Channel Myanmar

Action

Mother’s Day (2023) 5.3
Mother’s Day (2023) Mother's Day (2023)ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ ခပ်ကြမ်းကြမ်း အက်ရှင်ကား​တွေကိုမှ ကြိုက်တဲ့သူ​တွေအတွက် Netflix မှာထွက်ထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ကား​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~​နေတိုးအထူး​အေးဂျင့်​ဟောင်းတစ်ဦးဖြစ်တဲ့ နီနာတစ်​ယောက် နှစ်​ပေါင်းများစွာ တစ်​ယောက်တည်း ဇာတ်မြုပ်​နေရာက​နေ ရုတ်တရက် အ​​မေများ​နေ့မှာ သားဖြစ်သူ မက်စ် တစ်​ယောက် ရန်သူ​တွေရဲ့ အငြိုး​ကြောင့် ပြန်​​ပေးဆွဲခံလိုက်ရတဲ့အခါ သူ့ရဲ့ ​အေးဂျင့်တုန်းက စ​ကေး​တွေကို ဘယ်လိုထုတ်သုံးပြီး ပြန်ကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းများများနဲ့ ခပ်မိုက်မိုက် ကြမ်းကြမ်း​လေး ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား​လေး တစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.3GB, 640MB Quality - 1080p, 720p Format - mp4 Duration - 1H 34Min Genre - Action, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by ...
movie

Mother’s Day (2023)

2023
Top Gear (2022) 8.0
Top Gear (2022) Top Gear (2022) IMDb 8.3/10 Top Gear တဲ့။ ဇာတ်ကားနာမည်ကြည့်လိုက်တာနဲ့ ကားတစီးနဲ့ ပတ်ကြမ်းတာမျိုးဖြစ်မှာပဲလို့ တွေးမိလိုက်တယ်မလား။ ဟုတ်ပါတယ် ခုတင်ဆက်ပေးမဲ့ ဇာတ်ကားက... မူးယစ်ရာဇာ စစ်ဒါးသ်ဆိုတဲ့ လူက မွမ်ဘိုင်းကနေ လစ်ထွက်ပြီး ဟိုက်ဒရာဘတ်ကနေ စင်ကာပူကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့အချိန်။ကျွန်တော်တို့ ဇာတ်လိုက်ကျော် အာဂျွန်က ခုမှ ပူပူနွေးနွေး အိမ်ထောင်ကျပြီးကာစ၊သူက တက္ကစီဒရိုက်ဘာ၊ မင်း ဘွဲ့ရပြီးသားကို ဘာလို့ တက္ကစီဆွဲစားနေတာလဲဆိုတော့ ကျွန်တော့်မိန်းမကို ကားစီးစေချင်လို့၊ ရတဲ့ဘွဲ့နဲ့ အလုပ်ဝင်လုပ်ရင် ဆိုင်ကယ်နားတောင် ကပ်နိုင်မှာမဟုတ်ဘူး တဲ့၊မိန်းမကို အဲ့လောက်ချစ်တာ၊ တရက် တက္ကစီဆွဲပြီး အိမ်ပြန်တဲ့လမ်းမှာ လမ်းကြုံတယ်ဆိုပြီး လူ၂ယောက် တင်ခေါ်လာရာကနေအစ၊ အဲဒီလူ၂ယောက်က မူးယစ်ဂိုဏ်းနဲ့ပက်သတ်နေပြီး သူ့အကြောင်းကလည်း လမ်းမှာ ပြောထားဆိုထားတာ သိနေတော့ သူ့ဇနီးချောလေးကို ပြန်ပေးဆွဲပြီး သူတို့ ပြောတာ လုပ်ခိုင်းပါရော၊နောက်ခံတီးလုံးတွေရော သီချင်းတွေရောက ရေလည်မိုက်ပြီး ဇာတ်လမ်းကရော မိတ်ဆွေတို့ကို ပျင်းစေမှာမဟုတ်ဘူးဆိုတာ လက်တို့ရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ (အညွှန်းကို chiclon3 မှရေးထားပြီး chiclon3 & Bpl & Yunni ...
movie

Top Gear (2022)

2022
The Incredible Water Monster ( 2023 ) 6
The Incredible Water Monster ( 2023 ) ယခုတစ်ခေါက်သိပ္ပံဇာတ်လမ်းကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -ဇီဝဗေဒပါမောက္ခ စုလိယဟာ နိုင်ငံခြားမှာ ရေမိစ္ဆာကြီးက တျန်းချစ်မြစ်မှာ ပေါ်ပေါက်လာကြောင်း သတင်းရခဲ့တယ်။ ထိုရေမိစ္ဆာကြီးနဲ့ ပျောက်ဆုံးသွားတဲ့ သူမအဖေတို့ အဆက်အနွယ်တချို့ရှိမယ်လို့ ခံစားမိခဲ့တယ်။ သူမအဖေ ပျောက်ဆုံးသွားတဲ့ အကြောင်းအရင်းကို ရှာဖွေရန် သူမတစ်ယောက်တည်း အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ရွာကို ရောက်လာခဲ့တယ်။ထိုရွာမှ ရွာသားတွေက သူတို့ရွာမှာ အပန်းဖြေစခန်း တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေတာ ဖြစ်တဲ့အတွက် ရေမိစ္ဆာအကြောင်း စုံစမ်းသူများကို ဆန့်ကျင်ခဲ့တယ်။ သူမ ရွာထဲဝင်တာနဲ့ အမှောင်ခန်းထဲမှာ အဖမ်းခံလိုက်ရတယ်။ထိုအမှောင်ခန်းထဲမှာ မထင်မှတ်ထားပဲ သူမရဲ့ သူငယ်ချင်းဖြစ်သူ စန်းဟားနဲ့ ချန်လုံတို့ကို တွေ့ခဲ့တယ်။ သူတို့တတွေဟာ နယ်မြေတစ်ခု ငြိမ်းချမ်းစေဖို့အတွက် အဆင့်မြင့်အတိုင်းအတာ ပတ်ဝန်းကျင်အပေါ် နားလည်မှုနဲ့ အချိန်ခရီးသွားခြင်း ဟာကွက်တွေကို အသုံးချပြီး ရေမိစ္ဆာနဲ့ ပြင်ပအန္တရယ်များကို တိုက်ခိုက်ခဲ့ပါတယ်။သူတို့တတွေ ရေမိစ္ဆာကြီးကို နှိမ်နင်းနိုင်ပါ့မလား...... ထိုရေမိစ္ဆာကြီးကလဲ လိယရဲ့ အဖေနဲ့ ဘယ်လို ပတ်သက်နေလဲ ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : ...
movie

The Incredible Water Monster ( 2023 )

Evil Spider ( 2023 ) 5.9
Evil Spider ( 2023 ) မိစ္ဆာဂိုဏ်းကို နှိမ်နင်းခဲ့ပြီးနောက် နဂါးဂိုဏ်းခေါင်းဆောင် လန်ယန်ဟာ လုံတူးမြို့ကို တည်ထောင်ခဲ့ပြီး တိုင်းပြည်တည်ငြိမ်ဖို့အတွက် လုံချွဲ့တပ်ကို ဖွဲ့စည်းခဲ့တယ်။၁၂ နှစ်ကြာပြီးနောက်မှာ နဂါးဂိုဏ်းကို ပင့်ကူတွေက တိုက်ခိုက်ခဲ့တယ်။ လန်ယန်လဲ အဆိပ်မိသွားပြီး တစ်မြို့လုံးမှာ ဘေးအန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။လုံချွဲ့တပ်ခေါင်းဆောင် ဖန်းယွမ်နဲ့ နတ်မယ်တော် ကျီးရှင်းယဲ့တို့ဟာ မိစ္ဆာမြို့မှာ နတ်သမားတော် ကျန်းလျန်ဟွာကို ရှာပုံတော်ထွက်ခဲ့ပါတယ်။သူတို့ ၃ ယောက်သား အခက်အခဲအဆင့်ဆင့်ကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... မိစ္ဆာဂိုဏ်းဆက်ခံသူတို့က မြို့တော်ငြိမ်းချမ်းရေးကို ဖျက်ဆီးမဲ့ အကြံအစည်တွေကို တားဆီးနိုင်ပါ့မလားဆိုတာကိုခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Comedy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK
movie

Evil Spider ( 2023 )

Sirf Ek Bandaa Kaafi Hai (2023) 8.7
Sirf Ek Bandaa Kaafi Hai (2023) Sirf Ek Bandaa Kaafi Hai 2023IMDb rating 7.3 အထိရရှိထားပပြီး၂၀၂၃ မှာအသစ်ထွက်ရှိလာတဲ့ တရားခွင်အခြေပြု ဘောလီးဝုဒ်အိန္ဒိယဇာတ်ကားလေးဟာ အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ကို လိင်အမြတ်ထုတ်ခဲ့တဲ့ ဘာသာရေးဆရာတစ်ယောက်နဲ့ သူ့ကိုတရားစွဲတဲ့အခါ ရင်ဆိုင်လျှောက်လဲပေးတဲ့ ရှေ့နေတို့ရဲ့ အားပြိုင်မှုကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း ဒိုင်ယာလော့အလန်းတွေနဲ့ ရှုစားကြရမှာဖြစ်ပြီး တစ်ခန်းမှကို ပစ်ရက်စရာမရှိ ဇာတ်ရှိန်မကျပဲနဲ့ ဆွဲဆောင်သွားနိုင်တဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်အားကိုးရာရှာကြတဲ့ လူတွေရဲ့ ဘာသာတရားတစ်ခု လူတစ်ယောက်ကို အစွန်းရောက်ကိုးကွယ်လိုက်တဲ့အခါမှာ ဒီဘာသာတရားတစ်ခုကိုခေါင်းစဉ်တပ်ထားရုံနဲ့ မျက်ကန်းတွေဖြစ် အမှားတွေအမှန်တွေမသိတော့ပဲ ဘယ်သူ့ကိုမဆို အဲ့ခေါင်းစဉ်အောက်ကဆိုတာနဲ့ ဇွတ်တွေယုံကြည်ကိုးကွယ်ကြတာပါပဲ ဒါကဘာသာတရားတစ်ခုတည်းကို မဆိုလိုပါဘူး ယစ်ပူဇော်တတ်တဲ့ အာဖရိကလူရိုင်းတွေကစလို့ ဂိုဏ်းဆရာတွေကဟောလို့ ကိုယ့်ကိုယ်ကိုအုပ်လိုက်ကြီးသတ်သေကြတယ်ဆိုတဲ့ အနောက်တိုင်းက ရီနေးဆန့်ဆရာကြီးများအလယ် စောင့်ထိန်းစရာအကျင့်သိက္ခာတွေများပြားပြီး တစ်ခုမှမစောင့်ထိန်းလဲ နာမည်ကြီးရင် ဇွတ်ကိုးကွယ်ကျတဲ့ အာရှသားများထိအဆုံးလို့ပဲ ပြောရမှာပေါ့ဘာသာရေးဆိုတဲ့ ခေါင်းစဉ်တစ်ခု ဒါကိုခုတုံးလုပ်ပြီး ပရဟိတကျောင်းဘာညာ ရိုက်စားလုပ်တဲ့ကောင်တွေရှိတယ် ဒါကိုခုတုံးလုပ်ပြီး ကလေးသူငယ်တွေကို ကျားမမရွေးလိင်အမြတ်ထုတ်နေတာတွေရှိတယ် ဒါကိုခုတုံးလုပ်ပြီး ဗန်းပြအလှူခံသူဌေးဖြစ်နေတဲ့ကောင်တွေရှိတယ် ပြောရရင်တော့ ပြောမဆုံးစေမဲ့ အရာတွေပေါ့အိန္ဒိယဇာတ်ကားတွေထဲမှာ ကျွန်တော်မှတ်မိသလောက် ကတော့ ဘုရားရှင်ကို တရားစွဲတဲ့ဇာတ်ကားရယ် အူကြောင်ကြောင် ဂြိုလ်သား PK ရယ်က ဘာသာတရားကို အပီအပြင်ဖဲ့ထားတာပေါ့ ခုဒီဇာတ်ကားထဲမှာလည်း ဘာသာတရားဗန်းပြပြီး လိင်အမြတ်ထုတ်နေတဲ့ အိန္ဒိယက ဂိုဏ်းဆရာတစ်ယောက်ကို ...
movie

Sirf Ek Bandaa Kaafi Hai (2023)

2023
No Man’s Land Hunt ( 2023 ) 6
No Man’s Land Hunt ( 2023 ) တစ်ခါတလေမှာ မနက်ဖြန်နဲ့ မတော်တဆက ဘယ်ဟာအရင်လာမလဲဆိုတာ မသိကြဘူးတဲ့။ လူမရှိတဲ့ တောအုပ်ထဲမှာ ကြောက်လန့်ဖွယ်ကောင်းလှတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်နေပါတယ်။ လူငယ်လေးကျင်ယန်ဟာ လူမရှိတဲ့နေရာကို ခရီးထွက်လာရင်း အမဲခိုးလိုက်သူက ရဲကို တိုက်ခိုက်နေတာကို ဓာတ်ပုံရိုက်မိသွားပါတယ်။အမဲခိုးလိုက်သူဟာ ကျင်ယန်ကို သတိထားမိသွားပြီး တိုက်ခိုက်ခဲ့ပါတယ်။ ကျင်ယန်ဟာ နာကျင်မှုတွေနဲ့ အေးခဲလှတဲ့ ရာသီဥတုကြားက ရွ ာသားအိမ်ကို ထွက်ပြေးလာခဲ့ပေမဲ့ အမဲခိုးလိုက်သူက အနောက်က ဆက်လိုက်လာပါတယ်။အမဲခိုးလိုက်သူက ကျင်ယန်ရဲ့ အစ်မကို လိမ်ပြီး ကျင်ယန်ကို သက်သေထုတ်ပေးဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ထို့နောက် ကျင်ယန်က သူ့အစ်မကို ကယ်နိုင်ခဲ့ပြီး သူတို့ မောင်နှမနှစ်ယောက် လူမရှိတဲ့ တောအုပ်ထဲမှာ အသက်လု ထွက်ပြေးခဲ့ရပါတယ်။ကံဆိုးလှတဲ့ မောင်နှမနှစ်ယောက် လူသတ်သမားရဲ့ဘေးရန်ကနေ လွှတ်မြောက်ဖို့ ဘယ်လို ကြိုးစားကြရမလဲ။ သူတို့နှစ်ယောက် လွှတ်မြောက်ပြီး ရှင်သန်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမဲ့ ကားလေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle ...
movie

No Man’s Land Hunt ( 2023 )

Zoom (2006)
Zoom (2006) Zoom (2006)ဒီတစ်ခါမိတ်ဆက်​ပေးမယ့် ကား​လေးက​တော့ Facebook Short Clip ​လေး​တွေမှာ ခဏခဏ​တွေ့​​နေရ​လေ့ရှိပြီး ကျွန်တော်တို့တွေ ငယ်ငယ်က ကြည့်ဖူးလောက်ကြမယ့် စူပါဟီးရိုးဇာတ်လမ်း​လေးဖြစ်တဲ့ Zoom ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~အတိတ်က ဂမ်မာ​ရောင်ခြည်စမ်းသပ်မှုမှာ ဇီးနစ်အဖွဲ့ဝင်လည်းဖြစ် အစ်ကိုလည်းဖြစ်သူ ကွန်ကားရှင်းတစ်​ယောက် စိတ်ရိုင်းဝင်သွားတာကို တိုက်ခိုက်ရင်း စွမ်းအင်​ပျောက်သွားတဲ့ ဟီးရိုး ဇွန်းမ် တစ်​ယောက် ဂျက်အဖြစ် သာမန်လူအနေနဲ့ အလုပ်လုပ်ရင်း ဇာတ်မြုပ်​နေရာက​နေ ​ကွန်းကားရှင်းတစ်​ယောက် ကမ္ဘာ​မြေဆီ နှစ် ၃၀​လောက် အကြာမှ ပြန်​ပေါ်လာမယ်လို့ ​ခြေရာခံမိသွားချိန်မှာ သူနဲ့ ယှဥ်ဖို့ စွမ်းအားသစ်ပိုင်ရှင် က​​​လေး​တွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့သစ်ကို ​လေ့ကျင့်​ပေးဖို့ တာဝန်ကျလာတဲ့အခါ...အဖွဲ့ဝင်သစ်​တွေနဲ့ ဘယ်လိုအခက်အခဲ​တွေ ရင်ဆိုင်ရမလဲ... ​နောက်ဆုံး ​အောင်မြင်မှုရရှိခဲ့လားဆိုတာကိုကြည့်ရမယ့် ဟာသ စူပါးဟီးရိုးကား​လေး တစ်ကားပဲဖြစ်ပါတယ်။ရုပ်ရှင်ပရိသတ်တိုင်းနဲ့ မကင်းတဲ့ Toy Story ကား‌တွေထဲက Buzz Lightyear အသံသရုပ်ဆောင် Tim ...
movie

Zoom (2006)

2006
John Wick: Chapter 4 (2023) 8.3
John Wick: Chapter 4 (2023) John Wick: Chapter 4 (2023)***************************IMDb Rating (8.3)/ Rotten Tomatoes (94%) ဒါရိုက်တာကတော့ Chad Stahelski ပါပဲ။ ဒီရုပ်ရှင်ထဲမှာပါတဲ့ ပြင်သစ်မြေအောက်ဘူတာနေရာကိုတော့"Porte des Lilas" လို့ခေါ်ပြီး ရုပ်ရှင်သမားတွေကို ငှားရမ်းဖို့သီးသန့် ပြင်ဆင်ထားတဲ့ ဘူတာပဲဖြစ်ပါတယ်။ပြီးတော့ ဇာတ်လမ်းအစရဲ့ သဲကန္တာရကိုလည်း အထူးပြုလုပ်ချက်မသုံးဘဲ နေရာအစစ်မှာ သွားရောက်ရိုက်ကူးထားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ ဂျွန်ဝစ်ဟာ စကားလုံး ၃၈၀ ပဲ ပြောခဲ့ပြီး အရှည်ဆုံးစကားဆိုလို့ "မင်းနဲ့ငါ ဘဝကောင်းကို ထားခဲ့တာ ကြာလှပါပြီ" ဆိုတာလေးပါပဲ။ ၃ ပုံတစ်ပုံလောက်ကတော့ "Yeah" ဆိုတဲ့စကားလုံးတွေပဲဖြစ်လို့ ဘာသာပြန်သူကို အကြိုက်တွေ့စေခဲ့ပါတယ်။ ဇာတ်ပို့တွေထဲမှာ Scott Adkins လည်းပါဝင်ခဲ့ပြီး သူက ကီအာနူးရိဗိရဲ့ အမာခံဖြစ်တာကြောင့် ဒီရုပ်ရှင်မှာပါခွင့်ရတာ အရမ်းကို ပျော်နေခဲ့ပါတယ်။ ဒွန်နီယန်းလည်းပါဝင်ခဲ့ပြီး ဒါရိုက်တာက ပြင်သစ်ရေဒီယိုနာမည်ကို Wuxia လို့ပေးပြီး ...
movie

John Wick: Chapter 4 (2023)

4K HEVC
Dead Shot (2023) 5.5
Dead Shot (2023) Dead Shot (2023)Imdb - 5.5 Rotten tomatoes - 78%Action, Mystery ကိုမှ သဘောကျပါတယ်ဆိုတဲ့ သူတွေအတွက် အသစ်သစ်စက်စက် ထွက်ရှိထားတဲ့ ၁၉၇၀ ခုနှစ်နောက်ခံ Dark thriller ဇာတ်ကား‌ကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။အိုင်းရစ်ရှ်လူမျိုး ရာဇဝတ်ပြေး တစ်ယောက်ဖြစ်တဲ့ မိုက်ကယ် အိုဟာရာ၊ Irish Republican Army ကို စိတ်ကုန်ငြီးငွေ့လာလို့ နေ့စေ့လစေ့ ကိုယ်ဝန်သည် ဇနီးဖြစ်သူနဲ့ ထွက်ပြေးမယ်အလုပ် အိုင်ယာလန် နယ်စပ်တစ်နေရာမှာပဲ SAS အဖွဲ့ရဲ့ အငိုက်ဝင်ဖမ်းခြင်းကို ခံရပါတယ်။ အကင်းပါးတဲ့ မိုက်ကယ်တစ်ယောက် လက်မတင်လေး လွတ်မြောက်သွားပေမဲ့လည်း ဇနီးဖြစ်သူကတော့ တင်းမာနေတဲ့အခြေအနေတွေကြား မတော်တဆ ကျည်သင့်သေဆုံးသွားခဲ့ရပါတယ်။အဆိုပါ စစ်ရာဇဝတ်မှုအတွက် ကံထူးရှင် လက်ဖြောင့်တပ်သားကတော့ SAS အရာရှိ ဟင်နရီပါတဲ့။ ဥပဒေဘောင်ထဲကဖြစ်နေတော့ အထက်အရာရှိတွေကိုလည်း အားကိုးမရဘဲ မရှူနိုင်မကယ်နိုင် ဖြစ်နေခိုက် ဘယ်ကမှန်းမသိတဲ့ ကယ်တင်ရှင်ကြီးတစ်ဦး ရောက်ချလာပါတယ်။ ထောင်ဒဏ်ကလွတ်မဲ့အပြင် စစ်မှုဆက်ထမ်းခွင့်လည်း ရဦးမယ်ဆိုပြီး ကမ်းလှမ်းလာတော့ ဟင်နရီခမျာ ဘာမှန်းမသိတဲ့အလုပ်တစ်ခုအတွက် မျက်စိစုံမှိတ်ပြီး တာဝန်ကျရာ လန်ဒန်မြို့ဆီ ...
movie

Dead Shot (2023)

2023
Thugs (2023) 8.0
Thugs (2023) Thugs 2023 IMDb 8.4Crash Course အိန္ဒိယဝက်ဘ်စီးရီးထဲမှာ ဆက်သရာနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော Hridhu Haroon တယောက် စီသူ အနေနဲ့ အဓိက သရုပ်ဆောင်ထားပါတယ်။ (Charsh Course စီးရီးကိုလည်း CM မှာတင်ဆက်ပေးထားပါတယ် ဒီလင့်မှာlink ဝင်ဒေါင်းလို့ရပါတယ်)ဇာတ်လမ်းအကျဉ်းက ဒီလို... စီသူက မိဘမဲ့ တကောင်ကြွက်၊ အဖေဖြစ်သူဆုံးတော့ သူ့အဖေရဲ့သူဌေး အန်နာချီက သူ့အဖေနေရာမှာပဲ စာရင်းကိုင်ခန့်ထားခဲ့တယ်။ မြင်မြင်ချင်းချစ်မိခဲ့တဲ့ ကာရဲလ်လေးကြောင့်ပဲ စီသူ တယောက် ဘ၀ကြီးက မနေ့ကနဲ့မတူ မနေ့ကလို မပူတော့ဘဲ အချစ်သစ်တဖန်မွေးဖွားခဲ့ပေမဲ့လဲ... အချစ်စစ်တို့ မည်သည် ဖြောင့်တန်းရိုးမရှိဆိုသလို အနှောင့်အယှက်ဝင်လာတာက သူဌေးလူယုံရဲ့ ညီ ပက်ချက်ရန်၊ ချစ်ရသူ ကာရဲလ်လေးကို အမျိုးမျိုး လိုက်နှောင့်ယှက်နေတဲ့ လူယုတ်မာ ပက်ချက်ရန်ကို ဒေါသကြောင့် သတ်ခဲ့မိပြီး ထောင်ကျပါလေရော။ ထောင်ထဲမှာပဲ ဆရာကြီးတပွေနဲ့ ပေါင်းမိပြီး ချစ်ရသူကိုပြန်ရှာဖို့ ထောင်ဖောက်ပြေးဖို့ကြိုးစားပါတော့တယ်။နောက်ကြောင်းပြန် ပြန်ပြောင်းပြောရင်း ဇာတ်ကို ခပ်သွက်သွက်လေးသွားထားပြီး ဒရမ်မာနဲ့အက်ရှင် အချိုးကျ ပေါင်းစပ်ထားတဲ့ Thugs (2023) ဇာတ်ကားသစ်ကို CM ပရိတ်သတ်ကြီးထံ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းရေးသားသူကတော့ chiclon3 ...
movie

Thugs (2023)

Come Out Fighting (2023)
Come Out Fighting (2023) Come out Fighting (2023)၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ ရုရှားအာနိုးလို့ လူသိများတဲ့ မင်းသားကြီး Dolph Lundgren ပါဝင်ထားတဲ့ စစ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။စစ်ကားကြိုက်သူဆိုရင် လက်မလွှတ်ဖို့ အကြံပေးလိုက်ချင်ပါတယ်။ လူမျိုးရေးခွဲခြားမှုတွေ ပြင်းထန်နေတဲ့ အချိန်ကာလဖြစ်တဲ့ ဒုတိယကမ္ဘာစစ် အချိန်ကာလမှာ လူမည်းစစ်သားတွေဟာလည်း တိုက်ပွဲဝင်နေခဲ့ပါတယ်။ တပ်တွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိပေမယ့်လည်း နိုင်ငံ့အတွက်ကို အသက်ပေးအမှုထမ်းနေကြတုန်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဒုဗိုလ် ရောဘတ်စ် ဟေးစ်ဟာ လူမည်းတပ်ဖွဲ့မှာ ထမ်းဆောင်နေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူတို့ တာဝန်ထမ်းဆောင်နေတဲ့ မစ်ရှင်တစ်ခုမှာ အမှားတစ်ခုကို ဖြစ်သွားပါတယ်။ ဒီလိုနဲ့ အဲဒီ ဒုဗိုလ်ကို စစ်တပ်က စုံစမ်းစစ်ဆေးဖို့ နောက်တန်းကို ပြန်ပို့လိုက်ပါတယ်။ ပြန်ပို့နေရင်း ရန်သူ့ထိန်းချုပ် နယ်မြေထဲမှာ ပျောက်သွားပါတယ်။ တစ်ဖက်ကလည်း ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာမို့ သူ့ကို လိုက်မရှာနိုင်ဖြစ်နေပါတယ်။ ဒုဗိုလ် လက်အောက်မှာ တာဝန်ထမ်းနေတဲ့ တပ်ဖွဲ့တွေကတော့ အမိန့်မရလည်း သူတို့ရဲ့ ခေါင်းဆောင်ကို လိုက်ရှာဖို့လုပ်ကြရင်း ဂျာမန်တပ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်.....အညွှန်း နဲံ ဘာသာပြန်ကတော့ Leonard Lin ...
movie

Come Out Fighting (2023)

2023
The Super Mario Bros. Movie (2023) 7.3
The Super Mario Bros. Movie (2023) The Super Mario Bros Movie (2023)စူပါမာရီယိုဟာ သမိုင်းတလျှောက်ရောင်းအားအကောင်းဆုံး ဂိမ်းပဲဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားနဲ့ ပလက်ဖောင်းများလွန်းလို့ လူသန်းပေါင်းဘယ်လောက်ကစားဖူးလဲတောင် ပြောရခက်ပါတယ်။ အခုတခေါက်ကတော့ ဒီဂိမ်းကို ကာတွန်းအဖြစ်အသက်သွင်းထားတာပါပဲ။ မာရီယိုအဖြစ် ခရစ်ပရက်၊ မင်းသမီးလေးအဖြစ် အာညာတေလာဂျွိုင်း၊ လူဝီးဂျီအဖြစ် ချာလီဒေး နဲ့ လိပ်ကြီးဘောင်ဆာအဖြစ် ဂျက်ဘလက်တို့လို နာမည်ကျော်တွေ သရုပ်ဆောင်ထားပါတယ်။ ထွက်ခဲ့ဖူးတဲ့ မာရီယိုဂိမ်းမျိုးစုံထဲက ကာရိုက်တာတွေ၊ လက်နက်တွေ၊ တီးလုံးတွေ၊ နေရာတွေကို သူ့နေရာနဲ့သူ ပြန်သုံးပေးထားပါတယ်။ ကြည့်ရတာ အပန်းပြေတဲ့ ကာတွန်းကားလေးပါပဲ။ဇာတ်လမ်းအကျဉ်းမာရီယိုနဲ့လူဝီးဂျီတို့ ညီအစ်ကိုဟာ လူတိုင်းက အထင်သေးရတဲ့ ဘရွတ်ကလင်းရဲ့ ရေပိုက်ပြင်သမားညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရေပိုက်တစ်ခုကနေ မှော်တိုင်းပြည်ထဲကို‌ရောက်သွားပါတော့တယ်။လူဆိုးဘုရင်ကြီး ဘောင်ဆာဟာ စူပါကြယ်ကြီးကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ မှော်လောကထဲကို တိုင်းပြည်အားလုံးကို သိမ်းပိုက်ဖို့ ကြံစည်ထားတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူက မှိုတိုင်းပြည်က မင်းသမီးလေးမက်မွန်သီးကို အရမ်းချစ်နေတာမို့ သူနဲ့အတူ ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ မင်းသမီးလေးကို လက်ထပ်ခွင့်တောင်းဖို့လာခဲ့ပါတယ်။ မင်းသမီးက လက်မခံခဲ့ရင်တော့ မှိုတိုင်းပြည်ကိုဖျက်ဆီးပစ်မှာပါပဲ။ ဒါကိုသိတဲ့ မင်းသမီးလေးဟာ မာရီယိုနဲ့ပူးပေါင်းပြီး ဒန်းကီးကောင်တို့ရဲ့တိုင်းပြည်ကိုစစ်ကူသွားတောင်းခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကာတွန်းထဲမှာ ...
movie

The Super Mario Bros. Movie (2023)

2023
4K HEVC
Distortion ( 2023 ) 6
Distortion ( 2023 ) (၂၁၅၈)ခုနှစ်မှာ နည်းပညာတွေအရမ်းတိုးတက်နေပြီး လူသားကိုမျိုးစိတ်ကိုအခြေခံဆင့်ပွားတဲ့ Cloneနည်းပညာမွေးဖွားလာခဲ့တယ်။ရွှီကျန့်တို့ကြေးစားတပ်သားအဖွဲ့ဟာ တရားမဝင်မှောင်ခို Cloneသုတေသနစခန်းကို ဝင်ရောက်တိုက်ဖျက်ဖို့ကြိုးစားတဲ့အချိန်မှာ သေနတ်မှန်မစ်ရှင်ကျရှုံးပြီနောက် ထူးဆန်းတဲ့တောကြီးတစ်ခုထဲကိုရောက်သွားပါတယ်။ဘာကြောင့်မှန်းမသိ ရုတ်တရက်တောအုပ်ထဲရောက်သွားတဲ့ အနယ်နယ်အရပ်ရပ်ကလူတစ်စုဟာ ထူးဆန်းသတ္တဝါကြီးနဲ့ကြုံလာရတော့ သေရေးရှင်ရေးပြေးကြရတော့တာပေါ့...... ဒီတောနက်ကြီးထဲမှာ သူတို့ကိုဘယ်လိုအန္တရာယ်တွေကစောင့်နေမလဲ...... သူတို့တွေဟာ ဒီတောနက်ကြီးထဲမှာ အသက်ရှင်နိုင်ပါ့မလား...... ဒီတောထဲရောက်လာရတဲ့အကြောင်းအရင်းရဲ့နောက်ကွယ်မှာဘာရှိနေမလဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Nu Mon Encoded by LK
movie

Distortion ( 2023 )

Virupaksha(2023) 7.9
Virupaksha(2023) Virupaksha 2023IMDb-8/10Mystery ရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့မယ့် ရုံတင်ငွေကုဋေကိုးဆယ်နီးနီးရရှိခဲ့တဲ့ ရုံတင်ကားပါ ဇာတ်ဆောင်အနေနဲ့လည်း ဟိုတလောကနာမည်ကြီးသွားတဲ့ ကျောင်းဆရာကားထဲက မင်းသမီးလေး Samyuktha Menon အဓိကပါဝင်ထားပါတယ်ဇာတ်လမ်းအစမှာ တစ်ရွာလုံးကကလေးတွေကို ကျိန်စာတိုက်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လင်မယားနှစ်ယောက်ကိုမီးပုံရှို့နေပါတယ် ဒီထဲက ဇနီးဖြစ်သူက နောက် 12 နှစ်ကြာပြီးတဲ့အချိန်မှာ ဒီရွာဟာသုသာန်တစပြင်ဖြစ်ရမယ်လို့ကျိန်စာတိုက်ထားခဲ့ပါတယ်12 နှစ် ကြာပြီးတဲ့အချိန် ရူဒရာဗန်နမ်ဆိုတဲ့ကျေးရွာလေးဟာ ပွဲတော်တစ်ခုကျင်းပဖို့ပျော်ရွှင်နေကြချိန် ရွာသားတစ်ယောက်ထူးဆန်းစွာသေဆုံးမှုကြောင့် ဘုန်းတော်ကြီးကနေ ဒီရွာကို 8 ရက်တိုင်တိုင်ပိတ်ချ ၊ အပြင်လူအားလုံးတစ်ရက်အတွင် းပြန်ရမယ်ဆိုတဲ့စည်းကမ်းချမှတ်လိုက်ပါတယ် ဒီစည်းကမ်းကို‌အကြောင်းအမျိုးမျိုးနဲ့ ချိုးဖောက်ပြီး ထွက်သွားကြသူတွေဟာလည်း ထူးဆန်းသွားသေဆုံးသွားကြပါတယ် ဒီချိန်မှာရွာရောက်နေတဲ့ ဆူရီယာဆိုတဲ့ မြို့သားတစ်ယောက်ဟာ ရွာခံနန်ဒီနီ့ကိုချစ်မိပြီး ထွက်သွားပြီးမှ နန်ဒီနီ့ကျန်းမာရေးအတွက် ပြန်ဝင်လာခဲ့ပါတယ်ဘယ်လောက်ပဲဆန်းကြယ်ပါစေ အဖြေရှာတွေ့စမြဲပါပဲ ဒီထဲကဆန်းကြယ်မှုတွေကိုရော ဆူရီယာကဘယ်လိုအဖြေရှာဖော်ထုတ်မလဲ ရင်တထိတ်ထိတ် ရှုစားကြည့်ပါဦးသွေးသံရဲရဲအခန်းတွေများစွာပါဝင်တာမို့ အသည်းငယ်တတ်သူများမကြည့်ရှုခင်မှာ သေချာလေးစဉ်းစားသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ File size…2.93GB / 1.24GB Quality…1080p WEB DL / 720p Format… mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ YH ~ chiclon3 ~ Aditi ~ Yunni
movie

Virupaksha(2023)

2023
Buffy the Vampire Slayer (1992) 5.7
Buffy the Vampire Slayer (1992) Buffy the Vampire Slayer (1992)90s ခုနှစ်တွေဆီက Vampire ကားဟောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ Rating တွေ သိပ်မကောင်းလှပေမဲ့ Cult Classic အနေနဲ့ နောင်ခေတ်တွေထိ သက်ရောက်မှုကြီးခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ကားလေးပါပဲ။ဘတ်ဖီဆိုတဲ့မိန်းကလေးဟာ သာမန်အထက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူပေါ့။ အဲဒီအချိန်မှာပဲ သွေးစုတ်ဖုတ်ကောင်တွေ တစ်ဖန်ပြန်လည်ထကြွလာခဲ့ပြီး ဘဝအဆက်ဆက် Slayer တွေကို လေ့ကျင့်ပေးတဲ့ မဲရစ်ဟာ ဘတ်ဖီဆီကို ရောက်လာခဲ့တယ်။သောင်းကျန်းနေတဲ့ ဖုတ်ကောင်တွေကို သုတ်သင်ဖို့တာဝန်ဟာ ဘတ်ဖီဆီကို တန်းတန်းမတ်မတ် ရောက်လာတယ်။ သွေးစုပ်ဖုတ်ကောင် ခေါင်းဆောင် လိုသို့စ်ကို နှိမ်နင်းနိုင်ဖို့ လွတ်လပ်တဲ့ဘဝကနေ နေ့ချင်းညချင်းလိုလို သတ်ဖြတ်သူတစ်ယောက်အဖြစ် အရည်အချင်းပြည့်ဝလာအောင် အပြင်းအထန်ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါ...၁၉၉၇-၂၀၀၃ အတွင်း ထွက်ရှိခဲ့တဲ့ စီးရီးလည်း ရှိခဲ့ပြီး စီးရီးကတော့ ရုပ်ရှင်နဲ့မတူဘဲ လုံးဝကိုလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးရီးကိုကျ တင်ဖို့ မလွယ်တာမို့ ရုပ်ရှင်ကိုပဲ ...
movie

Buffy the Vampire Slayer (1992)

1992
The Rise of the Beast (2022)
The Rise of the Beast (2022) 2022ထွက် horror ကားတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါပြီ ဇာတ်ကားခေါင်းစဉ်ကြည့်ပြီးတော့တော့ transformer ရဲ့နောက်ဆုံးထွက်မဲ့ကားနဲ့တော့မမှားပါနဲ့ဦး ဇာတ်လမ်းအကျဉ်းကတော့ သဘာ၀ပတ်၀န်းကျင်တက်ကြွလှုပ်ရှားသူတစ်စုက company တစ်ခုရဲ့လျှို့ဝှက်စမ်းသပ်ခန်းတစ်ခုကို ခိုး၀င်ပြီး သူတို့ရဲ့တရားမ၀င်စမ်းသပ်ချက်တွေကိုဖော်ထုတ်ဖို့ကြိုးစားခဲ့ကြတာပါ ဒါပေမဲ့ အဲဒီစခန်းမှာ စမ်းသပ်ခံတိရိစ္ဆာန်ကြီးတစ်ကောင်လွတ်‌နေပြီး သူတို့ထင်ထားတာနဲ့ မတူတဲ့အရာတွေကိုကြုံတွေ့ကြရတဲ့အချိန်မှာတော့...... သူတို့သူငယ်ချင်းတစ်စုဘာတွေတွေ့ကြုံရမလဲ အဲဒီစခန်းထဲကရောလွတ်မြောက်နိုင်ပါ့မလားဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှူရမှာပါ ဒါရိုက်တာ Jack Ayersရိုက်ကူးထားပါတယ်။File size…(1 GB)/(500 MB)/(230 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:19:00 Genre...Horror, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aung Khant Paing
movie

The Rise of the Beast (2022)

Polite Society (2023) 6.9
Polite Society (2023) IMDb - 7/10 , RT- 91% The Umbrella Academy , Red Notice , Barbie , Last Christmas အစရှိတဲ့ လူကြိုက်များတဲ့ရုပ်ရှင်တွေ TV Showတွေရဲ့ ကျွန်တော်တို့ရဲ့ မင်းသမီးချောလေးRitu Aryaလေးရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်လာပါပြီ။ ဒါ့အပြင်ကိုမှ The Bastard Son & The Devil Himself ရဲ့ သရုပ်ဆောင် ဗြိတိန်သူလေး Priya Kansaraနဲ့ကိုမှ Ms.Marvelထဲက ပါကစ္စတန်မင်းသမီးကြီး Nimra Buchaတို့ကပါ ပါဝင်ပြီးအားဖြည့်ပြီး ဇာတ်လမ်းကို အရှိန်တင်ထားပါသေးတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းလို့ပြောလိုက်ရင် အခုခေတ်လူနေမှုအဆင့်တန်းကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ တိုးတက်နေတဲ့ နည်းပညာတွေ ယဥ်ကျေးလာကြတဲ့ လူအသိုင်းဝိုင်းတွေ စသဖြင့်ပေါ့။ ယဥ်ကျေးမှုတွေ ထွန်းကားလာတာနဲ့အမျှ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ဆိုတဲ့ သဘောတရားကလည်း အမြဲကို ...
movie

Polite Society (2023)

The Monster Squad (1987)
The Monster Squad (1987) The Monster Squad ဇာတ်ကားလေးဟာ ဒါရိုက်တာ Fred Dekker ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ သူ့ခေတ်အခါတုန်းကတော့ အတော်အသင့်နာမည်ရခဲ့ပြီးတော့ Box office မှာ ၃.၈ ဘီလီယံ ဒေါ်လာ ရခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ special effects တွေက အရင် ၁၉၈၀ လောက်တုန်းကဆိုတော့ အရမ်းမကောင်းပေမဲ့ ပရိသတ်တွေကို Horror အရသာ အပြည့်ခံစားရစေပါတယ်။ 80s ကားတွေကို ပြန်ပြီး ခံစားကြည့်ချင်တယ်ဆိုရင်တော့ အိမ်မှာ ဇိမ်ခံရင်း ကြည့်လို့ကောင်းတဲ့ ကားတစ်ခုပါပဲ။ လူကြီးသူငယ်မရွေးကြည့်လို့ ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ ဒရက်ကူလာလို့ ခေါ်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ဟာ ဇာတ်လိုက်ဖြစ်တဲ့ ရှောင် နဲ့ သူငယ်ချင်းတွေရှိတဲ့ မြို့လေးမှာ နိုးထလာပြီးတော့ ပျောက်ဆုံးနေတဲ့ ဗန်ဟဲလ်ဆင်ရဲ့ ဒိုင်ယာရီကို လိုက်ရှာပါတော့တယ်။ ဒိုင်ယာရီဟာ ရှောင်တို့လက်ထဲမှာ ရှိပြီးတော့ အထဲမှာ ဒရက်ကူလာကို ...
movie

The Monster Squad (1987)

The Best Man (2023) 4.3
The Best Man (2023) The Best Man (2023) ===============ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့ကို "The Best Man"ဆိုတဲ့အက်ရှင်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။သူဌေးကြီးတစ်ဦးရဲ့သမီးပြန်ပေးဆွဲခံရရာကနေ ပြန်ကယ်ဖို့ တပ်ဖွဲ့တစ်ဖွဲ့ငှားလိုက်ပါတယ်။ အဖွဲ့သားဆုံးရှုံးမှုတွေရှိပေမဲ့ သူဌေးသမီးကိုတော့ ပြန်ကယ်လာနိုင်ခဲ့ပါတယ်။ အဲဒီနောက် အချိန်တစ်ခုကြာပြီး ကယ်ပေးတဲ့တပ်ဖွဲ့ထဲက အသက်ရှင်ကျန် ရစ်သူအဖွဲ့သားနဲ့ သူဌေးသမီးတို့ ချစ်ကြိုးသွယ်ပြီး လက်ထပ် ကြတော့မယ်ပေါ့လေ။ငွေကို‌ရေလိုသုံးနိုင်တဲ့ သူဌေးတွေဆိုတော့ မင်္ဂလာပွဲအတွက် ဟိုတယ်ကြီးတစ်ခုလုံးအပြတ်ငှားထားတာပေါ့။ အဲဒီမင်္ဂလာပွဲကို အကြမ်းဖက်သမားတွေ ဝင်စီးတော့ အရင်ကအသက်ရှင်ကျန်ရစ်တဲ့ မင်းသားတို့အဖွဲ့ကလူတွေနဲ့ အကြမ်းဖက်သမားတွေ ဘတစ်ပြန် ကျားတစ်ပြန် ဖိုက်ကြတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.58 GB) / (560 MB) / (325 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Ngwe Zin Encoder..........SWM
movie

The Best Man (2023)

2023
Maruthi Nagar Police Station(2023)
Maruthi Nagar Police Station(2023) Maruthi Nagar Police Station (2023)ဒီတစ်​ခေါက်မှာ​တော့​ပြောင်​မြောက်တဲ့ သရုပ်​​​ဆောင်​တွေဖြစ်တဲ့ Varalaxmi Sarathkumar, Santhosh Prathap, Mahat Raghavendra and Subramaniam Siva တို့ပါဝင်သရုပ်​ဆောင်ထားတဲ့ တမီးလ်ကား​ကောင်း​လေးMaruthi Nagar Police Station ကိုတင်ဆက်လိုက်ပါတယ်ငယ်စဥ်ကတည်းက​​ခင်မင်လာကြတဲ့ သူငယ်ချင်းငါး​ယောက်ဟာ ကြီးပြင်းလာသည်တိုင်​အောင်အလုပ်အကိုင်​တွေမတူ​သော်ငြားလည်း အဆက်အသွယ်မပြတ်ကာခင်မင်​နေကြတဲ့ ​ရေစက်​လေးဖြစ်ပါတယ် တစ်​နေ့မှာ​တော့​ဂျေးတစ်​​​ယောက် အလုပ်က​နေအိမ်ပြန်လမ်းမှာ မတရားမှုတစ်ခုကိုမ​တော်တဆမျက်မြင်​တွေ့လိုက်ရပြီး ရဲကိုအမြန်သတင်းသွားပို့​သော်လည်း ရဲကပါတရားခံ​တွေနဲ့ အလိုတူအလိုပါဖြစ်​နေတဲ့အခါ ​ဂျေးတစ်​ယောက်​ချောင်ပိတ်မိပါ​တော့တယ်အဲ့​နေ့ကတည်းကစပြီး ​ဂျေးဟာလည်း​​ပျောက်ခြင်းမလှ ​ပျောက်ဆုံးသွားရတဲ့အတွက် ကျန်တဲ့သူငယ်ချင်း​လေး​ယောက်ကလည်း ​ဂျေး​နောက်ဆုံးပို့ခဲ့တဲ့ ဝိုးတိုးဝါးတားအသံဖိုင်ကိုအစပြုပြီး သူငယ်ချင်းရှာပုံ​တော်ဖွင့်ကြပါ​တော့တယ် ဒီလိုနဲ့သူတို့​​လေး​ယောက်တကယ်ပဲ ​ဂျေးကိုရှာ​တွေ့ပါ့မလား အ​ကောင်ကြီး​တွေနဲ့ပတ်သက်​နေတဲ့ မတရားမှုကို​ရောအ​ဖြေရှာနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းတစ်​လျှောက်လှည့်ကွက်​ပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရှု့ရမှာပါစစ်မှန်တဲ့သူငယ်ချင်းဆက်ဆံ​ရေးတိုင်းမှာ ချစ်ခြင်း​မေတ္တာ​တွေ အ​နှောင်အဖွဲ့​တွေ ​ပေးဆပ်မှု​တွေအများကြီးပါဝင်​နေတယ်ဆိုတာကို နားလည်သွားမယ့်တမီးလ်ဇာတ်ကား​ကောင်း​လေး တစ်ကားဖြစ်ပါတယ် ဒီကား​လေးထဲမှာ စိတ်လှုပ်ရှားဖွယ်ရင်ခုန်စရာအလှည့်အ​ပြောင်း​တွေကိုတင်မကပဲ သူငယ်ချင်းဆိုတဲ့လှပတဲ့​ရေစက်​လေးကိုပါ ကြည်နူးစွာမြင်​တွေ့ရမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကား​လေးဖြစ်ပါတယ် File size…1.51GB / 700MB Quality…1080p WEB DL /  ...
movie

Maruthi Nagar Police Station(2023)

2023