Channel Myanmar

Asian

[18+] Palitan (2021) 5.5
[18+] Palitan (2021) မဖြစ်နိုင်တော့လို့ အတိတ်မှာချန်ထားရစ်ခဲ့ရတဲ့ အဲ့ဒီတစ်စုံတစ်ယောက်နဲ့ နောက်ထပ်တစ်ညတာ အတူဖြတ်သန်းခွင့်ရခဲ့မယ်ဆိုရင် ခင်ဗျားအနေနဲ့ဘယ်လိုဆုံးဖြတ်ကြမလဲ? တစ်ရှိုက်မက်မက်တမ်းတနေခဲ့တဲ့ သာယာမှု၊ အထိအတွေ့ အချစ်ဦးဆိုတဲ့ညံ့သက်တဲ့ခံစားချက်တွေကိုတစ်ညတာ ပြန်လည်ရရှိဖု့ိ တစ်သက်လုံးကြိုးစားတည်ဆောက်ခဲ့ရတာတွေနဲ့ လဲလှယ်ပစ်ဖို့အဆင်သင့်ရှိပါ့မလား? Jen ကပေါ်တင်ဝန်ခံထားတဲ့လိင်တူလိင်ကွဲနှစ်မျိုးလုံးစိတ်ဝင်စားတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး သူ့ပါတနာ James ကတော့ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ချို့နဲ့မြို့သားလူငယ်တစ်ယောက်ပါပဲ၊ တစ်ယောက်ချို့ယွင်းချက်ကိုတစ်ယောက်ဖြည့်ဆည်းဖာထေးကြရင်း နှစ်ယောက်ပေါင်းရှေ့သွားနောက်လိုက်ညီကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပြေလက်ပျောက်၊ဖိအားတွေနဲ့ဝေးရာကိုခဏ ပုန်းရှောင်တဲ့အနေနဲ့ Jen ရဲ့မွေးရပ်မြေနယ်မြို့လေးကိုခရီးထွက်လာကြပါတယ်။ အဲ့ဒီငြိမ်းချမ်းတိတ်ဆိတ်တဲ့နယ်မြို့လေးမှာ Jen ရဲ့အတိတ်၊ မေ့ဖျောက်ထားခဲ့တဲ့ အရိပ်တွေဟာ တဖန်ပြန်လည်နိုးထဖို့အသင့်ဖြစ်နေခဲ့ပါတယ်။ အဲ့ဒါကတော့ Jen ရဲ့ငယ်သူငယ်ချင်းလဲဟုတ်၊ ငယ်ချစ်ဦးလဲဖြစ်တဲ့ Marie ဆိုတဲ့ချစ်စဖွယ်မိန်းကလေးဟာ သူတို့နှစ်ယောက်လုံးရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ Al နဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အချိန်ကိုက်ဖြစ်နေလို့ပါပဲ။ တစ်ချိန်မှာဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ မဖြစ်နိုင်လို့ ချန်ထားခဲ့တဲ့ အတိတ်ဟာ သူတို့ရဲ့ ပစ္စပ္ပုန်နဲ့တကွ လက်ရှိသက်ဆိုင်သူတွေရဲ့ဘဝထဲကိုပါ ဘယ်လိုရိုက်ခတ်သက်ရောက်လာမလဲ ဆိုတာဆက်ရှုစားစေချင်ပါတယ်..ဒါရိုက်တာဟာ ကိန်းလိုရုပ်ရှင်ပွဲတော်ကြီးမှာအကောင်းဆုံးဒါရိုက်တာဆုရပြီး အပြည်ပြည်ဆိုင်ရာမှာနာမည်ကြီးလာတဲ့ Brillante Mendoza ဖြစ်ပါတယ်။ ဇာတ်လမ်းကို docudrama ပုံစံတင်ဆက်ထားတာဖြစ်တဲ့အတွက် အစပိုင်းမှာစုံတွဲနှစ်တွဲမင်္ဂလာဆောင်တဲ့ ကိစ္စတွေလျှောက်လုပ်နေရတာကိုတွေ့ရမှာဖြစ်ပြီး ရုပ်ရှင်မဆန်တဲ့စကားပြောတွေ လူမသိတဲ့ ဇာတ်ပို့ တွေနဲ့ ဇာတ်ညွှန်းရှိနေပုံမရတဲ့ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်။ အဓိကသရုပ်ဆောင်လေးယောက်ကလဲ အလားအလာအရှိဆုံးတက်သစ်စလူငယ်ကြယ်ပွင့်တွေဖြစ်ပြီး ဒီဇာတ်ကားမှာတော့ သူတို့ဟာရုပ်ရည်တင်မကပဲ အရည်အချင်းပါပြည့်ဝသူတွေဖြစ်တဲ့အကြောင်း ကောင်းကောင်းအစွမ်းပြသွားနိုင်ကြပါတယ်။ ဇာတ်လမ်းရဲ့Themed က GL ဘက်ကိုနွယ်ပြီးတော့လက်ထပ်ဖို့ရည်ရွယ်ပြီးသားလူငယ်တွေရဲ့ဇာတ်လမ်းဖြစ်တဲ့အတွက် ပွင့်လင်းတဲ့လိင်ဆက်ဆံခန်းများစွာပါဝင်ပါတယ်။နှစ်ယောက်တည်းဆက်ဆံတဲ့အခန်း၊ မိန်းမချင်းဆက်ဆံခန်း၊ ...
movie

[18+] Palitan (2021)

Tianqi Apocalypse (2021)
Tianqi Apocalypse (2021) ဒီတစ်ခါမှာတော့ English ရုပ်ရှင် Skyline နဲ့ Korea ရုပ်ရှင် Train to Busan တို့ကိုပြန်အမှတ်ရစေမယ့် တရုတ် ဇွန်ဘီ ဖုတ်ကောင်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်း စကားမပြောတတ်တဲ့ သမီးဖြစ်သူအတွက် သမားတော်ဆီမှာ ဆေး၀ယ်ပြီး အိမ်ကိုပြန်လာတဲ့ အဖေနဲ့ ဦးလေး..မြို့တစ်မြို့လုံးကိုမြူတွေဆိုင်းလာပြီး မြူခိုးထဲမှ မကောင်းဆိုးဝါး အငွေ့အသက်တွေကြောင့် ဖုတ်ကောင်ဖြစ်သွားကြတဲ့မြို့သူမြို့သားတွေကြားရောက်နေတဲ့သမီးကိုကယ်တင်ရတော့မယ့်အခါ..မကောင်းဆိုးဝါးတွေရန်က ဘယ်လိုရုန်းထွက်မလဲ။ သမီးကိုရော ပြန်တွေ့နိုင်ပါ့မလားဆိုတာခံစားကြည့်ရင်းရသမျိုးစုံခံစားရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။တင်ဆက်ပုံတစ်မျိုးပေမယ့် Train to Busan ကော Skyline ကိုကော သတိရမိစေတဲ့ကားကောင်းတကားမို့ ရှုစားအားပေးကြည့်လိုက်ပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ SST ဖြစ်ပါတယ်။) File size…(999 MB)/(550 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by SST
movie

Tianqi Apocalypse (2021)

Mad Detective (2007) 7.2
Mad Detective (2007) Mad Detective (2007)IMDb Rating (7.2)/Rotten Tomatoes (81%)ဒီဇာတ်ကားက မြင်နေကျ စုံထောက်ကားနဲ့မတူဘဲ အလွန်ပဲ ဒိပါတယ်... Mad Detective ဆိုတဲ့ အတိုင်း အရူးစုံထောက် ဘန်းရဲ့ အ​ကြောင်းပါ..ဇာတ်လမ်းအကျဥ်းက​တော့ ... ဘန်းဟာ စုံစမ်းစစ်​ဆေး​ရေးမှာ အရမ်းကို ​တော်တဲ့စုံထောက်​ဖြစ်ပေမယ့် သူ့ရဲ့ ရူး​ကြောင်​ကြောင်လုပ်ရပ်​တွေ​ကြောင့် ရဲဘ၀ကို စွန့်လွှတ်ခဲ့ရပါတယ် ဘန်းရဲ့ ထူးခြားတဲ့ ပါရမီ တစ်ခုက​တော့ လူ​တွေရဲ့ အတွင်းစိတ်ကို လူတစ်​ယောက်အသွင်နဲ့ မြင်နိုင်တာပါ...ရဲအရာရှိတစ်​ယောက် ပါတနာနဲ့ အတူ သူခိုးဖမ်းရင်း ​ပျောက်ချင်းမလှ တစ်နှစ်ခွဲ​လောက်​ပျောက်​နေတဲ့ ဒီအမှုဟာ အရာရှိဟိုရဲ့ လက်ထဲ​ရောက်လာပါ​တော့တယ် ရဲအရာရှိ ဟိုက​တော့ ဘန်းကို ​လေးစားခဲ့ရသူတစ်ဦး ဖြစ်တဲ့အ​လျောက် ဒီအမှုကို ​ဘယ်လိုမှ မဖြေရှင်းနိုင်​တော့ချိန်မှာ ဘန်းကို အကူအညီ​တောင်းပါ​တော့တယ်... ဘန်းဟာ တကယ်ပဲ ရူး​​ကြောင်ပြီး ​လျှောက်​ပြော​နေတာလား အတွင်းစိတ်​တွေကို တကယ် သိမြင်နိုင်တာလား... ဒါကိုတော့ ဇာတ်လမ်းကြည့်ရင်း အ​ဖြေရှာအမှုလိုက်ကြဖို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(1 ...
movie

Mad Detective (2007)

HEVC 1080p
Raging Fire ( 2021 ) 7.2
Raging Fire ( 2021 ) Donnie Yen နဲ့Nicholas Tse တို့လို မင်းသားကြီးနှစ်ယောက်ဦးဆောင်ထားတဲ့Raging Fire ဟာ China Box Office $100M နီးပါးရထားတဲ့အတွက်ထူးထွေပြီးညွှန်းစရာမလိုတဲ့ အက်ရှင်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်မင်းသားကြီး Donnie Yen ဟာ ကျန်းချုံးပန်းဆိုတဲ့ ဖြောင့်မတ်တဲ့မှုခင်းရဲအရာရှိတစ်ယောက်နေနဲ့သရုပ်ဆောင်ထားပြီး ရဲဝန်ထမ်းတွေကြားမှာတင်အကောင်းအဆိုးကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်Donnie Yen နဲ့Nicholas Tse တို့ဟာရင်းနှီးတဲ့လက်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ဖူးကြတယ်မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုလိုက်နေချိန်မှာ လူမိုက်ကိုလူမိုက်ပြန်သတ်မှုတွေဖြစ်လာတယ်သူတို့နဲ့ဒါတွေကဘယ်လိုပတ်သတ်နေလဲ ဘယ်အရာကသူတို့ရဲ့လမ်းကြောင်းတွေကိုကွဲသွားစေလဲ‌‌အညိုးအတေးတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် Quality : BluRay HEVC / WEB-DL 1080p , 720p , 480pFormat : mp4During : 2h 6minGenres : Action Subtitle : Myanmar Subtitle ( Hardsub )Translated By CCFEncoded By LK,Nyeinsaeya Aung
movie

Raging Fire ( 2021 )

Arisaka (2021) 6.3
Arisaka (2021) ဖိလစ်ပိုင်လူမျိုးတွေရဲ့ အစ လို့လည်း ငြင်းခုန်ရတဲ့၊ အခုထက်ထိ ပြဿနာတွေ တစ်ထွေးကြီး တက်နေသေးတဲ့ လူမျိုးရေး ပဋိပက္ခဆန်ဆန် အဖြစ်အပျက်တစ်ခုကြီး ရှိပါတယ်။ သူတို့တွေကို အိုင်းတာ (Aeta) လူမျိုးတွေလို့ခေါ်ပါတယ်။ ကြေးနီးရောင် အသားအရေနဲ့ ဆံပင်အကြေကောက်နဲ့ လေလိုလွတ်လပ်ပြီး ရေလိုသိမ်မွေ့ကြသူတွေပါ။သူတို့က ဓားမဦးချ ရေကြည်ရာမြက်နုရာ စိုက်ပျိုးလုပ်ကိုင်စားသောက်တတ်တဲ့ လောဘနည်း လိုအင်မဲ့ ဘုရားသခင်နဲ့ နီးစပ်သူတွေပေါ့။ လေးမြှားတစ်စင်းနဲ့ တောလည်လို့၊ မြေဆီကောင်းတဲ့နေရာလေး အိမ်တစ်လုံးဆောက်လို့၊ လျှပ်စစ်မဲ့၊ အင်တာနက်မဲ့၊ ဖုန်းမဲ့၊ တီဗွီမဲ့ကြပေမယ်လို့ အကြင်နာ မမဲ့ကြသူတွေ။သူတို့ရဲ့ခေတ်မမီခြင်းက လူတွေအတွက် အနှောင့်အယှက်ဖြစ်စေသလား။ ဖိလစ်ပိုင် မြို့ကြီးသားများကတော့ သူတို့ကို တိရိစ္ဆာန်တွေလို၊ အရိုင်းအစိုင်းတွေလို မြို့ပြနဲ့အဝေး နှင်ထုတ်ထားကြပါတယ်။ ယှဉ်ပြိုင်စရာ တရားရုံတော်မှာလည်း လူခံမရှိ၊ ကိုယ့်လူမျိုးထဲကမှာ ရာထူးရာခံကြီးသူလည်းမရှိတဲ့ သူတို့လေးတွေက တောနက်တွေထဲမှာပဲမွေးလို့ တောရဲ့ရင်ခွင်မှာပဲ ခေါင်းချကြပါတယ်။Death March လို့ခေါ်တဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးခေါ်ဆောင်တဲ့ ...
movie

Arisaka (2021)

Switch (2013)
Switch (2013) Action, Crime, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသား Andy Lau က အေးဂျင့်ဖိုက်တာတစ်ယောက်အဖြစ် အဓိကပါဝင်ထားပါတယ်။သိပ္ပံနည်းနည်းဆန်တဲ့တရုတ်အက်ရှင်ကားလေးတွေအများစုကပေါသလိုလိုဖြစ်သွားတတ်တယ်ဗျ။ ဒါပေမဲ့အခုကားလေးကိုတော့မပေါဘူးလို့မထင်ပါနဲ့၊ အခုကားလေးလည်းပေါတာပဲ။ ဒါပေမဲ့ပေါပေမဲ့တော်တော်ကြည့်‌လို့ကောင်းနေတာဆိုတော့ ပေါကောင်းလေးပေါ့။ဒါပေမဲ့ပေါတယ်ဆိုတာကနိုင်ငံတကာပရိသတ်ရဲ့အမြင်မှာပေါနေတာမျိုး‌ပေါ့ဗျာ၊ ထောက်ပြစရာလစ်ဟာတာတွေ၊ ဟိုဟာတွေ ဒီဟာတွေ ဘာညာကွိကွ ဘလာဘလာဆိုပြီး ပေါကားလို့သတ်မှတ်ခံရတာမျိုးပေါ့။ ဒါပေမဲ့ကြည့်လိုက်လို့အရမ်းကြီးငါ့အချိန်တွေသက်သက်ဖြုန်းလိုက်ရတယ်ဆိုတာမျိုးတော့မဖြစ်မယ့်ကားကောင်းလေးပါ။ နိုင်ငံကြီးသုံးနိုင်ငံပေါင်းကားဆိုတော့ ဗြိတိသျှရော တရုတ်ရော ဂျပန်ရောက စကီလန်းလန်းလေးတွေကိုကြည့်ရမယ်၊ ပိုပြီးကျစ်လျစ်အောင်လုပ်ရင်‌ရှယ်ကောင်းမယ့်ဇာတ်ကွက်ရှိနေတာရယ် အထဲက CGI တွေက ၂၀၁၃ နဲ့ဆိုအရမ်းကြီးမဆိုးနေတာရယ်ကတော့ ဒီကားလေးကို အဓိကကြည့်ပျော်ရှုပျော်ဖြစ်စေတဲ့အချက်ပါပဲ။အက်ရှင်ကားဆိုတဲ့အတိုင်း အက်ရှင်ကတော့ တကယ်အပြည့်အဝကိုပါတာပါ၊ အာရှမျက်စိနဲ့ဆိုကြည့်လို့တကယ်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဟိုးဒဏ္ဍာရီတည်းကနှစ်ပိုင်းကွဲနေတာကြာပြီဖြစ်တဲ့ ပန်းချီကားတစ်ကားရဲ့အပိုင်း ၂ ပိုင်းကို သူပြိုင်ကိုယ်နိုင်အပြိုင်လုကြမယ့် ဗြိတိသျှ၊ တရုတ်၊ ဂျပန်‌သုံးနိုင်ငံပေါင်းကားလေးဖြစ်ပြီး ဒီထဲကအဓိကအေးဂျင့် ရှောင်ဂျင်ဟန်ရဲ့အက်ရှင်ကြမ်းကြမ်းတွေ တရုတ်၊ ဂျပန်၊ အင်္ဂလန်ဂျက်မတွေရဲ့ အက်ရှင်‌ကောင်းကောင်းတွေကို အာရှမျက်စိလေးနဲ့ခံစားဖို့ ၂၀၁၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Switch ဆိုတဲ့အက်ရှင်ကားကောင်းလေးကိုညွှန်းလိုက်ရပါတယ်။ File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p ...
movie

Switch (2013)

2013
[18+] A Girl and A Guy (2021) 5.7
[18+] A Girl and A Guy (2021) ရက်ဖ် ဆိုတဲ့ကောင်လေးဟာ မာကတ်တင်းအေဂျင်စီတစ်ခုမှာ အလုပ်လုပ်ပေမယ့် ရေရာတဲ့ ဦးတည်ချက်မရှိ၊ဘယ်အရာကိုမှ အလေးထားဂရုစိုက်လေ့ မရှိတဲ့ပေါ့ပျက်ပျက်ကောင်လေးတစ်ယောက်ပါ။ ဖီယိုနာ ကတော့တစ်ချိန်ကျရင် နာမည်ကျော် ဒါရိုက်တာတစ်ယောက်ဖြစ်ချင်တဲ့ အိမ်မက်ကြီးကြီးမားမားကိုပွေ့ဖက်ရင်း လောလောဆည်မှာတော့ထုတ်လုပ်ရေးပိုင်းလက်ထောက်အဖြစ်နဲ့တာဝန်ယူထားပါတယ်။သူတို့နှစ်ယောက်ဟာ ပတ်ဝန်းကျင်အသိုင်းအဝိုင်း အနေအထားတွေ အစစအရာရာဝေးကွာတဲ့အပြင်တစ်ယောက်နဲ့တစ်ယောက်လဲမသိကြပါဘူး။ သူတို့နှစ်ယောက်ကြားမှာတူတာဘာရှိလဲဆိုတော့ လတ်တလောမှာမှ သူတို့တစ်သက်စာရည်ရွယ်တဲ့ချစ်သူတွေက ရက်ရက်စက်စက်လမ်းခွဲခြင်းကိုခံလိုက်ရတဲ့ စော်ပစ်ကောင်နဲ့ဘဲပစ်မလေးဖြစ်နေကြရှာတာပါပဲ။အဲ့ဒီကနေ ဘဝပျက်မတတ် အနာဂတ်ပျောက်မတတ်ခံစားမိကြရင်း အခြေအနေတွေကို နိုင်သလိုကောင်းမယ်ထင်သလိုပြန်လည်ထိန်းသိမ်းကြရင်းနဲ့ Tinder မှာ တစ်ယောက်နဲ့တစ်ယောက်ဆုံဖြစ်ကြပါတယ်၊ သူတို့နှစ်ယောက်အပြင်မှာဆုံမိကြမယ့်ဆဲဆဲမှာ Covid ဖြစ်ပွားမှုနဲ့ လော့ဒေါင်းကာလရှည် ချတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်အွန်လိုင်းပေါ်ကနေ ပိုမိုရင်းနှီးသံယောဇဉ်တွေတွယ်လာရင်းနဲ့မှ နောက်ထပ်ချစ်သူသစ်တွေ ကိုယ်စီရှာတွေ့သွားကြတဲ့အခါ..၊A Girl And A Guy ဟာ Rom/com အမျိုးအစားကိုမှလက်ရှိခေတ်အနေအထားနဲ့သရုပ်ဖော်ပြသွားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီတော့ ဇာတ်လမ်းအကျဉ်းထဲမှာထည့်မပြောထားပေမယ့် sex scenes တွေအများကြီးပါဝင်ပြီးတော့ တကယ်လဲကြမ်းတမ်းပါတယ်။(ကြည့်နေရင်းနဲ့ ဟာ ဒါကြီးလဲပြတာပဲလား ဆိုပြီးအံ့သြစရာတွေအထိပါပါတယ်)ဖိလစ်ပိုင်ကားတွေဂျင်းမဟုတ်ဘူးဆိုတာတစ်ခေတ်တစ်ခါက နာမည်ကျော် Silip/Daughters of Eve တို့ Scorpio Nights တို့လို ဇာတ်ကားတွေကြည့်ဖူးရင်သိမှာပါ။ Scorpio Nights ဆိုတာတစ်ချိန်ကလူငယ်တိုင်းကြည့်ဖူးကြမဲ့ ကိုရီးယားအပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း Summertime (2001) ရဲ့မူရင်းပါ။နောက်ပိုင်းတင်းကျပ်လာတဲ့ဆင်ဆာကြောင့်သာ လွတ်အောင်ရှောင်ရင်းပရိသတ်အတွက်၊ အားမရစရာတွေဖြစ်ခဲ့ပေမယ့် အခုလို Streaming တွေကထွက်လာတဲ့တစ်ချို့ကားတွေ၊ ...
movie

[18+] A Girl and A Guy (2021)

Miss GO (2012)
Miss GO (2012) Miss GO/Miss Conspirator (2012) ဇာတ်လမ်းအညွှန်း*****************************************ချောင်းဆူရိုဟာ အကြောက်လွန်ရောဂါသည်ဖြစ်ပြီး ဖုန်းတောင် တစိမ်းတွေနဲ့ စကားမပြောရဲတဲ့သူ တစ်ယောက်ပါ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ညီမဖြစ်သူက ကူညီဖြေရှင်းပေးပေမဲ့ ပညာတော်သင်အနေနဲ့ ညီမဖြစ်သူက ဂျပန်ကို သွားဖို့ ဖြစ်လာခဲ့ပါတယ်ညီမဖြစ်သူကို ဘူတာရုံ လိုက်ပို့ပြီး ပြန်တဲ့လမ်းမှာ အကြောက်လွန်ရောဂါ ထဖောက်လာတဲ့ ချောင်းဆူရိုကို စစ်စတာတစ်ယောက်က တွေ့ပြီး ကူညီပေးခဲ့ပါတယ် သူ့ကို ကူညီပေးလို့ စစ်စတာရဲ့ အကူအညီတောင်းမှုကို လက်ခံပြီး ဟိုတယ်ကို ကိတ်နဲ့ ပန်းစည်းသွားပို့တဲ့ ချောင်းဆူရိုဟာ ဟိုတယ်ခန်းထဲမှာ ဓားတန်းလန်းနဲ့ လူတစ်ယောက် သေနေတာကို တွေ့ပြီး ထိတ်လန့်သွားခဲ့ပါတယ်ရိုးရိုးတန်းတန်း ကိတ်မုန့်လာပို့တဲ့သူ မဟုတ်ဘဲ မူးယစ်ဆေး သယ်ပို့တဲ့သူ ဖြစ်သွားရတဲ့ ချောင်းဆူရိုကို မူးယစ်ဂိုဏ်းတွေဆီက ဖြတ်စားနေတဲ့ အကျင့်ပျက်ရဲတစ်ဖွဲ့က ဖမ်းဆီးပြီး အသုံးချဖို့ ကြံစည်ပါတော့တယ်နေ့ချင်းညချင်း ရဲတွေနဲ့ မူးယစ်ဂိုဏ်း နှစ်ခုရဲ့ အလိုရှိစာရင်း အသွင်းခံလိုက်ရတဲ့ ချောင်းဆူရိုဟာ ...
movie

Miss GO (2012)

[18+] Star of David: Beauty Hunting (1979) 6.0
[18+] Star of David: Beauty Hunting (1979) ဂမ်‌ပေရဲ့မုန်တိုင်းထန်တဲ့ညတစ်ညမှာ ထောင်ကလွတ်ထွက်လာတဲ့ လူသတ်မုဒိမ်းတရားခံတစ်ယောက်ဟာ၊ ခမ်းနားကြီးကျယ်လှတဲ့အိမ်ကြီးတစ်ဆောင်ထဲကိုခိုးဝင်လာပြီး အထဲမှာတွေ့တဲ့ပိုင်ရှင်သူကြွယ်လင်မယားနဲ့ ထိပ်တိုက်တိုးပြီး ဇနီးဖြစ်သူကိုသူ့ယောက်ျားရဲ့ရှေ့မှာရက်စက်ကြမ်းတမ်းစွာမုဒိမ်းကျင့်ခဲ့ပါတယ်။နောက်တစ်နှစ်အကြာသူဌေးလင်မယားမှာ တက်ဆုယာဆိုတဲ့ သားငယ်တစ်ယောက်မွေးဖွားလာခဲ့ပြီး ဇနီးဖြစ်သူကတော့ ကိုယ့်ကိုယ်ကိုသတ်သေသွားခဲ့ပါတယ်။ တက်ဆုယာအသက် ၁၆ နှစ်အရွယ်မှာကျောင်းသင်ခန်းစာကတစ်ဆင့်နာဇီတို့ရဲ့ကြမ်းတမ်းရက်စက်မှုတွေကိုသင်ယူခဲ့ရပြီး အဲ့ဒီသင်ခန်းစာတွေကပဲသူ့ရဲ့ငုပ်လျှိုးနေတဲ့ စိတ်ရိုင်းစိတ်မိုက်တွေနိုးထလာစေခဲ့ပါတော့တယ်။ နီးစပ်ရာ လွယ်ကူရာ မိန်းကလေးတွေကိုပြန်ပေးဆွဲ၊မြေတိုက်ခန်းထဲမှာချုပ်နှောင်၊ ကြိုးတုပ်ရိုက်နှက် ၊ နှိပ်စက် အဓမ္မကျင့် ဆိုတဲ့အမှုမျိုးတွေကို ဆက်တိုက်ကျူးလွန်လာရင်းက တစ်ဖြည်းဖြည်သူ့ပစ်မှတ်တွေက ထူးချွန်ကျောင်းသူလေး၊ တက်သစ်စ အဆိုတော်မိန်းကလေး စသဖြင့်ကျယ်ပြန့်လာပါတော့တယ်။ဂျပန်နိုင်ငံရဲ့နာမည်ကြီးသက်တမ်းရင့်ထုတ်လုပ်ရေး Nikkatsu ရဲ့ ရွှေခေတ်နောက်ပိုင်း Pink films တွေခေတ်ထတဲ့အချိန်တုန်းက ဂန္ဓဝင် ဇာတ်ကားတစ်ကားဖြစ်ပြီး၊ရုပ်ရှင်တစ်ကားလို့ မထင်ရအောင်ကြမ်းတမ်းပီပြင်တဲ့ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ ပြီးတော့ ဂျပန်ကားတွေမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ pixel censor မျိုးတွေ၊ အကွက်လိုက်ကြီးဖုံးထားတာမျိုးတွေလဲမပါဝင်တဲ့အတွက် ကြည်တောက်ရှင်းပဲကြည့်ရမြင်ရမှာ ဖြစ်ပါတယ်။(Dark Side Production မှ တင်ဆက်သည်။)File Size : (1.5 GB) & (550 MB) Quality : BluRay 1080p & 720p Running Time : 01:40:00 Format : mp4 Subtitle : Myanmar ...
movie

[18+] Star of David: Beauty Hunting (1979)

Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes
Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes ဒါကတော့ CM ကနေ ငါးကားမြောက်အဖြစ် တင်ဆက်ပေးမယ့် Young Detective Dee ဇာတ်ကားပါပဲ။ အရင်ကားများကို ကြည့်ဖူးသူများကတော့ နှလုံးပီတိ ဂွမ်းဆီထိပြီး ကြည့်ရမယ့် ဇာတ်ကားပေါ့။ Dee ရဲ့ ဟန် အရရော စုံထောက်ဇာတ်လမ်း ဟန် အရရော ဇာတ်ကွက် အလှည့်အပြောင်းတွေနဲ့ ဟာခနဲ ဟင်ခနဲ ဖြစ်စေရမယ့် ဇာတ်ကားတွေပေါ့။မကြည့်ဖူးသေးတဲ့ သူများအတွက်တော့ CM မှာ အရင်တင်ထားတဲ့ ဇာတ်ကားတွေကို ထွက်ရှိရာခုနှစ်ကို အလိုက် ကြည့်ရှုသင့်ပါတယ်။ဒီနေရာမှာ တစ်ခုပြောစရာရှိတာကတော့ မင်းသားတွေပါပဲ။ အဓိကဇာတ်ဆောင်မင်းသား နှစ်ယောက် ရိုက်ကူးထားပါတယ်။ Mark Chao နဲ့ Andy Lau တို့ပါ။ တကယ်တမ်း Dee ဇာတ်ကောင်နဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးသွားတဲ့ မင်းသားကြီး Andy Lau ကတော့ ကျွန်တော့်ရဲ့ အကြိုက်ဆုံးပါပဲ။ Mark Chao ...
movie

Detective Dee: The Sly Red Eye (2021)Di Renjie Red Eyes

4K HEVC Web-DL
[18+] My Husband, My Lover (2021)
[18+] My Husband, My Lover (2021) အဲလိုက်စ်ဟာ အလွန်အောင်မြင်ပြီး ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်သလို အိမ်ထောင်နှစ်ခုကိုတစ်ပြိုင်တည်းဦးဆောင်နေတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပါတယ်။ဟုတ်ပါတယ် အိမ်ထောင် ''နှစ်ခု'' ပါ။ဂရုစိုက်ကြင်နာတတ်ပြီး သူ့လိုပဲထက်မြက်တဲ့ခင်ပွန်းသည် နိုဝယ်ကို အဲလိုက်စ်တာဝန်ကျေသလိုပဲ တစ်ဖက်ကအိပ်ယာထဲမှာအကြမ်းပတမ်းအစွမ်းပြတတ်တဲ့တိတ်တိတ်ပုန်းချစ်သူ ဒင်းနစ်စ်ကိုလဲ မလစ်ဟင်းစေရပါဘူး။အားလုံးဟာ အဆင်ပြေပြေလည်ပတ်နေခဲ့ရာကနေ သူကိုယ်ဝန်ရှိနေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာတော့ ဇောက်ထိုးမိုးမျှော်တွေဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ကလေးအဖေဟာ တိတ်တခိုးချစ်သူဖြစ်တယ်လို့သူ့ဟာသူဆုံးဖြတ်ချက်ချပြီး ဒင်းနစ်စ်နဲ့သွားပေါင်းဖက်ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် ကလေးက အဖတ်မတင်သလိုဒီအင်အေစစ်ဆေးချက်အရ ကလေးအဖေဟာ သူ့ခင်ပွန်းအရင်း နိုဝယ်ဆိုတာသိလိုက်ရပါတယ်။ အဲ့ဒီတော့ နိုဝယ့်အပေါ်တဖန်ဂရုဏာစိတ်တွေယိုဖိတ်ပြီး ကားထဲမှာတစ်ခါ ဟိုတယ်မှာတစ်ခါတာဝန်တွေကျေမိပြန်ပါတယ်။အရင်က နိုဝယ်နဲ့ပေါင်းနေပေမယ့် အခုတော့ ဒင်းနစ်စ်နဲ့ပေါင်းနေတာဖြစ်တဲ့အတွက် သူကဘယ်သူ့အပေါ်ဖောက်ပြန်ရာကျနေမလဲ။ ဘယ်သူကလက်ရှိအချိန်မှာ လင်ကြီးဖြစ်နေလဲ။ ဒီလိုပဲ နိုဝယ်ကလဲ သူအပေါ်ကျောင်းထဲက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ လွိုက်ဒါဆိုတဲ့ချစ်သူနဲ့တွဲနေပြီဖြစ်တဲ့အတွက် သူက စနိုက်ကြော်ရာကျနေမလား။ ဒါဆိုရင် အဲလိုက်စ်ဟာ ခြံခုန်နွားမကြီးလား စနိုက်ကြော်မကြီးလား ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ဒီလိုဇာတ်လမ်းမျိုးတွေကိုအကြီးအကျယ်စိတ်ဝင်စားတတ်တဲ့ ပရိသတ်တွေအကြိုက်ဖြစ်ပြီး တစ်ဖက်ဆီကိုတစ်လှည့်စီမျှအောင်ပြပေးထားတဲ့အတွက် ဟိုပရိုဖိုင်သွားချောင်းလိုက် ဒီပရိုဖိုင်သွားချောင်းလိုက် အလုပ်မရှုပ်တော့ပဲအဆင်ပြေမှာပါ။ပြီးတော့ဖြစ်နေတဲ့ အခြေအနေတွေအပေါ် သူတို့ရဲ့ဆုံးဖြတ်ချက်တွေ တုန့်ပြန်မှုတွေ အချင်းချင်းအဆုံခန်းတွေမှာ စကားနာထိုးကြပုံတွေဟာ အတုယူမှတ်သားဖွယ်ရာ မက်ဆေ့ချ်တွေအပြည့်အဝရမှာဖြစ်ပါတယ်။(၁၈ နှစ်အထက်မှကြည့်ခွင့်ရမယ့် ဇာတ်ဝင်ခန်းများပါဝင်ပြီး ဘယ်သူမှနစ်နာမှုမရှိအောင်သိမ်းပေးထားတဲ့ဒီဖိလစ်ပိုင် အချစ်ဇာတ်ကြမ်းရဲ့ ဇာတ်သိမ်းကလဲ အရမ်းကောင်းတယ်.. ရှယ်ပါပဲ။) File size…(1.2 ...
movie

[18+] My Husband, My Lover (2021)

[18+] Invitation Only (2009)
[18+] Invitation Only (2009) မာရီယာအိုဇာဝါတို့လို ခပ်ဟော့ဟော့သရုပ်ဆောင်တွေနဲ့ ဒီဇာတ်ကားက ထိုင်ဝမ် Horror ဇာတ်ကားပါ။ဓနရှင်လူတန်းစားနဲ့နင်းပြားလူတန်းစားကြားက ကွာဟချက်ကို မီးမောင်းထိုးရိုက်ပြသွားတာမျိုး။ ဒါပေမဲ့တကယ်တမ်းပြောရရင်တော့ ဓနရှင်တွေ စိတ္တဇဖြစ်တယ်လို့ပဲဆိုရမှာမျိုး... In time ကားကလိုပေါ့ဗျာ။ ဓနရှင်လူတန်းစားတွေရဲ့ချမ်းသာမှုဟာ ဆင်းရဲသားနင်းပြားတွေဆီကတစ်ဖက်လှည့်နဲ့ယူထားတာမျိုးပဲလို့ သွယ်ဝိုက်ပြောထားသလိုမျိုးပေါ့။ဇာတ်လမ်းထဲမှာ ရက်ရက်စက်စက်ပက်ပက်စက်စက်သတ်လွန်းလို့ တော်ရုံမကြည့်ရဲရင် ကြည့်ဖို့မလွယ်ဘူး။ ထမင်းစားနေရင်းကြည့်ဖို့လုံးဝ/လုံးဝမသင့်တော်ဘူး။ ဇာတ်လမ်းသဘောတရားကတော့ မနုဿမုဆိုး ဓနရှင်တွေက ဆင်းရဲသားနင်းပြားတွေကိုရက်ရက်စက်စက်မညှာမတာသတ်တဲ့ကား။ သူတို့ကစိတ္တဇဖြစ်နေတာဆိုပေမဲ့ အကြောင်းအရင်းတွေတော့ရှိတယ်လေ။ ဒါမျိုးအင်္ဂလိပ်ကားတွေရှိပေမဲ့ ဒါကအာရှဖက်ကပုံစံမျိုးမလို့ အာရှစတိုင်သွားတယ်။ zombie ကားတောင် အနောက်တိုင်းကတစ်မျိုး အာရှကတစ်မျိုးဆိုတာသိလောက်မယ်ထင်ပါတယ်။ဇာတ်ကားထဲက ဆင်းရဲသားနင်းပြားတွေက ဘယ်လိုသားကောင်ဖြစ်သွားမယ်၊ ဘယ်သူတွေက အမဲလိုက်မယ်၊ ဘယ်လိုပယ်ပယ်နယ်နယ်သတ်မယ်ဆိုတာကတော့ တကယ်ကျောချမ်းဖို့ကောင်းတာမို့ လုံးဝကို horror ကားရှယ်ကြိုက်တဲ့သူတွေလက်လွတ်မခံသင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(3 GB)/(500 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung
movie

[18+] Invitation Only (2009)

Saving General Yang (2013) 6.4
Saving General Yang (2013) IMDb Rating(6.4)ရန်အိမ်တော်ဆိုတာနဲ့ တစုန့်ခေတ်က အရဲရင့်ဆုံးစစ်သူကြီးအဖြစ် လျောင်နိုင်ငံရဲ့ကျူးကျော်မှု‌တွေကိုတွန်းလှန်ခဲ့တဲ့စစ်သူကြီး "ရန်ရဲ့"ကို တော်တော်များများ သိကြမှာပါ။ နှစ်ပေါင်းများစွာ တစုန့်ပြည်အတွက် သက်စွန့်ဆံဖျားအစေခံရင်း အလုပ်အကျွေးပြုခဲ့တဲ့ သူ့ရဲ့နောက်ဆုံးတိုက်ပွဲအကြောင်းကို ဒီရုပ်ရှင်မှာလိုက်ပါစီးမျောခံစားလိုက်ပါ။ဇာတ်လမ်းအကျဉ်း............တစုန့်ပြည်ကိုကာကွယ်ရင်း လွန်ခဲ့သော ဆယ်နှစ်က သူအနိုင်တိုက်ခဲ့တဲ့ လျောင်စစ်တပ်ရဲ့ ဗိုလ်ချုပ်သားနဲ့ပြန်ရင်ဆိုင်ရတဲ့အခါ... စစ်ပွဲက သာမန်စစ်ပွဲနဲ့မတူတော့ဘဲ ရန်ငြိုးတွေကို အပြတ်ရှင်းကြမယ့်စစ်ပွဲဖြစ်နေတဲ့အခါ... ထောင်ချောက်မိပြီး ဝံပုလွေတောင်ခံတပ်မှာ ပိတ်မိနေတဲ့စစ်သူကြီးကိုကယ်တင်မယ့် သူ့သား၇‌ ယောက်... သူတော်စဉ်ကြီးရဲ့ သား ၇ ယောက်သွားပြီး ၆ယောက်ပြန်လာမယ် လို့ထွက်ပေါ်လာတဲ့ကောလဟာလ... တကယ့်အဖြစ်အပျက်နဲ့ဘာတွေလွဲမှာလဲ။ တကယ်တမ်းမှာ ဘယ်သူတွေအသက်ရှင်မှာလဲဆိုတာကို သမိုင်းဖြစ်ရပ်မှန်တွေနဲ့ ချိတ်ဆက်ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ဟောင်ကောင်ဒါရိုက်တာ Ronny Yu ရဲ့လက်ရာဖြစ်သလို အစအဆုံးဆွဲဆောင်မှုရှိရှိနဲ့တင်ဆက်ထားနိုင်ပါတယ်။CGI မကြိုက်တဲ့မိတ်ဆွေတွေအတွက် ကြည့်ရတန်မယ့်ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.8 GB)/(1 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Lwin Htoo Aung
movie

Saving General Yang (2013)

The Target (2014) 6.3
The Target (2014) ဒီကိုရီးယားကားကတော့ Action/Thriller ထဲမှာ တော်တော်ကောင်းတဲ့ကားမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်။မင်းသားမင်းသမီးတွေကလဲ Ryu Seung-ryong,Lee Jin-wook,Cho Yeo-jeong တို့လို တကယ့်နာမည်ကြီးဖိုက်တာတွေချည်းပါပဲ...ဇာတ်လမ်းကတော့မမျှော်လင့်တဲ့ ကိစ္စတစ်ခုကြောင့် ထွက်ပြေးလာရတဲ့ သူက ကားတိုက်မှုနဲ့ ဆေးရုံရောက်လာခဲ့တယ်။ အဲဒီနောက်မှာတော့ ထပ်ပြီးမမျှော်လင့်စရာကောင်းတာက ကုပေးရတဲ့ ဆရာဝန်ပါ။ သူ့ရဲ့ဇနီးကို အကြပ်ကိုင်မှုနဲ့အတူ ဆေးရုံကို ဘယ်ကနေဘယ်လို ဘယ်ကိစ္စကြောင့်ရောက်လာမှန်းမသိတဲ့သူကို ကယ်ထုတ်ရပါတယ်။ ဒီကြားထဲမှာလဲ ကိုရီးယားရဲတွေ၊ စုံထောက်တွေ၊ ထောက်လှမ်းရေးတွေက အဲဒီလူကို အသည်းအသန်လိုချင်နေကြတယ်။ အကြောင်းအရင်းကတော့ အဆောက်အဦးပိုင်ဆိုင်မှုကိစ္စအရှုပ်တော်ပုံမှာ လူသတ်တရားခံအဖြစ် သံသယရှိလို့ပါတဲ့။ ဇာတ်လမ်းက စိတ်ဝင်စားစရာကောင်းပြီး သနားဖို့လည်းကောင်း အက်ရှင်ခန်းတွေလည်းကောင်းပါတယ်လို့ ပြောရမယ်။ကိုရီးယားတို့ထုံးစံအတိုင်း ဇာတ်လမ်းလေးတော့ အနည်းငယ်ရှုပ်သယောင်ထင်ရပေမယ့် ပေါ့ပေါ့ပါးပါးကြည့်လို့ရနေတာကလည်း မမျှော်လင့်ရတာပါပဲ။ ဒါကြောင့် လူသတ်တရားခံအဖြစ် သံသယရှိသူနဲ့ ဆရာဝန်တို့ ဘယ်လို ၂ ပါးသွားကြမလဲ၊ သူတို့ကို ရဲတွေက ဘာကြောင့် အသည်းအသန်လိုချင်နေကြလဲဆိုတာကို ဇာတ်လမ်းလေးကြည့်ရင်း အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ File size…(1.3 ...
movie

The Target (2014)

2014
The Curse of Turandot (2021) 6.5
The Curse of Turandot (2021) ဒီဇာတ်ကားက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို အခြေခံပြီးရိုက်ကူးထားတာပါ။မင်းသမီး ထူလန်တော်ဟာ သူ့မွေးနေ့မှာ ခမည်းတော်ဘုရင်က ထူးဆန်းတဲ့လက်ကောက်သုံးခု အပါအဝင် လက်ဆောင်အများအပြားပေးလိုက်ပါတယ်.. ဒါပေမယ့် အဲဒီလက်ကောက်သုံးခုမှာပါဝင်တဲ့ မမြင်နိုင်တဲ့စွမ်းအားတွေကြောင့် မင်းသမီးဟာ အရောင်တွေကိုမခွဲခြားနိုင်တော့ဘဲ ထူးဆန်းတဲ့အပြုအမူတွေနဲ့ သီးသန့်ဆန်လာပါတော့တယ်။သူ၁၈ နှစ် မပြည့်ခင်မှာ ဒီလက်ကောက်သုံးခုရဲ့ ပဟေဠိသုံးခုကို မဖြေရှင်းနိုင်ရင် သူဟာနတ်ဆိုးဝင်စားသူအဖြစ် သတ်မှတ်ခံရပြီး သေဒဏ်ပေးခံရမှာပါ။ ဒါကြောင့် ဘုရင်ကြီးက သူ့သမီးအတွက် အဖြေရှာနိုင်တဲ့သူကို မင်းသမီးနဲ့လက်ထပ်ခွင့်ပေးမယ်လို့ တစ်နိုင်ငံလုံးကိုကြေငြာခဲ့တယ်။ဒီအချိန်မှာ မျက်လုံးအပြာရောင်ရှိတဲ့ မင်းသား ခါရာဖူဟာ မင်းသမီးထူလန်တော်ရဲ့ အလှအပမှာနှစ်မြောသွားတာကြောင့် မင်းသမီးလေးရဲ့အခက်အခဲတွေကို ဖြေရှင်းတိုက်ခိုက်ဖို့ စွန့်စားပါတော့တယ်။ဒဏ္ဍာရီပုံပြင်ကို အခြေခံရိုက်ကူးထားတာကြောင့် သဘာဝလွန်စွမ်းအားတွေနဲ့ Fantasy Romance အမျိုးအစားဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.8 GB) / (950 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie

The Curse of Turandot (2021)

Queens Return (2021)
Queens Return (2021) အသစ်ထွက် Action,Crime,Drama ဟောင်ကောင် ဇာတ်ကားလေးတင်ဆက်လိုက်ပါတယ်။မူးယစ်ဆေးဂိုဏ်းက ကွေ့ရန် ဟာ ရဲအရာရှိဖြစ်တဲ့ ဆရာရှူ ကိုသတ်ခဲ့ပြီးသူ့ညီ သောင်းပါးဆိုတဲ့ကောင်က ဆရာရှူရဲ့ ညီမလေးချင်းချိန်ကိုပါ မတော်မတရားကျင့်ကြံခဲ့ပါတယ်။ဒီအဖြစ်ဆိုးနောက်မှာတော့ ချင်းချိန်ရဲ့ရှင်သန်မှုတွေဟာ ကွေ့ရန်တို့ညီအစ်ကိုကို သတ်ပစ်ဖို့အတွက်သာ ဖြစ်လာပါတော့တယ်။သူမကိုယ်တိုင် ကွေ့ရန်ကို မသတ်နိုင်တဲ့အတွက် လူမိုက်ဟိန်းဟော်ဆီက အကူအညီယူပြီးသိုင်းပညာသင်ရင်းနဲ့လူမိုက်ဂိုဏ်းရဲ့ အရမ်းထက်တဲ့ဓားတစ်လက်နဲ့ သိုင်းပညာရှင်ဖြစ်လာပါတော့တယ်။မတရားမှုတွေ လက်စားချေလိုမှုတွေကြား ဘယ်လိုတွေရှေ့ဆက် စာရင်းရှင်းကြမယ်ဆိုတာ...။၁၇ ရာစုအစောပိုင်း ဟောင်ကောင်ရဲ့လူနေမှုအခြေအနေကိုပေါ်လွင်အောင်ရိုက်ကူးနိုင်တဲ့ဇာတ်လမ်းကောင်းလေးဖြစ်ပြီးAction သက်သက်မဟုတ်ဘဲ  သိပ်မိုက်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်လဲ ဖြစ်နေပါတော့တယ်။ File size…(1.4 GB) / (750 MB) Quality….WEB-DL 1080p/ 720p Format…mp4 Duration….01:30:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie

Queens Return (2021)

One More Shot (2021)
One More Shot (2021) ဟောင်ကောင်မင်းသားကြီး Louis Fan ရဲ့  Action ,Sci-Fi ဇာတ်ကားသစ်လေးကို တင်ဆက်လိုက်ပါတယ်....ဇနီးသည်သတ်ခံရပြီးနောက် စိတ်ကျရောဂါဖြစ်နေတဲ့ ပရော်ဖက်ရှင်နယ် သက်တော်စောင့်ဖိုက်တာကြီးဟာသမီးကလဲ ရောဂါနဲ့မို့ ဆေးကုသဖို့ စရိတ်တွေကို ခက်ခက်ခဲခဲရှာနေရတာပါ...တစ်နေ့မှာတော့ အေမီဆိုတဲ့ ကောင်မလေးတစ်ယောက်ကိုကယ်တင်မိခဲ့ပြီးသက်တော်စောင့်ရဲ့ဖိုက်တာစကေးတွေကို ကြိုက်သွားတာကြောင့် အေမီက သူ့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အလုပ်ကတော့ Virtual Reality VR တွေနဲ့ အလုပ်လုပ်ရမှာဖြစ်ပြီးအဲ့ VR မှာ သူ့ဇနီးသည် ပုံပေါ်လာတဲ့အပြင် အကြမ်းဖက်သမားတွေကပါ ရန်ရှာလာတဲ့အခါမှာတော့...။Action,Sci-Fi ဆိုတဲ့အတိုင်း ပွဲကတော့ရှယ်ကြမ်းကြမှာပါ။ File size…(950 MB) Quality….WEBRip 1080p Format…mp4 Duration….01:22:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie

One More Shot (2021)