Channel Myanmar
Animation
Belle: The Dragon and the Freckled Princess (2021) 7.2
Belle: The Dragon and the Freckled Princess (2021) Belle: The Dragon and the Freckled Princess(2021) (Ryuu to Sobakasu no Hime)IMDb Rating(7.2) / Rotten Tomatoes (93%) / Anilist (78%)Anime ရုပ်ရှင်ကားကောင်းတွေကိုမျှော်လင့်နေတဲ့သူတွေအတွက် လတ်တလောပူပူနွေးနွေးထွက်ရှိထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်စုဇု (Suzu Naito) ဆိုတာ အသက် ၁၇ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက အမေဖြစ်သူ ဆုံးပါးခဲ့တာကြောင့် ဝမ်းနည်းကြေကွဲစွာနဲ့ ရှင်သန်နေရတဲ့ ကောင်မလေးပေါ့...ကျောင်းမှာလည်း လူတောသိပ်မတိုး အရှက်အကြောက်ကလည်းကြီးသေး.... ဒါပေမဲ့ တနေ့မှာ သူ့ရဲ့သူငယ်ချင်းမတစ်ယောက်က U ဆိုတဲ့ App တစ်ခုကို မိတ်ဆက်ပေးခဲ့တယ်...U ဆိုတာ သာမန်ဆိုရှယ်မီဒီယာ App မဟုတ်ပဲ လူကိုယ်တိုင် အဲ့ဒီကမ္ဘာထဲကို ရောက်ရှိသွားသလိုခံစားစေရမယ့် အဆင့်မြင့် App တစ်ခုဖြစ်နေတယ်...ဒီ App ကို စုဇုတစ်ယောက် ...
movie
Belle: The Dragon and the Freckled Princess (2021)
My Little Pony: A New Generation (2021) 7
My Little Pony: A New Generation (2021) My Little Pony (2021)========================================IMDb - 7/10ဟိုးရှေးရှေးတုန်းကပေါ့ ပိုနီလို့ ခေါ်ကြတဲ့ မြင်းပုမျိုးနွယ်စုလေး သုံးခုရှိကြတယ်။အာသ့်ပိုနီလို့ ခေါ်တဲ့မြေလျှောက်မြင်းပုလေးတွေရယ်ယူနီကွန်း လို့ ခေါ်တဲ့ မှော်စွမ်းအား သုံးနိုင်တဲ့ ဦးချိုတစ်ချောင်း မြင်းပုလေးတွေရယ်ပဲဂစိုက် လို့ခေါ်တဲ့ မြင်းပုပျံလေးတွေ ရယ်ပေ့ါသူတို့ဟာ လက်ရှိကာလမှာတော့ မျိုးနွယ်စုတွေက တစ်ခုနဲ့ တစ်ခု မတည့်ကြဘဲ အချင်းချင်း ကြောက်ရွံ့နေကြတယ်။ ဘာအကြောင်းကြောင့် စည်းလုံးမှု ပြိုကွဲပြီး အချင်းချင်း ကြောက်နေကြမှန်း မသိရပေမဲ့ အတိတ်ကာလတုန်းက သိပ်စည်းလုံးပြီး မိတ်ဆွေကောင်းတွေ ဖြစ် ဆက်ဆံရေးခိုင်မာကြတယ်လို့ ယုံကြည်တဲ့ အာ့သ်ပိုနီ ကတော့ ရှိနေခဲ့တယ်။သူ့ရဲ့ ယုံကြည်မှုကို သူ့သမီးဖြစ်တဲ့ ဆန်နီ လေးကို လက်ဆင့်ကမ်းရင်း ည အိပ်ယာဝင်ပုံပြင်တွေ အဖြစ် ပြောပြခဲ့တယ်။ အဲဒီ ပုံပြင်တွေ အပေါ် ယုံကြည်သက်ဝင်တဲ့ ဆန်နီလေးတစ်ယောက် အခြားမျိုးနွယ်စု‌တွေကို လိုက်ရှာရင်း သူ့အဖေ ယုံကြည်ခဲ့တဲ့ ပြန်လည်ပေါင်းစည်းရေး အတွက်ကြိုးပမ်းရင်း ဒီစွန့်စားခန်းလေး ဖြစ်ပေါ်လာတော့တာပါပဲ။Netflix ...
movie
My Little Pony: A New Generation (2021)
2021
Pokémon the Movie: Secrets of the Jungle (2021) 6.7
Pokémon the Movie: Secrets of the Jungle (2021) Pokemon the Movie : Secrets of the Jungle (2021)ပိုကီမွန် ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ ပိုကီမွန်ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်ဒီတစ်ခေါက်ဇာတ်လမ်းမှာတော့ ဇာရူဒ်တောအုပ်ထဲက စမ်းချောင်းနားမှာ ငိုနေတဲ့ Kokoကို ဇာရူဒ်နယ်ခံ ပိုကီမွန်တစ်ကောင်က သူနဲ့အတူ ခေါ်လာခဲ့ပါတယ်ဒါပေမဲ့ ဇာရူဒ်နယ်မြေကို အခြားသူတွေဝင်ခွင့်မရှိဘူးဆိုတဲ့ စည်းမျဥ်းကြောင့် Koko စွန့်ပစ်ရမှာဖြစ်ပေမဲ့လည်း ခေါ်ဆောင်လာပေးခဲ့တဲ့ ပိုကီမွန်က သူကိုယ်တိုင် ကလေးရဲ့မိသားစုကိုရှာပေးမယ်ဆိုပြီးတော့ အုပ်စုကနေထွက်ခွာလာခဲ့တယ်အစမှာ သူဟာ Koko ကို လူသားတွေနေတဲ့နေရာမှာ သွားထားဖို့ ကြံစည်ခဲ့ပေမဲ့လည်း အခြေအနေအမျိုးမျိုးကြောင့် မထားဖြစ်ခဲ့ပါဘူးပိုကီမွန်တစ်ယောက်က လူသားလေး Koko ကို သူ့သားအရင်းလိုမျိုး ကိုယ်တိုင်စောင့်ရှောက်ခဲ့ပြီး လူသားဖြစ်ကြောင်းကို ဖုံးကွယ်ထားခဲ့တယ်ဒါပေမဲ့ အချိန်ကြာတဲ့အမျှ Koko တစ်ယောက် သူ့ကိုယ်သူ အခြားသူတွေနဲ့မတူညီတာနဲ့ပတ်သတ်ပြီး အမြဲတမ်းသံသယဝင်ခဲ့ရာကနေ Ash နဲ့တွေ့ဆုံတဲ့ချိန်မှာ သူဟာ လူသားတစ်ယောက်ဖြစ်တာ သိသွားပြီး သူ့မိဘအရင်းကို လိုက်ရှာဖို့ဖြစ်လာပါတော့တယ်Koko တစ်ယောက် သူ့မိဘတွေကိုရှာတွေ့မှာလား...??ဇာရူဒ်တောအုပ်နဲ့ ကိုကိုမိဘတွေကြားမှာကော ဘယ်လိုကိစ္စတွေကပါဝင်ပတ်သတ်နေမှာလဲ....?? ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Shwe Pyae က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Shwe Pyae နဲ့ ...
movie
Pokémon the Movie: Secrets of the Jungle (2021)
2021
Latte and the Magic Waterstone (2020) 5.7
Latte and the Magic Waterstone (2020)  ဖြူကောင်လေးတွေကို တွေ့ဖူးကြလားဗျဖြူကောင်လေးတွေက အထီးကျန်တဲ့ကောင်လေးတွေတဲ့တခြားအကောင်လေးတွေလို အုပ်စုဖွဲ့နေလေ့မရှိဘဲ သီးခြားနေတတ်တဲ့သူတွေပေါ့အဲ့ဒါကြောင့် အထီးကျန်တဲ့သူတွေကိုဆို ဖြူကောင်လေးတွေနဲ့ တင်စားလေ့ရှိကြတယ်Latte ဆိုတဲ့ ဖြူမလေးကလည်း အဲ့လိုအထီးကျန်နေတဲ့သူပေါ့မွေးကတည်းက တစ်ကောင်တည်းပဲရှိတာမို့ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့ သူ့အဖေကို တမ်းတရင်း တစ်ကောင်တည်းနေနေရတဲ့သူ...မိဘမရှိတဲ့ကလေးမလေးဆိုတော့ တောထဲမှာ တစ်ခုခုဖြစ်တိုင်း သူ့ကို အပြစ်တင်တတ်လွန်းလို့ သူ့ကိုယ်သူ Princess Latte ဆိုပြီး အားတင်းနေရတဲ့သူပါLatte တို့တောထဲမှာ နှစ်တိုင်းကြုံနေရတဲ့ ရေခမ်းခြောက်မှုကို ဖြေရှင်းဖို့တိရစ္ဆာန်လေးတွေဟာ ရေစုဆောင်းထားလေ့ရှိတယ်တစ်ရက်မှာတော့ ဖြူကောင်မလေး Latte နဲ့ ရှဉ့်လေး Tjum ကြောင့် ရေတွေဖိတ်စင်သွားရတဲ့အခါ အားလုံးအကျပ်ရိုက်ပါလေရော... Princess Latte လေးက ပုံပြင်ဆန်တဲ့ WaterStone ဇာတ်လမ်းကို ယုံကြည်ပြီး အားလုံးရဲ့ ပြဿနာကိုဖြေရှင်းပေးဖို့ ဝက်ဝံဘုရင်ကြီးဆီ ခရီးထွက်ခဲ့ပါတယ်ဒီလိုကနေ သူငယ်ချင်းကိုစိတ်မချလို့ လိုက်လာတဲ့ Tjum နဲ့ နှစ်ယောက်သား လမ်းခရီးတစ်လျှောက် ဘယ်လိုပြဿနာတွေကြုံကြမလဲဆိုတာ ကြည့်ရှူရမှာပါချစ်စရာကောင်းတဲ့ ဖြူကောင်လေးနဲ့ ရှဉ့်ပိစိလေး ၂ ကောင်ရဲ့ ...
movie
Latte and the Magic Waterstone (2020)
Injustice 2021
Injustice 2021 Injustice ရဲ့ ဇာတ်လမ်းကို ဂိမ်းထဲမှာ ကာတွန်းစာအုပ်ထဲမှာရင်းနှီးပြီးသား လူတွေလည်း ရှိမှာပါ။DC Comic ရဲ့ အအောင်မြင်ဆုံး ဇာတ်လမ်းတွေထဲက တစ်ခုုပါပဲ။DC ရဲ့ နတ်ဘုရားအစွမ်းနဲ့ လူသားဆန်တဲ့ စူပါမန်းတစ်ယောက် လူသားဆန်လွန်းသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ။ပထမဆုံးအကြိမ် လူသတ်မိလိုက်ပြီးနောက်မှာ ဘာတွေဖြစ်လာမလဲ။ငြိမ်းချမ်းရေးကို အကြမ်းဖက်ရယူမလား ငြိမ်းချမ်းစွာရယူမလား ဂျက်စတစ်လိ မန်ဘာတွေ ရွေးချယ်ဖို့ကြုံလာတဲ့အခါ ဘယ်ဘက်ကိုရွေးကြမလဲ။လူတိုင်းဟာ ဒုတိယအခွင့်အရေးနဲ့ တန်မတန်ဆိုတာကို ဘယ်လိုဖြေကြမလဲပေါ့။ဒီ ကာတွန်းဟာ မူရင်း injustice လောက် မပြည့်စုံပေမယ့် ကျောရိုးချင်း တူတာမို့ အပမ်းဖြေဖို့အတွက် လုံလောက်မှာပါ။ File size… 1.1 Gb / 500 Mb Quality….BluRay 1080p / 720p Format…mkv Duration….01:10:00  Subtitle….Myanmar Subtitle (Hardsub) Encoder…. Mr. Anderson Translated by Mr. Anderson
movie
Injustice 2021
LEGO Star Wars Terrifying Tales (2021) 6.6
LEGO Star Wars Terrifying Tales (2021) LEGO Star Wars Terrifying Tales (2021)=============================IMDb Rating - 7.1/10Star Wars universeကို လွမ်း​နေကြတဲ့ ကြယ်တာရာတိုက်ပွဲဖန်​တွေအတွက် Lego Star Wars animation အသစ်​လေးကို တင်ဆက်​ပေးလိုက်ပါတယ်၊ ဒီဇာတ်ကားမှာ​တော့ Lego ရုပ်​လေး​တွေရဲ့ထုံးစံအတိုင်း ချစ်စရာလည်း​ကောင်းသလို ​ခြောက်ခြားစရာ​လေးလည်းနည်းနည်း​တော့ပါတယ်ဗျ။ ဒီဇာတ်ကားထဲမှာ Star Wars verseရဲ့ အကြီးကျယ်ဆုံး၊ အန္တရာယ်အရှိဆုံးဗီလိန်​ကြီး​တွေကို သူတို့ရဲ့ဟာသsense​လေး​တွေနဲ့ ရှားရှားပါးပါး တွဲပြီးမြင်ခွင့်ရမှာပါ၊ဒီAnimationရဲ့ အဓိကဇာတ်​ဆောင် အ​ကြောက်တရားမရှိ​သောပိုင်း​လော့ကြီး Poe Dameronဟာ ယာဉ်ပျံပျက်ပြီး Death Vaderပိုင်တဲ့ဂြိုလ်တစ်လုံး​ပေါ် ​​ရောက်သွားပါတယ်၊ ဖြစ်ချင်​တော့ အဲ့ဒီဂြိုလ်​ပေါ်မှာ Death Vaderက သရဲအိမ်လို ရဲတိုက်ကြီး​ဆောက်​နေတာပါ၊အဲ့ဒီ Vader Castleထဲမှာ Poe Dameronတစ်​ယောက် ဘာ​တွေရင်ဆိုင်ရမလဲ၊ မ​ကြောက်တတ်သူဆိုတဲ့ ဂုဏ်ပုဒ်ကြီးနဲ့တန်​အောင် VaderCastleကြီးက ဘာ​တွေများပညာ​ပေးလိုက်မလဲ၊ Death Vader, Palpatine, Kylo ...
movie
LEGO Star Wars Terrifying Tales (2021)
2021
The Addams Family 2 (2021) 6.2
The Addams Family 2 (2021) The Addams Family 2 (2021)======================IMDb Rating - 6.2/10ဒီတစ်ခါတော့ Animation ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ The Addams Family ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ဒီ Animation ဟာ အပိုင်း(၁)တုန်းကလည်း လူကြိုက်များခဲ့ပြီး . အခုထွက်ရှိတာကတော့ သူ့ရဲ့ အဆက် အပိုင်း(၂)ဖြစ်ပါတယ်။အရင်ကားမှာတုန်းက အက်ဒမ်မိသားစုရဲ့ ထူးဆန်းတဲ့ နေထိုင်ပုံ‌တွေ၊ ပတ်၀န်းကျင်နဲ့ သဟဇာတမဖြစ်မှု‌‌တွေ၊ အလွဲလွဲအချော်ချော်ဖြစ်ရပ်တွေကို ဟာသနှောပြီးတင်ဆက်ခဲ့သလိုမျိုးပဲ၊ ယခုနံပါတ် 2 မှာကတော့ မိသားစုအချင်းချင်း စည်းလုံးမှုပိုမိုရရှိစေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခရီးအတူတူထွက်ကြတဲ့အကြောင်းကို လွဲချော်မှုတွေ၊ ရယ်စရာတွေနဲ့ ပေါင်းစပ်ရိုက်ကူးထားတာဖြစ်ပါတယ်။Addam Family Animation ဟာ ထူးဆန်းတဲ့ရေးဆွဲဟန်ကြောင့် Animation တွေထဲမှာ အမြင်တစ်မျိုးတစ်မျိုးဆန်းသစ်ပြီးHotel Transylvania လို Type မျိုးကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကြည့်ကောင်းတဲ့ ကားကောင်းတစ်ကားဖြစ်ပါလိမ့်မယ်လို့လို့မျှော်လင့်ရင်း တင်ဆက်ပေးလိုက်ရပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Tar Tee Poe ...
movie
The Addams Family 2 (2021)
2021
The Addams Family (2019) 5.8
movie
The Addams Family (2019)
2019
Horton Hears a Who! (2008) 7.8
Horton Hears a Who! (2008) IMDb မှာ 6.9/10 ဆိုတော့ ကောင်းလားမကောင်းလားသိပ်မပြောတော့ပါဘူးကျွန်တော်တို့ရဲ့ စကြာဝဠာကြီးဟာ အဆုံးအစမရှိကျယ်ပြန့်တယ်လို့ သိထားပါတယ်ဒါဟာ လက်ခံထားရတဲ့ လက်ရှိအမှန်တရားဆိုလည်းမမှားပါဘူး...ကျွန်တော်တို့လို တခြားသက်ရှိတွေစကြာဝဠာကြီးထဲမှာ ရှိကောင်းရှိနေနိုင်ပါလိမ့်မယ်..ဒါပေမယ့် ကျွန်တော်တို့ ကမ္ဘာကြီးထဲကသက်ရှိတွေအကုန်လုံးကိုတောင် ရှာဖွေလို့ မကုန်နိုင်သေးပါဘူး...ဒီကာတွန်းရုပ်ရှင်လေးက အဲ့ဒီအချက်ကိုအဓိကထားတင်ပြသွားတယ်လို့ ထင်ပါတယ်...ကျွန်တော်တို့လူသားတွေ ကမ္ဘာပေါ်မှာ ထင်တိုင်းကြဲလုပ်ချင်ရာလုပ်နေကြပေမယ့်ကျွန်တော်တို့ မသိသေးတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်.. ဇာတ်လမ်းအကျဉ်းလေးဆီ သွားရအောင်ဟော်တွန်ဆိုတဲ့ ဆင်ကလေးတစ်ကောင်ဟာ ပျော်ပါး ကစားနေရင်းနဲ့ပန်းဝတ်မှုံအရွယ်အစားလောက်ပဲရှိတဲ့ ကမ္ဘာသေးသေးလေးတစ်ခုကိုအမှတ်မထင်တွေ့သွားပါတယ်...မယုံနိုင်ပေမယ့် တကယ့်အစစ်အမှန်ဖြစ်နေမှန်းသိသွားတဲ့အခါမှာကမ္ဘာသေးသေးလေးထဲက သက်ရှိလေးတွေနဲ့ဆက်သွယ်ပြီး အဲ့ဒီကမ္ဘာသေးသေးလေးကိုလုံခြုံအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်...ဒါပေမယ့်လည်း ထုံးစံအတိုင်း အဖျက်တရားကဝင်လာတဲ့အခါမှာတော့..... ဟော်တွန်တစ်ယောက် ကမ္ဘာသေးသေးလေးကို ဘယ်လိုကာကွယ်ပေးနိုင်မလဲ ဆိုတာကို ကြည့်ရှုခံစားကြည့်ကြပါဦး... တစ်ခုပြောချင်တာက ဒီလိုကာတွန်းကာတွန်းရုပ်ရှင်ဆိုတာကလေးတစ်ယောက်လိုကြည့်ရင် ကလေးကာတွန်းကားအနေနဲ့ဖြစ်ပေမယ့်လူကြီးတစ်ယောက်လို ကြည့်ရင်တော့ လူကြီးအတွေးနဲ့ရုပ်ရှင်ကားတစ်ကားဖြစ်သွားမှာပါ...ရုပ်ရှင်ကပေးတဲ့ message လေးကိုသိအောင်လုပ်ရင်းအတွေးပွားစေလိုပါတယ်... ကဲ လေကြောရှည်တာများသွားတဲ့အတွက် ပြောတာလေးရပ်ပြီးကြည့်ရှုခံစားလိုကိကြပါဦး...(သေးသေးလေးတွေတော့ ထပ်သွားတယ် )(ဇာတ်ကားအတွက် ...
movie
Horton Hears a Who! (2008)
2008
Night of the Animated Dead (2021) 5.0
Night of the Animated Dead (2021) Night of the Animated Dead (2021)=========================ဒီ​နေ့​ခေတ် Zombie apocalypseကား​တွေအ​ကြောင်း ​ပြောလိုက်ရင် Walking dead နဲ့သူရဲ့ Spin-off တစ်သိုက်၊World War Z, Zombieland, Resident Evilsတို့ကို အရင်ဆုံး​ပြေးမြင်မိကြမှာပါ။ဒါ​က​တော့ Walking deadရဲ့ ဘိုး​အေကြီးလို့​ပြောရမယ့် Animationဆိုလည်း မမှားပါဘူး၊ 1968တုန်းက ထွက်ရှိခဲ့တဲ့Director George A.Romeroရဲ့ Night of the Living Deadကို animated versionအဖြစ် 2021မှာ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်၊ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရရင် Johnnyနဲ့ Barbaraတို့ ​မောင်နှမဟာ Pennsylvaniaပြည်နယ်မှာရှိတဲ့အ​ဖေ့အုတ်ဂူကို လွမ်း​သူပန်း​ခွေချဖို့ သွား​ရောက်ရင်း အ​မေရိကန်တစ်နိုင်ငံလုံး တစ်ချိန်တည်းနဲ့ Zombie Apocalypseကြီးထဲကိုချက်ချင်း​ရောက်ရှိသွားတဲ့အခါ ... နီးစပ်ရာယာ​တောအိမ်ထဲကို ဝင်ပုန်းရင်း ​ဒေသခံပြည်သူ​လေး​ယောက်နဲ့တူတူ အသားစားzombie​တွေရန်က​နေ လွတ်​မြောက်​အောင် ကြိုးစားရုန်းကန်ရပါတော့တယ်။Zombieကား​တွေရဲ့အနှစ်သာရဖြစ်တဲ့ ​သွေးသံရဲရဲ​တွေ၊ ရက်စက်ကြမ်းကြုတ်မှု၊ ရဲရင့်မှု၊ ...
movie
Night of the Animated Dead (2021)
2021
Secret Magic Control Agency(2021) 6.2
Secret Magic Control Agency(2021) Animation ဇာတ်လမ်း​တွေကိုမှနှစ်သက်သူတို့အတွက် Secret Magic Control Agency ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဂရင်းညီနောင် ပုံပြင်များထဲက ဟန်ဆယ်နဲ့ ဂရေတယ်ကို မသိတဲ့သူတော့ မရှိသလောက်ပါပဲ။ဒါကတော့ သူတို့ရဲ့ နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ပေါ့။ဇာတ်လမ်းအစမှာ​တော့ တိုင်းပြည်တစ်ခုရဲ့ ဘုရင်ကြီးက အသက်ဝင်​နေတဲ့ အစားအသောက်တွေပြန်​ပေးဆွဲတာ ခံလိုက်ရပါတယ်အကယ်၍ ဘုရင်ပြန်​ပေးဆွဲခံလိုက်ရတာသာ သတင်းပေါက်ကြားသွားရင် တစ်တိုင်းပြည်လုံး က​မောက်ကမ ဖြစ်ကုန်မှာပါဒါ​ကြောင့် ဒီကိစ္စကို ​ဖြေရှင်းဖို့ SMCA ကို တာဝန်​ပေးလိုက်ပါ​တော့တယ်​အထူး​အေးဂျင့် ဂ​ရေတယ်နဲ့ သူ့အစ်ကို လူလိမ် ဟန်ဆယ်တို့က ဒီဇာတ်လမ်းထဲမှာတော့ မတည့်ကြတဲ့ မောင်နှမတွေအဖြစ်တွေ့ရပါတယ်။SMCA ရဲ့ ​ခေါင်း​ဆောင်က ပြန်​ပေးသမားကို ဖမ်းဖို့ လူလိမ်အကြီးစားကို သုံးရမယ်လို့ ဆုံးဖြတ်လိုက်ပြီး သူတို့နှစ်​ယောက်ကို တာဝန်​ပေးလိုက်ပါ​တော့တယ်စုံစမ်း​နေရင်း ဟန်ဆယ်ရဲ့ အမှား​ကြောင့် သူတို့နှစ်​ယောက်လုံး က​လေး​ပေါက်စ​လေး​တွေ ပြန်ဖြစ်သွားကြပါတယ်က​လေး​လေး​တွေ အဖြစ်နဲ့ ပဲ ပြန်​ပေးသမားကို လိုက်ရှာရင်း အလွဲ​လေး​တွေနဲ့ စွန့်စားခန်း ဖွင့်ကြပါ​တော့တယ်သူတို့​တွေ ဘုရင်ကြီးကို ရှာ​တွေ့ပါ့မလား ...
movie
Secret Magic Control Agency(2021)
2021
Millennium Actress (2001) 7.9
Millennium Actress (2001) Millennium Actress (2001) =============== IMDb Rating - 7.9/10 Directed By Satoshi Konဘယ်လောက်ထိရောက်ခဲ့ပြီး ဘာကောင်ကြီးဖြစ်ခဲ့ကြတယ်ဆိုတာထက် ဘာအတွက်သွားခဲ့သလဲက ပိုအရေးကြီးတယ်မဟုတ်လား။ ဒီခရီးဟာ ဘယ်တော့မှဆုံးတယ်မရှိတော့ ဘာအတွက်သွားတယ်ဆိုတဲ့ မျှော်လင့်ချက်က အထားအသိုမမှားဖို့ လိုတယ်။ တစ်စုံတစ်ရာအပေါ် ချစ်တဲ့စိတ်သာ မှန်နေပါစေလေ သေအောင်ကြိုးစားပြီး ဘာမှဖြစ်မလာခဲ့တဲ့ အကြောင်းတရားကလည်း ယုံကြည်မျှော်လင့်ခြင်း‌များကို ဖျက်စီးမပစ်နိုင်ဘူး။ဘယ်လောက်ထိသွားပြီး ဘာဖြစ်ခဲ့တယ်ဆိုတာတွေထက် တစ်စုံတစ်ရာအတွက်သွားပြီး ဘယ်မှမရောက်ခဲ့ရဘူးဆိုတဲ့ ဇာတ်လမ်းတွေက ပိုခမ်းနားတယ်လို့ ကျွန်တော်တော့ တစ်ထစ်ချယုံတယ်။ ဂျပန်ဝတ္တုကလေးတစ်ပုဒ်ထဲကလို တစ်ချိန်မှာ တောင်ကြောလေးတစ်ခုကနေ အိမ်ကလေးကိုမျှော်ငေးပြီး တစ်စုံတစ်ရာကိုလုပ်ဖို့ဆုံးဖြတ်ရာမှာ နှလုံးသားနဲ့ဆုံးဖြတ်ရင်း မှန်ကန်ခဲ့တဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကို ပြန်ကျေနပ်မိပြီး တစိမ့်စိမ့်အရသာခံနိုင်ဖို့ ဘာအတွက် ဒီခရီးကိုသွားခဲ့တာလဲဆိုတဲ့ အချက်ဟာ အတော်လေးအရေးပါတယ်။ Millennium Actressဟာ ဂျပန်ဂန္တဝင် သရုပ်ဆောင်၂ယောက်ရဲ့ဘဝကို ကိုးကားရိုက်ထားတဲ့ အလားတူ အကြောင်းအရာတစ်ခုအကြောင်းပါပဲ။Millennium Actressဟာ ကူရိုဆာဝါရဲ့Ran, Seven Samurai,Yojimbo,Throne Of Bloodနဲ့ Godzillaရုပ်ရှင်အပြင် တခြားရုပ်ရှင်ပေါင်းများစွာက ဇာတ်ဝင်ခန်းတွေကို ကိုးကား ထည့်ထားပြီး Perfect Blueနဲ့ Millennium Actressကို ညီအစ်မရုပ်ရှင်တွေအဖြစ် စတိုရှိခွန်က ...
movie
Millennium Actress (2001)
Moonbound(2021) 6.5
Moonbound(2021) Moonbound(2021)အညွှန်း**********************ဂျာမနီနိုင်ငံရဲ့ နာမည်အကြီးဆုံး ကလေးစာအုပ်တွေထဲက တစ်အုပ်ဖြစ်တဲ့ Monnbound ဆိုတဲ့စာအုပ်လေးကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကား လေးဖြစ်ပါတယ်။ဇွန်ဘာ့ဂ်ပိုးကောင်လေးတွေနေထိုင်တဲ့သီးခြားကမ္ဘာငယ်လေးတစ်ခုရှိတယ်... သိပ်ကိုပျော်စရာကောင်းတယ်.. အချင်းချင်းရန်လိုမှုနည်းတယ်...ရိုင်းပင်းတယ်..ကူညီတယ်... ဆိုးယုတ်မှုဆိုတာဘာမှန်းမသိတဲ့သူတို့ ကမ္ဘာငယ်လေးကို ကျူးကျော်သူ အရိုင်းအစိုင်းတွေဟာ ဝင်ရောက်တိုက်ခိုက်လာတယ်...အင်အားချင်းမမျှတဲ့အပြင် တိုက်ပွဲအတွေ့အကြုံနည်းပါးလွန်းတဲ့ ဇွန်ဘာ့ဂ်လေးတွေဟာ မရှုမလှရှုံးဖို့လက်မတင်လေးလိုပါတော့တယ်.. အဲ့အချိန်မှာပဲ ဇွန်ဘာ့ဂ်လေးတစ်ကောင်ဟာ နတ်သမီးတစ်ပါးဆီကို အကူအညီတောင်းပါတယ်... ကျူးကျော်သူတွေကို အပြီးအပိုင်နှိမ်နှင်းပေးဖို့ပေါ့.... အဲ့ဒီနောက်မှာတော့ မမျှော်လင့်တဲ့ကိစ္စတွေဆက်တိုက်ဖြစ်လာပါတော့တယ်..... ဇာတ်လမ်းလေးကလည်းကောင်းတဲ့အပြင် ရိုက်ချက်တွေလည်း တော်တော်လှတာမို့ Animation ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း.....File Size :850MB Quality :WEB-DL 720P Format…mp4 Duration…01:25:00 Genre : Animation, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae
movie
Moonbound(2021)
Gantz:O (2016) 7.1
Gantz:O (2016) Gantz: O (2016)_____IMDb - 7.1/10ကဲ အခုတခါတော့အန်နီမေးရှင်းပရိတ်သတ်တွေ အတွက်၂၀၁၆နှစ်ကုန်လောက်မှာထွက်ခဲ့တဲ့ ဇတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အတော် လည်းနာမည်ကြီးခဲ့တဲ့ဇတ်ကားတစ်ကားပါပရိတ်သတ် တွေအကြိုက်တွေ့မယ်လို့လည်းမျော်လင့်ပါတယ် သူတစ်ပါးကိုအမြဲကူညီတတ်တဲ့ကတိုဆိုတဲ့လူငယ်လေးတစ်ယောက် တစ်နေ့လူတစ်ယောက်ကိုကူညီရင်းသေဆုံးသွားတဲ့အခါမှာ ဘာဆက်ဖြစ်မလဲကိုယ့်ကိုကိုသေပြီလို့ထင်ထားတဲ့ ကတိုတစ်ယောက်တကယ်တန်းမသေသေးပဲအခန်းလေးတစ်ခန်းကို ရောက်ရှိသွားတဲ့အခါမှာဘာဆက်ဖြစ်မလဲအခန်းလေးထဲက လူတွေကကောဘယ်သူတွေလဲမိမိမူလဘဝကိုပြန်ရောက်ဖို့ဂန်းဆိုတဲ့ကစား ပွဲတစ်ပွဲကိုကတိုကစားရတဲ့အခါမှာ ဘယ်လိုစခန်းသွားမလဲမိမိတို့ရဲ့ကစားပွဲဟာထင်သလို မလွယ်ကူပဲလူ့ဘီလူးကြီးတွေနဲ့တိုက်ခိုက်ရတဲ့အခါမှာ ကောကတိုတို့အုပ်စုအလွယ်တကူတိုက်ခိုက်နိင်မှာလား ကစားပွဲအပြင်ကိုပြန်ရောက်နိင်ပါ့မလား ဒီဇတ်ကားကိုကြည့်ရင်းဂျပန်တွေရဲ့ရုပ်ရှင်ပညာအရည်အသွေးကို သိသိသာသာမြင်နိင်ပါတယ်တိုကျိူလို အိုဆာကာလိုနေရာမျိုးကိုတသွေမတိမ်းတူအောင် ဖန်တီးနိင်တဲ့ကွန်ပြူတာပညာကိုတော့အတော် လေးစားမိပါတယ်လူနဲ့အတော်လေးလည်းတူအောင်ပြုလုပ်ထားတဲ့ အတွက်ပရိတ်သတ်တွေအကြိုက် တွေ့ဦးမယ်လို့ကျွန်တော်ရဲရဲကြီးအာမခံပါတယ် ကျွန်တော်ပြောသလိုဟုတ်မဟုတ်ဆိုတာကတော့ဒေါင်း ကြည့်ပြီးမှဆုံးဖြတ်ကြပါလို့ပြောကြားရင်းကြည့်လိုက်ကြပါဦးလို့(ဇာတ်ကားအညွန်း နဲ့ ဘာသာပြန်ကတော့ ကိုစိုးထွေးပါ) File size…1.12GB / 823MB Quality…1080p HEVC / 720p Format…Mp4 Duration….1h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant
movie
Gantz:O (2016)
2016
HEVC 1080p 5.1
White Snake II: The Tribulation of the Green Snake ( 2021 ) 6.8
White Snake II: The Tribulation of the Green Snake ( 2021 ) တရုတ်ပြည်ရဲ့ မြွေဖြူနဲမြွေစိမ်း ညီအစ်မ white snake animation ဇာတ်လမ်းရဲ့အဆက်white snake2 ဟာ ၂၀၂၁ထွက် animation movieကောင်းလေးပါစတင်ပြသတဲ့၃ရက်အတွင်း box office ဝင်ငွေး$77millionsအထိ စံချိန်တင်ရရှိထားပါတယ်.. ဒီဇာတ်ကားမှာမြွေစိမ်းမလေး ရှောင်ချင်းကို အဓိကထားရိုက်ကူးထားတာပါ....မြွေဖြူမလေးရှောင်ပိုင်ဟာ အချစ်အတွက်ကြောင့် ဘုန်းတော်ကြီးရှောဖာဟိုင်ရဲ့လွေဖုန်း မျှော်စင်အောက်မှာ ဖမ်းချုပ်ထားခြင်းခံရပါတယ်...ဒါကိုလက်မခံနိုင်တဲ့ရှောင်ချင်း(မြွေစိမ်းမလေး)ဟာ ဘုန်းတော်ကြီးဖာဟိုင်ကိုပြန်တိုက်ခိုက်ရင်း ရှုံးလော်မြိုဆိုတဲ့ နေရာကိုအမှန်မထင်ရောက်သွားပါတယ်..ရှုံးလော်မြို့ကလူတွေဟာ စိတ်ထဲလွှတ်မချနိုင်တဲ့အရာတွေရှိနေလို့လူပြန်မဝင်စားနိုင်ပဲ ရောက်လာတဲ့သူတွေ ပါ... အန္တရာယ်ပေါင်းများစွာနဲ့ပြည့်နှက်နေတဲ့ရှုံးလော်မြို့မှာ ရှောင်းချင်းတစ်ယောက် ရှင်သန်နိုင်ပါ့မလာ....ရှုံးလော်မြို့ကနေထွက်ခွာနိုင်ပါ့မလား.... ရှုံးလော်မြို့မှာသူ့အစ်မရှောင်ပိုင်နဲ့ရုပ်ချင်းဆင်တဲ့ ကောင်လေးတစ်ယောက်နဲ့ ဆုံရတဲ့အခါဘာတွေဆက်ဖြစ်လာမှာလဲ... အစ်မဖြစ်သူနဲ့ရောပြန်ဆုံနိုင်ပါ့မလား..အချစ်..အမုန်း...ရင်ထဲက အာဃာတတွေ...ခံစားချက်မျိုးစုံ ကို ကြည့်ရှုခံစားရမှာပါ...... Quality : HDRip 1080pFormat : mp4Genres : Animation , Action  ,Adventure , FantastyDuring : 2h 11minSubtitle : Myanmar Sub ( Hardsub sub ...
movie
White Snake II: The Tribulation of the Green Snake ( 2021 )
White Snake (2019) 7.1
White Snake (2019) White Snake 2019============="မြွေဖြူမိစ္ဆာနှင့်မှော်ဆံထိုး"IMDb Rating 7.1/10 ထိ ရရှိထားတဲ့ ဇာတ်ကားလေးပါ။ဒီအန်နီမေးရှင်း ဇာတ်လမ်းလေးကတော့ တရုတ်ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့မြွေဖြူမိစ္ဆာအကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်ဒီဇာတ်လမ်းကို အခြေခံပြီး ရှေ့မှာလည်း Live action ရော animation တွေရော ပုံစံအမျိုးမျိုး ထွက်ခဲ့ဖူးပေမယ့် အခုကတော့ ပိုကောင်းတဲ့ animation ရုပ်ထွက်တွေနဲ့ ပိုပြီးကြည့်ကောင်းလာပါပြီရိုက်ချက်အလန်းတွေ နောက်ခံတီးလုံးအလန်းတွေ လှပတဲ့ရှုခင်းတွေနဲ့ကြည့်ရှူ့သူကို ဆွဲဆောင်သွားမှာပါ...ဒီတော့ အားပေးကြည့်ရှူ့ကြပါဦးလို့။ Quality – 1080P, 720p  Blu-Ray.6CHDuration – 1 hrs 39 minsSubtitle – Myanmar HardsubFormat – Mp4Genre :  Animation, Action, AdventureSource : 1080p.Blu-Ray.6CHTranslator – Ye Kyaw HtetEncoder – San Win Maung
movie
White Snake (2019)
2019
Up (2009) 8.2
Up (2009) Up (2009) IMDb - 8.2/10_______Rotten - 98% Won 2 Oscars. Another 78 wins & 82 nominations ဒီတစ်ခါတော့ ကာတွန်းကား ကောင်းကောင်း လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက ၂၀၀၉ ခုနှစ်မှာ ထွက်ခဲ့ပြီး၊ စထွက်ခဲ့တဲ့အချိန်ထဲက အခုအချိန်အထိ Valentine's Day ရုပ်ရှင်အဖြစ် လူကြိုက်များခဲ့သလို၊ သူ့ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုက အချစ် နဲ့ပတ်သက်လာရင် အခုအချိန်အထိ လူပြောများနေဆဲဖြစ်ပါတယ်။ Up ကာတွန်းလေးက သာမန် ကာတွန်းကားတစ်ကား တင်မဟုတ်ပဲ၊ အက်ရှင် ဒရမ်မာ ကောင်းကောင်း နဲ့ ရိုက်ကူးထားတဲ့ Animated Film တစ်ခုဖြစ်ပါတယ်။ ဇာတ်အိမ် ကောင်းကောင်း နဲ့ လူကြီး လူငယ် ပရိတ်သတ် အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကျွန်တော် အနေနဲ့ ရုပ်ရှင်တွေတော်တော်များများ ကြည့်ဖူးပေမယ့် ကြည့်ရင်းနဲ့ မျက်ရည်ဝဲလောက်အောင် ခံစားချက်ရသပေးနိုင်တဲ့ ကားမျိုး က လက်ချိုးရေလို့ရပါတယ်။ ဒီ ...
movie
Up (2009)
2009
Inside Out (2015) 8.2
Inside Out (2015) ဒီနေ့တော့ CM ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် ..Animation တကားအနေနဲ့လည်း ထူးထူးခြားခြား IMDb Rating မှာ 8.5 အထိ တောင်ရောက်ရှိထားတာမို့ ကောင်းလားမကောင်းလားဆိုတာလုံးဝစဉ်းစားနေစရာလိုမှာလည်းမဟုတ်တဲ့အပြင်..ကြည့်သင့်တဲ့ Animation ဖြစ်ကြောင်းအသိ ပေးချင်ပါတယ်။အညွှန်းလေးအရင်ခံစားကြည့်ရအောင်အညွှန်းကနည်းနည်းတော့ရှည်ပါတယ်..သေသေချာချာခံစားချင်ရင် တော့စာကိုအဆုံးထိဖတ်ဖို့အကြံပေးလိုက်ပါတယ်..ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ဝမ်းနည်းကြည်နူး စရာ ကောင်းပြီး၊ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက ...
movie
Inside Out (2015)
2015
HEVC 1080p 5.1
Only Yesterday (1991) 7.7
Only Yesterday (1991) Only Yesterday (1991) ကတော့ Studio Ghibli က ထုတ်လုပ်တဲ့ ဂျပန် Animated, Drama လေးပဲဖြစ်ပါတယ်။ပုံမှန် Animation ရုပ်ရှင်တွေက ကွဲလွဲနေတဲ့အချက်ကတော့ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေအတွက် ရည်ရွယ်ထားတဲ့ သရုပ်မှန် Drama လေးတစ်ပုဒ်ဖြစ်နေတာပါပဲ။Box Office မှာလည်း အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့ပြီးတော့ အရွယ်ရောက်ပြီးသူအမျိုးသား အမျိုးသမီးတွေက တခဲနက် အားပေးခဲ့ကြတဲ့အတွက် ဂျပန်နိုင်ငံမှာ ဝင်ငွေအများဆုံး ဇာတ်ကားတစ်ကားဖြစ်ပါတယ်။IMDB Rating က 7.7 ရရှိထားပြီး Rotten Tomato 100% ထိရရှိထားပါတယ်။     ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၂ ခုနှစ်မှာ အသက် ၂၇ နှစ် အရွယ် အိမ်ထောင်မရှိသေးတဲ့ Taeko Okajima က တိုကျိုမြို့မှာ တစ်သက်လုံး အခြေချနေထိုင်ခဲ့ပြီးတော့ အားလပ်ရက်မှာ ကျေးလက်ဒေသကို သွားပြီး လယ်အလုပ်သွားလုပ်ပါတယ်။သွားတဲ့လမ်းတလျှောက်မှာ သူ့ရဲ့ ၁၀ နှစ်အရွယ်က ...
movie
Only Yesterday (1991)
1991
Ratatouille (2007) 8.0
Ratatouille (2007) Animationဇာက်ကားကြိုက်တဲ့လူများအတွက် နာမည်ကျော် ကာတွန်းကားအများအပြားကို ထုပ်လုပ်တဲ့ Walt Disney က ရိုက်ကူးထားတဲ့ ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေRemyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်သူ့က ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီး သူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ်တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ Egoက Auguste Gusteaရဲ့ ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့် Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီး ဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီး သေနတ်နဲ့ လိုက်ပြစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်း Remyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေ အစမ်းခန့်ထားတဲ့ ...
movie
Ratatouille (2007)
2007
HEVC 1080p 5.1