Channel Myanmar

Adventure

Iké Boys (2022) 5.2
Iké Boys (2022) Anime ရဲ့ဇာတ်ကြောင်းကိုအခြေခံပီးရိုက်ကူးထားတဲ့ IKE Boysအမေရိကန်ပြည်ထောင်စုရဲ့ Okalahoma ပြည်နယ်လေးမှာ Japan Anime တွေကိုအထူးစိတ်ဝင်စားတဲ့ Shawn Kun နဲ့ သူ့သူငယ်ချင်း indoဖွား Vik Kapoor တို့ကျောင်းကို Student exchange နဲ့ Japan ကရောက်လာတဲ့ MiKi ဆိုသူကောင်မလေးရောက်လာပီး ခင်မင်သွားကြရာက 1969မှာ ထွက်ရှိထားတဲ့ အနာဂတ်ကြိုတင်နိမိတ်ပြထားတဲ့anime ဇာတ်ကားကို သူငယ်ချင်း၃ယောက်ကြည့်မိရာကနေ ပေါက်ကွဲမှုတစ်ခုကြောင့် စွမ်းအားကိုယ်စီရှိတဲ့ သူရဲကောင်းတွေဖြစ်သွားပါတော့တယ် အဲနောက် 1999 Decemberလကနေ 2000ပြည့်နှစ်ကိုကူးပြောင်းခါနီးမှာ ကမ္ဘာကိုဖျက်စီးမဲ့ နတ်ဆိုး ကိုးကွယ်သူတွေရဲ့လက်ထဲကနေ သူတို့အချိန်မီကိုယ်ပိုင်စွမ်းအားတွေနဲ့ အနိုင်ယူပီး ကမ္ဘာကြီးကိုကယ်တင် နိုင်မလား နတ်ဆိုးကိုးကွယ်သူတွေရဲ့မာယာတွေကြားကရုန်းထွက်နိုင်ပါ့မလားဆိုတာစိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်File size…(1.34GB) / (734MB) / (437MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:28:00 Genre...Action / Adventure / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Iké Boys (2022)

Mia and Me : The Hero of Centopia (2022) 5.8
Mia and Me : The Hero of Centopia (2022) Mia and Me - TheHero of Centopia(2022)IMDb - 6.2/10Mia and Me ဆိုတဲ့ ကာတွန်းစီးရီးကို Movie အနေနဲ့ ပြန်လည် အသက်သွင်းထာားတဲ့ 2022 ခုနှစ်ထွက် Animation ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်မီယာဆိုတာ အဖေရော အမေရော မရှိတော့တဲ့ ၁၂ နှစ်အရွယ် လူသားကောင်မလေး ဖြစ်ပြီး သူ့အဖေ ထားခဲ့တဲ့ မှော်ကာတွန်းစာအုပ်လေးကနေတစ်ဆင့် Unicorn နဲ့ Elf တို့ရဲ့ ကမ္ဘာ Centopia ဆီ အသွားအပြန်လုပ်နေတဲ့ သူပါဒီကားမှာတော့ Centopia ကို မကောင်းဆိုးဝါး ဖားပြုတ်ကြီး လက်ထဲကနေ မီယာနဲ့ Centopia က သူ့သူငယ်ချင်းတွေပူးပေါင်းပြီး ကယ်တင်ကြပုံကို ကြည့်ရှုကြရမှာပါAnimation ကားတွေရဲ့ ထုံးစံအတိုင်း အရောင်အသွေးစုံစုံလင်လင်နဲ့ မျက်စိပသာဒဖြစ်အောင် တင်ဆက်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ အနားယူရင်း ရှုစားလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ...
movie

Mia and Me : The Hero of Centopia (2022)

2022
The Curse of Bridge Hollow (2022) 5.6
The Curse of Bridge Hollow (2022) ၂၀၂၂ ရဲ့ အောက်တိုဘာ ၃၁ ရက် ဟောလိုးဝင်း နေ့ရက်လေး နီးကပ်လာတာနဲ့အတူ ဟောလိုးဝင်းရဲ့ အဓိကဇာတ်ဆောင် ဆမ်ဟိန်း အကြောင်း ပြောကြတာပေါ့ဗျာ။ ဒါပေမဲ့ ဆမ်ဟိန်းက ဖန်တစ်ရာတေနေပြီဆိုတော့ နောက်တစ်ယောက်အကြောင်း ပြောင်းပြောကြတာပေါ့။စဂျင်ဂျီ ဂျက် တဲ့။ သကောင့်သားက ငယ်တုန်းက လူ့ခွစာ၊ ကြီးလာတော့ လူ့အမြောက်စာ။ လူတကာ့ချဉ်ဖက်။ ဒီတော့ တစ်နေ့မှာ ဘရစ်ခ်ျ ဟောလိုးရွာသားတွေက ဝိုင်းသမပြီး ဆွမ်းကြီးလောင်းကြပါသတဲ့။ ဒီလိုနဲ့ အသားလွတ်သေသွားတဲ့ "ကိုကိုဂျက်" ကို စေတန်သခင် "ကိုလူစီဖာ" က သနားလို့ သူ့ဝိညာဉ်နဲ့ အပေးအယူလုပ်၊ ရွှေဖရုံသီးတစ်ခုမှာ နေရာပေးထားသတဲ့။ ပြီးတော့ ဝိညာဉ်လောကကနေ လူ့လောကကို ဟောလိုးဝင်းည နေဝင်ကနေ သန်းခေါင်အထိ ဝင်ရောက်စိုးမိုးခွင့် ပေးထားသတဲ့။တစ်နှစ်မှာတစ်ရက်၊ တစ်ရက်မှာ ညတစ်ပိုင်းပဲ ကဲရတဲ့ ကိုကိုဂျက် သိပ်မကျေနပ်နိုင်တော့ လူတို့ပြည်မှာ ထာဝရနေရဖို့အရေး သူ့ဝိညာဉ်နေရာ ...
movie

The Curse of Bridge Hollow (2022)

Werewolf by Night (2022) 8.6
Werewolf by Night (2022) မာဗယ်ရဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ သမန်းဝံပုလွေကို တီဗီရုပ်ရှင်တစ်ကားအဖြစ် ဒစ္စနေးက ထုတ်လွှင့်လိုက်ပါပြီ။ ဟောလိုးဝင်းလနဲ့ကိုက်ညီစွာပဲ အဖြူအမည်းအများစုနဲ့ ကာလာအချို့ထည့်သွင်းပြီး ဟော်ရာဆန်ဆန် ရိုက်ကူးတင်ဆက်ထားပါတယ်။ မင်းသမီးအဖြစ် The Nevers စီးရီးနဲ့လူသိများတဲ့ Laura Donnelly လည်းပါဝင်ထားပါသေးတယ်။ အဲဒီမင်းသမီးက ရုတ်တရက်ဆို ဂျက်စီကာဂျုန်းစ် စီးရီးထဲကမင်းသမီး Krysten Ritter နဲ့ မှားတတ်ကြပါတယ်။ နောက်များမကြာမီ မာဗယ်စကြဝဠာထဲမှာ ဘယ်လိုပါဝင်လာမလဲတော့ မသိရသေးပါဘူး။ အခုတော့ သီးခြားရုပ်ရှင်တစ်ခုအနေနဲ့ပဲ ခံစားကြည့်လိုက်ရအောင်ပါ။ဇာတ်လမ်းအကျဉ်းမာဗယ်ရဲ့ စကြဝဠာထဲမှာ စူပါဟီးရိုးတွေရှိနေသလို အမှောင်ထုထဲမှာလည်း ရှေးမိစ္ဆာကောင်တွေ ရှိနေပြန်ပါသေးတယ်။ အဲဒီလို မိစ္ဆာမျိုးစုံကို အမဲလိုက်တဲ့ မုဆိုးတွေလည်း ရှိနေပါသေးတယ်။ ဒီရုပ်ရှင်အစမှာတော့ နာမည်ကျော် မုဆိုး ဘလက်ဒ်စတုန်းမိသားစုရဲ့ ခေါင်းဆောင် ယူလစ်ဆီ ဘလက်ဒ်စတုန်း သေဆုံးသွားပြီးတဲ့နောက် မိသားစုပိုင် သွေးကျောက်တုံးကို အမွေခံဖို့ မုဆိုးအသစ်တစ်ယောက်လိုအပ်လာပါတယ်။ အဲဒီကျောက်တုံးဟာ ကိုင်ဆောင်သူကို အသက်ရှည်စေတယ်၊ ခွန်အားကြီးစေတယ် စသည်ဖြစ် ...
movie

Werewolf by Night (2022)

XxxHolic (2022) 5.2
XxxHolic (2022) XXXholic 2022Clamp ရဲ့ mangaစီးရီးဖြစ်တဲ့ xxxHOLiC ကို Live action အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ "ဝါတနုကိ"ဆိုတဲ့ အထက်တန်းကျောင်းသားမှာ တခြားသူတွေမမြင်နိုင်တဲ့ အငြိုးကြီးတဲ့သရဲတစ္ဆေတွေကို မြင်နိုင်စွမ်းရှိပါတယ်။ တစ်ချိန်လုံး ဒါတွေကိုပဲမြင်နေရပြီး သူတို့လက်ကလွတ်အောင် ထွက်ပြေးနေရတာမို့ ဘယ်သူနဲ့မှ ခင်မင်ပေါင်းသင်းလို့မရဘဲ တစ်ယောက်တည်းဖြစ်နေပါတယ်။ သူက ဒီလိုမြင်နေရတဲ့ဘဝကနေလွတ်ပြီး သာမန်ဘဝမှာနေထိုင်ချင်နေတာပါ။တစ်နေ့မှာတော့ သူဒီလိုတွေမြင်နေရတုန်းမှာ လိပ်ပြာတစ်ကောင်ရောက်လာပြီး သူ့ကိုဆန်းကြယ်တဲ့ဆိုင်တစ်ခုဆီခေါ်သွားပါတယ်။ ဆိုင်ရဲ့ပိုင်ရှင်ဖြစ်သူကတော့ ယုကိုစံလို့ခေါ်တဲ့မှော်ဆရာမတစ်ယောက်ပါ။ ဒီဆိုင်က ဆုတောင်းတဲ့သူတွေရဲ့ရှေ့မှာမှပေါ်လာတတ်တာဖြစ်ပြီး ဆုတောင်းတစ်ခုကိုပြည့်အောင် ဖြည့်ပေးပါတယ်။ ဒါပေမဲ့ ဆုတောင်းနဲ့တန်တဲ့ တန်ကြေးတစ်ခုကိုတော့ ပြန်ပေးဆပ်ရပါတယ်။ ဝါတနုကိရဲ့ သရဲမမြင်လိုတဲ့ဆုတောင်းနဲ့ ပြန်ပေးဆပ်ရမဲ့တန်ကြေး၊ ပြီးတော့ သူဘာတွေကြုံရဦးမလဲဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__02:00:00 Type__Adventure, Drama, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin ...
movie

XxxHolic (2022)

Catherine Called Birdy (2022) 6.5
Catherine Called Birdy (2022) Catherine Called Birdy (2022) ===================== IMDb Rating - 6.5/10"ရှင်တို့ယောကျ်ားတွေက နတ်ဘုရားတွေမဟုတ်ဘူး။ ကျွန်မတို့ဘယ်လိုလူလဲ၊ ဘယ်ကိုသွားရမလဲ၊ ဘယ်လောက်တန်တယ်ဆိုတာ ရှင်တို့ဆုံးဖြတ်စရာမလိုပါဘူး။ ကျွန်မတို့ကအရာဝတ္ထုပစ္စည်းတွေမဟုတ်ဘူး လူတွေပါ..."အင်္ဂလန်အလယ်ခေတ်က အဲဒီလိုကျား/မခွဲခြားမှုတွေ၊ မိန်းကလေးတွေကို ရောင်းကုန်တစ်ခုလိုသဘောထားတာတွေကို ဟာသနဲ့ဒရမ်မာလေးနှောပြီး ရိုက်ကူးထားတဲ့ ခေတ်ဟောင်းနောက်ခံရုပ်ရှင်လေးတစ်ပုဒ်ပါ။ ဘာဒီလို့ချစ်စနိုးခေါ်ကြတဲ့ အသက် ၁၄ နှစ်အရွယ် ကတ်သရင်းလေးဟာ သခင်ရိုလိုနဲ့လေဒီအက်ရှ်လင်းတို့ရဲ့တစ်ဦးတည်းသော သမီးငယ်လေးပါ။ ‌သူ့မှာ အက်ဒ၀ပ်နဲ့‌ရောဘတ်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရှိပါတယ်။ စီးပွားကျနေတဲ့ စံအိမ်သခင်ရိုလိုဟာ ဘေးစကားတွေနားယောင်ရင်း သူတို့‌ခေတ်ထုံးစံအတိုင်း အရွယ်ရောက်ခါနီးသမီးပျိုကို သူဌေးတွေနဲ့ပေးစားဖို့ကြံပါတယ်။လင်ယူသားမွေးကိစ္စတွေကိုလန့်နေတဲ့ ကလေးသာသာ ဘာဒီလေးဟာ ပိုးပန်းသူ တွေကို နည်းအမျိုးမျိုးနဲ့ လန့်ပြေးအောင်လုပ်ပါတယ်။ ‌ဖခင်ကရိုက်နှက်ပေမဲ့ မမှုပါဘူး။ သူအပျိုဖြစ်တာမသိအောင်လည်း ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ ‌ တစ်နေ့မှာ သူ့အဘိုးအရွယ်လောက်ရှိတဲ့ သခင်ကြီးတစ်ယောက်ကို လက်ထပ် ရဖို့ဖြစ်လာပါတယ်။ သူ့အတွက်ကယ်တင်ရှင်ဟာ ဦးလေးဖြစ်သူ အန်ကယ်ဂျော့ဂ်ျလို့ ထင်ခဲ့ပေမဲ့ ထင်သလိုဖြစ်မလာဘဲ ဘ၀အပြောင်းအလဲများစွာကို ရင်ဆိုင်ရတဲ့အခါ... ဘာဒီတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ဥရောပအလယ်ခေတ်က မိန်းကလေးတွေရဲ့ဘ၀နဲ့ ကွဲပြားတဲ့ခေတ်အခြေအနေကို မီးမောင်းထိုးပြပြီး စိတ်၀င် စားစရာရိုက်ကူးထားပါတယ်။ ခေတ်ဟောင်းနောက်ခံကားပေမဲ့ ဟာသလေးတွေနှော ထားတာမို့ ခပ်မြူးမြူးလေးနဲ့ တကယ်ကြည့်ကောင်းပါတယ်။IMDb rating 6.5/10 နဲ့ Rotten Tomatoes 88% ...
movie

Catherine Called Birdy (2022)

2022
Dragon Sword:Outlander ( 2021 ) 6
Dragon Sword:Outlander ( 2021 ) တနေ့ကတင်ဆက်ထားတဲ့ To Be Immortal ဇာတ်ကားလေးရဲ့ အဆက်သဘောလေးပဲဖြစ်ပါတယ် ဒီကားလေးက သိုင်းပညာနဲ့အဂ္ဂိရတ်ပညာကို ရိုက်ပြထားတဲ့ကားကောင်းတစ်ကားပါပဲ ကျင့်ကြံသူတွေဒုက္ခရောက်ပြီး အားလုံးသေဆုံးတော့မဲ့အချိန်မှာ ဖုယန်နဲ့သူ့သူငယ်ချင်းတစ်စုဟာ ပြသနာကိုဖြေရှင်းဖိုလိုက်ရှာရင်း တောအုပ်တစ်ခုထဲရောက်သွားခဲ့ပါတယ်တကယ်တော့ အဲ့တောအုပ်ဟာ သာမန်တောအုပ်တစ်ခုမဟုတ်ပါဘူး လောကကြီးနဲ့အဆက်ဖြတ်ပြီး တသီးတခြားတည်ရှိနေတဲ့ ဝင်္ကပါတောအုပ်တစ်ခုပါသာမန်သူတွေလည်းမဝင်နိုင်သလို ဝင်ချင်လည်း သားရဲမိစ္ဆာကောင်တွေကြောင့် အသက်မရှင်နိုင်ပါဘူး ဒါပေမဲ့ဖုယန်ဟာ ထိုတောအုပ်ထဲကိုရောက်ရှိသွားခဲ့ပါတယ် တောအုပ်ထဲက ကိုယ်ပိုင်ကမ္ဘာမှာနေထိုင်တဲ့ဂိုဏ်းမှ အကြီးအကဲအမတမျိုးနွယ်ကလည်း ဖုယန်ကုသတိထားမိပြီး သူ့တပည့်ကိုလိုက်ချဥ်းကပ်ခိုင်းပါတော့တယ် တစ်ဖက်မှာလည်း အဂ္ဂိရတ်ပညာရှင် တန်းကျွင်းကလည်း သူ့ပညာတွေအမွေပေးရန် ဖုယန်ကုအတင်းချဥ်းကပ်အကျပ်ကိုင်ပြီး သင်ပေးပါတော့တယ်ကဲ ဖုယန်တစ်ယောက်လွတ်မြောက်နိုင်မလား? အဂ္ဂိရတ်ပညာကိုလည် တစ်ဖက်ကမ်းခပ်တက်မြောက်နိုင်မလား? သူဘာတွေကြုံတွေ့နေရမလဲ? ဇာတ်လမ်းလေးထဲ စောင့်ကြည့်ပေးပါနော် [ Reviewed By Kong Hou ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Dragon Sword:Outlander ( 2021 )

Robin Hood: Men in Tights (1993) 6.7
Robin Hood: Men in Tights (1993) Robin Hood: Men in Tights (1993)~ IMDb - 6.7/10, Rotten Tomatoes - 41% ~Mel Brooks ဆိုတဲ့ဘဲ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ရုံနဲ့အားမရလို့ ကိုယ်တိုင်ပါ ဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်မြောက် လက်ရာ တစ်ခု ဖြစ်တဲ့ Robin Hood Parody လေး ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ Mel Brooks ဟာ ဟာသလိုင်းမှာတော့ တော်တော်ပေါက်တဲ့လူဖြစ်ပြီး ဒီရော်ဘင်ဟုဒ်ကားကိုလည်း စောက်တလွဲတွေအပြည့်နဲ့ စခွီထချင်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ဒီကားက ရော်ဘင်ဟုဒ်ကားကိုမှ သောက်တလွဲစတိုင်ရိုက်ပြထားတဲ့ကားဆိုတော့ ကိုယ်တွေ အကြိုက် တောထဲမှာနေ လူဆိုးတွေဆီက ဓားပြတိုက်ပြီး လူကောင်းတွေကို ပြန်မျှတဲ့ ရော်ဘင်ဟုဒ်ထက် အိမ်ပါရှိနေပြီး အဲဒီအိမ်ကိုပါ အကြွေးနဲ့အသိမ်းခံရတဲ့အထိ သောက်တလွဲလုပ်ပြသလို၊ သူ့တိုင်းပြည်က မင်းသမီးကလည်း ဟိုနေရာကို မင်းကြီး သော့ခတ်ထားတာခံရပြီး သော့ပျောက်လို့ ...
movie

Robin Hood: Men in Tights (1993)

1993
Nussa: The Movie (2021) 7.7
Nussa: The Movie (2021) Nussa: The Movie (2021) ================== IMDb Rating - 7.7/10ချစ်စရာကောင်းတဲ့ကာတွန်းဇာတ်ကောင်လေးတွေဟာ ကြည့်တဲ့ သူတိုင်းကို စိတ်ကြည်နူးစေပါသတဲ့။ ဒီအင်ဒိုနီးရှား Animation လေးကတော့ ကြည်နူးစရာကောင်းတာထက် ပိုတယ်ဆိုရမလားပါပဲ။နူဆာဟာ ခြေတစ်ဖက်မသန်တဲ့ ဉာဏ်ကြီးရှင်လေးတစ်ယောက်ပါ။ ပျော်စရာမိသားစု၊ ချစ်စရာသူငယ်ချင်းတွေရှိတဲ့ နူဆာဟာ ကျောင်းသိပ္ပံ ပြိုင်ပွဲတွေမှာအမြဲဆုရလေ့ရှိပါတယ်။ ဒုံးပျံလေးတွေဖန်တီးရင်း အာကာသ ထဲကို စိတ်ကူးနဲ့သွားနေတတ်သူပေါ့။ အဖေဖြစ်သူ အဝေးရောက်နေတာက လွဲပြီး သူ့ဘ၀လေးဟာ ပျော်စရာကောင်းလှပါတယ်။ ဒါ့အပြင် နူဆာ တစ်ယောက်  သူပြိုင်ရမယ့် သိပ္ပံပြိုင်ပွဲကြီးမှာ ဖခင်ပြန်လာဖို့အရေးကို စောင့်မျှော်နေပါတယ်။အဲဒီအချိန် သူတို့ကျောင်းကို ဂျွန်နီဆိုတဲ့ကျောင်းသားသစ်လေးရောက်လာ ပါတယ်။ ဂျွန်နီဟာ နူဆာလိုပဲ ဒုံပျံလေးတွေဖန်တီးတဲ့ ဉာဏ်ကြီးရှင်ပါ။ ဂျွန်နီဟာ အရမ်းချမ်းသာပေမဲ့ အလုပ်များတဲ့မိဘတွေကြောင့် အမြဲအထီး ကျန်နေသူ၊ သူငယ်ချင်းလည်းမရှိသူလေးပါ။ သူကတော့ မိဘတွေရဲ့အာရုံ စိုက်မှုကို မျှော်နေသူလေးပေါ့။ ဒီလိုနဲ့ နူဆာနဲ့ဂျွန်နီတို့ဟာ ပြိုင်ဘက်တွေအဖြစ် စတင်တွေ့ဆုံရပါတယ်။ ခပ်စိမ်းစိမ်းဖြစ်နေကြတဲ့ သူတို့နှစ်ယောက်အတွက် ရင်းနှီးခင်မင်စရာအကြောင်း ပေါ်ပေါက်လာတဲ့ တစ်နေ့မှာတော့... မိသားစုမေတ္တာ၊ သူငယ်ချင်းသံယောဇဉ်တွေကို ချစ်စရာကောင်းအောင် ပုံဖော် ထားပြီး တစ်ကားလုံးမပျင်းရတာမို့ Animation ချစ်သူတွေအကြိုက်တွေ့ကြမှာ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.25 ...
movie

Nussa: The Movie (2021)

2021
Spirit Halloween: The Movie (2022) 4.3
Spirit Halloween: The Movie (2022) Spirit Halloween: The Movie (2022)~ Rotten Tomatoes - 55% ~အားလုံးကို ဟောလို၀င်းအမှီ ဟောလို၀င်း vibe အပြည့်ရစေမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Rating တွေက မစုတ်တစုတ်ဖြစ်‌နေသလို Effect တွေကလည်း မကောင်းတ‌ကောင်းပေမယ့် ၁နာရီခွဲစာလောက် အချိန်ဖြုန်းချင်သူတွေအတွက်တော့ အဆင်ပြေမယ့်ကားလေးပါ။လူပျိုဖော်၀င်စ သူငယ်ချင်းသုံးယောက် ဟောလို၀င်းကို ခါတိုင်းနှစ်နဲ့မတူဘဲ ဖြတ်သန်းချင်လို့ ပေါက်ကရလေးဆယ်လုပ်ရင်းနဲ့ မြို့ရဲ့ဒဏ္ဍာရီထဲက ဝိညာဉ်ကိုနှောင့်ယှက်မိသွားတဲ့အခါမှာတော့ အဲဒီဝိညာဉ်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေး‌တွေနဲ့ စခွီထရင်း ကြည့်ရှုရမှာပါ။ မိသားစုနဲ့အတူကြည့်ရင်း ဟာသလေးတွေနဲ့ fun ဖြစ်နိုင်တဲ့ကားမျိုးမလို့ တင်ဆက်ပေးလိုက်ရပါတယ်။ Deep plot တွေဘာတွေ မမျှော်လင့်ထားဘဲ ပေါ့ပေါ့ပါးပါးကြည့်ရင် အဆင်ပြေတဲ့ကားလေးပါ။ သရဲကားလည်းကြည့်ချင်တယ်၊ ကြောက်လည်း ကြောက်တတ်တယ်ဆိုတဲ့သူတွေလည်း လုံးဝလက်လွှတ်မခံသင့်တဲ့ကားဆိုတာကို သရဲကိုတွေ့တဲ့အချိန်မှာ သဘောပေါက်သွားပါလိမ့်မယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Spirit Halloween: The Movie (2022)

2022
Karthikeya 2 (2022) 8.2
Karthikeya 2 (2022) Karthikeya 2 (2022)ခုတစ်ခါထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းတေလဂူကားလေးကတော့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ကားလေးပါပဲ...မင်းသားချော နီခေလ်နဲ့ မင်းသမီးချောလေး အန်နူပမာတို့ ခေါင်းဆောင်မင်းသား မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကို အယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့ ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ်...သူဟာ ဆရာဝန်တစ်ယောက်ဖြစ်သလို စူးစမ်းလေ့လာရေးသမားတစ်ယောက်လည်း ဖြစ်သေးတယ်...ဘုရားအဆင်တန်ဆာတွေကို လိုချင်တပ်မက်နေကြတဲ့ သိုက်တူးသမား အဖွဲ့အစည်းတစ်ခုရှိတယ်...လောဘသားကောင်တွေဆိုပါတော့ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ...အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ ဒီအဖြစ်ကို မလိုလားခဲ့ဘူး..ဒါကြောင့် အဆင်တန်ဆာတွေရဲ့ တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေ ရှာဖွေဖေါ်ထုတ်ခဲ့တယ်...နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်က ကာသစ်ဆီရောက်လာတော့..ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကို ဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ...။ဆန်းကြယ်မှုတွေပြည့်နှက်နေတဲ့ သူ့ခရီးကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့....။ File size…4.5GB / 2.21GB / 1GB Quality…4k HEVC WEB DL  / 1080p WEB DL / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Karthikeya 2 (2022)

2022
4K HEVC Web-DL
Tibetan Raiders ( 2022 ) 6
Tibetan Raiders ( 2022 ) CM ချစ် တရုတ်ကားဖန်လေးတွေအတွက် ဒီတစ်ခေါက် Tibetan Rider ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် ကယ်ဆာဘုရင်ရဲ့ ကောင်းကင်ဓားကို လေ့လာစူးစမ်းသူ ရှီးရှီးဟာဆိုရင် ငယ်ငယ်တည်းက သူ့အဖေပရော်ဖက်ဆာရဲ့ စကားတွေကြောင့် ကယ်ဆာဘုရင်နဲ့ ကောင်ကင်ဓားအပေါ်စွဲလန်းနေတဲ့အပြင်မှာမှ ဖခင်ဖြစ်သူကလည်း ဒီလေ့လာမှုကြောင့် သေဆုံးခဲ့ရတာကြောင့် မပြီးဆုံးတဲ့တာဝန်တစ်ခုလို သတ်မှတ်ပြီး အဆုံးထိ လေ့လာနေသူတစ်ဦးပေါ့.. . ဒီလိုနဲ့ သူဟာ သဲလွန်စတွေအတိုင်း ရှီချွီကို သွားဖို့လုပ်ရာနေ မာချန်ဆိုသူနဲ့ ကားငှားရင်ဆုံးခဲ့တာပါ... မာချန်နဲ့ အစပိုင်းမှာ မသင့်မြတ်ပေမယ့် တဖြည်းဖြည်း အဆင်ပြေလာရာကနေ ရှီးရှီး လေ့လာမှုမှာ တစ်နေရာက ပါဝင်ကူညီတဲ့အဆင့်ထိဖြစ်လာခဲ့တာပေါ့... တစ်ဖက်မှာလည်း ရှီးရှီးနောက်ကို ရှေးဟောင်းသုတေသီတို့ရဲ့ အဖျက်သမားအဖွဲ့ကလိုက်နှောင့်ယှက်တဲ့ဒဏ်လည်းရှိနေသေးတာမို့...ရှီးရှီးတို့ အဆုံးသတ်မှာ လေ့လာမှုအောင်မြင်ပါ့မလား... တမ်းတနေတဲ့ ကောင်းကင်ဓားရော ရှာတွေ့ပါ့မလား... နောက်ပြီး ရှီးရှီးအဖေကရော ဘာကြောင့်သေသွားရတယ်ဆိုတာ ဒီဇာတ်ကားလေး ဒေါင်းကြည့်ပြီး ခံစားကြည့်လိုက်ကြပါ... [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h ...
movie

Tibetan Raiders ( 2022 )

Eddie the Eagle(2015) 7.3
Eddie the Eagle(2015) Eddie the Eagle(2015) အညွှန်း************************* 1988 အိုလံပစ်က ဖြစ်ရပ်မှန် Eddie အကြောင်းကိုရိုက်ထားတဲ့မင်းသားကြီး Hugh Jackman ပါတဲ့  Sport, Drama ကားလေးပါEddie က ငယ်ငယ်တည်းက အိုလံပစ်မှာ ဝင်ပြိုင်ပြီး ချန်ပီယံဖြစ်ချင်ခဲ့တာပါဒါနဲ့ သူ တစ်သက်လုံး အားကစားတွေ တမျိုးပြီးတစ်မျိုးလုပ်လာခဲ့တယ်...နောက်တော့ နှင်းတောင်ပေါ် စကီးစီးတာကို Eddie ကြိုက်သွားပါတယ်...Eddie က ဒီအားကစားနဲ့ ပါရမီလည်း ပါတယ် ဒါပေမဲ့ အဖွဲ့မှာ အရွေးမခံရတော့ စကီးစီးရင်း တောင်ပေါ်က ခုန်တဲ့အားကစားကို ထပ်ရွေးပါတယ်...ဒီအားကစားက အသက်အန္တရာယ်အရမ်းများပြီး Eddie လိုလူသစ်ကဘယ်လို အိုလံပစ်ထိရောက်အောင်သွားမလဲ ကြည့်ရအောင်.... File Size : (1.4GB)(712MB) and (186MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:46:00 Genre : Adventure, Biography  , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Eddie the Eagle(2015)

The Parent Trap (1998) 6.6
The Parent Trap (1998) The Parent Trap (1998)~ IMDb - 6.6/10, Rotten Tomatoes - 86% ~လူကြီးမင်းတို့ အောင်သွယ်ဇာတ်လမ်းတွေ ကြားဖူးကြလားဗျ။ မပြောမရှိနဲ့။ ကိုယ့်ဘေးက ကိုယ့်ရည်းစားကတောင် သူများအောင်သွယ်ပေးထားလို့ စွံခဲ့တာ ဖြစ်ချင်ဖြစ်နေမှာ။ ဘာပဲဖြစ်ဖြစ်ပါလေ။ အောင်သွယ်ဇာတ်လမ်းတွေက နားမဆန့်အောင် ကြားခဲ့ရတာပါပဲ။ဒါပေမ‌ဲ့ လူကြီးမင်းတို့ကို တစ်ခုမေးပါရစေ။ သမီးနှစ်ယောက်က သူတို့ အဖေနဲ့အမေအရင်းခေါက်ခေါက်နှစ်ယောက်ကို ညားကြပါစေတော့ရယ်လို့ အောင်သွယ်ပေးခဲ့ကြတဲ့ ဇာတ်လမ်းတော့ ကြားဖူးမယ်တော့ မထင်ပေါင်ဗျာ။ စိတ်ဝင်စားရင်တော့ ဟောဒီဇာတ်လမ်းကိုသာ ကြည့်လိုက်ပါ။နွေရာသီကျောင်းကြိုစခန်းတစ်ခုကို အတူလာမိကြတဲ့ ၁၁ နှစ်အရွယ် ကောင်မလေးနှစ်ယောက်။ တစ်ယောက်က ဓားရေးကောင်းတယ်။ တစ်ယောက်က ဖဲရိုက်တာတော်တယ်။ ဘုရင်မနှစ်ပါးဆိုတော့ အချင်းချင်း ငြိကြတာပေါ့လေ။ ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် ဘတပြန် ကျားတပြန် အနိုင်ယူကြရင်း ‌သောင်းကျန်းကြလွန်းလို့ သီးသန့်အိမ်တစ်ခုတည်းမှာ ခွဲထားခံရတဲ့အဖြစ်ရောက်သွားလေရဲ့။ဒါပေမဲ့ သူတို့သိသွားကြတာက သူတို့တွေဟာ တစ်အူထုံဆင်း မောင်နှမအရင်းဖြစ်ရုံမက၊ ...
movie

The Parent Trap (1998)

1998
The Curious Case of Dolphin Bay(2022) 5.4
The Curious Case of Dolphin Bay(2022)   Mystery နဲ့ လူငယ်ကားလေးတွေကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် The Curious Case of Dolphin Bayဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အားလုံးလည်း သိပြီးကြတဲ့အတိုင်း ကမ္ဘာကြီးက တဖြည်းဖြည်းပူနွေးလာပြီး ပင်လယ်ပျော်သတ္တဝါတွေလည်း မျိုးတုံးလာကြပါတယ်။ ဒီလိုပင်လယ်သတ္တဝါတွေမျိုးတုံးလာမှုကို ဖြေရှင်းချင်ပြီး ပင်လယ်ချစ်တတ်တဲ့ Quinnဟာ ကျောင်းပိတ်ရက်မှာ သြစတေးလျမှာရှိတဲ့ အဏ္ဏဝါဇီဝဗေဒစင်တာ တစ်ခုမှာ အလုပ်သင်လုပ်ဖို့ လင်းပိုင်ပင်လယ်အော်ကို လာခဲ့ပါတယ်။ အလုပ်သင်ဆင်းတဲ့ လူငယ်လေးယောက်ထဲမှာမှ Teddyဆိုတဲ့ကောင်လေးက အဏ္ဏဝါဇီဝဗေဒကို စိတ်ဝင်စားလို့မဟုတ်ဘဲ ဒီပင်လယ်အော်မှာရှိနေတဲ့ ရတနာသိုက်ရှာဖို့ လာခဲ့တာပါ။ စိတ်ကူးယဥ်ဆန်ဆန် Mysteryတွေကို ဖြေရှင်းချင်တဲ့ Teddyနဲ့ လက်တွေ့ကိုပဲ ယုံကြည်တဲ့ သိပ္ပံသမား Quinnတို့ ဘယ်လိုတွေ သူငယ်ချင်းဖြစ်သွားကြမလဲ။ ပြီးတော့ ဒီပင်လယ်အော်မှာပဲ ခြောက်လှန့်နေတဲ့ ရတနာသိုက်ရှာတစ္ဆေတစ်ကောင်လည်း ရှိနေပါသေးတယ်။ အဲဒီကိစ္စကိုရော Quinnတို့ ဘယ်လိုအဖြေရှာကြမလဲ..... ဒီကားကိုကြည့်ရတာတန်စေတဲ့ အကြောင်းအရင်းတွေကတော့ ပင်လယ်ကမ်းခြေရှုခင်းတွေ သန္တာကျောက်တန်းဇီဝမျိုးကွဲတွေကို တွေ့ရတာအပြင် အဆင်ချောချောလေးကို ငမ်းရတာလည်းပါပါသေးတယ်File size…(1.88GB) ...
movie

The Curious Case of Dolphin Bay(2022)

Trick or Treat Scooby-Doo! 5.5
Trick or Treat Scooby-Doo! Trick or Treat Scooby Doo(2022) ====================== Comedy , Horrorစကူဘီဒူးရဲ့ မူလလက်ရာနဲ့ animation လေးထွက်လာပါတယ်။ ဟော်လိုးဝင်းရာသီဖြစ်တာကြောင့် စကူဘီဒူးတို့ အရင်ဖြေရှင်းခဲ့တဲ့အမှုတွေနဲ့ မတူဘဲ ပိုမိုထူးခြားစေမှာပါ... ပြီးတော့ အားလုံးဝေဖန်နေကြတဲ့ Velma Character ကိုလည်း Lesbian တစ်ယောက်အနေနဲ့ စတင်မြင်တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ စကူဘီဒူးတို့ဟာ လူဆိုးတွေအားလုံးကို နောက်ကွယ်ကနေ ဝတ်စုံတွေလုပ်ပြီး ကြိုးကိုင်နေတဲ့ ဉာဏ်ကြီးရှင် ဒုစရိုက်သမားကြီး ကိုကိုဒီရာဘလိုကို ဖမ်းဆီးအပြီးမှာ ဖြေရှင်းစရာအမှုတွေ မရှိတော့တဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်... ဒီလိုနဲ့ သူတို့အတွက် ဟော်လိုးဝင်းမှာ အရင် Villain တွေနဲ့မတူတဲ့ ဖြေရှင်းစရာ အမှုအသစ်ကြီးတစ်ခုပေါ်လာတဲ့အခါမှာတော့ စကူဘီနဲ့ရှက်ဂီတို့ရဲ့ အလွဲလွဲ အချော်ချော်တွေနဲ့အတူ Mystery Inc အဖွဲ့ ဘယ်လို ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)Genre..... Adventure , Animation, Comedy Quality…. 1080p | 720p | 480p File size… ...
movie

Trick or Treat Scooby-Doo!

2022
Dr. Wai in the Scripture with No Words (1996) 5.7
Dr. Wai in the Scripture with No Words (1996) \ \Dr. Wai in the Scripture with No Words ( 1996 )ဂျက်လီရဲ့ အင်ဒီယာနာဂျုန်းလိုလိုကားပါ။ မှတ်မိချင်မှ မှတ်မိမှာပေမဲ့ စက်ရုပ်နွားကြီးနောက် ဂျက်လီပြေးလိုက်ချတဲ့ အခန်းကိုတော့ ငယ်ငယ်က ဖြစ်ဖြစ် ကြည့်ဖူးလောက်ကြမှာပါ။ အဲဒီကားပါပဲ။ ဂျက်လီအပြင် ဟောင်ကောင်ရဲ့ အလှတရားတွေထဲ အပါအဝင်ဖြစ်တဲ့ ဂျက်လီနဲ့တွဲအရိုက်များတဲ့ Rosamund Kwan နဲ့ ashes of time , Fallen angels နဲ့ New Police Storyထဲက မင်းသမီး charlie yeung လည်းပါပါတယ်။ နောက်ဆုံးနဲ့ ဒီကားကို ကျွန်တော်ကြည့်ဖြစ်သွားတဲ့အကြောင်းရင်းဖြစ်တဲ့သူကတော့ ဟောင်ကောင်မှာပဲ ကားအလန်းစားတွေ ဆက်တိုက်အရိုက်များခဲ့တဲ့ ဂျပန်ထိုင်ဝမ်သွေးနှော Takeshi Kaneshiroပါပဲ။ cast တွေနဲ့တင် ဒီကားက တော်တော်တန်နေပါပြီ။ဇာတ်လမ်းကတော့ အင်ဒီယာနာဂျုန်းဆန်ဆန်ဘဲက အင်ဒီယာနာဂျုန်းထဲကလို ...
movie

Dr. Wai in the Scripture with No Words (1996)

The Skeleton’s Compass(2022) 6.2
The Skeleton’s Compass(2022)  မိသားစုကြည့်ဖို့ ကလေးစွန့်စားခန်းရုပ်ရှင်လေးတစ်ခုပါ။အလယ်တန်းကျောင်းသားလေး Champ တို့သူငယ်ချင်းတစ်သိုက်ဟာ သစ်တောထဲမှာ ရှေးခေတ်ကအရိုးစုတစ်ခုကိုတွေ့ပြီးနောက်မှာ ရတနာသိုက်ရှာပုံတော်ထွက်ရင်းနဲ့ မထင်ထားပဲ အတိတ်ကိုပြန်ရောက်သွားပြီးစွန့်စားခန်းတွေ ကြုံရပါတော့တယ်။Champ တို့လည်းရတနာရှာရင်းနဲ့ သူငယ်ချင်း၊မိသားစုတွေရဲ့သံယောဇဉ်ကအရေးအကြီးဆုံးဆိုတာသိလာရပြီး အတိတ်ကဖြစ်ရပ်တွေအပေါ် ပိုနားလည်လာရပါတယ်။ ထက်မြက်တဲ့ကလေးသရုပ်ဆောင်တွေပါ၀င်ထားတဲ့ ကြည်နူးစရာကားလေးပါ။File size…(1GB) / (609MB) / (330MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:37:00 Genre...Adventure / Family / Sci-fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing  
movie

The Skeleton’s Compass(2022)

Scooby-Doo! Camp Scare (2010) 7.2
Scooby-Doo! Camp Scare (2010) Scooby-Doo! Camp Scare (2010) ======================= IMDb Rating - 7.2/10မိုးအေးအေးမှာ ငယ်ငယ်က အသဲစွဲကြိုက်ခဲ့ရတဲ့ စကူဘီ-ဒူဘီ-ဒူးရဲ့ ဇာတ်လမ်းလေးကို ပြန်ကြည့်ရင်း memory recall ပြန်လုပ်လိုက်ရအောင်လား...ဇာတ်လိုက်ကျော်ကြီး စကူဘီဒူး၊ ရှက်ဂီ၊ ဗယ်မာ၊ ဒက်ဖနီ တို့ လေး ယောက်သားက ဖရက်ဒီရဲ့ ငယ်ငယ်တုန်းက အမြဲသွားခဲ့တဲ့ လစ်တဲမုစ်ဆိုတဲ့ စခန်းကို သွားလည်ကြမယ့်သူတွေပေါ့။ လစ်တဲမုစ် ဆိုတာ ယုံတမ်းစကားတွေ၊ ဒဏ္ဍာရီတွေ၊ သရဲပုံပြင်တွေနဲ့ ပြည့်နေတဲ့ နေရာတစ်ခုဖြစ်ပြီး မြို့ပြနဲ့ ကွဲထွက် နေတဲ့ နေရာတစ်ခုပါ။အဲဒီစခန်းငယ်လေးမှာ စခန်းချသွားကြရင်း လုခ်၊ ထရူဒီ နဲ့ ဒီကွန်ဆိုတဲ့ ကလေး သုံးယောက်နဲ့ တွေ့ပြီး စခန်းကို ခြောက်လှန့်နေတဲ့ ဝုစ်မန်း၊ ဖစ်ရှ်မန်း နဲ့ အရိပ် တောင်ကြားတစ္ဆေဆိုတဲ့ မကောင်းဆိုးဝါးသုံးကောင်နဲ့ ရင်ဖိုဖွယ် နှစ်ပါးသွား ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှူ့ရမှာပဲ ဖြစ်ပါတယ်။ အသည်းခိုက်အောင် ကြောက် တတ်တဲ့ စကူဘီဒူးနဲ့ ရှက်ဂီတို့ ဘော်ဘော်နှစ်ယောက်နဲ့တင် ဒီဇာတ်ကားကို ကြည့်ဖို့က ပြည့်စုံနေပြီမို့ အများကြီး ...
movie

Scooby-Doo! Camp Scare (2010)

2010
(21+) Pirates II: Stagnetti’s Revenge (2008) 7.5
(21+) Pirates II: Stagnetti’s Revenge (2008) ဒါကတော့ 2005 ရဲ့ sequel ‌ဖြစ်ပါတယ် ဒီဇာတ်ကားက ပိုအောင်မြင်ပြီး Cast တွေက ပိုများပြီး လူကြိုက်ပိုများပါတယ် Idol sasha grey ပါဝင်လာပြီး တရုတ်ဘုရင်မ Katsuni ပါဝင်လာပါတယ် အကောင်းဆုံး အဖွဲ့လိုက် စကားပြောခန်း ဆုလဲရထားပါတယ်DS fans တွေအတွက်ဂုဏ်ယူစွာတင်ဆက်လိုက်ပါသည် Adult DVD တွေရဲ့စွန့်ဦးဇာတ်ကား Parody အမျိုးစား Adult DVD လောကကို ဟစ်ကြွေးခဲ့တဲ့ဇာတ်ကား ကမ္ဘာပေါ်မှာ ငွေကြေးအကုန်အကျအများဆုံး Adult ကား ဆုတွေ တပွေ့တပိုက်ကြီး သိမ်းကြုံးယူခဲ့တဲ့ကား Cast တွေက လျှမ်းလျှမ်းတောက်တွေ Asia , Europe ရောသမမွှေထားပြီး အပြည့်စုံဆုံး Adult ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် DS fans တွေလက်မလွှတ်တမ်းကြည့်သင့်သလို ပင်လယ်ဓားပြကားတွေ စွန့်စားခန်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဇာတ်လမ်းဇာတ်ကွက်ပီပီပြင် ကြည့်ရမှာဖြစ်ပါတယ်အဒ်ဝါ့တစ်ယောက် ဗစ်တာကိုနှိမ်နင်းနိုင်ခဲ့ပေမဲ့ နာမည်ကောင်းမရခဲ့ပါဘူး ဒါပေမဲ့သူ့ကိုယ်သူ သူရဲကောင်းကြီးဆိုတဲ့စကားကို တွင်တွင်ကြီး သုံးနေဆဲပါပဲဆရီနာဟာ ဗစ်တာဆီကနေထွက်ခဲ့ပေမဲ့ သူမကျူးလွန်ခဲ့တဲ့ အပြစ်တွေက များလွန်းတာကြောင့် ဘုရင်ကြီးရဲ့ အမိန့်အရ လစ်တဲတွန် မြို့ဝန်က ဖမ်းဝရမ်း ထုတ်ရပါတော့တယ် အဲဒါကို ဖြေဖို့အတွင် ကပ္ပတိန် အဒ်ဝါ့ ကြိုးစားရပါတော့တယ် အရင်းနှီးတော့ကြီးပါတယ် ...
movie

(21+) Pirates II: Stagnetti’s Revenge (2008)

2008