Channel Myanmar

Asian

Warriors of the Rainbow: Seediq Bale – Part 1: The Sun Flag (2011) 7.5
Warriors of the Rainbow: Seediq Bale – Part 1: The Sun Flag (2011) Warriors of the Rainbow: Seediq Bale - Part 1: The Sun Flag (2011)IMDB (7.5) / Rottoen tomatoes ( 69%)ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်အပေါ် အခြေတည်ထားတဲ့ ထိုင်ဝမ်ကားလေးပါRating အရ‌လည်းကောင်းပြီး ဘတ်ဂျက်မှာလည်း ထိုင်ဝမ်ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ဘတ်ဂျက် အများဆုံးသုံးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်ဇာတ်လမ်းကတော့ထိုင်ဝမ်ကျွန်းကို ဂျပန်က နှစ်ငါးဆယ် ကိုလိုနီပြုထားတဲ့ ကာလအတွင်း ကို ဇာတ်အိမ်တည်ထားပါတယ်နှစ်ငါးဆယ်အတွင်း ဌာနေတိုင်းရင်းသားတွေရဲ့ ပုန်ကန်မှုတွေထဲကမှဆီးဒစ်ဘာလေ လူမျိုးစု ပုန်ကန်မှုကို အဓိက ပြထားတာပါဒီလူမျိုးစုက ၁၆ ရာစုမှာ ဟန်လူမျိုးတို့ ထိုင်ဝမ်ဖော်မိုဆာကျွန်းကို အခြေမချခင် နှစ်ငါးထောင်ကျော်တည်းက နေလာခဲ့တဲ့ လူမျိုးစုလည်း ဖြစ်ပါတယ်ထိုင်ဝမ်ကျွန်းက ဌာနေတိုင်းရင်းသားများစွာထဲမှာမှ ဆီးဒစ်တိုရဲ့ ဘဝအပေါ်ခံယူမှု၊ လူမှုဓလေ့ ၊ စားဝတ်နေရေးအတွက် အမဲလိုက်ကြပုံ ၊ကိုယ့်ဒေသ အပေါ် ချစ်ခင်တွယ်တာ ...
movie

Warriors of the Rainbow: Seediq Bale – Part 1: The Sun Flag (2011)

1080p Untouched
Minari (2020) 7.7
Minari (2020) Minari (2020) ========== IMDb Rating. = 7.7/10 Rotten Tomatoes. = 100%Minari ဟာ အတော် ရိုးရှင်းတယ်။ ပြောတတ်သလို အနီးစပ်ဆုံး ဥပမာပေးရရင် ဦးဖိုးကျားရဲ့ စကားပြေတွေလိုပဲ။ အကြောင်းအရာ အရေးအသားရိုးရှင်းတယ်။ ဒါပေမဲ့ ထိတယ်။ အမေရိကန်ရောက် ကိုရီးယားမိသားစုတစ်စုကို အခြေပြုပြီး အမေရိကန်အိပ်မက်မက်ကြသူတွေရဲ့ ဘ၀အကြောင်းကို ပြသွားရုံပဲ။ မိသားစုဆိုတဲ့ဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်သွားတယ်။ ဒီလိုပြသွားပုံလေး‌ဟာ အတော်လှတယ် ကြည်နူးစရာနဲ့ လှတာတော့မဟုတ်ဘူး။ ရင်နာနာနဲ့ လှတာ။သိပ်လှတဲ့ အချက်ကလေးတွေအများကြီးရှိတယ်။ ဒါပေမဲ့ အညွှန်းရဲ့မူလရည်ရွယ်ချက်က ခံစားမှုကိုလမ်းကြောင်းပေးဖို့ဆိုတော့ကာ ဇာတ်အိမ်ရိုးရှင်းတဲ့ ရုပ်ရှင်ကို ကျွန်တော် ဇာတ်လမ်းများများရေးပြဖို့ရာ မသင့်ဘူး။ အနုပညာပစ္စည်းကို ခံစားရတာကြိုက်တဲ့လူတွေမှာ သိပ်ချစ်စရာကောင်းတဲ့ ဗီဇတစ်ခုရှိတယ်။ ကိုယ်ခံစားရနှစ်သက်တာကို တစ်ပါးသူတွေကိုလည်း ခံစားကြည့်စေချင်တဲ့ ဆန္ဒပေါ့။ ကျွန်တော်လည်း ခင်ဗျားကို ဒီရုပ်ရှင်ကို ခံစားကြည့်စေချင်တယ်။ကျွန်တော့်အမြင်အရတော့ လီချန်းဒုံရုပ်ရှင်တွေရဲ့ ဇာတ်လမ်းတင်ပြပုံနဲ့ ဆင်တယ်။ဒါရိုက်တာရဲ့ ရက်စက်မှု ပါးတယ်။မသိမှုထည့်တာ ပါးတယ်။ သုံးထားတဲ့ စကားလုံးတွေဟာ လက်တွေ့ကျကျနဲ့သိပ်လှတယ်။ ဇာတ်လမ်းက မိသားစုရဲ့ အိမ်နဲ့စိုက်ခင်းရှိခဲ့တဲ့ နေရာဟာ ဒီရုပ်ရှင်က ဇာတ်ညွှန်းသမားနဲ့ဒါရိုက်တာလုပ်ထားတဲ့ Lee Isaac Chungရဲ့ ကြီးပျင်းခဲ့တဲ့နေရာနဲ့ အတူတူပဲ။ သရုပ်မှန်များလို့ပဲထင်တယ် သိပ်လက်တွေ့ကျတယ်။ အော်စကာ Best Picture ပြိုင်ဖို့ရဖို့ တန်မတန်ဆိုတာ ပညာရှင်တွေဆုံးဖြတ်ရမယ့်အလုပ်, ဒါပေမဲ့ မနှစ်က BPရတဲ့ Parasiteထက် ခံစားရပိုစစ်မှန်တယ်ဆိုတာ‌ကတော့ ကျွန်တော်ရဲရဲကြီး အာမခံတယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ ခံစားတင်ဆက်ထားတာပါ။)  File size…(1.6 GB) Quality….WEBscr 720p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Minari (2020)

Way to OB-GYN (2021) 8
Way to OB-GYN (2021) Way to OB-GYN (2021)ဒီဇာတ်လမ်းလေးကတော့ ဇွန်ဘီ ဇာတ်လမ်းပါပဲ။ဒါပေမယ့် မတူတာက ဇွန်ဘီတွေနဲ့ တိုက်ခိုက်မယ့်သူက ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ဖြစ်နေတာပါပဲ။ဇွန်ဘီဆိုတာက အရမ်းမြန်တဲ့ သတ္တဝါတွေပါ။ဗိုက်ကြီးသည်ဆိုတာကတော့ သိတဲ့အတိုင်း သာမန်လူတွေထက် လှုပ်ရှားမှု နှေးကွေးတဲ့သူပါ။ဒီလိုအမျိုးသမီး တစ်ယောက်က ဇွန်ဘီတွေကြားကနေ ကလေးမွေးဖို့အတွက် သားဖွားမီးယပ်ဆရာဝန်ဆီကို အရောက်သွားနိုင်ပါ့မလား ဆိုတာကို ဒီဇာတ်လမ်းထဲမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ဇွန်ဘီဇာတ်လမ်း သဘောကျတဲ့လူတွေ အကြိုက်တွေ့ဦးမယ့် ကားတစ်ကားပဲ ဖြစ်ပါတယ်။Title: 산부인과로 가는길 / Sanbuingwaro Ganeungil Also known as: On the Way to the Gynecologist Genre: Drama, black comedy, horror Duration: 1hr Broadcast network: tvN Broadcast period: 2021-Mar-31 Quality: 1080 P and 720 P Size: 1.28 GB ...
movie

Way to OB-GYN (2021)

2021
The Four Monkeys: The Return of Sun Wukong (2021) 6.5
The Four Monkeys: The Return of Sun Wukong (2021) စွန်းဝူခုန်းရဲ့ စွန့်စားခန်းတွေပဲကြည့်ပြီးတော့ ငြီးငွေ့နေပြီလား ?? ဒီတစ်ခါ စွန်းဝူခုန်းရဲ့ အချစ်အကြောင်းလေး ကြည့်ကြမလားနော် ? အရင်ဇာတ်လမ်းနဲ့မတူ တကယ်မိုက်တဲ့ကားလေးတစ်ကားပါ ။ စွန်းဝူခုန်းကို ဒီကားထဲမှာ လင်းမင်မျောက်မင်း လို့ခေါ်ပါတယ်... ကျောက်ကနေပြောင်းလဲလာတဲ့မျောက်ပေါ့....ဇာတ်လိုက်ကျော်မျောက်မင်းက လူတွေကိုအရမ်းကူညီတတ်ပါတယ်။ ဆုတောင်းတွေလည်း ဖြည့်ပေးတယ်။ တစ်ရက်ကို သုံးသောင်းရှစ်ထောင် သောဆုတောင်းတွေကို ပတ်ဖြည့်ပေးနေတာတဲ့ ။ ကောင်းတာလည်းရှိသလို မကောင်းတာလည်းရှိတာပေါ့ ။ အပင်မြင့်လေ လေတိုက်လေဆိုတဲ့အတိုင်း အဲ့ဒါကိုမနာလိုတဲ့ နတ်ဒေဝါတွေလည်းရှိသတဲ့။တစ်နေ့မှာတော့ ရွာကိုမိုးရွာပေးဖို့ ဆုတောင်းလာတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထိပ်တိုက်တိုးပါလေရော... မျောက်မင်းကလည်း ဆုတောင်းတွေအကုန်ပြည့်စေရမယ်လို့ပြောသွားပါတယ်။ဒါပေမဲ့လည်း.. ဒါပေမဲ့လည်းပေါ့...တစ်ရက်မှာ သုံးသောင်းရှစ်ထောင်သော ဆုတောင်းတွေကြားထဲမှာ ကောင်မလေးတစ်ယောက်ရဲ့ ဆုတောင်းကဘယ်လိုဖြစ်သွားမလဲ.... မျောက်မင်းကိုမနာလိုနေတဲ့ နတ်ဒေဝါ တွေကရော ဘယ်လိုအကောက်ကြံမလဲဆိုတာ အချစ်ဒရာမာလေးကတစ်ဖက် တိုက်ခိုက်မှုတွေကတစ်ဖက်နဲ့ မရိုးနိုင်အောင်ကြည့်ရမယ့်ကားလေးတစ်ကားမို့ တင်ဆက်ပေးလိုက်ပါတယ်နော်.... Translated by : JoJo VaEncoded by; YKFile Size : 1.2GB ...
movie

The Four Monkeys: The Return of Sun Wukong (2021)

2021
Magic Town (2021) 8.7
Magic Town (2021) Magic Town (2021)အရာအားလုံးက ကံစီမံရာအတိုင်းပဲဆို ဘာမှကြိုးစားစရာမလိုတော့ဘူးလား ဒါမှမဟုတ် ကံစီမံတာထက် ပိုပြီးကောင်းအောင် ကြိုးစားလို့ရောရရဲ့လား ။ တကယ့်ကို အတွေးများစေတဲ့ ကားလေးတစ်ကားပါ ။ဇာတ်လမ်းလေးကတော့ ချန်လူကြီးမင်းအိမ်ရဲ့ လူသတ်မှုနဲ့စပါတယ် ။ ထင်ကြေးပေးကြတာတော့ မကောင်းဆိုးဝါးဝင်ပူးလို့ပါ ။ ဒါပေမဲ့လည်း ချန်အိမ်တော်မှာ လူပေါင်း ၂၀ လောက် ထပ်ပြီးသေဖို့ကျန်ပါသေးတယ် ။ တကယ်လည်း သေကြမှာပါ ။ သွေးရိုးသားရိုး သေမှာ မဟုတ်တာ တစ်ခုပဲ ။ဘယ်လိုပဲသေသေ သူများရဲ့ ကြံစည်မှုကြောင့်သေဆုံးရင် လူသတ်မှုမြောက်တယ်မလား ။ ဒါကို ဖြေရှင်းချင်သူကတော့ လူဆိုးထိန်းမမ လီကျောင်းရန် ။ နောက်ကွယ်က အောက်လမ်းနည်းနဲ့ တိုက်ခိုက်နေတဲ့လူကို လိုက်လံရှာဖွေချင်ပေမဲ့ ချန်အိမ်က လူပေါင်း ၂၀ က ဒီလိုအောက်လမ်းနဲ့ သေဖို့ကံကြမ္မာပါလာပြီးသားဖြစ်နေပါတယ် ။ ဒါကြောင့် ငယ်သူငယ်ချင်း ပရောဟိတ်ဆရာ ကျုံးခွန်း ကတော့ သူတို့တွေ သေကိုသေကြရမှာဖြစ်ပြီး ဘယ်လိုမှ ကယ်တင်လို့မရနိုင်ပါဘူးလို့ အတင်းငြင်းနေခဲ့ပါတယ် ။ကံကြမ္မာကို ပြောင်းလဲဖို့ ကြိုးစားတဲ့ လီကျောင်းရန် တစ်ယောက် သူ့ရဲ့ ...
movie

Magic Town (2021)

Killer Shark (2021) 8.2
Killer Shark (2021) Killer Shark (2021)“ကိုယ်...မင်းကိုအရမ်းချစ်တယ်ဒီလိုပြောပြီး ကျွန်မကို ကျောခိုင်းသွားခဲ့တဲ့ရှင့်ကို ကျွန်မမုန်းတယ်.....ပင်လယ်ကြီးရေ..ရှင်ဟာ စိတ်ပျက်စရာကောင်းလွန်းလှသလို နှစ်သက်စရာလည်းကောင်းပါတယ်လူကို အံ့ဩစေနိုင်တဲ့ အစွမ်းတွေရှိတဲ့ သဘာဝကြီးတစ်ခုပေါ့...ဒါပေမဲ့.... ကျွန်မတော့ ရှင့်ကိုမုန်းပါတယ်”CM ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ အချိန်တစ်နာရီလောက် မထတမ်းကြည့်လို့ကောင်းမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါမယ် ။ ပိုစတာကိုကြည့်တာနဲ့ သောင်းကျန်းတော့မယ့် ငါးမန်းမှန်း သိပြီးသားဖြစ်မှာပါ ။ ဒါပေမဲ့ ပရိသတ်ကြီးမသိသေးတာက ဒီကားလေးထဲမှာ သံယောဇဉ်တွေ ၊ လူတွေရဲ့စိတ်နေသဘောထားတွေ ပြီးတော့ အရမ်းမိုက်တဲ့ ကွန်ပျူတာအဖက် တွေပါဝင်နေတယ်ဆိုတာပါပဲ ။လူငယ်လေးတစ်စု အားလပ်ရက်မှာ ပင်လယ်ဘက်ကို အပန်းဖြေခရီးထွက်လာကြပါတယ် ။ ဘာပြသာနာမှမရှိပေမယ့် အုပ်စုထဲက စုံတွဲတစ်တွဲရဲ့ အချစ်စမ်းမှုတွေကြောင့် စီးလာတဲ့ သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်မိသွားပါတယ် ။ ဇာတ်လမ်းက အဲ့ကစတာပေါ့နော် ။ပင်လယ်ပြင်ကြီးထဲမှာ ကယ်မယ့်သူမရှိတုန်း တစ်ခုတည်းသော လုပ်စရာရှိတာက ကျွန်းငယ်လေးတစ်ခုဆီ လက်ပစ်ကူးသွားဖို့ပါ ။ အဲ့တော့ ဒီသူငယ်ချင်းတစ်သိုက် ...
movie

Killer Shark (2021)

2021
The Dog (2010)
The Dog (2010) ဘဝက လှည့်ကွက်တွေနဲ့ ပြည့်နေတတ်တယ်တဲ့ ဒီကားလေးကတော့ အဖေ့ရဲ့ ဂရုစိုက်မှုကို ခွေးလောက်တောင် မရတာကြောင့်ဆိုးသွမ်းနေတဲ့ သူဌေးသား Bank နိုင်ငံတော်က ပြည်သူတွေထက် ခွေးကို အရေးပေးနေလို့ ဒေါသူပုန်ထ ဆန္ဒပြနေတဲ့ Den အသက်အငယ်ဆုံး ကွန်ပြူတာပညာရှင်ဖြစ်တာကြောင့် သူ့ပညာတွေ ထုတ်သုံးပြချင်နေတဲ့ ‌ခွေးချစ်တဲ့ Art သူတို့ သုံးယောက်ရဲ့ ရည်ရွယ်ချက် "ခွေးခိုးဖို့" က ထပ်တူညီနေတဲ့အခါ သူတို့ထင်ထားသလို မရိုးရှင်းပဲ မထင်ထားတဲ့ လျှို့ဝှက်ချက်တွေ သူတို့ သိသွားတဲ့အခါ 2010 ကထွက်ရှိခဲ့တဲ့ ဒီကားလေးကတော့ ဇာတ်အိမ်က မရိုးမဆန်းလေးဖြစ်တာကြောင့် ထိုင်းကားကြိုက်သူတွေအတွက်ကြည့်ပျော်မှာဖြစ်ပါတယ်ရှင်။  File size…(1.5 GB) and (999 MB) Quality…HDRip 1080p and 720p Format…mp4 Duration….01:34:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Suzy Jirakit Thawornwong
movie

The Dog (2010)

Everyone is there (2020) 7.8
Everyone is there (2020) Everyone is there (2020)တောင်းဆိုမှုများနေတဲ့ ဇာတ်ကားလေးမို့ မရမက ရှာကြံပြီး တင်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ဆိုးယွန်း ဆိုတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်က ကျောင်းမှာ အမြဲတမ်းလိုလို အနိုင်ကျင့်ခံရပါတယ်။ဒီတစ်ခါမှာတော့ အပြင်းအထန် ဒဏ်ရာရပြီး ဆေးရုံတက်နေရတဲ့အချိန်မှာ သေချင်လာတဲ့အထိ ဖြစ်ပြီး သေကြောင်းကြံဖို့ ပြင်နေတဲ့အချိန်မှာ ဂန်အီယောင်းဆိုတဲ့ ကယ်တင်ရှင်တစ်ယောက် ပေါ်လာခဲ့ပါတယ်။သူနဲ့တွေ့ပြီး အနိုင်ကျင့်ခဲ့တဲ့ ကျောင်းသူတွေကို လက်စားချေဖို့ ပြင်ဆင်တဲ့အချိန်မှာ ဆိုးယွန်းနဲ့ အမူအကျင့်ချင်း လုံးဝမတူတဲ့ ဆိုးယွန်းရဲ့ အမြွာညီမကို ရှာတွေ့ခဲ့ကြပြီး ဘယ်လိုလက်စားချေကြလဲ ဆိုတာကတော့ ဆက်လက်ရှုစားကြရမှာပဲ ဖြစ်ပါတယ်။ပိတ်ရက်မှာ အားလုံး အပန်းပြေကြလိမ့်မယ် စိတ်ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။My Drama List မှာ 7.8 ရထားပါတယ်။File size… 1GB and 460MB Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr Subtitle….Myanmar Subtitle (Hardsub) Translator ..... Thinzar Htet Encoder ..... August
movie

Everyone is there (2020)

2020
Chennai Express (2013) 6.0
Chennai Express (2013)  ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါး လေးနဲ့ ရယ်ရွှင်ကြည်နူးဖွယ် ဇာတ်ကားလေးပေါ့ ။ ရင်ဘတ်ကြီးရဲ့ သန်မာမှုက လက်ရုံး ခွန်အားထက် ပိုမိုသာမွန်ကြောင်း သက်သေပြစေခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအကျဉ်း ရာဟူးဟာ လူပျိုကြီးတစ်ယောက်ပေါ့။ သူငယ်စဉ်ကတည်းက မိဘနှစ်ပါးစလုံးမှာ အက်စီးဒင့်ဖြစ်ခဲ့ကြပြီး အဘိုးက ကျွေးမွေး စောင့်ရှောက်ခဲ့ပါတယ်။ အဘိုးလည်း ကွယ်လွန်ပြီးနောက်မှာတော့ ရာဟူးဟာ အဘိုးရဲ့ဆန္ဒအရ အရိုးပြာတွေကို ယမုံနာမြစ်ထဲ မျောချစေချင်တဲ့ သူ့ အဘွားရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး တစ်ခြား နေရာကို ခရီးသွားဖို့ လုပ်ပါတယ်။ရာဟူးဟာ သူ့အဘွားကို လှည့်စားဖို့ ယမုံနာ မြစ်ဆီသွားဖို့ Chennai Express ရထားလေးစီးနင်းခဲ့ရပြီး ရထားပေါ်၌ မီရာကို တွေ့ခဲ့ပါသည်။ မီရာဟာ မာဖီယားခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်ပြီး အခုလည်း လူဆိုးတစ်ဦးနှင့် အတင်းပေးစားခံရသောကြောင့် ထွက်ပြေးလာခဲ့သည်။ မီရာဟာ သူမ၏ ဘဝအကြောင်းပြောပြခဲ့ပြီး သူမ၏ ချစ်သူ အဖြစ် ...
movie

Chennai Express (2013)

HEVC 1080p 5.1
The Royal Bride 5..1
The Royal Bride The Royal Bride (2020)ဒီတစ်ခါတော့ ပရိသတ်အတွက် အရသာအသစ် ရနိုင်မယ့် ဗီယက်နမ် ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ခုနောက်ပိုင်း အာရှကားတွေထဲမှာ ဗီယက်နမ်ကားတွေလည်း အတော်အတန် အဆင့်ရှိလာတာကို တွေ့ရပါတယ်။ ဒီကားလေးလည်း ရိုက်ချက်တွေရော ဇာတ်လမ်းတင်ပြပုံရော အတော်လေး ကောင်းတာကို တွေ့ရပါတယ်။ တော်တော်လေးလည်း တခမ်းတနားနဲ့ ပြနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ တော်ဝင် သတို့သမီး တစ်ယောက်အကြောင်းပေါ့။မင်းသမီးက ကူယင် ဆိုတဲ့ တီဗွီအစီအစဉ် တင်ဆက်သူပါ။ သူ့အစီအစဉ်က အတင်းအဖျင်းတွေကို ဖော်ထုတ်တဲ့ Showbiz Face-off ဆိုတဲ့ အစီအစဉ်ပါ။ သူ့အစီအစဉ်ကို စုံတွဲလာရင် ကွဲတယ်။ သူငယ်ချင်းတွေ လာရင် ရန်ဖြစ်ကြတယ်။ ဒီလို အစီအစဉ်မျိုးပေါ့။မင်းသားကတော့ ဂျက်လို့ နာမည်ရတဲ့ တော်ဝင်မျိုး တော်ဝင်နွယ် တစ်ယောက်ပေါ့။ ဒီတော့ ဂျက်ရဲ့အမေက ဂျက်ကို ကူယင်နဲ့ သဘောမတူနိုင်ပါဘူး။ ဒါပေမယ့် ဂျက်ရဲ့အမေကလည်း တစ်ခေတ်တစ်ခါက နာမည်ကြီး ရုပ်ရှင်မင်းသမီးကြီးပါ။ သူ ဘာလို့ သဘောမကျရတာလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရပါမယ်။ဂျက်ရဲ့အမေက ဂျက်ကို ဇာတိမြို့ ...
movie

The Royal Bride

2020
More Than Family (2020) 6
More Than Family (2020) More Than Family (2020)"မိသားစုထက် ပိုတယ်" ဆိုတဲ့ ခေါင်းစဉ်အတိုင်းပဲ မိသားစုတွေအကြောင်းရိုက်ထားတဲ့ကားလေးပါFx အဖွဲ့က Krystal လေး က ဗိုက်တစ်လုံးနဲ့သရုပ်ဆောင်ထားပါတယ် တက္ကသိုလ်ကျောင်းသူဂိုက်ဆရာမလေးဟာ စိတ်လက်တစ်ဆစ်နဲ့ ဟောဟောဒိုင်းဒိုင်း လုပ်ချင်တိုင်းလုပ်တတ်တဲ့ ကောင်မလေးပေါ့သူ စာသင်ပေးနေတဲ့ အထက်တန်းနောက်ဆုံးတစ်နှစ်ကျ ကျောင်းသားလေးနဲ့ စာသင်ရင်းက အရှိန်လွန်ပြီး ကိုယ်ဝန်ငါးလဖြစ်သွားတော့တယ် (ဘယ်လိုအရှိန်လွန်တာလဲတော့ မမေးနဲ့ဗျနော့)အဲ့ဒါကို နှစ်ဖက်မိဘတွေကိုပြောတဲ့အခါမှာ ဘယ်လိုတွေဖြစ်လာလဲကိုယ်ဝန်ကြီးနဲ့ အဖေရင်းလိုက်ရှာတဲ့ဆရာမလေးကရော တွေ့မှာလား မိသားစုတွေရဲ့တွေးခေါ်ပုံတွေမတူတဲ့အခါ လက်ခံနိုင်စွမ်းတွေလည်းကွာဟတယ်ဆိုတာကို ရယ်ရင်းမောရင်းနဲ့ကြည့်ရအောင်ဇာတ်လမ်းကို ဖတ်ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘဲ ရိုးရှင်းနေတဲ့ ဇာတ်ကားလေးပါပဲ။ ဒါပေမယ့် ကြည့်မိရင်တော့ အဆုံးထိကြည့်မိမှာ သေချာပါတယ်။ဘာမှမကြည့်ချင်ရင်တောင် Krystal လေးရဲ့မျက်နှာပြောင်လေးကြည့်ရရုံနဲ့တင်တန်ပါတယ် ကြည့်ကြပါလို့File size… Quality….WEB-DL 1080p and 720p Format…mp4 Duration…. 1hr 50min Subtitle….Myanmar Subtitle (Hardsub) Encoder…. August Translated by ..... Thinzar Htet
movie

More Than Family (2020)

2020
[18+] Strange Hair Salon (2015)
[18+] Strange Hair Salon (2015)  Dark Side Production မှ တင်ဆက်သည်။Pink ဆိုတဲ့ မမကြီးပိုင်တဲ့ Beauty Salon ဆိုင်မှာ Mina ဆိုတဲ့အလန်းလေးက Salon ဝန်ထမ်းလုပ်နေတာပါ...ပြသနာက သူတို့ Beauty Salon ကို လူသိပ်မလာကြပါဘူး..ဒီတော့ Mina က Pink ကို အကြံပေးတယ်...ဆိုင်ကို ယွကျားလေးသီးသန့်ပြောင်းပြီး ဘာညာကြမလားဆိုပြီးတော့ပေါ့...Pink က အစကတော့ အင်တင်တင်ပဲ..ဒါပေမယ့်လူကျလာမလားဆိုပြီး စမ်းကြည့်တာပေါ့ဆိုပြီး ဝုန်းကြပါလေရော...ချက်ချင်းပဲ ဆိုင်က နာမည်တွေကြီးကုန်လို့ လူတွေကြိတ်ကြိတ်တိုးလာကြရော...ဒီလိုချိန်မှာ ဘဲအလန်းလေးတစ်ပွေကို ပိုင်ရှင်မမကြီးကကြွေနေသလို..ရှူးဂါးဒယ်ဒီတစ်ပွေကလဲ Mina အလန်းလေးကို ကြွေသွားကြတဲ့အခါ...ဒီ Beauty Salon ဆိုင်ကြီး ဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာ....။ File Size : (1.2 GB) Quality : HD-Rip 720p Running Time : 01:24:00 Format : Mp4 Subtitle : Myanmar Subtitle (Hard ...
movie

[18+] Strange Hair Salon (2015)

For a Few Bullets (2016)
For a Few Bullets (2016)  အခါတစ်ပါး၌ ဂျပန်သည် တရုတ်ပြည်ကို အုပ်စိုးရန် ကျူးကျော်ဝင်လာကြ၏။တရုတ်ပြည်လဲ ကပ်ဆိုက်လေသည်။ဂျပန်တို့သည် အရှေ့အာရှ သာတူညီမျှ ဘလာ ဘလာ ဘလာ ကြွေးကြော်ပြီးတရုတ်ပြည်သူများကိုကျုံးသွင်းရန်ကြံဆောင်နေလေသည်။ထိုကာလ၌ ပျောက်ဆုံးနေပြီဖြစ်သော ရှေးတရုတ်အင်ပါယာတို့၏ အထိမ်းအမှတ် ယူချီဟူသော တံဆိပ်တုံးကိုဂူသင်္ချိုင်းတစ်ခုမှ ပြန်လည်တူးဖော်ရရှိလာကြောင်း ဂျပန်တို့သတင်းရရှိလေသည်။ထိုတံဆိပ်တုံးသည် အင်ပါယာ၏အမှတ်အသားဖြစ်သလို ကျောက်စိမ်းတုံးပေါ်တွင်ထွင်းထုထားခြင်းဖြစ်လေရာတန်ဖိုးအရကြီးမားလှပြီး ရှေးဟောင်းအမွေအနှစ်အစစ်အမှန်လဲဖြစ်ပေသည်။ဂျပန်တို့သည် တရုတ်ပြည်သူများကို ထိုတံဆိပ်တုံးဖြင့် ဂျင်းထည့်ရန် အာရုံရလေသည်။ထိုသတင်းကိုသိလေသော တရုတ်မျိုးချစ်တို့သည် ဂျပန်တို့လက်ထဲ တံဆိပ်တုံးမရောက်ရှိစေရန် လျှို့ဝှက်လုပ်ဆောင်လေသည်။ခိုးယူရမည်ဖြစ်သောကြောင့် တရုတ်ပြည်၏ အတော်ဆုံးသူခိုးနှစ်ယောက်ကို အသုံးချမိသောအခါ....။တရုတ်ပြည်၏ တစ်ချိန်က အတော်ဆုံးသူခိုး ချိဖော်။ချိဖော်ကဲ့သို့ နာမည်ကြီးချင်နေသော ကျန်ကျောင်း။သေနတ်ပစ်တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော တရုတ်မျိုးချစ်သမလေး ယူရင်။ရက်စက်ကြမ်းကြတ်သော လူသတ်သမား အပိုင်း-၇၃၁ တစ္ဆေအရိပ်။စသည့် စသည့်ဇာတ်ကောင်များဖြင့် ဖန်တီးထားသော Action , Comedy ဇာတ်ကားကောင်းဖြစ်ပေသည်။ငြီးငွေ့ဖွယ်မရှိရအောင် သွက်သွက်လက်လက်တင်ဆက်ထားပြီးဆွဲဆောင်မှုရှိသော တရုတ်ဇာတ်ကားဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ File size…(2.4 GB) and (1.3 GB) Quality…BluRay 1080p & 720p ...
movie

For a Few Bullets (2016)

HEVC 1080p 5.1
Dragon Inn Part 1: The City of Sadness (2020) 7
Dragon Inn Part 1: The City of Sadness (2020) Dragon Inn Part 1 – The City of Sadness (2020)ဒီကိုရီးယားအက်ရှင်ကားကတော့ My Drama List မှာ 7/10ထိရထားပြီးတော့ ဇာတ်လမ်းလေးလည်းကောင်းသလို Action ခန်းတွေလည်းဝေေ၀ဆာဆာပါလို့ အက်ရှင်ကားကြိုက်သူတွေ အတွက်အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်Cast တွေအနေနဲ့ မင်းသားကြီး Oh Ji-ho က guest အနေနဲ့ပါဝင်ထားသလို Jo Ji Ill,Bae Hong Seok,Park Jeonh Hwa,Jang Eui Soo စတဲ့ သရုပ်ဆောင်တွေပါဝင်ထားပြီး ကိုရီးယားဒုစရိုက် အမှောင်လောကအကြောင်းကိုအဓိကအသားပေး ရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ရဲတွေဖက်ကလက်လှမ်းမမှီတဲ့ အမှုတွေ လာဘ်စားထားလို့ပိတ်လိုက်ရတဲ့အမှုအခင်းတွေကို အခကြေးငွေလက်ခံပြီး ဖြေရှင်းပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ရှိပါတယ် သူတို့အဖွဲ့ကလက်ရုံးရည်သမား ဉာဏ်ကြီးရှင်သမားတွေနဲ့စုစည်းပြီးဖွဲ့ထားတာဖြစ်ပြီး အဖွဲ့ဝင်တွေအနေနဲ့ ချောမင်း ဆွန်းဂျင်း ဂျီဟယ် ယုံးဘယ်ဆိုတဲ့ လေးယောက်နဲ့ဖွဲ့စည်းထားပြီး သူတို့က တရုတ်စားသောက်ဆိုင်တစ်ဆိုင်မှာအယောင်ပြအလုပ်လုပ်ပြီး နောက်ကွယ်ကနေ အမှုတွေဖော်ထုတ်ကြပါတယ် အဲ့ဒီစားသောက်ဆိုင်ပိုင်ရှင်သူဌေးဖြစ်သူကလည်း သူတို့အလုပ်တွေကို စီမံခန့်ခွဲပေးရသူတစ်ယောက်ဖြစ်သလို တစ်ရက်မှာ သူတို့နားကစတိုးဆိုင်က အချိန်ပိုင်းအလုပ်သမားကောင်မလေး သေဆုံးတဲ့အမှုကို လိုက်ရင်း သူတို့အဖွဲ့နဲ့ ဟိုယက်လူဆိုးဂိုဏ်းအဖွဲ့တို့ထိပ်တိုက်တွေ့ကြပါတော့တယ် ဟိုယက်လူဆိုးဂိုဏ်းဆိုတာကလည်း မူးယစ်ဆေးလူမှောင်ခိုစတဲ့မကောင်းမှုမှန်သမျှအကုန်လုပ်သလို သူတို့နောက်မှာထောက်ပံ့ပေးနေတဲ့ အင်အားကြီးလုပ်ငန်းစုတစ်ခုရဲ့ အမွေဆက်ခံသူတစ်ယောက်ကလည်း ဒီအမှုမှာပါဝင်ပတ်သက်နေပြန်ပါတယ် ဒီအမှန်တရားဖော်ထုတ်တဲ့အဖွဲ့က ...
movie

Dragon Inn Part 1: The City of Sadness (2020)

2020
Faithfully Yours (1988)
Faithfully Yours (1988) Faithfully Yours (1988) ===================ဟောင်ကောင်ရုပ်ရှင်လောကမှာ ပေါပြမနေပေမယ့် ပေါနေတဲ့ကားတွေ ရိုက်သတ်မကုန်ပါဘူး။ ချောင်ကတော့ ဒါနဲ့ ဆန့်ကျင်ဘက်ပါပဲ။ သူ့ရုပ်ရှင်တွေဟာ ပေါပြနေပြီး မပေါတဲ့ကားတွေပါပဲ။ ကျွန်တော်တော့ သူ့ကား နှစ်ဆယ်ကျော် ကြည့်ပြီးတဲ့အထဲမှာ သဘောမကျတဲ့ကားမရှိပါဘူး။ သူ့ရုပ်ရှင်တွေဟာ အဆင့်မြင့်ရုပ်ရှင်တွေမဟုတ်ပါဘူး ပြုံးမိစေမယ့် ရုပ်ရှင်တွေပါပဲ။ တစ်နေ့တစ်ခါလောက်တော့ ကျွန်တော်တို့ ပြုံးစရာရှိဖို့လိုတယ်မလား။Plot Summary ===========ဗေဒင်ဆရာရယ်၊ ဆံသဆရာရယ် အ၀တ်ချုပ်ဒီဇိုင်ရယ် သူငယ်ချင်းသုံးယောက်ရှိတယ်။ ဘေးဆိုင်က ဆံသဆရာအဘိုးကြီးကို ပြဿနာရှာမိပြီးမှ သူ့သမီးကိုတွေ့ပြီး ဗိုက်ကလေးနဲ့စောတင်မောင်မိန်းမပိုးသလို တစ်ယောက်ကိုတစ်ယောက် ကတ်လိုက်ဖဲ့လိုက်ဆော်လိုက်လုပ်ရင်း အဘိုးကြီးကိုဖားရင်း သူ့သမီးကိုအပြိုင် ပိုးကြတယ်။ပြုံးပျော်ဖို့ ပေါ့ပေါ့ပါးပါးကြည့်လိုက်ရအောင်။+++++++++++++++++ကျွန်တော့် Idol ကြီး စတီဖင်ချောင်ရဲ့ ဇာတ်ကားအကုန်လုံးကို 1080p BluRay Quality နဲ့တတ်နိုင်သမျှ ပြန်လည်စုစည်းတင်ဆက်မှာ ဖြစ်ပါတယ်။တင်ပြီးသမျှကို  https://channelmyanmar.org/category/stephen-chow/   မှာကြည့်လို့ရပါတယ်။  File size…(2 GB) and (1 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv Duration….01:28:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung
movie

Faithfully Yours (1988)

HEVC 1080p
[18+] Grotesque (2009)
[18+] Grotesque (2009) ဘာမှမပြောခင် ကြိုပြောချင်တာကတော့ ဒီဇာတ်ကားကို မိတ်ဆွေတို့ တတ်နိုင်ရင် မကြည့်ပါနဲ့...မတတ်နိုင်လို့ ကြည့်ဖြစ်သွားလို့ တစ်ချက်စိတ်ထင့်သွားတာနဲ့ ဆက်မကြည့်ပါနဲ့...ဒီဇာတ်ကားရဲ့ Label ကိုလဲ Don't Watch ဆိုပြီး တပ်ပေးထားပါတယ်...အခုနောက်ပြန်လှည့်ဖို့ အချိန်မှီပါသေးတယ်။အညွှန်းတောင်မဖတ်စေချင်ပါဘူး..ဖတ်ချင်သပ ကြည့်ချင်သပဆိုရင်တော့ မိတ်ဆွေတို့ ပြသနာနဲ့ မိတ်ဆွေတို့ပါပဲ။+++++++++++++++++++++++++++++++Grotesque(2009)ကောင်မလေးနဲ့ချိန်းတွေးတဲ့ ပထမဆုံးDateမှာပဲ စိတ္တဇလူသတ်ကောင်တစ်ယောက် အဖမ်းခံရပြီး ကိုယ်မနမ်းဖူးသေးတဲ့ ကိုယ်ချစ်ရတဲ့ကောင်မလေးကို လူသတ်ကောင်က Abuse လုပ်နေတဲ့အဖြစ်ကို တွေးကြည့်လိုက်ပါ။ ဒီထက်ဆိုးတာရှိနိုင်ပါဦးမလား။ ရှိပါသေးတယ်။ လာပါဦးမယ်။အရူးတစ်ယောက်က ခုတ်ချင်သလိုခုတ်သတ်တာလောက်ကို အဆိုးရွားဆုံးလို့ သင် ထင်နေပါသလား။ မထင်ပါနဲ့ဦး။ ဒီကားထဲက နှိပ်စက်မယ့်လူဟာ အတော်ဆုံးအနာကုပါရဟူ ဆုကိုပါရထားပြီး အပိုင်းပိုင်းအတစ်တစ်လှီးပြီးတာတောင် မသေအောင်ကုပေးနိ်ုင်တဲ့ ဆရာဝန်တစ်ယောက်ပါ။ ဝှေးကို သံနဲ့ရိုက် Penisကိုဖြတ်ပစ်ပြီးတာတောင် အေးဆေးပြန်ကုနိုင်ပါတယ်။စိတ္တဇလူသတ်ကောင်လက်ထဲ သေတော့မယ်ဆိုပြီး စိတ်ဒုံးဒုံးချသေလိုက်ရတာထက် ဆိုးတာရောမယ်ထင်ပါသလား။ ရှိပါတယ် လွတ်မြောက်ပြီထင်အောင်လုပ်ပြီး စည်းစိမ်တွေမက်လုံးပေးပြီးမှ မျှော်လင့်ချက်ကိုပြန်သတ်ခံရတာက ပိုဆိုးပါတယ်။စအိုတစ်ဖက်ကအူအဆုံးကိုချိတ်နဲ့ချိတ်ခံထားရင်းက ဗိုက်ထဲက အူကုန်အောင်တွားသွားသွားရင်း ကိုယ်ချစ်တဲ့မိန်းကလေးကို ကယ်ရတဲ့အရာအပါအဝင် ကျွန်တော်မပြောပြရသေးတဲ့ ရက်စက်မှုတွေ အများကြီးပါပါသေးတယ်။Ratingနည်းပေမယ့်လည်း ရက်စက်မှုအပေါင်း သရဖူဆောင်းထားတဲ့ စိတ္တဇလူသတ်ကားတွေရဲ့ ဘုရင်ကားလို့ဆိုကြပါတယ်။ ကြမ်းတမ်းလွန်းတဲ့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ သွေးယိုသံစီး ကိုယ်ပြတ်မျက်ကန်း နှိပ်စက်မှုတွေ ဒီရုပ်ရှင်ဟာ Bannedခံထားရတဲ့ ရုပ်ရှင်ဖြစ်တဲ့အတွက် အသည်းငယ်တတ်သူတွေ ၁၅နှစ်အောက်တွေ မကြည့်သင့်တဲ့ ဇာတ်လမ်းမျိုးပဲဖြစ်ချင်ပါတယ်။ ကိုယ်တိုင်ကိုက သွေးသံရဲရဲတွေ နှိပ်စက်မှုတွေကို အရသာခံကြည့်တတ်တဲ့ Sadistတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ အတော်ကြည့်လို့ကောင်းမယ့်ကားလို့ မြေကြီးလက်ခတ်မလွဲ အာမခံပါတယ်။P.S.... ဒီရုပ်ရှင်ကို ကျွန်တော် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဘာသာပြန်ခဲ့တာပါ။ ...
movie

[18+] Grotesque (2009)

Don't Watch
The Magnificent Scoundrels (1991)
The Magnificent Scoundrels (1991) The Magnificent Scoundrels(1991)👥=========================== Magnificent ဆိုတဲ့အဓိပ္ပာယ်အရ ခမ်းနားတယ်လို့ဘာသာပြန်နိုင်ပြီး Scoundrels ဆိုတာ လူလိမ်၊လူဆိုးလို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။ ဒီတော့အနီးစပ်ဆုံးပြန်ဆိုရလျှင်(စတိုင်ရှိတဲ့လူဆိုးများ၊လူလိမ်များ)😆သောက်ရမ်းကြမ်းပြီး သာမန်မဟုတ်တဲ့လူဆိုး နှင့် သူခိုးတွေပေါ့ဗျာ။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေရဲပအကြောင်းအရာတစ်ချို့ကို အနည်းကျဉ်းရေးပေးထားတယ်။🙏 ၁၉၉၁ အောက်တိုဘာလ ၁၀ရက်နေ့မှာ ဟောင်ကောင်၌ စတင်ထွက်ရှိခဲ့ပြီး Imdb Rate 6.6/10 အထိရရှိထားတဲ့ဇာတ်ကားတစ်ကားပါ။ ချောင်ရဲ့ပင်တိုင်စံဒါရိုက်တာဖြစ်တဲ့ Lee Lik-Chi ကမွေးထုတ်ထားတဲ့ဇာတ်ကားဖြစ်ပြီး Final Justice ရုပ်ရှင်ရဲ့ မင်းသားဖြစ်တဲ့ Danny Lee နှင့် Karl Maka တို့မှ ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်၊၊📽 Karl Makaဆိုတဲ့သူကတော့ ကတုံးမင်းသားအဖြစ် လူသိများပြီး ကျွန်တော်တို့ငယ်ငယ်က တရုတ်ဟာသ၊ဖိုက်တင် ဇာတ်ကားတွေရဲ့ ဒိတ်ဒိတ်ကြဲဝါရင့်ဆရာတစ်ပါးပါပဲ... Aces Go Places Series တို့၊(ဖက်တီးမင်းသား)Samon Hung နဲ့တွဲရိုက်တဲ့ Skinny Tiger,Fatty Dragon တို့မှာနာမည်ရရှိထားပြီး နောက်ပိုင်းမှာ Flim Producer အဖြစ်သာရပ်တည်နေပြီးယခုဆို အသက်၇၅ထဲရှိနေသူတစ်ယောက်ပါ။ ၁၉၈၀ရှေ့ပိုင်းက တရုတ်ကားတွေနဲ့ ရင်းနှီး‌တဲ့သူဆိုရင် ...
movie

The Magnificent Scoundrels (1991)

HEVC 1080p
No Mercy (2019) 5.4
No Mercy (2019) No Mercy (2019)_____IMDb - 5.4/10   ခုတစ်လော Sweet Home နဲ့တအားဟော့နေတဲ့ မီးသတ်သမလေးရဲ့ ၂၀၁၉တုန်းကကားလေးကိုပြန်တင်ပေးလိုက်ပါတယ် မင်းသမီးရဲ့ဖိုက်တင်ခန်းတွေကို ရင်တစ်လှပ်လှပ်နဲ့ကြည့်ရမှာပါ ရုပ်လေးနဲ့ အက်ရှင်တွေနဲ့တင်ပြည့်စုံရုံမကပဲ ဇာတ်လမ်းကလည်း မျက်ရည်တစ်စမ်းစမ်းနဲ့ကြည့်ရမှာပါ ဘယ်ကျောင်းသူမှ ဒီဇာတ်ကားထဲက ကောင်မလေးလောက်ဇာတ်မနာနိုင်ပါဘူး သရုပ်ဆောင်ကောင်းချက်က တစ်ကယ်ဖြစ်နေသလိုပါပဲ အစ်မလုပ်သူက ညီမပျောက်လို့ရှာရင်းနဲ့မှ အနိုင်ကျင့်ခံရတာတွေ မုဒိန်းကျင့်ခံရတာတွေ တစ်ယောက်တည်းမဟုတ် တစ်ရပ်ကွက်လုံးကပတ်ကျင့်ကြတာ အဲ့လိုမျိုးရင်နာစရာတွေကို တစ်ခုချင်းစီသိလာရတဲ့ အစ်မတစ်ယောက်ရဲ့ ကလဲ့စားချေချက်တွေကတော့ အားရစရာဖြစ်မှာပါ အများကြီးမပြောတော့ပါဘူး ကြည့်လိုက်ရလို့ နောင်တမရစေမယ့်ကားမို့ အချိန်လေးနည်းနည်းပေးပြီးကြည့်လိုက်ကြပါဦးနော် ညီမရှာပုံတော် ဖွင့်ရင်း အယောက် ၁၀၀ နဲ့ ၁ ယောက် ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ အင်ဟေးရဲ့ ဂျွန်ဝစ်ရဲ့ညီမလားလို့ ထင်မှတ်မှားရလောက်တဲ့ လျင်မြန်ဖြတ်လတ်လွန်းတဲ့ တိုက်ကွက်တွေကိုလည်း အားရပါးရ ကြည့်ရှုရမှာပါ... အဒ်မင်တောင် မှ သူ သတ်ရင် သေလို့ရအောင် လှပတဲ့ မျက်နှာပေးလေး က ချစ်ဖို့ကောင်းနေပါတယ် :D   ဒီရုပ်ရှင်ကားကို ThinZar Htet က ဘာသာပြန်ပေးထားပါတယ်...
movie

No Mercy (2019)

2019
An Old Lady (2019) 6.4
An Old Lady (2019)  An Old Lady 2019 =================   2019 မှာ ထွက်ထားတဲ့ An Old Lady ဆိုတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် မင်းသမီးကြီး Ye Soo Jung က အဓိက ပါ၀င်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း ရှင်းဟျိုဂျောင်းက အသက် ၆၉ နှစ်အရွယ် ရေကူးသမားဟောင်းတစ်ယောက်ပါ ဆေးရုံမှာ ကုသမှု ခံယူစဉ် male nurse တစ်ယောက်က ဟျိုဂျောင်းကို အဓမ္မကျင့်ခဲ့ပါတယ် ဆေးရုံဆင်းတဲ့ အခါမှာတော့ ဟျိုဂျောင်းက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ် ဒါပေမယ့် တရားခံကတော့ နှစ်ဦးသဘောတူလို့ ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ် ဒီအမှု ဘယ်လိုဆက်ဖြစ်မှာလဲ ရှင်းဟျိုဂျောင်းအတွက် တရားမျှတမှုကို ရှာဖွေနို်င်မှာလားဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုကြပါနော် Hay Thar Oo မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်။File Size –  1.74 GB, 902MB Quality –  WEB-DL 1080p/720p File Type – mp4 Duration – 1h ...
movie

An Old Lady (2019)

2019