Channel Myanmar

Adventure

A Twelve-Year Night (2018) 7.5
A Twelve-Year Night (2018) A Twelve-Year Night (2018) ~ IMDb - 7.5/10, RT - 80% ~ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ရှင်သန်လာတဲ့ လူတွေမှာ ဘာတွေတွေးခေါ်နိုင်မလဲခင်ဗျား စဉ်းစားကြည့်။လူတစ်ယောက်မှာ လွတ်လပ်စွာရှင်သန်ခွင့်ဟာအရမ်းအရေးကြီးတယ်၊ ကိုယ်နေထိုင်တဲ့ လူ့အသိုက်အဝန်းအဖွဲ့အစည်းကိုယ်၌က လွတ်လပ်မှ ကိုယ့်အတွေးအခေါ်တွေဟာ လွတ်လပ်မယ်။ ဒီလိုပဲ အညမည သဘောအနေနဲ့ ကိုယ့်အတွေးအခေါ်တွေ လွတ်လပ်မှ ကိုယ့်အသိုက်အဝန်းလွတ်လပ်မယ်။ လွတ်လပ်မှုဟာ လုံခြုံမှုကိုဦးတည်တယ်၊ လုံခြုံမှုကနေမှ သန့်ရှင်းတိုးတက်တဲ့ အဖွဲ့အစည်းတစ်ခုနိုင်ငံတစ်ခုကို ဖော်ဆော်နိုင်မယ်။ဒီလိုသဘောတရားတွေဟာ ဒီမိုကရေစီနိုင်ငံသားတွေရဲ့စိတ်ထဲမှာစိမ့်ဝင်ထားပြီးသား။ ဥရုဂွေးနိုင်ငံဟာ ဆယ်စုနှစ်များစွာ ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်နေရာကနေ အာဏာရှင် လက်အောက်ကို ကျရောက်သွားတယ်။ ဒီလိုအာဏာသိမ်းမှုမျိုးကို လက်မခံနိုင်တဲ့ လူတွေဝိုင်းဝန်းတော်လှန်ကြပြီး တူပါမာရိုတော်လှန်ရေးဆီကိုဦးတည်သွားတော့တယ်။သို့ပေမဲ့ စိတ်မကောင်းစွာပဲ ရှုံးနိမ့်ခဲ့ရပြီး ကျန်ရစ်သူတွေကတော့ထောင်ကျခဲ့ပါတယ်၊ ဒီတော်လှန်ရေးကြီးကနေပြီး တစ်ချိန်မှာ ဥရုဂွေးနိုင်ငံရဲ့သမ္မတဖြစ်လာမယ့်သူ၊ အထက်လွှတ်တော်အမတ်ဖြစ်လာမယ့်သူတွေဟာ ထောင်ထဲမှာ ၁၂ နှစ်ကြာ တိုက်နန်းစံရတဲ့ အိမ်ရှေ့မင်းသားရာထူး ရခဲ့ကြပါတယ်။ဒီ ၁၂ ကြာကာလဖြတ်သန်းရပုံကို ...
movie

A Twelve-Year Night (2018)

2018
Tiger Mask (2021) 5
Tiger Mask (2021) Tiger Mask (2021)ဒီတစ်ခေါက် Channel Myanmar မှာတင်ဆက်ပေးမယ့် Movie ကတော့ Tiger Mask ဆိုတဲ့ New Hero Adventure ကားလေးပဲဖြစ်ပါတယ်ယူဂုံဖြောင်း ဆိုတဲ့ ဘဝမှာနေရတာကို ငြီးငွေ့နေတဲ့ သူ က ငယ်ငယ်က ကျားမျက်နှာဖုံး လိုမျိုးဖြစ်ချင်ခဲ့ပြီး ကျားမျက်နှာဖုံးပိုင်ရှင်ရဲ့ မျက်နှာအစစ်ကို သိတဲ့ တစ်ယောက်တည်း‌သောသူပါတစ်နေ့မှာ သူ့အမေဆုံးသွားပြီး နောက်ရက်အနည်းငယ်ကြတော့ သူ့ကို အားပေးပြီး ပညာတွေသင်ပေးတဲ့ ဂျီယာ့ဆာ က အဘိုး ဆုံးသွားပါတယ်အဲ့ အဘိုးမှာ ဘိုမီ ဆိုတဲ့မြေးတစ်ယောက်ရှိပါတယ် ဂုံဖြောင်းကို အဘိုး ပေးဖို့ထားခဲ့တဲ့ သေတ္တာလေးကို တစ်ယောက်တည်းဖွင့်ကြည့်ဖို့ အဘိုးရဲ့ မြေး‌မလေးကို မှာခဲ့ပါတယ်ဂုံဖြောင်း ဖွင့်ကြည့်လိုက်ပြီး ကျားမျက်နှာဖုံး ကို တွေ့သွားတော့.....ဂျီယာ့ဆာကို လိုချင်နေကြတဲ့ ဂျပန်လူမျိုးတွေ လုတာကို မပါသွားအောင် ထိန်းလိုက်နိုင်လား?ဟီးရိုးမင်းသားကြီးရော နိုင်သွားပါ့မလား ...အက်ရှင်ဆန်ဆန် ...
movie

Tiger Mask (2021)

2021
Sing 2 (2022) 7.6
Sing 2 (2022) Sing 2 (2022)အားလုံး​စောင့်​​မျှော်​နေကြတဲ့ Sing 2 က​တော့ ​စောင့်ရကျိုးနပ်​အောင် Soundtrackအမိုက်စား​တွေ၊ လှပတဲ့ Animation​ ရိုက်ချက်တွေနဲ့အတူ ထွက်ရှိလာပါပြီပါဝင်တဲ့ Cast​တွေကလည်း Matthew McConaughey, Bono, Scarlet Johansson, Letitia Wright, Halsey,Pharrell Williams တို့လို ထိပ်သီးCast​​တွေ artist​တွေက အသံသရုပ်​ဆောင်​ပေးထားလို့ Sing 1တုန်းက သ​ဘောကျခဲ့ရတဲ့ soundtrack တွေလို Sing 2မှာ ထပ်မံခံစားရဦးမှာပါ၊- IMDbအ​နေနဲ့ 7.6 - RottenTomatoesမှာ 70%ရရှိထားပါတယ်Sign 1အပြီး ကဇာတ်ရုံကြီး ပြန်ဖွင့်ခွင့်ရ​သွားတဲ့ Buster Moonနဲ့ သူ့ရဲ့ ​တေးသရုပ်​ဖော်အဖွဲ့ဟာ ဒီတစ်​ခေါက်မှာ​​ ကမ္ဘာ့​ဖျော်​ဖြေ​ရေးမြို့​တော်ကြီးဖြစ်တဲ့ Redshore Cityအထိ တက်​ပြီး ကမ္ဘာနဲ့ချီ​အောင် အောင်မြင်တဲ့ ​တေးသရုပ်​ဖော်အဖွဲ့ဖြစ်ဖို့ ကြိုးစားကြပါတယ်၊ ဒါ​ပေမဲ့ သူတို့ရဲ့​ဖျော်​ဖြေပွဲကြီး ​အောင်မြင်ဖို့ လိုအပ်​​နေတာက​တော့ ဇနီးသည် သေဆုံးပြီးကတည်းက ၁၅နှစ်ကြာ အများမြင်ကွင်းက​ပျောက်​နေတဲ့ ကမ္ဘာ​ကျော် Rock Starကြီး Clay Callowayကို သူတို့​ဖျော်​ဖြေပွဲမှာ ...
movie

Sing 2 (2022)

2022
4K HEVC Web-DL
Tomb Raider (2018) 6.3
Tomb Raider (2018) လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာ တောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့ နေနေတာပါ။ တစ်ရက်မှာတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် အ ဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွား ဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်။ ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိ ပေးခဲ့တာကြောင့် လာရာတစ် ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်။အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ...
movie

Tomb Raider (2018)

2018
4K HEVC
Luca 2021 + Ciao Alberto (2021) 8
Luca 2021 + Ciao Alberto (2021) ဒစ်စနေးနဲ့ ပစ်စာ တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ အနီမေးရှင်း လှလှလေး တစ်ကားလာပါပြီ။ ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ အီတလီအခြေခံ ကာတွန်းလေးဖြစ်လို့ အီတလီ စကားလေးတွေ ညှပ်ပြောတာ၊ အီတလီနာမည်တွေ၊ အစားအသောက်တွေ ပါတာများပါတယ်။လူကာဆိုတဲ့ ကောင်လေးဟာ လူတွေက ပင်လယ်မိစ္ဆာလို့ခေါ်ကြတဲ့ ရေအောက်မှာ နေထိုင်တဲ့ ရေသူမျိုးနွယ်ကောင်လေးတစ်ောယက်ပဲ ဖြစ်ပါတယ်။ ရေထဲက လူကာတို့ မျိုးနွယ်တွေကလည်း လူတွေကို ကုန်းမိစ္ဆာဆိုပြီး ကြောက်ကြတာပါပဲ။ အပြန်အလှန်ပေါ့။ ဒီတော့ ကုန်းပေါ်ကိုမတက်ဖို့အသည်းအသန်တားမြစ်ထားတာပါ။ဒါပေမယ့် တစ်နေ့မှာတော့ ရေအောက်မျိုးနွယ်ကောင်လေးတစ်ယောက်နဲ့ အတူ ကုန်းပေါ်ကို ခိုးတက်သွားမိတယ်။ အဲဒီကုန်းပေါ်ကနေ ကမ္ဘာကြီးအနှံ့ကို ပတ်သွားချင်စိတ်ဖြစ်လာပြီး ဗက်စ်ပါဆိုတဲ့ ဆိုင်ကယ်လေးကို ပိုင်ဆိုင်ဖို့ကြိုးစားကြတာပေါ့။ ဒါပေမယ့် သူတို့မှာ ငွေမရှိတဲ့အတွက် တစ်ခုတည်းသော နည်းလမ်းက အဲဒီမြို့လေးရဲ့ သုံးဆင့်ပြိုင်ပွဲဖြစ်တဲ့ ပက်စတာ အစားပြိုင်ပွဲ၊ ရေကူး၊ စက်ဘီးစီးပြိုင်ပွဲမှာ နိုင်အောင်ဝင်ပြိုင်ဖို့ ကြိုးစားရပါတော့တယ်။သူတို့ ၂ ယောက်နဲ့အတူ မြို့ထဲက တံငါသည်ကြီးရဲ့ သမီးလေး ဂျူလီယာကပါ အတူပါဝင်ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲဆိုတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးကိုကြည့်လိုက်ပါဦး။ File size…(3.7 GB)/(1.7 GB) /(1 ...
movie

Luca 2021 + Ciao Alberto (2021)

4K HEVC
Lara Croft: Tomb Raider – The Cradle of Life (2003) 5.6
Lara Croft: Tomb Raider – The Cradle of Life (2003) အမျိုးသမီးဖိုက်တာဇာတ်ရုပ်တွေဆိုရင် Angelina Jolie ရဲ့ Lara Croft: Tomb Raider ရုပ်ရှင်တွေက ထိပ်ဆုံးကပါလာတတ်ပါတယ်။ဂိမ်းဇာတ်ကောင် Lara Croft ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီးLara Croft ဇာတ်ကားတွေရဲ့ တင်ဆက်ပုံက ဇာတ်လမ်းဇာတ်ကွက်ထက် ဇာတ်ကောင်ရဲ့ မိမိုက်နေမှုကိုပဲ ဦးစားပေးပုံဖော်ထားပါတယ်။ဇာတ်ကောင်မင်းသမီးကလဲ အင်ဂျလီနာဂျိုလီဆိုတော့ လိုတာထက်ပိုတဲ့ မိမိုက်နေမှုတွေကို ခံစားကြည့်ရှုရမှာပါ။ရှေးခေတ်က သဘာဝလွန်ပစ္စည်းတွေကို ရှာဖွေရာမှာ ကမ္ဘာကိုဒုက္ခပေးမယ့် လူဆိုးတွေနဲ့ အပြိုင်အဆိုင် အနိုင်ကြဲမယ့်မိန်းမ ဂျိမ်းစ်ဘွန်း အဖြစ် ဂျိုလီကိုရှုမြင်ရတာ လိုက်ဖက်လွန်းပါတယ်။Action, Adventure, Fantasy ဆိုတဲ့ အရသာကို အပြည့်အဝခံစားရမှာပါ။BluRay 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(6.2 GB)/(1.7 GB)/(900 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:57:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by KiKi
movie

Lara Croft: Tomb Raider – The Cradle of Life (2003)

2003
4K HEVC
Lara Croft: Tomb Raider (2001) 5.8
Lara Croft: Tomb Raider (2001) အမျိုးသမီးဖိုက်တာဇာတ်ရုပ်တွေဆိုရင် Angelina Jolie ရဲ့ Lara Croft: Tomb Raider ရုပ်ရှင်တွေက ထိပ်ဆုံးကပါလာတတ်ပါတယ်။ဂိမ်းဇာတ်ကောင် Lara Croft ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီးLara Croft ဇာတ်ကားတွေရဲ့ တင်ဆက်ပုံက ဇာတ်လမ်းဇာတ်ကွက်ထက် ဇာတ်ကောင်ရဲ့ မိမိုက်နေမှုကိုပဲ ဦးစားပေးပုံဖော်ထားပါတယ်။ဇာတ်ကောင်မင်းသမီးကလဲ အင်ဂျလီနာဂျိုလီဆိုတော့ လိုတာထက်ပိုတဲ့ မိမိုက်နေမှုတွေကို ခံစားကြည့်ရှုရမှာပါ။ရှေးခေတ်က သဘာဝလွန်ပစ္စည်းတွေကို ရှာဖွေရာမှာ ကမ္ဘာကိုဒုက္ခပေးမယ့် လူဆိုးတွေနဲ့ အပြိုင်အဆိုင် အနိုင်ကြဲမယ့်မိန်းမ ဂျိမ်းစ်ဘွန်း အဖြစ် ဂျိုလီကိုရှုမြင်ရတာ လိုက်ဖက်လွန်းပါတယ်။Action, Adventure, Fantasy ဆိုတဲ့ အရသာကို အပြည့်အဝခံစားရမှာပါ။BluRay 4K Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File size…(3.4 GB)/(1.5 GB)/(750 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:40:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by KiKi
movie

Lara Croft: Tomb Raider (2001)

4K HEVC
The Librarian: Return to King Solomon’s Mines (2006) 6.3
The Librarian: Return to King Solomon’s Mines (2006) အင်ဒီယာနာဂျုံးတို့ အလန်ကွာတာမိန်းတို့လို မှော်စွန့်စားခရီးသွားဇာတ်ကားတစ်ကားပါပဲဒီဇာတ်ကားကတော့ ဆော်လမွန်သိုက်ဒဏ္ဏာရီကို အခြေတည်ထားပါတယ်...ဖလင်းဟာ အစွမ်းထက်တဲ့ရှေးဟောင်းပစ္စည်းတွေကို မသမာသူတွေလက်ထဲမရောက်အောင် ကာကွယ်ထိန်းသိမ်းပေးတဲ့ စာကြည့်တိုက်မှူးတစ်ယောက်ပါ၊၊ တစ်နေ့သူ့ဆီကို စာလိပ်တစ်စောင်ရောက်လာပါတယ်၊ မကြာခင်မှာပဲ သူ့တိုက်ခန်းကို လူတစ်ယောက်ကဝင်မွှေကာ ခိုးယူသွားခဲ့ပါတယ်။ဒီအကြောင်းကို သူ့အထက်လူကြီး ဂျက်ဆန်ကိုပြောပြရင်းနဲ့ ထိုစာလိပ်ဟာ ဆော်လမွန်သိုက်မြေပုံမှန်း ဖလင်းတစ်ယောက်သိလိုက်ရပါတယ်၊၊ ဆော်လမွန်သိုက်ထဲမှာ ရတနာတွေအပြင် အရမ်းအစွမ်းထက်တဲ့ ဂန္ဘီရစာအုပ်တွေလည်းရှိနေတာမို့ မသမာသူတွေလက်ထဲမရောက်အောင် ဖလင်းတစ်ယောက် အစွမ်းကုန် ကြိုးစားရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။IMDB 6.3 ရထားတဲ့ ကြည့်လို့ကောင်းတဲ့ စိတ်ကူးယဉ်ခရီးသွားစွန့်စားခန်းတစ်ကားဖြစ်လို့ ကြည့်ရသူတွေ အပျင်းပြေမှာ အမှန်ပါပဲ။ File size…(1.5 GB)/(700 MB) Quality….BluRay 1080p / 720p Format…mp4 Duration….01:32:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

The Librarian: Return to King Solomon’s Mines (2006)

Ghostbusters: Afterlife 2021 7.6
Ghostbusters: Afterlife 2021 Ghostbusters 2021 ရုပ်ရှင်အသစ် ထွက်လာပါပြီ။ Remake မဟုတ်ပါဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွက်တာပါ။ သရဲဖမ်းသမားတွေရဲ့ မြေးတွေ မျိုးဆက်သစ်တွေကို တွေ့ရမှာဖြစ်သလို သရဲဖမ်းသမားဟောင်းကြီးတွေကိုလည်း ဧည့်သည်အဖြစ် တွေ့ရဦးမှာပါ။ သရဲဖမ်းသမားတွေကို လူတိုင်းရင်းနှီးကြမှာပါ။ သိပ္ပံနည်းလမ်းတွေနဲ့ ပရိုတွန် သေနတ်တွေ ထောင်ချောက်တွေနဲ့ သရဲတွေကို နှိမ်နင်းကြတဲ့သူတွေပေါ့။ ဒီဇာတ်လမ်းမှတော့ မူရင်း သရဲဖမ်းသမားတွေလည်း အငြိမ်းစားယူ၊ သရဲတွေလည်း ပေါ်မလာတော့တာ နှစ် ၃၀ လောက်ရှိပါပြီ။ သူတို့မြေးတွေ လက်ထက်ကျမှ သရဲအကြမ်းကြီးတွေ ပေါ်လာလို့ သူတို့အဘိုးတွေရဲ့ လက်နက်တွေနဲ့ ပြန်တိုက်ခိုက်ရတဲ့ ဇာတ်လမ်းပါ။ ဂန္ဓဝင်ကားတွေကို ဆက်ရိုက်ရင် fail တာများနေတဲ့ ခေတ်ထဲမှာ Rating 7.6 အထိရောက်လာတဲ့ ကျေနပ်လောက်စရာ နောက်ဆက်တွဲရုပ်ရှင်လေးပါပဲ။ ခံစားကြည့်လိုက်ပါဦး။  File size…(2.7 GB)/(900 Mb )/(450Mb) Quality….Webrip 1080p 5.1 CH / 720p ...
movie

Ghostbusters: Afterlife 2021

Spider-Man: Far From Home (2019) MCU 7.5
Spider-Man: Far From Home (2019) MCU Spider-Man: Far from Home (2019) IMDb - 7.5/10_____Rotten - 91%  (function(f,b,n,j,x,e){})();Endgame အပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့ တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း…သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်……(ဘာသာပြန်ပေးထားသူကတော့ Littleneo ပါ) File size…(5.7 GB)/(2.1 GB)/(1 GB) Quality….IMAX 4K HEVC/ DS4K 1080p / 720p Format…mkv/mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo
movie

Spider-Man: Far From Home (2019) MCU

2019
4K HEVC IMAX
Minnal Murali (2021) 8.6
Minnal Murali (2021) Minnal Murali (2021)Superhero movie genreမှာ Marvelနဲ့ DCပဲ လွှမ်းမိုး​နေတဲ့​နောက် ဒီတစ်ခါ​မှာ​တော့ Netflix က အသစ်ထွက်တဲ့ India superhero movieတစ်ကားကို အရသာတစ်မျိုး အ​ပြောင်းအလဲဖြစ်သွား​အောင် တင်ဆက်​ပေးလိုက်ပါတယ်၊Kurukhanmoola ရွာသား Jaison ဟာ ငယ်စဉ်ကတည်းက မိတဆိုး​ဖြစ်ခဲ့ပြီး ဖခင်အ​ပေါ်အရမ်းခင်တွယ်ခဲ့ရသူပါ၊ ဒါ​ပေမဲ့ ဖခင်ဖြစ်သူ ပြဇာတ်မင်းသားဟာ မ​တော်တဆမှုတစ်ခု​ကြောင့် ​သေဆုံးသွားတဲ့​​နောက် ကံဆိုးသူ​မောင်ရှင်​လေး Jaisonအ​နေနဲ့ အရွယ်​ရောက်တဲ့အထိ ကံဆိုးမှု​တွေက အဆုံးမသတ်ခဲ့သူပါ၊ အ​မေရိကန်သွားပြီး ချမ်းသာ​​အောင်လုပ်ချင်တဲ့ အိပ်မက်ကလည်း မ​အောင်မြင်သလို ချစ်ရတဲ့သူကလည်း ​စေ့စပ်ထားပြီးသားသူ ဖြစ်​နေမှန်း မ​တော်လိုက်ရတဲ့ ​ယောက္ခမ​က​ပြောမှ သိရတဲ့သူပါ၊​မောင်ရှင်​​တောင် Jaison​လောက်ကံမဆိုးနိုင်ဘူးလို့ ဆိုရ​အောင်ပဲ ဇာတ်လိုက်​ကျော်ကြီးခမျာ မိုးကြိုးပါ ထပ်အပစ်ခံရပါ​​သေးတယ်၊ ဒါ​ပေမဲ့ သန်း​ခေါင်ထက် ညမနက်​တော့သလို သူရဲ့ကံဆိုးမှု​တွေက ​​ကြေသွားပုံရပါတယ်၊ သူ့ကိုထိမှန်တဲ့မိုးကြိုးက သာမန်မဟုတ်ဘဲ ဂြိုလ်၃လုံးတန်းပြီး ဖြစ်လာတဲ့မိုးကြိုးဖြစ်​နေလို့ သာမန်လူ​တွေမှာ မရှိတဲ့ Superhuman အစွမ်း​တွေကို Jaison ပိုင်ဆိုင်ခဲ့ပါတယ်၊ ဒါ​​ပေမဲ့ မိုးကြိုးထိမှန်ခဲ့သူက သူတစ်​ယောက်တည်းမဟုတ်ဘဲ ထပ်ရှိ​နေ​သေးသလို အဲဒီလူက ရထားတဲ့အစွမ်း​တွေကို မ​ကောင်းတဲ့ အဖျက်လုပ်ငန်း​တွေမှာ သုံးလာတဲ့အခါJaisonအ​နေနဲ့ ...
movie

Minnal Murali (2021)

2021
The Amazing Spider-Man 2 (2014) 6.7
The Amazing Spider-Man 2 (2014) ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ...
movie

The Amazing Spider-Man 2 (2014)

2014
4K HEVC
The Amazing Spider-Man (2012) 7.0
The Amazing Spider-Man (2012) ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာSpiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီးသူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီးသုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီးSpidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။ File size…(4.9 GB)/(2.2 GB)/(900 MB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:16:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie

The Amazing Spider-Man (2012)

2012
4K HEVC
Encanto ( 2021 ) 7.6
Encanto ( 2021 ) Walt Disney ရဲ့ ​​နောက်ထပ်မင်းသမီးတစ်ပါး ထပ်​ပေါ်ထွက်လာမယ့် Encanto ဇာတ်ကား​လေးထွက်လာပါပြီ၊ Disneyကထွက်တဲ့ animation​တွေရဲ့ ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်​သေခံ​နေပါတယ် Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊ ဒီ​နေရာမှာ ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကို မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊ ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊ တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊ သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ  File size…700MB/ (1.22GB) Quality…. Webrip-720P / WebRip 1080p Format… mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by...Mr. Anderson & JimX
movie

Encanto ( 2021 )

2021
4K HEVC Web-DL
Maanaadu (2021) 9.1
Maanaadu (2021) Maanaadu Synopsis===============================Time-loop ဆိုတဲ့အချိန်​​​ကျော့သံသရာကို Edge of Tomorrow,Happy Death Day 1& 2, A Day တို့လို ​ဟောလိဝုဒ်ဗားရှင်း၊ကိုရီးယားဗားရှင်းမျိုးစုံနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားတာ​တွေရှိသလို ဒီတစ်​ခေါက်မှာ​တော့ Tamil Time-loopဇာတ်လမ်း​လေးတစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ် IMDb user၁​သောင်းခွဲရဲ့ratingမှာ 9.1အထိ ရရှိထားပြီး ရုံတင်ရာမှာလည်း Blockbusterအဆင့်လို့ ပြောလို့ရ​​​အောင် ရုံဝင်​ငွေများစွာနဲ့ အောင်မြင်မှု​တွေရရှိထားတဲ့ကားပါဒူဘိုင်းမှာအလုပ်လုပ်​နေတဲ့ အဗ္ဗဒူ ခါလစ်ဟာ သူများမင်္ဂလာ​ဆောင်က​နေ သူငယ်ချင်းဖြစ်သူ မိန်းမဖြတ်ခုတ်ပြေးရာမှာ ကူညီဖို့အတွက်အိန္ဒိယကိုပြန်လာခဲ့ပါတယ်၊ လေယာဉ်​​ပေါ်မှာ သူနဲ့.မင်္ဂလာ​ဆောင်တစ်ခုတည်းတူတူသွားမယ့် ဆီသာလက်ချမီးနဲ့​တွေ့ဆုံခဲ့ပါတယ်၊ထိုမှတဆင့် မင်္ဂလာပွဲကို​ရောက်၊ သတို့သမီးကို ဖြတ်ခုတ်​အပြီးထွက်​ပြေးလာတဲ့လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ခိုး​ပြေးတဲ့တစ်ဖွဲ့လုံးရဲဖမ်းခံလိုက်ရပါတယ်၊ ဒါ​ပေမဲ့ ရဲ​တွေကပုံမှန်မဟုတ်ဘဲ လျှို့ဝှက်တဲ့အကြံအစည်တစ်ခုကို ကြံ​နေကြတာပါ၊ ဒါက​တော့ ၁၂ကြိမ်​မြောက်အာဏာရပါတီနှစ်ပတ်လည်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့အစီအစဉ်ပါနဂိုစီစဉ်ထားတဲ့ လုပ်ကြံ​ရေးသမားဟာ အဗ္ဗဒူတို့ကားနဲ့တိုက်မိပြီး​သေသွားလို့ အဗ္ဗဒူကိုခြိမ်း​ခြောက်ပြီး ကိုယ်စားလုပ်ကြံခိုင်းခဲ့ပါတယ်၊အဗ္ဗဒူအ​နေနဲ့ လုပ်ကြံမှုအောင်မြင်ခဲ့​ပေမယ့် အခင်းဖြစ်တဲ့​နေရာမှာပဲ​သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်၊ ဒါ​ပေမဲ့ တကယ်မ​သေခဲ့ဘဲဆီသာနဲ့ ပထမဆုံး​တွေ့ခဲ့တဲ့ ...
movie

Maanaadu (2021)

2021
14 Peaks: Nothing Is Impossible (2021) 8.0
14 Peaks: Nothing Is Impossible (2021) 14 Peaks: Nothing Is Impossible (2021)=======================================IMDb Rating - 8.0/10"ဘ၀မှာ အိပ်မက်ကြီးကြီးမက်ဖို့ မကြောက်ပါနဲ့ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးလို့ လောကကို သက်သေပြလိုက်ပါ" ကမ္ဘာပေါ်မှာ မီတာ ၈၀၀၀ အထက်မြင့်တဲ့ တောင် ၁၄ လုံးပဲ ရှိပါတယ်။ အသက်အန္တရာယ်ရှိတဲ့ ဒီ မီတာ ၈၀၀၀ အထက်ကို တက်ရတာ ကြေးကြီးတဲ့ ကစားပွဲတစ်ခုလိုပါပဲ။ ဒီ တောင် ၁၄ လုံးကို ပထမဆုံး တက်နိုင်ခဲ့သူက တောင်တက်သမား Reinhold Messner ပါ။ ၁၆ နှစ်တာအချိန်ယူခဲ့ရပါတယ်။ဒါပေမယ့် ၂၀၁၉ ခုနှစ်မှာတော့ နီပေါက လူထူးဆန်းတစ်ယောက်အကြောင်းကို တောင်တက်သမား လောကမှာ တပြောပြောဖြစ်လာကြတယ်။ သူ့နာမည်က Nims Purja တဲ့။သူက ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံးကို ၇ လအတွင်း အပြီးတက်ပြမယ်လို့ ကြွေးကြော်လိုက်တယ်။ ဒီဇာတ်လမ်းဟာ စိတ်၀င်စားစရာကောင်းတဲ့ လူတစ်ယောက်အကြောင်းပါ။ ...
movie

14 Peaks: Nothing Is Impossible (2021)

2021
A Perfect Enemy (2020) 5.5
A Perfect Enemy (2020) A Perfect Enemy (2020)==================“ပြီးပြည့်စုံမှုဆိုတာ ဘာမှထပ်ဖြည့်ဆွက်စရာမလိုတော့တဲ့အချိန်မှာမဟုတ်ဘဲ ဘာမှထပ်ပြီး ထုတ်ယူလို့မရတော့တဲ့အချိန်မှာ ဖြစ်တည်လာတဲ့အရာ”တဲ့ ဒီစကားကို လက်ကိုင်ထားထားတဲ့ Jeremiasz Angust ဆိုတာ တကယ်ကို အောင်မြင်ကျော်ကြားတဲ့ဗိသုကာပညာရှင်တစ်ယောက်ပါ။ တစ်ရက်မှာတော့ ပဲရစ်စ်ကို အလုပ်ကိစ္စနဲ့ခရီးသွားပြီးအပြန် မိန်းကလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့တယ်။ အစပိုင်းတော့ ဒီတိုင်းအမှတ်မထင် တွေ့ဆုံခဲ့တယ်လို့ ထင်မှတ်ရင်းက တစ်စတစ်စနဲ့ စကားတွေဖောင်ဖွဲ့မိတဲ့အခါ....မိန်းကလေးတဲ့ အတိတ်ကကိစ္စတွေက သူ့အတွက်ယုံကြည်ဖို့ခက်ခဲပေမဲ့ တဖြည်းဖြည်းချင်း မယုံလို့မရတော့တဲ့အခါ.... တစ်ထိုင်တည်းနဲ့ စီးမြောခံစားလို့ရမယ့် ရုပ်ရှင်ကားဖြစ်တဲ့အပြင် သမားရိုးကျမသွားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့မလို့ သိပ်မဆိုးလှတဲ့ Thriller ဇာတ်ကားမျိုးပါပဲ ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Ameliaမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Amelia, Thet Hnin Hsu တို့ပဲဖြစ်ပါတယ်။File Size - (950 MB)/(520 MB) Quality – WebDL - (720p) / (480p) Duration - 1hr 29min Subtitle – Myanmar Hardsub Format – MP4 Genre :  Adventure, Drama, Thriller Translator – Amelia, ...
movie

A Perfect Enemy (2020)

2020
Rumble (2021) 7.4
Rumble (2021) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကာတွန်းကားလေးကတော့"Rumble"ပဲဖြစ်ပါတယ် rumbleရဲ့ဇာတ်လမ်းအကျဉ်းကတော့နပန်းသတ်စူပါစတားချန်ပီယံတစ်ယောက်ဖြစ်တဲ့ တန်တက်ကူလာကပိုပြီးထင်ပေါ်ကျော်ကြားချင်တဲ့အတွက် သူရဲ့မွေးရပ်မြေကိုစွန့်ပစ်ခဲ့တယ်မြို့ရဲ့ကြယ်ပွင့်မရှိဘဲပရိတ်သတ်ကို ဆွဲဆောင်ဖို့မဖြစ်နိုင်တာကြောင့်မြို့တော်ဝန်က ယခင်ကကျော်ကြားခဲ့တဲ့ နပန်းနည်းပြတစ်ယောက်နာမည်ပေးထားတဲ့မြို့အားကစားရုံကိုဖျက်ပစ်ဖို့ ကြေငြာခဲ့ပါတယ် အဲ့ဒီအချိန်မှာ ယခင်နည်းပြဟောင်းရဲ့သမီးဖြစ်သူဝန်နီက အားကစားရုံ၊ သူတို့ရဲ့မြို့တော်နဲ့ အားကစားရုံမှာရှိနေတဲ့သူမအဖေရဲ့အမွေအနှစ်တွေကို ကယ်တင်ဖို့ စတီဗင်ဆိုတဲ့ အကကိုကြိုက်နှစ်သက်တဲ့မွန်းစတားတစ်ကောင်ရဲ့အကူအညီကိုရယူကာ ဘယ်လိုကကွက်ဆန်းတွေသုံးပြီးနပန်းသတ်ခိုင်းမလဲ ဒီအားကစားရုံကိုရော မြို့တော်ဝန်လက်ထဲကသူမပြန်ရမှာလား အကနဲ့နပန်းသတ်ချင်တဲ့စတိဗ့်တစ်ကောင်ရောဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်သွားရမလဲဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်ဒီကာတွန်းက Monster on the Hill ကိုအခြေခံရိုက်ကူးထားပြီးအားကစားကြယ်ပွင့်များဖြစ်သည့် Charles Barkley, Stephen A, Smith ,Chris Eubanks,Roman Reigns တို့နဲ့ Becky Lynch တို့က အသံဖြင့်ပါဝင် သရုပ်ဆောင်ထားကြပါတယ်  File size…950MB /  1.91GB Quality…720p /  1080p HEVC AAC 5.1CH Format…Mp4 Duration….1h 44mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Amelia ~ Honeyey
movie

Rumble (2021)

2021
1080p HEVC
Raging Fire ( 2021 ) 7.2
Raging Fire ( 2021 ) Donnie Yen နဲ့Nicholas Tse တို့လို မင်းသားကြီးနှစ်ယောက်ဦးဆောင်ထားတဲ့Raging Fire ဟာ China Box Office $100M နီးပါးရထားတဲ့အတွက်ထူးထွေပြီးညွှန်းစရာမလိုတဲ့ အက်ရှင်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်မင်းသားကြီး Donnie Yen ဟာ ကျန်းချုံးပန်းဆိုတဲ့ ဖြောင့်မတ်တဲ့မှုခင်းရဲအရာရှိတစ်ယောက်နေနဲ့သရုပ်ဆောင်ထားပြီး ရဲဝန်ထမ်းတွေကြားမှာတင်အကောင်းအဆိုးကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်Donnie Yen နဲ့Nicholas Tse တို့ဟာရင်းနှီးတဲ့လက်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ဖူးကြတယ်မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုလိုက်နေချိန်မှာ လူမိုက်ကိုလူမိုက်ပြန်သတ်မှုတွေဖြစ်လာတယ်သူတို့နဲ့ဒါတွေကဘယ်လိုပတ်သတ်နေလဲ ဘယ်အရာကသူတို့ရဲ့လမ်းကြောင်းတွေကိုကွဲသွားစေလဲ‌‌အညိုးအတေးတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် Quality : BluRay HEVC / WEB-DL 1080p , 720p , 480pFormat : mp4During : 2h 6minGenres : Action Subtitle : Myanmar Subtitle ( Hardsub )Translated By CCFEncoded By LK,Nyeinsaeya Aung
movie

Raging Fire ( 2021 )