Channel Myanmar

Action

Mission Majnu(2023) 9.3
Mission Majnu(2023) Mission Majnu (2023) Action, Drama, History IMDb 9.3/10 (5.7K)အခုတစ်ခါတင်ဆက်ပေးမယ့် ဘောလီဝုဒ်ကားလေးမှာတော့ မင်းသားချောလေး ဆဒ်ဒါသ်မလိုသရားနဲ့ အားလုံးရဲ့အသည်းစွဲမင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားက အဓိကပါဝင်သရုပ်ဆောင်ပေးထားပြီး Netflix မှ Streaming လုပ်လာတဲ့ ကားလေးပဲဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ပွဲကာလအတွင်း အမေရိကန်ဟာ ဂျပန်ကို အဏုမြူဗုံးကြဲချလိုက်ပြီးနောက် စစ်ပွဲကာလကြီး ပြီးဆုံးသွားခဲ့ပါတယ်။ သို့ပေမယ့် အဲ့ဒီရဲ့နောက်ဆက်တွဲအကျိုးဆက်အဖြစ် ကမ္ဘာပေါ်မှာ သူ့ထက်ငါအပြိုင် နျူးကလီးယားဗုံးတီထွင်ဖို့ လုပ်လာကြပါတယ်။ဒီထဲမှာမှ အရှေ့တောင်အာရှတိုက်အတွင်း အိန္ဒိယနိုင်ငံဟာ ၁၉၇၄ခုနှစ် မေလ ၁၈ရက်နေ့ မနက်ပိုင်းမှာ နျူးကလီးယားဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲနိုင်ခဲ့ပါတယ်။ ဒါကို ရန်လိုနေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပါကစ္စတန်နိုင်ငံဟာလည်း အလားတူ နျူးကလီးယားဗုံးမျိုးကို တီထွင်ဖို့ ကြိုးစားနေခဲ့ပါတယ်။တစ်ဖက်မှာ အိန္ဒိယနိုင်ငံဟာ တရားမဝင် စမ်းသပ်မှုပြုလုပ်ခဲ့တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေကို ဝိုင်းဝန်းရှုတ်ချခိုင်းနေခဲ့တဲ့ ပါကစ္စတန်နိုင်ငံဟာ တစ်ဖက်မှာလည်း ကမ္ဘာကြီးမသိအောင် နျူးကလီးယားအစိတ်အပိုင်းတွေကိုမှောင်ခိုတင်သွင်းနေပါတော့တယ်။ဒါကို ရိပ်မိလာတဲ့ အိန္ဒိယဟာလည်း ပါကစ္စတန်နိုင်ငံထဲ သူလျှိုတွေလွှတ်ပြီး ဒီအစိတ်အပိုင်းတွေကို ဖျက်ဆီးရပါတော့မယ်။ကဲ ဆက်လက်ပြီး ဒီစစ်ဆင်ရေးကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားကြတော့နော်...။ File size…1.69GB / 847MB Quality…1080p NF ...
movie

Mission Majnu(2023)

2023
The One Hundred (2022)
The One Hundred (2022) The One Hundred (2022)"The One Hundred " ဆိုတဲ့ဇာတ်ကားလေးကတော့ ၂၀၂၂ မှထွက်ရှိထားတဲ့ ထူးခြားဆန်းကြယ်ထိုင်းကားလေးပဲဖြစ်ပါတယ်မင်းသမီး ဖိန်းက YouTuber တစ်ယောက်ဖြစ်ပြီး နိုင်ငံခြားခရီးအပြန် ဟိုတယ်တစ်ခုမှာ ကွာရန်တင်း ၁၄ ရက်ဝင်ရတာနဲ့အစပြုထားပါတယ်ဒီကားလေးကတော့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားဆဲ ၂၀၂၀ ခုနှစ် ဝန်းကျင်ပုံစံကို ရိုက်ကူးထားတာပါတစ်နေ့မှာတော့ သူနာပြုမလေး မေ ဟာ သူ့အမေလှမ်းခေါ်တာနဲ့ ဂျူတီကို သူ့ရဲ့လက်အောက်က သင်တန်းသူလေး ကတ် ကို အစားပေးထားခဲ့ရပါတယ် ဒါပေမဲ့ ကတ်ဟာ သာမန်မဟုတ်ဘဲ အကြီးဆုံးကင်းခြေများ ဝင်ပူးခံထားရပြီးမကောင်းဆိုးဝါးဖြစ်နေခဲ့တာပါမင်းသားဖြစ်သူ လီအိုကတော့ တိုက်ကွမ်ဒိုကစားသမားတစ်ယောက်ဖြစ်ပြီး စိတ်ဒဏ်ရာရှိနေတဲ့သူပါ မကောင်းဆိုးဝါးဖြစ်နေတဲ့ကတ်ဟာ ဟိုတယ်မှာ တည်းခိုသူတွေ ဝန်ထမ်းတွေကို ဒုက္ခပေးသတ်ဖြတ်လာပါတော့တယ်ဒါပေမဲ့ မြင်လိုက်တဲ့သူက ဖိန်းနဲ့ လာအိုအပြင် မရှိပါဘူး ဘယ်သူကမှ သူတို့ပြောတာကို မယုံခဲ့ကြပေမယ့် အခြေအနေတွေက ပိုပြီးဆိုးလာတဲ့အခါ ...Horror Vibe နဲ့ ရင်တထိတ်ထိတ်ကြည့်ရမယ့်ကားလေးမို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါရစေရှင့်အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin နဲ့ ...
movie

The One Hundred (2022)

2022
Fist of Fury: Soul ( 2021 ) 6.1
Fist of Fury: Soul ( 2021 ) ဝူလင်အဖွဲ့အစည်းမှာ ရွှယ်မုံ့လုံကြောင့် သူရဲကောင်းတွေ အများကြီးဆုံးရှူံးခဲ့ရတယ်။ ကျင်းဝူခေါင်းဆောင် ဟော်ချန်ခုံးလည်း တိုက်ပွဲကနေ စွမ်းအားတစ်ဝက်ဆုံးရှုံးခဲ့ရတယ်။ နောက်ဆုံးမှာတော့ ခေါင်းဆောင်ဟော်က သူ့ရဲ့စွမ်းအားကို လျို့ကျင်းဆီကို လွှဲပြောင်းပေးပြီး အမြစ်ဖြတ်သုတ်သင်မှုကနေ ကာကွယ်ပေးခဲ့တယ်၁၄ နှစ်ကြာပြီးတဲ့နောက်မှာတော့ လျို့ကျင်းက အရည်အချင်းရှိပြီးတော့ ဟော်ကျားချွမ်က ဆရာ့ဆီကနေ ကွန်ဖူးသင်ဖို့ အခွင့်အရေးရခဲ့ပေမယ့် ရှုံးနိမ့်ကိုလည်း ထွက်သွားရပြန်တယ်။လမ်းမှာ ထန်းပိုင်ပိုင်ဆိုတဲ့လူနဲ့တွေ့ပြီးတော့ ဆရာရှာဖို့အတွက် ဟေးယွီဟွေ့ဂိုဏ်းထဲကို ရောက်လာပြီး ရွှယ်မုံ့လုံနဲ့တွေ့ဆုံခဲ့တယ် လျို့ကျင်းကိုရှာနေတဲ့ရွှယ်မုံ့လုံနဲ့ အဖေကိုသတ်သွားတဲ့သူကို တွေ့လိုက်ရတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုဖို့ ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်နော် [ Reviewed By Htun Su Khaing ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 50 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Fist of Fury: Soul ( 2021 )

Ruben Brandt, Collector(2018) 7.2
Ruben Brandt, Collector(2018) Ruben Brandt, Collector(2018)****************************သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကိုသဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ၊ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ၊ ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ။ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ၊ပါးစပ်ငါးခုတွေ၊ မျက်လုံးသုံးလုံးငါးလုံး ၊two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ။ ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး၊တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့။ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ။ ဒါ့အပြင် စုံထောက်စတိုင်တွေ၊actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီးဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ၊ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါပဲ...File Size :(1.1GB) and (418 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:36:00 Genre : Crime , Animation , Action Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded ...
movie

Ruben Brandt, Collector(2018)

Army Soul of Han Dynasty ( 2022 ) 6
Army Soul of Han Dynasty ( 2022 ) ရှေးသမိုင်းတွေစိတ်ဝင်စားတဲ့သူတွေအကြိုက်တွေ့စေမယ့် ဟန်ခေတ်ကနယ်စပ်မြို့လေးမှာအခြေတည်ပြီး ရိုက်ထားတဲ့စစ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဘီစီ၃၀၀ခုနှစ်လောက်မှာ အရှေ့ဥပရောပမှာနေထိုင်တဲ့ရှုံနူလူမျိုးတွေရှိခဲ့ပါတယ်။ သူတို့ဟာရေကြည်ရာမြက်နုရာလှည့်လည်ကျက်စားတတ်ပြီး တရုတ်ပြည်မြောက်ပိုင်းကိုအကြိမ်ကြိမ်ကျူးကျော်ဖို့ကြိုးစားခဲ့သူတွေလဲဖြစ်တယ်။ဒီဇာတ်ကားလေးမှာတော့ ဟန်တိုင်းပြည်နယ်စပ်မြို့လေးဖြစ်တဲ့ စူးလော့မြို့လေးကိုစစ်သည်အင်အား၃၀၀နဲ့စစ်သူကြီးတစ်ယောက်ဟာ ရှုံနူတွေရဲ့ရန်ကနေပြီး ဘယ်လိုခုခံကာကွယ်မလဲ..... မြို့လေးကိုသေသည်အထိကာကွယ်မယ်ဆိုပြီးသစ္စာဆိုခဲ့တဲ့ဟန်စစ်သားတွေဟာ သူတို့ရဲ့တာဝန်ကိုဘယ်လိုစိတ်ဓာတ်အားမာန်တွေနဲ့ ဘယ်လိုကျေပွန်အောင်ထမ်းဆောင်ခဲ့လဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action ,War Runtime : 1h 42 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Army Soul of Han Dynasty ( 2022 )

Kaapa (2022) 6.9
Kaapa (2022) Kaapa (2022)IMDb 7/10 ပျိုမေတွေရဲ့အသည်းစွဲ မင်းသားကြီး Prithviraj Sukumaran ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller/Crime အမျိုးအစားဇာတ်ကားကောင်းကိုတင်ဆက်ပေးချင်ပါတယ် အာနန်နဲ့ဘီနူဟာ ချစ်ကြည်နူး တစ်တီတူးလို့မဝသေးတဲ့ကြင်စဦးမောင်နှံလေးပါ သူတို့က ဘန်ဂလောကနေ သီရုဗနသာပူရန်လို့ခေါ်တဲ့မြို့လေးကို ပြောင်းလာခါစရှိပါသေးတယ် အဲ့အချိန်မှာပဲ အာနန်သိလိုက်ရတာက သူ့မဟေသီက မဟာ့မဟာလူဆိုးစာရင်း kaapa ဆိုတဲ့ စာရင်းထဲကို ပါနေတာပါပြီးတော့ အဲ့မြို့ကိုကြီးစိုးနေတဲ့ဂိုဏ်းက မာဒူဦးစီးတဲ့ ကိုလ်တာမာဒူဂိုဏ်းပါတဲ့ မာဒူနဲ့သူ့မိန်းမ ဘီနူရဲ့မျိုးနွယ်သီရိဗစ်ကရာမန်နဲ့က ကမ္ဘာမကြေတွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြန်ဘူးဆိုတာလဲ သိလိုက်ရပါတယ် အာနန်တစ်ယောက် ဂိုဏ်းစတားကြီးကိုပဲ ပြေးတောင်းပန်ရမလား ရဲမှတ်တမ်းကပဲ သူ့မိန်းမနာမည်ဖျက်ပေးရမလား စသည်ဖြင့် ဇာတ်ရှုပ်ကြီးထဲဝင်ပါမိရာကနေ အပ်ချည်အစဖြေသလို နောက်ကွယ်ထိ ဘယ်လိုဝင်ပတ်သတ်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး....... File size…2.01GB / 935MB Quality…1080p NF WEB DL /720p Format…mp4 Duration…2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein & OeliuJ & Yunni
movie

Kaapa (2022)

2022
JUNG_E (2023)
JUNG_E (2023) JUNG_E (2023)၂၂ ရာစုအရောက်မှာတော့ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် လူသားတွေဟာ ကမ္ဘာမြေကြီးမှာ ရှင်သန်နေထိုင်ဖို့ ခက်ခဲလာခဲ့ပါတယ်။ ဒီအတွက်လည်း အာကာသဟင်းလင်ပြင်မှာ လူနေအာကာသစခန်းတွေ ဆောက်လုပ်ပြီး အသက်ဆက်ခဲ့ကြရပါတယ်။ တစ်နေ့မှာတော့ ဒီအာကာသစခန်းမှာနေထိုင်ကြတဲ့ လူသားတွေ အချင်းချင်း ကတောက်ကဆဖြစ်ရာကနေ စစ်ပွဲကြီးဆီကိုပါ ဦးတည်လာပါတော့တယ်။ဂျောင်အီ ဆိုတာကတော့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တစ်ခုရဲ့ အဖွဲ့မှူးပါ။ ကံမကောင်းစွာပဲ သူဟာ ဦးနှောက်ပုံတူပွားခြင်း သုတေသနတစ်ခုမှာ စမ်းသပ်ခံတစ်ယောက် ဖြစ်ခဲ့ရပါတယ်။ ဒီသုတေသနသာအောင်မြင်ရင် စစ်ပွဲကြီးကို အနိုင်နဲ့ ပိုင်းနိုင်မှာဖြစ်တဲ့အတွက် သုတေသနမှူးတွေဖြစ်တဲ့ ဆောဟျွန်း နဲ့ ဆန်းဟွန်းတို့ကလည်း အစွမ်းကုန် ကြိုးစားအားထုတ်ကြတယ်။ဒီလိုနဲ့ ဦးနှောက်ပုံတူပွားခြင်း နဲ့ တိုက်ခိုက်ရေးစွမ်းရည်မြင့်တဲ့ AI စက်ရုပ် တီထွင်ဖို့ အထိပါ ကြိုးစားလာကြတဲ့အခါ ...သုတေသနမှူးတွေရဲ့ ကြိုးစားအားထုတ်မှုက တကယ်ပဲ အောင်မြင်လာမှာလား? ကံမကောင်းအကြောင်းမလှစွာနဲ့ စမ်းသပ်ခံဖြစ်သွားရရှာတဲ့ တပ်ဖွဲ့မှူး ဂျောင်အီတစ်ယောက်ကော စမ်းသပ်ခံဘဝကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ပါ့မလား? စစ်ပွဲကြီးကကော ဘယ်လို အဆုံးသတ်သွားမလဲ? ဆိုတာတွေကိုတော့ ...
movie

JUNG_E (2023)

2023
The Price We Pay (2022) 5.1
The Price We Pay (2022) The Price We Pay (2022)"အဖိုးအခတော့ ပေးရလိမ့်မယ်" ဒီစကားဟာ လောကနိယာမအရ ဘယ်နေရာမှာမဆို အကျုံးဝင်တဲ့ စကားဖြစ်ပါတယ်။ ကိုယ်ဘာပဲလုပ်လုပ် တန်ပြန်သက်ရောက်မှုရဲ့ အကျိုးရလဒ်ကို လူသားတိုင်း ခံစားကြရမှာပါ။ ဒီဇာတ်ကားလေးကလည်း ဒီသဘောကို သရုပ်ဖော်ထားတဲ့ Horror ကားလေးပါ။ဇာတ်လမ်းအကျဉ်း ...ဂရေ့စ် တစ်ယောက် အကြွေးတွေမဆပ်နိုင်လို့ ရှိတာလေးထုချေပြီး အကြွေးဆပ်ဖို့ အပေါင်ဆိုင်ကို ရောက်‌နေချိန်မှာ ဓါးပြတိုက်မှုနဲ့ ကြုံရပြီး ဓားစာခံအဖြစ် အဖမ်းခံလိုက်ရပါတယ်။ဒီလိုနဲ့ ဓားပြသုံးယောက်နဲ့အတူ သူမ‌ စီးလာတဲ့ကားဟာ လယ်တော တစ်ခုအနီးမှာ ပျက်သွားတဲ့အခါ ...ညကြီးမင်းကြီးဆိုတော့ အနီးအနားလူနေအိမ်တစ်ခုကို ရအောင်ရှာပြီး အကူအညီတောင်းဖို့ ကြိုးစားကြရပါတယ်။ သို့ပေမဲ့ ...အဲ့ဒီအိမ်က ဘယ်သူတွေနေတာလဲ? ဘာတွေလုပ်ကြတာလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုအဖြေရှာလိုက်ကြစို့နော်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size          : 1.2GB, 452MB, ...
movie

The Price We Pay (2022)

2022
The Assault ( 2023 ) 5.9
The Assault ( 2023 ) ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို 2023 ထွက် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေရှင်တရုတ်နိုင်ငံ နယ်စပ်အတွင်းကို အမျိုးအမည်မသိတဲ့ ရည်ရွယ်ချက်နဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အကြမ်းဖက် အဖွဲ့အစည်းတစ်ခု ဝင်ရောက်လာခဲ့ပါတယ် ။ အဲ့ဒီအချိန်မှာ အကြမ်းဖက် တပ်ဖွဲ့ကိုနှိမ်နင်းဖို့ ပြည်သူ့လုံခြုံရေး၊အမျိုးသားလုံခြုံရေး၊ လက်နက်ကိုင်ရဲတပ်ဖွဲ့ နဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဟာ နယ်စပ်တောင်ပေါ်ရွာပေးမှာ ပူးပေါင်းနေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ် ။ထို့နောက် အထူးစစ်ဆင်ရေးအဖွဲ့ဟာ အဆောက်အအုံတွေကြားထဲမှာ လျှို့ဝှက်စွာ နေရာယူခဲ့ပြီး မောင်းသူမဲ့ ဒရုန်းများနဲ့ ဗုံးကျဲတိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဗုံးကျဲတိုက်ခိုက်ဖို့ အသင့်ပြင်ပြီး အနေအထားမှာ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့ အတွင်း အရွယ်မရောက်သေးတဲ့ သူတွေပါရှိကြောင်း တွေ့ရှိခဲ့တဲ့ အချိန်မှာတော့ -❏ တပ်ဖွဲ့တွေအနေနဲ့ ဒီအကြမ်းအဖက် အဖွဲ့ကိုဘယ်လိုကိုင်တွယ်မှာလဲ ? ❏ စစ်ဆင်ရေးကရော ဒီအတိုင်းပဲရှိမလား ပြောင်းလဲသွားနိုင်မလား ? ❏ ကြောက်မက်ဖွယ်ကောင်းတဲ့ ကြိုးကိုင်သူ အကြမ်းဖက်ခေါင်းဆောင်ကိုရော ဖမ်းဆီးနိုင်ပါ့မလား ? ဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။ Action တွေ တိုက်ခိုက်ဖောက်ခွဲမှုတွေ ကြိုက်နှစ်သက်သူတွေ အနေနဲ့ ဒီကားလေးကို အကြိုက်တွေ့စေမှာအမှန်ပါပဲ [Reviewed ...
movie

The Assault ( 2023 )

Dragon sword: Ancient battlefield ( 2023 ) 6
Dragon sword: Ancient battlefield ( 2023 ) ဒီဇာတ်ကားလေးကသုံးကားရှိပါတယ်နော် အတွဲ ၁ ကို ဒီမှာ ကြည့်ပါ အတွဲ ၂ ကို ဒီမှာ ကြည့်ပါသာမန်လူတစ်ယောက်ဖြစ်တဲ့ ကျင့်စဥ်ကျင့်ကြံနေသူ ဖူယန် ဟာ ရှေးခေတ်စစ်မြေပြင်ဆီကို သွားရောက်ခဲ့ပါတယ် ။ သွားရာလမ်းကြောင်းမှာ အာကာသ အပ်ကွဲကြောင်းကြီးတွေနဲ့ ခဏ ခဏ တွေ့ဆုံပြီး အကြိမ်ကြိမ်လွတ်မြောက်ခဲ့ပါတယ် ။အဲဒီနောက်မှာတော့ လူတစ်ပိုင်း သားရဲတစ်ပိုင်း နယ်မြေထဲကို မတော်တဆဆိုသလို ကျရောက်သွားခဲ့ပြီး သူတော်စင်အရှင်လင်ထာနဲ့တွေ့ဆုံကာ အဂ္ဂိရတ်ပညာကို အမွေကို ဆက်ခံခဲ့ပါတော့တယ် ။ သူတို့တွေ အတူတူပူးပေါင်းမိပြီး အန္တရာယ် အရမ်းကြီးမားတဲ့ ရှေးခေတ် စစ်မြေပြင်ဆီကို ခရီးဆက် စွန့်စားခဲ့ ဝင်ခဲ့တဲ့ အချိန်မှာတော့ -❏ လမ်းတစ်လျှောက်မှာ သားရဲ မိစ္ဆာတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရတဲ့အခါ သူတို့တွေ ဘယ်လိုရင်ဆိုင်မလဲ ? ❏ ရှားပါးရတနာတွေတွေ့လာတဲ့ အခါမှာရော သူတို့တွေ ဘယ်လို အသုံးချမလဲ ? ❏ နောက်ဆုံးမှာ သူတော်စင်လင်ထာရဲ့ လမ်းညွှန်မှုအောက်မှာ ဘယ်လို ကျင့်စဥ်တွေ ကျင့်ကြံသွားမလဲ ? ဆိုတာ S 3 မှာ အတူတူကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed ...
movie

Dragon sword: Ancient battlefield ( 2023 )

RocknRolla(2008) 7.2
RocknRolla(2008) RocknRolla(2008)=============== နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်းအကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့်ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေးတစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအဖြစ်အပျက်တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက်တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။ File size…1.13GB / 502MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chloe Khin
movie

RocknRolla(2008)

Sniper Vengeance ( 2023 ) 6.1
Sniper Vengeance ( 2023 ) ကြီးမားလှတဲ့ စစ်ဆင်ရေး တာဝန်တစ်ခုမှာ သေဘေးကနေ လက်မတင်လေးတင် လွတ်မြောက်လာခဲ့ပြီး သူယုံကြည်ရဆုံး ရဲဘော် ရဲဘက်တွေကို ဆုံးရှုံးလိုက်ရသူ လက်ဖြောင့်စနိုက်ပါသမား - ကောင်းကျန်းရဲဘော်တွေ သေဆုံးခဲ့ရလို့ ဖြေမဆည်နိုင်ဖြစ်နေပေမဲ့ ကောင်းကျန်းဘဏ်အကောင့်ထဲမှာ အမေရိကန်ငွေ ၄ သိန်းရောက်ရှိနေခဲ့တာမို့ သူ့ရဲဘော်တွေကို သစ္စာဖောက်တယ်ဆိုပြီး စွပ်စွဲခံနေခဲ့ရပါတယ် ။နာကျဥ်းမှုတွေ များစွာရင်ဝယ်ပိုက်ထားတဲ့ ကောင်းကျန်းတစ်ယောက် မုန်တိုင်းအဖွဲ့ ဆိုတဲ့ အဖွဲ့နဲ့ ပူးပေါင်းကာ လက်စားချေဖို့ လုပ်ဆောင်ခဲ့ပါတော့တယ် ။❏ ပြန်ပေးဆွဲမှုတွေ ခဏ ခဏ ကြုံတွေ့ရတဲ့ အချိန်မှာ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူဖြစ်နေမှာလဲ? ❏ သူ့ကိုချောက်ချတဲ့ သူကတော့ အမှန်ပဲရှိနေခဲ့တာလား? ❏ ကျဆုံးသွားတဲ့ ညီအစ်ကိုတွေအတွက်ရော ကောင်းကျန်းတစ်ယောက် လက်စားချေနိုင်ပါ့မလား? ဆိုတာ စိတ်ဝင်စားစွာနဲ့ ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Review By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 24 min Subtitle : ...
movie

Sniper Vengeance ( 2023 )

Laththi Charge (2022) 7.7
Laththi Charge (2022) Laththi 2022 7.7 / 10 IMDb ဒီတစ်ခါမှာတော့ တောင်ပိုင်းအက်ရှင်ဇာတ်ကားကောင်းတွေဖြစ်တဲ့ Veeramae Vaagai Soodum, Enemy, Irumbu Thirai, Chakra, Action, Poojai အစရှိတဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်ရင်ထဲကိုထိုးဖောက်ခဲ့တဲ့ မင်းသားကြီးဗီရှယ် ( Vishal Krishna Reddy) ရဲ့ဇာတ်ကားကောင်းလေး လာပါပြီဇာတ်လမ်းအကျဉ်းလေးကတော့ မူရူဂါဟာ ဇနီးသည်ကာဗီသာနဲ့အတူ ဆယ်နှစ်အရွယ်သားလေးတစ်ယောက်ရှိတဲ့ ရဲတစ်ယောက်ပါ.. တစ်နေ့မှာတော့ မိန်းကလေးတစ်ယောက်ကိုလိုက်နှောင့်ယှက်ခဲ့တဲ့သူတစ်ယောက်ကို မုဒိန်းကောင်အဖြစ်နဲ့မှားဖမ်းပြီး ညှင်းပန်းနှိပ်စက်မိခဲ့တာကြောင့် ရာထူးတစ်နှစ်ဆိုင်းငံ့ခံခဲ့ရပါတယ်...ခြောက်လကြာပြီးတဲ့နောက်မှာတော့ ဆရာဖြစ်ခဲ့ဖူးသူ ရန်ဂနန်သမ်ရဲ့အကူအညီနဲ့ တာဝန်ပြန်ထမ်းဆောင်ခဲ့ရာမှ အလားတူအဖြစ်မျိုးကြုံခဲ့ရပြန်ပါတယ်.... DIG ကာမလ်ရဲ့သမီးဖြစ်သူကိုအရှက်ရအောင်လုပ်ခဲ့တဲ့ တရားခံကိုညှင်းပန်းနှိပ်စက်ခဲ့ရာမှ အဲ့ဒီသံသယတရားခံက မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်သူ ဗယ်လိုင်ဖြစ်နေတဲ့အခါ... သူတို့ကြားကရန်မီးက ဘယ်လိုအကျိုးဆက်တွေဆက်ဖြစ်လာမလဲ... မိသားစုကိုချစ်တဲ့ မူရူဂါ ( Vishal) ကရော မာဖီးယားဂိုဏ်းကို ဘယ်လိုတွေနေထူးနိုင်သွားမလဲဆိုတာ ရသစုံအောင်ကြည့်ရှုရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦး.... File size…2.39GB / 1.13GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard Sub) Encoder…YK Translated by Thet Ko ~BpL ~ Cherry ~ ...
movie

Laththi Charge (2022)

2022
4K HEVC
Raw Deal(1986) 5.7
Raw Deal(1986) Raw Deal(1986)============== မာဖီးယားဂိုဏ်းကြီးတခုရဲ့ အမှုမျက်မြင်သက်သေ ကိုကာကွယ်ရင်းသေဆုံးသွားတဲ့ သားဖြစ်သူအတွက် လက်စားခြေဖို့ ကြိုးစားနေတဲ့အရာရှိကြီး ဟယ်ရီရှန်နွန် သက်ငယ်မုဒိမ်းမှု တရားခံကို ကြမ်းတမ်းစွာဖမ်းဆီးမှုနဲ့ ရာထူးချခံလိုက်ရပြီး နယ်မြို့လေးမှာ အရက်စွဲနေတဲ့ဇနီးဖြစ်သူနဲ့ နေထိုင်ရင်း စိတ်ဓာတ်ကျနေတဲ့ နယ်ထိန်း ကာမင်စကီ(အာနိုး)အဲ့ဒီနှစ်ယောက်ပူးပေါင်းမိပြီး အရာရှိတွေပါအိပ်ထဲထည့်ထားနိုင်တဲ့ချီကာဂိုမြို့ရဲ့အကြီးဆုံးမာဖီးယားဂိုဏ်းကြီး ထဲမှာ သူလျှိုအဖြစ်ဝင်ရောက်ကာ ဖျက်ဆီးဖို့ကြိုးစားကြပုံတွေကို ၁၉၈၀ခေတ်ကာလက‌ဇာတ်ကားဟောင်းလေးတွေ အမှတ်တရ ပြန်လည်ကြည့်ရှုလိုသူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ်..(Arnold Schwarzenegger (အားနိုး)  ငယ်ဘဝ ရဲ့  ပုံရိပ်လေးတွေကိုဒီကားမှာ ပြန်လည် ခံစားလို့ ရမှာ ဖြစ်ပါတယ်)  File size…1.25GB / 518MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chit Min Thu
movie

Raw Deal(1986)

Action Team Overlord Flower ( 2022 ) 5.9
Action Team Overlord Flower ( 2022 ) ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို Action ကားကောင်းကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေရှင် ။ ဇာတ်လမ်း အကျဥ်း -နိုင်ငံရပ်ခြား မြို့ကြီးတစ်မြို့မှာ တပ်စွဲထားတဲ့ GWS သတင်းအချက်အလက်နဲ့ နည်းပညာ ကုမ္ပဏီက ကွန်ယက်လုံခြုံရေး သုတေသနဲ့ ဖွဲ့ဖြိုးတိုးတတ်ရေး အရာရှိ ကျိုးမော့ဟာ ထူးထူးခြားခြားပျောက်ဆုံးလို့သွားခဲ့ပါတယ် ။အရေးကြီးတဲ့ သတင်းအချက်အလက်တွေနဲ့ လုံခြုံရေးကို ကာကွယ်ဖို့ ချန်ယို နဲ့ မိန်ယာဆိုတဲ့ အမျိုးသမီးချောလေး နှစ်ယောက်ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဖို့ အန္တရာယ်ရှိတဲ့ နေရာတွေကို သွားရောက်ခဲ့ကြရပါတယ် ။ တစ်ဖက်မှာလဲ တရုတ်အမျိုးသမီးတွေဟာ သဲလွန်စ မရှိပဲ ထူးထူးခြားခြား တစ်ယောက်ပြီး တစ်ယောက် ပျောက်ဆုံးလာတဲ့အခါမှာတော့ ...?❏ အထူးလေ့ကျင့်ထားတဲ့ မိန်းမချောလေးတွေ တာဝန်ကို ပြီးဆုံးအောင်ဆောင်ရွက်နိုင်ပါ့မလား ? ❏ သဲလွန်စတွေနောက် အပူတပြင်းလိုက်ရှာခဲ့ရင်း တကယ့်အမှန်တရားကို ရှာတွေ့နိုင်ပါ့မလား ❏ ဒီလမ်းတစ်လျှောက်မှာလဲ ဘယ်လို ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ခေါ်မှူတွေကို တွေ့ဆုံကြရမလဲဆိုတာ ကြည့်ရှူရင်း မိန်းမချောလေးများရဲ့ စွန့်စားခန်းကို ဖွင့်လိုက်ရအောင်လားရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p ...
movie

Action Team Overlord Flower ( 2022 )

The Hitcher(1986) 7.2
The Hitcher(1986) The Hitcher(1986)=============== ချီကာဂို ကနေ ဆန်ဒရေဂိုကို ကားတစ်စီးပို့နေတုန်းဂျင်မ်ဟော်လီစ် ဆိုတဲ့ကောင်လေးကဂျွန်ရိုင်ဒါဆိုတဲ့ ကားတားစီး‌တဲ့လူကိုကူညီ့ခဲတယ်ဒါ‌ပေမယ့်ရိုင်ဒါဟာ သူကလူသတ်သမားလို့ပြောပြီးတော့ဂျင်မ်ကိုသတ်ဖို့ကြိုးစာခဲ့တယ် ဂျင်မ်ဟာ ရိုင်ဒါလက်က‌နေကပ်သီးလေးလွတ်မြောက်လာပြီးတော့ကို ရိုင်ဒါကိုဘယ်တော့မှမတွေ့ဖို့ မျှော်လင့်ခဲ့တယ် ဒါပေမယ့် အဲ့ရိုင်ဒါကပဲ မိသားစုတစ်စုကိုသတ်ပစ်ခဲ့တာကိုမြင်တော့ ဂျင်မ်ဟာ နက်ရှ်ဆိုတဲ့ ယာဉ်ရပ်နားစခန်းစားသောက်ဆိုင်က စားပွဲထိုးမလေး အကူအညီနဲ့ ရိုင်ဒါကို လိုက်ပြီးဖမ်းဖို့ ပြုလုပ်ခဲ့ကြတယ် အဲ့အတောအ‌တွင်းမှာပဲတစ်ယောက်နဲ့တစ်ယောက် ကြမ်းတမ်းတဲ့ ကားနောက်လိုက်တာ‌တွေ ရက်စက်တဲ့လူသတ်မှုတွေအကြောင်းဖော်ကြူးထားတဲ့ စိတ်‌‌ချောက်ခြားစိတ်လှုပ်ရှားဖွယ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…1.07GB / 425MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ..... Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyo Thura
movie

The Hitcher(1986)

Chasing The Dragon ( 2023 ) 6.2
Chasing The Dragon ( 2023 ) ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေအတွင်း ဟောင်ကောင်မှ ရဲတပ်ဖွဲ့တွေဟာ ဒုစရိုက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကျင့်ပျက် ချစားမှုတွေ လုပ်ကိုင်ခဲ့ကြပြီးတော့ ဟောင်ကောင်ဟာ ဒုစရိုက်နယ်မြေကြီးသဖွယ်ဖြစ်လို့လာခဲ့ပါတယ် ။အဲဒီအချိန်မှာပဲ တိုက်ရည် ခိုက်ရည်ကောင်းတဲ့ ဝူကော်ဟောင် နဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းနှစ်ယောက်တို့ဟာ ဟောင်ကောင်ကို မှောင်ခိုလုပ်ငန်းလုပ်ပြီး စီးပွားရှာချင်လို့ ရောက်လာခဲ့ကြပါတယ် ။ကံအကြောင်းဖန်လာပြန်တော့ ဟောင်ကောင်ရဲ့ အမှုစစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ရွှီလဲ့နဲ့ တွေ့ဆုံခဲ့ပြီး ရွှီလဲ့ဆီမှာ အခစားဖို့ ဖြစ်လာခဲ့ပါတယ် ။ အမှုစစ်ရွှီလဲ့ဟာ လက်ရှိမှာ ပိုင်အိမ်တော် မမလေးကျန်းနီရဲ့ ခင်ပွန်းဖြစ်နေပြီးတော့ တစ်နေ့မှာ သေဆုံးနေပြီဟု သိထားတဲ့ သူ့ရဲ့ ရည်းစားဟောင်း ကျန်းနီနဲ့ မတော်တဆ တွေ့ဆုံလိုက်ရတဲ့ အခါမှာတော့....?❏ တစ်ဖက်က သူ့ရဲ့ အာဏာရာထူးတွေကို ထောက်ပံ့ပေးနေတဲ့ မမလေး ❏ တစ်ဖက်က သူ့ကိုအရမ်းချစ်ရှာပြီး အမြဲအဖော်ပြုပေးနေခဲ့တဲ့ ချစ်ရသူ အာဏာနဲ့ အချစ်ရဲ့ ကြားမှာ ရွှီလဲ့ တစ်ယောက်ဘာတွေကိုရွေးချယ်မလဲ ။ ဒုစရိုက်အမှုတွေက နက်နဲ သထက် နက်နဲလာတဲ့အခါမှာရော အမှုစစ်တစ်ယောက်အနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ ။ တစ်ခြား နောက်ကွယ်က ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ ပုန်းကွယ်နေဦးမလဲဆိုတာသိရဖို့ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်လားရှင် ...
movie

Chasing The Dragon ( 2023 )

The Guqin Requiem ( 2023 ) 6
The Guqin Requiem ( 2023 ) CM ရဲ့ ပရိသတ်တွေအတွက် The Guqin Requiem ဆိုတဲ့ သိုင်းကားလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-သိုင်းလောကမှ ကျိုရှောင်းစောင်းကို ရရှိသူက သိုင်းလောကတစ်ခုလုံးကို အုပ်ချုပ်နိုင်မယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုက စပါတယ်။ ထိုစောင်းကို လုယူနေကြတဲ့အချိန်မှာ လောကသားတွေက သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြပါတယ်။နောက်ဆုံးမှာ စစ်သူကြီးဝေ့ချီချိုးရှန်းက ရရှိခဲ့ပြီး ဖုန်းယွဲတိုင်းပြည်ကို ယူဆောင်သွားခဲ့ပါတယ်။ ထိုနောက် ကျိုရှောင်းစောင်းကို ဖုန်းယွဲတိုင်းပြည်ရဲ့ ရတနာအဖြစ်သတ်မှတ်ခဲ့ပြီး သိုင်းလောကလဲ ခဏတာ ငြိမ်းချမ်းသွားခဲ့ပါတယ်။ဒါပေမဲ့ တိုင်းပြည်ရတနာကို လိုချင်မှုကြောင့် အိမ်နီးချင်းနိုင်ငံမှ ဖုန်းယွဲတိုင်းပြည်ကို စစ်ခင်းခဲ့ပါတော့တယ်။ ဝေ့ချီချိုးရှန်းနဲ့ လျန်းရီးတိုက တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်သဖြင့် ရန်သူကို အသက်ပေးတိုက်ခိုက်ပြီး တိုင်းပြည်ကို ကာကွယ်ခဲ့ပါတယ်။ ကျိုရှောင်းစောင်းလဲ ထိုနောက် ပျောက်ကွယ်သွားတော့တယ်။၁၇ နှစ်ကြာပြီးနောက် ဖုန်းယွဲတိုင်းပြည် ချင်းဟိုင်ယန့်တွင် လျှိဝှက်တဲ့ ချင်းနန်ဖန်သခင်က သိုင်းလောကထဲမှ လူတော်တွေကို ဂီတစမ်းသပ်ပွဲသို ဖိတ်ခေါ်ခဲ့ပါတယ်။ လျှိဝှက်ပြီးထူးခြားတဲ့ မိန်းကလေး လင်ကျွင်းနဲ့ ရုပ်ရည်ချောမောတဲ့ ဂီတပညာရှင်လင်လွင်တို့ တစ်ချိန်တည်း မြိုအဝင်ဝမှာ ဆုံတွေ့ခဲ့ပြီး အထင်လွှဲမှုတွေ ဖြစ်ခဲ့ပါတယ်။ လင်ကျွင်းရဲ့ အိတ်ထဲကနေ ကျိုရှောင်းစောင်းကြီး ထွက်လာတဲ့အခါ ......သူတိုနှစ်ယောက် ဂီတပွဲတော်သွားတဲ့ လမ်းတစ်လျှောက် ဖြောင့်ဖြူးအဆင်ပြေပါ့မလား ...... ကျိုရှောင်းစောင်းကို ...
movie

The Guqin Requiem ( 2023 )

The Old Way (2023) 5.4
The Old Way (2023) မင်းသားကြီး Nicolas Cage ရဲ့အသစ်ထွက်ရှိလာတဲ့ကောင်းဘွိုင်ကားလေးပါ။ လက်မရွံ့လူသတ်သမားကြီး Colton Briggs ဟာကြေးစားတစ်ယောက်အနေနဲ့ အသက်မွေးပြီး လူတွေအများကြီးကို သွေးအေးအေးနဲ့သတ်ဖြတ်ခဲ့ပါတယ်။ နှစ်တွေကြာအပြီးမှာတော့ Colton လည်းအချစ်ကိုရှာတွေ့ပြီး မိန်းမတစ်ယောက်နဲ့အိမ်ထောင်ကျကာ ကြေးစားဘ၀ကိုစွန့်လွှတ်လိုက်ပါတယ်။ စတိုးဆိုင်အသစ်ဖွင့်ပြီး သမီးလေးတစ်ယောက်နဲ့မိသားစုတစ်ခု ပျော်ရွှင်စွာနေရာကနေ တစ်နေ့မှာတော့ Colton ရဲ့အတိတ်ကအရိပ်မည်းကြီးက လာခြောက်ပါတော့တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က Colton သတ်ခဲ့တဲ့လူရဲ့သားဖြစ်သူက လက်စားချေဖို့ အိမ်ရှေ့၀ကိုရောက်လာတဲ့အခါ...File size…(1.58GB)  / (`833.2MB) / (400.15MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...  Action / Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Old Way (2023)

The Condemned (2007) 6.0
The Condemned (2007) The Condemned (2007)====================== ကျွန်းတစ်ခုပေါ်မှာ သေမိန့်ကျခံထားရတဲ့ ရာဇဝတ်သား (၁၀)ယောက်ကို ထားပြီး မက်လောက်ဖွယ်ငွေကြေးနဲ့ အသက်ရှင်ရက်လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုပေးထားပြီဆိုရင်သေရမှာသေချာနေတဲ့ လူတစ်ယောက်အနေနဲ့ နောက်ဆုံးရှင်သန်သူဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ...အီရန်ဘရက်ကယ်ဆိုတဲ့ လူတစ်ယောက်က ဒီစိတ်ကူးကို အင်တာနက်ပေါ်က(Reality Show) တစ်ခုအဖြစ် လက်တွေ့အကောင်အထည်ဖော်ပြီး ဆိုးသွမ်းလှတဲ့ ရာဇဝတ်သား (၁၀) ယောက်ကို ကျွန်းတစ်ခုပေါ်မှာအတူထားပြီး. နောက်ဆုံးရှင်သန်သူဖြစ်ဖို့ သတ်ကွင်းတစ်ခု ဖန်တီးပေးလိုက်တဲ့အခါ….မထင်မှတ်ထားတဲ့ အလှည့်အပြောင်းအဖြစ်နဲ့ ရွေးချယ်ထားတဲ့အဓိကလူတွေထဲက တစ်ယောက် အသတ်ခံလိုက်ရတဲ့ အချိန်မှာအယ်ဆယ်ဗာဒေါက ထောင်တစ်ခုမှာ သေမိန့်စောင့်ဆိုင်းနေတဲ့ဂျက်ကွန်ရက်ဒ် ဆိုတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားချိန်မှာတော့…..နောက်ကြောင်းစုံစမ်းလို့မရနိုင်တဲ့ ပဟေဠိလူသား ဂျက်ကွန်ရက်ဒ်အဖြစ်.WWE Super Star “Stone Cold” Steve Austin က ပါဝင်ထားပါတယ်Survival Mood အပြည့်နဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်...  File size…1.89GB / 800MB Quality…Blu-Ray 1080p 5.1CH/ ...
movie

The Condemned (2007)