောက်ပြန်တဲ့ရာဇဝင်ရှိဖူးတဲ့ လီဆာတစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ လက်တုံ့ပြန်ခြင်းကို ခံလိုက်ရတာလား ဒါမှမဟုတ် ခင်ပွန်းဖြစ်သူကို နောက်တစ်ကြိမ် သစ္စာဖောက်ပြီး ပြေးတာလား ဝေခွဲမရကြပါဘူး။ ပျောက်သွားတဲ့ မိန်းမဖြစ်သူကို အသက်ရှင်လျှက် ပြန်တွေ့ပါ့မလား?ဝေလ်ကလည်း သူမလုပ်ပါဘူးလို့ တွင်တွင်ငြင်းရင်းနဲ့ ...
movie

Last Seen Alive (2022)

2022
White Elephant (2022) 4.5
White Elephant (2022) White Elephant(2022) အသစ်ထွက်လာတဲ့ Action, Thriller ကားသစ်လေးပါ။ အညွှန်းဘာညာ ဘာမှ မပြောခင်မှာ တစ်ခုပြောချင်တာက poster မှာ Bruce Willis ပါပေမဲ့ ဒီကားမှာတော့ သူက main role က ပါတာမဟုတ်ပါဘူး။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...တာဝန်ကျနေတဲ့ ရဲ နှစ်ယောက်က ဂိုဏ်းတခုကို စောင့်ကြည့်နေရာကနေ လုပ်ကြံမှုတခုကို တွေ့လိုက်ရတယ်။ဒါကို သိတော့ လူရှေ့မှာ မြေသူဌေးအယောင်ဆောင်တဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်က သူ့လက်သား Gabe ကို ဒီမျက်မြင်သက်သေ ရဲ နှစ်ယောက်ကို သတ်ခိုင်းပါတယ်။ ဒီကနေ စလိုက်တဲ့ပြစ်မှုတွေ ပြဿနာအဆက်လိုက်တွေက တဖြည်းဖြည်းပိုကြီးလာပါလေရော။ဒီပြဿနာမှာ ကြားဝင်ပါနေသူကတော့ မရိန်းတပ်သားဟောင်းပါ။ အရှုပ်အရှင်းတွေကြား သူ့ရဲ့ မရိန်းတပ်သားဟောင်းဆိုတဲ့ ဂုဏ်နဲ့ပါ ရင်းလာရတဲ့အခါ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Marie ပါ။) File Size : 1.3GB, 547MB & 283MB Quality : 1080p ...
movie

White Elephant (2022)

2022
Sarkaru Vaari Paata (2022) 6.3
Sarkaru Vaari Paata (2022) ကဲ ဝန်ကြီးချုပ်မင်းသားလို့ လူသိများကြတဲ့ မင်းသားချော Mahesh Babu ပါဝင်ရိုက်ကူးပုံဖော်ထားတဲ့ ၂၀၂၂ မေလ ထွက် အသစ်စက်စက်ဇာတ်ကားလေး လာပြီနော် .... တလဲဂူး ကားဖြစ်တဲ့အတွက် အလန်းစား ဖိုက်တင်ခန်းတွင်ပါဝင်ပြီး ဇာတ်အိမ်လေးကလည်း အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်မဟီ လို့အမည်ရတဲ့ ကောင်လေးကတော့ ငွေချေးလုပ်ငန်းအေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ကိုယ်ပိုင် ငွေချေးလုပ်ငန်း ကို လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ ငယ်ငယ်က ကြုံခဲ့ရတဲ့ အတိတ်ဆိုးတွေကြောင့် သူရစရာရှိတဲ့ အကြွေးမရအောင် မိုးဆုံးမြေဆုံးထိ လိုက်တောင်းတတ်တယ့် စီးပွားရေးသမားတစ်ယောက် ... အဲဒီလိုနဲ့ သူ့ရဲ့ ငွေချေးလုပ်ငန်းကို ကာလာဗာသီဆိုတဲ့ ကောင်မလေးတစ်ယောက်က ပညာသင်ဖို့အတွက် ဒေါ်လာ ၁၀၀၀၀ လာချေးပါတော့တယ်အဲဒီလိုနဲ့ မဟီက ကာလာဗာသီကို သဘောကျသွားရာကနေ သိပ်မကြာခင်မှာပဲ ကာလာဗာသီရဲ့ သရုပ်မှန်ကို သိလိုက်ရတဲ့အချိန် .... အကြွေးဆို တစ်ရူပီးကအစ မရရအောင် တောင်းတတ်တဲ့ မဟီတစ်ယောက် သူ့အကြွေး ဒေါ်လာ ၁၀၀၀၀ ကို ဘယ်ထိတောင် လိုက်တောင်းမှာလဲ ဘယ်လိုတွေ တောင်းသွားမလဲ ဒေါ်လာ ၁၀၀၀၀ က အစပြုလို့ ဘယ်လို ဇာတ်လမ်းတွေ ...
movie

Sarkaru Vaari Paata (2022)

2022
[18+] Pusoy (2022)
[18+] Pusoy (2022) အသစ်ထွက်လာတဲ့ ဖိလစ်ပိုင် Action,Erotic,Gambling ဇာတ်ကားသစ်ကို တင်ဆက်လိုက်ပါတယ်။ပိုပွိုင်းက နာမည်ကြီးလောင်းကစားဝိုင်းတစ်ခုမှာသက်တော်စောင့်လုပ်ပါတယ်။ အိမ်ထောင်ကျပြီးပေမယ့် မိဘနဲ့အတူနေပြီးတော့ တာဝန်ကျေချင်တဲ့သားလိမ်မာ၊ တစ်ဖက်တော့ ကြုံတဲ့လူနဲ့ကြုံသလိုဝုန်းတတ်တဲ့လူရှုပ်ကလေးတစ်ယောက်ပါ။ တစ်နေ့တော့ သူတို့အဖွဲ့ဟာ လောင်းကစားဝိုင်းမှာဖဲလိမ်ရိုက်တဲ့ပြဿနာကနေ သူတို့သတ်လိုက်မိတဲ့လူက အကောင်ကြီးကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့သားဖြစ်နေတာကို သိလိုက်ရတဲ့နောက်တော့ မီးခိုးကြွက်လျှောက်ပြသနာတွေလိုက်ဖို့ဖြစ်လာပါတယ်။အဲ့ဒီပြဿနာတွေဆီကနေ ငွေနဲ့ရုန်းဖို့အရာရှိတစ်ယောက်ကိုအကူအညီတောင်းမိတော့ ဟိုက ဆယ်သန်းတောင်းပါတယ်။ ညှိရင်းနှိုင်းရင်း ၅ သန်းနဲ့ဈေးတည့်သွားပေမယ့် ငွေရှာဖို့ပေးထားတဲ့အချိန်က နည်းလွန်းတော့ အဲ့ဒီငွေကို ဖြစ်တဲ့နည်းနဲ့ရှာဖို့ကြိုးစားရင်း သူတို့အဖွဲ့ကြားမှာ စည်းလုံးမှုပြိုကွဲစပြုလာသလို သူတို့နောက်ကွယ်က မိသားစု ပြဿနာတွေကလဲ တစ်ဖြည်းဖြည်း ဇာတ်ရှိန်မြင့်လာပါတော့တယ်။Putahe (2022) ထဲက အလှမယ်မမကြီးရဲ့ အသစ်ထွက်ရှိထားတဲ့ ပူပူနွေးနွေးကားသစ်ပါ။ မင်းသားကတော့ထုံးစံအတိုင်းမြင်ဖူးနေကျ Vince Rillon ပါပဲ။ သူနဲ့အတူ Angeli Khang (Eva, Taya) နဲ့အတူ Jela Cuenca (Taya, Island of Desire) တို့လဲပါဝင်ဇာတ်ပို့ထားပါသေးတယ်။BDSM ကစလို့ nylon တို့ gag တို့ကနေ Pegging လုပ်တာအထိပါဝင်တဲ့အတွက်တစ်ချို့အသည်းငယ်တတ်သူတွေ သတိထားကြည့်စေချင်ပါတယ်။အသက် ၁၈ နှစ်မပြည့်သူများ မကြည့်သင့်ပါ။File Size : ...
movie

[18+] Pusoy (2022)

Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse (2022) 5.4
Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse (2022) Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse (2022) ====================================================Teen Titans Go! ဆိုတာ Teen Titans အန်နီမေးရှင်းစီးရီးကို ဟာသဗားရှင်းနဲ့ ဆက်ထွက်တဲ့စီးရီးလေးဖြစ်ပြီး မူရင်းစီးရီးတင်မကပဲ တခြားစူပါဟီးရိုးကားတွေကိုပါ လှောင်ပြောင်ပေါက်ကရလုပ်ထားတာပါ။အခု Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse ကတော့ မူဗီတစ်ခုဖြစ်ပြီး DC Super Hero Girls ဆိုတဲ့ စီးရီးနောက်တစ်ခုနဲ့ crossover လုပ်ထားတာပါ။crossover ဆိုရာမှာ သမားရိုးကျ crossover မဟုတ်ပဲ စူပါဟီးရိုးကားတွေရဲ့ ထုံးစံတွေကို ပညာသားပါပါဟာသလုပ်ထားတာကိုတွေ့ရမှာပါ။ လက်စ်လူသာရဲ့ မဟာ အကြံအစည်ကြီးကို Super Hero Girls အဖွဲ့က တားဖို့လုပ်တာကိုကြည့်ရရင်း သာမန်ကလေး ကာတွန်းကားလို့ ခံစားရလာပြီဆိုရင် Teen Titans တို့က ...
movie

Teen Titans Go! & DC Super Hero Girls: Mayhem in the Multiverse (2022)

2022
Drug Hunter ( 2022 ) 6.2
Drug Hunter ( 2022 ) CM ကနေ အက်ရှင်ကားလေးဖြစ်တဲ့ Drug Hunters ဆိုတဲ့ မူးယစ်ဆေး‌မှောင်ခိုသမားတွေကို ရှင်းလင်းတဲ့ ရုပ်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Main cast အနေနဲ့ကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတပ်ဖွဲ့ခေါင်းဆောင် ယွီဖန်အဖြစ် Gao Jian ကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်ညွှန်းလေးကိုပြောပြရမယ်ဆိုရင် အရှေ့တောင်အာရှမှာ မူးယစ်ဆေးအရောင်းအဝယ်တွေ အတော်ပေါများနေပြီး ဟိုင်ယာ့မြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှုမှာပါဝင်တဲ့ ရဲတပ်ဖွဲ့ခေါင်းဆာင် ယွီဖန်က သူ့အဖွဲ့သားတွေနဲ့အတူ တိုင်းတစ်ပါးကနေ မှောင်ခိုတင်သွင်းနေတဲ့ မူးယစ်ကုန်သွယ်လမ်းကြောင်းတစ်ခုကို ခြေရာခံမိပြီး ပြည်တွင်းမှာ မှောင်ခိုဖြန့်ချီနေတဲ့ လီယုံကို သတိထားမိသွားရာက‌နေ သူ့နောက်ကွယ်က အဝယ်တော်ကို အမိဖမ်းပြီး မူးယစ်ကုန်သွယ်လမ်းကြောင်းကို အမြစ်ပြတ်ရှင်းထုတ်ဖို့ စစ်ဆင်ရေးစတင်ခဲ့ပါတော့တယ်စစ်ဆင်ရေးပိုမိုအရှိန်ပြင်းလာတာနဲ့အမျှ ပေးဆပ်မှုတွေကလည်းပိုလို့ပြင်းထန်လာပါတယ် မကောင်းမှုပြုတဲ့သူ မှန်သမျှဟာ နောက်ဆုံးမှာတော့ ကိုယ်ပြုခဲ့တဲ့ အကျိုးသက်ရောက်မှုကို ခံစားရစမြဲပါ ‌အဲ့တော့ နောက်ဆုံးမှာ ဘယ်သူတွေက ဘယ်လိုစတေးပြီး တိုင်းပြည်အတွက် အကျိုးရှိမယ့် အရာကို အကောင်ထည်ဖော်သွားမလဲဆိုတာကိုတော့ အခုတင်ဆက်ပေးမယ့် Drug Hunters ဆိုတဲ့ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime , Drama Runtime : 1h 23min Subtitle ...
movie

Drug Hunter ( 2022 )

Revenge Girl (2022) 6.1
Revenge Girl (2022) ဒီတစ်ခါတော့ ခေတ်လွန်ရာစုသစ်ကိုသွားကြည့်ရအောင်။ မြစ်ကြီးတစ်ခုက စည်းခြားထားပြီးတော့ မြစ်ရဲ့အောက်ဘက်ခြမ်းက လူဆင်းရဲရပ်ကွက် (တစ်နည်း) သာမာန်လူတွေနေထိုင်နေကြတဲ့နေရာပေါ့။ မြစ်ရဲ့အပေါ်ဘက်ခြမ်းမှာတော့ လူကုံထံတွေနေထိုင်ကြပြီး အာရုံကြောအဖွဲ့အစည်းတစ်ခုက လွှမ်းမိုးချုပ်ကိုင်ထားပါတယ်။ အဲ့ဒီအဖွဲ့အစည်းက မြစ်ရဲ့အောက်ဘက်ကိုပါလွှမ်းမိုးဖို့ ကြံစည်နေရင်း လူ့ဦးနှောက်ကိုထိန်းချုပ်ဖို့ ချစ်ပ်ပြားပါတီထွင်နေကြပါတယ်။အရမ်းတော်တဲ့သိပ္ပံပညာရှင်က မူလချပ်စ်ပြားရဲ့အားနည်းချက်ကိုရှာတွေ့သွားပြီး ဒုတိယမျိုးဆက်ချစ်ပ်ပြားကို တီထွင်တဲ့အခါမှာ ထူးခြားတဲ့စွမ်းအင်တွေ ထွက်ပေါ်လာပါတော့တယ်။ မတီထွင်သင့်တာကို တီထွင်ခဲ့တာကြောင့် အကျိုးဆက်ကို သူ့သမီးဖြစ်သူကခံစားရပြီး တစ်မိသားစုလုံးလည်း အသတ်ခံခဲ့ရပါတယ်။ဒါပေမဲ့ ဒုတိယမျိုးဆက်ချစ်ပ်ပြားဆိုပြီး အာရုံကြောပိုင်းဆိုင်ရာအဖွဲ့အစည်းတစ်ခုက ရှာဖွေနေကြတဲ့ချစ်ပ်ပြားက သာမာန်ချစ်ပ်ပြားမဟုတ်ဘဲနဲ့ အရမ်းလှပတဲ့ အနုပညာပစ္စည်းတစ်ခုဖြစ်နေတဲ့အခါ..... ဒုတိယမျိုးဆက်ချစ်ပ်ပြားနဲ့ ဘယ်လိုသောင်းကျန်းမလဲ.. ဘယ်လိုစွမ်းအင်တွေရှိလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့ဗျာ။ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ )File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:24:00 Type__Action, Drama, Sci-Fi Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt
movie

Revenge Girl (2022)

Musudan (2016)
Musudan (2016) Musudan (2016)ပန့်ဟောက်စ် ထဲက ရှင်းဆူယွန်း လို့ လူသိများတဲ့ မင်းသမီးကြီး အီဂျီအာ ရဲ့ Mystery Thriller ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ တောင်ကိုရီးယားနှင့်မြောက်ကိုရီယားနယ်စပ်ကြားမှာ အကြောင်းအရင်းမရှိလူသေမှု၊ လူပျောက်မှုတွေ ဖြစ်နေခဲ့လို့ ဒီအကြောင်းကိုစုံစမ်းဖြေရှင်းဖို့ တောင်ကိုရီးယားက အထူးတပ်ဖွဲ့ဖွဲ့ပြီး ၂၄နာရီမစ်ရှင် တစ်ခုကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီတပ်ဖွဲ့ နယ်စပ်ကိုရောက်သွားတဲ့အခါမှာတော့ သာမန်မဟုတ်တဲ့အဖြေတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဒီအဖြေက ဘာဖြစ်မလဲဆို‌တာ ဖော်ထုတ်ရင်း ဘယ်လိုအခက်အခဲမျိုးတွေနဲ့ကြုံတွေ့ရလဲ၊ အ‌ဖြေကို ရှာတွေ့တဲ့အချိန်ဘာဆက်လုပ်ကြလဲ၊ နောက်ဆက်တွဲဘာတွေဖြစ်လာလဲ ဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကတော့ Yolanda Shwe ပဲ ဖြစ်ပါတယ်Genre.....Action, Mystery, Thriller Quality….1080p | 720p| 480p File size…1.4Gb | 745MB | 275MB Format…mp4 Duration….1h 27min Subtitle….Myanmar Subtitle (Hardsub) Translator ..... Yolanda Shwe Encoder ..... August
movie

Musudan (2016)

The International(2009) 7.0
The International(2009) The International(2009) အညွှန်း****************************IBBC ဆိုတဲ့ဘဏ်က ဘဏ်နဲ့မဆိုင်တဲ့ သန်းရာချီ လက်နက်တွေဝယ်ယူနေတဲ့လို့သတင်းရပြီးနောက်ပိုင်းအေးဂျင့် လူးဝစ် နဲ့ သူ့အဖွဲ့က IBBC ကို ဆက်တိုက်လိုက်စုံစမ်းပါတယ်...အချက်အလက်တွေ အချိန်တွေ အများကြီးယူပြီးတဲ့နောက်မှာ သူတို့အဖွဲ့ဟာ အရေးပါတဲ့သူတစ်ယောက်နဲ့ဆက်သွယ်မိကြတယ်...ခက်တာက အဲ့ဒီသူနဲ့တွေ့တဲ့ လူးဝစ်တို့အဖွဲ့က တစ်ယောက် မတော်တဆမှုနဲ့သေဆုံးခဲ့သလိုအချိန်တစ်ရက်မပြည့်ခင်မှာပဲ သူတို့ဆက်သွယ်မိတဲ့သူဟာလည်း မတော်တဆမှုနဲ့ထပ်မံ့ပြီးသေဆုံးခဲ့ပါတယ်..အထက်ကလူကြီးတွေကလည်း မရေရာမသေချာတဲ့ ဒီကိစ္စကြီးကိုလက်ရှောင်ချင်နေကြတယ်..လူးဝစ်အတွက်တော့ လုပ်ဖော်ကိုင်ဖက်လည်းဆုံးရှုံးရသလို အင်အားကြီးတဲ့ ရန်သူနဲ့ရင်ဆိုင်နေရလို့လက်ရှောင်ချင်တဲ့သူတွေကြားမှာတော့ အကြီးအကျယ် ဒေါသထွက်နေတယ်...သို့ပေမဲ့ သူအစွမ်းရှိသလောက် ရအောင်ဖော်ထုတ်မယ်ဆိုပြီ:ကြိုးစားတဲ့အခါမှာတော့...ဒီကားဟာ BOX Office မှာ ဝင်ငွေကောင်းခဲ့သလို  မင်းသားကြီး Clive Owen  နဲ့ မင်းသမီ:ကြီးNaomi Watts တို့ က အဓိက သရုပ်ဆောင်ထားပြီ: ဇာတ်လမ်းအစမှ  အဆုံး အီနေတာမျိုးမရှိဘဲတော်တော်လန်းတဲ့ဇာလမ်းမို့ ကြည့်ကြပါလို့....File Size :(4.1GB)(924MB) and (292MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:58:00 Genre : Crime , ...
movie

The International(2009)

Time (2021) 6.4
Time (2021) Time (2021) __________ IMDb Rating - 6.4/10ဟောင်ကောင်ကား ကောင်းကောင်းကြည့်ချင်တဲ့လူတွေအတွက် Ricky Koဆိုတဲ့ ဟောင်ကောင် ‌ဒါရိုက်တာအသစ်ရဲ့ Debutရုပ်ရှင်ပါ။ သရုပ်ဆောင်တွေကတော့ Patrick Tse Yinနဲ့ Fung Bo-Boလို 1960ဟောင်ကောင်ရဲ့ နာမည်ကျော်ဖြစ်ခဲ့တဲ့ သရုပ်ဆောင်တွေက သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းကတော့ အက်ရှင်လည်းဟုတ်သလို တော်‌တော်လည်းရယ်ရတယ် ဒရာမာလည်း အသေချိုးတယ်။ ဒါရိုက်တာရဲ့ Debutအနေနဲ့ဆိုကောင်းတဲ့ အနေအထားရှိပါတယ်။ အရင်ဟောင်ကောင် ရုပ်ရှင်တွေရဲ့ အငွေ့အသက်ကိုပြန်ရတယ်။ လက်ရှိဟောင်ကောင်ရုပ်ရှင်အများစုနဲ့ ယှဉ်ရင်တော့ ရွှေပါပဲ။ဘာမှမဆိုင်အောင်ကို ကောင်းတယ်။ ဇာတ်အိမ်ပေါ့ပေါ့ပါးပါးနဲ့ တော်တော် ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ဇာတ်‌ကြောင်းကတော့ ကြေးစားလူသတ်သမား လူမိုက်၃ယောက်ရှိတယ်။ ငယ်စဉ်ကတော့ တော်တော် နာမည်ကြီးပြီး သူတို့ကို နိုင်တဲ့လူမရှိဘူး။ Timeဆိုတဲ့အတိုင်း ကာလတွေရွေလျောပြီး အိုမင်းလာကြတော့ ကိုယ်ပိုင်ဒုက္ခတွေ တစ်ပုံတပင်နေရတာကို ဟာ‌သလေးနှောပြသွားတယ်။ ‌နောက်တော့ ဘ၀မှာ လွတ်လွတ်လပ်လပ်ရှင်သန်ဖို့ ကိုယ့်အတွက်ကိုယ်ရှင်သန်ဖို့ ဘာညာပေါ့။ ဝါရင့် သရုပ်ဆောင်တွေချည်းမို့ သရုပ်ဆောင်လည်း ...
movie

Time (2021)

Ladder 49 (2014) 6.5
Ladder 49 (2014)   Ladder 49 ~~~~~~ IMDb - 6.5 RT - 41% မီးသတ်သမားတွေဆိုတာ အမေ့ခံ ပုဂ္ဂိုလ်တွေလို့ပဲ ပြောရမလားပဲ။ ကိုယ့်အသက်ကို ပဓာနမထားပဲ ကယ်တင်မှုတွေလုပ်ပေးပေမဲ့ ဆုတံဆိပ်အချို့က လွှဲလို့ ဘာမှရခဲ့တာမဟုတ်ပါဘူး။ အဲ့ဒီလိုလေးတွေနဲ့ပဲ ချွေးသိပ်ခဲ့ကြရတာပါ။အဲ့လို‌အမေ့ခံသူရဲကောင်းတွေဖြစ်တဲ့ မီးသတ်သမား‌တွေအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်များစွာရှိပါတယ်။ အဲ့ဒီထဲမှာမှမင်းသား Joaquin Phoenix ရဲ့ ၂၀၀၄ က ရိုက်ကူးခဲ့တဲ့ Ladder 49 ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ဗာတီမောမြို့က ဂျက်မော်ရစ်စင် အမည်ရတဲ့ မီးသတ်သမားရဲ့ဘဝကို အခြေတည်ထားပြီး မီးသတ်သမားတွေရဲ့ ဘ‌ဝတွေ လူမှုပြဿနာတွေ သူရဲကောင်းဆန်မှုတွေ ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဝင်ငွေပိုင်းအရ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပြီ ကမ္ဘာ့တစ်ဝန်းမှာ သန်းတစ်ရာကျော်ပြန်လည်ရရှိခဲ့ပါတယ်။ File size…(1.77GB)/(1.01GB)/(597MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Action /Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie

Ladder 49 (2014)

The Knower (2021) 6.4
The Knower (2021) The Knower (2021) ================== IMDb Rating - 6.4/10ယနေ့ခေတ် နည်းပညာ တိုးတက်လာတာနဲ့အတူ နယ်မြေစိုးမိုးတိုက်ခိုက်မှု တွေဟာ အရင်ကလို လက်နက်နဲ့ လူတွေအများကြီး သေကြပျက်စီးမှုမရှိဘဲ နည်းပညာ တိုက်ခိုက်မှုတွေနဲ့ပဲ တိုက်ခိုက်သိမ်းယူနိုင်တယ်ဆိုတဲ့ ဇာတ်ကြောင်းကို ကြေးစား Hacker တစ်ယောက်ရဲ့ ဘဝနဲ့ ကြောရိုးတည်ပြီး ရိုက်ကူးထားတာပါ။ ယူနစ်ဆိုတဲ့ Hacker တစ်ယောက်က သူရဲ့ ယောက္ခမတွေ ဆုံးသွားပြီးနောက်ပိုင်း Hacker အလုပ်ကိုဆက်မလုပ်တော့ဘဲ သူ့သမီးလေးနဲ့ ဘဝကို အေးဆေးနေထိုင် ပါတယ်။ တစ်ရက် အရင်အေဂျင်စီက သူ့ကိုအလုပ်တစ်ခုပြန်လုပ်ဖို့ တောင်းဆို လာတဲ့အခါမှာတော့ သူ့ရဲ့ Hacker အလုပ်ကို ပြန်လုပ်မှာလား၊ ဒါ့အပြင် သူ့ရဲ့ ယောက္ခမတွေ ဘာကြောင့် ဆုံးသွားရလဲဆိုတာကို ဆက်လက်ကြည့်ရှူပေးပါဦး။ Hacker တစ်ယောက်ရဲ့ အရေးပါပုံနဲ့ Cyber Crime နဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ကြိုက်နှစ်သက်မယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Paris ဖြစ်ပါတယ်)File Size..........(1.53 GB) / (790 MB) ...
movie

The Knower (2021)

2021
The Legend of Zhao Yun (2020) 6.2
The Legend of Zhao Yun (2020) The Legend of Zhao Yun (2020) ====================== IMDb Rating - 6.2/10ဂန္တဝင်စစ်သူကြီး ကျောက်ယွင် (ကျောက်ကျီလုံ) ဆိုရင် သိုင်းလောကသားတွေရော၊ ဂိမ်းသမားတွေပါ ရင်းနှီးကြတဲ့စစ်သူကြီးတစ်ယောက်ဆို မှားမယ်မထင်ပါဘူးနော်။ ကျောက်ယွင်ပါဝင်တဲ့ သုံးနိုင်ငံကားတွေဆိုတာ မရေမတွက်နိုင်အောင်များတဲ့အပြင် သူ့အကြောင်းကိုပဲသီးသန့်ရိုက်ထားတဲ့စီးရီးတွေလည်း ရှိနေပါပြီ။ ဒီကားလေးကလည်း သူ့ကိုပဲဦးတည်ထားပါတယ်။ ထူးခြားတာကတော့ ရုပ်ရှင်တွေ၊ စီးရီးတွေမှာ ပြကွက် တစ်ကွက်လောက်ပဲပါတတ်တဲ့ လျိုပေ့ရဲ့မိန်းမနဲ့ကလေးကယ်တဲ့အခန်းကို တစ်ခမ်းတနားနဲ့ ရိုက်ပြသွားတာဖြစ်ပြီး ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ စိတ်သဘောထားတွေကို သေချာလေးခံစားရမယ့် ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်ဗျ ။ကျောက်ကျီလုံပါရင် ချောင်ချောင်၊ လွီပု နဲ့သောင်းချန်တို့လည်း မပါမဖြစ်ပေါ့။ လွီပု နဲ့ သောင်းချန်တို့ရဲ့အချစ်ကြီးမားပုံကို ပေါ်လွင်အောင်ရိုက်ပြထားသလို ချောင်ချောင်ရဲ့ ရည်မှန်းချက်ကြီးမားပုံကိုလည်း အကောင်းဘက်ကနေလှည့်ရိုက်ထားတယ်လို့တောင် ပြောလို့ရပါတယ်။ဟန်မင်းဆက်ပျက်သုဉ်းနေတဲ့အချိန် တိုင်းပြည်ရှုပ်ထွေးနေပေမယ့် ကျောက်ကျီလုံကတော့ စစ်သူကြီးမလုပ်ချင်ခဲ့ပါဘူး။ မျက်စိမမြင်ရတဲ့မရီးကိုပဲ စောင့်ရှောက်ချင်ပါတယ်ဆိုပြီးရွာကိုပဲ ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်ပွဲရဲ့ရိုက်ခတ်ဒဏ်ကြောင့် မရီးလည်းဆုံး သူလည်းသေမလိုဖြစ်ခဲ့ ရပြီးတော့ လျိုပေရဲ့ဇနီးသည်က ကယ်တင်ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း အသက်သခင် ကျေးဇူးရှင်ဆိုပြီး မရီးလို့တောင်မခေါ်ဝံ့ခဲ့တဲ့ ကျောက်ကျီလုံပါ။ အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့ သခင်မနဲ့လျိုပေ့ရဲ့ကလေးငယ်တို့ ချောင်ချောင်လက်ထဲမှာ ပိတ်မိနေတဲ့အခါ... ကျေးဇူးသိတတ်တဲ့ ကျောက်ကျီလုံတစ်ယောက် အစွမ်းကုန်ကြိုးစားပြီး ဘယ်လိုကယ်တင်မလဲ... ချောင်ချောင်ကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ... ဆက်ကြည့် လိုက်ပါတော့ဗျာ ...
movie

The Legend of Zhao Yun (2020)

2020
The Takedown (2022) 5.7
The Takedown (2022) The Takedown (2022) ================ IMDb Rating 5.7/10အစစအရာရာမိုးနဲ့မြေ ဆီနဲ့ရေလိုကွာခြားလှတဲ့ မတည့်အတူနေ သူငယ်ချင်းရဲနှစ်ယောက်ဖြစ်တဲ့ Monge နဲ့ Diakite။ တစ်ချိန်တုန်းက တစ်ဖွဲ့တည်းအတူတူအလုပ်လုပ်ခဲ့ကြပေမယ့် အကြောင်းတစ်ခုကြောင့် တစ်ယောက်တစ်ဌာနဆီရောက်သွားခဲ့ကြပါတယ်။ ဒါပေမယ့် ရထား တစ်စီးပေါ်က လူသေအလောင်းကနေအစပြုပြီး နှစ်ယောက်သားပြန် ပေါင်းမိပြီး အမှုလိုက်ဖို့ဖြစ်လာခဲ့ပါတယ်။ နဂိုကတည်းကအရာရာ မတူညီတဲ့သူတို့နှစ်ဦး အမှုကိုဘယ်လိုလိုက်ကြမှာလဲ။ ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေတဲ့သူနှစ်ဦး အမှုအတူလိုက်တဲ့အခါ ဘာတွေအလွဲလွဲ အချော်ချော်တွေဖြစ်မှာလဲ စတာတွေကို ရယ်မောဖွယ်ကြည့်ရမယ့် Crime , Comedy, Drama ကားကောင်းလေးတစ်ကားပါလို့ညွှန်းပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size..........(2.5 GB) / (1.16 GB) / (816 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 59mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Chit Tee Encoder..........SWM
movie

The Takedown (2022)

2022