Menu
Movies
Series
How To Download
Contact Us
Search
Movies
Series
How To Download
Contact Us
Search
Years
Movies
Series
How To Download
Contact Us
Action
6.5
Swordfish (2001)
Swordfish (2001) " Nudity Scene အနည်းငယ်နှင့် ကြမ်းတမ်းသော အပြောအဆိုများ ပါ၀င်သောကြောင့် သတိထားကြည့်ရှုပါရန် " ဒီကားလေးကတော့ 2001 ခုနှစ်ကထွက်ထားတဲ့ သည်းထိတ်ရင်ဖိုအက်ရှင် ကားကောင်းလေးပါ။ ဆုငါးဆုနဲ့ စံကာတင်ဆု (၁၀)ဆု၀င်ထားပြီး IMDb rating - 6.5/10 ရထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Wolverine မင်းသားကြီး Hugh Jackman ရယ်၊ X-Men ထဲမှာပဲ Storm အဖြစ်သရုပ်ဆောင်ခဲ့တဲ့ အော်စကာဆုရှင် Halle Berry ရယ်၊ 1970-80 ပြည့်နှစ်တွေက ဗီလိန်မင်းသားလို့မျက်မှန်းတန်းမိကြတဲ့ John Travolta ရယ်၊ Avengers ထဲက War Machine သရုပ်ဆောင် Don Cheadle နဲ့ဆိုတော့ Cast တွေနဲ့တင် စိတ်မပျက်စေရမယ့်ဇာတ်ကားမျိုးပါပဲ။စတန်က ခံ၀န်နဲ့လွတ်နေတဲ့ ဟက်ကာတစ်ယောက်ပါ။ တစ်နေ့ သူ့ဆီကို ဂျင်းဂျားဆိုတဲ့အလှပဂေးလေးက လူတစ်ယောက်နဲ့လိုက်တွေ့ဖို့ လာခေါ်ပါတယ်။ ...
movie
Swordfish (2001)
2001
Skyline (2010)
ဒီကားလေးကတော့ Survival ကားမျိုးလေးပါ ဒါပေမဲ့ သူတို့ရင်ဆိုင်ရမှာက ဒီကမ္ဘာပေါ်က သားရဲတွေ ဇွန်ဘီတွေမဟုတ်ဘဲ အဲ့တာတွေထပ်ပိုဆိုးတဲ့ အခြားကမ္ဘာက ဂြိုဟ်ကောင်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်လို့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်ဇာတ်လမ်းလေးကတော့ ဂျယ်ရော့ဒ်နဲ့အယ်လိန်းတို့ချစ်သူနှစ်ဦးဟာ ဂျယ်ရော့ဒ်ရဲ့သူငယ်ချင်းဖြစ်သူ တယ်ရီရဲ့မွေးနေ့ပွဲကိုတက်ရောက်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်ကိုလာခဲ့ကြပါတယ် ကံဆိုးစွာနဲ့ပဲ အဲ့ညမှာ ထူးဆန်းတဲ့အလင်းတွေကြောင့် ဂျယ်ရော့ဒ်တို့နိုးသွားကြပြီး ထကြည့်ကြတဲ့အခါ အဲ့အလင်းကိုမြင်တဲ့သူတွေတိုင်းဟာ စိတ်လွတ်ပြီး အဲ့အလင်းထုတ်တဲ့သတ္တဝါကြီးတွေရဲ့ထိန်းချုပ်မှုကိုခံလိုက်ရတယ်ဆိုတာ သိလိုက်ကြတယ်ထိုအလင်းကြီးကိုမမြင်မိဖို့ ပြတင်းပေါက်တွေကို အိပ်ရာခင်းတွေနဲ့ကာကြရတယ် အပြင်ကိုလည်းထွက်လို့မရဘဲ အဲ့တိုက်မှာပဲ ဂျယ်ရော့ဒ်တို့လူတစ်စုပိတ်မိနေတော့တယ် နောက်တော့ ပိုဆိုးလာပြီး အဲ့ဂြိုဟ်သားတွေဟာ ပြတင်းပေါက်တွေကိုပါဖွင့်ပြီးဝင်လာကြတဲ့အခါ သူတို့ဘယ်လိုလွတ်မြောက်အောင်ကြိုးစားရမလဲဆိုတာ စိတ်လှုပ်ရှားစရာကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.5 GB)/(840 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Adventure, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
Skyline (2010)
6.1
Deep Rising (1998)
Deep Rising (1998)မူလဘူထ Phoenix ဖြစ်ခဲ့တဲ့အပြင် Bond Girl ပါ ဖြစ်ခဲ့ဖူးတဲ့ မမ Famke Janssen ပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာတော့ CGI တွေပီပြင်လွန်းလို့ ကြည့်ရှုသူများကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားဖီနီဂန်ဟာ ပိုက်ဆံရရင်ပြီးရော ဘာမှဂရုမစိုက်ဘူးဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင်ပြီး လူတစ်စုကို သူ့စက်လှေပေါ်တင်ဆောင်လာခဲ့တယ်။ ဘယ်ကို မောင်းနေမှန်းမသိ မောင်းပေးရင်း သူ့စက်လှေပေါ်မှာ အဲ့လူတွေက တော်ပီဒိုတွေ တင်ဆောင်လာတာကို သိလိုက်ရတယ်။သူတို့မောင်းစေချင်တဲ့နေရာ ရောက်ခါနီးမှာတော့ Speed Boat တစ်စင်းကို တိုက်မိသွားတယ်။ အနီးအနားမှာ ဇိမ်ခံသင်္ဘောတစ်စင်းကို တွေ့လိုက်ရတော့ အကူအညီတောင်းဖို့ စဉ်းစားလိုက်ပါတယ်။ ကံဆိုးချင်တော့ သူခေါ်လာပေးတဲ့လူတစ်စုဟာ အဲဒီဇိမ်ခံသင်္ဘောကို အနုကြမ်းစီးမယ့် အုပ်စု ဖြစ်လို့နေပါတယ်။ သူတို့ သင်္ဘောပေါ် ရောက်ချိန်မှာတော့ မျှော်လင့်ထားသလို မဟုတ်ဘဲ လူတွေအားလုံး ပျောက်ဆုံးနေပါတော့တယ်။အကြောင်းရင်းကိုရှာဖွေကြရင်း သူတို့ချည်းပဲ ရှိနေတာမဟုတ်ဘူးဆိုတာ သိလိုက်ရချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie
Deep Rising (1998)
1998
Hadik (2023)
ဟန်ဂေရီစကားပြော ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ စစ်ပွဲ ရုပ်ရှင် Hadikက မကြာသေးခင်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Seven Years' War လို့ခေါ်တဲ့ ဥရောပတစ်ခွင်က နိုင်ငံကြီးတွေရဲ့ စစ်ပွဲအတွင်းမှာ Prussia နိုင်ငံက အေးချမ်းတဲ့ Austriaနိုင်ငံကို စစ်ပွဲတွေဆက်တိုက် တိုက်နေတဲ့အချိန်မှာ ဇာတ်လမ်းတည်ထားပါတယ်။ ဘုရင်မကြီး Maria Theresa ရဲ့ အယုံကြည်ရဆုံး စစ်ဗိုလ်မှူးချုပ်ဖြစ်တဲ့ Andras Hadikဟာ မြင်းစီးစစ်သည်တော်တွေကို ခေါ်ဆောင်ပြီး Prussia Empireရဲ့ အသည်းနှလုံးဖြစ်တဲ့ Berlin မြို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ဗိုလ်ချုပ် Hadikက စစ်ပွဲအတွင်းမှာ ထက်မြတ်ပြီး သတ္တိရှိသူဖြစ်ပေမယ့် မလိုမုန်းထားသူတွေအလွန်များပါတယ်။ တစ်ရက်စစ်ပွဲအတွင်းမှာ ရန်သူတွေရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ကို လိုက်ယူရင်းနဲ့ ဒဏ်ရာရသွားပြီး မလိုသူတွေကြောင့် ရာထူးချခံရကာ နေရပ်ကိုပြန်သွားခဲ့ပါတယ်။ မိသားစုနဲ့အတူ အချိန်ကုန်ဆုံးနေတုန်းမှာ ညီအစ်ကိုလို ချစ်ခင်တဲ့ ဗိုလ်ချုပ် Farkas Babochay ရောက်လာပြီး ...
movie
Hadik (2023)
6.7
The Salvation (2014)
classic westernကားကောင်းကောင်းကြည့်ချင်တယ်...actionခန်း သေနတ်ပစ်ခန်းကောင်းကောင်းတွေလည်းပါရမယ်..ဇာတ်လမ်းကလည်း Drama Thrillerလေးမှဆိုရင် ဒီကားကိုကြည့်ဖြစ်အောင်ကြည့်ပါဗျာ...။သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ခပ်အေးအေးနဲ့ ဇာတ်ရုပ်နဲ့လိုက်ဖက်လွန်းပါတယ်...။Danish မင်းသားကြီး Mads Mikkelsenရဲ့ သရုပ်ဆောင်ဟန်တွေကိုဒီမှာမြင်တွေ့ရဦးမယ့်အပြင် မင်းသားကြီး Mikael Persbrandtကလည်းအားဖြည့်ပါဝင်ထားပါတယ်...။မင်းသမီးEva Greenဆိုရင် တစ်ကားလုံးစကားတစ်ခွန်းမှမပြောဘဲလူကြမ်းမကြီးအသွင်နဲ့ သရုပ်ဆောင်ပြသွားပါသေးတယ်...။စကားများများမပြောဘဲ ရိုက်ကွင်းရိုက်ကွက်နဲ့ ဇာတ်အိမ်ထဲမျှောပြီးခံစားရမယ့်ကားမျိုးပါ...။ဇာတ်ကြောင်းကလည်းရိုးရိုးရှင်းရှင်းပါပဲ...သားနဲ့ဇနီးက ဗီလိန်တွေသတ်ဖြတ်တာကိုခံလိုက်ရလို့ တုန့်ပြန်လက်စားချေတဲ့ဖခင်တစ်ယောက်ရဲ့ဇာတ်လမ်းပါ...။ခံစားကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်ဗျ...။ File size…1.44GB / 671MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
The Salvation (2014)
6
Re:Born (2016)
Re:Born (2016)~ IMDb - 6/10, Rotten Tomatoes - 65% ~မြို့ငယ်လေးတစ်မြို့မှာ စတိုးဆိုင်ငယ်လေး တစ်ခု ဖွင့်ထားတဲ့ တိုရှီရို ဆိုတဲ့သူ တစ်ဦးရှိပြီး ဆာချီ ဆိုတဲ့ ကလေးမလေးနဲ့ အတူ နေထိုင်လျက် ရှိပါတယ်။ သွေးမတော် သားမစပ်ကြပေမဲ့ ဆာချီကို တိုရှီရိုက သမီးလေးတစ်ယောက်လို စောင့်ရှောက်ထားတာပါ။ဘယ်သူမှ မသိကြတာကတော့ တိုရှီရိုဟာ ဇာတ်မြှုပ် နေတဲ့ စစ်သားဟောင်းတစ်ဦးဆိုတာပါ။ နယ်နယ်ရရ စစ်သားမဟုတ်ဘဲ တိုက်ပွဲတိုင်းမှာ ရန်သူကို သွေးအေးအေးနဲ့ သတ်ဖြတ်တတ်တဲ့ ဒဏ္ဍာရီလာ ဂို့စ်တ် ဆိုတဲ့ စစ်သားပါပဲ။ဇာတ်မြှုပ်နေနေတဲ့ တိုရှီရိုကို သူ့ရဲ့ တပ်ဖွဲ့ဟောင်းက ပြန်ခြေရာခံမိတဲ့အခါမှာတော့ တိုရှီရိုတစ်ယောက် သူ့ကို သတ်မဲ့ ကြေးစားတွေနဲ့ လိုက်တမ်းပြေးတမ်း ကစားရပါတော့တယ်။သွေးသံရဲရဲ သတ်ဖြတ်ချက်တွေ၊ အက်ရှင်ကောင်းကောင်းတွေနဲ့ အများနဲ့တစ်ယောက် စိန်ပြေးလိုက်တမ်းတွေနဲ့ ဂျွန်၀စ်ဆန်ဆန် ရိုက်ချက်တွေကို ကြည့်ရအုံးမှာမို့ ...
movie
Re:Born (2016)
2016
7.5
Scott Pilgrim vs. the World (2010)
Scott Pilgrim vs. the World (2010)~ IMDb - 7.5/10, Rotten Tomatoes - 82% ~ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ ...
movie
Scott Pilgrim vs. the World (2010)
2010
4K HEVC
7.3
Project A (1983)
IMDb (7.4/10).....Rotten Tomatoes (83%) ဂျက်ကီချန်းရဲ့ နာမည်ကျော်ဇာတ်ကားဖြစ်ပါတယ်။ Non-stop Action တွေမို့လို့ ကြည့်ရတာ လုံးဝတန်မှာပါ။ Action အတော်များများကို Special Effect တွေမသုံးဘဲ လူကိုယ်တိုင်ရိုက်ကူးထားပါတယ်။ ဟာသဆန်ပြီး သွက်လက်လွန်းတာကြောင့် ဇာတ်လမ်းလေးတိုလွန်းတယ်လို့ မချင့်မရဲဖြစ်မိပါတယ်။ (Sher Lock Aye Nyein မှဘာသာပြန်တင်ဆက်ထားတာပါ။) File size…(4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Action, Advanture, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Sher Lock Aye Nyein
movie
Project A (1983)
1983
7.3
Justice League x RWBY: Super Heroes & Huntsmen, Part Two (2023)
Justice League x RWBY: Super Heroes & Huntsmen, Part Two (2023) ================================================= IMDb Rating - 7.3/10DC animation နဲ့ အမေရိကန် anime ဇာတ်လမ်းတွဲ RWBY တို့ တွဲဖက် crossover လုပ်ထားတဲ့ Huntsmen အပိုင်း ၂ ထပ်ထွက် လာပါပြီ။ဂျက်စတစ်လိဂ်အဖွဲ့ ရူဘီတို့ကမ္ဘာထဲက ဗီလိန်ကြီးကို နှိမ်နင်းပြီး သူတို့ကမ္ဘာကို ပြန်လာခဲ့ပေမယ့်၊ ကေးဂေါ့ဆိုတဲ့ ဗီလိန်က မသေ ဆုံးသွားဘဲ လူသားကမ္ဘာထဲကို လွတ်မြောက်သွားပါတယ်။ ရူဘီတို့ ကမ္ဘာထဲက ဝတ်စ်ဆိုတဲ့ မသေမျိုးတစ်ယောက်နဲ့ပူးပေါင်းကာ ဂျက် စတစ်လိဂ်တို့ကမ္ဘာကို အပိုင်သိမ်းပြီး လူသားမျိုးနွယ်ကို ခြိမ်းခြောက် လာတဲ့အခါမှာ...စူပါမန်း ဘတ်မန်း ဝန်းဒါးဝူးမန်းတို့ပါဝင်တဲ့ ဂျက်စ တစ်လိဂ်နဲ့ RWBY တို့အဖွဲ့ ပူးပေါင်းကာ လူသားကမ္ဘာကို ကာကွယ် ရပါတော့တယ်။ Part 1 မကြည့်ရသေးသူများက ဒီလင့်က ဒေါင်းလို့ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.62 ...
movie
Justice League x RWBY: Super Heroes & Huntsmen, Part Two (2023)
2023
5.2
Justice League x RWBY: Super Heroes & Huntsmen, Part One (2023)
Justice League x RWBY: Super Heroes & Huntsmen, Part One (2023) ================================================= IMDb Rating - 5.2/10DC ရဲ့ justice league animation ကားသစ်လေးပါ။ Justice leagueတစ်ဖွဲ့လုံး Darkside နဲ့တိုက်ခိုက်ရင်း တစ်ခြား ကမ္ဘာကို အပို့ခံလိုက်ရပါတယ် ။ အဲ့ဒီကမ္ဘာမှာ justice league တစ်ဖွဲ့လုံး ဆယ်ကျော်သက်တွေဖြစ်ကုန်ပြီး အစွမ်းတွေလည်း ပျောက်ကုန်ပါတယ်။ အဲ့ဒီအစား သူတို့ရောက်သွားတဲ့ကမ္ဘာက အစွမ်းရှိတဲ့ လူတစ်စုနဲ့ထိပ်တိုက်တွေ့ပြီး နေသားတစ်ကျဖြစ်ဖို့ ကြိုးစားရပါတယ် ။ကမ္ဘာအသစ်မှာ အစွမ်းအသစ်တွေရလာပြီး Batman ဆိုရင် အတောင်ပံတွေပေါက်လာပါတယ်။ နောက်ဆုံးတော့ သူတို့ကမ္ဘာ ကို ပြန်သွားဖို့ကြိုးစားရင်း မူလအစွမ်းတွေရဖို့ ကမ္ဘာသစ်ဆီက villainကြီးတစ်ကောင်နဲ့ရင်ဆိုင်ရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.8 GB) / (710 MB) / (449 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr ...
movie
Justice League x RWBY: Super Heroes & Huntsmen, Part One (2023)
2023
6.3
Dracula Untold (2014)
Dracula Untold (2014) ========== Dracula Untold 2 အဆက်ထွက်ဖို့ ပြောနေကြလို့ ပထမဇာတ်ကားကို 4K Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဘဝမှာမလွဲမသာတဲ့အခြေနေတစ်ခုကိုရောက်လာတိုင်းလုပ်သင့်လုပ်ထိုက်တဲ့အရာကို ချက်ချင်းဆုံးဖြတ်ချက်ချပြီးလုပ်နိုင်တဲ့သူဟာ လူတော်ပါပဲ.... တကယ်လို့အဲဒီလုပ်သင့်လုပ်ထိုက်တဲ့အရာက အကောင်းဆုံးမဟုတ်ရင်တောင်မှ အဆုံးဝါးဆုံးအရာဖြစ်နေရင်ကော သင်ဘာကိုရွေးချယ်မလဲ... အရေးကြီးတဲ့အရာကိုလုပ်ဖို့ အဆုံးဝါးဆုံးအရာကိုရွေးချယ်မလား.... ဒါမှမဟုတ် ပုံမှန်သဘာဝအတိုင်းပဲရင်ဆိုင်ဖို့ ကြိုးစားမလား...ဒီဇာတ်လမ်းကိုကြည့်ရအောင်ပါ....ဒီဇာတ်လမ်းလေးဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိထားတဲ့ Dracula ဆိုတဲ့ဝတ္တုကိုအခြေခံပြီးတော့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်...တိုင်းပြည်တစ်ပြည်ရဲ့ မင်းသားဘလက်ဟာ တူရကီနိုင်ငံရဲ့လက်အောက်ခံကျွန်ဘဝကနေလွတ်မြောက်လာခဲ့ပြီး တိုင်းပြည်ရဲ့ဘုရင်တစ်ပါးဖြစ်လာခဲ့ပါတယ်... စစ်ဆင်ရေးတစ်ခုမှာ မင်းသားဘလက်နဲ့သူ့ရဲ့စစ်သားတွေဟာ တူရကီတွေကိုလိုက်လံခြေမှုန်းရာကနေ ဂူတစ်ခုမှာ သွေးစုပ်ဖုတ်ကောင်တစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်... သူ့ရဲ့စစ်သားအားလုံးသေပြီးတော့ သူတစ်ယောက်တည်းသာလွတ်မြောက်လာခဲ့ပါတယ်...တစ်နေ့ ဘလက်ဟာ သူ့ရဲ့သားနဲ့ဇနီးနဲ့အတူ Dracula နန်းတော်မှာ စားသောက်ပွဲကျင်းပနေတဲ့အချိန် တူရကီစစ်တပ်များရောက်လာပြီးတော့ ယောကျ်ားလေးအယောက် ၁၀၀၀ ကိုသူတို့စစ်တပ်အတွက်တောင်းဆိုခဲ့ပါတယ်..ငယ်သားတွေကိုကြင်နာတဲ့ ဘလက်ဟာ လူတွေအစားငွေတွေကိုပေးဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်းမအောင်မြင်ခဲ့ပါဘူး...ဒါကြောင့် တူရကီတွေဟာသူတို့တိုင်းပြည်ကို စစ်တိုက်ဖို့ပြင်လာပါတော့တယ်...တကယ်တမ်း စစ်တိုက်ဖို့အတွက် တူရကီတွေနဲ့ယှဉ်လာရင် သူတို့ဟာအင်အားမမျှခဲ့ပါဘူး...ဒါကြောင့်ကျူးကျော်လာတဲ့ အင်အားကြီးတဲ့တူရကီတွေကိုပြန်လည်တုန့်ပြန်ဖို့ အင်အားတွေကိုလိုလာခဲ့ပါတယ်...မင်းသားဘလက်ဟာ သူ့တိုင်းပြည်အတွက်ဆုံးဖြတ်ပြီး သူတို့ကိုတိုက်ခိုက်ခဲ့တဲ့ သွေးစုပ်ဖုတ်ကောင်ဆီကနေ အကူညီတောင်းခံခဲ့ပါတယ်...ဒါကြောင့် သွေးစုပ်ဖုတ်ကောင်ဟာ သူ့ကိုအင်အားကြီးမားတဲ့ Dracula အဖြစ် ၃ ရက်ရှင်သန်စေခဲ့ပါတယ်...ထို ၃ ရက်အတွင်းမှာ ...
movie
Dracula Untold (2014)
2014
4K HEVC
Fantasy Mission Force (1983)
သရုပ်ဆောင်မင်းသားကြီး ဂျက်ကီချန်းပါဝင်တဲ့ ဒီဇာတ်ကားကတော့ ဂျပန်မဲ့ တရုတ်စစ်တွင်းကာလကို နောက်ခံပြုထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။တိုက်ပွဲတစ်ပွဲမှာ ဂျပန်တွေက တရုတ်ဘက်က ခေါင်းဆောင် ၄ ယောက်ကို ဖမ်းခေါ်သွားခဲ့တယ်။ ဒီသတင်းပြန့်သွားရင် တပ်သားတွေ စိတ်ဓာတ်ကျကုန်မှာစိုးလို့ဆိုပြီး အဖွဲ့သစ်တစ်ဖွဲ့ ဖွဲ့ပြီး ၄ ရက်အတွင်း ခေါင်းဆောင်တွေကို ပြန်ခေါ်လာခိုင်းတယ်။ အဲ့အဖွဲ့မှာဆိုရင်တော့ သူခိုးလောင်စွန်း၊ ထွက်ပြေးချန်ပီယံ၊ ကလိမ်ကကျစ်သမားနဲ့ သူ့ရည်းစားဟောင်း၊ လက်ဝှေ့သမားနဲ့ သူ့ပါတနာတွေ ပါတယ်။ ပိုက်ဆံရမယ်ဆို ဘာမဆို လုပ်မယ်ဆိုတဲ့ အဖွဲ့တွေပေါ့။ပရမ်းပတာ အဖွဲ့ဖြစ်တဲ့ သူတို့တွေ အလွဲလွဲအချော်ချော်တွေကြားထဲက မစ်ရှင်ကို ဘယ်လို ကျေပွန်အောင် ဆောင်ရွက်ကြမလဲ ဟာသနှောပြီး ကြည့်ရမဲ့ Comedy, Action ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ဒါပေမဲ့ သူတို့တွေ တကယ်ပဲ မစ်ရှင်ကို အောင်မြင်နိုင်ပါ့မလား၊ ကိစ္စက သူတို့ထင်ခဲ့သလို ရိုးရှင်းမနေခဲ့မှန်း သိလိုက်ရတဲ့အချိန်မှာ တကယ့် final boss က ...
movie
Fantasy Mission Force (1983)
7.2
Marshland (2014)
MDB -7.2 Rotten Tomatoes - 92% အထိရထားတဲ့စပိန်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဇာတ်လမ်းအကျဉ်းက ပတ်ဒရိုဆွာရက်ဇ် ရဲတစ်ယောက်ဖြစ်ပြီးကအစိုးရကိုဝေဖန်တဲ့စာတစ်စောင်ရေးခဲ့တဲ့အတွက် မက်ဒရစ်မြို့ကနေ နယ်မြို့ကိုပြောင်းရွှေ့ခံလိုက်ရတယ်သူရောက်သွားတဲ့မြို့မှာ ကျောင်းသူအရွယ်မိန်းကလေးနှစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အမှုက တိုင်ကြားချက်ရောက်လာတဲ့အတွက်ပက်ဒရိုနဲ့ သူရဲ့တွဲဖက်ဖြစ်တဲ့ ဟွမ်ရော့ဘ်လက်စ် တို့ကစုံစမ်းမှုကိုစတင်ကြပါတော့တယ်။ အရင်က ဒီလိုအလားတူအမှုမျိုးတွေရှိဆိုပေမယ့် ခံရသူတွေကသူတို့ရဲ့ဂုဏ်သိက္ခာထိခိုက်တယ်လို့ယူဆတဲ့အတွက် အမှုတွေပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ပျောက်သွားတဲ့မိန်းကလေးတွေရဲ့ ဖခင်ကနေ တဖြည်းဖြည်းလိုက်စုံစမ်းပေမယ့်လုံလောက်တဲ့သဲလွန်စတွေမရခဲ့ပါဘူး။ပျောက်ဆုံးပြီးသုံးရက်အကြာမှာ မိန်းကလေးတွေရဲ့ အလောင်းကိုမြစ်ထဲမှာစတင်တွေ့ရှိပြီးနောက်မှာတော့...... File size…1.68GB / 761MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie
Marshland (2014)
8.0
Peddha Kapu – 1 (2023)
Peddha Kapu 1 (2023) [အလံလုကြသူများ] IMDB --- 8.0/10ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ကားလေးကတော့ ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်ဇာတ်ဝင်ခန်းတွေပါတဲ့ နိုင်ငံရေးတေလဂူးဘာသာ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းရဲ့အစမှာတော့ ၁၉၆၂ခုနှစ်မှာ ဂိုဒါဗာရီမြစ်တစ်လျှောက်က ရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကနေ အစပြုထားပါတယ်။ ဒီရွာတွေက လူတွေဟာ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးကြရင်း အဲဒီထဲက သားအမိနှစ်ယောက်ဟာ ကွင်းပြင်ထဲမှာ ကလေးလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ်။သူတို့ကိုယ်တိုင်လည်း လူချည်းလွတ်အောင် ပြေးလာခဲ့ရသူတွေမလို့ ကလေးကို မစောင့်ရှောက်နိုင်ပေမဲ့ ပစ်မထားရက်ခဲ့တာကြောင့် ကလေးကို သူများကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကလေးကို မွေးစားလိုက်တဲ့သူကတော့ စိတ်နှလုံးသားဖြူစင်တဲ့ အရက်သမားတစ်ယောက်ပေါ့ အဲဒီနောက်မှာတော့ ရွာမှာ ပါတီကြီးနှစ်ခုဖြစ်တဲ့ ဆတ်တရာရန်ဂီရ်နဲ့ ဘာယာနာတို့ ပါတီနှစ်ခု။ဘာယာနာကတော့ ပျော့ပျော့လေးနဲ့ ဆွဲခေါ်တတ်တဲ့သူဖြစ်ပြီးတော့ ဆတ်တရာရန်ဂီရ်ကတော့ သတ်မယ်ဖြတ်မယ်ဆိုတဲ့သူမျိုးပေါ့။ ဘာယာနာက သူတို့ပါတီအတွက် အလံထောင်ဖို့ သူ့နောက်လိုက်တဲ့သူတွေကို ခိုင်းတဲ့အခါမှာ အလံထောင်တာကို မကြိုက်တဲ့ ဆတ်တရာတို့က ဘယ်လိုတွေ ပြဿနာလုပ်ကြမလဲ …….. သူတို့ပါတီဝင်နှစ်ခု နောက်ပိုင်းမှာရော ဘာတွေ ဆက်ဖြစ်သွားကြမလဲ ……အရက်သမားမွေးစားလိုက်တဲ့ ကလေးလေးကရော ကြီးလာတဲ့အခါမှာ ဒီဇာတ်လမ်းရဲ့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်သွားမလဲဆိုတာတွေကို ...
movie
Peddha Kapu – 1 (2023)
2023
Fearless Hyena 2 (1983)
မင်းသားကြီး ဂျက်ကီချန်းရဲ့အစောပိုင်းဇာတ်ကားကောင်းတွေထဲက တစ်ကားဖြစ်တဲ့အတွက် ထွေထွေထူးထူးညွှန်းဖို့တောင်လိုမယ်မထင်ပါဘူးတရုတ်ပြည်ရဲ့ကိုလိုနီမတိုင်ခင်ရှေ့ခေတ်ကို ဇာတ်အိမ်တည်ထားပြီး ဂျက်ကီချမ်းကတော့ ထုံးစံအတိုင်း အားလုံဆိုတဲ့ သိုင်းသမားလူငယ်လေးဖြစ်ပါတယ် ဇာတ်လမ်းအစပိုင်းမှာတော့ မိစ္ဆာကျင့်စဉ်ကိုကျင့်ကြံတဲ့ သိုင်းဆရာနှစ်ယောက်ဟာ တရားမျှတတဲ့ဂိုဏ်းတွေကိုလိုက်သုတ်သင်နေတာကိုတွေ့ရမှာပါ "ချင်" မိသားစုဟာလည်းတစ်ဂိုဏ်းလုံးသုတ်သင်ခံလိုက်ရပြီး ညီအစ်ကိုနှစ်ယောက်နဲ့ သူတို့ရဲ့သားနှစ်ယောက်ဖြစ်တဲ့ အားလုံနဲ့ အားတုန်တို့ပဲကျန်ခဲ့တာပါ နှစ်တွေကြာလာပြီးတဲ့နောက်မှာတော့ ချင်မိသားစုဝင်တွေဟာမိစ္ဆာတွေလက်ထဲကလွတ်မြောက်နိုင်ပါ့မလား တရားမျှတတဲ့သူနဲ့ ယုတ်မာတဲ့သူတွေကြားကတိုက်ပွဲမှာ ဘယ်သူအနိုင်ရသွားမလဲဆိုတာကိုကြည့်ရှူရမှာဖြစ်ပါတယ် အက်ရှင်နဲ့ သိုင်းကွက်တွေအပြည့်ပြထားတဲ့အပြင် ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းတဲ့ "old but gold" ရုပ်ရှင်တစ်ကား ဆိုရင်လည်းမမှားပါဘူး..... File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Drama, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn
movie
Fearless Hyena 2 (1983)
5.8
Dragon Gate Posthouse 10: Wolf Warrior ( 2018 )
နောက်ဆုံးအပိုင်းဖြစ်တဲ့ ဒီကားလေးမှာတော့ လုံမိန်ရပ်နားစခန်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဖုန်းစစ်ညန်ရဲ့ဒဏ္ဍာရီ လုံမိန်ရပ်နားစခန်းရဲ့ဒဏ္ဍာရီအကြောင်းပဲဖြစ်ပါတယ်။ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်ဒီမှာရှာပါ ဖုန်းစစ်ညန်ဟာ ကန္တာရကိုအမြဲငေးမောကြည့်နေတတ်တယ်။ သူကတစ်ယောက်ယောက်ကိုစောင့်နေသလိုပါပဲ။ ဖုန်းစစ်ညန်ဟာ တစ်သက်ဆုံးပေါင်းဖက်သွားမယ်လို့ကတိပေးခဲ့တဲ့ ချစ်ရသူကိုစောင့်နေတာပဲဖြစ်တယ်။ဒါပေမယ့် ဖုန်းစစ်ညန်ရဲ့ချစ်ရသူ စစ်သူကြီးရွှီဟာ လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းက တိုက်ပွဲမှာကျဆုံးသွားခဲ့တယ်။ ဒါပေမယ့် သူ့မှာမျှော်လင့်ချက်တွေရှိနေတုန်းပဲ။ တစ်နေ့မှာတော့ ညမှာပဲပေါ်လာတတ်တဲ့ ဝံပုလွေမိစ္ဆာစစ်သည်တွေဆိုပြီး ကောလဟာလရှိတဲ့ ရက်စက်တဲ့စစ်သည်တွေဟာ လုံမိန်ရပ်နားစခန်းကိုရောက်လာခဲ့ပြီး စစ်သူကြီးရွှီဟာမိစ္ဆာစစ်သည်တွေထဲကတစ်ယောက်ဖြစ်နေတယ်။ဝံပုလွေမိစ္ဆာစစ်သည်တွေက တကယ်ပဲသရဲလား လူလား....... ဖုန်းစစ်ညန်ရဲ့ချစ်ရသူ စစ်သူကြီးကဘယ်လိုကြောင့်ဒီအဖြစ်မျိုးရောက်သွားရတာလဲ....... စစ်သူကြီးရဲ့လုံမိန်ရဲ့ကံကြမ္မာဟာဘယ်လိုဖြစ်သွားမလဲ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , History , Mystery Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie
Dragon Gate Posthouse 10: Wolf Warrior ( 2018 )
American Ninja 3: Blood Hunt (1989)
ဒီတစ်ကားမှာတော့ ရှောင်ဒေးဗစ်ဆန်ဆိုတဲ့ကောင်လေးဟာ သူ့အဖေပါဝင်မယ့် နပန်းပွဲကို ကြည့်ဖို့ရောက်နေတာ ဖြစ်ပြီး စိတ်လှုပ်ရှားနေတဲ့အတွက် သူ့အဖေကို စင်နောက်မှာ သွားရှာပါတော့တယ်။ ဒီအချိန်မှာ ကောင်တာကို ဓားပြတိုက်ဖို့ လာတဲ့အဖွဲ့နဲ့တိုးပြီး ရှောင်ကို ဓားစာခံအဖြစ် ချုပ်ထားပါတော့တယ်။ဒီအချိန်မှာပဲ ရှောင်ရဲ့အဖေဖြစ်သူဟာ ရှောင့်ကို ကယ်ဖို့ကြိုးစားရင်း ပစ်သတ်ခံလိုက်ရပါတော့တယ်။ ဖခင်ကိုဆုံးရှုံးလိုက်ရတဲ့ ရှောင့်ကို ဂျပန်လူမျိုး အီဇူမိုဆိုတဲ့လူကြီးက ပြုစုစောင့်ရှောက်ခဲ့ပြီး နင်ဂျာအတတ်ပညာတွေကို ဆရာစားမချန် သင်ကြားပေးခဲ့တဲ့အတွက် သူဟာ နင်ဂျာတစ်ယောက် ဖြစ်လာခဲ့ပြီး ကရာတေးချန်ပီယံအနေနဲ့ ဘဝကိုဖြတ်သန်းနေပါတော့တယ်။ ဒီလိုနဲ့ ကျွန်းတစ်ကျွန်းမှာ နိုင်ငံတကာ ကရာတေးပြိုင်ပွဲ ကျင်းပပေးတဲ့အတွက် ရှောင်တစ်ယောက် ပြိုင်ဖို့ရောက်လာပါတော့တယ်။ဒီအချိန်မှာ အရင်ဇာတ်ကားမှာပါဝင်ခဲ့တဲ့ ဇာတ်လိုက်ကျော်ကြီး ဂျက်ဆန်လည်း လာရောက်ယှဉ်ပြိုင်ပါတယ်။ တစ်ကယ်တမ်းကျ ကရာတေးပြိုင်ပွဲက အယောင်ပြသာဖြစ်ပြီး ဒီကျွန်းပေါ်မှာ အန္တရာယ်ရှိဗိုင်းရပ်စ်တွေကို စမ်းသပ်နေတာဖြစ်ပါတယ်။ ဒီကိစ္စမှာ ရှောင်နှင့် ဂျက်ဆန်တို့နှစ်ယောက် ဘယ်လိုပါဝင်ပတ်သက်လာပြီး ဘယ်လိုတားဆီးကြမလဲ ရှောင့်အနေနဲ့ သွေးကြွေးဆပ်ဖို့ ဘယ်လိုကြုံကြိုက်လာမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပြီး ...
movie
American Ninja 3: Blood Hunt (1989)
American Ninja 2: The Confrontation (1987)
ဒီတစ်ကားကတော့ အမေရိကန်နင်ဂျာရဲ့ ဒုတိယအပိုင်းဆက်ပါ။ဒုတိယပိုင်းမှာကတော့ ကျွန်းတစ်ကျွန်းကို သံတမန်ရေးရာ သွားရောက်နေတဲ့ ရေတပ်ဌာနက ရေတပ်သားတွေ ပြန်ပေးဆွဲခံရပြီး ပျောက်ချင်းမလှ ပျောက်သွားလို့ ကျည်းတပ်ကို အကူအညီတောင်းတဲ့အတွက် ဂျိုးနှင့် ဂျက်ဆန်ကို စစ်တပ်ဘက်က လွှတ်လိုက်ပါတော့တယ်။ သူတို့ရောက်တဲ့အခါမှာ ရေတပ်သားတွေလေးယောက် ပြန်ပေးဆွဲခံထားရပြီး ဒီကိစ္စဟာလည်း သွေးရိုးသားရိုး မဟုတ်တဲ့အတွက် လိုက်လံစုံစမ်းတဲ့ကြပါတော့တယ်။ဒီအချိန်မှာ ရေတပ်သားတစ်ယောက်ဖြစ်တဲ့ တေလာက ရေတပ်ကို သစ္စာဖောက်နေပြီး ခြင်္သေ့ဆိုတဲ့လူကြီးကို ပြန်ပေးဆွဲမှုတွေမှာ ကူညီလုပ်ကိုင်ပေးနေကြောင်း ဂျိုးတစ်ယောက် သိလာရပါတော့တယ်။ ဒီလိုနဲ့ တေလာ့ကို ရအောင်မေးရာကနေ ခြင်္သေ့ဆိုတာ မုတ်ဆိတ်နက်ကျွန်းကိုပိုင်တဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပြီး မူးယစ်ဆေးကို အကြီးအကျယ်ကုန်သွယ်နေပြီး ရလာတဲ့ပိုက်ဆံတွေကို မျိုးရိုးဗီဇပြောင်းလဲထားတဲ့ လူသားနင်ဂျာတွေဖန်တီးတဲ့ဆီမှာ သုံးနေတာကို သိလိုက်ရတဲ့အခါ ဂျိုးတစ်ယောက် ရေတပ်နဲ့ ပူးပေါင်းပြီး ဒီမူးယစ်ဆေးကုန်သွယ်မှုနဲ့ မျိုးရိုးဗီဇပြောင်းလဲဖန်တီးမှုတွေကို ဘယ်လိုတားဆီးမလဲဆိုတာကို ရင်ဖိုင်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီဇာတ်ကားကိုကြည့်တော့မယ်ဆိုရင် ပထမကားကို ကြည့်ပြီးသားဖြစ်မှာမို့လို အထူးတလည်ညွန်းစရာမလိုတော့ပါဘူး။ ဒီတော့ ...
movie
American Ninja 2: The Confrontation (1987)
American Ninja (1985)
ဂျိုးဆိုတဲ့ကောင်လေးဟာ ကိုယ့်မိဘ ဘယ်သူမှန်းလည်း မသိ၊ ကိုယ့်မွေးနေ့မွေးရက်ကိုလည်းမသိတဲ့အပြင် ကျွန်းတစ်ကျွန်းမှာ ပေါက်ကွဲမှုကြောင့် အတိတ်မေ့သွားရှာတဲ့ ကောင်လေးတစ်ယောက်ပါ။ သူဟာ အရွယ်ရောက် ကတည်းက ပြဿနာအမျိုးမျိုးတက်ပြီး လူငယ်ထိန်သိမ်းရေးကျောင်းကိုလည်း ခဏခဏရောက်ပြီး နောက်ဆုံးမှာ တရားရုံးက စစ်မှုထမ်းဖို့ အမိန့်ချမှတ်လိုက်တဲ့အတွက် စစ်တပ်ထဲရောက်လာတဲ့သူပါ။တစ်နေ့မှာတော့ သူတာဝန်ကျရာစခန်းက ကာနယ်ကြီးရဲ့သမီးကို အိမ်ပြန်ပို့ဖို့ တာဝန်ကျလို့ ပြန်ပို့ရာလမ်းမှာ နင်ဂျာတစ်ဖွဲ့က သူတို့ထရပ်ကားတွေကို ဝင်စီးတဲ့အခါမှာ ထူးဆန်းစွာပဲ သူခန္ဓာကိုယ်အလိုအလျောက်တုန့်ပြန်ပြီး ကာနယ်သမီးကို နင်ဂျာအတတ်ပညာဖြစ်တဲ့ နင်ဂျုဆုတွေကို အသုံးပြုပြီး ကယ်တင်လိုက်ပါတယ်။ဒီလိုနဲ့ ပြန်ရောက်တဲ့အခါမှာ ဆာဂျင်က သူ့ကိုပြစ်ဒဏ်ချတဲ့အနေနဲ့ ထရပ်ကားသိုလှောင်ရုံဘက်မှာ တာဝန်ချရာကနေ စစ်တပ်နဲ့ ဒီနင်ဂျာသူပုန်အဖွဲ့ဟာ ပူးပေါင်းကြံစည်နေပြီးတော့ နိုင်ငံတော်ပိုင်လက်နက်တွေကို မှောင်ခိုထုတ်နေမှန်းသိလိုက်ရာကနေ သူ့ကိုလိုက်သတ်နေတဲ့နင်ဂျာအဖွဲ့တွေဆီကရော သူ့ကို ပြဿနာကောင်အနေနဲ့ မြင်တဲ့ စစ်တပ်က လူတွေကိုရော ဘယ်လိုယုံအောင်ရှင်းပြမလဲ ဒီကိစ္စရဲ့နောက်ကွယ်မှာရော ဘယ်သူတွေပါဝင်နေလဲ သူကရော နင်ဂျာအတတ်ပညာတွေကို ဘယ်လိုတတ်မြောက်နေတာလဲ အတိတ်မေ့နေတဲ့မှတ်ဉာဏ်တွေကရော ပြန်ပေါ်လာပါ့မလား ဆိုတာကို ...
movie
American Ninja (1985)
5.0
Iraivan (2023)
Iraivan 2023 (သို့) အပြုံးလူသတ်သမားIMDb 5.1/10 ဘတ်ဂျက် သန်း ၂၈၀ သုံးထားပြီး သတ်ခန်းဖြတ်ခန်းတွေကို ဆင်ဆာဖြတ်ထားခြင်းမရှိဘဲ သွေးသံရဲရဲနဲ့ ကျောချမ်းစရာမြင်ကွင်းတွေကို ကွင်းကွင်းကွက်ကွက်ပြသထားတဲ့ ရုံကားတစ်ကားပဲဖြစ်ပါတယ် အပြုံးလူသတ်သမား ..ဒီနာမည်ဖြစ်တည်လာပုံကတော့ စိတ္တဇလူသတ်သမားကသူသတ်တဲ့လူကို အပြုံးလှလှလေးတစ်ခုဖန်တီးပေးလိုက်လို့ပါပဲ ဘယ်လိုမျိုးလဲဆိုရင် သေရင်တောင်မှ ပီပြင်တဲ့အပြုံးတစ်ခုပေါ်လွင်လာဖို့ ပါးနှစ်ဖက်စလုံးမှာ ပါးစပ်ကိုဓားနဲ့ထိုးခွဲပြီးဖန်တီးပေးလိုက်တာပါ ဒါတင်မက မျက်လုံးတွေကိုပါဖောက်ထုတ်ပြီး တစ်ကိုယ်လုံးကိုဓားနဲ့မွှန်းပြီး လူမြင်ကွင်းမှာ သွားသွားပစ်ထားတတ်တာက သူ့အကျင့်လေးတစ်ခုပေါ့ဒါပေမဲ့သူ့သင်္ကေတကတော့မိန်းကလေးတွေကိုပဲသတ်တာပါ ကျားဆိုယောင်လို့တောင်လှည့်မကြည့်တတ်တဲ့ ဒီအပြုံးလူသတ်သမားကြောင့်ချန်နိုင်းရဲမင်းကြီးက ဒီအမှုကို မင်းသား၂လက်ဖြစ်တဲ့ အန်ဒရူးနဲ့ အာဂျွန့်ဆီတာဝန်ပေးအပ်လိုက်ပါတယ် သိုပေတည်း ၆လကြာတဲ့အထိ အသတ်ခံရတဲ့မိန်းကလေး ၁၂ယောက်တောင်ဖြစ်လာခဲ့ပြီး လူသတ်သမားအကြောင်း တစ်စွန်းတစ်စတောင်မသိရလေတော့ ပြည်သူတွေအုံကြွပြီး ဆန္ဒတွေပြကြနဲ့ အဘက်ဘက်ကဖိအားတွေနဲ့ သူတို့၂ယောက်.. ဥာဏ်ပြေးလွန်းတဲ့ စိတ္တဇလူသတ်သမားနဲ့ ရဲတွေကြား ပညာပြိုင်ကြပုံကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ BpL ~V ~ Zwe ~ Alex ~ ToMo ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
movie
Iraivan (2023)
2023
First
4
5
6
7
8
Last
Previous
Next