Channel Myanmar

Action

Badrinath (2011) 4.4
Badrinath (2011) Badrinath 2011 -----------------------------ဘောလိဝုဒ် ဇာတ်ကားကောင်းတွေပဲကြည့်ရှုတတ်တဲ့ ပရိသတ်များအတွက် မင်းသားချော Allu Arjun ရဲ့ 2011ကထွက်ရှိထားတဲ့ Romance, Action ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။အရည်အချင်းရှိပြီးထက်မြတ်လှတဲ့စစ်သည်တော်တစ်ယောက်အဖြစ် ဘုန်းတော်ကြီးတစ်ပါးမှ လေ့ကျင့်ပေးထားတဲ့ ဘဒ်ဒရီတစ်ယောက်ဟာ တိုက်ရေးခိုက်ရေးမှာ ရန်သူ ၁၀၀ကို မျက်စိမှိတ်တိုက်ခိုက်နိုင်တဲ့အထိ နှလုံးရေပြည့်ဝလှပါတယ်။ "ဘဒ်ဒရီနတ်" ဘုရားကျောင်းကို စောင့်ရှောက်ပေးဖို့ တာဝန်ရရှိခဲ့ပြီး တစ်နေ့မှာ ဘုရားတွေကိုအယုံအကြည်မရှိတဲ့ ဘာသာမဲ့သူဌေးမလေး အလက္ကန်နန္ဒာရောက်လာပြီးတဲ့နောက်မှာ မတည့်ကြတဲ့သူတို့တွေ ချစ်ကြိုးသွယ်သွားမလား။ ဘယ်လိုရန်သူအနှောင့်အယှက်တွေပေါ်လာမလဲဆိုတာ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်စွာကြည့်ရှုရမှာပါ။ US$ 5.3 million အကုန်ကျခံရိုက်ထားပြီး အဲဒီခေတ်အခါတုန်းက ကုန်ကျစရိတ်အများဆုံး ဇာတ်ကားများထဲက တစ်ကားဖြစ်ခဲ့ပါတယ်။သရုပ်ဆောင်ချက်၊ တိုက်ခိုက်ခန်း၊ ကခန်းတွေလည်း မြိုင်ဆိုင်လှတဲ့အပြင် မင်းသားချော Allu Arjun ရဲ့ ဆံပင်ပုံစံကလည်း တမျိုးလေးဆန်းနေပြီး အတော်လေးလိုက်ဖက်နေတဲ့အတွက် အမာခံပရိသတ်များအဖို့ သဘောတွေ့စေမဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းပေးပါရစေ။ File size…4.26GB / 1.98GB Quality…1080p BluRay / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

Badrinath (2011)

Confessions (2022) 6.7
Confessions (2022) Confessions (2022)*****************ကြေးစားလုပ်ကြံသတ်ဖြတ်သူ တစ်ယောက်က ဆိုင်ကယ် ဂိုဏ်းအတွက်အလုပ်လုပ်ပေးပြီး မြေအောက်လောကမှာသာမက ရဲ‌တွေကိုပါ ဆယ်စုနှစ်များစွာ လက်တစ်လုံးခြားလှည့်ဖျားခဲ့သူပါ...သူဟာ25 နှစ်ကျော်မှ လူသတ်မှု 28 မှုအတွက် အဖမ်းခံခဲ့ရပြီး ဒီဇာတ်ကားဟာ  ဖြစ်ရပ်မှန်ကိုအခြေခံပြန်လည်ရိုက်ကူးထားတာပါ။အစကနေအဆုံးကို ဇာတ်ကားရဲ့နာမည်လေးအတိုင်း အဓိကဇာတ်ဆောင်က ဖြောင့်ချက်ပေးရင်းဆွဲခေါ်သွားမှာပါ။ သူဟာသူ့အမေရဲ့ ချစ်ခြင်းမေတ္တာ တရားတွေကို မရခဲ့သလိုကျောင်းမှာလည်း IQ level က တော်တော်ကိုနိမ့်ပါတယ်။ နောက်အဲ့လိုကောင်းလေးတစ်ယောက်ကနေဝါရင့် သွေးအေးကြေးစားလူသတ်သမားတစ်ယောက်ဖြစ်လာပုံနဲ့ကြေးစားလူသတ်သမားတစ်ယောက်သူ့ရဲ့ပြစ်မှုတွေအတွက် ဘယ်လိုများဖြောင့်ချက်ပေးမလဲဆိုတာတော့ File Size : (1.7GB) (467MB) and (187MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:49:00 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Proxy Encoded by Phyo Pyae
movie

Confessions (2022)

Assassination Classroom: Graduation (2016) 5.7
Assassination Classroom: Graduation (2016) Assassination Classroom: The Graduation (2016)Anime S1နဲ့ ပထမကားကို အဆုံးသတ်ပြီးနောက်မှာတော့ ထပ်ထွက်လာတဲ့ ဒုတိယကားကတော့ S2 ပါပဲ။ကျောင်းဆင်းပွဲနီးလာပြီး သတ်ဖို့အချိန်မကျခင်မှာ မထင်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ကေနောက်ဆုံးအချိန်ကျမှ သူ့အတိတ်ကိုပြောပြမယ်လို့ ဆုံးဖြတ်ထားတဲ့ ဆရာကိုရိုတစ်ယောက် မတတ်သာတဲ့အဆုံး သူ့အတိတ်ကိုပြောပြခဲ့ပြီးနောက်မှာတော့ အရင်ကပစ်မှတ်အနေနဲ့ပဲ သဘောထားခဲ့တဲ့ သူ့တပည့်တွေရဲ့ အမြင်တွေပြောင်းလဲသွားပြီး လုပ်ကြံဖို့တွေဝေသွားကြပါတော့တယ်။ဒီလိုနဲ့ သတ်မယ့်အစား ဆရာ့ကိုကယ်ဖို့နည်းလမ်းကို ရှာဖွေကြရင်း ဆရာ့ကိုကယ်နိုင်သွားမလား။ ပထမအစီအစဥ်အတိုင်း သတ်ပဲသတ်ရမလားဆိုတာ... Anime မှာ S2 နဲ့အဆုံးသတ်သွားသလို ဒီကားကလည်းနောက်ဆုံးပါပဲ ထပ်ထွက်ဖို့မရှိတော့ပါဘူး။File size…2.26GB / 1.14GB Quality…1080p Blu Ray / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (HardSub) Encoder… YK Translated by Moe Pwint Phyu
movie

Assassination Classroom: Graduation (2016)

2016
Dakuaan Da Munda 2 (2022) 5.7
Dakuaan Da Munda 2 (2022) Dakuaan Da Munda 2 (2022)Best Actor nomination ၀င်ခဲ့တဲ့ မင်းသားကြီး Dev Kharoud ရဲ့ Dakuaan Da Munda (2018) ရဲ့ အဆက်ဖြစ်ပါတယ် ဒီကားဟာ ဘော်လီဘောကစားသမား မန်ဂါဆင်းအန်တာလ်ရဲ့ ကိုယ်တိုင်ရေးအထ္ထုပ္ပတ္တိကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်ယခုတင်ဆက်ပေးမယ့်ကားလေးကတော့ ရှယ်ကြမ်းတဲ့ အချစ်အက်ရှင်ဇာတ်မြူးကားလေးပါ မင်းသားရဲ့ ငယ်ဘဝကျောင်းသားဘဝအလွဲလေးတွေ မဟုတ်မခံဆတ်ဆတ်ကျဲ ဇာတ်လမ်းလေးတွေက မင်းသိင်္ခဇာတ်လမ်းက ခံစားချက်မျိုးရသလို မင်းသမီးကို ချစ်ကြိုးသွယ်တာလေးကလည်း အားကျရလောက်အောင် ကြည်နူးဖွယ်ကောင်းပါတယ်ဇာတ်လမ်းလေးကတော့ အားကစားသမား စော်ကြည်ဘဲကောင်လေးဟာ မူးယစ်ဆေးကိစ္စတွေ နိုင်ငံရေးအရှုပ်အရှင်းတွေမှာ ဝင်ရောက်ပတ်သက်မိလို့ ဘဝကြီးတင်မက အချစ်ရေးတွေပါ ထိခိုက်ရတဲ့ထိ မူးယစ်ဆေးရဲ့ဆိုးကျိုးတွေကို ပညာပေးထားတာပါ အဲဒီတော့ ရသစုံဆေးရောင်စုံဇာတ်ကားကြီးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးပါရစေ File size…2.25GB / 1.06GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Sai ThuRein ~ Nyein Aye
movie

Dakuaan Da Munda 2 (2022)

2022
Raangi (2022) 6.0
Raangi (2022) Raangi (2022)IMDb 6.1/10Thaiyal Nayagi ဆိုတာအမျိုးသမီးတွေရဲ့ခေါင်းဆောင်ဆိုတဲ့အဓိပ္ပာယ်ပါ နာမည်နဲ့လိုက်အောင် ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့သတင်းထောက်မလေး မတရားတာတွေကိုလက်ပိုက်ကြည့်မနေဘဲ ဖြေရှင်းပေးတတ်သူ သူတင်တဲ့သတင်းတိုင်းက မပေါက်တာမရှိတဲ့လူပေါ့ ဒါကြောင့်ပဲ ဇာတ်လမ်းစစချင်းမှာ FBI တွေက သူ့နာမည်ကိုမေးပြီး အပူတပြင်းလိုက်ရှာနေကြတယ်ဘာကိစ္စကိုဘယ်လိုပတ်သက်မိလို့ FBI ကအစပါဝင်နေလဲသူလည်းမသိခဲ့ဘူး ဒီအဖွဲ့အစည်းကပါလို့ပြောပြီး သူ့ကိုနေရာတစ်နေရာဆီဆွဲခေါ်သွားကြတယ် ဒီအကြောင်းကိုသတင်းရေးရင် သေသလားရှင်သလားပြည်သူတွေမသိအောင် လူပျောက်စာရင်းဖွင့်မယ်လို့လည်း ခြိမ်းခြောက်ထားကြတာပေါ့ ...ဒီဇာတ်လမ်းတွေရဲ့အစက သူ့တူမ စုရှ်မီသာကစပါတယ် သူ့နာမည်နဲ့ သူ့ပုံပါတဲ့ Facebook က ယောကျာ်းလေး ၁၈ယောက်နဲ့ Sex Chat ထားပြီး အဲဒီ၁၈ယောက်တည်းကတစ်ယောက်ကခြိမ်းခြောက်လေတော့ သိုင်ရယ်လည်းမနေနိုင် ဝင်ဖြေရှင်းရပါတော့တယ် ဒီလိုနဲ့ သူ့တူမနာမည်နဲ့အကောင့်ထဲဝင်လိုက်ရင်း ထင်မထားတဲ့ဓာတ်ပုံကိုတွေ့ပြီး မီဒီယာမှာတင်လိုက်မိရာက.... သူ့ဘဝတစ်ဆစ်ချိုးဘယ်လိုပြောင်းလဲသွားမလဲ စိတ်ဝင်စားစရာတွေတစ်ပုံကြီးနဲ့ ကြည့်ရှုရမဲ့ကားဖြစ်တာကြောင့် အခုပဲကြည့်လိုက်ကြပါတော့နော် File size…2.51GB / 1.08GB Quality…1080p WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~Yunni ~ Nyein Aye
movie

Raangi (2022)

2022
Kingdom 2: Far and Away (2022) 6.8
Kingdom 2: Far and Away (2022) Kingdom 2: Far and Away (2022)Alice in Borderland ထဲက အာရိဆု ပါင်သရုပ်ဆောင်ထားတဲ့ Kingdom 2: Far and Away ဆိုတဲ့ ဂျပန်ဇာတ်ကားလေး ထွက်ရှိလာပါပြီခင်ဗျာ။ သူ့ရှေ့ကား Kingdom 2019 လည်း ရှိပါသေးတယ်။ဇာတ်လမ်းအကျဉ်း ... တစ်မိုးအောက်စစ်သူကြီးဖြစ်ချင်တဲ့ ရှင်းတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဒုတိယမြောက် ဇာတ်ကားလေးပါ။ ဒီတစ်ခေါက်မှာလည်း မပျင်းရအောင်ဖန်တီးထားပြီး ဇာတ်အိမ်ကတော့ ရှင်းပြည်ထောင်နဲ့ ဂီပြည်ထောင်ကြားက နယ်မြေလုစစ်ပွဲတစ်ခု ကို အခြေတည်ထားပါတယ်။ဒီလိုနဲ့ပဲ ဘာမဆို ရှေ့တန်းကပါတတ်တဲ့ ရှင်းတစ်ယောက်လည်း စစ်ချီထွက်လို့လာခဲ့ပါတယ်။ လူကသာအာကျယ်ပေမယ့် ခန္ဓာကိုယ်က သေးသေးလေးမို့ အုပ်စုဖွဲ့ရာမှာအကျဉ်ခံရရင်း အားအနည်းဆုံးသော လူတွေနဲ့အတူတကွ စစ်ပွဲဆင်နွှဲဖို့ ဖြစ်လာပါတော့တယ်။ရှင်းတစ်ယောက် ဘယ်လိုလူတွေနဲ့ ဘယ်လိုသံယောဇဉ်တွေဖန်တီးပြီး ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်သွားမလဲ? နယ်မြေလုစစ်ပွဲကြားက ပြည်ထောင်စစ်သူကြီးတွေရဲ့ ဗျူဟာနည်းစနစ်တွေကိုရော ရှင်းဘယ်လိုသင်ယူသွားမလဲ? ဆိုတာကို ဓားရေးလှံရေး အမိုက်စားတွေနဲ့ တစ်ဝကြီးကြည့်ရှုရဦးမယ့် ဇာတ်ကားတစ်ခုပါပဲ။မင်းသမီးအလှလေးကလည်း ...
movie

Kingdom 2: Far and Away (2022)

2022
Yeh Raaste Hain Pyaar Ke(2001) 4.0
Yeh Raaste Hain Pyaar Ke(2001) Yeh Raaste Hain Pyaar Ke (2001)အခုတစ်ခါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါတော့မယ်...မင်းသားကြီး အဂျေး..မင်းသမီး မာဒူရီးနဲ့ ပါးချိုင့်မင်းသမီးလေး ပရီတီးဇင်ဒါးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်ကားကောင်းပဲဖြစ်ပါတယ် cameo အနေနဲ့ မင်းသားကြီး ဆန်နီဒိုးကလည်း ပါဝင်အားဖြည့်ပေးထားပါတယ်ဒီဇာတ်ကားမှာ ဗစ်ကီနဲ့ ဆာခရှီးတို့က ကားသူခိုးစုံတွဲ လူတွေကို နှစ်ကျပ်ကွက်ရိုက်ပြီး သူတို့ကားတွေကို ခိုးတယ် နှစ်ယောက်စလုံးက မိဘမဲ့...ဆာခရှီးကတော့ ဦးလေးမိသားစုမှာ ကပ်နေတယ်တစ်ရက် လူမိုက်တစ်ယောက်ကို မတော်တဆသတ်မိသွားရင်းနဲ့ သူတို့နှစ်ယောက်ဟာ အသက်ဘေးကြုံလာရပါတော့တယ်...ပြေးရင်းလွှားရင်းနဲ့ နှစ်ယောက်သား လမ်းကွဲသွားခဲ့ကြပြီး ကံကြမ္မာရဲ့လှည့်ကွက်တွေက သူတို့နှစ်ဦးအပေါ် ဘယ်လိုရက်စက်လာတော့မလဲဆိုတာကိုတော့ ဆက်လက်ပြီး ဇာတ်ကားထဲမှာ ရှုစားပေးပါဦးနော်...။ဒီဇာတ်ကားလေးမှာ ချစ်ခြင်းမေတ္တာ..သစ္စာတရားနဲ့ စာနာနားလည်မှုအကြောင်းကို အမိအရရိုက်ကူးပေးထားလို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်...။ File size…4.02GB / 1.8GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Yeh Raaste Hain Pyaar Ke(2001)

2001
Sakra (2023) 6.7
Sakra (2023) Sakra (Tin lung baat bou) (2023) ======================== IMDb Rating - 6.7/10ဒီနေ့မှာတော့ အသစ်စက်စက် ထွက်ရှိထားတဲ့ Donnie Yan ရဲ့ သိုင်းကားအသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ ။ မင်းသမီးလေးကလဲ ချန်ယွီချီ (yukee chen) ဖြစ်တာမို့ သရုပ်ဆောင်တွေနဲ့တင် ကြည့် ရတာ တကယ်တန်နေစေမှာပါ ။ဇာတ်လမ်းအကျဥ်း -မြောက်ပိုင်း စုန့်မင်းဆက် အုပ်စိုးစဥ်အချိန်ကာလ သူတောင်းစားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သူ ချောင်ဖုန်းဟာ သူရဲကောင်းတစ်ယောက်အဖြစ် သိုင်း လောကမှာ ကျော်ကြားခဲ့ပါတယ် ။ ဒါပေမဲ့ တစ်နေမှာတော့ ရုတ်တရက် ဆိုသလို ချီတန်း(မြောက်ပိုင်းတရုတ်နိုင်ငံရဲ့ လူမျိုးစုတစ်ခု) အဖြစ်စွပ်စွဲခြင်း ခံရတဲ့အပြင် သစ္စာဖောက်အဖြစ် သိုင်းလောက လူတိုင်းက သတ်မှတ်ခဲ့ ပါတော့တယ် ။ အမှန်တရားကို ရှာဖွေဖို့ သူတောင်းစားဂိုဏ်းကနေ ထွက် လာခဲ့ပြီး ခရီးလမ်းတစ်လျှောက်မှာ အညှိုးအတေးများကို ချောင်ဖုန်းတစ် ယောက် လက်စားချေခဲ့ပါတော့တယ် ။ အဲ့ဒီခရီးလမ်းမှာပဲ မုရုံအိမ်တော်မှ မိန်းမလှလေး အားကျူးနဲ့ မေတ္တာမျှကာ အတူတူ သိုင်းလောကမှာ ကျဥ် လည်ခဲ့ပါတယ် ...
movie

Sakra (2023)

2023
4K HEVC
Shotgun Wedding (2023) 5.8
Shotgun Wedding (2023) Shotgun Wedding (2023)ဂျနီဖာလိုပက်ရဲ့ အက်ရှင်ဟာသအချစ်ကားအသစ် ထွက်လာပါပြီ။ဇာတ်ကားနာမည် Shotgun Wedding ဆိုတာ တိုက်ရိုက်ဘာသာပြန်ရင်တော့ နှလုံးပြူးသေနတ်မင်္ဂလာဆောင်ပေါ့။ ဒါပေမဲ့ တကယ့်အဓိပ္ပါယ်က အလောသုံးဆယ်ဆောင်ရတဲ့မင်္ဂလာဆောင်မျိုးကို ပြောတာပါ။ တစ်ခါတလေ သတို့သမီးကိုယ်ဝန်ရှိသွားလို့ ထဆောင်လိုက်ရတာမျိုးပေါ့။ဒီရုပ်ရှင်ထဲမှာတော့ နာမည်နဲ့လိုက်အောင် ဂျေလိုကြီး နှလုံးပြူးနဲ့ ပစ်ပြပါလိမ့်မယ်။ မင်းသားကတော့ ထရန်စဖော်ကားထဲက ဗိုလ်ကြီး Josh Duhamel ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဖိလစ်ပိုင်က ကျွန်းတစ်ကျွန်းမှာ မင်္ဂလာဆောင်လုပ်တာကနေ စပါတယ်။ မင်းသမီးက ချမ်းသာတယ်။ မင်းသားက ဘေ့စ်ဘောကစားသမားကိုမှ အသင်းကထုတ်ခံထားရပြီး အလုပ်လက်မဲ့။ အဲဒီကျွန်းမှာ နှစ်ဘက်မိသားစုတွေ အကုန်စုံပြီး တလွဲဖြစ်နေတဲ့အချိန်မှာမှ ပင်လယ်ဓားပြတွေက ဓားပြဝင်တိုက်တဲ့အခါ ဟိုအတန်းမီးလောင်သလို ပွဲတွေဖြစ်ကြတဲ့ ဇာတ်ကားမျိုးပါပဲ။ သတို့သားနဲ့သတို့သမီး ရန်တွေဖြစ်ရင် ပင်လယ်ဓားပြတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ....အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 1.1GB ...
movie

Shotgun Wedding (2023)

2023
An Action Hero(2022) 7.9
An Action Hero(2022) An Action Hero (2022) Action, Comedy, Crime IMDb 7.9/10 (17K)အခုတစ်ခါတက်ဆက်ပေးမယ့်ကားလေးကတော့ Vicky Donor...Andhadhun ဇာတ်ကားများနဲ့ ပရိသတ်အသည်းကိုဖမ်းစားခဲ့တဲ့ ဘောလီဝုဒ်မင်းသားချောလေး အာရွတ်ရှမန်းခူရာနာရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ကားနာမည်က အက်ရှင်ဟီးရိုးဆိုတော့ မြင်သာပါတယ် အက်ရှင်ခန်းတွေ ပါမယ်ဆိုတာ...။ဇာတ်လမ်းအကျဥ်းကို ပြောရမယ်ဆိုရင် မင်းသားက အောင်မြင်ကျော်ကြားတဲ့ အက်ရှင်မင်းသားတစ်ယောက်ပေါ့နော်။ရိုက်ကွင်းလေးရှိလို့ မြို့တစ်မြို့ကိုရောက်လာရင်းနဲ့ အဲ့ဒီမြို့က နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ညီဖြစ်သူဟာ မင်းသားနဲ့ဓာတ်ပုံတွဲရိုက်ဖို့ ရောက်လာခဲ့တယ်။အခြေအနေတွေဟာ တင်းမာခဲ့ပြီးနောက်မှာ မင်းသားဟာ သူ့ကို မရည်ရွယ်ဘဲ သတ်လိုက်မိပါတယ်။ ဒီတော့ မင်းသားဟာ ပြေးဖို့ဖြစ်လာပါပြီ။ သူအနှစ်နှစ်အလလ ကြိုးစားလာခဲ့တဲ့ အနုပညာအလုပ်ကြီးထိခိုက်မယ့် ဘဝပါပျက်မယ့်အရေးကကနေ လွတ်မြောက်အောင် မင်းသားပြေးနေပါပြီ။တစ်ဖက်ကလည်း နိုင်ငံရေးသမားကြီးက သူ့ညီအတွက် လက်စားချေဖို့ မင်းသားကို လိုက်နေပါပြီ။ ဆိုတော့ ဘာဆက်လုပ်ရမလဲ သိတယ်မလား ဆက်ကြည့်ကြတော့နော်...။ File size…1.86GB / 831MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Yunni ~ Nyein Aye
movie

An Action Hero(2022)

2022
Korameenu (2022) 8.8
Korameenu (2022) Korameenu(2022)IMDb-8.5/10ဒီတစ်ခါတော့ အောင်မြင်တဲ့ဇာတ်လမ်းပေါင်းများစွာကိုကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ကိုယ်တိုင်သရုပ်ဆောင်လေ့ရှိတဲ့ မင်းသားကြီး Anad Ravi ရဲ့ ကားလေးအလှည့်ပါသူကိုယ်တိုင်ရေးထားတဲ့ဒီကားထဲမှာတော့ ကောင်မလေးတစ်ယောက်ကို နှစ်ရှည်လများသဘောကျနေတဲ့ ကိုတီဆိုတဲ့လူရိုးကြီးအဖြစ်သရုပ်ဆောင်ထားပါတယ် မီနာရှီရ်လို့ ခေါ်တဲ့အမျိုးသမီးကို အဲ့မြို့ကနိုင်ငံရေးစီးပွားရေးအားလုံးကို လက်ဝါးကြီးအုပ်ထားတဲ့ ကာရူနာနဲ့ သူ့လက်အောက်က ကိုတီတို့ နှစ်ယောက်အပြိုင်ကြိုက်မိတဲ့အခါမှာ ဇာတ်လမ်းလေးက ရှင်းမလိုနဲ့ အဆုံးထိကို ဆွဲခေါ်သွားမှာပါကိုယ့်ထက်အင်အားအဆမတန်ကြီးမားတဲ့ ရန်သူကို ဘယ်လိုတိုက်ခိုက်မလဲဆိုတာ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်း မြှပ်ကွက်များစွာနဲ့ တင်ဆက်ပြထားတာမို့ မလွတ်တမ်းကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ပါရစေ File size…1.7GB / 837MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Sai ThuRein
movie

Korameenu (2022)

2022
The King Of Snipers ( 2023 ) 6.1
The King Of Snipers ( 2023 ) Libiwala ဆိုတဲ့ နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါး တွေ တွင်တွင်ကျယ်ကျယ်အသုံးပြုမှုရှိလာခဲ့ပြီး တရားဝန်စိုက်ပျိုးဖို့အထိ အာဏာပိုင်တွေက လက်ဝါးကြီးအုပ်တိုးချဲ့ခဲ့ပါတယ် ။ပြည်သူတွေ ဘေးကင်းလုံခြုံစေဖို့ / အထိအခိုက်မရှိစေဖို့အတွက် အနယ်နယ်အရပ်ရပ်ကနေ လုပ်ဆောင်ခဲ့ကြပြီး ဆန္ဒပြပွဲတွေလဲ ဆက်တိုက်ဖြစ်ခဲ့ပါတော့တယ် ။ တစ်ဆက်ထဲမှာပါ အမျိုးသမီးစနိုက်ပါသမား အန်းန ၊ အေးဂျင့် အားထိုက် နဲ့ ဒေါက်တာဖန်းတို့ဟာ တာဝန်တစ်ခုက်ို အတူတူ လုပ်ကိုင်ကြဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ ဒီတာဝန်ကို သူတို့တွေ လုပ်ကိုင်ကြရင်း လုပ်ကြံသတ်ဖြတ်မှုတစ်ခုရဲ့ နောက်ကွယ်က အမှန်တရားကို သိရှိခဲ့ကြပြီး အမှောင်ထု ဒုစရိုက်လောကထဲကို နက်နက်ရှိုင်းရှိုင်း လုပ်ဝင်ရောက်လာခဲ့ကြတဲ့အခါ -❏ မူးယစ်ဆေးနွံနစ်နေတဲ့ အပြစ်မဲ့ပြည်သူတွေကိုရော သူတို့တွေကယ်တင်နိုင်ကြပါ့မလား ? ❏ သူတို့တွေ တာဝန်ထမ်းဆောင်ရတဲ့ မစ်ရှင်ကိုရော အပြစ်ဆုံးထိ တာဝန်ထမ်းဆောင်နိုင်ပါ့မလား ? ❏ သူတို့ကိုယ်တိုင်ကရော ဒုစရိုက် အမှောင်ထုတောကြီးအတွင်းက ရုန်းထွက်နိုင်ပါ့မလား? ဆိုတာ ကြည့်ရှုလိုက်ရအောင်ပါနော် ။ အက်ရှင်ကားကောင်းကောင်းလေးဖြစ်တာမ်ို့ လက်လွှတ်မခံတမ်းကြည့်ရှုပေးကြပါဦးရှင် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p ...
movie

The King Of Snipers ( 2023 )

Natural Born Killers(1994) 7.2
Natural Born Killers(1994) Natural Born Killers(1994)====================== မစ်ကီနဲ့ မယ်လိုရီ တို့ဟာ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာကိုယ်စီနဲ့ကြီးပြင်းလာခဲ့သူတွေဖြစ်ပါတယ် မစ်ကီနဲ့ မယ်လိုရီတို့ အချင်းချင်းတွေ့ဆုံမိချိန်မှာတော့ နှစ်ယောက်ပေါင်းပြီး မယ်လိုရီရဲ့ အနိုင်ကျင့်တတ်တဲ့မိဘတွေကိုသတ်ကာ နှစ်ယောက်သားထွက်ပြေးခဲ့ကြပါတော့တယ်ဒါပေမယ့် ငယ်ငယ်ကစိတ်ဒဏ်ရာရှိခဲ့သူတွေဖြစ်တာကြောင့်နှစ်ယောက်ပေါင်းမိချိန်မှာတော့ တစ်ဖြည်းဖြည်း စိတ္တဇ လူသတ်စုံတွဲအဖြစ်ပြောင်းလဲလာပါတော့တယ် သူတို့ဟာ သူတို့ကားရပ်တဲ့နေရာတိုင်း အနားမှာရှိသမျှလူအကုန်သတ်ပစ်တတ်ကြပြီး သူတို့သတ်သွားတဲ့ဇာတ်လမ်းကိုပြန်ပြောနိုင်ဖို့ လူတစ်ယောက်ကိုတော့ချန်ခဲ့တတ်တဲ့စုံတွဲအဖြစ် နာမည်ကြီးပါတယ် အဲ့အချိန်မှာပဲ မီဒီယာရဲ့မြောှက်ထိုးပင့်ကော်လုပ်မှုကြောင့် တစ်နိုင်ငံလုံးဟာ ဒီရာဇဝတ်စုံတွဲကိုထောက်ခံအားပေးလာကြတဲ့အချိန်မှာတော့ မစ်ကီနဲ့မယ်လိုရီတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ်သရုပ်ဆောင်တွေကတော့ မင်းးသားကြီး Woody Harrelsonနဲ့မင်းသမီး Juliette Lewisပဲဖြစ်ပါတယ် ဒါ့အပြင် မင်းသားRobert Downey Jrကလည်း သတင်းထောက် ဝိန်းဂေးလ်အနေနဲ့ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. File size…2.81GB / 1.26GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Action / Crime / Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Natural Born Killers(1994)

Teen Wolf: The Movie (2023) 6.4
Teen Wolf: The Movie (2023)    ဒီရုပ်ရှင်ကတော့ Teen Wolf (2011-2017) စီးရီးရဲ့နောက်ဆက်တွဲကို ရုပ်ရှင်အနေနဲ့ ၂ နာရီခွဲကြာအောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မူလသရုပ်ဆောင်အားလုံး ပြန်လာကြတာမို့ Teen Wolf ဖန်တွေတော့ အရမ်းကြိုက်ကြမှာပါပဲ။ စီးရီးမကြည့်ဖူးတဲ့သူတွေလည်း ကြည့်လို့ရအောင် အတိုချုံးလေး ရှင်းပြပေးထားပါ့မယ်။အဓိက ဇာတ်ကောင်ကတော့ ဘီကွန်ဟေးလ်မြို့လေးမှာနေတဲ့ စကော့ မက်ကော ဆိုတဲ့ သမန်းဝံပုလွေပါပဲ။ စီးရီးအဆုံးမှာတော့ သူဟာ သမန်းဝံပုလွေအုပ်ရဲ့ အယ်ဖာခေါင်းဆောင်ဖြစ်သွားခဲ့ပါပြီ။ သူ့အမေကတော့ သူနာပြုပါ။ သူ့ရဲ့ ချစ်သူ အလီဆန်အားဂျန့်ကတော့ သမန်းဝံပုလွေ မုဆိုးမျိုးရိုးဖြစ်ပြီး စီးရီးထဲမှာ သေဆုံးသွားခဲ့ပါပြီ။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းက စတလင်းစကီးခေါ် စတိုင်းပါ။ သူကတော့ သမန်းဝံပုလွေတွေကို တချိန်လုံးကူညီခဲ့တဲ့ ဉာဏ်ကောင်းတဲ့ သူငယ်ချင်းပါပဲ။ နောက်တော့ FBI ထဲရောက်သွားပါပြီ။ စတလင်းစကီးရဲ့အဖေကတော့ ရဲမှူးပါ။ စတိုင်းရဲ့ကောင်မလေး လစ်ဒီယာကတော့ ဘန်းရှီးဖြစ်ပြီး သေခြင်းတွေကို မြင်နိုင်တဲ့အစွမ်းနဲ့ အသံလှိုင်းနဲ့တိုက်ခိုက်နိုင်တဲ့အစွမ်းရှိပါတယ်။ စကော့မက်ကောရဲ့ နောက်ထပ်အချစ်ဆုံးမိတ်ဆွေကတော့ ဒဲရက်ဟေးလ်လို့ခေါ်တဲ့ ...
movie

Teen Wolf: The Movie (2023)

The Foggy Mountain (2020) 5.9
The Foggy Mountain (2020) The Foggy Mountain (2020)ဒါကတော့ 2020 လောက်ကထွက်ထားတဲ့ Vietnam action ကားလေးဖြစ်ပါတယ်။ IMDb မှာတော့ 5.9/10 ရရှိထားပြီး အက်ရှင်ဇာတ်ကြမ်းမှကြည့်ချင်တယ်ဆိုသူများအတွက် သင့်တော်မယ့် ဇာတ်ကြမ်းကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အငြိမ်းစားယူပြီး မျက်မမြင်မိန်းမနဲ့ပဲ အချိန်ပေးနေတဲ့ ဖိုက်တာဟောင်းကြီးတစ်ယောက်အကြောင်းပါ။ မိန်းမဖြစ်သူရဲ့မျက်လုံးကိုရအောင်ကုပေးဖို့ကြိုးစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ အလုပ်ရှင်ဟောင်းမှပေးတဲ့ တာဝန်ကို ငြင်းပယ်လိုက်တဲ့အတွက်ကြောင့် အလုပ်ရှင် ဂိုဏ်းစတားခေါင်းဆောင်ဟာ ဖိုက်တာဟောင်းကြီးရဲ့ မိန်းမကို သတ်လိုက်ပါတာ့တယ်။ ဒီအတွက် သူ သူ့မိန်းမအတွက် ဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါခင်ဗျ။ အက်ရှင်ခန်းတွေအများကြီးနဲ့ ဇာတ်ကြမ်းကားပီသတဲ့အတွက်ကြောင့် Actionသမားတွေအတွက် တင်ပေးလိုက်ပါတယ်ခင်ဗျ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။Genre..... Action Quality…. 1080p | 720p | 480p File size… 1.4GB | 758MB | 359MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xavier ...
movie

The Foggy Mountain (2020)

2020
Aan: Men at Work (2004) 5.7
Aan: Men at Work (2004) Aan: Men at Work (2004) Action, Crime, Drama IMDb 5.7/10 (3.2K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB ...
movie

Aan: Men at Work (2004)

2004
Black Warrant (2022)
Black Warrant (2022) Black Warrant (2022)2022 က ထွက်ရှိထားတဲ့ ခုကားလေးက​တော့ အက်ရှင်ကား​တွေ ကြိုက်တဲ့သူတွေကြည့်သင့်တဲ့ အက်ရှင်သည်းထိတ်ရင်ဖိုကား​လေးပါ။ကမ္ဘာ​ကို မီးဖျက်ဖို့ကြိုးစား​နေတဲ့ အကြမ်းဖက်သမား​တွေရဲ့အကြံကို တားဖို့ အ​သေဖမ်းဝရမ်းနဲ့ တာဝန်​ပေးခံရတဲ့ အ​ဖေဖြစ်သူနစ်ခ် နဲ့ နှစ်​ပေါင်းများစွာ အ​ဖေဖြစ်သူနဲ့ကွာ​ဝေး​နေပြီး မူးယစ်ရဲ ဖြစ်​နေတဲ့သားဖြစ်သူ အန်တိုနီတို့ မစ်ရှင်တစ်ခုတည်းကို ဘယ်လိုပူး​ပေါင်းပြီး တားမလဲဆိုတာကို အက်ရှင်ဆန်​ဆန်ရိုက်ပြ​ထားတဲ့ ကားလေးပါပဲ။အ​ဖေနဲ့သားအကြားက နားလည်မှုလွဲတာ​တွေကို ဘယ်လိုပုံစံနဲ့ ​​ဖြေရှင်းကြမလဲ... ​ပေးထားတဲ့မစ်ရှင်ကိုလည်း သားအဖနှစ်​ယောက် ဘယ်လို အကြံ​ကောင်း​ကောင်း နဲ့ရင်ဆိုင်ရမလဲဆိုတာ​​တွေကို ​တွေ့ရမှာမို့လို့ တစ်​ခေါက်​လောက်​တော့ကြည့်သင့်တဲ့ အက်ရှင်ကားလေးတစ်ကားဆိုလည်း မမှားပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.5GB, 700MB Quality - 1080p, 720p Format - mp4 Duration - 1H 34Min Genre - Action, Thriller Subtitle - Myanmar Subtitle ...
movie

Black Warrant (2022)

2022
The Perfect Storm (2000) 6.5
The Perfect Storm (2000) 2012တို့ The Finest Hoursတို့လို disaster moviesကြိုက်တတ်သူတွေအတွက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ The Perfect Storm ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… Best Special Visual Effectsဆုရထားတာမလို့ ကားဟောင်းကြီးဆိုပြီး CGI ဂွမ်းမှာလည်း မပူရပါဘူးသရုပ်ဆောင်တွေကတော့ Oceanမင်းသားကြီး George Clooneyနဲ့ The Italian Jobမင်းသား Mark Wahlbergတို့ဖြစ်ပြီး directorကတော့ Air Force One, Poseidenတို့ကိုရိုက်ကူးခဲ့သူ Wolfgang Petersonပဲ ဖြစ်ပါတယ်…ဇာတ်လမ်းအကျဥ်း ကပ္ပတိန်ဘီလီတိုင်နဲ့ တံငါသည်၅ယောက်တို့ဟာ အန်ဒရီရာဂေးလ်ဆိုတဲ့ ငါးဖမ်းလှေနဲ့ ပင်လယ်ထဲကိုငါးဖမ်းထွက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ နှစ်၁၀၀မှာ ၁ခါဖြစ်ခဲလှတဲ့ မုန်တိုင်းကြီးတစ်ခုနဲ့ ပက်ပင်းတိုးပါတော့တယ်.. ရိုးရိုးမုန်တိုင်းမဟုတ်ဘဲ The Perfect Storm လို့ခေါ်ရလောက်အောင် ဘာတွေကများထူးခြားနေလို့လဲ… ဒီမုန်တိုင်းကြီးထဲကနေ သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးFile size…(2.83GBGB)  / (`1.54GB)  Quality…. Web 1080P / ...
movie

The Perfect Storm (2000)

Assassination Classroom(2015) 6.2
Assassination Classroom(2015) Assassination Classroom (2015) -------------------------------------------------------- Anime ဖန်တွေကြားမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ စီးရီးတစ်ခုဖြစ်တဲ့ Assassination Classroom ရဲ့ Season 1 ကို LA အနေနဲ့ ပြန်ရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။Anime ကို LA ပြန်ရိုက်တာမလို့ ထုံးစံအတိုင်း ဂွမ်းတဲ့နေရာတွေအများကြီးဆိုပေမယ့် အဓိကဇာတ်ဆောင်ဖြစ်တဲ့ Koro sensei ကတော့ တစ်ပုံစံတည်းမလို့ ဖြေသာပါသေးတယ်လို့ ဆိုရမှာပါပဲ။ဇာတ်လမ်းအကျဥ်းကတော့ လ,ကိုဖျက်ဆီးပြီးတော့ နောက်နှစ် သုံးလပိုင်းမှာ ကမ္ဘာကိုပါဖျက်မယ်လို့ ခြိမ်းခြောက်ထားတဲ့ရေဘဝဲလိုသတ္တဝါကြီးကို ဘယ်လိုနည်းနဲ့မှသတ်လို့မရတဲ့အဆုံး လက်လျှော့လိုက်ရတော့မယ့်အချိန်မှာ အကြောင်းအရင်းတော့မပြောပေမယ့် စာအရမ်းညံ့ပြီးအပယ်ခံတွေစုနေတဲ့ အလယ်တန်းတတိယနှစ် E ခန်းရဲ့ အတန်းပိုင်ဖြစ်ခွင့်ပေးရင် အဲဒီကလေးတွေသတ်တာခံပါမယ်လို့ သဘောတူလက်ခံခဲ့ပါတယ်။ဒီလိုနဲ့ ကလေးတွေကိုစာလည်းသင်ပေးရင်း လုပ်ကြံသတ်ဖြတ်ရေးပါသင်ပေးရင်းနဲ့ ဆရာနဲ့ သူ့တပည့်တွေကြားကသံယောဇဥ်ခိုင်မာလာပြီး နောက်ဆုံးမှာ သူ့ကိုလုပ်ကြံနိုင်သွားမလား ဒါမှမဟုတ် မအောင်မြင်ဘဲနဲ့ မူလအစီအစဥ်အတိုင်း ကမ္ဘာကိုပဲဖျက်ဆီးမလားဆိုတာ... File size…2.1GB / 1.2GB Quality…1080p BluRay   /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moe Pwint Phyu
movie

Assassination Classroom(2015)

2015