Channel Myanmar
Action
Gunpowder Milkshake (2021) 5.2
Gunpowder Milkshake (2021) Gunpowder Milkshake (2021)ဒီကားကတော့ ဂျွန်ဝစ် မိန်းမ ဗားရှင်းပဲ ပြောရမှာပါပဲ။ဂိမ်းအော့သရုန်းရဲ့ မင်းသမီးကြီးနဲ့ မစ်ချဲယိုတို့ပါဝင်ထားပြီး အဓိက မင်းသမီးကတော့ မာဗယ်ရဲ့ နီဗြူလာလေး ဖြစ်တဲ့ ကာရမ်ဂယ်လန် ပါပဲ။ ဒီထဲမှာတော့ ဆမ် လို့ ခေါ်တဲ့ လူသတ်သမားလေးပေါ့။ သူ့အမေက လူဆိုးဂိုဏ်းနဲ့ ပြဿနာဖြစ်ပြီး ခြေရာဖျောက်နေတဲ့ လူသတ်သမားမကြီးပါ။ တစ်နေ့တော့ သူ့အလုပ်ကနေ ကလေးမလေးတစ်ယောက်ထဲ ကျန်နေတာကို သနားလို့ ကယ်လာတယ်။ လူဆိုးခေါင်းဆောင်ရဲ့ သားကိုလည်း သတ်မိတယ်၊ဒီတော့ အုပ်လိုက်ကြီးနောက်ကလိုက်သတ်တယ်၊ သူ့အမေနဲ့ပေါင်းပြီး ပြန်သမတယ်ပေါ့...အက်ရှင်ကြမ်းကြမ်းကောင်းကောင်းလေးပါပဲ..... ကြိုက်ကြမှာပါ...အညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။IMDb - 5.2/10File size....2 GB, 996 MB and 713 MB Quality….WEB-DL 1080p, 720p and 480 p Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie
Gunpowder Milkshake (2021)
2021
Collar Bomb (2021) 6.2
Collar Bomb (2021) IMDb Rating (6.2)Disney+Hotstar က ထုတ်လွှင့်ထားတဲ့ Action , Thriller Bollywood ဇာတ်ကားကောင်းလေးကို တင်ဆက်လိုက်ပါတယ်....ဇာတ်လမ်းကတော့ ကြမ်းပါတယ်...အသေခံဗုံးခွဲသမားတစ်ယောက်က ဗုံးတွေအပြည့်ဝတ်ဆင်ပြီး ကျောင်းဆောင်ထဲဝင်လာပါတယ်...ကျောင်းထဲက ကလေးတွေရဲ့ အသက်ကို သူက အလဲအလှယ်လုပ်မှာပါ....ကလေးတွေ အသက်ရှင်ချင်ရင် ကလေးမိဘတွေက ကိုယ့်ဖာသာ အသေခံရမှာပါ...အပေးအယူကြမ်းတဲ့ ဇာတ်ကြောင်းနောက်ကွယ်မှာလဲ လျှို့ဝှက်ချက်တွေက ရှိနေပါသေးတယ်...အသက်ရှင်ဖို့ အလျော်အစားကြမ်းနေတဲ့ ၂၀၂၁ ကာလကြီးနဲ့ ကိုက်ညီမယ့် ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုပါတယ်..။ File size…(1.7 GB) and (1.1 GB) Quality…WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:27:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Thuya
movie
Collar Bomb (2021)
Black Widow(2021) 7.5
Black Widow(2021) Black Widow(2021)အညွှန်း************************IMDb...7.5(HEVC.1080P.5.1CHရပါပြီနော်...)ဘလက်ဝစ်ဒိုးအဖြစ် စကားလက် ဂျိုဟန်ဆန်နောက်ဆုံးသရုပ်ဆောင်တဲ့ ရုပ်ရှင်ကြီး ရပါပြီ။ဒီဇာတ်လမ်းကိုတော့ Civil War အပြီး ကာလမှာ တည်ဆောက်ထားတာပါ။ဆိုကိုဗီယားသဘောတူညီချက်ကို ချိုးဖောက်လို့ အဗန်ဂျာတွေ ပြိုကွဲပီးလိုက်ဖမ်းခံနေရပါတယ်။ကပ် နဲ့ နာတာရှာကတာ့ ဝရမ်းပြေးတွေပေါ့။ အဲဒီအချိန်မတိုင်ခင် Age of Ultron ရုပ်ရှင်မှာတုန်းက နာတာရှာရဲ့အတိတ်ကို ဖြတ်ခနဲ မြင်လိုက်ရသေးတယ်မဟုတ်လား။ လူသတ်သမား သူလျှိုတွေကို လေ့ကျင့်ပေးတဲ့ခန်းဆောင်နီဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ အခုရုပ်ရှင်မှာတော့ အဲဒီခန်းဆောင်နီနဲ့ ပတ်သက်တဲ့အတိတ်တွေကနောက်က လိုက်လာပြီး သူ့လိုပဲ ဝစ်ဒိုးတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မှာပါ။နောက်ပြီးတော့ ဘလက်ဝစ်ဒိုး အသစ်ဖြစ်လာမယ့်သူလည်း ပါသလို နောင်လာမယ့်ရုပ်ရှင်တွေနဲ့ ဆက်စပ်လို့ရမှာတွေကို ပြသွားပါတယ်။ ထုံးစံအတိုင်း စာတန်းထိုးပြီးရင် အပိုပါတဲ့တစ်ခန်းကိုကြည့်ဖို့တော့ မမေ့နဲ့ပေါ့ဗျာ....  File Size : (2.1 GB) ...
movie
Black Widow(2021)
HEVC 1080p 5.1
How I Became a Superhero (2021) 5.9
How I Became a Superhero (2021) How I became a Superhero (2021)ခုတင်ဆက်ပေးမှာကတော့ IMDb rating 5.9 ရရှိထားတဲ့ 2020 ထွက်စွမ်းအားရှင် ဇာတ်ကားလေးဖြစ်ပါတယ်"ကြီးလာရင် လူစွမ်းကောင်းကြီး လုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်မယ်"ဆိုတဲ့ ငယ်ဘဝစကားလေးကိုတော့ လူတိုင်း မှတ်မိကြမယ် ထင်ပါရဲ့။ ဒါပေမဲ့လည်း တကယ်တမ်းကျ Superhero ဖြစ်ရတဲ့ဘဝဟာ ခက်ခဲနက်နဲတဲ့ မစ်ရှင်တစ်ခုကို ထမ်းဆောင်နေရသလိုပါပဲ။ ကြမ်းတမ်းတယ် ..... ပင်ပန်းတယ် ..... ခက်ခဲလှပါတယ် .....ဒီဇာတ်လမ်းမှာတော့ စွမ်းအားရှင်တွေနဲ့အတူ သာမန်လူတွေက အတူတကွ ယှဉ်တွဲနေထိုင်ကြပါတယ်အချိန်ကြာလာတာနဲ့အမျှ သာမန်လူတွေဟာ စွမ်းအားရှင်တွေလိုမျိုး အစွမ်းတွေ ပိုင်ဆိုင်လာချင်ကြပါတယ် ဒီလိုနဲ့ သူတို့က အစွမ်းရဖို့အတွက် ဆေးတွေသုံးစွဲကြရင်း ပဲရစ်လူအဖွဲ့အစည်းအတွင်းမှာ ဘယ်လိုထိခိုက်မှုတွေရှိလာမလဲ....ရဲအရာရှိဖြစ်တဲ့ မင်းသားမော်ရိုးဟာ ဒီအမှုအတွက် လိုက်လံစုံစမ်းဖို့ တာဝန်ကျလာတဲ့အခါ....မော်ရိုးရော ဒီအမှုကိုဖြေရှင်းနိုင်ပါ့မလား? သူရဲ့နောက်ကြောင်းကကော ဘယ်လိုဖြစ်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ကြပါဦးနော်The Boys တို့ Jupiter Legacy'sတို့ ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲနော်အညွှန်းကို Shwe Pyae က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Shwe Pyae နဲ့ ...
movie
How I Became a Superhero (2021)
2021
State of Siege: Temple Attack(2021) 9.3
State of Siege: Temple Attack(2021) State of Siege: Temple Attack (2021) မြန်မာစာတန်းထိုးအိန္ဒိယရုပ်ရှင်အထွက်ကြဲနေချိန်မှာ Akshaye Khanna ရဲ့ ဖြစ်ရပ်မှန်အခြေခံအကြမ်းဖက်နှိမ်နင်းရေးရုပ်ရှင်လေးတွေ့တာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။မေဂျာဟာနွတ်ဆင်းဟ်ဦးဆောင်ပြီး ကက်ရှ်မီးယားတနေရာကို စစ်ဆင်ရေးသွားကြတဲ့ NSG (National Security Guard) ကွန်မန်ဒိုတပ်ဖွဲ့ဟာ စစ်ဆင်ရေးမှာ တလွဲတချော်ဖြစ်ပြီး အကြမ်းဖက်ခေါင်းဆောင်တစ်ယောက်ကို ဖမ်းမိခဲ့ပေမယ့် ဟာနွတ်နဲ့ညီအကိုလိုနေတဲ့ ကပ္ပတိန်ဘီဘာ့ခ်တစ်ယောက် ကျသွားပါတယ်။ဒီဖြစ်ရပ်နောက်ပိုင်း နောင်တတွေရပြီး တစ်ချိန်လုံး သူ့ကိုယ်သူ အပြစ်တင်နေတဲ့ မေဂျာဟာနွတ်တစ်ယောက် ပြည်နယ်ဝန်ကြီးရဲ့ အစည်းအဝေးတစ်ခုကို လုံခြုံရေးယူပေးဖို့ အထက်ကတာဝန်နဲ့ သွားရင်း ကပ္ပတိန်ဘီဘာ့ခ်ရဲ့အသက်ကို နှုတ်ယူခဲ့တဲ့ အကြမ်းဖက်သမားအဖွဲ့နဲ့ တဖန်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားပြီး အပစ်အခတ် အသတ်အပုတ်တွေများများပါတဲ့ အက်ရှင်ကားမို့ ဇာတ်လမ်းအကြောင်းအရာကို ဒီလောက်ပဲ ပြောပြလို့ ရပါတယ်။သူတို့နိုင်ငံပရိတ်သတ်တွေကိုယ်တိုင်က ကြည့်ရတာတန်တယ်လို့ ရီဗျူးပေးကြတာမို့ အချိန်ပေးရကျိုး နပ်မှာ သေချာပါတယ်။ Translated and Reviewed by : Myint ThuEncoded by : YKQuality : 1080p WEBDL and 720pFile Size : 1.83GB and 1GBDuration :1h 50mins
movie
State of Siege: Temple Attack(2021)
2021
Check(2021) 7.0
Check(2021) Check(2021) အညွှန်း******************IMDb...7.0၂၀၀၄ခုနှစ် ဒီဇင်ဘာလမှာ ဗုံးပေါက်ကွဲမှုကြောင့်  လူအယောက် (၄၀) အသက်ဆုံးရှုံးခဲ့ရတယ်...ဒီသေဆုံးမှုကြောင့် အိန္ဒိယ တစ်နိုင်ငံလုံးဒေါသတွေထွက်ကြတယ်.အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု (၂)အကြာလုပ်အပြီးမှာ တရားခံ(၄)ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပြီး  သေမိန့်ပေးခဲ့တယ်...ဒီထဲမှာ သံသယရှိသူအဖြစ်ထပ်မံဖမ်းဆီးခံရတာကတော့ အဒိတျဆိုတဲ့သူတစ်ယောက်ပါ...သူကတော့ လုံးဝအပြစ်ကင်းတယ်လို့ အကြိမ်တိုင်းပြောနေသလိုဒီအတွက်အယူခံဝင်ဖို့လည်း ကြိုးစားနေပါတယ်...ခက်တာက သူ့ကိုဘယ်သူမှရှေ့နေလိုက်မပေးချင်ကြသလို လိုက်တဲ့ရှေ့နေတွေကလည်းရှုံးလည်း ဘာမဖြစ်ဘူးလို့ခံယူထားကြတော့သူ့အတွက်အတော်ဒုက္ခရောက်နေပါတယ်..ဒီကြားထဲသူဟာ တရားခံ(၄)ယောက်ရဲ့ နောက်ဆုံးထောင်ထားတဲ့ဗုံးတည်နေရာတွေအတွက်ဖော်ကောင်လုပ်လိုက်လို့ ထောင်ထဲမှာ အချိန်မရွေး အသက်ပျောက်နိုင်တဲ့အနေအထားဖြစ်နေပါတယ်....ဒီ အိန္ဒိယကားက ဇာတ်လမ်းစထဲက စိတ်ဝင်စားစရာကောင်းပါတယ်...လှည့်ကွက် မြှုတ်ကွက်ပေါင်းများစွာပါသလိုအပိုကြီးတွေသိပ်မလုပ်တဲ့ထူးခြားဇာတ်လမ်းလို့တောင်ပြောလို့ရပါတယ်...ပိုစိတ်ဝင်စားဖို့ကောင်းတာက ထောင်ထဲကစစ်တုရင်ပွဲတွေပါပဲ....ဘယ်သူမှာ သူ့ဘက်မှာမရှိတဲ့ ထောင်ထဲက သူဘယ်လိုထွက်မလဲ...သူကိုယ်တိုင်ကရော တကယ်အပြစ်ကင်းရဲ့လား...သူ့အသက်အန္တရယ်ကိုရော ကာကွယ်နိုင်ပါ့မလား...တစ်ကောင်ကြွက်ဘဝနဲ့ ကလေးဘဝထဲက ခြေဉီးတည့်ရာလျှောက်သွားနေတဲ့ ဒီကောင်လေးမှာရောဘယ်လိုအရည်အချင်းတွေရှိမလဲ...နင်းကန်ကောင်းတယ်လို့ ညွှန်းချင်တယ်...ကြည့်ရကြိုးလုံးဝနပ်စေရမယ်.... File Size : (2.2GB) and (1.1GB) Quality : WEB-DL 1080P,720p Format…mp4 Duration…02:20:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet  ...
movie
Check(2021)
Night Walk (2019) 5.8
Night Walk (2019) Night Walk (2019)===============IMDb Rating - 5.8/10Night Walk(2021)ဥပဒေဆိုတာ ဘာလဲ??? ကျွန်တော်တို့ဟာ နိုင်ငံသားတစ်ယောက်အနေနဲ့ ဥပဒေတွေကိုလိုက်နာပြီးနေထိုင်ကြရပါတယ် ဒါပေမယ့် ဒီဥပဒေတွေဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ တသတ်မတ်တည်း ရှိတာမျိုးတွေမဟုတ်ဘူးဗျ ဥပဒေကို အမှန်တရားလို့သတ်မှတ်လို့ရပေမယ့် အမှန်တရားတိုင်းကတော့ ဥပဒေမဖြစ်နေခဲ့ဘူးဒီဇာတ်ကားထဲက တရားသူကြီးကတော့ပြောတယ် စည်းမျဉ်းဥပဒေဆိုတာ ဥပဒေရေးဆွဲထားသူတွေရဲ့ ဝါဒဖြန့်ချီရေးစာပိုဒ်တစ်ပိုဒ်ပါပဲတဲ့အရာရာလွတ်လပ်ပြီး လူ့အခွင့်အရေးအပြည့်အဝရတယ်လို့ ကျွန်တော်တို့တော်တော်များများသိထားတဲ့ အမေရိကန်နိုင်ငံက ဇာတ်ကောင်နှစ်ဦးဟာ ချစ်မိခဲ့ကြပါတယ် ဒါပေမယ့် ဇာတ်ကောင်မိန်းကလေးဟာ ဥပဒေစည်းမျဉ်းတင်းကျပ်လှတဲ့ နိုင်ငံကအမျိုးသမီးတစ်ဦးပါ ဒီလိုနဲ့ တစ်နေ့တော့ အဲ့ဒီနိုင်ငံကို နှစ်ယောက်သားသွားကြတဲ့အချိန်မှာ ကွဲပြားလှတဲ့ဥပဒေကြောင့် ဖြစ်ရပ်ဆိုးဆိုးဝါးဝါးတွေဖြစ်သွားခဲ့ပါတယ်ဒီနေရာမှာ ကျွန်တော်တို့အများစု အကြမ်းဖက်သမားလို့ သတ်မှတ်ထားကြတဲ့ ဂျီဟတ်နဲ့ပက်သက်တာတွေ အသေးစိတ်နီးပါးပါတယ်လို့ပြောလို့ရတယ် အချစ်ရယ် ဘာသာရေးရယ် တရားဥပဒေရယ် လူ့သဘာဝရယ်အကြောင်းကို ထင်ဟပ်အောင်ရိုက်ပြထားတဲ့ဇာတ်ကားပါပဲ(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae မှရေးသားပေးပြီး ဘာသာပြန်ရေးသားပေးသူများကတော့ Shwe Pyae, August, Ameliaတို့ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : Action, CrimeSource : 1080p.WebRipTranslator – Shwe Pyae, August, AmeliaEncoder – ...
movie
Night Walk (2019)
2019
Ramarjuna (2021) 6.7
Ramarjuna (2021)  Ramarjuna (2021) ================= IMDb 6.7/10အိန္ဒိယအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်လိုက်ပါတယ်.. အက်ရှင်တွေရှယ်ကြမ်းသလို မင်းသမီးလေးလဲ အသေချောပါတယ်။ဇာတ်လမ်းကတော့.. ရမ် ဆိုတဲ့ ကောင်လေးဟာ အာမခံကုမ္ပဏီက Agent တစ်ယောက်ဖြစ်ပြီး ရိုးသားကြိုးစားတဲ့အပြင် သူတစ်ပါးကိုကူညီဖို့လည်း လက်မနှေးသူဖြစ်ပါတယ်။ သူနေထိုင်တဲ့ရပ်ကွက်က လက်လုပ်လက်စား ဆင်းရဲသားရပ်ကွက်ထဲဖြစ်ပြီး ရပ်ကွက်ထဲမှာ လူတော်လူကောင်းလေးတစ်ဦးအဖြစ် လူသိများပါတယ်။တစ်နေ့မှာတော့ ပါဝါကြီးတဲ့ ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုက သူတို့ရဲ့ဆင်းရဲသားရပ်ကွက် မြေနေရာကို မတရားသိမ်းယူဖို့ကြံစည်လာပါတယ်... မတရားမှုဆို သည်းမခံနိုင်တဲ့ ရမ် တစ်ယောက် ဒီကိစ္စမှာ ကိုယ်တိုင်ဝင်ရောက် ဖြေရှင်းတဲ့အခါ...။မင်းသားချော Aneesh Tejeshwar နဲ့ မင်းသမီးချော Nishvika Naidu တို့ပါဝင်သရုပ်ဆောင်ထားပြီး အိန္ဒိယအက်ရှင်ဒရမ်မာ ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားဖြစ်ပါတယ်။  File size…(2.5 GB) and (1.6 GB) Quality…WEB-DL 1080p and 720p 5.1CH Format…mp4 Duration….02:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by May Zin Oo
movie
Ramarjuna (2021)
Killer Tattoo (2001) 6.3
Killer Tattoo (2001) ဒီကားလေးကတော့ 2001 ကထွက်ရှိခဲ့ပြီး 6.3 IMDb ရရှိခဲ့တဲ့ကားလေးပါ အဓိကဇာတ်ဆောင်ငါးယောက်က ကြေးစားလူသတ်သမားတွေအဖြစ် ဇာတ်အိမ်ဖွဲ့ထားပါတယ်အသံတိတ်လူသတ်သမားအဖြစ် Somchai Kemglad ထောင်ထွက်ကျွဲကြီးအဖြစ် Suthep Po-ngam မိန်းမချစ်တဲ့ ကိုဆံရှည်အဖြစ် Sornsutha Klunmalee ဗုံးသုံးကျွမ်းတဲ့ မား(ကိုခွေး)အဖြစ် Mum Jokmok ထိုင်းအဲဗစ်ပရက်စလေအဖြစ် Pongsak Pongsuwan ပါဝင်ထားကြပါတယ်ထိုင်း Comedian တွေကို အများဆုံးသုံးထားတာကြောင့် အက်ရှင်ကားပေမယ့် မပေါတဲ့ ဟာသလေးတွေပါ ကြည့်ရှုရမှာပါ Plot ကလည်း ပျင်းစရာမကောင်းပဲ စိတ်‌ဝင်စားစရာကောင်းတာကြောင့် အချိန်ပေးကြည့်ရတာ တန်မယ့် ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ဒီဇာတ်ကားက အောင်မြင်ခဲ့တာကြောင့် သူ့ထဲက ကြေးစားလူသတ်သမားတွေရဲ့ အဆက်အဖြစ်Saturday Killer (2010) နဲ့ Friday Killer (2011) ဇာတ်ကား ၂ ကား ဆက်ထွက်ခဲ့ပါတယ်။အဲ့ကားတွေလဲ အချိန်ရရင် ဘာသာပြန်တင်ဆက်သွားပါ့မယ်။ File size…(1.7 GB) and (400 MB) Quality…DVDRip 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Suzy Jirakit ...
movie
Killer Tattoo (2001)
Hitman’s Wife’s Bodyguard (2021) 6.4
Hitman’s Wife’s Bodyguard (2021) မြေနိုးကြီးရဲ့သက်တော်စောင့် ဇာတ်လမ်း အဆက် ထွက်လာပါပြီ။ ၂၀၁၇ က အပိုင်း ၁ လေးကို ကြည့်ထားရင် ပိုကောင်းပါတယ်။ တင်ပေးထားပါတယ်။ ဒီအပိုင်းမှာတော့ ကင်ကိတ်ကြီးက ထောင်ကထွက်ပြေးပြီး မိန်းမနဲ့အကြည်ဆိုက်နေချိန်၊ သက်တော်စောင့် လိုင်စင် မရှိတော့တဲ့ ဘရိုက်စ်က တိုင်ပတ်နေပါတယ်။ ဒါနဲ့ စိတ်ပြေလက်ပျောက် အနားယူဖို့ ထွက်လာချိန်မှာပဲကင်ကိတ်ကြီးကိုမာဖီးယားတွေဖမ်းထားတယ်ဆိုပြီး သူ့မိန်းမ ဆိုညာက လာခေါ်တဲ့အချိန်မှာ လူသတ်သမား၊ သက်တော်စောင့်၊ လူလိမ်မ သုံးယောက်တွဲပြီးပေါက်ကရတွေလုပ်ရင်းနဲ့ ကမ္ဘာကြီးကို ကယ်တင်ရမယ့် လမ်းစပေါ် ရောက်သွားပြန်ပါတယ်..... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ File size… 1.49 GB and 862 MB Quality….WEB-DL 1080p and 720p Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August 
movie
Hitman’s Wife’s Bodyguard (2021)
2021
The Hitman’s Bodyguard (2017) 6.9
The Hitman’s Bodyguard (2017) The Hitman's Bodyguard (2017)IMDb - 6.9/10_____Rotten - 43%  2017 ရဲ့ အကောင်းဆုံး Action Comedy တွေထဲက တစ်ခုပါ။ သြဂုတ် ၁၈ ကမှ ရုံတင်တာဖြစ်ပြီး IMDb 6.9 နဲ့ Box Office မှာ ထိပ်ဆုံးရောက်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘီလာရု သမ္မတဟောင်း ဗလာဒီဆလက် ဒူကိုဗစ်ချ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံးက တရားစွဲထားချိန်မှာ သူ့ကို အပြစ်ရှိကြောင်း သက်သေထွက်ဆိုမယ့်သူ မရှိပါဘူး။ ဒူကိုဗစ်ချ်ရဲ့လူတွေက သက်သေမှန်သမျှကို လိုက်ပြီး နှုတ်ပိတ်နေလို့ပါ။ ဝါရင့်ကြေးစားလူသတ်သမားကြီး ဒဲရီးယပ် ကင်ကိတ်ကတော့ နောက်ဆုံးမှာ အပေးအယူလုပ်ပြီး သက်သေထွက်ဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒီအတွက် သူ့ကိုကာကွယ်ပေးဖို့ အေသုံးလုံးအဆင့် အထူးသက်တော်စောင့် မိုက်ကယ် ဘရိုက်စ်ကို အကူအညီတောင်းရတဲ့အခါမှာ လူသတ်သမားနဲ့သက်တော်စောင့် ရန်သူဟောင်းကြီး နှစ်ယောက် အတူလက်တွဲရပါတော့တယ်။ သူတို့အတိတ်မှာ ပြဿနာခဏဏတက်ထားတာမို့  လုံးဝမတည့်ပဲ ရန်တစောင်စောင်နဲ့ ထောင်ကနေ တရားရုံးခရီးကို ဒူကိုဗစ်ချ်ရဲ့ လူသတ်သမားများစွာကို ဖြတ်ကျော်ပြီး အရောက်သွားရတဲ့အခါ...... သက်တော်စောင့်ဘရိုက်စ်ဟာ အရာရာကို တွက်ဆပြီး ပြင်ဆင်လုပ်တတ်သူ၊ ကင်ကိတ်ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်နည်းလမ်းက ...
movie
The Hitman’s Bodyguard (2017)
2017
Detective Chinatown 2(2018) 6.2
Detective Chinatown 2(2018) Detective Chinatown 2(2018)အညွှန်း *********************************ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်...Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကိုစုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့...အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့်ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲCrimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက်အမှုကို ဖော်ထုတ်ပုံတွေ၊ အမှုက ထင်ထားသလိုမရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နေတာကြောင့်လှည့်ကွက်များစွာရှိနေပုံတွေကို ဟာသဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့်အမှုအကြောင်း သဲလွန်စရှာပုံတွေ၊ ကောက်ချက်ချပုံတွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။အဲ့ဒါကြောင့် စုံထောက်ကားကြိုက်သူတွေ ဟာသကောင်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့တရုတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။  ဂိမ်မာတွေဆိုတာ ဘာညာအထှာတော့ရှိတယ်ဗျ....တစ်ချို့သော ပုတ်ခတ်သူတွေအတွက် တစ်ချို့သော ဂိမ်မာသမားများက ဂိမ်ကစားရင်း လက်တွေ့ဘဝမှာ ဒီလိုဟိုလို ဉာဏ်သုံးဖြေရှင်းပြီး ...
movie
Detective Chinatown 2(2018)
2018
HEVC 1080p 5.1
The Tomorrow War (2021) 7
The Tomorrow War (2021) The Tomorrow War (2021)မင်းသား ခရစ်ပရက် ရဲ့ သိပ္ပံ အက်ရှင် ရုပ်ရှင်အသစ်ထွက်ပါပြီ။ နာမည်အတိုင်းပဲ အနာဂတ်ရဲ့ စစ်ပွဲတစ်ခုအကြောင်းပါ။ နောက်လာမယ့် နှစ် ၃၀ မှာ ကမ္ဘာကြီးကို ဂြိုလ်သားတွေ ဝင်တိုက်ပြီး လူတွေအားလုံး သေကုန်မယ့်အကြောင်း အနာဂတ်ကနေ ဆက်သွယ်ပြီး သတိပေးလာပါတယ်။ဒါကြောင့် လက်ရှိခေတ်ရဲ့ တစ်ကမ္ဘာလုံးက လူတွေကို အနာဂတ်ကို ဆက်တိုက်စစ်ကူပို့ပေးပေမယ့် ရှုံးမြဲ ရှုံးနေတုန်းပါပဲ။ ဒီတော့ အင်အားချင်း ရင်ဆိုင်နေရုံနဲ့ မပြီးဘဲ ဂြိုလ်သားအားလုံးကို လက်စတုံးဖို့ နည်းလမ်းကိုရှာဖွေရင်းနဲ့အနာဂတ်စစ်ပွဲကို ဖြစ်မလာအောင် တားနိုင်မယ့် နည်းလမ်းကိုပါ တွေ့လာတဲ့အခါ..အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။File size… 2.5 GB and 1.4 GB Quality….WEB-DL 1080p and 720p Format…mp4 Duration….2h 20min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder .....August
movie
The Tomorrow War (2021)
2021
Detective Chinatown 3 ( 2021 ) 5.4
Detective Chinatown 3 ( 2021 ) Detective Chinatown 3 ( 2021 ) အညွှန်း**********************************စုံထောက်ဇာတ်ကားကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့လူတွေအတွက်ဟာသနှောစုံထောက်ကားလေး လာပါပြီနော်Detective Chinatown 3ဇာတ်ကားလေးဟာဆိုရင် အရင်က 1 2 ဆိုပြီးတော့နှစ်ကားထွက်ဖူးတာကြောင့် ကြည့်ပြီးသားလူတွေကတော့ဒီကားလေးထဲမှာ တူဝရီးနှစ်ယောက် ဘယ်လိုတွေ ဗရုတ်ကျပြီးပဟေဠိဆန်ဆန် လူသတ်မှုတွေကို စုံစမ်းကြသလဲဆိုတာ သိပြီးသားဖြစ်မှာပါအခု 3 မှာရော နှစ်ယောက်သား ဂျပန်ကိုသွားပြီး ဘယ်လိုအလွဲတွေနဲ့ပဟေဠိဆန်တဲ့လူသတ်မှုကို ဖြေရှင်းကြမလဲ ထိုင်းစုံထောက်ဂျပန်စုံထောက်တွေနဲ့ အားလုံးဆုံမိသွားတဲ့အပြင် မာဖီးယားတွေနဲ့အမှုက ပတ်သတ်နေတဲ့အခါ တူဝရီးနှစ်ယောက် ဟာသတွေ တစ်ပုံကြီးနဲ့အမှုကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ ကြည့်ရှုကြရမှာပါရှေ့နှစ်ကားမကြည့်ဖူးသေးတဲ့လူတွေအတွက်လည်း ဒီကားလေးက1 2 နဲ့ အမှုအသွားအလာ အဆက်အစပ်မရှိတဲ့အတွက်ကြောင့်မို့လို့ဟာသ သဲထိတ်ရင်ဖိုကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအနေနဲ့လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားလေးပါနော် Quality : HEVC 1080p 5.1,BLU-RAY720PFormat : mp4During : 2h 6minSubtitle : Myanmar Sub ( Hardsub )Translated ...
movie
Detective Chinatown 3 ( 2021 )
HEVC 1080p 5.1
Batman: The Long Halloween, Part One (2021) 7.5
Batman: The Long Halloween, Part One (2021) Batman: The Long Halloween, Part One (2021)ဒီဇာတ်လမ်းမှာတော့ ဘတ်မန်း စုံထောက်ဝင်လုပ်တာကိုတွေ့ရမှာပါ. ထုံးစံအတိုင်း ရာဇဝတ်ကောင်တွေ ပေါများတဲ့ဂေါ်သမ်ဟာ ဟောလိုးဝင်းအားလပ်ရက်တွေမှာ အခြေအနေပိုဆိုးလာခဲ့ပါတယ်.ဘာလို့လဲဆိုတော့ မြို့မျက်နှာဖုံးငွေခဝါချနေတဲ့ ဖယ်ကိုနီမိသားစုဆိုတဲ့ ဒိတ်ဒိတ်ကျဲမိသားစုတွေရဲ့ဂိုဏ်းကလူတွေ တစ်ယောက်ပြီးတစ်ယောက်အသတ်ခံရလို့ပါ,ဒါကြောင့် ဖယ်ကိုနီမိသားစုကို ဖြုတ်ချချင်တဲ့ ဒန့်ရယ်လူသတ်မှုကိုဖော်ထုတ်ချင်တဲ့ ဘတ်မန်းရယ်နှစ်ယောက်ပေါင်းပြီး အမှုလိုက်ကြမှာပါ,ဒီဇာတ်လမ်းကတော့ Part1ဖြစ်ပြီးPart2ကတော့Julyလမှာထွက်ရှိမှာမလို့ စောင့်မျှော်အားပေးနိုင်ပါတယ် Translated by MoonLightEncoded by YKQuality : 1080p BluRay and 720pFile Size : 1.19GB and 855MBDuration :  1h 25min 
movie
Batman: The Long Halloween, Part One (2021)
2021
Shark: The Beginning (2021) 6.5
Shark: The Beginning (2021) Shark The Beginning (2021)အခုတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ Action ကားကတော့ Shark ဆိုတဲ့ ကိုရီးယား Webcomic ကိုအခြေခံရိုက်ကူးထားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် Cast တွေအနေနဲ့ Racket Boys စီးရီးထဲကKim Min-suk ၊ 18 Again ထဲက Wi Ha-Joon ၊The Uncanny Counter,Her Private Lifeစီးရီးတွေထဲက သရုပ်ဆောင် Jung Won-Chang တို့ကပါဝင်ထားကြလို့ အချောတွေစုနေတဲ့ကားကောင်းလေးတစ်ကားပါပဲ ဇာတ်လမ်းအကျဉ်းကတော့ ချာဝူဆွန်းဆိုတဲ့ကောင်လေးက ကျောင်းမှာအမြဲအနိုင်ကျင့်ခံနေရတဲ့ စာကြမ်းပိုး ကောင်လေးတစ်ယောက်ပါ သူ့ကို ငယ်ငယ်ထဲက အမြဲအနိုင်ကျင့်တတ်တဲ့ ဘယ်ဆော့ချန်းဆိုတဲ့ အငယ်တန်း တက်သစ်စ လက်ဝှေ့သမား ကောင်ဆိုးလေး တစ်ယောက်ရှိပါတယ် ဘယ်ဆော့ချန်းကချာဝူဆွန်းကို မြင်လိုက်တာနဲ့ အမြဲ ရန်သူတစ်ယောက်လို အနိုင်ကျင့် ဆက်ဆံနေတဲ့သူပါ အဲ့နောက်မှာ ...
movie
Shark: The Beginning (2021)
2021
Despicable Me 3 (2017) 6.3
movie
Despicable Me 3 (2017)
2017
HEVC 1080p 5.1
Thugs of Hindostan (2018) 4.1
Thugs of Hindostan (2018) ၂၀၁၈ က ရုံတင်ခဲ့တဲ့ အာမာခန်း နှင့် အမီတာဘာချမ်း တို့ခေါင်းဆောင်ပါဝင် သရုပ်ဆောင်ထားတဲ့ Thugs Of Hindostan ကိုCM Fan တွေ အတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းပုံစံကတော့ အန္ဒိယ နိုင်ငံကို အင်္ဂလိပ်လူဖြူတွေကကျွန်အရောင်းအဝယ် ကုန်သွယ်မှုတွေ အပြင် တစ်ဖြေးဖြေး စီးနင်းလာတဲ့အခါမျိုးချစ်စိတ် ရှိတဲ့ ဘုရင့်အမျိုးအနွယ်တွေက ပုန်ကန်ဖို့ လုပ်ကြပါတယ်ဒါပေမဲ့ အရမ်းလည်လွန်းတဲ့ လူဖြူ အရာရှိ ကလိုက်ဖ် က အတော်များများကိုသတ်ပစ်ခဲ့ပါတယ်...အဲ့ဒီထဲကမှ ဘုရင်ကြီး တစ်ပါးရဲ့ သမီးဖြစ်သူ ဇာဖီရာ ဟာလူယုံတော်ကြီး အာဇတ် နဲ့ အတူ လွတ်မြောက်သွားခဲ့ပါတယ်..နှစ်ပေါင်းအတော်ကြာတဲ့ အခါ ပင်လယ်ဓါးမြကြီး ပုန်ကန်သူ အာဇတ် နဲ့အဖွဲ့ဖြစ်ပေါ်လာပြီး အင်္ဂလိပ်အစိုးရကို သွေးလန့်စေခဲ့ပါတော့တယ်...အင်္ဂလိပ်အစိုးရကလဲ သူတို့ အချုပ်အခြာ အာဏာ တည်မြဲရေးအတွက်အာဇတ် ကို ဖမ်းမိရဖို့အတွက် အတော်ဆုံးလူ လိုက်ရှာတဲ့အခါမှာတော့ပိုက်ဆံကလွဲပြီး ဘာမှ မသိ ...
movie
Thugs of Hindostan (2018)
2018