Channel Myanmar

Action

Aśoka (2001) Ashoka the Great 6.6
Aśoka (2001) Ashoka the Great IMDb Rating (6.6) / Rotten Tomatoes (100%)သမိုင်းမှတ်တမ်းဝင်ဘုရင်တွေထဲမှာ အောင်ပွဲရပြီးနောက် စစ်ကိုစွန့်ပယ်ခဲ့တဲ့ တစ်ဦးတည်းသော စစ်ဘုရင်ဖြစ်သလို ဗုဒ္ဓသာသနာတော်ကို ပြန့်ပွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ သီရိဓမ္မာသောကမင်းတဖြစ်လဲ အာသောကမင်းကြီး အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်လမ်းကြီးဖြစ်ပါတယ်။မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာရီနာကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အချိန်က ခရစ်တော်မပေါ်မီ BC 260 ဝန်းကျင်ကာလတွေဖြစ်ပါတယ်။အာသောကမင်းဟာ ဗိန္ဓုသာရမင်းနဲ့ ဓမ္မာမိဖုရားတို့ရဲ့သားတော်ဖြစ်ပြီး အိန္ဒိယနိုင်ငံသမိုင်းမှာ ပထမဆုံးသောအင်ပါယာ မောရိယနိုင်ငံတော်ကြီးကိုတည်ထောင်နိုင်ခဲ့တဲ့ စန္ဒဂုတ္တမောရိယ၏ မြေးတော်ဖြစ်ပါတယ်။ဘိုးတော်ရဲ့အင်ပါယာမှာ မသိမ်းပိုက်နိုင်ဘဲ ကျန်ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့ကို သူ့လက်ထက်မှာ ဆက်လက်သိမ်းပိုက်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်...တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ပေမယ့် အိန္ဒိယအရှေ့ဖက်ကမ်းရှိ ကလိင်္ဂတိုင်း(ယခု အိုရစ်ဆာပြည်နယ်)ကိုဝင်ရောက်တိုက်ခိုက်ရာမှာ ကလိင်္ဂကတိုင်းသားတို့က ရဲရဲဝံ့ဝံ့ပြန်လည်ခုခံတာကြောင့် ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာ သေကြေပျက်ဆီးပြီးမှ အောင်နိုင်ခဲ့ပါတယ်။အရာအားလုံးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။အာသောကမင်းကြီးအနေနဲ့ သူ့ရဲ့အောင်နိုင်မှုတွေဟာ လူသေအလောင်းတွေအပေါ်မှာသာရှိတယ်လို့ ကလိင်္ဂကတိုက်ပွဲမှာ ထိတ်လန့်တကြားမြင်တွေ့သွားတဲ့အခါမှာတော့....ချစ်ခြင်းမေတ္တာနဲ့ လူတွေကိုထွေးပွေ့ဖိုအတွက် စစ်ကိုစွန့်လွှတ်ခဲ့ပါတော့တယ်။ဒီ့နောက်မှာတော့ သူဟာ ဗုဒ္ဓရဲ့ ဓမ္မဖက်မှာပဲ စိတ်ကိုမြုပ်နှံခဲ့ပြီး ...
movie

Aśoka (2001) Ashoka the Great

A Day to Die (2022) 5.1
A Day to Die (2022) A Day to Die (2022)===============ကျောင်းပြန်ပေးဆွဲခံရမှုဖြစ်ရပ်ဆိုးကြောင့် ghost team အထူးတပ်ဖွဲ့ဝင်တွေ ခြေရာဖျောက်နေခဲ့ရပေမယ့်၊ ထိုင်ခုံမြဲနေခဲ့တဲ့လူကတော့ ရဲမှူးကြီးအော်လ်စတန်ပါ... အဲ့ဖြစ်ရပ်အပြီး(၁၈)လအကြာမှာတော့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်အဖြစ်နဲ့ပဲဆက်လက် လုပ်ကိုင်နေခဲ့တဲ့ ghost team အဖွဲ့ဝင်ကော်နာကော်နယ်လီတစ်ယောက် သူ့ရဲ့အကျဉ်း သားတစ်ယောက်ကို နောက်ကလိုက်ဖမ်းနေတဲ့ ဂိုဏ်းသားတစ်ယောက်ကိုသတ်ခဲ့မိ ပါတယ်။ သူသတ်ခဲ့မိတာက မြို့ရဲ့နာမည်ကျော်မူးယစ်ရာဇာကြီးရဲ့လူဖြစ်နေတော့ ကျားအမြီးသွားဆွဲမိသလိုဖြစ်သွားတဲ့ ကော်နာတစ်ယောက် မူးယစ်ရာဇာကြီးနဲ့ ရင်ဆိုင် ရချိန်မှာ ဘယ်လိုတွေပြန်ပေးဆပ်ရမှာလဲဆိုတာကို ကြည့်ရှုရမယ့် action ကားသစ်လည်း ဖြစ်ပါတယ်။ အဲ့တော့ မူးယစ်ရာဇာကြီးရဲ့အန္တရာယ်ကနေလွတ်အောင်ရှောင်နိုင်ပါ့မလား ဆိုတာကတော့ ကိုယ်တိုင်ပဲကြည့်ရှုရမှာပါ။ နောက်တစ်ခုပြောချင်တာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီး Bruce Willis ကရော ဘယ်လိုအခန်းတွေမှာပါဝင်သရုပ်ဆောင် မှာလဲဆိုတာတော့ ခင်ဗျားတွေးထားသလို သရုပ်ဆောင်မှာပဲလို့ ပြောချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.16 GB) / (576 MB) / (394 MB) Quality – WebRip 1080p / 720p/480p Duration - 1h 45mins Subtitle ...
movie

A Day to Die (2022)

2022
In the Line of Duty 4 (1989) The Witness 7.1
In the Line of Duty 4 (1989) The Witness မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ် ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ… ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။ ၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။အခု ၄ ကားမြောက် တင်ဆက်လိုက်တဲ့ In the Line of Duty 4 (1989) ဇာတ်ကားကို The Witness လို့လဲ ခေါ်ဆိုကြပါတယ်။ မင်းသားကြီး Donnie ...
movie

In the Line of Duty 4 (1989) The Witness

The Sniper (2021) 6.0
The Sniper (2021)  "နှလုံးရပ်ပြီး ဦးနှောက်သေဖို့အချိန်ဘယ်လောက်လိုမယ်ထင်လဲ ၈မိနစ်၊ မင်းကံထူးတာပဲ မျက်တောင်မခတ်ဘဲ သေချာကြည့်ထား" ဒီလိုမျိုး အပြောခံရပြီး တရားမဝင်လူအင်္ဂါကုန်ကူးမှုမှာ အရှင်လတ်လတ် နှလုံးထုတ်ခံရမလိုဖြစ်ခဲ့တဲ့ ကောင်လေး ကျင်းထိုက်...ကယ်ဆယ်ရေးတရားမဝင်ပြစ်မှုအဖွဲ့အစည်းရဲ့ လူကုန်ကူးမှုနောက်ကွယ်ကကြိုးကိုင်သူ စုန့်ဖားကို ဖမ်းဆီးရမဲ့မစ်ရှင်ကြောင့် လူ့အင်္ဂါကုန်ကူးအကျဉ်းစခန်းမှာ စစ်ဆင်ရေးလုပ်ဖို့ရောက်လာတဲ့ ကျွမ်းကျင်စနိုက်ပါသမားကျင်းမင်...ကယ်ဆယ်ရေးတစ်ခုကြောင့် လူကုန်ကူးအကျဉ်းစခန်းက လွတ်မြောက်လာကာ ကယ်တင်ရှင်လောင်ကျင်းကို အသက်ထက်မကချစ်မြတ်နိုးတဲ့ ကောင်မလေးရှောင်မေ...သူတို့သုံးယောက်စတွေ့ခဲ့ရတဲ့ ဇာတ်ကြောင်းလေးကတော့...ကျင်းမင်ဟာ အထူးစစ်ဆင်ရေးဆင်းနေစဉ် အကျဉ်းစခန်းထဲက ကောင်လေး ကျင်းထိုက်ကို မြင်ပြီး သနားစိတ်ဝင်ကာ မစ်ရှင်ကိုမေ့ထားပြီး လူကိုအရင်ကယ်လိုက်မိတဲ့အတွက် အဓိက ကြိုးကိုင်သူကိုလွတ်သွားခဲ့ပါတယ်နောက်ပိုင်းကယ်ဆယ်လာတဲ့လူထဲက ရှောင်မေနဲ့ ကျင်းထိုက်ကို တပည့်အဖြစ် ပညာကုန်သင်ပေးပြီး ၁၀နှစ်အကြာမှာ သူတို့နှစ်ယောက်ဟာ ပူးပေါင်းလုံခြုံရေးအထူးတပ်ဖွဲ့ရဲ့ အရည်အချင်းရှိစနိုက်ပါအဖွဲ့ဝင်တွေဖြစ်လာခဲ့ပါတယ်အဲဒီအချိန် စုန့်ဖားတို့အဖွဲ့ကြီးက ပိုမိုကြီးထွားလာပြီး စုန့်ဖားကိုဖမ်းဖို့ဖြစ်လာချိန်မှာတော့ သူတို့ ဆရာတပည့်သုံးယောက် ကံကြမ္မာလှည့်ကွက်တွေနဲ့ ကြုံပြီး ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ဆက်ပြီးတော့ ကြည့်ရမှာပါနော်...။File Size__(1.7GB) / (830MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:33:00 Type__Action, Crime, Drama Subtitle__Myanmar ...
movie

The Sniper (2021)

Raees (2017) 7.4
Raees (2017)  IMDb Rating (7.0)မင်းသားကြီးရှရွတ်ခန်းကို  မှောင်ခိုဂိုဏ်းခေါင်းဆောင်အဖြစ် တမူထူးခြားစွာ မြင်ရမှာပါ။အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ဆိုတာ အရက်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ထားပြီး အရက်ရောင်းဝယ်ရင် ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်ထားပါတယ်....ဒီလိုအခြေအနေတွေကြောင့် အရက်မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းတွေ ကြီးထွားလာပါတော့တယ်....ဒီလိုဖြစ်လာရတာကလဲ ဂူဂျာရတ်ပြည်နယ်က ရာအီးစ်ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်ကြောင့်ဖြစ်လာတာ။အချိန်က ၁၉၈၀ နဲ့ ၁၉၉၀ ကြားကာလ ...ငယ်ငယ်ကတည်းက မှောင်ခိုလောကနဲ့ ရင်းနှီးပြီး ရာအီးစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း မှောင်ခိုလောကမှာ လုပ် ငန်းအကြီးအကျယ်လုပ်ကိုင်သူ တစ်ယောက်ဖြစ်လာပါတယ်...သူများနဲ့မတူ ထူးခြားတာက သူဘယ်လောက်ပဲဆိုးသွမ်းပါစေ ဒေသခံတွေကတော့ သူ့ကို သဘောကျကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူက သူ့မွေးရပ်မြေကို ထောက်ပံ့ကူညီမှုတွေပေးထားလို့ပဲ ဖြစ်ပါ တယ်။ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူကတော့ ရဲအရာရှိ ဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါ ဖြစ်ပြီး သူကတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် လူဆိုးဂိုဏ်းသားတွေကို အမှန်အကန်ဖော်ထုတ်ဖမ်းဆီးသူ ဖြစ်ပါတယ်။ မှောင်ခိုရာဇာ ရာအီးစ်က ပြည်နယ်အုပ်ချုပ်မှုပိုင်းမှာပါ ဝင်ဖို့ကြိုး ပမ်းလာတဲ့အခါမှာ ရဲအရာရှိဂျိုင်ဒီးပ်နဲ့ ရာအီးစ်တို့ ထိပ်တိုက်တွေ့ ...
movie

Raees (2017)

2017
Veerame Vaagai Soodum (2022) 7.7
Veerame Vaagai Soodum (2022) Veerame Vaagai Soodum (2022)"သူတို့က လူချမ်းသာတွေပဲလေ ငါတို့ကဘာလုပ်နိုင်မှာလဲ" လူချမ်းသာဖြစ်တိုင်းပြစ်မှုကျုးလွန်ရင်တောင် လွတ်ကင်းခွင့်ရမှာလား အဲ့လိုပြစ်မှုကျူးလွန်သူတွေပေါ်ထွက်လာရတာက သူတို့ကို ကာကွယ်ပေးနေတဲ့သူရှိတယ်ဆိုတဲ့အချိန်ကစတင်တာပဲ"အလန်းစားဇာတ်ညွှန်း​တွေ နာမည်​ကြီးမင်းသားVishalအပြင် ရုံဝင်ငွေ ၁၇.၄ကုဋေထိရထားတဲ့\Rating 7.7 ထိရထားတဲ့ တမီးလ်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်ဇာတ်လမ်းလေးကိုဆက်ရမယ်ဆိုရင် ပိုရပ်စ်ဟာ လက်ထောက်စုံထောက်ဖြစ်ချင်နေတဲ့သူပေါ့ကိုယ်တိုင်ကလည်းမတရားမှုကြုံလာရင် ငြိမ်မခံတတ်တဲ့သလို ဖခင်ဖြစ်သူရဲဌာနမှာတင်မှာသာမကလူချမ်းသာတွေ အာဏာအလွဲသုံးစားလုပ်မှုတွေကို မြင်တွေ့နေရတဲ့ချိန်အလယ်လတ်တန်းစားမိသားစုကလူတစ်ယောက်က အာဏာ အလွဲသုံးစားနေတဲ့ကိစ္စတွေကို မေးခွန်းထုတ်လာတဲ့အချိန်မှာ.....ဘယ်လိုတွေ စိတ်ဝင်စားဖို့​ ကောင်းတဲ့အကြောင်းအရာတွေဆက်ဖြစ်မလဲဆိုတာကြည့်ပေးကြပါဦး  File size…2.6GB/1.9GB Quality…1080p WEB DL/720p WEB DL Format…mp4 Duration….2h 46min Subtitle….Myamar Subtitle (hard sub) Encoder….YK Translated by CM Team
movie

Veerame Vaagai Soodum (2022)

2022
[18+] Rape Hunter: Target Woman (1980)
[18+] Rape Hunter: Target Woman (1980) ဖူယူကိုဟာ အိမ်ထောင်သည်အမျိုးသမီးဖြစ်ပြီးရှေးရိုးစွဲယောက္ခမနဲ့ခင်ပွန်းသည်အတွက်ကလေးရဖို့ ဖိအားပေးကြိုးစားခံနေရသူဖြစ်ပါတယ်၊ကလေးတစ်ကြိမ်ပျက်ကျတိုင်း သူ့ယောက္ခမဆီသွားတောင်းပန်ရတဲ့အတွက် ကြိတ်မှိတ်သည်းခံနေရတာလဲရှိပါတယ်။ဒီတစ်ကြိမ်မှာတော့ရထားပေါ်အသွား စိတ္တဇဖြစ်နေဟန်ရှိတဲ့သူတစ်ယောက်က သူ့ချစ်သူနဲ့ဖောက်ပြန်သူအဖြစ်အထင်မှားပြီး သူ့ခင်ပွန်းကို ဓားကြိမ်းကြိမ်းခဲ့တဲ့အဖြစ်နဲ့ကြုံလိုက်ရပါတယ်။ ကာလတစ်ချို့ကြာလိုက်ပြီးတဲ့နောက်မှာတော့ အဲ့ဒီလူကိုပြန်ဆုံခဲ့ရပြီး ဒီတစ်ကြိမ်မှာတော့ သူ့ခင်ပွန်းအပေါ်အငြိုးအတေးနဲ့ သူ့ကို ရက်ရက်စက်စက်မုဒိမ်းကျင့်သွားခဲ့တာပါ။လက်ရှိမပြေလည်တဲ့ အိမ်ထောင်ရေး ၊ဖိအား အစရှိတာတွေကနေ မသိစိတ်က နာကျင်မှုရက်စက်မှု ကြမ်းတမ်းတဲ့ဆက်ဆံမှုတွေအပေါ်သာယာသွားတဲ့ ဖူယူကိုဟာ အမှောင်ထဲ ထိုးဆင်းဖို့အဆင်သင့်ဖြစ်သွားခဲ့ပါတော့တယ်။နီကတ်ဆုရဲ့ နာမည်ကျော် ROMAN PORNO LINE တွေထဲကနောက်တစ်ကားပါပဲ။ Roman Porno Series တွေဟာလူတွေရဲ့အမှောင်တိုက်တွေဖြစ်တဲ့ ဆန်းပြားတဲ့လိုဘတွေ၊ ဇောတွေ၊ ပြင်းထန်ကြမ်းတမ်းတဲ့ နှိပ်စက်ညှင်းပန်းမှု ဒါတွေအပေါ်သာယာခြင်းတွေ၊အစွန်းရောက် ညစ်ညမ်းမှုတွေ၊အကြမ်းဖက်မှုတွေ ကိုတစုတစည်းထဲတွေ့မြင်နိုင်ခြင်းကြောင့်နာမည်ကြီးခဲ့ပြီး ၁၉၇၁-၁၉၈၈ သက်တမ်းအတွင်း အရေအတွက် အများကြီးထွက်ရှိပြီးအောင်မြင်ခဲ့တာပါ။ခံစားကြည့်စေချင်ပါတယ်။Dark Side Production မှ တင်ဆက်သည်။ File Size : (1.3 GB) & (550 MB) Quality : WEB-DL 1080p & 720p Running Time : 01:11:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by  ...
movie

[18+] Rape Hunter: Target Woman (1980)

Gangs of Wasseypur – Part 2 (2012) 8.6
Gangs of Wasseypur – Part 2 (2012) လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့======================================================1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ...
movie

Gangs of Wasseypur – Part 2 (2012)

2012
Gangs of Wasseypur – Part 1 (2012) 8.6
Gangs of Wasseypur – Part 1 (2012) လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့======================================================1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ...
movie

Gangs of Wasseypur – Part 1 (2012)

2012
Valiyor Silar (2021) 9.1
Valiyor Silar (2021) Valiyor Silar (2021)ဒီနေ့မှာတော့ Channel Myanmar ရဲ့ အိန္ဒိယရုပ်ရှင်ချစ် ပရိတ်သတ်တွေအတွက်သွေးထွက်သံယိုတွေ မပါတဲ့ ရုပ်ရှင်ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။မှုခင်းစုံထောက်ဇာတ်ကားအများစုရဲ့ အနှစ်က သဲလွန်စတွေနဲ့ ခေါင်းခဲစရာ မြုပ်ကွက်တွေပဲလေ ဟုတ်တယ်မလား။ဒီရုပ်ရှင်ကလည်း ပုံမှန်ရိုးရိုးရှင်းရှင်း ဇာတ်အိမ်ထဲမှာပဲ လူငယ်တစ်ယောက်နဲ့ ရဲတစ်ယောက်ကြားက ပဋိပက္ခကို သရုပ်ဖော်ထားတာပါ။မိသားစု စီးပွားရေးမပြေလည်တဲ့ အာဂျွန်တို့မိသားစုက ညီမငယ်လေး ရမ်ယာလက်ထပ်ပွဲအတွက် အိမ်ကိုပေါင်ပြီးပိုက်ဆံချေးလာတာပေါ့။ ဒါပေမယ့် အပြန်လမ်းမှာ စာရွက်စာတမ်းနဲ့ ကိုယ်ရေးအချက်အလက်တွေ မပါလို့ဆိုပြီးရဲတွေက သံသယဝင်ပြီး ပါလာတဲ့ ပစ္စည်းတွေကို တစ်ညထိန်းသိမ်းထားလိုက်ပါတယ်။နောက်နေ့မှ စာရွက်စာတမ်းပြပြီး ပစ္စည်းလာထုတ်ပေါ့။ ဒီတော့ နောက်နေ့ရဲစခန်းမှာ အာဂျွန်သွားယူတော့သူပေးလိုက်တဲ့ ငွေ သိန်း ၂၀ အစား ၅ သိန်းပဲ ပြန်ရပါတော့တယ်။ ဒီတော့ ဒီငွေသာမရှိတော့ရင် ညီမလေးရဲ့ မင်္ဂလာပွဲပျက်မယ့်အရေးမို့အာဂျွန်ခမျာ အရူးမီးဝိုင်းဖြစ်တော့တာပေါ့။ ဒီတော့ ငွေတွေကရော ဘယ်ကိုရောက်သွားတာလဲ။ အာဂျွန်ထင်သလိုပဲ ရဲတွေက ကြားကနေတစ်ပတ်ရိုက်ပြီး အစဖျောက်ယူသွားတာလား။အခြေအနေက ...
movie

Valiyor Silar (2021)

2021
Blacklight 2022
Blacklight 2022 မင်းသားကြီး လီယံနယ်ဆန်ရဲ့ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။ အိုဘီဝမ်ကီနိုဘီနဲ့ဘတ်မန်းရဲ့ဆရာ့ မိသားစုကို ပြဿနာရှာရဲတဲ့လူမိုက်တွေ ထပ်ပေါ်လာပြန်ပါပြီ။ ဒီရုပ်ရှင်မှာတော့ ဗီယက်နမ်စစ်ပြန်ကြီး ထရက်ဗစ် ဘလော့ခ်ပေါ့။ အက်ဖ်ဘီအိုင်မှာ စာရင်းမဝင်တဲ့ မှောင်ခိုစစ်ဆင်ရေးတွေကို လုပ်ပေးနေတဲ့သူပါပဲ။ အက်ဖ်ဘီအိုင်ရဲ့ အကြာကြီး အသွင်ယူနေရတဲ့ အေးဂျင့်တွေကို ကူညီဖို့ ကယ်ထုတ်ဖို့ တာဝန်တွေကိုယူထားရတဲ့သူပါ။ တစ်နေ့မှာတော့ အသွင်ယူအက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက်က သတင်းထောက်တစ်ယောက်ကို အရေးကြီးသတင်းကြီးတစ်ခု ဖွင့်ချမယ်ဆိုပြီး ဆက်သွယ်လာတယ်။ အဲဒီအေးဂျင့်ကို အထက်က လိုက်ဖမ်းခိုင်းတော့ ထရက်ဗစ်ကလိုက်ဖမ်းရင်း အမည်မသိလူတွေရဲ့လက်ချက်နဲ့ အေးဂျင့်အသတ်ခံလိုက်ရပါတော့တယ်။ သူမသေခင်မှာ သတင်းထောက်မလေးနဲ့ ထရက်ဗစ်ကို ပြောသွားတဲ့ လျို့ဝှက်ချက်တစွန်းတစကြောင့် အက်ဖ်ဘီအိုင်ရဲ့ ညွှန်ချုပ်နဲ့ ရန်သူဖြစ်လာတဲ့အခါ....File size…(1.4 GB)/(650 Mb)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson 
movie

Blacklight 2022

The Pirates: The Last Royal Treasure (2022) 8.6
The Pirates: The Last Royal Treasure (2022) The Pirates: The Last Royal Treasure (2022) ဇာတ်လမ်းအညွှန်း****************************************************ကဲ...အားလုံးမျှော်နေကြတဲ့ ပင်လယ်ဓားပြကားလေးကို CM ကနေ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီနော်။cast တွေအနေနဲ့ Kang Ha Neul,Han Hyo Joo, Lee Kwang Soo, EXO's Sehun, Chae Soo Bin, Kwon Sang Woo ... စတဲ့ နာမည်ကြီးမင်းသား၊မင်းသမီးတွေ ပါဝင်ထားတာမို့ စောင့်ကြည့်ဖို့ထိုက်တန်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။ဒီကားလေးက The Pirates:The Bandit Who Went To The Sea (2014) ရဲ့ အဆက်ဖြစ်ပေမယ့်လည်း plot ရော cast တွေရော မတူညီကြတာမို့ အရှေ့ကားမကြည့်ရသေးတဲ့သူတွေလည်း ဒီကားလေးကို တန်းကြည့်လို့ရပါတယ်နော်။ ဇာတ်လမ်းအကြောင်းအရာလေးကတော့ သဲလွန်စမရှိဘဲ ပျောက်ဆုံးသွားတဲ့ ဂိုလျောတော်ဝင်မိသားစုရဲ့ ရတနာတွေကို ...
movie

The Pirates: The Last Royal Treasure (2022)

2022
The Pirates (2014) 6.6
The Pirates (2014) IMDb Rating (6.6)ဒီဇာတ်ကားက ဂိုယိုမင်းဆက် နှင့် ဂျိုဆွန်းမင်းဆက် ကူးပြောင်းချိန်ကာလလေးကို အခြေခံရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၃၈၈ ခုနှစ် စစ်သူကြီးရီဆွန်းဂျဲတို့ တရုတ်ကိုစစ်တိုက်ဖို့ဝီဟာကျွန်းထိစစ်ချီလာခဲ့တယ် ဒါပေမယ့်အခြေအနေအကြောင်းအမျိုးမျိုးကြောင့်စစ်သူကြီးရီဆွန်းဂျဲက  တရုတ်ကိုမတိုက်တော့ဘဲ တရုတ်သြဇာခံပြီးဘုရင်ကိုပြန်ပုန်ကန်ဖို့နဲ့ ဂိုယိုမင်းဆက်ကို ဖြုတ်ချဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်..ဒီဆုံးဖြတ်ချက်ကြောင့် စစ်သူကြီးတွေ အချင်းချင်း သဘောမတိုက်ဆိုင်လို့ စကားများရန်ဖြစ်ပြီးသတ်ဖြတ်ကာ ကွဲကုန်ပါတယ်စစ်သူကြီးအများစုက ဘုရင်ကိုပုန်ကန်ဖို့ဆုံးဖြတ်ကြတာကြောင့်ဘုရင်ကိုမပုန်ကန်ချင်တဲ့စစ်သူကြီးကတော့ တောပုန်းဓားပြဖြစ်သွားရရှာပါတယ်။မင်းသမီးကတော့ ဘယ်ဘုရင်ရဲ့သြဇာခံမှ မဟုတ်တဲ့ပင်လယ်ဓားပြတွေအဖွဲ့ပေါ့။The Classic 2003 ဇာတ်ကားထဲက မင်းသမီးဆွန်ရင်ဂျီကို ဒီလိုမျိုး ကြမ်းကြမ်းတမ်းတမ်း Action ကားရိုက်နိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူးဗျ..တကယ်ကို ကောင်းလွန်းလို့ ဒီကားနဲ့ အကောင်းဆုံးမင်းသမီးဆုကို ဆွတ်ခူးသွားနိုင်ခဲ့တယ်...ရီဆွန်းဂျဲက ဘုရင်ကိုဖြုတ်ချပြီး တရုတ်သြဇာခံဆိုတော့ တရုတ်က တိုင်းပြည်သစ်ကို ဂျိုဆွန်း ဆိုတဲ့နာမည်ရယ်အသုံးပြုဖို့ တော်ဝင်တံဆိပ်တုံးလည်းပေးလိုက်ပါတယ်...အပျိုတော် ၅၀၀ နှစ်စဉ်ဆက်သဖို့လဲ မောက်မာလိုက်ပါသေးတယ်..တော်ဝင်တံဆိပ်တုံးကို သင်္ဘောနဲ့ပြန်သယ်အလာ လမ်းခုလတ်မှာ ဝေလငါးလေးတွေ့တော့ပစ်ဖမ်းရင်းဝေလငါးအမေကြီးလက်ချက်နဲ့သင်္ဘောပျက်သွားပြီး ဝေလငါးကျောကုန်းမှာလည်းအလံပါတဲ့ ရွက်တိုင်စိုက်ပါသွားသလို တံဆိပ်တုံးကိုလည်းဝေလငါးက မြိုသွားပါတယ်....တော်ဝင်တံဆိပ်တုံးပြန်ရဖို့အတွက် ဘုရင်တပ်ဖွဲ့တွေရယ် ပင်လယ်ဓားပြအဖွဲ့ရယ် တောပုန်းဓားပြအဖွဲ့တွေရယ်ဝေလငါးလိုက်ရှာရင်း ...
movie

The Pirates (2014)

L.O.R.D: Legend of Ravaging Dynasties 2 (2020) 5.0
L.O.R.D: Legend of Ravaging Dynasties 2 (2020) L.O.R.D ပရိသတ်ကြီးရေ .... အပိုင်း(၂) လေး အခက်အခဲများစွာနဲ့ ထွက်လာပါပြီ ။ အမျိုးမျိုးသော အကြောင်းပြချက်တွေကြောင့် ဇွန်လ ထွက်မယ်လို့ကြေငြာပြီးမှ ဒီဇင်ဘာ ၄ ရက်နေ့မှ အွန်လိုင်းကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ် ။အပိုင်း (၁) ကိုမကြည့်ရသေးသူအဖို့ (၁) ကိုအရင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်နော် ။ မကြည့်ချင်လည်းရပေမယ့် ဇာတ်လမ်းအချိတ်အဆက်ပိုမိတာပေါ့.... အခုမှအသစ်ကြည့်တဲ့ ပရိသတ်တွေကတော့ လုံးဝကိုမှင်သက်သွားစေပါလိမ့်မယ် ။ မိနစ်အပိုင်းလေးတင်မှာပင် ဇာတ်လမ်းရဲ့ဆွဲဆောင်မှုကို သင်ခံလိုက်ရပါပြီ ။ အတည်ပြောတာနော်။ဇာတ်လမ်းအကျဉ်းနည်းနည်းပြောမယ်နော် ။အခု အပိုင်း (၂) မှာ မင်းသား ရင်းချန် ရဲ့ဆရာ ကျီအယ်ကျားမေရှီ ကိုကယ်တင်တဲ့အပိုင်းလေးပါ ။ ၅၂၈ /၁၅၀၀ ချစ်ခြင်းမေတ္တာတရားကို သေချာလေးဖော်ကျူးပေးထားပါတယ်။ သူတို့ကယ်တင်ချင်တဲ့ ဆရာကို ဇာတ်လမ်းပြီးတဲ့ထိ မပြဘူးဆိုတော့ အပိုင်း (၃) လာဉီးမယ့်သဘောပါ ။တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဆိုသလိုပဲ သူတို့တိုက်ခိုက်နေတဲ့ ရန်သူကရော ...တကယ့်အစစ်အမှန်ရန်သူဖြစ်ရဲ့လား ဒါမှမဟုတ် မိတ်ဆွေဆိုတာက... ...
movie

L.O.R.D: Legend of Ravaging Dynasties 2 (2020)

L.O.R.D: Legend of Ravaging Dynasties (2016) 5.1
L.O.R.D: Legend of Ravaging Dynasties (2016) ၂၀၁၆ ကထွက်ထားပြီး လူနဲ့ကာတွန်း Animation ရောစပ်ရိုက်ကူးထားတဲ့ ကားလေးတင်ပေးမယ်နော်။ နာမည်က L.O.R.D ပါ ။ ပါဝင်ထားတဲ့ နာမည်ကြီးတွေကို တစ်ချက် Show လိုက်ဉီး... Kris Wu , Fan BingBing, William Chan, Yang Mi, TF boys band (အကုန်လုံးကိုကြွေဆင်းနေကြတာမလား) ... ရုပ်ရှင်ထဲမှာကြည့်လိုက် ကြည့်ကောင်းနေမှုကြီးဆိုတာ...။ဇာတ်လမ်းလေးကတော့ စိတ်ကူးယဉ်နယ်မြေတစ်ခုဖြစ်တဲ့ ယာစီးလန် နယ်မြေမှာ အုပ်ချုပ်သူတွေကို အဆင့်အလိုက်ခွဲခြားထားပြီး အဆင့်(၁) ကနေ (၇)အထိ ရှိပါသတဲ့ ။ အုပ်ချုပ်သူတစ်ယောက်စီမှာလည်း သူတို့ရဲ့နေရာဆက်ခံသူ တစ်ယောက်စီရှိပါတယ် ။ အားလုံးကိုထိန်းချုပ်ထားတာကတော့ ပိုင်ရင်းဘုန်းတော်ကြီးသုံးပါးပေါ့ ...ဇာတ်လမ်းကျောရိုးက နှစ်ပိုင်းသွားပါတယ်၊ ပထမအပိုင်းကတော့ အဆင့်(၇)အုပ်ချုပ်သူဖြစ်တဲ့ Kris Wu က သူ့ရဲ့ဆက်ခံသူတပည့်ကို ရှာဖွေခန်း နဲ့ ယာစီးလန်နယ်မြေရဲ့ ပုန်ကန်သူလို့ အမည်တပ်ထားတဲ့ အဆင့်(၅)အုပ်ချုပ်သူနဲ့သူ့ရဲ့တပည့်ကို ...
movie

L.O.R.D: Legend of Ravaging Dynasties (2016)

Tiger Cage II (1990) 7.0
Tiger Cage II (1990) ဒီဇာတ်ကားကတော့ တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ ဟောင်ကောင်ဂျက်မဇာတ်ကား In The Line of Duty ဇာတ်ကားတွေလိုပါပဲ...လူဆိုးဂိုဏ်းတွေနဲ့ ဟောင်ကောင်စုံထောက်ရဲတွေကြားက စွန့်စားခန်းတွေကို ရိုက်ကူးထားတဲ့ Tiger Cage ရဲ့အဆက် Tiger Cage 2 ဖြစ်ပါတယ်...မင်းသား Donnie Yen ကို ငယ်ငယ်က ဂျစ်ကန်ကန်ပုံနဲ့မြင်ရမှာပါ။မင်းသမီး Rosamund Kwan ကတော့ ချစ်စရာကောင်းလွန်းလို့ မှတ်မိနေမှာပါ...အဲ့ဒီခေတ်အခါက ဂျက်လီ ဂျက်ကီချန်း စတီဖင်ချောင်တို့လို တကယ့်ဒိတ်ဒိတ်ကြဲတွေနဲ့ ဇာတ်ကားတွေရိုက်ခဲ့ဖူးပါတယ်။ဟောင်ကောင်ဂျက်မ Cynthia Khan တို့ David Wu တို့လဲပါဝင်ထားပါတယ်။IMDb Rating(7.0) ထိ ရရှိထားပြီး အချစ်အကြမ်းစွန့်စားခန်းတွေနဲ့ ရီလဲရီရတာမို့ Action ပရိတ်သတ်တွေ လက်လွတ်မခံသင့်ပါဘူး။ဟောင်ကောင်ဂျက်မဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=in+the+line+of+duty  ကြည့်လို့ရပါတယ်။ File size…(3 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie

Tiger Cage II (1990)

Silmido (2003) 7.1
Silmido (2003) Silmido (2003)ရှီမီဒို ​ခေါ် ရှီမီကျွန်းဟာ ​တောင်ကိုရီးယားနိုင်ငံ၏ အ​နောက်ဘက်ကမ်းရိုးတန်း၊ အင်ချွန်းမြို့နယ်နိမိတ်ထဲမှာရှိတဲ့ လူသူ​နေထိုင်ခြင်း မရှိတဲ့ ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လူမ​နေတဲ့ ကျွန်းမှာပဲ ​တောင်ကိုရီးယားနိုင်ငံ​​ရေးသမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု အ​ခြေတည်ခဲ့ဖူးပါတယ်။အချိန်က ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ပါ။ ​မြောက်ပိုင်း​ခေါင်း​ဆောင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​​​​ရေးဆိုပြီး ​တောင်ကိုရီးယားသမ္မတ Park Chung Hee ကို လုပ်ကြံဖို့ အမှတ် ၁၂၄ တပ်ဖွဲ့ကို ​စေလွှတ်ခဲ့​ပေမယ့် ကျရှုံးခဲ့ပါတယ်။ တစ်ဖန် ​တောင်ကိုရီးယားဘက်က တုံ့ပြန်မှုကလည်း ငိုအားထက် ရယ်အားသန်​ပေ။ ​ အမိကိုရီးယားနိုင်ငံ ​ပေါင်းစည်း​​ရေး၊ ၂ နိုင်ငံငြိမ်းချမ်း​ရေးအတွက်ဟု ဆိုကာ ​မြောက်ပိုင်း​ခေါင်း​ဆောင် Kim Il Sungကို လုပ်ကြံဖို့ ပြန်ပြင်ဆင်​စေသည်။လုပ်ကြံရမည့်အဖွဲ့မှာ အမှတ်၆၈၄ အထူးတပ်ဖွဲ့ဟု​ခေါ်သည်။ တပ်ဖွဲ့သည် နှယ်နှယ်ရရမဟုတ်၊ ​ သေဒဏ်ကျခံထားရသည့် အကျဉ်းသား ၃၁​ ယောက်ကို တပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့စစ်​ရေး​လေ့ကျင့်ရာငရဲခန်းကတော့ ရှီမီကျွန်း ...
movie

Silmido (2003)

2003
The Legendary Tazza’s Tap (2022) 4.5
The Legendary Tazza’s Tap (2022) The Legendary Tazza's Tap (2022)ဖဲဝိဇ္ဇာတွေအများကြီးထဲမှာ ၂၀၂၂ ခုနှစ်ထွက်ရုပ်ရှင်မှာတော့ မင်းသားကြီးအိုဂျီဟိုလည်းပါဝင်လာပါပြီ အွန်လိုင်းဂိမ်းကနေပဲ လောင်းကစားလုပ်တဲ့ အီထက်ဒုံးဟာ ညီအစ်ကိုလိုခင်တဲ့ ဂယောင်းဂျို ရှုံးသွားတဲ့ ပိုက်ဆံတွေကိုလိုက်ပေးဖို့ ကိုယ်တိုင် ဝင်ပါရာမှ တကယ့်ဖဲလောကရဲ့ လှည့်ဖြားမှုတွေကို သိသွားလိုက်ရပါတော့တယ်ပိုက်ဆံတွေပြန်ရဖို့ကို ဘယ်လိုတွေလိုက်လဲ ဘယ်လိုတွေ အချီကြီးတွေဆော့လဲ ဘာတွေရင်းလိုက်ရလဲ ဘယ်လိုတွေဉာဏ်ဆင်ပြီး ရအောင်လိုက်သလဲဖဲဝိဇ္ဇာဆိုတဲ့အတိုင်း ကတ်တွေကို ပါးပါးနပ်နပ်နဲ့ဆော့သွားတာကို ကြည့်ရမှာဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ "ဘာဒုဂီ" လို့ခေါ်တဲ့ ပိုကာဂိမ်းကို အဓိကထားပြီးဆော့သွားမှာပါဖဲဝိဇ္ဇာတွေရဲ့ ဉာဏ်သုံးပုံတွေကို ဒီရုပ်ရှင်လေးမှာ အတူကြည့်ပေးကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Genre.....Crime, Action Quality….WEB-DL 1080p and 720p and 360p File size…1.7GB and 703MB and 273 MB Format…mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August
movie

The Legendary Tazza’s Tap (2022)

2022
A Man Called Hero ( 2022 ) 5.5
A Man Called Hero ( 2022 ) a man called hero 2022 ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒါက ဟောင်ကောင် ကာတွန်းကို သရုင်ဖော် ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ ယင်းရှုံဆိုသူရဲ့ အတ္ထုပတ္တိဆို ပိုမှန်မှာပေါ့လေ... ယင်းရှုံဆိုသူက သိုင်းပညာမှာ ပါရမီထူးပါပြီး နာမည်နဲ့လိုက်အောင် အားလုံးရဲ့ သူရဲကောင်းဖြစ်ဖို့အတွက် သိုင်းပညာကို ကြိုးစားသင်ယူနေသူတစ်ယောက်ပေါ့....ဒါပေမယ့် သူမေ့နေတာက သူရဲကောင်းဆိုတာ အထီးကျန်မှုနဲ့ ပေးဆပ်မှုတွေကို မလွဲဧကန်ကြုံရမယ့်ကံပါလာတယ်ဆိုတာပါပဲ.... သူ့မိဘနဲ့ ဆရာကို တစ်ချိန်တည်းဆုံးရှုံးခဲ့ရချိန် သူကြောက်ခဲ့တယ် တွေဝေခဲ့တယ် ရင်ဆိုင်ဖို့ကြိုးစားခဲ့တယ်....ဒါပေမယ့် ရှေ့ရေးအတွက် ရေရှည်အစီစဉ် အကောင်အထည်ဖော်နိုင်ဖို့အတွက် သူနဲ့ သူ့ဇနီး ထိုင်းဖက်ကို ထွက်ပြေးခဲ့ရတယ်... တိုင်းတစ်ပါးကို ထွက်ပြေးသွားတဲ့ သူရဲကောင်းက သူရဲကောင်းမြည်သေးလား.. သူရဲကောင်းဆိုတာ တကယ် အထီးကျန်မှုတွေ ပေးဆပ်မှုတွေနဲ့ပဲ ရင်ဆိုင်နေရမှာလား...အဆုံးသတ်မှာ ရေရှည်အစီစဉ်ကို အကောင်ထည်ဖော်ဖို့ တကယ်ပဲ ပြည်ကိုပြန်လာပြီးတာဝန်ထမ်းဆောင်မှာလား.... အဖြေလေးကိုတော့ ဇာတ်လမ်းလေးကြည့်ပြီး မှန်းထားတာနဲ့တူမတူတိုက်လိုက်နော်.... Quality : WEB-DL 1080p , 480p Format : mp4 Duration : 1h 25 min Genres : Action Subtitle : Myanmar Subtitle ( Hardsub ) Translated by Chu ...
movie

A Man Called Hero ( 2022 )

Dark World (2021) 6.0
Dark World (2021)  ဖဲလ် အဖြစ် Sammy Cowell အိုင်းရင်း အဖြစ် Due Arisara လန် အဖြစ် Namwan Raknapak ဖာယူ အဖြစ် Toomtam Yuttana လီအို အဖြစ် New Chaiyapolဇာတ်လမ်းအကျဉ်းတတိယကမ္ဘာစစ်အပြီး ကမ္ဘာတစ်ဝန်းမှာ နိုင်သူရှုံးသူရယ်မရှိပဲ စစ်ပွဲရဲ့အကြွင်းအကျန် လူတစ်စုပဲကျန်ခဲ့တဲ့အချိန်ကိုရောက်လာခဲ့တယ်နည်းပညာခေတ်ထက် လျင်သူစား သန်မာသူအနိုင်ရပြီး အားနည်းသူက သားကောင်ဖြစ်ရတဲ့ အမှောင်ခေတ်ကို ပြန်ရောက်လာခဲ့တယ်ဘယ်အသိုင်းအဝိုင်းမှာမဆို အုပ်ချုပ်သူရှိနေသလို အမှောင်ခေတ်ရဲ့အုပ်ချုပ်သူ ဘော့စ်ရှိနေပေမယ့် မျက်နှာမမြင်ဖူးခဲ့ကြပါဘူးရိုးရာဓလေ့ကစားပွဲတစ်ခုကို နှစ်စဉ်ကျင်းပပြီး အနိုင်ရသူက ဆုကြေးငွေတွေအပြင်ဘော့စ်နဲ့ပါတွေ့ခွင့်ရမှာပေါ့ကစားပွဲက ကလေးတွေကစားတဲ့ ရိုးရာကစားနည်းတွေကို ဆန်းသစ်ထားတာဖြစ်ပြီး ရှုံးတဲ့သူကသေမှာပါဒီကစားပွဲနဲ့ညစ်နွမ်းတဲ့အသိုင်းအဝိုင်းကိုဖယ်ချဖို့ ဘော့စ်ကိုဖယ်ရှားချင်နေတဲ့ ဖဲလ်...အကြောင်းအရင်းတစ်ခုကြောင့် ဖဲလ်ကိုကာကွယ်ပေးချင်နေတဲ့ လန်...ငယ်စဉ်ကအရောင်းစားခံရပြီး နှိပ်စက်ခံရလို့ မိန်းမပျက်တစ်ယောက်လိုနေလာတဲ့ အိုင်းရင်း...သူတို့သုံးယောက် ဒီကစားပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လာချိန်မှာ အနိုင်ရရှိသူက ဘယ်သူဖြစ်မလဲ ဘော့စ်ကရော ဘယ်သူလဲ လျင်သူစားစတမ်းဖြစ်နေတဲ့ လောကမှာ ဓမ္မက အဓမ္မကိုနိုင်နိုင်မှာလားဆိုတာဒီဇာတ်လမ်းမှာ ဆက်ကြည့်ရှုရအောင်ပါ ။File Size__(1.9GB) / (1GB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:44:00 Type__Adult, Action Subtitle__Myanmar ...
movie

Dark World (2021)