Channel Myanmar
Animation
The Nut Job (2014)
The Nut Job (2014) ဒီကားလေးဟာ ကိုယ်စိတ်ထင်ရာလုပ်တတ်ပြီး ကိုယ်ဖို့ပဲကြည့်တတ်တဲ့ ရှဥ့်လေးတစ်ကောင်အကြောင်းကို အခြေခံထားပာတယ်... အဲ့ဒီရှဥ့်လေးရဲ့နာမည်ကတော့ ဆာလီ လို့ခော်ပာတယ်...သူ့ရဲ့ပာတနာကတော့ ဘာဒီလို့ခော်တဲ့ စကားမပြောတဲ့ကြွက်ကလေးပာ... ဆာလီတို့ဟာ အုက္ကတန်မြို့ရဲ့ လေဘာတီပန်းခြံထဲမှာ နေကြပာတယ်.. တခြားတိရစ္ဆာန်လေးတွေလည်း နေထိုင်ကြပြီး ဆာလီတို့ကတော့ သီးသန့်ခွဲနေကြတာပာ... ပန်းခြံထဲက တိရစ္ဆာန်တွေကိုတော့ ရက်ကွန်လို့ခော်တဲ့ တောကြောင်ကြီးတစ်ကောင်က အုပ်ချုပ်ပာတယ်...သူကတော့ ခောင်းပုံဖြတ် အကျင့်မကောင်းတဲ့ ဗီလိန်တစ်ယောက်ပာ... ရက်ကွန်ဟာ ဆာလီကို မျက်မုန်းကျိုးနေသူလည်းဖြစ်ပာတယ်... တစ်နေ့မှာ ဆာလီတို့ဟာ ပန်းခြံရှေ့မှာ လာရောင်းတဲ့ မြေပဲလှည်းက မြေပဲတွေကို ခိုးယူဖို့ကြိုးစားပာတော့တယ်...ဒီနေရာမှာ အန်ဒီ ဆိုတဲ့ ထက်မြက်တဲ့ ရှဥ့်မလေး ပာဝင်လာပာပြီ...အန်ဒီကတော့ အများအကျိုးကို ကြည့်သူဖြစ်ပြီး ဆာလီနဲ့ကတော့ ဆန့်ကျင်ဘက်ပာ... အန်ဒီရဲ့ တွဲဖက်ကတော့ ဂရေဆင်လို့ခော်တဲ့ ခပ်ပောပောရှဥ့်တစ်ကောင်ပာ...သူ့ကို ပန်းခြံရဲ့သူရဲကောင်းဘွဲ့ပေးထားပာတယ်...ဒီလိုနဲ့ ဆာလီတို့ဟာ မြေပဲတွေကို ခိုးယူဖို့ကြိုးစားရင်း အန်ဒီတို့နဲ့တွေ့ပြီး မြေပဲလှည်းဟာ မတော်တဆဖြစ်ပြီး ပန်းခြံထဲက အကြီးဆုံးသစ်ပင်ကြီးကို မီးလောင်စေခဲ့ပာတယ်...အဲ့ဒီ သစ်ပင်ကြီးဟာ ပန်းခြံထဲက တိရစ္ဆာန်လေးတွေရဲ့ ဆောင်းတွင်းကာလအတွက် အစာစုဆောင်းရာအပင်ကြီးဖြစ်နေပာတယ်.. ဒီတော့ အကုန်လုံး စိတ်ဆိုးကြပြီး ဆာလီ ကို ...
IMDB: /10 votes
movie
The Nut Job (2014)
How to Train Your Dragon 2 (2014) 7.8
How to Train Your Dragon 2 (2014) How to Train Your Dragon 2 (2014) IMDb - 7.8/10_____Rotten - 91%   နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ ...
7.8
IMDB: 7.8/10 296,449 votes
movie
How to Train Your Dragon 2 (2014)
2014
Corpse Bride (2005) 7.3
Corpse Bride (2005) Corpse Bride (2005)IMDb - 7.3/10_____Rotten - 84%   ဒီနေ့အတွက်မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb Rating -7.3 ရရှိထားပြီး....မြူးကြွတဲ့တေးသီချင်းလေးများ...Romanceဆန်တဲ့ပြကွက်လေးများနဲ့ ....အချစ်တို့ရဲ့ ပြယုဒ်ကိုထင်ပေါ်အောင်ပြသပေးနိုင်ခဲ့တဲ့ Best Romance Horror Animation Moviesကောင်းတွေထဲကတစ်ကားဖြစ်ခဲ့တဲ့ CORPSE BRIDE ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျ…ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်ဖြင့်..... လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀၀ခန့်လောက်က Victorian villageလို့ခေါ်တဲ့ ရွာလေးတစ်ရွာမှာ ဆွေစဉ်မျိူးဆက်ချမ်းသာလာပြီး အထည်ကြီးပျက်ဘဝကိုရောက်ရှိတော့မဲ့လူကုန်ထန်မိသားစုတစ်စု..... ပိုက်ဆံရှိပေမဲ့ လူကုန်ထံအသိုင်းအဝိုင်းကမဟုတ်တဲ့ငါးရောင်းစားရင်း ကြီးပွားချမ်းသာလာတဲ့ ငါးကုန်သည်မိသားစုတစ်စုမှ တစ်ဦးတည်းသောသားလေး Victa... မိသားစုနှစ်ခုရဲ့လိုအပ်နေတဲ့ ကွက်လပ်ကိုယ်စီကိုဖြည့်ဖို့ရန် တစ်ယောက်ကိုတစ်ယောက် တစ်ခါမှမမြင်ဖူးကြတဲ့ VIctoria နဲ့ Victaတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ အစမ်းလေ့ကျင့်တဲ့အခမ်းနားလေးနဲ့ ဇာတ်လမ်းလေးကိုစတင်ခဲ့ပါတယ်...... ဒါမဲ့ မိဘတွေအတင်းပေးစားလို့ယူရမှာဖြစ်ပြီး....တစ်ခါမှမမြင်ဖူးတဲ့သူကို လက်ထပ်ချင်စိတ်မရှိတဲ့ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦးတွေ့ရှိသွားကြတဲ့အခါ....Victa တစ်ယောက် လက်ထပ်ပွဲRehersalမှာအယောင်ယောင်အမှားမှားဖြစ်စေခဲ့ပြီး လက်ထပ်ပွဲအစမ်းလေ့ကျင့်မှုကို သေချာလုပ်ဆောင်နိုင်မှ မဂ်လာပွဲကျင်းပရတော့မဲ့အဖြစ်ရောက်သွားခဲ့ပါတယ်….  အစမ်းလေ့ကျင့်မှုကိုသေချာလေ့ကျင့်ဖို့ တောထဲကိုပြေးထွက်သွားကာ တစ်ယောက်တည်းလေ့ကျင့်နေချိန် သူလေ့ကျင့်နေတဲ့ လက်ထပ်ခွင့်စကားကြောင့် ချစ်သူပြန်အလာကိုမျှော်နေရင်းသေဆုံးသွားတဲ့ ...
7.3
IMDB: 7.3/10 240,347 votes
movie
Corpse Bride (2005)
2005
Bolt (2008)
Bolt (2008) ဒီဇာတ်ကားလေးကတော့ ကာတွန်းချစ်သူတွေကို အတော်စွဲဆောင်နိုင်ခဲ့တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဟောလိဝုဒ်က သရုပ်ဆောင်ဖြစ်တဲ့ Bolt ဆိုတဲ့ ခွေးလေးတစ်ကောင်အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါ။ဇာတ်လမ်းအရဆိုရင် အဲ့ဒီခွေးလေးဟာ သိပ္ပံဇာတ်လမ်းရုပ်ရှင်တစ်ခုမှာ သူ့ရဲ့သခင်မဖြစ်သူ Penny ဆိုတဲ့ ကောင်မလေးနဲ့အတူ သရုပ်ဆောင်နေရတာဖြစ်ပြီး Bolt ဟာ သရုပ်ဆောင်နေရတာကို အမှန်တကယ်ထင်မှတ်နေတာဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ Bolt တစ်ကောင် မတော်တဆဖြစ်ပြီး ဟောလိဝုဒ်ရုပ်ရှင်မြို့တော်ရဲ့ အပြင်ကိုရောက်သွားပါတော့တယ်။ သူ့ကိုယ်သူ ရုပ်ရှင်ထဲကအတိုင်း စွမ်းအားရှင်ခွေးတစ်ကောင်လို့ထင်နေတဲ့ Bolt ကတော့ အလွဲလွဲအမှားမှားတွေနဲ့ကြုံတွေ့ရပါတော့တယ်။ အပြင်လောကကိုရောက်သွားတဲ့ Bolt ဟာ သူ့ရဲ့သခင်မဆီကို ပြန်ဖို့ကြိုးစားရင်းနဲ့ ဘာတွေကြုံတွေ့ရမယ် ဘာတွေ သိလာရမယ်ဆိုတာတော့ ဇာတ်လမ်းထဲမှာ ခံစားကြည့်ရှုကြပါဦး။ (ဇာတ်လမ်းအရသာပေါ့မှာစိုးတဲ့အတွက် ဒီလောက်ပဲညွှန်းပါရစေ )IMDb rating 6.9/10 ထိ ရရှိထားပြီး Bolt အဖြစ် John Travolta ၊ Penny အဖြစ် Miley Cyrus တို့က အသံ သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် ပရိတ်သက်ကြီးအကြိုက်တွေ့စေမယ့်ကာတွန်းဇာတ်ကားတစ်ကားဖြစ်ပါကြောင်းပြောကြားရင်းနဲ့ အားပေးကြည့်ရှုလိုက်ကြပါဦးလို့File ...
IMDB: /10 votes
movie
Bolt (2008)
Penguins of Madagascar (2014) 6.7
Penguins of Madagascar (2014) Penguins Of Madagascar (2014) IMDb - 6.7/10_____Rotten - 73%  ဒီ ဇာတ်လမ်းလေးကတော. Skipper, Kowalski, Rico နဲ. Private join ဆိုတဲ့ပင်ဂွင်းလေးကောင်ရဲ. စွန်စားခန်းလေးတွေအကြောင်းပါ ဇာတ်လမ်းအစမှာတော့ Skipper, Kowalski, Rico တို.ဟာ Private မွေးဖွာမဲ. ဥ ကိုကယ်တင်ခဲ့ပြီး Private ဟာ Skipper, Kowalski, Rico တို.နဲ. မိသားစုဝင်ဖြစ်လာခဲ့ပါတယ်။ ပင်ဂွင်းလေးကောင်ဟာ နယူးယောက်ခ် မြို.ကိုရောက်ရှိခဲ့ပြီး ပင်ဂွင်းတွေကို ရန်ငြိုးကြီးနေတဲ့ရေဘဝဲ ဒေဗ့်က ဖမ်း သွားပါတယ်။. နော.ဝင်း အဖွဲ.သားတွေနဲ.ပင်ဂွင်းလေးကောင် ပူပေါင်းပြီး ရေဘဝဲ ဒေဗ်. ရဲ. ယုတ်မာမူတွေကို အတူတွန်းလှန်ရာကနေ အကုန်လုံး ရေဘဝဲ ဒေဗ်.ရဲ.ဖမ်းဆီးခြ င်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ပင်ဂွင်း အဖွဲ.ရဲ. အငယ်ဆုံးကောင်လေးဖြစ်တဲ့ Private ဟာ ပင်ဂွင်း တွေအကုန်လုံးကို ...
6.7
IMDB: 6.7/10 76,726 votes
movie
Penguins of Madagascar (2014)
2014
Spirit: Stallion of the Cimarron(2002)(မြန်မာစာတန်းထိုး)
Spirit: Stallion of the Cimarron(2002)(မြန်မာစာတန်းထိုး)                   Animation ကောင်းလေးတစ်ခုကို ထပ်ပြီးတင်ပေးလိုက်ပါတယ်။ Imdb 7.0 ရထားတဲ့ ဇတ်ကားလေးပါ။ ၁၉ ရာစုနှစ်မှာအသက်ရှင်နေထိုင်ခဲ့တဲ့ မြင်းရိုင်းလေး Spirit ရဲ့ဇာတ်လမ်းပါ။ အကောင်းဆုံး animation အော်စကာဆံခါတင်စာရင်းထဲမှာ ပါဝင်ခဲ့ပြီးအကြီးအကျယ်အောင်မြင်မှုရခဲ့တဲ့ ကားလေးတစ်ကားပါ။                  ဇာတ်လမ်းအကျဉ်းမှာတော့ မြင်းအုပ်ရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့တဲ့ မြင်းရိုင်းလေး Spirit ဟာ သိလိုစိတ်ကို မထိန်းနိုင်ဘဲ စူးစမ်းမှုကြောင့် လူတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး အမေရိကန် မြင်းတပ်ဆီကို ခေါ်ဆောင်သွားခံခဲ့ရပါတယ်။ အဲဒီမှာပဲ ကျွန်ပြုခံထားရတဲ့ တခြားမြင်းတွေနဲ့ အတူထားပေမယ့် Spiritကို နာခံအောင် ဘယ်သူမှ လေ့ကျင့်မပေးနိုင်တဲ့ အခြေအနေမှာ ဒါကို မရရအောင်လုပ်ဖို့ရည်ရွယ်တဲ့ ကာနယ်နဲ့ ထိပ်တိုက်တွေ့ကြတဲ့ အချိန်မှာ .........ဒါ့အပြင် အမေရိကန်တွေကို ခုခံနေရတယ့် လာကိုတာနယ်ခံထဲကအဖမ်းခံထားရတဲ့ Little Creek နဲ့ ...
IMDB: /10 votes
movie
Spirit: Stallion of the Cimarron(2002)(မြန်မာစာတန်းထိုး)
Garfield (2004) 5.0
5.0
IMDB: 5.0/10 76,685 votes
movie
Garfield (2004)
The Lion King (1994) 8.5
8.5
IMDB: 8.5/10 906,143 votes
movie
The Lion King (1994)
Alvin and Chipmunks : The Road Chip (2015)
Alvin and Chipmunks : The Road Chip (2015)  ၂၀၁၅ ထွက် အသစ်လေး တစ်ကားလာပါပြီဗျာ။ ဒီကောင်လေးတွေဆို အကုန်လုံး သိနေကြလောက်ပါပြီ။ ဒီတစ်ခေါက်ကားမှာတော့ သူတို့ အဖေ Dave ဟာ မိုင်ယာမီကို ရည်းစားနဲ့အတူ ၂ ယောက်ထဲထွက်သွားပြီး သူတို့ကို ရည်းစားရဲ့ သားဖြစ်သူ Miles နဲ့ ချန်ထားခဲ့တာက စပါတယ်။ Miles နဲ့ သူတို့တွေ စတွေ့ကတည်းက လုံးဝမတည့်ခဲ့ကြတာပါ။ အဲဒီအချိန်မှာပဲ Dave က မိုင်ယာမီခရီးမှာ လက်စွပ်လေးကို သယ်သွားတာ တွေ့လိုက်တဲ့အခါ သူတို့ ၃ ယောက်နဲ့ Miles က လုံးဝမိသားစု မလုပ်နိုင်ဘူးဆိုပြီး ၄ယောက်သား လက်ထပ်ခွင့်တောင်းတာကို ဖျက်ဖို့ မိုင်ယာမီကို ခရီးထွက်လာပါတော့တယ်။ ဒါပေမယ့် လမ်းတစ်လျှောက် အခက်အခဲတွေ မျိုးစုံတွေ့လာတဲ့ အခါမှာတော့..........File size...(660 Mb) Quality...BR-Rip 720p Format...mp4 Duration....1 hr 32 min Subtitle....Moe Myint Lwin Encoder...Little Neo
IMDB: /10 votes
movie
Alvin and Chipmunks : The Road Chip (2015)
A Letter To Momo (မြန်မာစာတန်းထိုး) (၂၀၁၁)
A Letter To Momo (မြန်မာစာတန်းထိုး) (၂၀၁၁)                       MDb 7.3  Rotten Tomatoes 80% ရရှိထားတဲ့ ဇာတ်ကားလေးကတော့ မိုမိုဆိုတဲ့ ၁၁ နှစ်အရွယ်ကောင်မလေးဟာ အဖေဆုံးပြီးနောက် တိုကျိုမှာရှိတဲ့အိမ်ကိုရောင်းချပြီး သူ့အမေရဲ့ မွေးရပ်ဇာတိကို ပြောင်းရွှေ့လာခဲ့တယ်... သူ့အဖေမဆုံးခင် ရေးထားခဲ့တဲ့ အစမရှိအဆုံးမရှိစာလေးတစ်စောင်ကတဆင့် ထူးဆန်းတဲ့ ပရလောကသားတွေနဲ့ တွေ့ဆုံမှုအကြောင်း ဇာတ်လမ်းဆင်ထားတယ်ဗျ..အညွှန်းထက်စာရင် ဇာတ်လမ်းကို ကိုယ်တိုင်ကြည့်မှ အရသာရှိမယ့်ဇာတ်ကားမို့ ဘာမှအများကြီး မညွှန်းတော့ပါဘူး..သေချာတာကတော့ " မိုမိုသို့ပေးစာ " လို့ အမည်ရတဲ့ Rating မြင့် ဒီဂျပန်ကာတွန်းကားလေးဟာ ကြာမြင့်ချိန် ၂ နာရီအတွင်းမှာ ကြည့်ရှုသူတွေကို ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်မှာပါဗျ..  File Size                 ...
IMDB: /10 votes
movie
A Letter To Momo (မြန်မာစာတန်းထိုး) (၂၀၁၁)
Tad : The Lost Explorer (2012)
Tad : The Lost Explorer (2012) Channel Myanmar က ကာတွန်းကားတွေ မတင်တာကြာပြီမို့ ဒီတစ်ခါ ကာတွန်းကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ... ဒီကားလေးကလည်း ကျွန်တော်ကြည့်ခဲ့ဖူးသမျှ ကာတွန်းကားတွေထဲက စိတ်ထဲမှတ်မှတ်ရရရှိနေခဲ့ ကားလေးတစ်ကားဖြစ်ပါတယ် .. ဇာတ်လမ်းလေးကတော့ ... ဖခင်ဖြစ်သူလို ရှေးဟောင်းသုတေသနပညာရှင် ဖြစ်ချင်နေတဲ့ တက်ဒ်(Tad) ဆိုတဲ့ကောင်လေးဟာ ဖြစ်ချင်တာကို မလုပ်ရပဲ ကြုံရာအလုပ်ကိုသာ လုပ်နေခဲ့ရပါတယ် ... ဒါပေမယ့် သူ့ရဲ့ဝါသနာကြောင့် အလုပ်တွေမှာ အဆင်မပြေဖြစ်ရပါတယ် ... ဒါပေမယ့် တစ်နေ့မှာ သူ့ရဲ့အိပ်မက်တွေဖြစ်လာဖို့အခွင့်အရေးတစ်ခုကို မမျှော်လင့်ပဲကြုံတွေ့ရပါတော့တယ် ... အဲ့ဒါကတော့ ပျောက်ဆုံးနေတဲ့မြို့တော်တစ်ခုကို ရှာဖွေရမယ့် အခွင့်အရေးပါ ဒါပေမယ့် အနှောက်အယှက်တွေ ထူးဆန်းမှုတွေ စွန့်စားမှုတွေ အပြည့်နဲ့ ကြုံလာခဲ့တဲ့အခါမှာတော့ ....ဒီဇာတ်ကားလေးကို ကြည့်လိုက်ရင် နာမည်ကြီးဇာတ်လမ်း အင်ဒီယာနာဂျုန်းစ်ကို ကာတွန်းဗားရှင်းနဲ့ပြန်ကြည့်ရသလိုခံစားရစေမှာပါ(တလွဲလေးတွေတော့ ပါတာပေါ့လေ ငိငိ ) ပရိတ်သတ်ကြီး အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်...ကြည့်ရှုအားပေးကြပါဦး (Like & Share လေးလုပ်သွားဖို့လည်း မမေ့ကြနဲ့ဦးနော် .. လူကြီးမင်းတို့ရဲ့ Like/Share တစ်ချက်က ကျွန်တော့်တို့အတွက် ...
IMDB: /10 votes
movie
Tad : The Lost Explorer (2012)
Tinker bell and The Pirate Fairy (2014)
Tinker bell and The Pirate Fairy (2014) ဒီအပတ် စနေနေ့ Weekend Special အတွက် တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Tinker Bell Series တွေထဲမှာ နောက်ဆုံးထွက်ရှိလာခဲ့တဲ့ Tinker Bell - The pirate fairy ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ကျွန်တော်က Tinker Bell ကို ၁၉၅၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Peter Pan ဇာတ်ကားမှာ စသိခဲ့တာပါ။ အဲဒီ ပီတာပန်ဇာတ်ကားဟာ ကျွန်တော်ကလေးဘဝ ကြည့်ဖူးသမျှ ကာတွန်းကားတွေထဲမှာ အကြိုက်ဆုံးပါ။ ခဏခဏပြန်ပြန်ကြည့်ပါတယ်။ မိကျောင်းကြီးက နာရီသံတချက်ချက်နဲ့ ရေထဲကပေါ်လာတဲ့အခန်းဆို အခုထိကို ရယ်နေရတုန်းပါပဲ။ဒီ Pirate Fairy ဟာလည်း Tinker Bell Series တွေထဲမှာ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Tinker Bell က ရွှေမှုန်လေးတွေကြဲလိုက်တဲ့အခါ ရွှေမှုန်လေးတွေနဲ့ ထိတဲ့သူမှန်သမျှ လေပေါ်ပျံလို့ရသွားတယ်လေ။ အစောပိုင်းထွက်ရှိထားတဲ့ ဇာတ်ကားတွေမှာ ...
IMDB: /10 votes
movie
Tinker bell and The Pirate Fairy (2014)
Tom and Jerry Special Collection
Tom and Jerry Special Collection ကဲ ပုံ​လေး​တွေကို မြင်​လိုက်​တာ နဲ့ ခပ်​များများ​တော့ ​ပြော ဖို့ လိုဦးမလားဗျ။ လူတစ်​​ယောက်​ကို မင်း ​ကြောင်​နဲ့ကြွက်​ ကား ကြိုက်​ လား လို့ ​မေးကြည့်​။ မကြိုက်​ဘူး ​ပြောရင်​ ​သေချာတယ်​ လိမ်​ တာပဲ။ တခြား ကာတွန်း ကား​တွေ နဲ့ မတူ ဘဲ ဘယ်​အချိန်​ ကြည့်​ကြည့်​ ဘာပြီးရင်​ ဘာဖြစ်​မယ်​ အလွတ်​ ရ​နေတာ​တောင်​မှ ထပ်​ကာထပ်​ကာ ကြည့်​ မရိုးဘူးဗျ။ လက်ဖက်သုတ်လို​ပေါ့။ ​ခဏခဏစား​နေရလည်း မရိုးနိုင်​တာမျိုး။ ​ကြောင်​နဲ့ကြွက်​ ကြည့်​ပြီးရင်​ စိတ်​လက်​ ​ပေါ့ပါးသွားတတ်​တာ ထုံးစံဗျ။ ကာတွန်း ဆွဲ ခဲ့တဲ့ လူ​တွေ ဂါထာ​တွေနဲ့ မန်းမှုတ်​ပြီး ဆွဲ ထားသ​လားမှတ်​ရတယ်​။ ဘယ်​​တော့မှ မမုန်းဘူးဗျ။ ​နောက်​တစ်​ခု ရယ်​ရတာက တခြားကား​တွေ violence and gore ...
IMDB: /10 votes
movie
Tom and Jerry Special Collection
5 Centimeters Per Second (2007) 7.6
5 Centimeters Per Second (2007) 5 Centimeters Per Second (2007)**********************************(1080p Blueray Update) " ငါတို့တွေဟာ အကြိမ်ပေါင်းထောင်ချီအောင် စာတွေအပြန်လှန်ရေးပို့နေကြလဲနှလုံးသားတွေကတော့ တစ် စင်တီမီတာတောင် နီးစပ်မလာခဲ့ကြပါဘူး..."                                                                                      တိုနို-တာကကီ (5 Centimeters Per Second)  ချယ်ရီပွင့်ဖတ်လေးတွေ အပင်ပေါ်ကနေမြေပြင်အထိ ကြွေကျတဲ့အရှိန်က တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်း ရှိတယ်တဲ့...မြေပြင်ကနေလွတ်တင်လိုက်တဲ့ အာကာသယာဥ်တစ်စီးကတော့ တစ်နာရီကို မိုင်ပေါင်း တစ်သောင်းရှစ်ထောင်နှုန်းနဲ့ ကမ္ဘာမြေက တဖြည်းဖြည်း ဝေးကွာသွားတယ်ဦးတည်ချက်ရှိတဲ့ လားရာတွေကဘယ်လောက်အချိန်တွေကြာပါစေ တစ်ချိန်ချိန်မှာ လိုရာခရီးကို ရောက်နိုင်ဦးမှာပဲမဟုတ်လား...ဒါပေမယ့်တစ်ချို့ ဦးတည်ချက်မရေရာပဲ မျှော်လင့်ချက်တစ်ခုတည်းနဲ့ လွတ်တင်မိခဲ့တဲ့ ယာဥ်တွေကတော့ ဘယ်အချိန်မှာ ဘယ်ကိုရောက်နိုင်မလဲ...Massage တွေ ထောင်ချီ အပြန်အလှန်ပို့နေခဲ့ပေမယ့် နှလုံးသားတွေ တစ်စင်တီမီတာလောက်တောင် နီးမလာတဲ့အခါ...အချိန်တွေအကြာကြီးစောင့်ဆိုင်းခဲ့ရပေမယ့် မျှော်လင့်တဲ့သူပြန်မလာတဲ့အခါ...အများကြီးကြိုးစားခဲ့ပေမယ့် ကြိုးစားမှုတွေ အရာမထင်ခဲ့တဲ့အခါတွေမှာရော...ငါတို့... လားရာမရှိတဲ့ မျှော်လင့်ချက်ယာဥ်တွေကိုလွတ်တင်နေမိသလိုပဲမဟုတ်ဘူးလား..တစ်ခါတစ်လေကျရင် လူတွေကကိုယ့်ရဲ့အဝေးကိုမျှော်နေရင်း ဘေးကကိုယ့်ကိုတန်ဖိုးထားတဲ့သူတွေအရာတွေကို သတိမထားမိတတ်ကြဘူးလေတစ်ဖက်ကပြန်တွေးကြည့်ရင်တော့ ချယ်ရီပွင့်ဖတ်လေးတွေက မြေပြင်ကိုပဲ ဦးတည်ပြီးတော့သွားနေတာလားဒါမှမဟုတ် မိခင်အပင်အကိုင်းအခတ်တွေဆီကပဲ တစ်စက္ကန့်မှာ ငါးစင်တီမီတာနှုန်းဝေးကွာခဲ့ကြတာပဲလားဘယ်သူသိနိုင်မလဲ....#5cm_per_second #Makoto_Shinkai  Review : Han Htoo Zaw File Size – 674 MB Quality ...
7.6
IMDB: 7.6/10 50,876 votes
movie
5 Centimeters Per Second (2007)
2007
1080p Blu-Ray
Alvin And The Chipmunks 2: The Squeakquel (2009)
Alvin And The Chipmunks 2: The Squeakquel (2009)    ဒုတိယဇာတ်ကားဟာလည်း ပထမဇာတ်ကားလိုပဲ အောင်မြင်တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်... ဇာတ်လမ်းကတော့ အောင်မြင်နေပြီဖြစ်တဲ့ အယ်လ်ဗင်တို့ရှဥ့်ညီနောင်တို့အတွက် ပြိုင်ဘက်အဖွဲ့တစ်ဖွဲ့ပေါ်လာခဲ့ပါတယ်...သူတို့ကလည်း ရှဥ့်မလေးတွေဖြစ်ပြီး Chipettes လို့ခေါ်တဲ့ အဖွဲ့ပဲဖြစ်ပါတယ်...သူတို့လေးတွေရဲ့ နာမည်တွေကတော့ ဘရစ်တနီ (Brittney) ၊ ဂျနက်တီ (Jeanette) နဲ့ အယ်လန်နော် (Eleanor) တို့ပဲဖြစ်ပါတယ်…သူတို့ ၂ ဖွဲ့ဟာ အထက်တန်းကျောင်းတစ်ခုမှာတွေ့ကြတာဖြစ်ပြီး ကျောင်းရဲ့ သီချင်းဆိုပြိုင်ပွဲအတွက် ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်...ဘရစ်တနီတို့ အဖွဲ့ကိုတော့ လန်ဟော့ကပဲ တာဝန်ယူထားတာဖြစ်ပါတယ်...ဘရစ်တနီတို့အဖွဲ့ကလည်း အောင်မြင်တဲ့အဆိုတော်အဖွဲ့တစ်ဖွဲ့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဘန်ဟော့ဆီရောက်နေတာဖြစ်ပါတယ်… ဒီ ၂ ဖွဲ့ရဲ့ အားပြိုင်မှုက ဘယ်လိုတွေဖြစ်လာမလဲ ?? ဘယ်အဖွဲ့က အနိုင်ရမလဲ ?? ဘာတွေဆက်ဖြစ်ကြဦးမလဲ ဆိုတာတွေကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်... ဇာတ်ကားက ပထမကားထက်အရှိန်ပိုကောင်းလာပြီး ရှဥ့်မလေးတွေကလည်း ပရိတ်သတ်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်...နောက်တစ်ချက်ကတော့ ကမ္ဘာကျော်အဆိုတော် Charice လည်းတစ်ခန်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်...သီချင်းတစ်ပုဒ်ဆိုခဲ့ပါသေးတယ်... ကြည့်ရှုသင့်တဲ့ကားကောင်းတစ်ကားဖြစ်ပြီး IMDb rating 4.4/10 ရရှိထားပါတယ်(ဇာတ်ကားအညွန်းရေးသူကတော့ Ye’ Kyaw Htetပဲ ဖြစ်ပါတယ်)@joker
IMDB: /10 votes
movie
Alvin And The Chipmunks – 1 (2007)
Alvin And The Chipmunks – 1 (2007) ဒီကားလေးကတော့ ကလေးလူငယ်လူကြီးမရွေးနှစ်သက်ခဲ့ကြတဲ့ကားလေးတစ်ကားပါ...ရုပ်ရှင်မရိုက်ခင် ရုပ်ပြဇာတ်လမ်းတွေမှာကတည်းကနာမည်ရခဲ့ပြီး Chipmunks songs Album ဆိုရင်လည်း ဂရမ်မီ ၅ ဆုအထိရခဲ့ပါတယ်...ရုပ်ရှင်အဖြစ်ရိုက်ကူးပြသခဲ့တဲ့အခါမှာလည်း ပရိတ်သတ်ရဲ့ အားပေးမှုအများအပြားရရှိခဲ့ပါတယ်...ကဲ ဇာတ်လမ်းအကြောင်းလေးသွားရအောင်တစ်ခါတုန်းက တောတစ်ခုထဲက သစ်ပင်ကြီးတစ်ပင်မှာ ရှဥ့်ညီနောင်သုံးကောင်နေကြပါတယ်... သူတို့လေးတွေမှာ နာမည်ကိုယ်စီရှိတယ်ဗျ... အယ်လ်ဗင် (Alvin) ၊ ဆိုင်မွန် (Simon) နဲ့ သီအိုဒေါ (Theodore) တဲ့...ဒီလိုနဲ့သူတို့ရဲ့ဆောင်းခိုချိန်ရောက်လာပါတော့တယ်...တစ်နေ့မှာ သူတို့တွေရဲ့ သစ်ပင်ကြီးကို ခုတ်ပြီးကားနဲ့သယ်ယူသွားခြင်းခံလိုက်ရပြီး...သူတို့တွေကတော့ သစ်ပင်ကြီးထဲမှာ အိပ်နေတဲ့အတွက်မသိလိုက်ပါဘူး...သစ်ပင်ကြီးဟာ ခရစ္စမတ်သစ်ပင်အဖြစ်နဲ့ လောစ့်အိန်ဂျလိစ်မြို့ကိုရောက်သွားပါတယ်...ရှည့်ညီနောင်တွေ နိုးလာတဲ့အချိန်မှာ တိုင်ပတ်ပါလေရော...ဟိုဒီလျှောက်ပြေးရင်းနဲ့ လူတစ်ယောက်ရဲ့ အိမ်ကိုရောက်သွားပါတယ်...အဲ့ဒီလူကတော့ ဒေဗ့်စဗီလီ (Dave Seville) လို့ခေါ်တဲ့သီချင်းရေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Entertainment ကုမ္ပဏီတစ်ခုမှာ အလုပ်အတွက် ရုန်းကန်နေရသူတစ်ဦးလည်းဖြစ်ပါတယ်...ရှဥ့်ညီနောင်တို့ရောက်သွားတဲ့အခါမှာ လက်ခံထားပေမယ့် မျောက်ရှုံးအောင်ကဲကြတဲ့အတွက် ဒေဗ့်အတွက်စိတ်ပျက်စေခဲ့ပါတယ်...ဒါပေမယ့် ရှဥ့်လေးတွေရဲ့ အရည်အချင်းသိလိုက်ရတဲ့အခါမှာတော့ ဒေဗ့်ရဲ့စိတ်ကူးပြောင်းသွားခဲ့ပါတယ်...ဘာကြောင့်လည်းဆိုတော့ ရှဥ့်လေးတွေမှာ သီချင်းကောင်းကောင်းဆိုနိုင်တဲ့ အရည်အချင်းရှိတဲ့အပြင် သာယာပြီးချစ်ဖို့ကောင်းတဲ့အသံလေးတွေလည်း ပိုင်ဆိုင်ထားကြပါတယ်...အဲ့ဒီအခါမှာ ဒေဗ့်ရဲဖန်တီးနိုင်စွမ်းနဲ့ ရှဥ့်လေးတွေရဲ့အရည်အချင်းကိုပေါင်းစပ်ပြီး ကုမ္ပဏီကိုတင်ဆက်ဖို့စီစဉ်ပါတော့တယ်... ဒီအချိန်မှာ ဗီလိန်ပေါ်လာပါပြီ... သူကတော့ ကုမ္ပဏီပိုင်ရှင် ...
IMDB: /10 votes
movie
Alvin And The Chipmunks – 1 (2007)
Minions (2015) 6.4
Minions (2015) အားလုံးစောင့်မျှော်နေတဲ့ Minion 2015 ကိုတင်ဆက်ပေးလိုက်ပါပြီ..အဆင်ပြေနိုင်ကြပါစေ :D Minion တွေဟာ ကမ္ဘာဦးအစ ကတည်းက ဆဲတစ်ခုတည်းနဲ့ တည်ရှိခဲ့တဲ့ အဝါရောင် သတ္တဝါလေးတွေဖြစ်ပြီး အင်အားအကြီးမားဆုံး အဆိုးသွမ်းဆုံး အကောင်ကိုသာ လုပ်ကျွေးပြုစုချင်ကြသူတွေ ဖြစ်ပါတယ်။ အင်အားကြီးမားတဲ့ T.Rex ဒိုင်တိုဆောတွေ၊ ကျောက်ဂူလူသားတွေ နောက်ကို လိုက်ခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ ဉာဏ်ပညာကြီးမားတဲ့ လူသားတွေအပေါ် နှစ်သက်တဲ့ စိတ်ကြောင့် အဆိုးသွမ်းဆုံး လူတွေဆီကိုသာ နောက်လိုက်အဖြစ် ပါဝင်ပြုစုခဲ့ပါတယ်။ အီဂျစ်ဖာရို၊ ဒရက်ဂူလာနဲ့ နပိုလီယံတို့ကို အလုပ်အကျွေး ပြုခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ အန္တာတိကမှာ သီးသန့်သွားရောက်နေထိုင်နေကြပါတယ်။ ဒါပေမယ့် နှစ်တွေ ကြာလာတဲ့အခါ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ပျောက်ဆုံးကုန်ပြီး စိတ်ဓာတ်ကျ ငြီးငွေကုန်ကြပါတယ်။ ဒီ Minion အပေါင်းကို ကယ်တင်ဖို့အတွက် သတ္တိကောင်းတဲ့ Kevin ဟာ သူ့ရဲ့ အကြံကို Minion တွေအားလုံး ကြားမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ...
6.4
IMDB: 6.4/10 205,246 votes
movie
Minions (2015)
Tangled Ever After (2012) 7.6
7.6
IMDB: 7.6/10 15,775 votes
movie