Channel Myanmar
Asian
Furie (2019) 7.5
Furie (2019) IMDb (7.5) / Rotten Tomatoes (91%)Furie (ဗီယက်နမ်လို Hai Phuong) ဆိုတဲ့ ဗီယက်နမ်ဇာတ်ကားဟာ နိုင်ငံတကာ Rating သာမက စီးပွားရေးအရလဲ အောင်မြင်နေပါတယ်...အမေရိကန်လို နိုင်ငံမှာ ရုံတင်နေပြီး ဝင်ငွေကောင်းနေတဲ့အပြင် လူကြိုက်များနေကြောင်းလဲသိရပါတယ်။ဇာတ်လမ်းကတော့........ဟိုင်းဖောင် ဟာ အစွန်အဖျားနယ်မြို့လေးမှာ ဇာတ်မြုပ်နေထိုင်ရင်း သမီးလေးနဲ့အတူဘ၀ကို ရုန်းကန်နေတဲ့မိခင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဘယ်ဘ၀ကလာခဲ့လဲ ဘယ်သူမှ မသိကြသလို ဘာကြောင့် ဒီနေရာကိုရောက်နေလဲ ဘာကြောင့်လူတွေနဲ့ခပ်ကင်းကင်းနေထိုင်လဲဆိုတာကိုလဲ ဘယ်သူမှ မသိကြပါဘူး။ ဟိုင်းဖောင်အလုပ်က လယ်သမားတွေဆီကကြွေးလိုက်တောင်းပေးရတဲ့ အလုပ်ဖြစ်တာကြောင့် သူ့သမီးလေးဟာ ကျောင်းမှာ အမြဲတမ်းအနှိမ်ခံရသလို ဖခင်ခေါ်စရာမရှိတဲ့သူတစ်ယောက်အဖြစ်လဲ လှောင်ပြောင်ခံရတယ်။ ဒါကြောင့် ကျောင်းကထွက်ပြီးတော့ အလုပ်လုပ်ရင်း သူ့အမေကို တစ်ဖက်တစ်လမ်းက အကူအညီပေးချင်သူပါ။ သူတို့ သားအမိဆက်ဆံရေးဟာလဲ နွေးနွေးထွေးထွေးမရှိလှပေမယ့် တစ်ယောက်နဲ့တစ်ယောက်တော့ ဖေးမကြတယ်။ တစ်ခါတစ်လေ ဟိုင်းဖောင်ဟာ တစ်ယောက်တည်း စီးကရက်တစ်လိပ်နဲ့ မှိုင်တွေ ငေးရီနေတတ်တယ်။ တစ်နေ့တော့ သူ့သမီးအိမ်မက်လေးကို အကောင်အထည်ဖော်ဖို့ သူမြတ်မြတ်နိုးနိုးသိမ်းထားတဲ့ နားစွဲလေးတစ်ရံကိုဈေးထဲသွားပေါင်ချိန်မှာ သူ့သမီးကို သူခိုးအဖြစ် ၀ိုင်းဝန်းစွပ်စွဲနေတာကို ဖြေရှင်းရင်း ...
movie
Furie (2019)
2019
Red Cliff II (2009) 7.6
Red Cliff II (2009) Red Cliff  II (2009)_________IMDb -7.6/10  ပထမကား မှာ အောင်မြင်မှုရရှိခဲ့ပြီး နောက် ဒုတိယ ကားကို၂၀၀၉ ခုနှစ်မှာပဲ ထပ်မံထွက်ရှိလာခဲ့ပါတယ် ဇာတ်လမ်းကတော့ပထမကား ကိုပဲ ဆက်လက်ရိုက်ကူးထားပြီး ပထမကားကိုသာ ကြည့်ပြီးမှ ဒီကားကိုဆက်ကြည့်မှသာ ဇာတ်ရည်လည်မှာပဲဖြစ်ပါတယ်ဒီကားကတော့ IMDb rating 7.6 ထိရရှိထားပြီးသိုင်းကား ရှေးရာဇဝင်စစ်ကားကိုကြိုက်နှစ်သက်သူတွေ အနေနဲ့ကတော့ လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ချောင်ချောက်ရဲ့ ကုန်းတပ်စစ်ဦးကို အနိုင်တိုက်ပြီးနောက်မှာ အင်အားသောင်းချီတဲ့ ရေတပ်ကြီးကို ကျိုးယွီနဲ့ ခုံးမင်တို့ ဘယ်လို ဆက်ရင်ဆိုင်ကြမလဲဆိုတာ......   File size…(2.3 GB) and (1.3 MB) Quality….Blu-Ray 1080p & 720p Format…mp4 Duration….02:22:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias  
movie
Red Cliff II (2009)
2009
Red Cliff (2008) 7.4
Red Cliff (2008) Red Cliff - 2008 IMDb (7.4/10).........Rotten Tomatoes (91%)  ဒီဇာတ်ကား ၂ ကားကို လွီပုနဲ့သောင်းချန်၊ သစ္စာဂုဏ်ရည် ကြည့်ဖူးတဲ့သူတွေ၊ P2 ဂိမ်းမာတွေတော့ ရင်းနှီးနေပြီးသားဖြစ်မှာပါ။  Romance of the three kingdoms ဂိမ်းတွေလည်း ထွက်ထားပါတယ်။ အရင်နှစ်တွေကတော့ ဒီသမိုင်းကာလ စဆုံးကို စီးရီးထွက်ပါတယ် အပိုင်း ၆၀ လောက်တော့ ရှိမှာပေါ့။တရုတ်ပြည်ရဲ့ မင်းသုံးပါး အပြိုင်ခေတ်သမိုင်းထဲက အကျော်ကြားဆုံးကမ်းပါးနီတိုက်ပွဲကို ကောက်နှုတ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကာလကတော့ လွီပုနဲ့တုံကြို့တို့အသက်ခံရပြီးနောက်ပိုင်း။ လျိုပေ့ နဲ့ စွန်းကွန် တို့ မင်း ၂ ပါးအဖြစ် အင်အားအနည်းငယ်ရလာချိန်မှာ အမတ်ချုပ်ကြီး ချောင်ချောင်ဟာ လျိုပေ့ကို  လိုက်ဖိတိုက်နေတဲ့ကာလပါ။ လျို့ပေ့မှာတော့ ကွမ်းရီ၊ကျန်းဖေး၊ကျောက်ယွန် တို့ သူရဲကောင်း ၃ ယောက်နဲ့ ဒီဇာတ်ကားရဲ့ အဓိကနေရာမှာပါတဲ့ ပညာရှိအမတ်ခုံးမင်(ကျူးကော့်လျန်) တို့ ပါဝင်နေပါပြီ။ စွန်းမျိုးနွယ်တွေမှာတော့ ...
movie
Red Cliff (2008)
2008
Lawyer Lawyer (1997) 6.2
Lawyer Lawyer (1997) Lawyer Lawyer (1997)စတီဗင်ချောင်ရဲ့ကားဆိုတာနဲ့ အများကြီးညွှန်းစရာတော့ မလိုပါဘူး။ မြန်မာပရိသတ်နဲ့ မစိမ်းတဲ့ တရုတ်ဟာသမင်းသားကြီး စတီဗင်ချောင်က ဒီကားထဲမှာတော့ ရှေ့နေတစ်ယောက်ပါ။ ရှေ့နေဆိုပေမယ့် ရှေ့နေစစ်စစ်လားဆိုတော့ မဟုတ်ပြန်ပါဘူး။ စိုင်ကော်လို့ ချုံပေါ်ရောက်ဆိုသလို ရှေ့နေဘဝကို ရောက်ခဲ့ရတာပါ။ တရုတ်ပြည်ကြီး ဗြိတိသျှတွေ လက်အောက်မှာ ကျရောက်တုန်းက တရားဥပဒေစိုးမိုးရေးဆိုတာ ဗြိတိသျှတွေရဲ့ ဥပဒေပညာရပ်နဲ့ပဲ ဆုံးဖြတ်ပါတယ်။ နယ်မြို့လေးမှာနေတဲ့ ချန်မိုဂတ်ဆိုတဲ့ လူတစ်ယောက်ဟာ အင်မတန် လူရည်လည်ပါတယ်။ စကားအပြောအဆို အင်မတန်ပါးနပ််ပါတယ်။ သူ့မှာ "ဖုန်း" ဆိုတဲ့ တပည့်တစ်ယောက်ရှိပါတယ်။ တစ်နေ့တော့ 'ဖုန်း'တစ်ယောက် ဆရာနဲ့ စကားများရန်ဖြစ်ပြီး မြို့ပေါ်ကို တက်သွားပါတော့တယ်။ အဲ့ဒီမှာ ပြဿနာက စတာပါပဲ။ 'ဖုန်း' ကို လူသတ်မှုနဲ့ အစွပ်စွဲခံရပါတော့တယ်။ ဒီတော့ သူက သူ့ဆရာကို အားကိုးပြီး သူ့ဆရာကို ရှေ့နေလိုက်ခိုင်းပါတော့တယ်။ ချန်မိုဂတ် ကတော့ သူ့ကို စွန့်ပစ်ထားခဲ့တဲ့ တပည့်မို့ သူက စွန့်ပစ်ချင်နေပါတယ်။ ဒါပေမယ့် မလွှဲသာမရှောင်သာတဲ့ အကြောင်းတရားတွေကြောင့် 'ချန်မိုဂတ်' တစ်ယောက် ဒီလူသတ်မှုကို ရှေ့နေလိုက်ရပါတော့တယ်။ ရှေ့နေဆိုတာ အပြောအဆိုလိမ္မာပါးနပ်ဖို့ လိုပါတယ်။ ဒီ့အပြင် ...
movie
Lawyer Lawyer (1997)
1997
My Rainy Days (2009)
My Rainy Days (2009) Screenshots  ဦး ကို စတွေ့ဖူးတာ ဓါတ်ပုံချင်း မှားကတည်းက လို့လူတွေက ထင်ကြတယ်မဟုတ်ဘူး ဦး...သမီး ဦးကို စတွေ့ဖူးတာက ဆေးရုံတစ်ခု ရဲ့ခုံထောင့် ဟိုဘက်ခြမ်းမှာ ဦး ထိုင်နေကတည်းကပဲအဲ့ဒီအချိန်ကတည်းက ဦးမှာ အပူအပင်တွေ ရှိခဲ့သလိုသမီးရောပဲ အပူအပင်တွေ ရှိခဲ့ကြဖူးတယ်...နောက်တစ်ကြိမ်အနေနဲ့ကတော့ တိုက်ဆိုင်မှုလို့ မထင်တော့ပါဘူးယောင်္ကျားတစ်ကာ ရဲ့ အသဲကို သမီးက ခွဲခဲ့ဖူးတယ်သမီးရဲ့ အသဲကို ကွဲအောင် လုပ်မယ့်သူ ကတော့ဦး တစ်ယောက်ထဲ ရှိတယ်...မိန်းကလေးငယ်လေး တစ်ယောက်က ဦး အနောက်ကနေတစ်ကောက်ကောက် လိုက်နေတာ ဦး စိတ်ညစ်နေပြီလားဦး ကို ချစ်တယ်လို့ အကျယ်ကြီး လူတွေကြားအော်ပြောတော့ဦး ရှက်ပြီး ထွက်ပြေးတယ်နော်အဲ့ဒါက ချစ်ဖို့ အရမ်းကောင်းနေတာဦး နဲ့ တစ်ခါ ဒိတ်ခွင့်ရဖို့က အရမ်းဈေးကြီးတယ်နော်သမီး စိတ်မ၀င်စားတဲ့ သမိုင်းကြောင်းတွေကိုသင်ပေးနေတဲ့ ဆရာတဲ့လားစာမေးပွဲအောင်ရင် ရုပ်ရှင် အတူတူကြည့်ခွင့်ရမှာနော်ဥာဏ်မကောင်းချင်ရုံ ဆောင်ထားတဲ့ ကလေးမ မို့ဦး အတွက် အရာအားလုံးကို ...
movie
My Rainy Days (2009)
[18+] New Folder (2014)
[18+] New Folder (2014) Dark Side Production မှ တင်ဆက်သည်။ ကိုရီးယားသမရိုးကျ ၁၈+ ဇာတ်အိမ်တွေကနေဖောက်ထွက်ပြီနှစ်ထောင်းအားရစရာ ကားကောင်းလေးတင်ဆက်လိုက်ပါတယ်။မိန်းကလေးတွေရဲ့ ယောကျာၤးလေးတစ်ယောက်အပေါ်မှာ ပိုက်ဆံပြီးရင် ဘာကအရေးအကြီးဆုံးဆိုတာကိုကွက်ကွက်ကွင်းကွင်း မီးမောင်းထိုးပြထားတဲ့ကားလေးပါ....ဖက်တီး တစ်ယောက် အစား နဲ့ မိန်းမကိုမြင်ရင် ဘယ်လိုမှမနေနိုင်တဲ့ တစ်ယောက်ဖြစ်နေပါတယ်ဆိုးတာက သူ့ရဲ့ အစားကြူးမှု့က သူ့ကို ဖက်တီးတစ်ယောက်ဖြစ်လာစေပြီး လုပ်သမျှ အလွဲလွဲအချော်ချော် ဖြစ်နေစေပါတယ်မိန်းကလေးတစ်ယောက်ကို မြင်ရင် ဒါမှမဟုတ်သူ့ဘေးက ဖြတ်သွားရင်တောင် ဗို့အား သောင်းတစ်ထောင်မျက်လုံးနဲ့ ခြေဆုံးခေါင်းဆုံးလိုက်ကြည့်ပါတယ်...သူကမိန်းမလိုချင်လွန်းလို့ ကြင်ရာဖက် တွေလိုက်ရှာပြီးတွေ့တွေ့နေတာကလည်း အမောပါပဲ...သူနဲ့တွေ့တဲ့မိန်းကလေးတွေကလည်း မထိရက်စရာ ကပိုကယိုအလှလေးတွေနဲ့ ဖြစ်နေတော့သူ့ခမျာ အခက်တွေ့နေပါတယ်သူ့ကိုလည်းကြည့်လေ လူကဖက်တီး မိန်းကလေးတစ်ယောက်ကိုကြည့်ရင် မကြည့်သင့်တာတွေကိုပဲ စိုက်ကြည့်နေတော့...မိန်းကလေးတွေက မခံမရပ်နိုင်အောင်ဒေါသတွေထွက်ပြီး ထွက်ပြေးကြတာချည်းပဲ။တစ်နေ့မှာ ဆိုင်မှာအလုပ်လုပ်ရင်း ရည်းစားနဲ့ပြတ်ပြီး စိတ်လေနေတဲ့ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းပဲ ချစ်မိသွားခဲ့ပါတယ်...သူက ချစ်ခွင့်ပန်တော့ ကောင်မလေးက "ရှင့်လိုဖက်တီးမျိုး ရွံတယ်" ဆိုပြီး ပြစ်ပြစ်ခါခါပြောပြီးငြင်းလိုက်ပါတယ်...သူလည်းစိတ်ပျက်ပျက်နဲ့ လမ်းဖြတ်ကူးလိုက်တယ်ဆိုရင်ပဲ ကားတစ်စီးဝင်တိုက်တာခံရပြီးတော့ မျက်နှာတစ်ခုလုံးစုတ်ပြတ်သတ်သွားခဲ့ပါတယ်....သူ ဆေးရုံမှာ ...
movie
[18+] New Folder (2014)
2014
Purple Sunset (2001) 7.1
Purple Sunset (2001) ဒီဇတ်လမ်းကို ကြည့်ဖူးတဲ့သူတွေကတော့ ကြည့်ဖူးတယ် သေချာသလောက်ကတော့ အဲ့ဒီလူတွေ အသက် ၃၀ လောက် ရှိလောက်ပြီ ရုပ်ရှင်ကားကို ဒုတိယ ကမ္ဘာစစ် လောက်မှာ အခြေတည်ထားပြီး အဓိက ဇတ်ကောင် ၃ ယောက် နဲ့ ရင်သက်ရှုမောဖွယ်ဖြစ်အောင် ရိုက်ပြသွားနိုင်တဲ့ ရုပ်ရှင်ကားပါ... ဂျပန်တွေဟာ တရုတ်ပြည်တွင်းမှာ အခြေတည်နေတဲ့ အချိန် တရုတ်လူမျိုးတွေကို နှိပ်စက် ၊ သားမယားပြုကျင့် ၊ သက်ဖြတ်သလို ဂျပန်လူမျိုးတွေကိုပါ ခေါ်လာပြီး ရွာတည်နေခဲ့ပါတယ်... အဲ့ဒီလိုအချိန်မှာပဲ ရုရှားစစ်တပ် ကလဲ ဂျပန်တွေကို ၀င်တိုက်ပါတယ် တရုတ်ရွာသားလေး တစ်ယောက်ဟာ စစ်သုံ့ပန်းအဖြစ် အဖမ်းခံရပြီး သတ်ခံရ စဲစဲ မှာပဲ ရုရှားတပ်တွေ ၀င်ကယ်လို့ ရုရှားတွေ နဲ့ အတူ ခရီးဆက်တဲ့ အထဲ ပါသွားပါတယ်... နယ်မြေ မကျွမ်းတဲ့ ရုရှားတွေကလဲ ယောင်တောင်တောင် နဲ့ တရုတ်နယ်မြေထဲ ရွာတည်ထားတဲ့ ဂျပန်တွေဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်သွားတာပါပဲ ပစ်ကြခတ်ကြ သေကြ ရင်း တစ်ရွာလုံး ထွက်ပြေးကြတယ် အဲ့ဒီရွာမှာပဲ ဂျပန်ကျောင်းသူလေး ၁ ယောက်အသက်ရှင် ကျန်ခဲ့သလို ရုရှားအဖွဲ့လဲ လူတွေ ...
movie
Purple Sunset (2001)
2001
Goyo: The Boy General(2018) 7.0
Goyo: The Boy General(2018) Goyo: The Boy General(2018) IMDb....7.0 စစ်ကားလည်းကြည့်ချင်တယ်...စစ်ပဲတိုက်နေရင်လည်း မကြိုက်ဘူးဆိုတဲ့ သူတွေအတွက် ဖိလစ်ပိုင် အချစ်စစ်ကားလေး လာပါပြီ...မင်းသားချော Paulo Avelino နဲ့ Carlo Aquino တို့ ပါဝင်သလို မင်းသမီးနေရာမှာလည်း Gwen Zamora နဲ့ Empress Schuck တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်. ..ဒီဇာတ်လမ်းဟာ သုံးနှစ်တာကြာမြင့်ခဲ့တဲ့ အမေရိကန်-ဖိလစ်ပိုင် စစ်ပွဲကြီးကို ကျောရိုးပြုထားပြီး အဲ့ဒီစစ်ပွဲမှာ ပါဝင်ခဲ့တဲ့ အသက်အငယ်ဆုံးဗိုလ်ချုပ် Gregorio Del Pillar အကြောင်းကို ရိုက်ကူးထားတာပါ.. .ဇာတ်လမ်းနာမည်မှာပါတဲ့ Goyo ဆိုတာကတော့ မင်းသားနာမည်ဖြစ်ပြီး The Boy General ဆိုတာကတော့ မင်းသားရဲ့ Nick Name ပါ...ကဲ အညွှန်းလေး ဆက်သွားကြဦးစို့... ဇာတ်လမ်းအညွှန်း Gregorio Del Pillar ဆိုတဲ့ စစ်ဗိုလ်လေးဟာ အဲ့ဒီခေတ် အဲ့ဒီအခါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်.. .ခုခေတ်အခေါ်ဆို စော်ကြည်ဘဲလေးပေါ့...The Boy General လို့ နာမည်တပ်ခံရတဲ့ ...
movie
Goyo: The Boy General(2018)
2018
Split (2016) 7.1
Split (2016) ကိုရီးယား sport/drama ကားတွေကိုမှနှစ်သက်ပါတယ်ဆိုရင်တော့ ဒီ IMDB 5.4 ရရှိထားတဲ့ ဒီဇာတ်လမ်းလေးကိုညွှန်းချင်ပါတယ်ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ နိုင်ငံ့ချန်ပီယံဘိုးလင်းအားကစားသမားတစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကားအက်ဆီးဒန့်တစ်ခု...သုံးမရတော့တဲ့ ခြေထောက်တစ်ဖက်ကြောင့် မြတ်နိုးရတဲ့နိုင်ငံ့အားကစားသမားဘဝကို စွန့်လွှတ်ခဲ့ရပြီးအရက်သမားဘဝကို လုံးလုံးရောက်ခဲ့ရကာ ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရပါတယ်နောက်တစ်ဦးကတော့ ဖခင်ဖြစ်သူရဲ့အမွေ အပေါင်ခံထားရတဲ့ ဘိုးလင်းအားကစားရုံကို ကာကွယ်ချင်တဲ့ မိန်းကလေးတစ်ဦးပေါ့သူတို့နှစ်ယောက်ပေါင်းပြီး အော်တစ်ဇင်ဖြစ်နေပေမယ့် ဘိုးလင်းအားကစားကို တစ်ဖက်ကမ်းတော်တဲ့ကောင်လေးတစ်ယောက်ကိုရှာတွေ့သွားတဲ့အခါမှာတော့...ထုံးစံအတိုင်း လူမိုက်တွေ ဒုစရိုက်သမားတွေရဲ့ရက်စက်မှုတွေလူ့ပတ်ဝန်းကျင်ရဲ့ အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားစရိုက်တွေနဲ့အတူမေတ္တာတရားကိုပါ ပိုင်ပိုင်နိုင်နိုင်ရိုက်ပြထားတာဖို့ အားပေးကြပါဥိး(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ)  File Size : (900 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 2hr 3min Format : Mp4 Genre : Action, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Source : 1080p ...
movie
Split (2016)
2016
Shaolin (2011) 6.9
Shaolin (2011)   IMDb (6.9) / Rotten Tomatoes (74%)(Unicode) ရှောင်လင်ဟာ အက်ရှင် ဒရမ်မာ ဇာတ်ကားအမျိုးအစားဖြစ်ပြီး ရင်ထဲစွဲကျန်စေမယ့် ဒရမ်မာဇာတ်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို သဘောကျစေမှာပါ.. ဂျက်ကီချန်း ၊ အန်ဒီလူ ၊ ဖန်ပင်းပင်း၊ ဂျင်ဝူ ၊ နီကိုးလပ်(စ်)စီ ၊ ရှင်းယု နဲ့ ရှောင်ကွမ်ယု နာမည်ရအက်ရှင်သရုပ်ဆောင်ကောင်းတွေ ပါဝင်အားဖြည့်တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်.. အက်ရှင်မင်းသား အန်ဒီလူဟာ အင်အားကြီးစစ်ဘုရင်ဟူကျင်းအဖြစ်နဲ့ ဒီဇာတ်လမ်းလေးကို အနှစ်သာရရှိပြီးရသပြည့်ဝတဲ့ ဒရမ်မာကားကောင်းဖြစ်အောင် ထိန်းကျောင်းသွားခဲ့တာကို တွေ့ရမှာပါ.. ဂျက်ကီချန်းကတော့ ရှောင်လင်ကျောင်းရဲ့ စာဖိုမှူးကြီးအဖြစ်သရုပ်ဆောင်ထားပြီး ထုံးစံအတိုင်း ဟာသတိုက်ကွက်လေးတွေနဲ့ ပရိတ်သတ်ကို ဆွဲခေါ်သွားဦးမှာပါ.. ဇာတ်လမ်းတည်ဆောက်ထားတာကတော့ အင်္ဂလိပ်ခေတ်အချိန်ကာလဖြစ်ပြီး တိုင်းပြည်အနှံ့မှာ အာဏာနဲ့နယ်မြေကိုရူးသွပ်နေတဲ့ စစ်ဘုရင်များကြီးစိုးနေပါတယ်.. ပြည်သူတွေအငတ်ဘေးဆိုက်နေပေမဲ့ အာဏာရှင်တစ်စုကတော့ ကြွယ်ဝချမ်းသာတဲ့စည်းစိမ်ဥစ္စာတွေနဲ့ လောဘအတောမသတ်နိုင်ဘဲ အချင်းချင်းနယ်မြေလုတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေကြပါတယ်.. စည်းစိမ်ဥစ္စာတွေ တန်ခိုးအာဏာတွေ အပြည့်ရှိနေပေမဲ့လည်း အာဏာလောဘစည်းစိမ်လောဘတွေကို အတောမသတ်နိုင်တဲ့ လူ့သဘာဝကိုလည်း သိသာထင်ရှားစေခဲ့ပါတယ်.. တစ်ချိန်က ကိုယ်နင်းခဲ့တဲ့ကြမ်းပြင်ဟာ နောင်တစ်ချိန်မှာကိုယ့်ရဲ့ခေါင်မိုးဖြစ်လာနိုင်တယ်ဆိုတဲ့အတိုင်း အလှည့်အပြောင်းကြီးမားတဲ့ လူ့ဘဝရဲ့ အမှန်တရားတွေကိုလည်း ...
movie
Shaolin (2011)
2011
Ripples of Desire (2012) 5.3
Ripples of Desire (2012)
2012
Badges of Fury (2013) 4.7
Badges of Fury (2013) မင်းသားကြီးဂျက်လီက အခုခေတ်နဲ့သိပ်အံမဝင်တော့ သိုင်းသမား ရဲစုံထောက်အိုကြီး....ပေါ့ပါးစွာသရုပ်ဆောင်တတ်တဲ့ မင်းသား Wen Zhang က အခုခေတ်လူငယ်တွေလို သွက်လက်ထက်မြက်ပေမယ့် လုပ်လိုက်ရင် လွဲလွန်းတဲ့ ရဲစုံထောက်...You are The Apple of My Eye ရဲ့မင်းသမီးချော Michelle Chen က ချစ်စဖွယ်အမူအရာနဲ့ ရဲရင့်တဲ့ ရဲမေစုံထောက်....မင်းသမီး Liu Shishi က တည်ငြိမ်အေးချမ်းတဲ့အလှတွေနဲ့ နိုင်ငံကျော်မင်းသမီး...တက်သစ်စမင်းသမီး Liu Yan က မြင်သူတိုင်းငေးရတဲ့ ညှို့အားပြင်း အလှတွေနဲ့ လျှို့ဝှက်ချက်အပြည့်နဲ့မိန်းမပျို..စသည်ဖြင့် မင်းသားမင်းသမီးစုံစုံလင်လင်ပါဝင်ထားပါတယ်။Action, Comedy, Mystery အမျိုးအစားဖြစ်ပြီး နားနားနေနေကြည့်သင့်တဲ့ Comedy ဇာတ်ကားမျိုးဖြစ်ပါတယ်။ဒီဇာတ်ကားကို ကျွန်တော်ကတော့ သိပ်ကြိုက်ပါတယ်...ဒါကြောင့် ဘာသာပြန်အသစ် BluRay Quality အစစ်နဲ့ ပြန်လည်တင်ဆက်လိုက်တာပါ။  File size…(1 GB) and (500 MB) Quality…BluRay.720p Format…mp4 Duration….01:38:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie
Badges of Fury (2013)
2013
Il Mare (2000) 7.7
Il Mare (2000) Il Mare (2000)့" ငါတို့ခံစားနေရတဲ့ အကြောင်းရင်းက အချစ်တွေရပ်တန့်သွားလို့ မဟုတ်ဘူး ၊ ဆက်ချစ်နေသေးလို့ပဲ "—————Kim Eun Joo ဆိုတဲ့ အသံသရုပ်ဆောင်တစ်ယောက်ဟာ Il Mare ကနေပြောင်းတော့ စာတိုက်ပုံးထဲမှာ စာလေးတစ်စောင် ချန်ထားခဲ့တယ် ။" ကျွန်မက ဒီအိမ်မှာ ရှင့်အရင် နေခဲ့တဲ့သူပါ ၊ အမှန်တကယ်တော့ ကျွန်မရှင့်ကို အကူအညီတောင်းမလို့ပါ ၊ ကျွန်မ စာအချို့ကိုမျှော်နေတာပါ ၊ ကျွန်မနာမည်နဲ့ စာအချို့ရောက်လာရင် ဒီလိပ်စာအတိုင်း ကျွန်မဆီကို ပို့ပေးနိုင်မလားရှင့် ၊ အဲလိုလုပ်ပေးမယ်ဆိုရင် ကျွန်မအမှန်တကယ်ကို ကျေးဇူးတင်မိမှာပါ "December 21, 1999 'Il Mare' မှာကံကောင်းပါစေလို့ ဆန္ဒပြုလျက် Kim Eun Joo( ခွေးကလေးရဲ့ ခြေရာတွေက ကျွန်မ ပြောင်းမလာခင်ကတည်းက ရှိနေတာပါ ၊ ကျွန်မကြိုးစားဖျက်ကြည့်ပါသေးတယ် ဒါပေမဲ့မရဘူး ၊ ရှင်သိပ်မကြာခင် ...
movie
Il Mare (2000)
2000
[18+] High Society (2018) 5.4
movie
[18+] High Society (2018)
2018
Crime Story (1993) 6.8
Crime Story (1993)   ဒီဇတ်ကားမှာအဓိကဇာတ်ကောင်ဖြစ်တဲ့ အင်စပက်တာအက်ဒီချန်းနေရာမှာ သရုပ်ဆောင်ဖို့ပထမဆုံးစဉ်းစားခံရတဲ့သူကတော့ တရုတ်ပြည်ရဲ့ထိပ်တန်းမင်းသားဂျက်လီပဲဖြစ်ပါတယ်..ဂျက်လီဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီရုပ်ရှင်ဇာတ်ကားကိုမရိုက်ကူးဖြစ်ခဲ့ပဲ မင်းသမီး မီရှဲရွန်းနဲ့တွဲဖက်ပြီး Tai Chi Master(၁၉၉၃)ဇတ်ကားကိုပြောင်းလဲရိုက်ကူးခဲ့ပါတယ်..(၁၉၉၃)ခုနှစ်မတိုင်ခင်မှာ ရဲစုံထောက်အက်ရှင်ဇာတ်ကားများ အများအပြားရိုက်ကူးခဲ့ပြီး ရဲစုံထောက်ဇာတ်ရုပ်နှင့်အကျွမ်းတဝင်ဖြစ်နေခဲ့တဲ့ ဂျက်ကီချန်းဟာဂျက်လီမရိုက်ကူးဖြစ်ခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်ညွှန်းကိုဖတ်ကြည့်ပြီး သူနှစ်ခြိုက်တဲ့ကာရိုက်တာမျိုးဖြစ်နေတဲ့အတွက် ရိုက်ကူးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဟောင်ကောင်ဒါရိုက်တာ ကာကီဟွမ်နှင့် ပူးပေါင်းပြီး ဂျက်ကီချန်းဟာ တွဲဖက်အက်ရှင်ဒါရိုက်တာအနေနဲ့ရော Main Role အနေနဲ့ပါ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်...ဟောင်ကောင်နဲ့ ထိုင်ဝမ်ပြည်နယ်တို့မှာ (၁၉၉၂) ဇူလိုင်(၉)ရက်နေ့မှစပြီး သြဂုတ်(၂၀)ရက်နေ့အထိ (၄၂)ရက်ကြာအောင် ဒီရုပ်ရှင်ကိုစနစ်တကျရိုက်ကူးခဲ့ပါတယ်...ဂျက်ကီချန်းကိုယ်တိုင်ရေးသားထားတဲ့ (My Life Acting)စာအုပ်ထဲက ရေးသားဖော်ပြချက်အရ ဒီစုံထောက်ဇာတ်ကားရိုက်ကူးစဉ်မှာ ကားနှစ်စီးယှဉ်တိုက်တဲ့ဇာတ်ဝင်ခန်းကိုလူစားမထိုးပဲ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ခြေထောက်သွင်သွင်ကျိုးသည်အထိ ဒဏ်ရာရခဲ့ဖူးတယ်လို့လည်း သိရပါတယ်..(၁၉၉၃)ခုနှစ် ဇွန်လ(၂၄)ရက်နေ့မှာ ဒီရုပ်ရှင်ဇာတ်ကားကို ဟောင်ကောင်မှာ စတင်ရုံတင်ပြသခဲ့ပြီးအောင်မြင်မှုအနေနဲ့ ရရှိခဲ့တဲ့ဆုတွေကတော့(၁၉၉၃)ခုနှစ်မှာ ဂျက်ကီချန်းဟာ အကောင်းဆုံးသရုပ်ဆောင်အဖြစ်Golden Horseဆုကိုရှိခဲ့ပါတယ်(၁၉၉၄)ခုနှစ်ရဲ့ ဟောင်ကောင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဂျက်ကီချန်းဟာ အကောင်းဆုံးဇာတ်ဆောင်ဆုနှင့် အကောင်းဆုံးအက်ရှင်စတန့်ပြကွက်(Best Action Choreography) ဆုကိုပါ ထပ်မံရရှိခဲ့တဲ့အပြင် အကောင်းဆုံး ဒါရိုက်တာဆုကို ဒါရိုက်တာ ကာကီဟွမ်မှလည်း ရရှိခဲ့ပါတယ်..အကောင်းဆုံး ...
movie
Crime Story (1993)
1993
Gandarrapiddo!: The Revenger Squad (2017) 4.8
Gandarrapiddo!: The Revenger Squad (2017) ခုတင်ပေးတဲ့ ဖိလစ်ပိုင်ဇာတ်ကားလေးက Barcelona …Gangster … အစရှိတဲ့ ဇာတ်ကားထဲမှာ Romantic ဆန်ဆန် ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသားချော Daniel Padilla ပါဝင်ထားတဲ့ စွမ်းအားရှင် Comedy ဇာတ်ကားမျိုးလေးပါ။ဂန်ဒါရ လို့ခေါ်တဲ့ စွမ်းအားရှင်ဦးဆောင်တဲ့အဖွဲ့ဟာ ဒေါက်တာကလင်းရဲ့ညွှန်ကြားချက်နဲ့ ဗီလိန်အရူးဆီကနေ ချီနိုလေးကိုကယ်တင်ဖို့ တိုက်ပွဲဆင်နွဲခဲ့ကြပါတယ်။ တိုက်ပွဲမှာ အနိုင်ရရှိကြပေမယ့် မမျှော်လင့်ဘဲ ဂန်ဒါရခေါင်းကိုထိပြီး အတိတ်မေ့သွားခဲ့တယ်… သူတို့တွေဟာ လူတွေကြားထဲ သာမာန်မိသားစုသဖွယ်နေထိုင်နေပေမယ့် ၂၁ နှစ်အရွယ်ကိုရောက်လာမယ့် ချီနို့ကြောင့် ဂန်ဒါရရဲ့အဖွဲ့သားတွေဟာ စိုးထိတ်နေကြတယ်… တစ်ဖက်မှာလဲ လူဆိုးတွေရဲ့တိုက်ခိုက်မှု နောက်ကွယ်ကကြိုးကိုင်ထားတဲ့ မီနိုဆိုတဲ့အန္တရာယ်ကို ဘယ်လိုချေမှုန်းကြမလဲဆိုတာကို ဟာသဆန်ဆန် စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။  File size…(1 GB) and (500 MB) Quality…HD-Rip 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htoo Htoo Ka Joe   
movie
2017