Channel Myanmar

Adventure

George and the Dragon (2004) 5.6
George and the Dragon (2004)  ဒါရိုက်တာ Tom Reeve ကိုယ်တိုင်ရေးသားရိုက်ကူးထားပြီးမင်းသား James Purefoy နဲ့မင်းသမီး Piper Perabo ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသစွန့်စားခန်းဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************ပထမခရူးဆိတ်စစ်ပွဲပြီးဆုံးချိန်မှာ ပင်ပန်းနွမ်းနယ်နေတဲ့သူရဲကောင်းတွေ၊ စစ်သားတွေနဲ့ ဘုန်းတော်ကြီးတွေဟာဥရောပတစ်လွှားက မိမိတို့နေရပ်ကို အသီးသီးပြန်လာကြပါတယ်။ရုပ်ရည်ချောမောတဲ့အင်္ဂလိပ်သူရဲကောင်းဂျော့ဂျ်ဟာပါလက်စတိုင်းမှာတွေ့ကြုံခဲ့ရတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေကြောင့် အေးချမ်းတဲ့ဘဝမှာပဲနေထိုင်သွားဖို့ဆုံးဖြတ်ပြီးအင်္ဂလန်ကိုပြန်လာခဲ့ပါတယ်။ ဂျော့ဂျ်ဟာ အခြေချနေထိုင်ဖို့မြေကွက်ရှာဖွေရင်း စိတ်ပူပန်သောကရောက်နေရရှာတဲ့ဘုရင်အက်ဒ်ဂါနဲ့တွေ့ပြီး ပျောက်ဆုံးနေတဲ့မင်းသမီးလေးလူနာကိုရှာဖွေပေးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မင်းသမီးလေးကိုဖမ်းဆီးသွားတာဟာ နဂါးတစ်ကောင်ဖြစ်နေပြီး နဂါးမကြီးဟာသေဆုံးသွားတဲ့အတွက် မင်းသမီးလေးလူနာက အကောင်ပေါက်တော့မယ့်နဂါးဥလေးကိုကာကွယ်ပေးဖို့ ဆုံးဖြတ်ထားတဲ့အခါမှာတော့ ဂျော့ဂျ်ရဲ့စွန့်စားခန်းတွေက တစ်ဖန်ပြန်လည်စတင်လာပါတော့တယ်။ File size…1.93GB / 1.09B Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 33m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

George and the Dragon (2004)

Alvin and the Chipmunks: The Squeakquel (2009)
Alvin and the Chipmunks: The Squeakquel (2009) ဒီဇာတ်ကားက Alvinတို့ ရှဉ့်​လေးသုံး​ကောင်ရဲ့ ဒုတိယ​မြောက်ဇာတ်ကား ဖြစ်ပါတယ်။ ​​​​ဒေ့ဗ်နဲ့တူတူ နယ်လှည့်​ဖျော်​ဖြေပွဲ​တွေလုပ်​နေရင်းထုံးစံအတိုင်း အယ်ဗင်​ကြောင့်ပဲ ​ဒေ့ဗ်တစ်​ယောက်မ​တော်တဆဖြစ်ပြီး ​ဆေးရုံရက်ရှည် တက်လိုက်ရတာ​ကြောင့်​အယ်ဗင်တို့သုံး​ကောင် ဒေ့ဗ်ရဲ့အ​ဒေါ်အိမ်မှာသွား​နေဖို့ ဖြစ်လာပါတယ်။ဖြစ်ချင်​တော့ အဲဒီအိမ်မှာ ​ဒေ့ဗ်ရဲ့တူ​တော်​မောင်လည်းရှိ​နေပြီး သူ့​ကြောင့်ပဲ အဲဒီအ​ဒေါ်ပါ ​ဆေးရုံတက်လိုက်ရချိန်မှာအယ်ဗင်တို့ဟာ ​ဒေ့ဗ်ရဲ့တူဖြစ်သူနဲ့ တူတူ​နေဖို့ ဖြစ်လာပါတယ်။​ဒေ့ဗ်​တောင် ထိန်းမနိုင်တဲ့ ရှဉ့်သုံး​​ကောင်ကို တူ​​ဖြစ်သူကလည်းထိန်းဖို့ အစီအစဉ်မရှိဘဲ ရှဉ့်သုံး​ကောင်ကို ​ကျောင်းတက်ဖို့ဆိုပြီးအထက်တန်း​ကျောင်းကို သွားတက်ခိုင်းလိုက်ပါတယ်။​ကျောင်းမှာလည်း ပြဿနာ​တွေ ရှာခဲ့တာ​ကြောင့် အယ်ဗင်တို့သုံး​ကောင်သား ​ကျောင်းနားမလား၊ ​ကျောင်းဂီတဌာန ရန်ပုံ​​ငွေရဖို့ ​ကျောင်း​​ပေါင်းစုံ အဆိုပြိုင်ပွဲမှာ ဝင်ပြိုင်​ပေးမလားဆိုပြီးအ​ပေးအယူ လုပ်ရတဲ့ အ​ခြေအ​​နေ​တွေ ​ရောက်ကုန်ပါတယ်။တစ်ဖက်မှာလည်း အယ်ဗင်တို့​ကြောင့် မွဲသွားတဲ့ producerကြီးက အခွင့်သာတိုင်း အယ်ဗင်တို့ကို လက်​စား​ချေဖို့အတွက်စောင့်​နေရင်း အယ်ဗင်တို့လိုပဲ သီချင်းဆိုတတ်တဲ့ ရှဉ့်မ​လေးသုံး​ကောင်က သူ့ဆီ​ရောက်လာခဲ့ပါတယ်။သူတို့အဖွဲ့ကို​တော့ချစ်ပက်တ်​လို့ ​ခေါ်ပါတယ်။Producerကြီး အီယန်က အဲဒီရှဉ့်မ​လေး​တွေကိုအသုံးချပြီး အဆိုပြိုင်ပွဲမှာ အယ်ဗင်တို့ကိုအနိုင်ရ​ဖို့ ကြံဖန်ပါ​တော့တယ်။သူကပဲ ပြန်လက်စား​ချေသွားနိုင်မလား၊အယ်ဗင်တို့ကပဲ အ​ကြွေးထပ်ယူသွားမလားဆိုတာကြည့်ရှုရမှာပါ။ File size…   2.6 ...
movie

Alvin and the Chipmunks: The Squeakquel (2009)

2009
Alvin and the Chipmunks: Chipwrecked (2011) 4.3
Alvin and the Chipmunks: Chipwrecked (2011) Alvin and the Chipmunks: Chipwrecked (2011) =================================ဇာတ်လမ်းလေးကတော့ Brittany Jeanette နဲ့ Eleanor တို့ကိုပါ Ian လက်ကနေကယ်ပြီး Alvin တို့တစ်မိသားစုလုံး အပျော်စီးသ င်္ဘောနဲ့ အပန်းဖြေခရီးထွက်တဲ့အချိန်မှာစပါတယ်။ ထိန်းရမယ့်လူ ပိုများလာလို့ Dave တစ်ယောက် လက်မလည်ဖြစ်နေချိန်မှာ Alvin ဆိုတာကတော့ သိတဲ့အတိုင်း တောင်ဆို မြောက်ရောက်နေပါပြီ။ အပျော်ကနေ အပျက်ဖြစ်လွန်းတဲ့ Alvin ကို ကပ္ပတိန်ဆီပြန်ချွန်ဖို့ သင်္ဘောဝန်ထမ်းအနေနဲ့ပါလာတဲ့ Ian ကလည်း မျက်စိဒေါက်ထောက် ကြည့်နေပါပြီ။Ian အကြံအောင်မြင်သွားတဲ့အခါမှာတော့ ဆော့လွန်းပါတယ်ဆိုတဲ့ Alvin တို့တစ်သိုက်ခမျာ ဆော့နည်းပေါင်းစုံပိတ်ပင်ခံလိုက်ရပါတော့ တယ်။ မခေသူလေးကလည်း " Alvin တဲ့ကွ ထိန်းလို့မရစေရဘူး " ဆိုတဲ့အကွက်နဲ့ ကစားစရာစွန်ကိုပါစီးပြီး ဆော့ရာကနေ စီးတဲ့လူရော ကြိုးဆွဲပေးတဲ့ ကျန် ၅ ယောက်ပါ လေလွင့်သူတစ်သိုက်အဖြစ် .... ကိုယ်ထိန်းတဲ့ကလေးတစ်သိုက် လေထဲပါသွားတာတွေ့မှ Dave လည်း နောက်ကလိုက်ဖို့ပြင်ပါတော့တယ်။ ဒါပေမယ့် Dave အဖြစ်က Alvin တို့ထက်တောင် ပိုဆိုးတယ်လို့ ပြောလို့ရပါတယ်။ Ian လည်း ...
movie

Alvin and the Chipmunks: Chipwrecked (2011)

2011
Alvin and the Chipmunks: The Road Chip
Alvin and the Chipmunks: The Road Chip ဒီဇာတ်ကားက Chipmunk​တွေရဲ့ ​နောက်ဆုံးထွက်ရှိထားခဲ့တဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ ချစ်ပက်တ်​​​တွေက ဂီတ​​လောကမှာနေရာရ​နေပြီဖြစ်သလို ​ဒေ့ဗ်ကလည်း ဆမန်သာဆိုတဲ့ ဆရာဝန်တစ်​ယောက်နဲ့ နီးစပ်​နေတဲ့အချိန်ဖြစ်လို့ အယ်ဗင်တို့သုံး​ကောင်အထီးကျန်​နေရတဲ့ ကာလ​တွေ​ပေါ့။ ဆမန်သာမှာ မိုင်းစ်ဆိုတဲ့သားတစ်​ယောက်ရှိပြီးသူတို့နဲ့စ​တွေ့ကတည်းက ကမ္ဘာ့ရန်​တွေဖြစ်​နေခဲ့တာပါ။ အဲဒီလိုနဲ့ ​ဒေ့ဗ်နဲ့ ဆမန်သာတို့ နှစ်​ယောက်တည်း မိုင်ယာမီကိုခရီးထွက်ဖို့ဖြစ်လာတဲ့အခါ ​ဒေ့ဗ်တစ်​ယောက် လက်ထပ်ခွင့်​တောင်း​တော့မယ်လို့ ထင်သွားကြပြီး ကိုယ့်ရန်သူနဲ့ မိသားစုမဖြစ််ချင်တဲ့ မိုင်းစ်နဲ့ ရှဉ့်သုံး​ကောင်တို့ ပန်းတိုင်တူ မိတ်​ဆွေ​တွေအ​နေနဲ့ ​ဟောလီးဝုဒ်က​နေ မိုင်ယာမီအထိ လိုက်သွားပြီး​ဒေ့ဗ် လက်ထပ်ခွင့်​တောင်းမယ့် အစီအစဉ်ကို လိုက်ဖျက်ဖို့ကြိုးစားပါ​တော့တယ်။ သူတို့ရဲ့ ဖျက်လိုဖျက်ဆီး ခရီးစဉ်မှာဘယ်လိုတလွဲ​တွေ လုပ်ဦးမလဲ၊ သူတို့ရဲ့ရည်မှန်းချက်ကြီးကို​အောင်မြင်စွာ အ​ကောင်အထည် ဖော်နိုင်မလား၊ ဒါမှမဟုတ်ကျရှုံးသွားမလားဆိုတာ ကြည့်ရှုရမှာပါ။ File size…   2.6 GB /  665 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 32m Genre ..... Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. ...
movie

Alvin and the Chipmunks: The Road Chip

2015
The Legend of Muay Thai: 9 Satra (2018) 7.3
The Legend of Muay Thai: 9 Satra (2018)  "မွေထိုင်းဒဏ္ဍာရီ:လက်နက်ကိုးပါး"မွေထိုင်းတိုက်ကွက်တွေ မြင်တွေ့ရဦးမယ့် ထိုင်းanimationကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါဦးမယ်။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်ရာမသန်နာခွန်တိုင်းပြည်ကြီးကို ဒေဝယက္ခဦးဆောင်တဲ့ယက္ခမျိုးနွယ်က သိမ်းပိုက်လိုက်ပြီးနောက်မှာ ဇာတ်အိမ်တည်ထားပါတယ်။ဒေဝယက္ခဟာ တန်ခိုးခွန်အားအလွန်အင်မတန်ကြီးတဲ့အတွက်သာမန်လူသားတွေအနေနဲ့ မလွန်ဆန်နိုင်တာမလို့ရာမသန်နာခွန်တပ်တော်ဟာ စစ်ရှုံးခဲ့ရပြီးပြည်သူပြည်သားများလည်း ဒုက္ခအတိရောက်ခဲ့ရပါတယ်။ဒီအခြေအနေမျိုးမှာ ‌ဒေဝယက္ခကိုတော်လှန်နိုင်မယ့်ဟောကိန်းတစ်ခုလည်းမွေးဖွားလာခဲ့ပါတယ်။ဒါကတော့ နက္ခတ်ကောင်းတို့စုစည်းချိန်မှာ မွေးဖွားမယ့်ကလေးဟာ...မွေထိုင်းပညာနဲ့ လက်နက်တော်ကိုးပါးကိုအသုံးပြုပြီးဒေဝယက္ခကိုကျရှုံးအောင် တော်လှန်မယ်ဆိုတာပါပဲ။ဒီဟောကိန်းအမှန်တကယ်မဖြစ်လာဖို့အတွက် ဒေဝယက္ခဟာမွေထိုင်းကျောင်းတော်တိုင်းကိုဖျက်ဆီးပြီး၊ နက္ခတ်ကောင်းတို့စုစည်းချိန်မှာ မွေးတဲ့ကလေးတိုင်းကို ‌ဖမ်းဆီးကာထောင်သွင်းအကျဥ်းချထားပါတယ်။ပြီးတော့ မှော်ဝင်လက်နက်တော်ကိုလည်းရှာဖွေကာဖျက်ဆီးဖို့ကြံပါတော့တယ်...။သို့ပေမဲ့ ရာမသန်နာခွန်ပြည့်ရဲ့ တော်ဝင်စစ်သူကြီးပန်ဟာမှော်ဝင်လက်နက်တော်နဲ့ ကလေးငယ်တစ်ယောက်ကို ခေါ်ဆောင်ကာအဝေးတစ်နေရာကို တိမ်းရှောင်သွားခဲ့ပါတယ်။ဒါကတော့ ဒဏ္ဍာရီလေးရဲ့ နိဒါန်းပဲဖြစ်ပါတယ်ဒီလိုနဲ့နှစ်ပေါင်းများစွာအကြာမှာ ဒေဝယက္ခကို စိန်ခေါ်မယ့်မွေထိုင်းပညာရှင်လေးက ဘယ်သူများဖြစ်မလဲ..လက်နက်တော်ကိုးပါးကိုအသုံးချပြီး ဘယ်လိုအနိုင်ယူတော်လှန်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…2.04GB / 1.03GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 42m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Legend of Muay Thai: 9 Satra (2018)

Terminator Salvation (2009) 6.5
Terminator Salvation (2009) Terminator ဇာတ်ကားတွေထဲက key word တွေ ရှာကြည့်ရမယ်ဆိုရင်တော့ သတ်ဖြတ်ရေးမုဆိုး၊ တီ ၁၀၀၀၊ ဘာညာ အဲဒါတွေ ကြားထဲကမှ အခုပြောမယ့် key word ကတော့ စိမ့်ဝင်ပူးတွဲနေထိုင်ခြင်းတဲ့။ဟုတ်ပါတယ်။ စက်တွေက လူသားနဲ့ သိပ်ကိုနီးနီးစပ်စပ်တူတဲ့ စက်ရုပ်တွေကို လူတွေထဲစိမ့်ဝင်၊ အလစ်အငိုက်ဖမ်းပြီး သတ်ဖြတ်တတ်ကြတယ်။ ဒါပေမဲ့ လူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ အဲဒီစက်ရုပ်တွေကို ခွဲခြားနိုင်ခဲ့ပါတယ်။ ဒီတော့ စကိုင်းနက်ရဲ့ စိမ့်ဝင်ရောနှောလုပ်ကြံရေး လုပ်ဆောင်မှုတွေအားလုံး မအောင်မမြင် ဖြစ်ခဲ့ရတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ စကိုင်းနက်က သူမတူအောင် ထူးချွန်ပြီး လူသားတွေ လုံးဝမရိပ်မိနိုင်တဲ့၊ အစွမ်းအထက်ဆုံး စိမ့်ဝင်ရောနှောရေးစက်ရုပ်တစ်ရုပ်ကို လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ ဂျွန် ကော်နာ ဆိုတာ ဖြစ်မလာရေးအတွက် သူ့ရဲ့ဖခင် ကိုင်းလ် ရိစ် ကို လုပ်ကြံရေးပါပဲ။အသိဉာဏ် သိပ်ကိုထက်မြက်နေပြီး လူသားစိတ်ပညာကို ကျွမ်းကျင်တဲ့ စကိုင်းနက်က လူသားတွေအပေါ် ...
movie

Terminator Salvation (2009)

2009
The Phantom Warrior (2024)
The Phantom Warrior (2024)  ဖခင်ဖြစ်သူက ၁၃နှစ် သမီးမှာ တခြားမိန်းမနောက်လိုက်သွားပြီးသူတို့ သားအမိကို ချန်ထားခဲ့တဲ့နောက် မိခင်ဖြစ်သူကလည်းကင်ဆာရောဂါနဲ့ သေဆုံးသွားပါတယ်။ ဒီတော့ မိဘတွေအမွေချန်ထားရစ်တဲ့ မြင်းဇောင်းရယ် ရိုင်ဖယ်တစ်လက်ရယ်မြင်းအိုတစ်ကောင်ရယ်နဲ့ နမက်ဆစ်တစ်ယောက် ကြီးပြင်းလာပါတယ်။ တစ်ရက်ကျ ဖြတ်သွားနေကြ ဘုရားကျောင်းကိုအမှတ်မထင် ဝင်ရောက်ခဲ့ပြီး နမက်ဆစ်ဟာ ရှေ့ဖြစ်ဟောတစ်ယောက်နဲ့ တွေ့ရှိကာ သူဟာ သာမန်လူမဟုတ်ပဲ မသေမျိုးစိတ်ဝိဉာဉ်ဖြစ်တဲ့ ဝိဉာဉ်သူရဲကောင်းဖြစ်ကြောင်း မကောင်းမှုတွေကိုကံကြမ္မာအလိုရ ဖယ်ရှားရမယ်ဆိုတာကို ပြောပြသွားပါတယ်။ဒီလိုနဲ့ နမက်ဆစ်တစ်ယောက်ကို ဟီးရိုးဖြစ်လာတဲ့အချိန်တစ်ဖက်မှာလည်း အိမ်တွင်းအကြမ်းဖက်သမားများကိုလိုက်လံသတ်ဖြတ်နေတဲ့ ထူးဆန်းတဲ့ဂိုဏ်းတစ်ဂိုဏ်းနဲ့ တွေ့ရှိခဲ့ချိန်မှာတော့…..။ File size…1.05GB / 458MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 59m Genre ….. Adventure , Fantasy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat
movie

The Phantom Warrior (2024)

Chinese Zodiac (2012) 6.0
Chinese Zodiac (2012) ဂျက်ကီချန်းရဲ့ ၂၀၁၂ က ဂင်းနစ်စံချိန်တွေတင်ခဲ့တဲ့ အက်ရှင်ကားလေးပါ Armour of God(1986) နဲ့ Armour of God II: Operation Condor(1991) တို့ရဲ့ အဆက်ဖြစ်ပေမယ့် ဒီတစ်ကားတည်း ကြည့်လို့လည်း အဆင်ပြေပါတယ်ဂျက်ကီချန်းအနေနဲ့ "စတန့်အများဆုံး" နဲ့ "ရုပ်ရှင်တစ်ကားတည်းမှာ Credit အများဆုံး" ဆိုတဲ့ ဂင်းနစ်စံချိန်နှစ်ခု တင်နိုင်ခဲ့ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ဒုတိယဘိန်းစစ်ပွဲကာလမှာ ပြင်သစ်-အင်္ဂလိပ်လူမျိုးတွေက တရုတ်နိုင်ငံရဲ့ အထင်ကရ Old Summer Palace ကို ဝင်စီးခဲ့ပြီး တရုတ်ရာသီခွင် ကြေးခေါင်းရုပ် ၁၂ ရုပ်ကို ခိုးသွားခဲ့ပါတယ်မျက်မှောက်ခေတ်မှာ MP လုပ်ငန်းစုက ကြေးရုပ်တွေကို လေလံတင်ဖို့ JC (ဂျက်ကီချန်း) ကို ကျန်ရှိနေတဲ့ ကြေးရုပ်တွေ ရှာပေးနိုင်ရင် ဘောနပ်စ် ၁၀ ဆ ပေးမယ်ဆိုပြီး တာဝန်ပေးပါတယ်ဒီလိုကနေ JC တို့အဖွဲ့က ရှေးဟောင်းပစ္စည်းကျွမ်းကျင်တဲ့ ကောင်မလေးဖြစ်တဲ့ ...
movie

Chinese Zodiac (2012)

2012
Damsel (2024) 7.8
Damsel (2024)  Stranger Things နဲ့ ကမ္ဘာကျော်လာတဲ့ Eleven မင်းသမီးလေးMillie Bobby Brown ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ စိတ်ကူးယဉ်မှော်ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ Damel ဆိုတာမိန်းမပျိုလေးတစ်ယောက်ကို ပြောတာပါ။ ပုံပြင်မျိုးစုံမှာပါတဲ့မင်းသားလေးတွေက ကယ်တာခံရဖို့ ဒုက္ခရောက်နေတဲ့မိန်းကလေးတွေကို damsel in distress လို့ခေါ်ပါတယ်။ဒီပုံပြင်မှာကတော့ ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကိုဘယ်သူမှမကယ်ဘဲ ကိုယ်တိုင်လွတ်မြောက်အောင်ကြိုးစားရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း**************မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီးအငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။ အော်ရီရာတိုင်းပြည်နဲ့မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေအလျှံပယ်ရနိုင်မှာဖြစ်တာကြောင့် မင်းသမီးအယ်လိုဒီကလည်းသဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အော်ရီရာ တိုင်းပြည်ကဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ထင်သလောက်မရိုးရှင်းဘဲအန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ... File size…  1.79GB /845MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Damsel (2024)

Terminator: Dark Fate (2019) 6.2
Terminator: Dark Fate (2019) အရေပျော်စက်ရုပ်ကားဆိုပြီး ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ကြတဲ့ တာမီနေတာ ရုပ်ရှင်တွေရဲ့ နောက်ဆုံးထွက် ရုပ်ရှင်ပါ။ တာမီနေတာ တွေအထဲမှာ ကျွန်တော်တို့ အကြိုက်ဆုံးက နံပါတ် ၂ ရုပ်ရှင်ပဲ ဖြစ်မယ်ထင်ပါတယ်။အခုထွက်တဲ့ရုပ်ရှင်ကတော့ အားလုံး ဒုတိယအကြိုက်ဆုံး တာမီနေတာရုပ်ရှင် ဖြစ်လာမယ်ထင်ပါတယ်။ ဇာတ်လမ်း နဲ့ အက်ရှင်တွေက အတော်ကို ကောင်းပါတယ်။ အားရစရာပါပဲ။ဇာတ်လမ်းအကျဉ်းဆာရာကော်နာ နဲ့ ဂျွန်ကော်နာတို့ဟာ စကိုင်းနက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး အနာဂတ်ကို ပြောင်းလဲနိုင်ခဲ့ပြီးချိန်မှာ တာမီနေတာ တစ်ကောင်က ဂျွန်ကော်နာကို သတ်သွားခဲ့ပါတယ်။ ဒါတွေဖြစ်ပြီးလို့ နှစ် ၂၀ အကြာလောက်မှာ ဒန်နီဆိုတဲ့ မိန်းကလေးကို သတ်ဖို့ အနာဂတ်က ပိုအဆင့်မြင့်တဲ့ ရက်ဗ်နိုင်းမော်ဒယ် တာမီနေတာ ရောက်လာပြီး၊ ဒန်နီကို ကာကွယ်ဖို့လည်း ဂရေ့စ် ဆိုတဲ့ စက်ရုပ်တစ်ပိုင်းလူသား ရောက်လာပါတယ်။ဒန်နီနဲ့ ဂရော့စ်တို့ကို ဆာရာ ကော်နာက ကယ်တင်သွားပြီး ရက်ဗ်နိုင်းကို ရင်ဆိုင်ဖို့ ရန်သူဟောင်းကြီးတစ်ယောက်နဲ့ ...
movie

Terminator: Dark Fate (2019)

Terminator Genisys (2015) 6.3
Terminator Genisys (2015) ပထမဆုံးဖြစ်တဲ့ The Terminator နဲ့ ဒုတိယကားဖြစ်တဲ့ Terminator 2 The Judgement Day ကို ကျောရိုးယူပြီး ဆန်းသစ်တဲ့ အိုင်ဒီယာတွေထည့်ပေါင်းထားတဲ့ နံပါတ် ၅ ဇာတ်ကားဖြစ်ပါတယ်။ဝေဖန်သူတွေဆီမှာ မျက်နှာပန်းမလှခဲ့ပေမဲ့ ဝင်ငွေအရတော့ ဒုတိယဇာတ်ကား Terminator 2 The Judgement Day ပြီးရင် ဝင်ငွေအကြမ်းဆုံးဖြစ်ခဲ့ပါတယ်။ အာနိုး ကြီး Terminator အဖြစ် ပြန်ပါဝင်လာတဲ့အပေါ် ချီးကျူးကြိုဆိုကြပေမဲ့ ကျန်သူတွေရဲ့ သရုပ်ဆောင်အပေါ်မှာတော့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခဲ့ကြတာပါ။ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ခြင်းဆိုတာ ငွေရှာတဲ့စီးပွားရေးလုပ်ငန်းပဲဖြစ်လို့ ဝင်ငွေကြမ်းရင် အောင်မြင်တယ်ပဲ သက်မှတ်ကြပါစို့ရဲ့။နောက်ပြီး ကွမ်တန်ရူပဗေဒသီအိုရီတွေ ခေတ်ထလာတဲ့အချိန်မှာ ပေါ်ပင်လိုက်ပြီး ကွမ်တန်သံလိုက်စက်ကွင်းတွေ၊ အချိန်စက်ဝန်းကွဲပြားမှုတွေ၊ အချိန်စက်ဝန်းနှစ်ခုကြားက ဆုံမှတ်၊ အဲဒီဆုံမှတ်ကနေပြီး အချိန်စက်ဝန်းနှစ်ခုကြား ကူးလူးသွားလာပြီး အနာဂတ်ကို ပြုပြင်ပြောင်းလဲပုံတွေနဲ့ ဝေဝေဆာဆာဖြစ်လွန်းတော့ ဇာတ်ကားရဲ့ မူလကျောရိုးဖြစ်တဲ့ Terminator တွေရဲ့ အခန်းကဏ္ဍတောင် ...
movie

Terminator Genisys (2015)

2015
Rob-B-Hood (2006) 6.6
Rob-B-Hood (2006) IMDb 6.6 ရထားတဲ့ ဂျက်ကီချန်း ဟာသကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဒီကားဟာ ဂျက်ကီချန်းနဲ့ ဒါရိုက်တာ ဘန်နီချန်းတို့ရဲ့ Who Am I? နဲ့ New Police Story တို့နောက်ပိုင်း တတိယမြောက် လက်တွဲရိုက်ကူးခဲ့တာ ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ထောန် နဲ့ ရေဘဝဲတို့သူငယ်ချင်းနှစ်ယောက်က သူခိုးတွေဖြစ်ပြီး သူတို့ဆရာ Landlord နဲ့အတူတူ ဖောက်ထွင်းမှုတွေ လုပ်ကြတာ ဖြစ်ပါတယ်ထောန်က လောင်းကစားဝါသနာပါပြီး ရေဘဝဲကတော့ သူ့ဇနီးကွယ်ရာမှာ ချမ်းသာတဲ့ မိန်းမတွေနဲ့ ဖောက်ပြန်တတ်သူ ဖြစ်ပါတယ် တစ်နေ့ သော့ဝိဇ္ဇာ Landlord ကိုယ်တိုင် အိမ်မှာစုဆောင်းထားသမျှ ပိုက်ဆံတွေ အခိုးခံလိုက်ရတဲ့ နောက်မှာတော့ ဒေါ်လာ ၇ သန်းတန် မစ်ရှင်တစ်ခုကို လုပ်ဖို့ ထောန်နဲ့ ရေဘဝဲကို စည်းရုံးရပါတော့တယ်အဲဒီမစ်ရှင်က မာဖီးယားခေါင်းဆောင်တစ်ယောက်ရဲ့ မြေးဖြစ်သူ ယူဆရတဲ့ "မွေးကင်းစကလေး" တစ်ယောက်ကို ပြန်ပေးဆွဲပြီး မာဖီးယားခေါင်းဆောင်ဆီ ...
movie

Rob-B-Hood (2006)

Age of Heroes (2011) 5.5
Age of Heroes (2011)  ရိန်းစ်က ထူးချွန်တဲ့တပ်သားတစ်ယောက်ပါ၊ဒန်ကပ်စစ်ဆင်ရေးမှာကိုယ့်တပ်ဖွဲ့ဝင်တွေကိုပြန်ခေါ်လာရင်းနဲ့ နောက်တန်းတစ်နေရမှာအမိန့်ဖီဆန်လို့ဆိုပြီးထောင်ကျသွားတယ်။ တစ်ဖက်မှာ ဗြိတိန်စစ်တပ်ဟာနာဇီတို့ရဲ့နောက်ဆုံးပေါ်ရေဒါနည်းပညာကိုအသည်းအသန်လိုအပ်နေတယ်။အကြောင်းကတော့ ဗြိတိန်စစ်တပ်ကလွှတ်လိုက်တဲ့ လေယာဉ်တွေ စစ်သင်္ဘောတွေဟာ ဂျာမနီရဲ့နောက်ဆုံးပေါ်ရေဒါကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရတယ်။အဲ့ဒါကြောင့်စစ်ဆင်ရေးလုပ်ဖို့နဲ့အထူးတပ်ဖွဲဖွဲ့စည်းဖို့ ဗိုလ်မှူးဂျုန်းစ် နဲ့ဒုဗိုလ် မော်တန်ဆန်တို့ကိုတာဝန်ပေးအပ်လိုက်တယ်။ စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်က ဂျာမနီပင်မဆက်သွယ်ရေးဌာနထဲကို ဝင်ပြီးနောက်ဆုံးပေါ်ရေဒါနည်းပညာနဲ့ ပစ္စည်းတွေကိုအကောင်းပကတိအတိုင်းသယ်ဆောင်လာရမှာဖြစ်တယ်။ ခေတ်မှီတဲ့ဂျာမနီစစ်တပ်ထဲကိုခြောက်ပတ်တာလေ့ကျင့်ထားတဲ့အထူးတပ်ဖွဲ့ကဘယ်လိုပြီးမြောက်အောင်ဆောင်ရွက်မလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ File size…2.05GB / 938MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 30m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Age of Heroes (2011)

A Man Called Hero (1999)
A Man Called Hero (1999)  ကျွန်တော်တို့ အခုခေတ်လူလတ်ပိုင်းတွေ ငယ်ဘ၀က မစိမ်းခဲ့တဲ့ နာမည်ကြီး တရုတ်မင်းသားမင်းသမီးတွေကို ပြန်လည်မြင်တွေ့ခံစားရဖို့ အဟောင်းထဲက အကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဟိုးရှေးရှေး တရုတ်ပြည်ကြီးမှာ ဟွာမျိုးရိုး ရင်းဟုန်တစ်ယောက် ကြီးမြတ်တဲ့သိုင်းဆရာကြီးထံမှာ တပည့်အဖြစ်ခံယူဖို့ ဖြတ်ကျော်အောင်မြင်လာပြီး ပြန်လာတဲ့အချိန်မှာ မိဘတွေကို မျက်နှာဖြူလူမျိုးတွေ သတ်ဖြတ်တာခံလိုက်ရပါတယ်။သွေးကြွေးဆပ်ဖို့အတွက် မျက်နှာဖြူလူမျိုးတွေနဲ့ သစ္စာဖောက်လောက်ကောင်တရုတ်တွေ အောင်ပွဲခံပါတီပေးနေတဲ့ဆီကိုရောက်လာပြီး မိဘတွေကိုသတ်ဖြတ်သွားတဲ့ မျက်နှာဖြူလူမျိုးကို သတ်ဖြတ်ခဲ့ပါတယ်။ အပြစ်ပေးခံရမှာစိုးတဲ့အတွက် ချစ်သူကိုပစ်ပြီး အမေရိကကို သင်္ဘောတစ်စီးနဲ့ ခရီးကြမ်းနှင်လာခဲ့တယ်။နှစ်တွေကြာမြင့်လို့ ချစ်ရသူဆီကနေ ပေါက်ဖွားလာတဲ့ သားဖြစ်သူ အရွယ်ရောက်ချိန်မှာ ပျောက်ဆုံးသွားခဲ့တဲ့ အဖေဖြစ်သူကိုရှာဖို့ အမေရိကကို ဦးလေးဖြစ်သူနဲ့ ရှာပုံတော်ခရီးစပါတော့တယ်။ သားအဖတွေ ပြန်လည်တွေ့ဆုံနိုင်မှာလားဆိုတာကိုတော့ ဒီခေတ်ဟောင်းရုပ်ရှင်လေးထဲမှာ ရှုစားကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.0 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Drama, Action, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie

A Man Called Hero (1999)

Little Big Soldier (2010) 6.9
Little Big Soldier (2010) MDb 6.9/10 , RT -79တရုတ်ပြည် ပြည်တွင်းစစ်ဖြစ်နေတဲ့ ကာလကို အခြေခံရိုက်ကူးထားတဲ့ Little Big Soldier လို့ခေါ်တဲ့ဂျက်ကီချမ်းရဲ့ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးကတော့ အခုလို ပြည်မကြီးအဖြစ် မပေါင်းစည်းမိခင်ကာလမှာ တရုတ်ပြည်ကြီးဟာ စစ်တလင်းဖြစ်ပွားနေပြီး ပြည်နယ်တွေဟာလည်း သူတစ်လူ ငါတစ်မင်း အုပ်ချုပ်နေကြပါတယ်။ ချီ၊ ချူ၊ ရန်၊ ဟန်၊ ကျောင်၊ ဝေနဲ့ ချင်းတို့ကတော့ အင်အားအကြီးဆုံးပြည်နယ်နိုင်ငံတွေပါ။ တနေ့မှာတော့ စစ်မက်အင်အားကြီးနိုင်ငံဖြစ်တဲ့ ဝေနိုင်ငံဟာ လီအန်းလို့ခေါ်တဲ့ နိုင်ငံငယ်လေးကို ကျူးကျော်သိမ်းပိုက်ဖို့ စစ်ချီလာနေတုန်း လီအန်းနိုင်ငံရဲ့ ဖီးနစ်တောင်ခြေအရောက်မှာ ခြုံခိုတိုက်ခိုက်ခံရပါတော့တယ်။ ၂ဖက်လုံး အပြင်းထန်စစ်တိုက်ပြီးသကာလမှာ ၂ဖက်လုံးအကျရှုံးများစွာနဲ့ လူပေါင်း ၃ထောင် သေဆုံးခဲ့ရပါတယ်။ဂျက်ကီချမ်းက လီအန်းနိုင်ငံရဲ့ အညတရ စစ်သည်တော်လေးပါ။ ဂျက်ကီဟာ ကံကောင်းထောက်မစွာနဲ့ ဖီးနစ်တောင် တိုက်ပွဲမှာ မသေဘဲ အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ ထိုအချိန်မှာ ရန်သူနိုင်ငံရဲ့ ဗိုလ်ချုပ်ကြီး တစ်ယောက်ကို တွေ့ပြီး (ရန်သူနိုင်ငံရဲ့ဗိုလ်ချုပ်ကြီးကို ...
movie

Little Big Soldier (2010)

2010
Planetquake (2024)
Planetquake (2024) 2024 ခုနှစ်ထွက် Disaster, sci-fi ကားလေးတစ်ကား လာပါပြီ။ထုံးစံအတိုင်း ကမ္ဘာကြီးကို ဘေးအမျိုးမျိုးနဲ့ ဒါရိုက်တာတွေက လက်စွမ်းပြဖျက်ဆီးကြမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဦးသန်မာကမ္ဘာကြီးပဲ ယက်ကန်ယက်ကန်နဲ့ ဆက်လက်တည်ရှိသွားမယ့် ဇာတ်လမ်းကျောရိုးပါ။ ကဲ အခုတစ်ခါလည်း ကမ္ဘာကြီးကို ဘယ်လိုဇာတ်လမ်းဆင်ပြီး ဖျက်ပြကြဦးမလဲ ကြည့်ကြရအောင်ပါ။ဒေါက်တာ မီလီ၊ ဒေါက်တာ ဒရက်စ်ဒန်မောင်နှမဟာ ငလျင်ဗေဒပညာရှင် ဉာဏ်ကြီးရှင်ငတော်ကြီးနှစ်ယောက်ပါ။ ပြောရရင် အစ်ကိုဖြစ်သူဒရက်စ်ဒန်က ပိုတော်ပါတယ်။ တော်လွန်းလို့ အမေရိကန်စစ်တပ်က အာကာသနျူကလီးယားလက်နက်အခြေစိုက်စခန်းစီမံကိန်းမှာ ခေါ်ခန့်ပါတယ်။ ကောင်းစေချင်လို့ နတ်ပြည်တင်ပေးတာကို မြင့်တယ်ထင်တဲ့သကောင့်သားက ဒီလိုလက်နက်တွေမရှိသင့်ဘူးဘာညာစသဖြင့် စာရိတ္တတရားတွေ စွတ်ရှိပြပြီး လျို့ဝှက်ဖိုင်တွေခိုးပြေးကာ တစ်လောကလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်းနေပါတယ်။ဇာတ်လမ်းက အခုမှစမှာပါ။နျူကလီးယားအကြွင်းအကျန်တွေရှင်းတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဘယ်ကဘယ်လိုကလိလိုက်တယ်မသိ၊ ကမ္ဘာ့မြေအောက်ကျောက်ချပ်လွှာတွေ ဆက်စပ်နေတဲ့ ငလျင်ပြတ်ရွှေ့ကြောတွေကို လှုပ်နိုးလိုက်သလို ဖြစ်ပြီး ငလျင်တွေထလှုပ်ပါတယ်။ ရစ်ချ်တာ ၈ လောက်အထိတက်တဲ့ငလျင်တွေဆိုတော့ ပြင်းအားကတော့ ခန့်မှန်းသာကြည့်ကြပါတော့ခင်ဗျာ။ အဲ့အချိန်မှာ ဒေါက်တာ ...
movie

Planetquake (2024)

The Storm ( 2024 )
The Storm ( 2024 ) တရုတ်ရိုးရာ ကာတွန်းလေးတွေကြိုက်တယ်ဆိုတဲ့သူတွေဆို ဒီတစ်ခေါက်ကာတွန်းလေးကို လက်လွှတ်မခံသင့်ဘူးနော်...ဒီဇာတ်လမ်းလေးကို အမြည်းမိတ်ဆက်ပေးရမယ်ဆိုရင် မန်ထိုဆိုတဲ့ကောင်လေးက သာ့ကူကျစ်ဆိုတဲ့သူ့ကို မွေးစားထားတဲ့ မွေးစားအဖေနဲ့အတူ လူသူကင်းမဲ့တဲ့ ရွာလေးတစ်ခုမှ ာ ဦးတည်ရာမဲ့ ဒဏ္ဏာရီထဲက ရှိကူသင်္ဘောနဲ့ ယဲ့လင်သွမ့်ကို ရှာဖွေနေခဲ့တာပေါ့...ဘယ်လိုဒဏ္ဏာရီလဲဆိုရင်တော့ ယဲ့လင်ငှက်ဆိုတဲ့ ငှက်နတ်ဘုရားရဲ့ အမွှေးအတော်ကနေ ယဲ့လင်သွမ့်ဖြစ်လာပြီး ဒီယဲ့လင်သွမ့်ကို ဟေးလုံတပ်က တိုက်ခိုက်လုယူခဲ့တာကြောင့် ယဲ့လင်ငှက်တို့ မျိုးသုဉ်းခဲ့ရတာပေါ့... ဒါပေမယ့်လည်း ဟေးလုံတပ် အခြေစိုက် လျိုအိမ်တော်လည်း ဂိုဒေါင်မီးလောင်လို့ လုယူခဲ့တဲ့ ယဲ့လင်သွမ့်လည်း မီးလောင်ပျက်စီးခဲ့ရတာပေါ့...ဒါပေမယ့်လည်း ဒဏ္ဏာရီလာ ရှိကူသင်္ဘောမှာ အရောင်တလက်လက်လင်းနေတဲ့ သေတ္တာထဲမှာ နောက်ထပ် ယဲ့လင်သွမ့်တစ်ခုရှိတယ်လို့ ဆိုထားတာကြောင့်... မန်ထိုလေးရဲ့ မွေးစားအဖေ သာ့ကူကျစ်ကလည်း လိုက်ရှာနေခဲ့တာပေါ့...ကဲ မန်ထိုလေးတို့သားအဖ ဘယ်လို စွန့်စားခန်းတွေကြုံရမလဲ... ဒဏ္ဏာရီက တကယ်ဖြစ်လာမှာလား... တကယ်ဖြစ်လာရင်လည်း ဘယ်လိုအခက်ခဲတွေကြုံနိုင်လဲ ဇာတ်လမ်းလေးကိုကြည့်ရင်း အဖြေရှာကြည့်လိုက်ပေါ့ကွယ်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Animation, Action , Fantasy , Adventure Runtime : 1h 42 min Subtitle : ...
movie

The Storm ( 2024 )

Chhota Bheem Shakti Astra Ki Khoj (2023) 7.7
Chhota Bheem Shakti Astra Ki Khoj (2023) Chhota Bheem Shakti Astra Ki Khoj(2023) ချိုတာဘီးမ်နှင့်နတ်လက်နက်ရှာပုံတော်IMDb- 7.7/10 ရှားရှားပါးပါး indian cartoon လေးလည်းဖြစ် မီယမ်မာပရိသတ်နဲ့လည်းမစိမ်းလှတဲ့ ချိုတာဘီးမ်ဆိုတဲ့ကာတွန်းလေးကို တင်ဆက်လိုက်ပေးလိုက်ပါပြီ။ထုံးစံအတိုင်းပဲ ဇာတ်လိုက်ကျော်ကြီးချိုတာဘီးမ်နဲ့ သူငယ်ချင်းတစ်စုက ဒီတစ်ခါမှာရော လူတွေကို ဘယ်လိုကယ်တင်မလဲဆိုတာ ရှုစားကြပါဦး။ စကြာဝဠာကြီးထဲက ဂြိုဟ်တွေအများကြီးရှိတဲ့ထဲမှာ ရှက်တီဆိုတဲ့ဂြိုဟ်တစ်လုံးလည်း ထူးထူးဆန်းဆန်းပါဝင်ပါတယ်။ ဒီဂြိုဟ်ရဲ့ထူးခြားမှုကတော့ ဂြိုဟ်ကြီးရပ်တည်နိုင်ဖို့ကို ရှက်တီလက်နက်ဆိုတဲ့ နတ်လက်နက်က စွမ်းအင်ပေးထားတာပါ။ဒီရှက်တီလက်နက်သာမရှိရင် တစ်ပတ်အတွင်း ဂြိုဟ်ကြီးကပျက်စီးသွားမှာဖြစ်သလို ဂြိုဟ်သားတွေလည်း တစ်ခါတည်းအတူသေကုန်မှာဖြစ်ပါတယ်။ ဒါပေမဲ့ နတ်လက်နက်ဆိုတဲ့အတိုင်း ပိုင်ဆိုင်လိုသူတွေကများတော့ ဒီရှက်တီလက်နက်ကိုသိမ်းပြီး ဂြိုဟ်တစ်ခုလုံးကို မင်းမူချင်တဲ့ရှရူးဒါ့စ်က ဒီလက်နက်ကို လာခိုးပါတော့တယ်။ ဒီတော့ ဂြိုဟ်သားတွေလည်း ကြံရာမရဖြစ်ပြီးတော့ ရှက်တီလက်နက်ကို ယာဉ်ပျံပေါ်တင်ပြီး ရောက်မိရောက်ရာကိုလွှတ်လိုက်ရာကနေ ကမ္ဘာပေါ်ကို ရောက်လာတော့တာပေါ့။ဒီလိုနဲ့ပဲ ရှရူးဒါ့စ်တစ်ယောက် ချိုတာဘီးမ်တို့သူငယ်ချင်းတစ်သိုက်ဆီကို ရှက်တီဂြိုဟ်ရဲ့ဘုရင် အယောင်ဆောင်ပြီး ရှက်တီလက်နက်ကို ကူရှာပေးဖို့ လာတောင်းဆိုရာကနေ ချိုတာဘီးမ်တို့ နတ်လက်နက်ရှာပုံတော်ခရီးစဉ်စဖို့ဖြစ်လာပါတော့တယ်။ ဒီတစ်ခါမှာရော ချိုတာဘီးမ်တို့သူငယ်ချင်းတစ်စု ရှက်တီလက်နက်ကို ဝင်လုချင်သူတွေနဲ့ရင်ဆိုင်လို့ ရှက်တီဂြိုဟ်သူဂြိုဟ်သားတွေနဲ့ ကမ္ဘာမှာရှိတဲ့သူတွေကိုပါ ထပ်မံကယ်ဆယ်နိုင်ဦးမလား စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)( CMရဲ့ ...
movie

Chhota Bheem Shakti Astra Ki Khoj (2023)

2023
Chhota Bheem MahaShaitaan Ka Mahayudh (2023) 9.1
Chhota Bheem MahaShaitaan Ka Mahayudh (2023) Chhota Bheem Mahashaitaan Ka Mahayudh (2023) ချိုတာဘီးမ်နှင့် မဟာရှိုက်တန်နတ်ဆိုးကြီး IMDb- 9.1/10ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ ချိုတာဘီးမ်ကာတွန်းကားလေး ဇာတ်ကားအနေနဲ့ထွက်လာခဲ့ပါပြီ။ လောလောလတ်လတ် အဗာထာကြည့်ပြီးတဲ့သူတွေဆို ပိုပြီးတော့ သဘောခွေ့ကြမှာပါ။မီး,ရေ,လေ နဲ့ မြေဆိုတဲ့ ချက္ကရာလေးခုသာရှိနေသေးပြီး အာကာသချက္ကရာဆိုတဲ့ ငါးခုမြောက်ချက္ကရာ မပွင့်သေးချိန် မဟာရှိုက်တန်လို့ခေါ်တဲ့ နတ်ဆိုးကြီးက ကမ္ဘာမြေကိုသိမ်းပိုက်ဖို့အတွက် ကမ္ဘာမြေကြီးပေါ်ကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစည်ရင်း မဟာရှိုက်တန်ဟာ သူ့တပည့် ရန်ဂနာကို လူသားတွေကို ဇွန်ဘီးနဲ့ ဗန်ပိုင်းယားတွေဖြစ်အောင်ပြောင်းခိုင်းပြီး လူသားတွေအကုန်မျိုးပြုတ်အောင်ကြံစည်ပါတော့တယ်။ ဒီလို ကမ္ဘာကြီးကို အုပ်စိုးဖို့လာခဲ့တဲ့ မဟာရှိုက်တန်နဲ့ ချိုတာဘီမ်းတို့သူငယ်ချင်းတစ်သိုက်နဲ့ တွေ့ကြတဲ့အခါမှာတော့ ချိုတာဘီးမ်တို့ သူငယ်ချင်းတစ်သိုက်က ကမ္ဘာကြီးကို ကယ်တင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ........ ငါးခုမြောက်ချက္ကရာကရော ပွင့်သွားမလား ...... ဆိုတာတွေကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

Chhota Bheem MahaShaitaan Ka Mahayudh (2023)

2023
The Inventor (2023) 5.9
The Inventor (2023)  The Inventor က ၂၀၂၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ animationဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Matt Berry, Stephen Fry စသူတွေပါဝင်အသံသရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားမှာဆိုရင် 1500 ခုနှစ်ဝန်းကျင် ခေတ်လွန်ပညာရှင် လီရိုနာဒိုဒါဗင်ချီရဲ့ ဘဝနှောင်းပိုင်းအကြောင်းတွေ သူ့ဘဝမီးစာကုန်ခနီးအချိန်တွေမှာ ဘယ်လိုရုန်းကန်မှုတွေရင်ဆိုင်ခဲ့ရလဲ ဘာတွေကို ရှာဖွေနေခဲ့တာလဲ သူနောက်ဆုံးမှာရောအောင်မြင်သွားမှာလား စတာတွေကို သူ့ဘဝအကြောင်း လေ့လာရင်းစိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် File size…1.58GB / 717MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung
movie

The Inventor (2023)