Anime – Channel Myanmar
Channel Myanmar

Anime

A Silent Voice (2016) 8.2
A Silent Voice (2016)   ဒီဇာတ်ကားကတော့ A Silent Voice ဖြစ်ပါတယ်။ Yoshitoki Ōimaက ရေးသားခဲ့ပြီးတော့ 2016 ခုနှစ်မှာ ထုတ်ဝေခဲ့တာပါ။ ဇာတ်လမ်းအမျိုးအစားကတော့ Drama အမျိုးအစားပဲဖြစ်ပါတယ်။ ရှိုးရက အမြဲတမ်းကျောင်းမှာ သူငယ်ချင်းတွေကို အနိုင်ကျင့်တတ်တဲ့ကျောင်းသားတစ်ယောက်ပေါ့။ တစ်ရက် ရှိုးရ ရဲ့ကျောင်းကို နားမကြားတဲ့ ကျောင်းသူသစ်တစ်ယောက်ရောက်လာတဲ့အချိန်မှာတော့ သူမက သူ့အတွက် အနိုင်ကျင့်ချင်စရာ ပစ်မှတ်တစ်ခုဖြစ်လာတယ်။ ဒီလိုနဲ့ ရှိုးရ နဲ့ သူ့သူငယ်ချင်းတွေက သူမကို တစ်ရက်တစ်ရက် နည်းလမ်းပေါင်းမျိုးစုံနဲ့အနိုင်ကျင့်ကြတာပေါ့။ ဒါပေမဲ့ ရှိုးကိုက ကျောင်းကထွက်သွားပြီးနောက်တော့ အားလုံးက သူ့ကိုဝိုင်းအပြစ်တင်ကြရော။ သူ့သူငယ်ချင်းတွေဆိုတဲ့လူတွေဘယ်သူမှ သူ့ဖက်မှ မရှိခဲ့ဘူးလေ။ ဒီလိုနဲ့ သူ့အပြစ်တွေနောင်တရပြီးတော့ လက်ဟန်သင်္ကေတဘာသာစကားကို သူသင်ခဲ့တယ်။ နောက် ၆ နှစ်ကြာပြီးတဲ့အချိန်မှာတော့ သူတို့နှစ်ယောက် ပြန်ဆုံကြတယ်။ ပြန်ဆုံပြီးနောက်ပိုင်း သူ့အတိတ်က အမှားတွေကို သူပြန်ပြင်နိုင်မလား ဒါမှမဟုတ် သူ့အတွက် နောက်ကျသွားပြီလား ဆိုတာကတော့...   Qty - 720p Web Dl Gern - Drama/ Romance Duration - 1hr 22min Translator - ...
8.2
IMDB: 8.2/10 12,530 votes
movie

A Silent Voice (2016)

2016
To the Forest of Firefly Lights (2011) 8.0
To the Forest of Firefly Lights (2011) ဂျပန်စာရေးဆရာYuki Midorikiwaကရေးခဲ့ပြီး 2011မှာanimeအဖြစ်အသက်သွင်းခဲ့ပါတယ် ရိုမန်တစ်ဆန်တဲ့ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ရည်းစားမရှိတဲ့လူတွေဖီးလ်စေမယ့် ကားမျိုးပဲဖြစ်ပါတယ် ဟိုတာရုရဲ့အသက်ခြောက်နှစ်အရွယ်လောက်က ကျေးလတ်မှာရှိတဲ့ သူ့အဖိုးရဲ့ရွာနားကတောအုပ်ထဲလမ်းပျောက်ပြီး ဂင်လို့ခေါ်တဲ့မျက်နှာဖုံးနဲ့ လူထူးဆန်းလေးနဲ့စတင်တွေ့ဆုံခဲ့ပြီး နွေရာသီရောက်တိုင်း သူတို့နှစ်ယောက်က အတူဆုံလေ့ရှိပါတယ် ဂင်ရဲ့ထူးခြားမှုက သူ့အသားကိုလူတစ်ယောက်ထိတာနဲ့ ဂင်ဟာထာဝရပျောက်ကွယ် သွားရမှာပါ သူတို့ရဲ့ဆက်ဆံရေးတွေကဘယ်လိုရှုပ်ထွေးလာပြီးတော့ ဘယ်လိုဇာတ်သိမ်းမလဲ ဆိုတာကို ဒါရိုက်တာ Takahiro Omoriကသေချာရိုက်ပြထားပါတယ်ဗျ ဇာတ်လမ်းကိုစစတင်ချင်းမှာပဲ တစ်ဟုန်ထိုးအောင်မြင်မှုတွေ ရပြီးတော့ International Film Festival, Anime Contents Expo နဲ့ Anime Expo conventionတွေမှာပြသခွင့်ရခဲ့ပါတယ်66th Annual Mainichi Film Awardsဆုပေးပွဲမှာ animation flim awardကိုလည်းရရှိထားတဲ့ကားကောင်းလေးပါ ကဲ အားပေးကြပါဦးဗျာ။ ( ဒီဇာတ်ကားလေးကို ဘာသာပြန်ပြီး အညွန်းပါရေးပေးတဲ့သူကတော့  Si Thu ပဲ ဖြစ်ပါတယ်ခင်ဗျာ) File Size : (350 MB) Quality : WEBRip 720p Running Time : 1hr 42min Format : Mp4 Genre : Animation, Drama, ...
8.0
IMDB: 8.0/10 6,933 votes
movie

To the Forest of Firefly Lights (2011)

2011
Charlie’s Angles:Full Throttle (2003)
Charlie’s Angles:Full Throttle (2003) 2003 ခုနှစ်ကထွက်ရှိခဲ့ပြီး တလောက တင်ဆက်ပေးလိုက်တဲ့ ၁ ရဲ့ အဆက်ကိုဆက်လက်တင်ဆက်ပေး လိုက်ပါတယ် ဇာတ်လမ်းလေးကတော့ သိထားကြတဲ့အတိုင်းပါပဲ အတိုက်အခိုက်အကြမ်းအရမ်းကိုသဘောကျတဲ့ ကိုကိုတွေ ကြိုက်ကားလေးပါ ဇာတ်လမ်းအကျဉ်းလေးကတော့ အကြမ်းဖက်မူတွေဆက်တိုက်ကျူးလွန်နေတဲ့ ရာဇ၀တ်ကောင်ကြီးက အချက်အလက်တွေသိုလှောင်ထား တဲ့ ပစ္စည်းတစ်ခုခုကိုခိုးယူသွားတဲ့အခါမှ မဒီချော ၃ ယောက်ကလိုက်လံ ထောက်လှမ်းပြီး ပြန်လည်ရယူပုံတွေကို စိတ်ဝင်စားဖွယ်တင် ပြရိုက်ကူး ထားတာမို့ ပရိတ်သတ်ကြီးက အားပေးလိုက်ကြပါအုံးဗျ ဘာသာ ပြန်ကတော့ ညီမလေး မေသူစိုး ပါ သူဘာသာ ပြန်ပြီးပေးထားတာကြာပါပြီ ကျတော်မအား တာကြောင့်ကြာနေတာပါလို့တောင်းပန်ရင်း တင်ဆက်ပေးလိုက်ပါတယ် Download Large File   Download Small File
IMDB: /10 votes
movie

Charlie’s Angles:Full Throttle (2003)

The Swan Princess: Princess Tomorrow, Pirate Today! (2016) 4.0
The Swan Princess: Princess Tomorrow, Pirate Today! (2016)   Animation ကိုစောင့်မျှော်နေကြတဲ့ ပရိတ်သတ်ကြီး အတွက် ၂၀၁၆ ထွက်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်း ပိုစတာကိုကြည့်ပြီးတော့ အထင်တော့ မသေးလိုက်ပါနဲ့ ဘာလို့ဆို ကျတော်လဲ အစက ပိုစတာ ကြည့်ပြီး တော်တော်လေး အထင်စမောခဲ့တာ ဇာတ်လမ်းထဲမှာကြည့်လိုက်တော့ မတူတာကိုတွေ့ရလိမ့်မယ်ဗျ အန်နီမေးရှင်းကအစ အပျံစားနဲ့ ဇာတ်လမ်းလေးကလဲ ကောင်းတယ်ဗျ ကောင်းလားမကောင်းလားဆို အရင် ၁၉၉၀ ပတ်ဝန်းကျင်ကတည်းက ဆက်တိုက်ထွက်လာတာ အခုထိဆိုပါတော့ဗျာ ဇာတ်လမ်း အကျဉ်းလေးကတော့ မင်းသမီးလေး အဲလစ်ဟာ သူ့မိဘတွေ နဲ့ အဝေးကိုရောက်နေချိန်မှာ ဘုရင်မ အာဘာတာ နဲ့ အချိန်ဖြုန်းပြီး ပင်လယ်ဓားပြလုပ်တမ်း ကစားရာမှာ ပင်လယ်ဓါးပြ အဲလစ်တယောက် ဘယ်လိုတွေများဆက် ကြုံလိုက်ရမလဲဆိုတာကိုတော့ Download On V.I.P Download Large File From Pcloud Download Small File From Pcloud
4.0
IMDB: 4.0/10 44 votes
movie

The Swan Princess: Princess Tomorrow, Pirate Today! (2016)

2016
The Garden of Words (2013) မြန်မာစာတန်းထိုး 7.6
The Garden of Words (2013) မြန်မာစာတန်းထိုး 2013 ထွက် ဂျပန် Anime ကောင်းလေးတစ်ခု တင်ပေးလိုက်ပါတယ်။ IMDb 7.3 နဲ့ Romance Drama အမျိုးအစားလေးပါ။ ဇာတ်လမ်းကတော့ ၁၅ နှစ်အရွယ် ဖိနပ်ချုပ်သမားလေး တစ်ယောက်ဟာ မိုးရွာတဲ့ မနက်ခင်းတွေမှာ ပန်းခြံတစ်ခုထဲမှာ ၂၇ နှစ်အရွယ် ထူးဆန်းတဲ့ အမျိုးသမီးတစ်ဦးနဲ့ အမြဲတစေ တွေ့ဆုံမိတတ်ပါတယ်။ ဖိနပ်ချုပ်သမားလေး Takao ဟာ မနက်ခင်း အတန်းတွေကိုလစ်ပြီး ဖိနပ်ဒီဇိုင်းထွင်ဖို့ လာနေခဲ့သလို အမျိုးသမီးလေး Yukino ဟာလည်း သူ့ပြဿနာတွေကြောင့် အလုပ်ကို ရှောင်တိမ်းရင်း လာနေခဲ့ကြတာပါ။ Takao ဟာ သူ့နှစ်သက်တဲ့ ဖိနပ်ပြုလုပ်ချင်း ပညာကို မျှဝေခံစားရင်း သူ့အတွက် ဖိနပ်တစ်ရံလုပ်ပေးဖို့တောင် ပြောခဲ့ပေမယ့် Yukino ကတော့ သူ့အကြောင်း ဘာမှဖွင့်မပြောပြခဲ့ပါဘူး။ တစ်နေ့မှာတော့ Takao တစ်ယောက် Yukino ရဲ့ ဘ၀ကို သိသွားတဲ့အခါ.......   File ...
7.6
IMDB: 7.6/10 8,961 votes
movie

The Garden of Words (2013) မြန်မာစာတန်းထိုး

2013
Attack On Titan 2 (2015)
Attack On Titan 2 (2015) ဒီဇာတ်​ကား က​တော့ ဂျပန်​ Anime နဲ့ manga ​လောက မှာ နာမည်​ကြီး ဇာတ်​လမ်းတစ်​ခုဖြစ်​တဲ့ Attack on Titans ကို လူသရုပ်​​ဆောင်​ ​တွေနဲ့ ပြန်​လည်​ ရိုက်​ကူးထားတဲ့ ဒုတိယပိုင်းဖြစ်​ပါတယ်​။ ကမ္ဘာဖျက်​ လူသားစား titan​ကောင်​ကြီး​တွေ ဟာ လူသားမျိုးနွယ်​ ​တွေကို မျိုးသုဉ်း​လောက်​သည်​ထိ ဒုက္ခ​ပေးနိုင်​စွမ်း ရှိပြီး လူသား​တွေ ရဲ့ ​နောက်​ဆုံး ​မျှော်​လင့်​ချက်​က အဲရန်​ ဆိုတဲ့ လူငယ်​​လေးနဲ့ သူ့ သူငယ်​ချင်း​တွေ ​ပေါ်ကို စုပြုံကျလာပါတယ်​။ Titan​တွေရဲ့ ရန်​ကို​ကြောက်​လို့ နံရံ​အမြင့်​ကြီး​တွေ ​နောက်​မှာ​နေ ​နေရတဲ့ လူသား​တွေ ထဲမှာ အဲရန်​ဆိုတဲ့ လူငယ်​က​တော့ အ​ကြောက်​အလန့်​ မရှိတဲ့ လူငယ်​တစ်​​ယောက်​။ သူ့သူငယ်​ချင်း အာမင်​ က​တော့ လူ​ကြောက်​တစ်​​ယောက်​ဖြစ်​ပြီး အဲရန်​ ​ပြောသမျှ ယုံကြည်​လက်​ခံ တတ်​တဲ့ ​ကောင်​မ​လေး ...
IMDB: /10 votes
movie

Attack On Titan 2 (2015)

Attack On Titan (2015)
Attack On Titan (2015)   ဒီကားထွက်ရင် ဘာသာပြန်မယ်လို့ပြောထားပြီး နောက်ကျနေလို့ဆောရီးပါ English Srt File က မထွက်သေးတာရယ်အလုပ်တွေလဲများနေတာရယ်ကြောင့်ပါ အခုတော့ အားလုံးပြီးသွားလို့ တင်ပေးလိုက်ပါပြီ။ ဒီကားကို မကြည့်ခင်အရင် ဆုံးပြောချင်တာကဇာတ်ကားပြီးလို့ စာတန်းထိုးပြီးတဲ့ထိပြီးဆုံးအောင် ကြည့်ပေးစေချင်ပါတယ် wink emoticon လွန်ခဲ့တဲ့ နှစ်၁၀၀ ကျော်ကပေါ်လာတဲ့ လူသားစားတဲ့တိုက်တန်တွေ.. တိုက်တန် တွေကိုကြောက်လို့ နံရံမြင့်ကြီးတွေ ထဲမှာနေနေရတဲ့လူသားတွေ.. တိုက်တန်တွေကို အယုံအကြည် မရှိခဲ့တဲ့အဲရန် နဲ့ သူငယ်ချင်း လူကြောက်လေးအာမင်.. ပြီးတော့ အဲရန်ပြောသမျှယုံကြည်တတ်တဲ့ ကောင်မလေးမီကာဆာတို့ .. နံရံ ကြီးတွေရဲ့အပြင် ဘက်ကိုထွက်ဖို့ ကြိုးစားကြတဲ့တစ်နေ့မှာ.... တိုက်တန်တွေ ပေါ်လာပြီးလူသားတွေ တိုက်ခိုက်ခံကြရပြီးတဲ့ နောက်မှာ အဲရန် အာမင်နဲ့ မီကာဆာတို့ ဘာတွေပြောင်းလဲ သွားကြမလဲဆိုတာရယ်... တိုက်တန်တွေ ကိုတိုက်ခိုက်ကြတာတွေ သေကွင်းသေကွက်တွေက တကယ်ကို ကြည့်လို့ကောင်းပါတယ် (18+ Rated ကားဖြစ်ပါတယ် သေတာတွေ ကြမ်းလို့နော်colonthree emoticon ) ဒီကားဟာ ဂျပန်Animation ဇာတ်လမ်းတွဲ တစ်ခုဖြစ်ပြီး ဂျပန်မှာလဲအရမ်းနာမည်ကြီးတဲ့ ကားဖြစ်ပါတယ် ( ဒီကားကို ရုံတင်တုန်းကလက်မှတ်မရလို့ ရုံးလစ်ပြီးကိုသွားကြည့်ပါတယ် tongue emoticon ) Anime ကြည့်ဖူးသူတွေကတော့ ဒီကားဟာAnime ...
IMDB: /10 votes
movie

Attack On Titan (2015)

Genres