Channel Myanmar

Adventure

Johnny English Reborn (2011) 6.3
Johnny English Reborn (2011) IMDb Rating (6.3)ဒါကတော့ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mr.Bean ရဲ့ Johnny English အဆက်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...ပထမဇာတ်ကားမှာတုန်းက ဘုရင်မကြီးရဲ့သူရဖူကိုကာကွယ်နိုင်ခဲ့တဲ့ ဂျွန်နီဟာ သမ္မတ လုံခြုံရေးတာဝန်တစ်ခုမှာ မအောင်မြင်ခဲ့လို့ အထုတ်ခံခဲ့ရပြီး Batman လို တိဘက်က ဘုန်းတော်ကြီးတွေဆီမှာ ပညာဆည်းပူးရင်း ဇာတ်မြုတ်နေခဲ့ပါတယ်။တစ်နေ့မှာတော့ MI-7 ဟာ သူပါမှကိုရတော့မယ့် စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာချိန်မှာ ဂျွန်နီကို ပြန်လည်ခေါ်ယူပါတော့တယ်။ ဒီခါမှာတော့ Johnny English ရဲ့ ရင်သက်ရှုမောဖွယ် စွန့်စားခံတွေ ပြန်လည်စတင်ပါတော့တယ်။ဂျွန်နီဟာ အမြဲတမ်းတလွဲတွေလုပ်ပေမယ့် သူ့ရဲ့ဖြူစင်သောအမှားတွေနဲ့ အင်္ဂလန်ပြည်ကို ဘယ်လိုထပ်မံကယ်တင်ဦးမလဲဆိုတာ...။Johnny English ဇာတ်ကား ၃ ကားရှိပြီး ၃ ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Johnny+English ကြည့်လို့ရပါတယ်။ File size… (1.6 GB) / (800 MB) Quality…BluRay 1080p HEVC /720p Format…mkv/mp4 Duration….01:41:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Johnny English Reborn (2011)

1080p HEVC
Johnny English (2003) 6.2
Johnny English (2003) IMDb Rating (6.2)မင်းသားကြီး Rowan Atkinson ကို မစ္စတာဘင်းအဖြစ် လူသိများကြသလို ဂျွန်နီအင်းဂလစ်ရှ်အဖြစ်လဲ မှတ်မှတ်သားသားရှိကြမှာပါ..." အမှားဆိုတာ ငါ့အဘိဓာန်မှာ မရှိဘူး" ပြောတတ်တဲ့ ဂျွန်နီအင်းဂလစ်ရှ်ဆိုတာ အမြဲတမ်းတလွဲတွေပဲ လုပ်တတ်တဲ့ အင်္ဂလန်နိုင်ငံကိုကယ်တင်နေကျ သူရဲကောင်းအေးဂျင့်တစ်ယောက်ပါပဲ။ဒီကားကတော့ အင်းဂလစ်ရှ်ရဲ့ စပိုင်အေးဂျင့်ဘဝစတင်ဖြစ်ပေါ်လာပုံပါ။MI5 တို့ MI6 တို့ MI7 တို့ဆိုတာ အင်္ဂလန်ပြည်ရဲ့ လျှို့ဝှက်အေးဂျင့်ဌာနတွေပေါ့...ဒီဌာနမှာ အင်းဂလစ်ရှ်ရယ် သူဘာမှားမှားသူ့ဖက်က အမြဲနေတဲ့ သူ့တပည့်ကျော် ဘော့ရယ်က တောက်တိုမယ်ရ လုပ်ရတာပါ...တစ်နေ့တော့ အတော်ဆုံးအေးဂျင့်ဝမ်းဆိုတဲ့လူ သေသွားပါတယ်...သေပုံက အင်းဂလစ်ရှ်သေချာရှာဖွေပေးလိုက်တဲ့ ရေငုတ်သင်္ဘောကုတ်က အမှားကြီးဖြစ်နေလို့ အေဂျင့်ဝမ်းခမျာ ရေငုတ်သင်္ဘောထဲ ဝင်မရဘဲ သေသွားတာပါ..ဒါ့အပြင် ကျန်တဲ့အေးဂျင့်တွေလဲ အလုံခြုံဆုံးဆိုတဲ့ MI7 ဌာနချုပ်မှာ ဗုံးပေါက်လို့ အကုန်ကိစ္စချောသွားပါတယ်။ဒါကြောင့်မလို့ လျှို့ဝှက်အေးဂျင့်ဌာနမှာ အသက်ရှင်ကျန်ရစ်တာဆိုလို့ တောက်တိုမယ်ရ အင်းဂလစ်ရှ်ရယ် သူ့တပည့်ကျော်ဘော့ရယ်ပဲ ရှိပါတော့တယ်။ဒီလိုချိန်ခါမှာ ဝန်ကြီးချုပ်က အေးဂျင့်ဝမ်းကိုင်တွယ်နေတဲ့ကိစ္စတွေကို ဆက်လက်စုံစမ်းဖို့  ဖိအားပေးလာတဲ့အခါမှာတော့ ...
movie

Johnny English (2003)

2003
1080p HEVC
LEGO Star Wars Summer Vacation (2022) 5.6
LEGO Star Wars Summer Vacation (2022)    နှစ်စဉ်ထွက်နေကျအတိုင်း လီဂိုကာတွန်း Star Wars ထွက်လာပါပြီ။ မိသားစုကြည့်ဖို့ဇာတ်လမ်းဖြစ်တာမို့ အင်ပါယာ၊ ဒါ့ဗိတ်ဒါ၊ အိုဘီဝမ်၊ ဟန်ဆိုလို၊ ချူဝီ၊ လေယာ၊ ရေး၊ ဖင်း၊ ပိုး တို့အားလုံးပါဝင်တဲ့ ဟာသနဲ့စွန့်စားခန်းတွေပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ မျိုးဆက်သစ်တွေဖြစ်တဲ့ ရေး၊ ဖင်း၊ ပိုး တို့ဟာ အားလပ်ရက်ခရီးထွက်လာရင်း အဆင်မပြေမှုတွေနဲ့ရင်ဆိုင်လာရတဲ့အခါ၊ အိုဘီဝမ်၊ ဒါ့သ်ဗိတ်ဒါ နဲ့လေယာတို့က သူတို့ငယ်စဉ်က အတွေ့အကြုံတွေကို ပြန်ပြောပြတာကို ဇာတ်လမ်းဆင်ထားတာဖြစ်ပြီး ဂျဒိုင်းကြီးတွေရဲ့ ဟာသဆန်ဆန် စွန့်စားခန်းတွေကို ကြည့်ရမှာပဲဖြစ်ပါတယ် File size…(1.33GB)/(510MB)/(346MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….00:45:00 Genre...Animation / Action / Aventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson
movie

LEGO Star Wars Summer Vacation (2022)

Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi (2017) 6.6
Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi (2017) Doraemon the Movie 2017 : Great Adventure in the Antarctic kochi kochiငယ်စဉ်ကလေးဘဝတည်းက အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုရေမွန်ဇာတ်ကားပေါင်းများစွာထဲက စွန့်စားခန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ဒိုရေမွန်နဲ့ နိုဘီတဟာ ဂျပန်နိုင်ငံနွေရာသီရဲ့ ပူပြင်းလွန်းတဲ့ရာသီဥတုကိုမခံနိုင်တော့တာကြောင့် တောင်ပစိဖိတ်သမုဒ္ဒရာရဲ့ ဧရာမရေခဲတောင်ဆီကို လာခဲ့ကြပါတယ်။ဒီကနေ ရွှေကွင်းကလေးတစ်ကွင်းကိုရှာတွေ့ သွားပြီး သူ့ပိုင်ရှင်ကို လိုက်ရှာရာကနေ ပျောက်ဆုံးနေတဲ့ အတ္တလန်တစ်မြို့တော်နဲ့ဆက်စပ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ မှော်အိတ်လေးထဲကနေ လိုတာမှန်သမျှထုတ်လို့ရတဲ့ ဒိုရေမွန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု၊ ပျောက်ဆုံးနေတဲ့မြို့တော်ကိုရှာဖွေရင်း ဘယ်လိုအန္တရာယ်မျိုးစုံကိုဖြတ်ကျော်ရမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုရမယ့် ကာတွန်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ ထွက်သမျှဇာတ်ကားတိုင်းမှာ ပရိတ်သတ်တွေကိုစိတ်မပျက်စေခဲ့တဲ့ ဒိုရေမွန်၊ ဒီတစ်ခေါက်မှာလည်း ချစ်စရာAnimation များနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားပေးကြပါဦး File size…1.6GB / 902MB Quality…1080p BluRay / 720p Format…mp4 Duration….1h 41min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi (2017)

2017
DC League of Super-Pets (2022) 7.8
DC League of Super-Pets (2022)  ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ ဒီစီစူပါဟီးရိုးတွေရဲ့ အိမ်မွေးအကောင်လေးတွေအကြောင်းပါပဲ။ အဓိက ဇာတ်ကောင်ကတော့ စူပါမန်းရဲ့ ခွေး ခရစ်ပတိုဖြစ်ပြီး အသံသရုပ်ဆောင်အဖြစ် The Rock က ပါဝင်ထားပါတယ်။ သူ့သူငယ်ချင်း ခွေးအဖြစ် အေ့စ်နေရာမှာ ကယ်ဗင်ဟာ့ကပဲ သရုပ်ဆောင်ထားတာမို ထုံးစံအတိုင်း အတွဲညီညီရယ်ရမှာပါပဲ။ ကျွန်တော်တိုရဲ့မင်းသားကြီး ကီရာနူးရိဗ်ကလည်း ဘတ်မန်းနေရာက အသံသရုပ်ဆောင်ပြီး၊ ဂျွန်ကရာဆင်းစကီးက စူပါမန်းအဖြစ် သရုပ်ဆောင်ထားပါတယ်။လက်စ်လူသာရဲ့ စမ်းသပ်ခန်းကလွတ်လာတဲ့ လူလူဆိုတဲ့ ပူးလေးဟာ စူပါပါဝါတွေရသွားပြီး ဂျက်စတိလိတစ်ခုလုံးကိုဖမ်းထား၊ လက်စ်လူသာကိုကယ်တင်ပြီး ကမ္ဘာကြီးကိုအုပ်စိုးဖို လုပ်ပါတော့တယ်။ ဒါကို စူပါကောင်လေးတွေက ဘယ်လို စုပေါင်းကယ်တင်ကြမလဲဆိုတာ ကြည့်ရမှာပါပဲ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mr.Anderson ပါ )File Size__(1.7GB) / (910MB) Quality__WEB-DL_1080p, CAM- 720p IMDb Rating__7.8/10 Format__mp4 Duration__01:33:00 Type__Action, Adventure, Animation Subtitle__Myanmar Subtitle (Hardsub) Translated by Mr.Anderson Encoded by Naing ...
movie

DC League of Super-Pets (2022)

Fullmetal Alchemist_The Revenge of Scar (2022) 5.6
Fullmetal Alchemist_The Revenge of Scar (2022) Fullmetal Alchemist : the Revenge of Scar (2022)အန်နမှာ အောင်မြင်ထားပြီး သူ့ကိုယ်ပိုင်ပရိသတ်နဲ့ သူရှိပြီးသားFullmetal Alchemistကို 2017တုန်းက live actionရိုက်ခဲ့ပါတယ်။ အန်နမဲကြည့်ထားတဲ့သူအတွက် ဘယ်လိုနေမလဲမသိပေမဲ့ ဒီတိုင်းကြည့်ရင်တော့ မဆိုးပါဘူး။ ကြည့်ကောင်းပြီး စိတ်ဝင်စားစရာလည်းကောင်းပါတယ်။ ရိတ်တင်အနေအထားအရ အန်နမဲ ပရိသတ်အတွက်တော့ စိတ်ပျက်စရာဖြစ်သွားပုံရပါတယ်။ဇာတ်လမ်းကတော့ ပထမကားအတိုင်းပဲ Edward Elricက ခန္ဓာမရှိတဲ့ သူ့ညီအတွက် ခန္ဓာပြန်ရအောင်လုပ်ပေးဖို့ ကြံပါတယ်။ ဒီလိုနဲ့ သူတို့ မြို့တော်ကို လာတဲ့လမ်းမှာ နိုင်ငံခြားက Alchemistဆန်ဆန်ပညာသည်တွေနဲ့ မင်းသားတစ်ပါးက သူတို့ဆီ အဂ္ဂရိတ်ဓာတ်လုံးအကြောင်းမေးရင်း ရန်ထဖြစ်ကြတယ်။ နောက် scarလို့ခေါ်တဲ့ သူတို့မြို့က alchemistတွေ ဖျက်ဆီးလိုက်တဲ့ Ishvalan က လူတစ်ယောက်က လက်စားချေဖို့ alchemistတွေတစ်ယောက်ပြီးတစ်ယောက်လိုက်သတ်နေပါတယ်။ ဒီလိုနဲ့ Edward နဲ့ scarတို့ ထပ်တိုက်တိုးကြပါရော။ ဒီလိုနဲ့ဘာတွေဆက်ဖြစ်မလဲတော့ ကိုယ်တိုင်ပဲကြည့်ရှုကြည့်ကြပါ။ဇာတ်က အန်နမဲလောက်အရသာတော့ ...
movie

Fullmetal Alchemist_The Revenge of Scar (2022)

The Great Illusionist ( 2020 ) 6.3
The Great Illusionist ( 2020 ) CM တရုတ်ကားဖန်တွေအတွက် ဒီတစ်ခေါက်မှာတော့ ရှားပါး ဖုန်တက် ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီကားထဲက မင်းသားကတော့ တရုတ်ဖုတ်ကောင်ကားဖန်တွေဆို သိကြမှာမို့ ဒီမင်းသားမြင်တာနဲ့ ဘယ်လိုကားမျိုးဆိုတာ မှန်းနိုင်မှာပါ...ဇာတ်လမ်းအကျဉ်းလေးကတော့ ပေဟိုင်မြို့ ထူးဆန်းတဲ့ ကွင်းဆက်လူသတ်မှုတစ်ခုကို လုံစုန်အရာရှိအပါအဝင် စခန်းအားလုံး ခေါင်းခဲနေရတာပေါ့... ဘယ်လိုလူသတ်မှုမျိုးလဲဆိုရင်တော့... ရုတ်တရက်ကြီးလမ်းလယ်ခေါင်မှာ ရုတ်တရက်သေသူတွေကို အလောင်းစစ်ဆေးတော့ရေနစ်ပြီးသေကြောင်း အဖြေထွက်လာတာကြောင့်ပေါ့... ဒီအမှုကနေ စပ်ဆက်လေ့လာလိုက်တော့ လူ ၁၇ ယောက်လောက် တစ်ချိန်တည်းဒီလိုပုံစံတူသေတာလည်းရှိတာမို့ ထူးဆန်းတဲ့ ကွင်းဆက်လူသတ်မှုလို့ နာမည်တပ်ခဲ့ရတာပေါ့...ဒီလိုနဲ့ မစ္စတာရော်ဘင်အကူအညီနဲ့ အမှုကို စုံစမ်းဖော်ထုတ်တဲ့ ခရီးစဉ်ဆက်ခဲ့တာပေါ့... ဒီအမှုကိုစုံစမ်းရာကနေ သဘာဝလွန် ထူးခြားဖြစ်စဉ်တွေပါ ရှာဖွေတွေ့လာရာကနေ အမှုမှန်ပေါ်ပေါက်ပါ့မလား... အမှုနောက်ကွယ်မှာ ဘာလျို့ဝှက်ချက်ရှိမယ်ဆိုတာလေး ဇာတ်လမ်းလေး ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်လိုက်ကြပါတော့... Quality : WEB-DL 1080p , 480p Format : mp4 Genres : Adventure , Fantasy Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Great Illusionist ( 2020 )

Shamshera (2022) 5.1
Shamshera (2022) Shamshera (2022) Action, Adventure, Drama IMDb 7.5/10 (48K)နောက်ဆုံးကား Sanju (2018) နဲ့ငြိမ်နေပြီး ကိုဗစ်ကာလကတည်းက ဘာကားမှမထွက်ထားတဲ့ မင်းသားချောလေး ရန်ဘီးကပူးရဲ့ Shamshera ဆိုတဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာပြန်ပါပြီနော်..ဇာတ်ကားကတော့ ဗြိတိသျှခေတ် ကိုလိုနီတွေ အိန္ဒိယနိုင်ငံကို သိမ်းပိုက်ထားစဉ်ကာလကို အခြေပြုထားတယ်အဲ့ဒီတုန်းက တောအုပ်ကြီးထဲမှာ မင်းလုပ်ကျက်စားနေကြတဲ့ ဓါးပြအဖွဲ့တစ်ဖွဲ့ရှိတယ်..သူတို့အဖွဲ့ခေါင်းဆောင်ကို ရှမ်ရှေရားလို့ခေါ်တယ်...အဲ့ဒီခေတ်အခါက အထက်အရာရှိတွေကို ကပ်ဖားလျက်ဖားလုပ်နေကြတဲ့ အထက်တန်းလွှာတွေက ဇာတ်နိမ့်တွေကို တအားနှိမ်တဲ့ခေတ်ဆိုပါတော့... ရှမ်ရှေရားတို့အဖွဲ့ဟာ အဲ့ဒီအထက်တန်းလွှာတွေဆီကနေ လုယက်ပြီး မရှိဆင်းရဲသားတွေကို ပြန်လှူတယ်...ဓါးပြတော့ တိုက်တယ် ဒါပေမဲ့ ဓမ္မတော့ရှိတယ်လို့ ပြောရမှာပေါ့...ဒီလိုနဲ့ရှမ်ရှေးရှားတို့အဖွဲ့ဗြိတိသျှအစိုးရနဲ့အပေးအယူလုပ်ပြီး လွတ်လပ်ရေးကို အရယူနိုင်မယ့်အချိန်မှာတော့..............ဒီဇာတ်ကားမှာ ညှင်းပန်းနှိပ်စက်ခံလူတစ်စုက အင်အားကြီးမားလွန်းတဲ့ အင်ပါယာကြီးတစ်ခုလုံးကို တွန်းလှန်ပုံနဲ့ ခေါင်းဆောင်ကောင်းတို့ရဲ့ မြင့်မြတ်တဲ့စိတ်ထားကို မြင်တွေ့ရမှာဖြစ်လို့ ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... File size…10GB / 3.2GB / 1.85GB Quality…4k HEVC SDR WEBDL AAC5.1CH / 1080p WEBDL AAC5.1Ch  /720p Format…mp4 Duration….2h 58mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated byTAYLOR
movie

Shamshera (2022)

2022
4K HEVC Web-DL
The Fifth Element(1997) 7.6
The Fifth Element(1997) The Fifth Element(1997) အညွှန်း****************************IMDb - 7.6/10, Rotten Tomatoes - 71%ဒီဇာတ်ကားကတော့ မင်းသားကြီး Bruce Willis နဲ့ မင်းသမီး Milla Jovovich တို့နှစ်ယောက်နဲ့ မင်းသားများဖြစ်တဲ့ Chris Tucker၊ Gary Oldman နဲ့ Ian Holm တို့ပါဝင်အားဖြည့်ထားပြီး ဒါရိုက်တာ Luc Besson ရိုက်ကူးထားတဲ့ သိပ္ပံအက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲမှာတော့ စစ်တပ်ကနေ အငြိမ်းစားယူပြီး အငှားယာဉ်မောင်းအဖြစ်လုပ်ကိုင်နေတဲ့ ကော်ဘန်ဒဲလပ်စ်(Bruce Willis) ဟာကမ္ဘာကြီးကို မိစ္ဆာတွေလက်ကကယ်တင်ဖို့အတွက် ဓာတ်ကြီးငါးပါးကို သွားယူဖို့ တာဝန်ရလာပါတယ်။တစ်ချိန်တည်းမှာပဲ ဓာတ်ကြီးငါးပါးထဲက တစ်ပါးအပါအဝင်ဖြစ်တဲ့ လီလူ(Milla Jovovich)ကိုလည်း ချစ်မိသွားပြီး သူ့ကိုကယ်တင်ဖို့ ကြိုးစားရပါသေးတယ်။ အဲ့ဒီလို ဓာတ်ကြီးငါးပါးကို သွားယူတဲ့လမ်းခရီးမှာကြုံတွေ့ရတဲ့အခက်အခဲတွေ၊တခြားအပြိုင်အဆိုင် လိုက်စုနေတဲ့ အဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေနဲ့ မင်းသားရဲ့ မင်းသမီးအပေါ်မှားထားတဲ့ခံစားချက်တွေကို စုံစုံလင်လင်တင်ပြထားပါတယ်။နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရထားတဲ့အပြင် တင်ဆက်ပုံကလည်းကောင်းမွန်တာကြောင့် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File Size : (5.1GB) (1.1 GB) and (348 MB) Quality : ...
movie

The Fifth Element(1997)

Pil’s Adventures (2021) 6.2
Pil’s Adventures (2021) Pil's Adventures (2021)တိုင်းပြည်တစ်ပြည်ရဲ့မင်းကြီးနတ်ရွာလားသွားပြီးတဲ့နောက် အဲဒီတိုင်းပြည်က မင်းသားလေးအရွယ်မရောက်ခင်အထိ မှော်ဆရာတစ်ယောက်က ရင်ခွင်ပိုက်အုပ်ချုပ်ခဲ့ပါတယ်။ မင်းသားလေးအရွယ်ရောက်လို့ ထီးနန်းလွှဲပေးရမယ့်အချိန်ဟာာ မှော်ဆရာဟာ အရင်မင်းကြီးကို အဆိပ်ခတ်လုပ်ကြံခဲ့သလို မင်းသားလေးကို သတ်ဖို့ကြံပါတယ်။ အဲဒီအချိန်မှာ Pil ဟာ အဆိပ်ဖော်တဲ့နေရာကို ခိုးဝင်လာပြီး ဆေးတွေကို ဗြောင်းဆန်အောင်လုပ်ပစ်တာမို့ မင်းသားလေးဟာ ဆေးသောက်မိတဲ့နောက် မသေသွားဘဲ ကြက်ကြောင်ဖြစ်သွားပါတယ်။ ကြက်ခေါင်း ကြောင်ကိုယ်နဲ့ ကြက်ကြောင်ပါ။ကြက်ကြောင်ဖြစ်သွားတဲ့မင်းသားလေးကို Pil က မှော်ဆရာရဲ့  Maleficient ဆန်ဆန် မွေးစားအမေ‌နေတဲ့ ကျိန်စာသင့်တောအုပ်ကြီးထဲ ခေါ်သွားပြီး ဖြေဆေးရအောင်ကူညီပေးပါတယ်။ အပြန်အလှန်အနေနဲ့ပေးရမှာကတော့ အရင်မင်းကြီးချန်ထားခဲ့တဲ့ ရတနာသိုက်ကြီးပါ။ဒီလိုနဲ့ ကူကယ်ရာမဲ့ ကချော်ကချွတ်ဖြစ်နေတဲ့ ကြက်ကြောင်ကြီးဟာ ကြောင်တိကြောင်တောင်အစောင့်ရယ် ကိုယ့်အားကိုယ်ကိုး နေနေရတဲ့ ကလေးမလေးရယ် ၊ ကက်ကက်လန်အောင် ကန့်လန့်ဖီလာတိုက် ကန်းမစကားဆိုနေတဲ့ ရုပ်သေးရုပ်ရယ်။ ကိုရိုးကားရား ကိုးလိုးကန့်လန့် အကောင်လေး၃ကောင်နဲ့အတူ ကျိန်စာကျိန်ချက်မိနေတဲ့ ကြီးကြီးမားမား တောအုပ်ကြီးထဲ ကောင်းကောင်းကန်းကန်း ပြန်ဖြစ်အောင်လုပ်ပေးမယ့် ...
movie

Pil’s Adventures (2021)

2021
(18+) Eaten Alive (1980) 5.1
(18+) Eaten Alive (1980) Eaten Alive (1980) ဇာတ်လမ်း နာမည်မြင်လိုက်တာနဲ့ ဘယ်လိုကားမျိုးဆိုတာ မှန်းလို့ရနေမှာပါ လူတွေဟာ မော်ဒန်ခေတ်မှာ နေနေကြပေမယ့် ကျောက်ခေတ်လိုနေထိုင်ကြတဲ့လူသားတွေလည်း ရှိနေပါသေးတယ် စူပါမားကတ်ကနေ ရေခဲရိုက်အသားတွေဝယ်ချက်မယ့်အစား ဂူအောင်းသားတွေကတော့ ရရာအသားကို အစိမ်းစားသောက်ကြတယ် လူရရင် လူသား မရလည်းမြွေသား ဖွတ်သား ဖားသား ဘာလာလာဒေါင်းကြသူတွေပါ ဇာတ်လမ်းအစမှာတော့ ရှီလာဆိုတဲ့ မိန်းကလေးဟာ သူ့အစ်မ ပျောက်သွားတဲ့ ကိစ္စကို စုံစမ်းရင်း အစ်မဖြစ်သူဟာ ဘာသာရေးအစွန်းရောက်တွေနဲ့ ပတ်သက်မိပြီး ကောက်ကောက်ပါအောင် လိုက်သွားကြောင်း သိလိုက်ရပါတော့တယ် ဒါနဲ့ရှီလာဟာ မာ့ခ်ဆိုသူကို အဖော်အဖြစ်ခေါ်ပြီး New Guinea ကရွာလေးတစ်ရွာကို ရောက်ရှိလာပါတယ် ဘာသာရေးအစွန်းရောက်ခေါင်းဆောင်ဟာ အဲ့ရွာကနေ ယုံကြည်သူနောက်လိုက်တွေကို ခေါ်ပြီး တောအလယ်မှာ ရွာတည်ပြီး သီးသန့်နေထိုင် ခြယ်လှယ်နေပါတော့တယ် ခက်တာက အဲဒီရွာလေးဟာ လူသားစားအရိုင်းမျိုးနွယ်စုရဲ့ အန္တရာယ်ကိုလည်း ရင်ဆိုင်နေရပါတယ် ရှီလာတစ်ယောက် သူ့အစ်မကို ပြန်လည်ရှာတွေ့ပြီး အိမ်အရောက် အပါခေါ်နိုင်မလား သူကိုယ်တိုင်ရော လွတ်မြောက်ပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါ ဒီဇာတ်လမ်းမှာထူးခြားတာက မြန်မာ-အင်္ဂလိပ်ကပြား မင်းသမီးMe Me Lai ...
movie

(18+) Eaten Alive (1980)

Valley of the Dead (2020) 5.8
Valley of the Dead (2020) Malnazidos (a.k.a) Valley of The Dead (2020)(1080p ရပါပြီ)ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ရှေ့လကမှ Netflix မှာ ပြသသွားတဲ့ စပိန် ဇွန်ဘီဇာတ်ကားသစ်လေးပါ။ စပိန်ပြည်တွင်းစစ်ပွဲအတွင်းက အကြောင်းအရာကို နောက်ခံထားပြီး ဇာတ်အိမ်တည်ပြီး ရိုက်ကူးပုံဖော်ထားတာပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ကပ္ပတိန်ဟန်လိုဇာနိုဟာ နိုင်ငံရေးအကြောင်းအရာတွေမှာ ၀င်စွက်ဖက်ခဲ့တဲ့အတွက်ကြောင့် အထက်လူကြီးတွေရဲ့ အမုန်း ခံရပြီး အန္တရာယ်များတဲ့ တာ၀န်တစ်ခုကို ထမ်းဆောင်ဖို့ စေလွှတ်ခြင်းခံရပါတယ်။တာဝန်ထမ်းဆောင်ဖို့ သွားနေတဲ့ လမ်းခရီးမှာ ကပ္ပတိန်ဟန်လိုဇာနိုနဲ့ သူရဲ့တပည့်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်း ခံရပြီး ထူးဆန်းတာတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတော့တယ်။ဒီထူးဆန်းတဲ့ဖြစ်ရပ်တွေက ဘယ်လိုဖြစ်လာလဲ? ကပ္ပတိန်တို့အဖွဲ့ ဘာတွေနဲ့ ကြုံတွေ့လာရမလဲ? ဆိုတာ ဆက်လက်ရှုလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ YKH ပါ။)File Size          : 1.6GB, 668MB, 339MB Quality          ...
movie

Valley of the Dead (2020)

2020
The Dark Tower (2017) 6.0
The Dark Tower (2017) ဒီဇတ်လမ်းဟာ စာရေးဆရာ Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာပါဇတ်လမ်း အစကို ကြည့်မိရင် အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပြီးသင့်အတွက် ကြည့်ရတာ နောင်တ မရနိုင်မယ့် ရုပ်ရှင်ကားကောင်းတစ်ခုအဖြစ်ညွှန်းပါရစေ...Movie Review==========ကမ္ဘာတွေဟာ အများကြီး ရှိနေပြီး ကမ္ဘာတစ်ခုနဲ့ တစ်ခုဟာ စွမ်းရည်တွေ မတူညီကြပါဘူးဒီကမ္ဘာတွေ အားလုံးရဲ့ အလယ်ဗဟို တည့်တည့်မှာတော့ ကမ္ဘာကြီးရဲ့ ထောက်တိုင် တစ်ခုတည်ရှိနေပြီး ထို ထောက်တိုင်ကြီး မရှိတော့တဲ့အခါမှာတော့ ကမ္ဘာတွေဟာ မှောင်အတိပြီး၍မီးလောင်ကျွမ်းကုန်မှာပဲ ဖြစ်ပါတယ်...ထို ထောက်တိုင်ကြီးကို ဖျက်ဆီးဖို့ ကြံရွယ်နေသူတွေကတော့ ဝေါ်တာ ဆိုသော မကောင်းဆိုးဝါး နှင့်အရေခွံခြုံသူများ ဖြစ်ပါတယ် ထိုကဲ့သို့ ဖျက်ဆီးဖို့ရန် အတွက် စိတ်ထားသန့်စင်သော ကလေးများကိုဖမ်းပြီး စိတ်စွမ်းအင် ထုတ်ယူ၍ ကမ္ဘာတွေရဲ့ အလယ်ဗဟို ထောက်တိုင်ကို တစ်ဖြေးဖြေးအားနည်းစေရန်တိုက်ခိုက်လျက် ရှိပါတယ်...တစ်နေ့မှာတော့ ကမ္ဘာတစ်ခုပေါ်မှာ စိတ်စွမ်းအင်အမြင့်ဆုံး ကလေးတစ်ယောက်ဖြစ်တဲ့ ဂျိတ်ချန်ဘာ ကိုအရေခွံခြုံတွေ ရှာတွေ့သွားပြီး ဖမ်းဆီးရန် ရောက်လာစဉ်မှာပဲ ကြိုတင်အကြားအမြင်ရထားတဲ့ဂျိတ်ဟာ ကမ္ဘာအလယ်ဗဟို ထောက်တိုင် ကို ကာကွယ်သူ သေနတ်သမားကို ရှာဖို့ ထွက်ပြေးခဲ့ပါတယ်..ထို အချိန်မှာပဲ ...
movie

The Dark Tower (2017)

2017
4K HEVC
Secret Headquarters (2022) 5.0
Secret Headquarters (2022) Paramount ကထုတ်တဲ့စူပါဟီးရိုးကားအသစ်ပါ။Charlie နဲ့သူမိသားစုတို့ဟာပျော်ပွဲစားထွက်ရင်း သူတို့အနားကိုလေယာဉ်ပျက်ကျလို့ Charlie အဖေ Jack ဟာသွားကူညီပါတယ်။အဲဒီမှာ မထင်မှတ်ဘဲ ထူးဆန်းတဲ့အရာနဲ့ထိတွေ့ပြီး Charlie တို့မိသားစုရဲ့ကံကြမ္မာကလည်း လုံး၀ပြောင်းလဲသွာရပါတော့တယ်။The Adam Project မှာ နာမည်ရလာတဲ့ ကလေးသရုပ်ဆောင်လေး Walker Scobell အပြင် နာမည်ကျော်မင်းသားကြီး Owen Wilson တို့ပါ၀င်ထားပါတယ်။ဒါ့အပြင် ပါရမီရှိတဲ့ တခြားကလေးသရုပ်ဆောင်တွေလည်း အားဖြည့်ထားပါတယ်။Superhero ရုပ်ရှင်ဆိုတဲ့အတိုင်း superpower တွေနဲ့ Fight scene တွေကအဆင့်မြင့်ပြီး အဖေဖြစ်သူနဲ့သားကြားက Dynamic ကိုလည်းစိတ်ဝင်စားဖွယ်ရာတင်ဆက်ထားပါတယ်။မိသားစုလိုက်ကြည့်ရင်လည်း မပျင်းရမယ့်ဇာတ်ကားမျိူးပါ။File Size__ (1.7GB) / (940 MB) Quality__ WEB-DL 1080p , 720p IMDb Rating__5.0/10 Format__mp4 Duration__01:45:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by SP Encoded by Naing Aung Latt
movie

Secret Headquarters (2022)

Kelly’s Heroes (1970) 7.6
Kelly’s Heroes (1970) Kelly's Heroes (1970)~ IMDb - 7.6/10, Rotten Tomatoes - 78%~စစ်ကားဗျ စစ်ကား... စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ...
movie

Kelly’s Heroes (1970)

1970
Warcraft: The Beginning (2016) 6.8
Warcraft: The Beginning (2016) Warcraft: The Beginning (2016)အညွှန်း ******************************** ဒီဇာတ်လမ်းလေးကို လူအတော်များမျာ မျှော်လင့်နေကြမယ်ထင်ပါတယ်။သာမန်ရုပ်ရှင်ပရိသတ်တွေလဲ ကောင်းကောင်းကြိုက်ကြပြီးWOW ကစားသမားတွေအတွက်တော့ ရွှေပါပဲ။လက်ရှိမှာတော့ IMDb 6.8 နဲ့ ရပ်တည်နေပါတယ်။ဇာတ်လမ်းလေးကို အကျဉ်းပြောပြရရင် မူလအစမှာ Human တွေနဲ့Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာOrc မှော်ဆရာ Gul'dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီးမှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီးမျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာတစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့်ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ......Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီးမှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ....Orc ...
movie

Warcraft: The Beginning (2016)

2016
4K HEVC
Luck (2022) 6.3
Luck (2022) Luck (2022)~ IMDb rating - 6.3/10 ~Apple TV ကနေ လွှင့်တဲ့ကာတွန်းကားအသစ်ကောင်းကောင်းလေးတစ်ကား ထပ်ထွက်ပါတယ်။ ဆမ်ဆိုတဲ့မိဘမဲ့ဂေဟာက ကောင်မလေးတစ်ယောက်ပေါ့။ ငယ်ငယ်ကတည်းက ကံအမြဲဆိုးပြီး အကုန်တလွဲဖြစ်တယ်၊ မွေးစားမိဘလည်းရှာမရဘဲ အသက် ၁၈ နှစ်ပြည့်သွားလို့ ကိုယ်ပိုင်အခန်းကိုပြောင်းပြီး အလုပ်လုပ်နေရတဲ့ ကောင်မလေးပါပဲ။ တစ်နေ့မှာတော့ သူဘာလို့ ကံတွေဆိုးနေလဲဆိုတဲ့အဖြေကို မတော်တဆတွေ့သွားပါတော့တယ်။တကယ်တော့ လူသားတွေဆီကို ကံဆိုးခြင်းတွေကံကောင်းခြင်းတွေကို ပို့နေတဲ့နေရာတွေရှိပါတယ်။ အဲဒီမှာ ဌာနပေါင်းစုံရှိပြီး ကံဆိုးနည်းကံကောင်းနည်းမျိုးစုံကို သတ္တဝါပေါင်းစုံက စီမံထုတ်လုပ်နေပြီး လူတွေဆီကို ကြုံသလိုပို့နေတာကို သိလိုက်ရတာပါ။ အဲဒီ ကမ္ဘာတွေဆီကို ဆမ် တစ်ယောက် မတော်တဆရောက်သွားပြီး သူအလိုချင်ဆုံးဆန္ဒတစ်ခုအတွက် ကံကောင်းဖို့ ကြိုးစားလာတဲ့အခါ...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2GB, 933MB, 585MB Quality - 1080p, 720p, 480p IMDb Rating ...
movie

Luck (2022)

2022
Rise of the Teenage Mutant Ninja Turtles: The Movie(2022) 5.2
Rise of the Teenage Mutant Ninja Turtles: The Movie(2022) Rise of the Teenage Mutant Ninja Turtles:The MovieRotten tomatoes 78%Metacritic 6.2/10 ဒါကတော့ အားလုံးသိကြတဲ့ TMNT ရဲ့နောက်ဆုံးထွက်လာတဲ့Animation ရုပ်ရှင်ပါ။2018 ကထွက်ရှိလာတဲ့ ပြန်ဆန်းသစ်ထားတဲ့ Nickelodeon tv series ရဲ့အဆက်ပါ။ လိပ်နင်ဂျာညီအစ်ကိုလေးဦးတို့ Shredder ကိုနှိမ်နင်းပြီး နှစ်နှစ်အကြာမှာ အနာဂတ်ကပြန်ရောက်လာတဲ့ Casay Jonesနဲ့ပူပေါင်းပြီး အစွမ်းထက်လှတဲ့ ဂြိုလ်သားKrangတွေကို တားဆီးဖို့ကြိုးစားကြပါတယ်။ ဒီ Rise of the Teenage Mutant Ninja Turtles ကတော့ Family dynamicတွေနဲ့တချို့ Character တွေကို ပုံစံတစ်မျိုးနဲ့ပြန်ဖန်တီးထားပါတယ်။ဥပမာ ဒီVersion မှာLeo ကအကြီးဆုံးမဟုတ်တော့ဘဲ Ralph ကအကြီးဆုံးဖြစ်နေပါတယ်။ ဒါပေမယ့် Animation style ကပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းပြီး Action sequence တွေကလည်း တော်တော်မိုက်ပါတယ်။လိပ်နင်ဂျာ ညီအစ်ကိုတွေကြားက ဆက်ဆံရေးကလည်း စိတ်၀င်စားစရာပါပဲ။ File size…1.6GB / 855MB Quality…1080p WEB DL AAC5.1CH ...
movie

Rise of the Teenage Mutant Ninja Turtles: The Movie(2022)

2022
S.W.A.T.(2003) 7.0
S.W.A.T.(2003) S.W.A.T.(2003) အညွှန်း********************မာသာဖတ်ကာကြီးအဓိက ဦးဆောင်ထားတဲ့ အက်ရှင်အလန်းကားလေးတင်ဆက်ပေးလိုက်ပါတယ်..SWAT အဖွဲ့ဆိုတာ အန္တရာယ်ရှိတဲ့အခြေ‌အနေတွေကို ထိန်းကျောင်းဖို့၊ဓားစားခံဖမ်းခေါ်ထားတဲ့အခြေအနေတွေမှာ ကယ်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီးရဲဌာနလက်အောက်မှာ ဖွဲစည်းထားတဲ့ အထူးစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။လော့စ်အိန်ဂျယ်လ်ရဲဌာနရဲ့ SWAT အဖွဲ့ဟာ ကမ္ဘာပေါ်မှာဂုဏ်သိက္ခာအကြီးမားဆုံးနဲ့ လေးစားမှုအခံရဆုံး အဖွဲ့တွေထဲကတစ်ဖွဲ့ဖြစ်ပါတယ်။တစ်ရက်မှာတော့ နိုင်ငံပေါင်း 12 နိုင်ငံကျော်မှာ မူးယစ်ဆေးကုန်ကူးမှု၊မှောင်ခိုသွင်းမှု၊ လူသတ်မှုပေါင်းများစွာနဲ့ အလိုရှိနေတဲ့အန္တရာယ်ရှိရာဇဝတ်သားတစ်ယောက်ကိုလော့စ်အိန်ဂျယ်ရဲဌာနက မမျှော်လင့်ပဲ ဖမ်းမိပါတော့တယ်။ အဲ့ဒီရာဇဝတ်သားဟာလည်းနှယ်နှယ်ရရမဟုတ်လေတော့ မီဒီယာတွေရှေ့မှာပါ သူ့ကိုကယ်ထုတ်ပေးနိုင်တဲ့ဘယ်သူမဆို ‌အမေရိကန်ဒေါ်လာ သန်းတစ်ရာပေးမယ်ဆိုပြီးအတိအလင်းကြေငြာထားသူဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လ် SWAT အဖွဲ့အနေနဲ့အဲ့ဒီအကျဉ်းသားကို ဗဟိုအကျဉ်းထောင်ကို လွှဲပြောင်းပို့ဆောင်ရဖို့ ဖြစ်လာတဲ့အခါမှာတော့ဒေါ်လာသန်းတစ်ရာရဖို့ ရာဇဝတ်သားကိုအပြိုင်အဆိုင်ကယ်ထုတ်ကြမယ့်သူတွေနဲ့ ကြုံဆုံရပါတော့တယ်။လော့စ်အိန်ဂျယ် SWAT အဖွဲ့အနေနဲ့ ဘယ်လိုနည်းဗျူဟာတွေနဲ့စစ်ဆင်ရေးကိုအကောင်အထည်ဖော်သွားမလဲ ဆိုတာကို ဒီဇာတ်လမ်းမှာစိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။  File Size :(2.7GB)(1.08GB) and (380 MB) Quality : BLU-RAY1080P5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Crime , Adventure, Action Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

S.W.A.T.(2003)

Thirteen Lives (2022) 7.9
Thirteen Lives (2022) Thirteen Lives (2022)~ IMDb - 7.9/10, Rotten Tomatoes - 88% ~"Directed by Ron Howard"ထိုင်းမှာ ကလေး ၁၂ယောက်နဲ့ ဘောလုံးနည်းပြတစ်ယောက် ဂူထဲပိတ်မိတဲ့ သတင်းဟာ ဟိုးတုန်းက ဟိုးလေးတကျော်ပေါ့။ အဲဒီထဲ ရှမ်းအမေ မြန်မာနိုင်ငံသူရဲ့ ကလေးတောင်ပါပါတယ်။ ပထမဆယ်ရက်ထိ သူတို့ဆီမှာ ဘာစားစရာ ဘာရေမှ မရှိဘဲ ကယ်ဆယ်ရေးတွေရောက်တဲ့အထိ ရှင်အောင်နေနေခဲ့ကြတဲ့ စိတ်ရောကိုယ်ပါ သန်မာတဲ့ကလေး ၁၂ယောက်နဲ့ နည်းပြတစ်ယောက်ရဲ့အဖြစ်ကို ရှေ့နှစ်မှာ ဒိုကူမန်ထရီတစ်ကားထွက်ခဲ့ပြီး အဲဒီအရင်လည်းတစ်ကားထွက်ဖူးပေမဲ့ ဒီနေ့တစ်ရက်တည်းတင် နောက်၂ကားထွက်လာပါတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ကတော့ မတူပါဘူး။ မတူဆို ဒါရိုက်တာက စပြောရမှာပဲ။ဒါရိုက်တာက ရွန်ဟောင်းဝတ်။ 2001 မှာထွက်ခဲ့တဲ့ A Beautiful Mind ရုပ်ရှင်နဲ့ Best Picture, Best Director အပါအဝင် တခြားဆုတွေ ...
movie

Thirteen Lives (2022)

2022