Channel Myanmar

Action

The Curious Case of Tianjin ( 2022 ) 6.1
The Curious Case of Tianjin ( 2022 ) ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ချင်ဖန်ဟာတရုတ်ရိုးရာသမားတော်တစ်ယောက်ဖြစ်ပြီး ကျင်းမန်ဆိပ်ကမ်းမှာနေပါတယ်။ငြိမ်းချမ်းရေးကိုလိုလားပြီးအေး​အေးဆေးဆေးနေချင်သူပေါ့။​ဆိပ်ကမ်းရဲ့အဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်တဲ့ "ရိက္ခာပို့ဆောင်ရေးအဖွဲ့" နဲ့ "ချင်းလုံအဖွဲ့" တို့ စားကျက်လုရင်းရန်ပွဲတွေဖြစ်ကြတဲ့အခါမှာ ချင်ဖန်ဟာဘုမသိဘမသိဝင်ပါမိရော။ သူဟာဖျန်ဖြေဖို့ရည်ရွယ်ချက်နဲ့ဝင်ပါခဲ့ပေမယ့်၊ မထင်မှတ်ထားစွာဘဲ လူနှစ်ယောက်သေသွားတဲ့အခါ မှော်အတတ်သုံးတယ်လို့စွပ်စွဲခံရပြီးထောင်နန်းစံရပါလေရော။သူ့ရဲ့အပြစ်ကင်းမှုကိုသက်သေပြဖို့​ထောင်ထဲကခိုးထွက်ပြီး ရင်ခွဲရုံမှာအလောင်းခွဲစိတ်တာကိုသွားကြည့်နေတဲ့အချိန်မှာပဲ ဆေးတစ်မျိုးကြောင့်မေ့မျောသွားပါတော့တယ်။ အလောင်းကလည်းပျောက်ဆုံးသွားတယ်။ အကုသိုလ်ဟာအဖော်အပေါင်းနဲ့လာတယ်ဆိုသလိုပဲ သူ့ဘာသာသူမေ့မျောပြီး ဆောင်ကြာမြိုင်တစ်ခုကိုဘယ်လိုရောက်လို့ရောက်မှန်းမသိ နှပ်နေစဥ်မှာပဲ၊ အဲ့ဒီညမှာဆိပ်ကမ်းကလူတချို့ဟာ ထိန်းချုပ်ခံရသလို အသိစိတ်မရှိတော့တဲ့ပုံစံတွေနဲ့ရေထဲခုန်ချပြီးသေသွားကြရော။ဆိုတော့ တစ်မှုပေါ်တစ်မှုဆင့်ပြီး လူသတ်မှု၊ အလောင်းခိုးမှု၊ ထောင်ဖောက်မှုတွေအပြင် ၊ လူအများရဲ့မှော်အတတ်သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ပါထပ်လောင်းလာတဲ့အခါမှာတော့… ချင်ဖန်ဟာသူ့ရဲ့ဖြူစင်မှုကိုသက်​သေပြဖို့အတွက်ကြိုးစားရပါတော့တယ်။ ဒီအမှုတွေရဲ့နောက်ကွယ်မှာဘယ်သူရှိနေတာလဲ။ မှော်အတတ်တွေနဲ့ရောသက်ဆိုင်နေတာလား။ ချင်ဖန်ကရောဒီထူးဆန်းတဲ့အမှုတွေကိုဖော်ထုတ်နိုင်ပါ့မလား။  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Adventure Runtime : 1h 23min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Curious Case of Tianjin ( 2022 )

4 Kings (2021) 7.1
4 Kings (2021) 4 Kings (2021) ဒီတစ်ခေါက် တင်ဆက်ပေးမယ့်ကားလေးကတော့ 90 ခုနှစ်ဝန်းကျင်က အသက်မွေးဝမ်းကျောင်းတက္ကသိုလ်လေးခုကြားမှာဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်ရပ်မှန်အကြောင်းရိုက်ကူးထားတဲ့ကားလေးပါ။ဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်နဲ့ အဖေတစ်ခု သမီးတစ်ခု အခြေအနေကို ရောက်သွားခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကျောင်းသားဟောင်း ဘီလီရဲ့ မှတ်ဉာဏ်ကနေ ပြန်လည်ဖော်ပြရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။အဖေနဲ့သမီး ဆက်ဆံရေးက သိပ်မကောင်းပေမဲ့ ကျောင်းသားလူဆိုးဂိုဏ်းကြောင့် သမီးဖြစ်သူ ထိခိုက်ဒဏ်ရာ ရသွားတဲ့အခါမှာ ဘီလီက သူနဲ့ သူ့သူငယ်ချင်းရဲ့ အတိတ်ကအကြောင်းအရာတွေကို ပြန်အမှတ်ရသွားခဲ့ပါတယ်။အဲဒီခေတ်အခါတုန်းက အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို မျှော်လင့်ချက်ကင်းမဲ့ပြီး အနာဂတ်မရှိတဲ့ နေရာလို့ သတ်မှတ်ထားကြတာပါ။ အမေက နောက်အိမ်ထောင်ပြုပြီး ပထွေးဖြစ်သူ အမုန်းခံ‌နေရတဲ့ ဘီလီအတွက် စိတ်ထွက်ပေါက်ဆိုလို့ သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ကျောင်းနေဖက် ရဲဘော်ရဲဘက်တွေကို ကာကွယ်ဖို့ ဘာမဆိုလုပ်ခဲ့ပြီး ပြဿနာတွေ အများကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင်း အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့အခါ ...ယနေ့ထိတိုင် သူပေးဆပ်နေရတဲ့ ဘဝသင်ခန်းစာ ဖြစ်ရပ်မှန်အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ 4 ...
movie

4 Kings (2021)

2021
Welcome to the Jungle (2013) 5.5
Welcome to the Jungle (2013)  တစ်ချိန်တုန်းက တမ်းတမ်းစွဲကြိုက်ခဲ့ရတဲ့ အက်ရှင်မင်းသားကြီးဗန်ဒိန်းရဲ့ Adventure , Comedy ကားဟောင်းလေးကို ပြန်ခံစားကြည့်လို့ရအောင် တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားက (၂၀၁၃) ခုနှစ်ကထွကခဲ့တာ အခုဆိုရင် (၁၀)နှစ်ပြည့်ခါနီးနေပြီဆိုတော့ တော်တော်လေးကြာပြီလို့ပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ကုမ္ပဏီတွင်းအသင်းဖွဲ့နဲ့လုပ်ကိုင်တတ်အောင်လို့ ကျွန်းတစ်ကျွန်းပေါ်ခရီးထွက်လာခဲ့ကြရတဲ့ ကုမ္ပဏီအဖွဲ့သားတွေရဲ့ခရီးစဉ်က မထင်မှတ်တာတွေဖြစ်ပြီး ကျွန်းပေါ်မှာသောင်တင်ဖို့ဖြစ်လာခဲ့ပါတယ်။ဒီလိုသောင်တင်နေတဲ့အဖွဲ့သားတွေကို အများကငကြောက် ငကြောင်လို့မှတ်ယူနေတဲ့ Chrisကကယ်တင်မလား...Chris ဆီကအိုင်ဒီယာကိုခိုးသွားတဲ့ အထက်လူကြီးPhilကပဲ ဦးဆောင်မလား..ကျွန်းပေါ်မှာ သူတို့ဘယ်လို ရှင်သန်လွတ်မြောက်အောင် ကြိုးစားကြမလဲဆိုတာကို ကြည့်ရမယ့် ဟာသအက်ရှင်စွန့်စားခန်းဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Chit Tee ပါ )File Size__(1.6GB) / (900MB) Quality__Bluray_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt
movie

Welcome to the Jungle (2013)

Attack (2022) 7.3
Attack (2022) အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ စူပါစစ်သားကားလေးပဲဖြစ်ပါတယ်အာဂျွန်ဟာ သိပ်တော်တဲ့ စစ်တပ်အရာရှိတစ်ယောက်ဖြစ်ပြီး မတော်တဆမှုတစ်ခုမှာ ထိခိုက်မိသွားလို့ ခန္ဓာကိုယ်အကြောသေသွားခဲ့တယ်...နိုင်ငံတွင်းမှာ အကြမ်းဖက်ဖြစ်စဉ်တွေ များလာတော့ ဖြေရှင်းဖို့က ပတ်ဝန်းကျင်နိုင်ငံတွေပါဝင်ပတ်သက်နေတာကို သံသယအဆင့်နဲ့ပဲသိထားတော့ ငြိမ်းချမ်းရေးညှိနှိုင်းဆွေးနွေးလို့လည်းမရ စစ်ဖြစ်လို့လည်းမရနဲ့ အကြပ်ရိုက်နေခဲ့ပါတယ်...ဒါကိုဖြေရှင်းဖို့အတွက် အိန္ဒိယစစ်တပ်ကနေ စူပါစစ်သားတွေကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...  ဒီဖြစ်စဉ်မှာ အစမ်းသပ်ခံလူသားက အကောင်းပကတိအတိုင်း မဟုတ်ဘဲ လေဖြတ်အကြောသေနေတဲ့ ပုံစံမျိုးမှာရှိနေမှ အဲ့ဒီလူသားဟာ ဒီစမ်းသပ်ခြင်းမှာ ပုံမှန်ထက်ထူးကဲတဲ့ အစွမ်းခွန်အားမျိုးကို ရရှိမှာဖြစ်ပါတယ်..ဒီလိုနဲ့ နိုင်ငံ့အကျိုးသယ်ပိုးဖို့ အာဂျွန်ကို စမ်းသပ်လိုက်တဲ့အခါမှာတော့.....။  File size…2.8GB / 1.9GB / 950MB Quality…4k ZEE5 WEB DL SDR HEVC / 1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Myo Myo , Yunni
movie

Attack (2022)

2022
4K HEVC Web-DL
Max Payne(2008) 6.5
Max Payne(2008) Max Payne(2008) အညွှန်း*********************Video Game အပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကျော်မင်းသားကြီး Mark Wahlberg နဲ့မင်းသမီးချော Mila Kunis ပါဝင်သရုပ်ဆောင်ထားကြပါတယ်....မက်စ်ပိန်းဟာ နယူးယောက်က စုံထောက်ကျော် တစ်ယောက်ပေါ့…တစ်ရက်မှာ သူချစ်ရတဲ့ဇနီးသည် မီရှဲလ်နဲ့ လူမမယ်မွေးကင်းစကလေးလေးကိုဓားပြလာတိုက်တဲ့လူတစ်စုက ရက်ရက်စက်စက်သတ်သွားခဲ့ပါတယ်…တရားခံတွေလွတ်မြောက်သွားခဲ့ပြီး ဘယ်လိုစုံစမ်းစုံစမ်း အမှုမှန်မပေါ်ပေါက်တာကြောင့်မက်စ်လည်း အတော်လေးစိတ်ဆင်းရဲရတဲ့ကြားထဲအမှုစာရင်းသွင်းတဲ့ စာရေးသာသာ ရာထူးကိုပါ ချခံလိုက်ရပါတော့တယ်…ဒါပေမဲ့လည်း အားမလျှော့တဲ့ မက်စ်က ဆက်လက်စုံစမ်းရာက သူမထင်ထားတဲ့ ထူးထူးဆန်းဆန်းအရာတွေနဲ့ ကြုံဆုံလာရတဲ့အခါသူ့ဇနီးနဲ့ကလေးကို သတ်သွားခဲ့တဲ့တရားခံကို သူကိုယ်တိုင် တရားစီရင်နိုင်ပါ့မလား ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ..... File Size : (2.05GB)(889MB) and (263MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:40:00 Genre : Adventure, Crime, Action Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Max Payne(2008)

County Line: All In (2022) 5.8
County Line: All In (2022)  Couty Line : All In (2022)မြို့လေးတစ်မြို့မှာ သေနတ်အတုတွေနဲ့ ပစ်ကြ‌ခတ်ကြတဲ့ ကစားပွဲလေးတစ်ခုလုပ်တယ်။ အဲဒီပွဲမှာ လူတစ်ယောက် ကျည်အစစ်မှန်ပြီး သေသွားတယ်။ ပြဿနာက သူ့အလောင်းက ရဲအရေးပိုင်နယ်မြေ နှစ်ခုရဲ့ ကြားထဲကျနေတော့ ဒီအမှုက ဟိုဘက်စခန်းနဲ့ဆိုင်သလို ဒီဘက်စခန်းနဲ့ ဆိုင်သလိုလို တိုင်ပတ်‌သွားပြီးနောက် ဟိုဘက်စခန်းနဲ့ ဒီဘက်စခန်း အမှုအတူတူလိုက်ကြတယ်။သေတဲ့လူက မြို့ခံဂန်းစတားအကြီးစားရဲ့ ရှေ့နေဆိုတော့ မြို့ခံလူမိုက်တွေကို စုံစမ်းရာက နောက်ဆုံး နိုင်ငံရေးသမားတွေအထိ ဆက်နွယ်လာပြီး နောက်ထပ်လူတွေလည်း တစ်ယောက်ပြီး တစ်ယောက် သေလာတဲ့အခါမှာတော့.....2017က County Line ရုပ်ရှင်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ သူ့အဆက်ကားပါ။ 2017ကားက အရာရှိ ကလင့်သရုန်းအနားယူပြီးတဲ့နောက် အရာရှိအသစ်ရောက်လာတဲ့ အချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ Bansheeတို့ ဘာတို့လို မြို့လေးတစ်မြို့မှာ မြို့ခံလူမိုက်ဂိုဏ်းတွေနဲ့ မြို့ခံရဲအရာရှိတွေကြားက အရှုပ်အထွေးတွေကို ကြိုက်ရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ တရားခံ ဖြစ်နိုင်တဲ့လူတွေ အများကြီးပြပြီး ပြန်ရွေးထုတ်သွားတာလေးလည်း ကောင်းပါတယ်။ စုံထောက်ကားတွေကြည့်ပြီး တရားခံကိုခန့်မှန်းကြည့်ရတာ ကြိုက်ရင် ကြည့်ကြည့်ပါ။ ...
movie

County Line: All In (2022)

Heropanti (2014) 5.6
Heropanti (2014) အချစ်ဆိုတာလက်ထပ်ပြီးမှဖြစ်တာလို့ ဘေးဘိုးစဉ်ဆက် အရိုးစွဲကျင့်သုံးခဲ့ကြတဲ့ ဟက်ကရီရွာကိုအုပ်ချုပ်တဲ့ဝန်ကြီး ချောင်ဒရီဆူရက်ဂ်ျဆင်ဂ်မှာ သမီးနှစ်ယောက်ရှိပါတယ် သမီးကြီးဖြစ်တဲ့ ရန်နူဟာ သူမကိုလက်ထပ်ပေးမဲ့နေ့မှာပဲ ဘာဘလူလားဆိုတဲ့ သူငယ်ချင်းရဲ့ အကူအညီနဲ့ ချစ်သူရာကက်ရ်နောက်ကို ခိုးရာလိုက်ပြေးသွားပါတော့တယ်။ရန်နူရဲ့ဦးလေးတွေ ဒီကိစ္စကို သိသွားတော့ ကြံရာပါဖြစ်တဲ့ ဘာဘလူနဲ့ သူငယ်ချင်းတွေကို ဖမ်းဆီးနှိပ်စက်ပြီး ရန်နူးတို့ရှိရာကိုလိုက်ပို့ခိုင်းပါတယ် ဘာဘလူးဟာလည်းဝန်ကြီးရဲ့သမီးအငယ်ဖြစ်တဲ့ဒင်မ်ပီကိုချစ်ကြိုက်မိသွားပါသေးတယ်... အဖေ ဦးလေးတွေ ကြားက ဒင်မ်ပီရဲ့ အချစ်ကိုရောပိုင်ဆိုင်နိုင်ပ့ါမလား ချောင်ဒရီဆူရက်ဂ်ျဆင်ဂ် က ရော သမီးငယ်နှင့်သဘောတူပါ့မလား ဆိုတာကိုတော့. .ဆက်လက်ကြည့်ရူပေးကြပါ Review Credit:
movie

Heropanti (2014)

2014
The Monkey King: The Legend Begins ( 2022 ) 6
The Monkey King: The Legend Begins ( 2022 ) The Monkey King ဇာတ်ကားတွေအများကြီးထွက်နေပြီဆိုပြီးရိုးနေပြီဆိုတဲ့ CM ပရိတ်သတ်တွေအတွက် ဒီရှည်လျားတဲ့ဇာတ်ဝတ္ထုကြီးရဲ့ မျောက်ဘုရင် ဘယ်လိုဖြစ်ပေါ်လာကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ The Monkey King: The Legend Beginsဆိုပြီး ယနေ့မှာတော့တင်ဆက်ပြသပေးလိုက်ပြီအားလုံးသိပြီသားအတိုင်း မျောက်ဘုရင် စွန်းဝူခုန်းက ကောင်းကင်ဘုံမှာပြဿနာရှာလို့ ရူလိုင်မြတ်စွာဘုရားက သူ့ကိုလက်ငါးချောင်းတောင်အောက်မှာအပြစ်ဒဏ်ပေးတဲ့အနေနဲ့ တရားကျင့်ကြံခိုင်းထားခဲ့ပါတယ်ဒီဇာတ်ကားလေးမှာ အားယိဆိုတဲ့ ကလေးမလေးတစ်ယောက် မျောက်ဘုရင် စွန်းဝူခုန်းကို ကောင်းကင်ဘုံ နတ်ပြည်ထံခေါ်သွားပေးဖို့ လိုက်ရှာပါတယ် ဒီလိုနဲ့ပဲ ဝူခုန်းနဲ့တွေ့ပြီးနောက်ပိုင်း သူ့မိဘတွေအသတ်ခံလိုက်ရကြောင်းကို ကောင်းကင်ဘုံမှာရှိတဲ့ နတ်အရာရှိတွေကိုတိုင်ကြားချင်လို့ ကောင်းကင်ဘုံကိုခေါ်သွားပေးပါလို့ အားယိကတောင်းဆိုပါတယ်ဝူခုန်းနောက် တကောက်ကောက်ရှုပ်တဲ့ကလေးမက ဝူခုန်းဒုက္ခတွေကြုံလာရင် သူအရင်ဆုံးထွက်ကာကွယ်ပေး ဝူခုန်းကိုပျော်ရွှင်အောင်ထား‌ပေးနဲ့ သူငယ်ချင်းတွေဖြစ်လာရော နောက်ဆုံးမှာ အားယိကို ကောင်းကင်ဘုံခေါ်သွားဖို့ ဝူခုန်းကတိပေးခဲ့လိုက်ပါတယ်ကံမကောင်းစွာနဲ့ ဝူခုန်းရဲ့ ရန်ဘက် နဂါးမင်းသားက ဝူခုန်းကိုလက်စားချေချင်တဲ့စိတ်နဲ့ အားယိကိုဖမ်းကာ လက်စားချေမှုတွေစတင်လှုပ်ရှားခဲ့ပါတယ် အားယိကိုသွားကယ်ရင်းဖြစ်လာမဲ့အကြောင်းအရာလေးတွေကိုတော့ ဆက်ပြီးပြောပြသွားမှာမဟုတ်တဲ့အတွက် :') ဇာတ်ကားလေးကိုပဲကြည့်ရှုလိုက်ရအောင် .. Quality : WEB-DL 1080p ,  480pFormat : mp4Genres : Action , Fantasy , DramaRuntime : 1h 20minSubtitle : Myanmar Subtitle ...
movie

The Monkey King: The Legend Begins ( 2022 )

Song of the Assassins ( 2022 ) 6.7
Song of the Assassins ( 2022 ) ဒီတစ်ခါ Channel Myanmar ကတင်ဆက်ပေးမဲ့Song Of The Assassins ဇာတ်ကားလေးက Prince of Lan Lingမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား ပြန်လည်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ပရမ်းပတာဖြစ်နေတဲ့ခေတ်ကာလကြီးမှာ လှည့်ကွက်တွေများစွာနဲ့ အကွက်ချခံနေရတဲ့ မင်းသား ချင်းမန့်ရှိုးလော် ချီကျွင်းယွမ်ရဲ့ ဇာတ်ကြောင်းကိုအဓိကပြသထားတာဖြစ်ပါတယ်ချီကျွင်းယွမ်က မုန်းတီးမှုများစွာနဲ့ လီဟန့်ဂူဆိုတဲ့နေရာမှာ ထိပ်တန်းလူသတ်သမားအဖြစ်ရပ်တည်နေတဲ့ ဆရာကြီးတစ်ယောက်ပါ ငယ်စဉ်အခါက ကြေးပြားမြေပုံ (ရှေးဟောင်းမြေပုံ) ဆိုတဲ့ မြေပုံတစ်ခုကြောင့် ချီမျိုးနွယ်စုအားလုံး မင်းသားရဲ့ မိသားစုတွေက အသတ်ခံလိုက်ရတာပါအဲ့မြေပုံရဲ့နောက်ကြောင်းကိုလိုက်စုံစမ်းရင်း ဘယ်လိုအမှန်တရားတွေထွက်ပေါ်လာမလဲဆိုတာကိုတော့ Song Of The Assassins ရဲ့အကွက်ပေါင်းများစွာနဲ့ အံ့ဩပြီး ဆက်လက်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 58min Subtitle : Myanmar Subtitle ( Hardsub ) Translated by Xing Er Encoded by LK
movie

Song of the Assassins ( 2022 )

The Labyrinth ( 2022 ) 6.6
The Labyrinth ( 2022 ) ဒီတစ်ခါမှတော့ သည်းထိတ်ရင်ဖို Horror Thriller ရုပ်ရှင်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအမည်ကတော့ "ဝင်္ကပါ" ဖြစ်ပြီး ဘာဝင်္ကပါလဲဆိုတာတော့ ဇာတ်လမ်းအကျဥ်းမှာဖတ်ကြည့်ရအောင်။ဇာတ်လမ်းအစမှာ ရထားတစ်စီးဟာ အေးအေးလူလူခုတ်မောင်းနေလေရဲ့။ ရထားပေါ်မှာ လူတန်းစားအမျိုးမျိုး၊ လူအမျိုးမျိုးက လိုက်ပါစီးနင်းနေကြတာပေါ့။ ရှေ့မှာကြုံလာမယ့်အန္တရာယ်ကိုသတိမထားမိစွာဘဲ အေးအေးလူလူ စကားတပြောပြောနဲ့ပေါ့။တစ်နေရာအရောက်မှာတော့ ဘာဖြစ်မှန်းမသိဘဲ ရထားဟာရပ်တန့်သွားပါတော့တယ်။ ရထားထဲကထွက်ဖို့ကြိုးစားကြရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေကြပြီးနောက်မှာတော့ ရထားလမ်းမြေပြိုနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်။ ဘေးလွတ်ရာမှာဆင်းနေကြပေမယ့် ကင်းခြေများအကောင်ရေ ထောင်ချီဝိုင်းလာတဲ့အခါမှာတော့ ရထားပေါ်ပြန်တက်နေရုံကလွဲရွေးချယ်စရာမရှိခဲ့ပါဘူး။ရထားဟာ ဝန်မမျှဖြစ်ပြီး မြေပြိုနေတဲ့တွင်းနက်ကြီးထဲကို ထိုးကျသွားပါလေရော။ အဲ့ဒီတွင်းထဲမှာလည်း ကင်းခြေများအကောင်ရေအမြောက်အများရှိနေတဲ့အခါ ခြေဦးတည့်ရာကိုပြေးရပါတော့တယ်။ ဘယ်နေရာကိုရောက်မှန်းမသိရောက်ကုန်ရင်း ကယ်ဆယ်ရေးအဖွဲဲ့တွေကရော သူတိူ့ကိုရှာတွေ့ပြီး ကယ်တင်နိုင်ပါ့မလား။ သူတို့အနေနဲ့ရော ကင်းခြေများဝင်္ကပါကနေလွတ်အောင်ပြေးနိုင်ပါ့မလား။ ဘေးအန္တရာယ်ကြုံတဲ့အခါတွေ့ရမယ့်လူ့ သဘောသဘာဝ ကို မြင်တွေ့ရမယ့်အ​ပြင် ကင်းခြေများနဲ့လူတွေရဲ့အားပြိုင်ပွဲကို စိတ်လှုပ်ရှားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 9min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Encoded by LK
movie

The Labyrinth ( 2022 )

The Mysterious Cloths ( 2022 ) 6
The Mysterious Cloths ( 2022 ) မသိမသာ စိတ်ဝင်စားဖို့ကောင်းတဲ့ the mysterious cloths ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားလေးက တစုန့်မင်းကြီးရဲ့ မွေးနေ့ပွဲက စတယ်ဆိုရမလား... ပါးစပ်ရာဇဝင်ထဲက မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံက စတယ်ဆိုရမလားပဲ... ဘာလို့လဲဆိုတော့ ရှီရှပြည်ထောင်က မသေမျိုးနတ်မျိုးနွယ်တို့ရဲ့ မြဝတ်ရုံကို တစုန့်မင်းကြီး မွေးနေ့ပွဲအတွက် မွေးနေ့လက်ဆောင်မွန်အဖြစ် ဆက်သဖို့ကြိုးစားရာမှာ တစုန့်က လက်ဆောင်လက်ခံသူ လျန်ဝမ်ရယ်ဟာ လက်ဆောင်လက်ခံပြီး ညတွင်းချင်းမှာပဲ ဘဝတစ်ပါးကို အကြောင်းရင်းမဲ့စွာ ပြုံးပြုံးကြီး ကူးပြောင်းသွားပါတယ်...ဟုတ်ပါတယ် ဒဏ္ဏာရီလာ မြဝတ်ရုံကို စမ်းမဝတ်ဘဲ မနေနိုင်တဲ့ လျန်ဝမ်ရယ်ဟာ မြဝတ်ရုံကို စမ်းဝတ်ကြည့်ပြီးနောက် ပြုံးပြုံးကြီးနဲ့  ဘာကြောင့်မှန်းမသိ ဆုံးပါးသွားခဲ့တာပါ... တစ်ဖက်မှာ အလောင်းကို စစ်ဆေးတော့လည်း ခုခံထားဟန်မတွေ့ အဆိပ်မိတဲ့လက္ခဏာကမရှိတဲ့အပြင် ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာလည်းမဖြစ်နိုင်တော့ အခက်တွေ့တာပေါ့ ဒါကြောင့်လည်း လက်ဆောင်ဆက်သသူ ရှီရှပြည်ထောင်က ချင်ယွမ်မင်းသားကိုပဲ စစ်ဆေးဖို့ ဖမ်းလိုက်ရတာကြောင့် ၂ ပြည်ထောင် ချစ်ကြည်ရေးတည်ဆောက်ဖို့ ကြိုးစားရာကနေ ဆက်ဆံရေးက အဆိုးဖက်ကို ကူးပြောင်းလာတော့တယ်...ဒါကြောင့် စုန့်စီဆိုတဲ့ ပြည်သူတွေသတ်မှတ်ထားတဲ့ သမာသမတ်ကျသူ တရားသူကြီးမင်းကို စစ်ဆေးစုံစမ်းဖို့ တာဝန်လွှဲအပ်ခဲ့တယ်... ဒီလိုနဲ့ လျန်ဝမ်ရော ရှီရှ လက်ဆောင်ဆက်သသူတို့အပါအဝင် တစုန့်မင်းကြီးမွေးနေ့မင်္ဂလာပွဲ တက်ဖို့ ရောက်လာသူတွေ တည်းခိုတဲ့ တည်းခိုဆောင်ကို ရောက်လာခဲ့တော့တယ်....စုန့်အမတ်မင်းက တကယ်ပဲ ဒီအမှုကို ရှင်းနိုင်မှာလား... လျန်ဝမ်ကရော ဘာကြောင့်သေသွားတာလဲ... မြဝတ်ရုံရဲ့ ...
movie

The Mysterious Cloths ( 2022 )

John Carter (2012) 6.6
John Carter (2012) WALL-E , Finding Dory ,Toy Story တို့လို Animation ကောင်းတွေရိုက်ကူးတတ်တဲ့ ဒါရိုက်တာ Andrew Stanton ရဲ့ Live Action ဇာတ်ကားဖြစ်ပါတယ်။ Walt Disney က ထုတ်လုပ်ထားတာဖြစ်ပြီး Action Scene တွေ မိုက်တာကြောင့်ရယ် မားစ်ဂြိုဟ်ပေါ်က ရှုခင်းတွေရယ် ထူးဆန်းတဲ့အကောင်ဗလောင်တွေရယ်ကြာင့် ဒီဇာတ်ကားက ကြည့်ဖူးသူတိုင်း အမှတ်ရမိတတ်တဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ဂျွန်ကာတာဆိုသူဟာ အမေရိကန်ပြည်တွင်းစစ်တုန်းက ပါဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပေါ့...သူဟာ အတိတ်ကဖြစ်ရပ်ဆိုးတစ်ခုကြောင့် အခုချိန်မှာ အပူမရှာဘဲ အေးအေးဆေးဆေး နေချင်တဲ့ သူတစ်ယောက်ပေါ့။ ဒါပေမယ့် အေးဆေးမနေရဘဲ သူ့ကို စစ်မှုပြန်ထမ်းခိုင်းရာကနေစပြီး သူ့ဘဝကိုလုံးဝပြောင်းလဲသွားစေတဲ့ ဖြစ်ရပ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။သူဟာ စစ်ပွဲထဲမှာ အင်ဒီးယန်းလူနီတွေရဲ့ လက်ကလွတ်မြောက်ဖို့ ပုန်းအောင်းရာကနေ ဂူတစ်ခုထဲမှာ ထူးဆန်းတဲ့ လူတစ်ယောက်နဲ့တွေ့ပါတယ် အဲ့လူ ရွတ်ဆိုတဲ့ ဂါထာကို သူပါ ရွတ်ဆိုလိုက်တဲ့အခါမှာ ရုတ်တရက်မေ့မျောသွားပါတော့တယ်။ သူပြန်သတိရတဲ့ အချိန်မှာတော့ ...
movie

John Carter (2012)

2012
1080p HEVC
Daaka (2019) 5.9
Daaka (2019) Daaka (2019)ရှင်ဒီ ဟာ အသက် (၃၈) နှစ်အရွယ် လူပျိုကြီး၊ ပိုင်ဆိုင်တာဆိုလို့ ရူပီးနှစ်သိန်းတန် မြေကွက်တစ်ခုရယ်၊ တံခါးပေါက်တွေတောင်မပါတော့တဲ့ အိမ်တစ်လုံးရယ်၊ ခြေသုံးချောင်းပဲ အကောင်းကျန်တော့တဲ့ ကုတင်တစ်လုံးရယ်၊ ဆီအမြဲပြတ်နေတတ်တဲ့ ဆိုင်ကယ်တစ်စင်းရယ်၊ သူ့ကိုသိပ်ချစ်ရှာတဲ့ အထက်တန်းလွှာက ချစ်သူမိန်းမချောလေးရယ်၊ သူဘေးမှာ မခွာတမ်း ခင်မင်ရှာတဲ့ ညီအစ်ကိုတမျှရင်းနီးသူ ဘာလီ ရယ်။ရှင်ဒီ နဲ့ ဘာလီ တို့နှစ်ယောက်ဟာ ဈေးဆိုင်ကြီးတစ်ခုရဲ့မျက်နှာစာမှာ ဖုန်းပြင်ဆိုင်သေးသေးလေးဖွင့်လို့ စားဝတ်နေရေး ဖြေရှင်းကြရသူတွေပါ။ ရှင်ဒီ က အကြံဉာဏ်ကောင်းတွေနဲ့ စီးပွားရေးလုပ်ကိုင်တတ်သူဖြစ်ပြီး ဘာလီ ကတော့ ရှင်ဒီ ပြောသမျှနားထောင်ပြီး ဒိုင်ခံအလုပ်လုပ်ပေးသူ ဖြစ်ပါတယ်။ ဉာဏ်သမားနဲ့ အလုပ်လုပ်သမားပေါ့။ ဒါပေမဲ့ သူတို့နှစ်ယောက်က ကျောမွဲလေးတွေပါ။ ဆင်းရဲသား နင်းပြားလေးတွေ။တစ်နေ့မှာ သူတို့မှီခိုနေရတဲ့ ဈေးဆိုင်ကို သူ့ပိုင်ရှင်က ရောင်းချတော့မယ့်အဖြစ်ကို ရောက်လာခဲ့ပါတယ်။ နောက်ရောက်လာမယ့်ပိုင်ရှင်က ဈေးဆိုင်ရှေ့မှာဖွင့်နေတဲ့ သူတို့ရဲ့ဖုန်းပြင်ဆိုင်လေးကို ကြည်ဖြူပါ့မလား မသေချာတာကြောင့် ...
movie

Daaka (2019)

2019
The Running Man (1987) 6.6
The Running Man (1987) ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်‌သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ ...
movie

The Running Man (1987)

4K HEVC
Eraser: Reborn (2022) 4.4
Eraser: Reborn (2022) Eraser Reborn(2022)အရာရှိ ပိုလတ်ဟာ အသက်အန္တရာယ်ရှိတဲ့ မျက်မြင်သက်သေတွေကို သတ်ပစ်ချင်ယောင်ဆောင်ပြီး တရားခွင်မှာ သက်သေထွက်ဆိုရမယ့်အချိန်အထိ ယာယီ ဖျောက်ဖျက်ပေးတဲ့ U.S. အထူးတပ်ဖွဲ့ကပါတစ်နေ့မှာတော့ ရာဇဝတ်ကောင်သူဌေးရဲ့ မိန်းမတစ်ယောက်ကို မျက်မြင်သက်သေအဖြစ် တာဝန်ယူပေးဖို့ ဖြစ်လာပါတယ်သက်သေနဲ့အတူ တောင်အာဖရိက ကိပ်မြို့ကို ရောက်သွားတဲ့အခါ သူတို့နောက်ကို လိုက်နေတဲ့လူတွေရှိနေတယ် ဆိုတာရယ် ထောင်ချောက်အဆင်ခံလိုက်ရတယ်ဆိုတာရယ်ကို သိလိုက်ရပါတော့တယ်သံသယတွေ သစ္စာဖောက်မှုတွေကြားထဲမှာ ပိုလတ်တို့အန်ိုင်ယူသွားနိုင်မလား ဒါမှမဟုတ် ထာဝရ ဖျောက်ဖျက်ခံလိုက်ရမလား...အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre..... Action Quality….1080p | 720p| 480p File size… 1.6GB | 803MB | 292MB Format…mp4 Duration….1h 42min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August
movie

Eraser: Reborn (2022)

2022
Ramaiya Vastavaiya (2013) 5.7
Ramaiya Vastavaiya (2013) Ramaiya Vastavaiya (2013) ========================အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးကို Ramaiya Vastavaiya လို့ အမည်ရတဲ့ ကားဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားကတော့ Romantic Drama ဆိုတဲ့ အမျိုးအစားဖြစ်တဲ့အလျောက် လူငယ်လေးနှစ်ယောက် ဖူးစာစုံမက်ကာ ချစ်ကြိုက်ခဲ့ပြီး တူနှစ်ကိုယ်ပေါင်းဖက်ခွင့်ရဖို့ အခက်အခဲတွေ ကျော်လွှားရပုံကို ဟာသနှောရင်း ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်ရမ်လို့အမည်ရတဲ့ ကောင်လေးဟာ ဘီလီနာမိဘနှစ်ပါးကနေ ပေါက်ဖွားလာပြီး ဩစတြေးလျမှာ ကြီးပျင်းလာခဲ့တဲ့ မြို့ကြီးသားသူဌေးသားလေးပါ ဆိုနာဆိုတဲ့ ကောင်မလေးကတော့ အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီကို ဖခင်လိုမိခင်လို ဆည်းကပ်ရင်း အစ်ကိုတစ်ယောက်ညီမတစ်ယောက်ဘဝနဲ့ ဘဝကိုဖြတ်သန်းနေတဲ့ ရိုးရိုးသားသား ကျေးတောသူလေးပေါ့တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူက မင်္ဂလာပွဲကို လာဖို့ အိမ်ကိုဖိတ်ရင်း ရမ်နဲ့ဆိုနာတို့ ကံကြမ္မာစုံမက် ဖူးစာဖက်ကာ နှစ်ယောက်သားအတူ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ် ဒါပေမဲ့လည်း ရမ်ရဲ့မိခင်ဟာ ဒီအကြောင်းကို သိသွားပြီးတဲ့နောက် ရမ်ကို သူမမောင်ရဲ့စီးပွားရေးမိတ်ဖက်ရဲ့သမီးဖြစ်သူနဲ့ နေရာချထားပေးဖို့ စီစဥ်ပါတော့တယ် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတယ်လို့ပဲ ပြောရမလား ရမ်ရဲ့အမေ ဆိုနာ့ကို ငွေကြေးချို့တဲ့တဲ့အတွက်ကြောင့် ပုတ်ခတ်ပြောဆိုနေစဥ် ဆိုနာ့အစ်ကိုဖြစ်သူ ရတ်ဒ်ဟူးဗီ ရောက်လာပါတော့တယ် ရမ်တစ်ယောက် အကြပ်တွေ့ပြီး အမေဖြစ်သူနဲ့နေခဲ့ရင် မချစ်နှစ်သက်တဲ့သူနဲ့ လက်ထပ်ပြီး ...
movie

Ramaiya Vastavaiya (2013)

2013
6 Bullets (2012) 6.0
6 Bullets (2012) မင်းသားကြီးဗန်ဒိန်းရဲ့ ၂၀၁၂ကထွက်ခဲ့တဲ့ အက်ရှင်ကား​ဟောင်း တစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်၊ IMDb မှာ 6 ရထားပြီးငယ်ငယ်ကထဲက ကြိုက်ခဲ့ရတဲ မင်းသားကြီးရဲ့ မပျက်စီး​သေးတဲ့ အက်ရှင်​တွေကို မြင်​တွေ့ရဦးမှာပါ။ဆမ်ဆန်​​ဂေါလ်က ​ကြေးစားစစ်သား​ဟောင်းဖြစ်ပြီး အနားယူချိန် အလွတ်စုံ​ထောက်အ​နေနဲ့ လူကုန်ကူးမှု​တွေကို အဓိကလိုက်​နေတဲ့ သူပါ၊ ဒါ​ပေမဲ့ သူရဲ့ သတိလက်လွတ်လုပ်လိုက်မိတဲ့ မ​တော်တဆတစ်ခု​​ကြောင့် က​လေးမ​လေး ၂​ယောက် ​​သေရပြီး​နောက် အပြစ်ရှိတဲ့စိတ်နဲ့ အလွတ်စုံ​ထောက်ဘဝကပါနားကာ အသား​ရောင်းသူအဖြစ် ဇာတ်မြုပ်​နေထိုင်ခဲ့ပါတယ်။တစ်​နေ့မှာ အ​မေရိကန် MMAဖိုက်တာ ချန်ပီယံ​ဟောင်း အန်ဒရူး ​​ဖေဒန်နဲ့မိသားစုဟာ တ​ကျော့ပြန် ထိုးသတ်ပွဲအတွက် ​ဆွေး​နွေးဖို့ ​ဆမ်ဆန်​​ဂေါလ်​နေတဲ့ ​မော်ဒိုဗာနိုင်ငံကို ရောက်လာပါတယ်၊ သူတို့ ​ရောက်ပြီး မကြာခင်မှာ သမီးဖြစ်သူ ဘက်ကီ​ဖေဒန် ရုတ်တရက် ပျောက်ဆုံးသွားပါတယ်၊ ရဲတပ်ဖွဲ့နဲ့ အ​မေရိကန်သံရုံးအထိ သူရဲ့ ​ပျောက်ဆုံးမှုကို အပူတပြင်းစုံစမ်းခဲ့​ပေမယ့် မထူးခြားတဲ့အဆုံး အနားယူ​နေတဲ့ ဆမ်ဆန်​​ဂေါလ်ဆီ ​ရောက်လာခဲ့ပါတယ်၊ ဒီလိုနဲ့ပဲ ​ကြေးစားစစ်သား​ဟောင်းကြီးဟာ ​က​လေးမ​လေးကို လိုက်ရှာဖို့အ​ကြောင်းပါလာပြန်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim ...
movie

6 Bullets (2012)

Blade Runner (1982) 8.2
Blade Runner (1982) 1982 ခုနှစ်မှာထွက်ရှိလာခဲ့တဲ့ Blade Runner ကားဟာလက်ရှိ 2017 ကာလဆီကိုဦးတည်ရိုက်ကူးထားတဲ့ကားတစ်ကားပါ။ဇာတ်လမ်းအကျဉ်းကတော့ မိုးပျံကားတွေ အထပ်မြင့်အဆောက်အဦတွေနဲ့ ပြောင်းလဲနေပြီဖြစ်တဲ့ ကမ္ဘာကြီးမှာအထူးပြောင်းလဲမှူလို့ခေါ်နိုင်တာတစ်ခုလဲရှိနေပါတယ်။အဲ့တာကတော့ Replicants လို့ခေါ်တဲ့ ပုံတူစက်ရုပ်တွေပါပဲ။လူသားနဲ့ချွပ်စွပ်တူတဲ့ အဲ့စက်ရုပ်တွေက ခံစားချက်တွေပေါက်ဖွားလာနိုင်တာကို လူသားတွေသိတဲ့အခါ သုတ်သင်ပစ်ဖို့ကြိုးစားရပါတော့တယ်။မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်က Blade Runner လို့ခေါ်တဲ့ မုဆိုးတစ်ယောက်။ထွက်ပြေးလွတ်မြောက်နေတဲ့ Replicant တွေကိုရှာဖွေ သတ်ဖြတ်ပေးရမယ့်တာဝန်နဲ့ ဇာတ်လမ်းကို အစချီထားပါတယ်။သာမာန်သိပ္ပံကားတွေနဲ့ မတူတာကတော့ ဒီစက်လမ်းက စုံထောက်ဇာတ်လမ်းအသွားမျိုးလို့ပြောလို့ရပါတယ်။ရိုးရိုးသားသားဝန်ခံရရင် စကြည့်ကာစကတော့ သိပ္ပံဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း စက်ရုပ်တွေကလူဆိုးတွေဖြစ် လူဆိုးတွေကိုရှင်းလင်းလိုက်တဲ့ကားမျိုးပဲထင်ခဲ့တာပါ။ကြည့်ရင်းနဲ့ ဒီကားက Imdb Rating 8.2နဲ့ Rotten Tomatoes 90% ရလဲရထိုက်ပါပေတယ်လို့ပဲကောက်ချက်ချလိုက်ပါတယ်။ဒီဇာတ်လမ်းရဲ့ နောက်ဆက်တွဲ Blade Runner 2049 (2017) လဲ ထွက်ရှိထားတာမလို့ ဒီကားလေးကို အရင်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတော့တယ်။ File size…(2.2 GB)/(900 MB) Quality….BluRay 1080p HEVC / ...
movie

Blade Runner (1982)

1982
Thar (2022) 6.1
Thar (2022) Thar (2022) ===================== Imdb 6.2 / 1.2k၁၉၈၀ ပြည့်နှစ် အနောက်တိုင်း thriller အမျိုးအစား ရုပ်ရှင်ကို ပြန်လည် ခံစားသက်ဝင်ရိုက်ကူးထားပြီး ၂၀၂၂ Netflix မှ အသစ်စက်စက်ထွက်ရှိထားတဲ့ Thar ဆိုတဲ့ အိန္ဒိယဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ...ဇာတ်ကားလေးကိုတော့ ရာဂျက်စ်သန် နယ်စပ်နား မူနာဘာအို ရွာလေးကို အခြေပြုပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ဆူရေခါဆင်းကတော့ မူနာဘာအိုရွာလေးမှာ အကြာကြီး တာဝန်ထမ်းဆောင်လာခဲ့ပြီး လပိုင်းအတွင်းမှာ အငြိမ်းစားယူတော့မယ့် အင်စပတ်တာ တစ်ယောက်ပါ။သူ တာဝန်ထမ်းဆောင်လာခဲ့တဲ့ နယ်မြေလေးဟာ အေးချမ်းလွန်းပြီး အမှုအခင်းဆိုလို့ ရန်ပွဲလောက်ကလွဲရင် ကျန်တာ မရှိတဲ့နေရာလေးပါ တစ်နေ့မှာတော့ အဲဒီနယ်မြေမှာ အိမ်တစ်အိမ်ကို ဂိုဏ်းတစ်ခုက ဝင်ရောက်လုယက်ပြီး အိမ်သားတွေကို သတ်ဖြတ်ကာ ပစ္စည်းဥစ္စာတွေကိုပါ ယူသွားပါတော့တယ်။အဲဒီအမှုဖြစ်ပြီး နောက်တစ်နေ့မှာပဲ ဆူဗာလို့ခေါ်တဲ့ ရွာသားတစ်ယောက် ရက်ရက်စက်စက်နှိပ်စက်ပြီး သတ်ခံရပြန်ပါတယ်။ အင်စပတ်တာ ဆူရေခါဆင်းတစ်ယောက် ဒီအဖြစ်အပျက်တွေ စုံစမ်း ဖော်ထုတ်ဖို့ ကြိုးစားနေချိန် ဆစ်ဒါလို့ခေါ်တဲ့ ရှေးဟောင်းပစ္စည်း ရောင်းဝယ်ရေးသမားတစ်ယောက်ဟာ မူနာဘာအိုရွာလေးကို အလုပ်သမားရှာဖို့ ရောက်လာခဲ့ပါတယ်လူသတ်မှုတွေကို ဖြေရှင်းဖို့ ...
movie

Thar (2022)

Saani Kaayidham(2022) 7.6
Saani Kaayidham(2022) Saani Kaayidham 2022ဒဏ်ရာတွေကပျောက်ကွယ်သွားနိုင်တယ် မှတ်ဉာဏ်တွေကလည်း‌အရောင်မှိန်သွားနိုင်ပေမယ့် ဒီနာကျင်မှုကတော့ ဘယ်တော့မှပျောက်မသွားဘူး..ဒီတစ်ခါမှာတော့ IMDb 7.7ရရှိထားပြီး ဖြစ်ရပ်မှန်လူကြိုက်များခဲ့တဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ်အထက်လူကြီးနဲ့ အခက်မသင့်ဘဲအလုပ်ထွက်လာခဲ့တဲ့ ယောကျာ်းဖြစ်သူမာရီအား ပွန်နီကအထက်လူကြီးကိုပြန်တောင်းပန်ဖို့ကြိုးစားခိုင်းပေမယ့် ကိစ္စတွေကစီစဉ်ထားသလိုဖြစ်မလာဘဲ လူကြီးရဲ့မျက်နှာကိုတံတွေးနဲ့ထွေးလိုက်မိပါတယ်ဒါကိုအထက်ကရန်ငြိုးထားပြီးသူတို့မိသားစုကိုပြန်ကလဲ့စားချေပါတော့တယ် ပွန်နီကိုမုဒိမ်းကျင့် ယောကျာ်းနဲ့သမီးဖြစ်သူကိုအရှင်လတ်လတ်မီးရှို့ပြီး ရက်ရက်စက်စက်သတ်ပစ်ခဲ့ပါတယ် ပွန်နီကတခြားသူမဟုတ်ဘဲ ရဲမေပါဒါပေမယ့် ရဲဌာနကလည်းပွန်နီ့ဘက်မှာရှိမနေခဲ့ပါဘူး ဒီကိစ္စအမှန်အတိုင်းပေါ်သွားခဲ့ရင် ရဲဌာနသိက္ခာကျတယ်ဆိုပြီး ဖုံးဖိထားခိုင်းခဲ့ပါတယ်။ ရာထူး ပိုက်ဆံ အင်အားတစ်ခုမရှိတဲ့ ပွန်နီတို့ကိုအဖက်ဖက်ကဖိအားပေးလာခဲ့ပါတယ် ဒါ့အပြင်ရာထူးမြင့်လူတစ်ယောက်ရဲ့အကူအညီနဲ့ မုဒိမ်းကောင်တွေလွတ်သွားတဲ့အခါမှာတော့.....ပွန်နီတစ်ယောက် ဘယ်လိုလက်စားချေမလဲ အမှန်တရားကအနိုင်ရမှာလားဆိုတာ အားရပါးရကြည့်ရှုရမှာဖြစ်ပါတယ် ဒီကားကသွေးသံရဲရဲနဲ့သတ်ခန်းဖြတ်ခန်းတွေပါတာကြောင့် လူသတ်ကားကြိုက်တဲ့ပရိတ်သတ်ကြီးတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ရှင်   File size…2.67GB / 1.14GB /  Quality…1080p TRUE WEB DL AAC5.1CH / 720p /  Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lai Lai & Honey
movie

Saani Kaayidham(2022)

2022