Channel Myanmar

Action

Mission: Impossible (1996) 7.1
Mission: Impossible (1996) Mission: Impossible I (1996)====================IMDb Rating 7.1/101996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်.. မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ... Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့...IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာ ပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက် ရပါတယ်..တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့် ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ် ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာ ဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကို ပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေ မရရအောင်ပြန်ခိုးပါတော့တယ်...အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့ သရုပ်ဆောင်ကောင်းမှု ...ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့် ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(8.5 GB)/(1.3 GB)/(950 MB) Quality….BluRay 4K ...
movie

Mission: Impossible (1996)

1996
4K HEVC
Hidden Strike (2023) 5.8
Hidden Strike (2023)  ဂျက်ကီချန်းနဲ့ ဂျွန်စီနာတို့ရဲ့ ဟာသအက်ရှင်ကားအသစ်လာပါပြီ။ဒါရိုက်တာကလည်း Need for speed, Expend4bles တို့ရဲ့ Scott Waugh ပါ။ ဇာတ်လမ်းအကျဉ်းအရှေ့အလယ်ပိုင်းရဲ့ တရုတ်ရေနံကုမ္ပဏီတစ်ခုက ဒေသတွင်း ကြေးစားစစ်တပ်တွေကဝိုင်းတိုက်နေပြီ ဝင်စီးဖို့ကြိုးစားနေပါတယ်။ ရေနံဝန်ထမ်းတွေကို ကယ်တင်ဖို့ဂျက်ကီချန်းတို့ လုံခြုံရေးတပ်တွေ ရောက်လာပြီး ကယ်ထုတ်နေချိန်မှာကြေးစားတပ်တွေနဲ့ တိုက်ပွဲဖြစ်ပါတော့တယ်။ အဲဒီတိုက်ပွဲမှာ ဂျွန်စီနာကကြေးစားတွေဘက်ကနေ ပါလာပြီး ရေနံဝန်ထမ်းတွေရဲ့ ကားတန်းထဲကဘတ်စကားနှစ်စီးကို ဖမ်းခေါ်သွားနိုင်ခဲ့ပါတယ်။ အဲဒီလူတွေကို ပြန်ကယ်ဖို့ကြိုးစားရင်း ဂျက်ကီနဲ့ဂျွန်စီနာတို့ တွေ့ကြတဲ့အခါ....   File size… 2.12GB / 925MB Quality… WEB-Rip 1080P 5.1 CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie

Hidden Strike (2023)

Among the Beasts (2023) 6.0
Among the Beasts (2023) Among the Beasts (2023) ================== IMDb Rating - 6.0/10Action, Thriller, Mystery ဇာတ်ကားကောင်းကြိုက်သူများအတွက် Rotten Tomatoes 57%, IMDb rating 6.0/10 ရရှိထားတဲ့ ဇာတ် ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စစ်သားဟောင်းကြီး အယ်လ်တီဟာ ကျဆုံး သွားရှာပြီဖြစ်တဲ့ သူ့ရဲ့ ရဲဘော်ရဲဖက် ဘော်ဘီရဲ့ မိသားစုကို စောင့်ရှောက် ပေးနေခဲ့ပါတယ်။ တစ်နေ့မှာ ဘော်ဘီရဲ့ သမီး ကေလာ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အယ်လ်တီလည်း ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါ ဘူး။ အယ်လ်တီလည်း စိတ်ဓာတ်တွေကျ၊ တာဝန်မကျေဘူးဆိုတဲ့ ခံစား ချက်တွေနဲ့ လုံးပန်းနေခဲ့ပါတယ်။တစ်နှစ်ခန့်အကြာမှာ လိုလာ ဆိုတဲ့ မူးယစ်ဆေးဝါး‌ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဟာ သူ့ညီမဝမ်းကွဲလေး ဆိုဖီယာ ပြန်ပေးဆွဲခံရပြီး ပျောက်သွားတာမို့ ဖြစ်ပုံချင်းတူတဲ့ အယ်လ်တီ့ဆီကို အကူအညီလာတောင်းပါတယ်။ အယ်လ် တီတစ်ယောက်လည်း သူ့တာဝန်မကျေမှုကို ပြန်လည်ပေးဆပ်ဖို့အတွက် လိုလာ့ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အယ်လ်တီ၊ လိုလာနဲ့ အေဂျေတို့ သုံးယောက်ဟာ ကလေးပြန်ပေးဂိုဏ်းကို လိုက်လံစုံစမ်းတဲ့အခါ မှာတော့......(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard ...
movie

Among the Beasts (2023)

2023
The Channel (2023) 5.4
The Channel (2023) The Channel (2023) " Subtitles error FIXED!!! " ~ Rotten Tomatoes - 67% ~Crime, Thriller အမျိုးအစားကိုမှ ညီအကို မိသားစုသံယောဇဉ်တွေနဲ့ ဒရာမာပါးပါး ရောထည့်ထားတဲ့ Action ဇာတ်ကြမ်းတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ New Orleans မှာ အခြေတည်ပြီး ရိုက်ထားတာပါ။ဂျိမ်းနဲ့ မစ်တို့ ညီအကို ၂ယောက်က Irish Channel မှာ ကြီးပျင်းခဲ့ပြီး အမေရိက မရိန်းတပ်ဖွဲ့က စစ်သားဟောင်းတွေဖြစ်ပါတယ်။ ဂျိမ်းက ဉာဏ်ပြေးပြီး ဆင်ခြင်နိုင်တဲ့ ညီဆိုရင် မစ်ကတော့ သွေးဆူလွယ်ပြီး ထိန်းချုပ်ရခက်တဲ့ အကိုလို့ပြောရမှာပါ။ စစ်ကထွက်လာပြီးတဲ့‌‌ နောက်ပိုင်းမှာလည်း ပြစ်မှုတွေ ကျူးလွန်ထားပါတယ်။ ဂျိမ်းမှာက ‌ဘဏ်၀န်ထမ်း ဇနီး အေဗာ နဲ့ မွေးရာပါနှလုံးရောဂါသည် လသားအရွယ် သမီးလေးရှိပါတယ်။ နှလုံးခွဲစိတ်ဖို့ ကုန်ကျစရိတ်က ဈေးကြီးလွန်းတဲ့အတွက် ဘဏ်ခွဲတစ်ခုကို ...
movie

The Channel (2023)

2023
Sher Shivraj (2022) 8.3
Sher Shivraj (2022) Sher Shivraj (2022) *************************** IMDb-8.3/10ဘယ်လိုလက်နက်ပဲဖြစ်နေပါစေ..... လူသားပဲဖြစ်ဖြစ် တိရိစ္ဆာန်ပဲဖြစ်ဖြစ်..... နေ့ပဲဖြစ်နေနေ ညပဲဖြစ်နေနေ..... အိမ်တွင်းမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ်.... သင်ဟာ သတ်လို့မသေနိုင်တဲ့ မသေမျိုးဖြစ်စေဆိုပြီး အရှင်ဗြမ္မဟာက ဒီဆုလာဘ်ကို ဟီရန်ရာကာ့ရှပ်ဆီ ပေးအပ်ခဲ့တယ်။ဒီဆုလာဘ်ကြောင့်ပဲ ဆိုးသွမ်းလာတဲ့ ဟီရန်ရာကို နတ်ဘုရားတွေကပါ ကြောက်လန့်လာကြခဲ့တယ်။ဒါပေမယ့် သူ့သားတော် ပရယ်လားဒ်ကတော့ အရှင်ဗိဿနိုးကို ဆည်းကပ်တဲ့သူ။ဒါကြောင့်ပဲ ဟီရန်ရာကာ့ရှပ်က ပရယ်လားဒ်ကို အကြိမ်ပေါင်းများစွာသတ်ဖို့ကြံစည်ခဲ့တယ်။ ဒါပေမဲ့လည်း အရှင်ဗိဿနိုးရဲ့ဘုန်းတန်ခိုးကြောင့် ပရယ်လားဒ်ကို အကြိမ်ကြိမ်သတ်ဖို့ကြံစည်တာ မအောင်မြင်ခဲ့တဲ့နောက်မှာတော့ ပရယ်လားဒ်ကိုမေးခဲ့တယ် မင်းရဲ့အရှင်ဗိဿနိုးဘယ်မှာလဲဆိုပြီး။ပရယ်လားဒ်ကပြန်ပြောခဲ့တယ် စကြာဝဠာကြီးရဲ့ အစိတ်အပိုင်းတိုင်းမှာ အရှင်ကတည်ရှိနေပါတယ်တဲ့။ဒီတော့ ဟီရန်ရာက ဒီတိုင်မှာရှိတာလားလို့မေးလေတော့ ပရယ်လားဒ်က ဟုတ်တယ် ဒီတိုင်လုံးထဲမှာလည်းရှိတယ်ဆိုတော့ တိုင်ကို ဒေါသတကြီးနဲ့ကန်ပါလေရော။အဲဒီမှာပဲ တိုင်လုံးကအစိတ်စိတ်အမွှာမွှာကွဲပြီး လူခန္ဓာကိုယ် ခြင်္သေ့ခေါင်းနဲ့ ဗိဿနိုးရဲ့အဝတာတစ်ဆူဖြစ်တဲ့ အရှင်နာဆင်မာပေါ်လာပြီး ဟီရန်ရာကိုပွေ့ချီသွားပြီး အတွင်းလည်း မဟုတ် အပြင်လည်းမဟုတ် လူလည်းမဟုတ် တရိစ္ဆာန်လည်းမဟုတ် ဘယ်လိုလက်နက်မှလည်းမသုံးဘဲ သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ဒီဇာတ်လမ်းကိုကြားတော့ မင်းသားလေးက သူလည်းအရှင်နာဆင်မာလို မကောင်းဆိုးဝါးတွေကို သုတ်သင်ရှင်းလင်းမယ်ဆိုပြီး တိုင်တည်ပါတယ်။ တိုင်းပြည်ရဲ့ခေါင်းဆောင်ဖြစ်လာတဲ့ တစ်နေ့မှာတော့ ဟီရန်ရာလိုမကောင်းဆိုးဝါးနဲ့ စစ်ခင်းဖို့ဖြစ်လာတဲ့အချိန်မှာ မင်းသားလေးအဆင်သင့်ဖြစ်နေမလားဆိုတာတော့ ခမ်းခမ်းနားနားနဲ့ ကြည့်ရမယ့် အိန္ဒိယနန်းတွင်းကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~BpL~Cherry~Yunniတို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.3GB Quality…1080p WEBRIP  / 720p  Format…mp4 Duration….2h 23m Subtitle….Myanmar ...
movie

Sher Shivraj (2022)

2022
Rev (2020) 6.6
Rev (2020) Genre – Action, Drama, Thriller IMDB – 5.1/10ကျွန်တော့်နာမည်က မိုက်ကီ၊ အထက်တန်းကျောင်းသားဘဝကတည်းကရဲကားကိုခိုး မောင်းပြီး အဖမ်းခံရဖူးတယ်။အဲဒါနဲ့ ပြီးသွားရောလားဆိုတော့ မပြီးဘူး ပိုဆိုးလာတယ်ပေါ့။ဖြစ်ချင်တာက အိုင်တီနည်းပညာရှင်၊ App ကောင်းကောင်းလေး တီထွင်ပြီးအသက် ၂၀ မပြည့်ခင် အနားယူချင်တဲ့ကောင်မျိုး။ဒါပေမဲ့ ဘဝပေး မကောင်းပါဘူး ကွန်ပြူတာဆိုင်ဝင်လုပ်လည်းအလုပ်ပြုတ်လာပြီး ကျွမ်းကျင်တဲ့ကားသူခိုးအလုပ်ဆက်လုပ်တော့လည်း ရဲက ဖမ်းခံရပြန်တယ်။ဆရာသမားရဲတွေက အဲဒါကို ထောင်ထဲတန်းမထည့်ပဲကျွန်တော်က ကားခိုးတာကျွမ်းကျင်တော့ အပေးအယူလာလုပ်တယ်“မင်း မဟုတ်ရင် တစ်သက်တစ်ကျွန်းလောက် ကျမှာနော်” ဘာညာနဲ့ဖြဲခြောက်တော့ ကြောက်လန့်ပြီး သူတို့ပြောတာ လက်ခံလိုက်တယ်။အဲဒါက ဘာလဲဆိုတော့ ကားသူခိုးဂိုဏ်းထဲကို သူလျှိုအနေနဲ့ ဝင်ရမှာတဲ့၊ဒါနဲ့ ခေါင်းဆောင်ရဲ့ လမ်ဘော်ဂီနီကားကို ခိုးပြလိုက်တော့ခေါင်းဆောင်က သဘောကျပြီး ကျွန်တော့်ကို သူ့အဖွဲ့ထဲ ဆွဲခေါ်ခဲ့ရော။သူ့နာမည်က ချာလီ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တယ် ယုတ်မာတာမျိုးမရှိဘူးကျွန်တော့်ကိုလည်း ယုံကြည်ပြီး ပစားပေးတယ်။သူ့တွဲဖက် အာဖရိကကနေ ပြန်လာတဲ့ ဆမ်မီဆိုတဲ့ကောင်ကရော အပေါက်ဆိုးတယ် ယုတ်မာတယ်ကျွန်တော့်ကို ...
movie

Rev (2020)

2020
The Recruit (2003) 6.6
The Recruit (2003) Legend ကြီး AL Pacino နဲ့ Colin Farell တို့ အပြိုင်ကြဲထားတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.ထက်မြက်တဲ့နည်းပညာသမားတစ်ယောက်ဖြစ်သူ ဂျိမ်းစ်ကိုစီအိုင်အေမှာ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး စီနီယာနည်းပြ အနေနဲ့ငယ်ရွယ်တဲ့အရည်အချင်းရှိသူတွေကို လူသစ်စုဆောင်းဖို့ ရှာဖွေနေခဲ့တဲ့ ဝေါ်တာဘက်ခ်ကအဖေ ဖြစ်သူရဲ့အကြောင်းကို သိချင်တဲ့ ဂျိမ်းစ်ရဲ့အညှာကို ချုပ်ကိုင်ပြီး သူဖြစ်စေချင်သလိုစီအိုင်အေထဲဝင်နိုင်အောင် အပါခေါ်သွင်းခဲ့ပါတယ်."မွေးမြူရေးခြံ" လို့ အမှည်ဝှက်ပေးထားတဲ့ သူတို့ရဲ့လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ဂျိမ်းစ်ကိုစမ်းသပ်မှု အဆင့်ဆင့်ကို ဖြတ်ကျော်စေခဲ့ပါတယ်.နောက်ဆုံးစမ်းသပ်မှုကို မအောင်မြင်ခဲ့တဲ့ဂျိမ်းစ်တစ်ယောက် စိတ်ဓာတ်ကျပြိုလဲနေခဲ့ပေမယ့်ဝေါ်တာဘက်ခ်က လန်ဂလေက ဌာနချုပ်မှာနေရာတစ်ခုရအောင် စီစဉ်ပေးခဲ့ပြီးN.O.C – (Non-Offical Cover) နော့အနေနဲ့ ဌာနကအတွင်းသူလျှိုဖြစ်သူ လေလာရဲ့ချုပ်ကိုင်စေခိုင်းသူကိုရှာဖွေဖော်ထုတ်ရမယ့် တာဝန်တစ်ခုကို ချပေးခဲ့ပါတယ်ဒီနေရာအရောက်မှာတော့ ဂျိမ်းစ်အနေနဲ့သူ့ရဲ့ အော်ပရေးရှင်းကို ပြီးအောင် လုပ်နိုင်မှာလားလေလာရဲ့ နောက်ကွယ်က စေခိုင်းသူကရော ဘယ်သူဖြစ်မလဲ. ဝေါ်တာဘက်ခ်အနေနဲ့ကရော ဂျိမ်းစ်ကို နော့အနေနဲ့တပ်ဖွဲ့ထဲ ခေါ်ခဲ့တဲ့ အဓိကရည်ရွယ်ချက်ကရောဘာလဲဇာတ်လမ်းအဆုံးအထိ လှည့်စားနိုင်ဖို့ မပျက်ကွက်ခဲ့တဲ့ဒီဇာတ်ကားလေးကို CM ကနေ ပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက် ရပါတယ်. File size…  ...
movie

The Recruit (2003)

2003
The Prey (2011) 6.6
The Prey (2011) IMDb -6.6/10 ~ Rotten Tomatoes - 70%ဖရန့်ခ် အေဒရီယန်ဟာ ဘဏ်ဓားပြမှုနဲ့ ထောင်ကျ‌ နေတာဖြစ်ပြီးဓားပြမှုကနေရလာတဲ့ ပိုက်ဆံ တွေဝှက်ထားတဲ့နေရာကိုလည်းသူကလွဲရင်ဘယ်သူမှမသိပါဘူး။ဒီလိုကြောင့်လည်း ထောင်ထဲက သူ့ရဲ့တွဲဖက်တွေပစ်မှတ်ထားရန်ရှာတာကို ခံနေရသူပါ။သူ့ရဲ့ထောင်တွင်းအခန်းဖော်ကတော့ ဂျင်း လူးဝစ် မူရေးဖြစ်ပြီးဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကို စော်ကားမှုနဲ့ ထောင်ကျနေသူပါ။တနေ့မှာ မူရေးကို တခြားထောင်သားတွေက ပညာပေးနေချိန်ဖရန့်ခ်ကကြည့်မနေနိုင်တော့ပဲ ဝင်ကယ်ပေးလိုက်ရင်း မူရေးနဲ့ရင်းနှီးသွားခဲ့ပါတယ်။မူရေးကတော့ အမှုမခိုင်လုံမှုကြောင့် ကွင်းလုံးကျွတ်လွတ်သွားခဲ့ပြီးဖရန့်ခ်ရဲ့မိသားစုကိုလည်းစောင့်ရှောက်ပေးပါ့မယ်လို့ပြောခဲ့ပြီး ထောင်ကထွက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်း ကာဂါလို့ခေါ်တဲ့ ပြင်သစ်အထူးတပ်ဖွဲ့ခေါင်းဆောင်ကဖရန့်ခ်ဆီကိုလာပြီး မူရေးအကြောင်းတွေမေးမြန်းတဲ့အခါမှာတော့မူရေးကသူထင်ထားသလိုမဟုတ်ပဲ အမှောင်ဘက်ခြမ်းကြီးစိုးတဲ့စိတ္တဇတယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါဘာတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ပြင်သစ်နောက်ခံစကားပြောဇာတ်ကားကောင်းလေးဖြစ်တဲ့အပြင်Rating တွေလည်း ကောင်းတာမလို့သည်းထိပ်ရင်ဖိုအက်ရှင်ကားချစ်သူတွေ အကြိုက်‌တွေ့စေမှာပါ။ File size…  2 GB /  940 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder….  Min Wai Translated ...
movie

The Prey (2011)

2011
47 Meters Down (2019) 5.6
47 Meters Down (2019) CM Fan တွေ အတွက် အလုပ် အားလပ်ရက်မှာ အကောင်းဆုံး ကြည့်ရဖို့  ရုပ်ရှင်တစ်ကား ပေးချင်ပါတယ် ဒါကတော့ လွန်ခဲ့တဲ့လတွေက ရုံတင်သွားတဲ့ စွန့်စားမှု သည်းထိပ်ရင်ဖို ရုပ်ရှင်ပါပဲ။ ဗီလိန်ကတော့ငါးမန်းကြီးတွေပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်း ကောင်မလေး ၄ ယောက် ရေအောက်မှာ မြှပ်နေတဲ့ မြို့ဟောင်းကို သွားစူးစမ်းကြတယ်။ မထင်မှတ်တာတွေဖြစ်ပြီး ပိတ်မိသွားတယ်။ ငမန်းတွေ ပါးစပ်ကနေ လွတ်အောင် ပြေးကြရတာတွေပါပဲ။ ဒီလို survival အမျိုးအစား ရုပ်ရှင်တွေကို နှစ်သက်တတ်သူတွေအတွက် ခံစားလို့ကောင်းမှာပါ။   File size…  6 GB /  3 GB / 1.18 GB Quality… WEB Dl 4K / 1080p / 720p Format… mp4 Duration…. 1h 30m Genre ..... Adventure/Survival Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Little Neo
movie

47 Meters Down (2019)

2019
4K HEVC
Starship Troopers (1997) 7.6
Starship Troopers (1997) Genre – Action, Adventure, Sci-fi IMDB – 7.3/10ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်းပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီးလူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ်အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကိုရိုက်ကူးထားတဲ့လူပါ။နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effectစကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic ...
movie

Starship Troopers (1997)

1997
Starship Troopers 2: Hero of the Federation (2004) 5.0
Starship Troopers 2: Hero of the Federation (2004) Bugsလို့ခေါ်တဲ့ တိုက်ခိုက်နှုန်းအားပြင်းထန်တဲ့ ဂြိုလ်သားပိုးကောင်တွေနဲ့တိုက်ပွဲမှာအဆင့်မြှင့်Laser Gunတွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တာတောင်ဗိုလ်ကြီးJack Shepherdတို့အဖွဲ့ဟာ ဆုံးရှုံးမှုတွေများခဲ့ပြီး အနီးဆုံးကင်းထောက်စခန်းတစ်ခုမှာပုန်းခိုရင်းကယ်ဆယ်ရေးအဖွဲ့လာရောက်တဲ့အချိန်ကိုစောင့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.အဲ့ဒီကင်းထောက်စခန်းမှာ သူတို့ထပ်အရင်ရောက်နှင့်ထားပြီးသူတွေလဲရှိပါတယ်.ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ရင်းနဲ့ Bugsတွေအကြောင်းကိုတစ်စထက်တစ်စပိုပိုသိလာတဲ့အခါမှာ အဲ့ဒီဂြိုလ်သားပိုးကောင်တွေဟာလူသားမျိုးနွယ်တစ်ခုလုံးကိုပါဖျက်ဆီးဖို့အကြံအစည်ရှိနေတာကိုသိလိုက်ရပါတော့တယ်.ဒါကိုသူတို့အဖွဲ့ဘယ်လိုကယ်တင်မလဲ?ဒီအဖွဲ့အစည်းထဲမှာရော ဂြိုလ်သားပိုးကောင်တွေကရောထွေးဝင်ရောက်နှင့်ပြီးသားလားဆိုတာတော့ဇာတ်လမ်းထဲမှာပဲအဖြေရှာလိုက်ကြတာပေါ့.Military, science,fiction,horrorအမျိုးအစားဖြစ်ပြီး runtimeက ၉၂မိနစ်ပါ. ၂၀၀၄ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့်ယောကျာ်းလေးတွေက ဒီဇာတ်ကားမှာအသုံးပြုထားတဲ့လက်နက်ကြီးတွေကိုအခုထိသဘောကျဆဲဖြစ်ပါတယ်.Starship trooperအနေနဲ့ ၃ကားထွက်ရှိတာမလို့ပိတ်ရက်အတွက်အနားယူရင်းကြည့်ဖို့ အကောင်းဆုံးပါပဲ. File size…  2.2 GB /  790 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22m Genre .....  Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by.... Charm
movie

Starship Troopers 2: Hero of the Federation (2004)

2004
Starship Troopers 3: Marauder (2008) 5.0
Starship Troopers 3: Marauder (2008) 2008 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Starship troopers 3 ပိုးကောင်တွေနဲ့လူတွေရဲ့ကြားက တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတာပါ။ရိုခုဆန်မှာ ပိုးကောင်စစ်ပွဲဖြစ်ပွါးခဲ့ပြီးနောက် ရိုခုဆန်ဒေသခံတွေကစစ်ပွဲကို ဆန့်ကျင်လာခဲ့ပါတယ်၊ အဲဒါကြောင့် ဒေသခံတွေဟာသူတို့နယ်မြေအတွင်းရှိ စစ်သားတွေကို မထီမဲ့မြင်ဆက်ဆံလာပါတယ်။တစ်နေ့မှာတော့ စစ်ဌာနချုပ်ကနေ ဗိုလ်ချုပ်ကြီးအိုမာအနုတ်၊ဗိုလ်ချုပ်ဟောင်ဇာနဲ့ လိုလာဘက်ခ်တို့ လာရောက်လှည့်ပတ်ကြည့်ရှုပါတယ်။အဲဒီအချိန်မှာပဲ ရိုခုဆန်မှာရှိတဲ့ ပိုးကောင်တွေကိုဟန့်တားထားတဲ့ခြံစည်းရိုးလုံခြုံရေး ပျက်ဆီးသွားလို့ ဗိုလ်ချုပ်ဟောင်ဇာကစစ်မြေပြင်ကို ထိန်းချုပ်ပြီး ဗိုလ်ချုပ်ကြီးအိုမာနဲ့လိုလာဘက်ခ်တို့ကဌာနချုပ်ကိုပြန်သွားကြပါတယ်...ဗိုလ်ချုပ်ကြီးအိုမာတို့ယာဉ်ဟာ လမ်းခုလတ်မှာစက်ချို့ယွင်းပြီးကန္တာရတစ်ခုမှာ ပျက်ကျသွားပါတယ်၊ ဌာနချုပ်ကိုကယ်ဆယ်ရေးအကူအညီလှမ်းတောင်းပေမယ့် ဌာနချုပ်က လျစ်လျူရှုခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးအိုမာတို့ ဌာနချုပ်ကိုပြန်နိုင်မလား...ကန္တာရထဲမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကိုဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရအောင် File size…  2.4 GB /  1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre .....  Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni
movie

Starship Troopers 3: Marauder (2008)

2008
Justice League: Warworld (2023) 5.7
Justice League: Warworld (2023) Justice League: Warworld (2023) ========================Justice League ရဲ့ Warworld ဆိုတဲ့ Animation ကားလေးထွက် လာပါပြီ။ Warworld ဆိုတဲ့အတိုင်း စစ်ပွဲတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီး ပေါ့။ ဒါပေမဲ့ အရှိသဘောအတိုင်း တည်ရှိနေတဲ့ ကမ္ဘာမဟုတ်ပဲ ဂြိုလ် တစ်ခုလောက်ကြီးမားပြီးစကြာဝဠာတစ်ခုလုံး မာတီဗာစ့်တွေအကုန်လုံး ပြောရရင် တည်ရှိမှုအကုန်လုံးကို ဖျက်ဆီးနိုင်တဲ့ စွမ်းအားအကြီးဆုံး လက်နက်ပါပဲ။ အဲလက်နက်ရဲ့ အစွမ်းက Virtual World တစ်ခုကို တည်ဆောက်ပြီး လူတွေရဲ့ စိတ်ကိုထိန်းချုပ်ကာ လူတွေဆီက ထွက် လာတဲ့ အကြောက်တရား...အမုန်း..ဒေါသ အစရှိတဲ့ မကောင်းတဲ့ခံစား ချက်တွေကို စွမ်းအင်အရင်းအမြစ်အနေနဲ့ အသုံးချတာပါ။ဒီတော့ အကျဉ်းသားအနေနဲ့ လူတွေကို ဖမ်းဆီးပြီးအသုံးချရတာပေါ့၊ ဖမ်းခံရတဲ့သူတွေထဲ စူပါမန်း..ဘတ်မန်း နဲ့ ဝန်ဒါဝူးမန်း တို့ပါ ပါသွားခဲ့ ပါတယ်။ ဒီလိုနဲ့ သုံးယောက်သား စစ်ကမ္ဘာထဲမှာ ကျင်လည်ဖို့ရာဖြစ်လာ တော့တာပေါ့။ အစပိုင်းမှာတော့ ကောင်းဘွိုင်ခေတ်ရောက်လိုက်၊ Wizard တွေနဲ့ ချလိုက်၊ ဟီးရိုးတွေကလည်းစိတ်ထိန်းချုပ်ခံထားရတော့ သူတို့ ကိုယ်သူတို့ ဘယ်သူတွေမှန်းမသိပဲ ဇာတ်ရည်မလည်ပဲဖြစ်နေပါလိမ့်မယ်။ နောက်ဆုံးမှာတော့ တစ်စုံတစ်ခုက သူတို့ကိုလှမ်းခေါ်နေတဲ့ ...
movie

Justice League: Warworld (2023)

2023
Called to Duty (2023)
Called to Duty (2023)  ဇာတ်လမ်း အကျဥ်းကတော့ အမေရိကန်အပေါ် ခြိမ်းခြောက်လာတဲ့မြောက်ကီယန်နိုင်ငံ(မြောက်ကိုရီးယားမဟုတ်)ရဲ့ နျူလက်နက်တွေကိုသွားရောက်ခြေမှုန်းမယ့် တိုက်လေယာဥ်တပ်စုအကြောင်းရိုက်ကူးထားတာပါ...။ဒီတပ်စုကတော့ မယ်တောင်ပံလို့ခေါ်တဲ့ အမျိုးသမီးလေယာဥ်မှူးတွေပါဝင်ပြီးသူတို့က လေကြောင်းအလှပြပွဲအတွက် သရုပ်ပြပေးရတဲ့လေယာဥ်မယ်တွေပါ...။တိုက်ပွဲဝင်တိုက်စစ်မှူးတွေတောင် မဟုတ်ပါဘူး...။သို့ပေမဲ့ မည်သို့ မည်ပုံကြောင့်မသိ....မယ်တောင်ပံတွေသာ ပဲ့အကိုင်နိုင်ဆုံး ဒီစစ်ဆင်ရေးအတွက်အသင့်တော်ဆုံးဆိုပြီး... မြောက်ကီယန်ကို တိုက်ခိုက်ဖို့ လေ့ကျင့်ပေးကြပါလေရော...။လေ့ကျင့်နေရင်းနဲ့မှ မြောက်ကီယန်က နျူလက်နက်တွေနဲ့ တိုက်ခိုက်လာတော့...မယ်တောင်ပံတို့ကဟာ ဒီနျူလက်နက်တွေထုတ်လုပ်တဲ့စက်ရုံကိုအမြစ်ဖြတ်ချေမှုန်းဖို့ တာဝန်ပေးခံရပါတော့တယ်...။မစ်ရှင်ကိုအောင်မြင်အောင် မယ်တောင်ပံတို့ ဘယ်လိုအရဲ့စွန့်ပြီးလေကြောင်းတိုက်ခိုက်မှုတွေလုပ်မလဲဆိုတာ မြင်တွေ့ရမှာပါ...။  File size…1.3GB/ 551MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 40m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Called to Duty (2023)

Get the Gringo (2012) 6.9
Get the Gringo (2012) q IMDb 6.9/10 The Passion of the Christ, Braveheart စသည့်ဇတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Mel Gibson ရဲ့ထောင်တွင်းဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ San Diego ကလူဆိုးတစ်ယောက်ဆီကနေ ငွေနှစ်သန်းဘတ်လာတဲ့ မင်းသားဟာ Mexico ဖက်မှာ အဖမ်းခံရပြီး ထောင်ထဲရောက်သွားပါတယ်။ အဲဒီမှာ လူဆိုးဂိုဏ်းတွေနဲ့တွေ့ပြီး ကောင်လေးတစ်ယောက်အကူအညီနဲ့ ထောင်ကနေလွတ်အောင်ဘယ်လိုလုပ်မလဲ။ ငွေတွေကိုရော ပြန်ရပါ့မလားဆိုတာ ကြည့်ရမယ့် တကယ့်အက်ရှင် ဇာတ်ကားကောင်းတစ်ကားပါ။ မက္ကဆီကို ထောင်တွင်းအခြေအနေတွေကိုလည်း ရှင်းရှင်းလင်းလင်း တင်ဆက်ထားတဲ့ကားဖြစ်ပါတယ်။ File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wai Yan
movie

Get the Gringo (2012)

Fear the Night (2023)
Fear the Night (2023) ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ဘက်စ်နဲ့ တက်စ်တို့ဟာ ၎င်းတို့ရဲ့ လက်ထပ်ခါနီး ၀မ်းကွဲညီမဖြစ်သူ ရို့စ်အတွက် မိန်းကလေးတွေချည်းစုပြီး ပါတီကျင်းပပေးဖို့ရာအကြောင်းဖန်လာပါတယ်။ ဒီလိုနဲ့ ရို့စ်ရဲ့ တောင်းဆိုမှုကြောင့် တက်စ်တို့ညီအစ်မဟာ ၎င်းတို့ မိဘတွေပိုင်တဲ့ လူသူအရောက်အပေါက်နည်းတဲ့နေရာက လယ်ကွင်းတစ်ခုထဲက အိမ်မှာ ဘက်ခလာပါတီကျင်း‌ပပေးဖို့အတွက် ရို့စ်ရဲ့သူငယ်ချင်းတွေအပါအ၀င် မိန်းကလေးရှစ်ယောက်နဲ့အတူ ချီတက်လာကြပါတယ်။လယ်ကွင်းအိမ်ကိုရောက်ရှိသွားတဲ့အချိန်မှာတော့ တက်စ်ဟာ ခြံစောင့်တွေနဲ့ပတ်သက်ပြီး သင်္ကာမကင်းဖြစ်နေပေမယ့် ညီမဖြစ်သူ ဘက် က ရို့စ်ရဲ့ပါတီကိုမဖျက်ဆီးဖို့ပြောဆိုမှုကြောင့် နှုတ်ဆိတ်နေလိုက်ရပါတယ်။ ဒီလိုနဲ့ မိန်းကလေးတစ်သိုက်ဟာ သောက်စားပျော်ပါးရင်းနဲ့ ညဘက်အရောက်မှာတော့ မျက်နှာဖုံးတွေတပ်ထားတဲ့ အမည်မသိလူတစ်စုဟာ မြားတွေနဲ့ပစ်ခတ်ပြီး တိုက်ခိုက်လာတဲ့အခါမှာတော့ တက်စ်တို့တသိုက် ဒီလူသတ်သမားတွေလက်က ဘယ်လိုလွတ်အောင်ကြိုးစားကြမလဲ၊ လူသတ်သမားတွေကရော ဘယ်သူတွေလဲ၊ ဘာရည်ရွယ်ချက်ကြောင့် ဘလိုင်းကြီး မြားတွေနဲ့လာပစ်ပြီး သတ်ဖြတ်ဖို့ကြိုးစားကြတာလဲဆိုတာကို ကြည့်ရှုရမဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေများစွာပါ၀င်တာကြောင့် မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်ပါဘူး) File size…(1.1 GB)/(570 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Thriller Subtitle….Myanmar Subtitle ...
movie

Fear the Night (2023)

Paayum Oli Nee Yenakku (2023) 6.4
Paayum Oli Nee Yenakku (2023) Paayum Oli Nee Yenakku(2023) IMDb-6.5/10လောလောလတ်လတ်ထွက်ရှိထားတဲ့ အိန္ဒိယတမီးလ်အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အက်ရှင်တွေကြားထဲမှာ အိုင်တီပညာရှင်လေးနဲ့ အခမ်းအနားအပြင်အဆင်တွေတာဝန်ယူလုပ်ကိုင်နေတဲ့ အမျိုးသမီးလေးတို့ကြားက ရိုမန့်စ်လေးကိုလည်း ခံစားကြရမှာပါ။အိုင်တီပညာရှင် အရာဗင်က ရှားပါးတဲ့အမြင်အာရုံချို့ယွင်းမှုကို ခံစားနေရပြီး အလင်းရောင်ထဲမှာပဲ သူ့မျက်လုံးတွေက မြင်နိုင်စွမ်းရှိတာပါ။အဲဒီအခြေအနေကြောင့်ပဲ ဖြစ်ခဲ့တဲ့ မတော်တဆမှုတခုကနေ သူ့မိဘတွေကို ဆုံးရှုံးခဲ့ရပါတယ်။ဒါပေမယ့် ဦးလေးဖြစ်သူမိသားစုနဲ့အတူနေရင်း ပျော်ရွှင်တဲ့မိသားစုဘ၀လေးပိုင်ဆိုင်ပြီး ချစ်ရသူလေးနဲ့ကလည်း အပေးအယူတွေမျှနေပါပြီ။ဒီလိုနဲ့တစ်ရက် အိမ်အပြန်လမ်းမှာ မသမာသူလူတစုရဲ့ ပြန်ပေးဆွဲခြင်းခံလိုက်ရတာကနေစ သူ့အဖေဆုံးပါးသွားခဲ့ရတာရော သူ့အလုပ်နဲ့ပတ်သက်တာတွေကရော သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။မမျှော်လင့်ထားတဲ့ အကူအညီကြောင့် သူပြန်လွတ်မြောက်လာပြီးနောက်မှတော့ ဖြစ်စဉ်တွေအကုန်လုံးကို ပြန်ပြီးဖော်ထုတ်နိင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~Cherryတို့ပဲဖြစ်ပါတယ်) File size…1.8GB  / 815MB Quality…1080p True WEB DL /  720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~Cherry
movie

Paayum Oli Nee Yenakku (2023)

2023
Maurh – Lehndi Rutt De Nayak (2023) 8.4
Maurh – Lehndi Rutt De Nayak (2023) Maurh (2023)ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ IMDb 8.5/10, the times of india 4.9/5 ရရှိထားတဲ့ ၁၈၈၅ ခုနှစ်နဲ့ ၁၈၉၃ခုနှစ်အတွင်း ပန်ဂျက်တောင်ပိုင်းက ဂျေအွန်နာဆိုတဲ့ တော်လှန်ရေးသမားရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။တစ်ကမ္ဘာလုံးအနှံ့ ဗြိတိသျှတွေခြေချနေကြတဲ့ အဲ့ကာလမှာ ပန်ဂျပ်ပြည်နယ်ကလူတွေအတွက်တော့ အိမ်ခွေးကိုလည်းကြောက်ရ အပြင်ခွေးကိုလည်းလန့်ရဆိုတဲ့ အခြေအနေဖြစ်နေခဲ့ပါတယ်။ ဗြိတိသျှကိုလည်းကြောက်ရ၊ ဘုရင့်အနွယ်တော်ဆိုတဲ့ မြေရှင်တွေကြောင့်လည်းကိုယ်စိုက်တဲ့အသီး ကိုယ္မစားရ မဝရေစာလေးစားပြီး အကြောက်ကြီးကြောက်နေခဲ့ရတဲ့ ကာလပါပဲ။ ဒီမှာမှ မစားရတဲ့အသီးကို သွားထိမိတဲ့သူကတော့ အနေအေးတဲ့ လူရိုးလေးဂျေအွန်နာရဲ့အမေပါပဲ။သားကြီးကြိုက်တဲ့ မုန်ညှင်းစိမ်းလေးနည်းနည်းဝင်ခူးမိရာကစတဲ့မီးဟာ တစ်အိမ်လုံးကို တစ်စတစ်စနဲ့ပြန့်သွားပြီး ကြေးစားလူမိုက်အစ်ကိုကြီး တော်လှန်ရေးတပ်ထဲဝင်ပြီး အသက်ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုအစ်ကိုကြီးရဲ့ သေဆုံးမှုကိုကလဲ့စားချေပေးမယ့် ဂျေအွန်နာ လူတိုင်းမှာပြောစမှတ်တွင်သွားရတဲ့ဇာတ်လမ်း၊ ယုံတမ်းနဲ့ ပါးစပ်ရာဇဝင်တွေ ဘာလို့ဖြစ်လာတယ်။ သူ့ရဲ့စွန်းစားခန်း ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကို မိသားစုသံယောဇဉ်တွေ၊ ပန်ဂျပ်ပြည်သူတွေရဲ့ ဒုက္ခတွေကို ပေါ်လွင်အောင်တင်ပြထားတဲ့ကားလေးမို့ CM Bollywood Team မှ Aditi~ BpL~ ZWE~ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် File size…3.78GB / 1.4GB Quality…1080p WEB RIP /720p Format…mp4 Duration….2h 20m Subtitle….Myanmar ...
movie

Maurh – Lehndi Rutt De Nayak (2023)

2023
The Warrior (2001)
The Warrior (2001) ကိုရီးယားနဲ့ တရုတ်တို့ကြား သံတမန်ဆက်ဆံရေးဟာမင်သံတမန်အဖွဲ့သေသွားချိန်မှစပြီးနှစ်နိုင်ငံကြားဆက်ဆံရေးက ယိုယွင်းခဲ့ရပါတယ်။မင်ဧကရာဇ်က ဂိုလျောသံတမန်တွေကိုသူလျှိုလို့စွပ်စွဲပြီးနယ်နှင်ဒဏ်ပေးပြီး နှင်ထုတ်လိုက်ပါတယ်။အပြန်လမ်းမှာ သံတမန်စစ်သူကြီးတို့အဖွဲ့ဟာ မွန်ဂိုတပ်သား‌တွေပြန်ပေးဆွဲလာတဲ့မင်တိုင်းပြည်ရဲ့ မင်းသမီးလေးကိုမွန်ဂိုတပ်သားတွေလက်ထဲကနေကယ်တင်ဖို့ဖြစ်လာပါတယ်…မင်းသမီးလေးကို အန္တရာယ်ကင်းကင်းနဲ့ မင်တိုင်းပြည်ကို ပြန်ပို့နိုင်ပါ့မလားမွန်ဂိုတွေက‌ရော မင်းသမီးလေးကို ပြန်ခေါ်သွားနိုင်မလားဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ပါဦးနော်ခေါင်းဆောင်စိတ်ဓာတ်နဲ့ အနစ်နာခံမှုတွေကိုသေချာလေးရိုက်ပြထားတာမလို့ လုံးဝကိုအချိန်ကုန်မှန်းမသိလိုက်ပဲကြည့်ရတန်စေမယ့်ကားလေးပါနော် File size…  3.98 GB /  1.76 GB Quality… WEB Dl 1080i / 720p Format… mp4 Duration…. 2h 39m Genre .....  Action , War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia
movie

The Warrior (2001)

2001