Channel Myanmar

Biography

127 Hours (2010) 7.6
127 Hours (2010) ကဲဗျာ ဒီတစ်ခါတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျ ဇာတ်လမ်းလေးက တော့ IMDb rating 7.6 ထိရရှိထားပြီးတော့ ၂၀၁၁ အော်စကာမှာ Best picture နဲ့ အတူတခြား ဆု၆ဆုကိုလည်း အမည်စာရင်းဝင်ထားပါသေးတယ် လမ်းလျှောက်သမား အာရွန် ရဲ့ ခရီးရှည်လမ်းလျှောက် မှုမှာကြုံတွေ့ရတဲ့ မတော်တဆ ဖြစ်ရပ်ကိုအသက်သွင်းရိုက်ကူးထားတာဖြစ်ပြီးတော့ မတော်တဆမှုမှာ အာရွန်တယောက် ရှိတဲံ ပစ္စည်းလေးနဲ့ပဲ အခက်အခဲတွေကိုကျော်ဖြတ်ခဲ့ပုံတွေကို တင်ဆက်ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့ မိသားစုဘ၀ ပဋိပက္ခတွေကိုပဲ ရိုက်ပြထားပြီးတော့ နောက်ပိုင်းမှာတော့ ဇာတ်လမ်းက တဖြေးဖြေး Tempo မြင့်လာပြီး အာရွန်တယောက် အသက်ရှင်ဖို့ အတွက်ရုန်းကန်မှုတွေကို ရင်တသတ်သတ်နဲ့ ကြည့်ရှူကြရမှာဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ Canyonland ကာကွယ်တောကို အာရွန်တယောက် ခရီးရှည်လမ်းလျှောက် ရန်ထွက်လာခဲ့ပြီး တောထဲကိုတစတစနဲ့ ၀င်ရောက်လာခဲ့ပါတယ် ဒီလိုနဲ့ လမ်းမှာ လမ်းပျောက်နေတဲ့ ခရီးသွားဖော် မိန်းမချောလေး ၂ယောက်နဲ့ တွေ့မိခဲ့ပြီး လမ်းပြခဲ့ကာ အာရွန်တယောက် ခရီးကိုဆက်ခဲ့ပါတယ် ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ကံဆိုးမှုတစ်ခုကြောင့် အာရွန်တယောက် လျှိုထဲကို ချော်ကျသွားခဲ့ပြီး လက်က ကျောက်ဆောင်ကြား ထဲကို ညှပ်သွားပါတော့တယ် ကဲ အာရွန်တယောက်သူ့လက်ထဲမှာရှိတဲ့ ခရီးသွား အသုံးအဆောင်ပစ္စည်းလေးတွေနဲ့ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါ့မလား ဘယ်လိုများလွတ်မြောက်သွားမလဲ အစာငတ်ရေငတ်နဲ့ ဒီ ၁၂၇ နာရီကိုကောတောထဲမှာတယောက်ထဲ ဘယ်လိုများဖြတ်သန်းခဲ့သလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်ရှူလိုက်ပါတော့ဗျာ :D Download ...
7.6
IMDB: 7.6/10 288,332 votes
movie

127 Hours (2010)

2010
The Fighter (2010) 7.9

The Fighter (2010)

2010
The Man Who Knew Infinity (2015) 7.2
The Man Who Knew Infinity (2015) လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ကာလ တခုသောနွေဦးရာသီမှာ အင်္ဂလန်မှာရှိတဲ့ Trinity ကောလိပ်မြေပေါ်ကို အိန္ဒိယလူငယ်လေးတယောက်ဟာ အိပ်မက်တွေတပွေ့တပိုက်နဲ့ မ၀ံ့မရဲခြေချခဲ့ပါတယ်။ ... Ramanujan ဆိုတဲ့ ဒီလူငယ်ဟာ အင်္ဂလန်မြေကို ရောက်လာဖို့ သူ့ဘ၀တခုလုံး ပုံအောခဲ့ရတာဖြစ်ပါတယ်။ သူဟာ အိန္ဒိယမှာ သာမန်စာရေးအလုပ်ရဖို့ ရုံးပေါင်းစုံမှာ အောက်ကျို့ပြီးအလုပ်လိုက်တောင်းသည့်တိုင် နေရာကောင်းကောင်း မရပါဘူး။ သူ့မှာ ဘွဲ့ဒီဂရီမရှိလို့ ဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာ ၀ါသနာအရ သင်္ချာပညာကို လေ့လာလိုက်စားမှုဟာ သူ့ကို ကမ္ဘာသစ်တခုထဲ ခေါ်ဆောင်သွားခဲ့ပါတယ်။ သူ့ရဲ့လေ့လာတွေ့ရှိချက်များဟာ သူ့အတွက် အင်္ဂလန်သွားသင်္ဘောလက်မှတ် ဖြစ်စေခဲ့ပါတယ်။ ... ရာမနုဂျန်တယောက် အင်္ဂလန်မြေကို အရဲစွန့်ရောက်လာချိန်ဟာ အိန္ဒိယဟာ ဗြိတိသျှကိုလိုနီဖြစ်နေချိန်ပဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ပါမောက္ခတွေဟာ နဂိုကမှ ကိန်းခန်းကြီးတဲ့အပြင် လက်အောက်ခံနိုင်ငံတခုက အောက်ခြေလူတန်းစားသာဖြစ်တာမို့ အသက် ၂၇ နှစ်အရွယ် ဒီလူငယ်ကိုတွေ့ကာစမှာ သူတို့ သိပ်တော့အထင်မကြီးပါဘူး။ ... ဒါပေမယ့် သွေးကြီးတဲ့ Cambridge ပါမောက္ခကြီးတွေနဲ့ အိန္ဒိယလူငယ်လေးကို တခုသောအရာက နီးကပ်စေခဲ့ပါတယ်။ အဲဒါကတော့ ပညာဆိုတဲ့အရာပဲ ဖြစ်ပါတယ်။ ... တကယ့်ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဒီဇာတ်လမ်းကို ကြည့်ပြီးချိန်မှာ အတွေးဝင်မိတာရှိပါတယ်။ အဲဒါကတော့ ပညာကိုချစ်မြတ်နိုး တန်ဖိုးထားတတ်ပုံခြင်းတူရင် လူမျိုးအဆင့်အတန်းကွာခြားမှုတွေ ရှိနေသည့်တိုင် နီးစပ်သွားနိုင်ပြီး ပညာအပေါ်တန်ဖိုးထားမှုမတူတဲ့အခါ အသိုက်အ၀န်းတခုအတွင်း ရှိနေသည့်တိုင်အောင် ဝေးကွာနေတတ်တယ်ဆိုတာပါပဲ..... ... ဒီကားထဲမှာ ကြိုက်မိတဲ့ dialogue လည်း ရှိပါတယ်။ ကမ္ဘာကျော်တက္ကသိုလ်ကြီးရဲ့ ပရိဝုဏ်မြေအနင်းမှာ မင်သက်အံ့သြသွားတဲ့ အိန္ဒိယသားလေး Ramanujan ကို John Littlewood ...
7.2
IMDB: 7.2/10 23,705 votes
movie

The Man Who Knew Infinity (2015)

2015
Dangal 2016 9.2
Dangal 2016   Dangal (သို့မဟုတ်) အောင်မြင်မှုရဲ့ ခရီးကြမ်း "နပန်းသမားတစ်ယောက်က ကွင်းထဲဝင်လာပြီး ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်ဆုတံဆိပ်ရယူပေဖို့အတွက်ပဲ။ဒါပေမဲ့ နိုင်ငံကတော့ နပန်းသမားတွေကို ဘာမှကူညီထောက်ပံမှုမလုပ်ပေးဘူး။" ဒီစကားကိုပြောတာက နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးကယောကျာ်းလေးဖြစ်ရမယ်တဲ့။ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာခဲ့တာ ၄ယောက်မြောက်ထိရောက်လာပေမယ့် အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ဒါပေမဲ့....... တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့ Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး ...
9.2
IMDB: 9.2/10 19,562 votes
movie

Dangal 2016

2016
DVDScr 720p
A Street Cat Named Bob (2016) 7.3
A Street Cat Named Bob (2016) (အောက်ပါ ပုံသည် ပိုင်ရှင်ဖြစ်သူ ဂျိန်း နှင့် သူ၏ ကြောင် ဘော့ တို့ ၏ မူရင်းပုံဖြစ်သည်) ဒီရုပ်ရှင်ကားဟာ ဖြစ်ရပ်မှန်ဖြစ်ကြောင်း ပထမဆုံးအနေနဲ့ ပြောပါရစေ ပြီးတော့ ဒီဇတ်လမ်းကို ရိုက်ဖို့ သရုပ်ဆောင်တဲ့ ကြောင်လေး ကလဲ ဇတ်လမ်းဖြစ်တည်ခဲ့တဲ့ ကြောင်လေး Bob ကိုယ်တိုင်ပါပဲ ကြောင်လေး Bob ဟာ ကျနော် မြင်ဖူးသမျှ ကြောင်တွေထဲမှာ အလိမ္မာဆုံး ကြောင်လေး တစ်ကောင်ဖြစ်ပြီး အံ့အောထူးဆန်းဖွယ် အပြည့်နဲ့ပါပဲ... တိရိစ္ဆာန် ဇတ်လမ်းတွေမှာ ခွေးတွေကို သင်ပေးရတာ လွယ်ပြီး ကြောင်တွေကို လိုရာအတိုင်းခိုင်းနိုင်ဖို့ အတော်ခက်ခဲပါတယ် ကြောင်လေး Bob အနေနဲ့ ပီပီပြင်ပြင် အားလုံးကို သရုပ်ဆောင်သွားနိုင်ပါတယ်... (Nine Live 2015 လို ကားမျိုးလဲ ရှိသေးလို့ ရှာဖွေ ကြည့်ရှုပါရန်) ဇတ်လမ်းပုံစံကတော့ ဆေးစွဲပြီး လမ်းစ ပျောက်နေတဲ့ ဂျိန်း ဟာ ငယ်ရွယ်ပေမယ့် သူ့ ဘ၀ က မူးယစ်သားကောင်ဖြစ်နေပြီး ...
7.3
IMDB: 7.3/10 1,510 votes
movie

A Street Cat Named Bob (2016)

2016
Eddie the Eagle (2016) 7.4
Eddie the Eagle (2016)   IMDb rating 7.4/10 ရရှိထားတဲ့ စိတ်ဓါတ်ခွန်အားပေးတဲ့ ဇာတ်ကားလေးတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးဟာ 1988 ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ အနိုင်ရဗိုလ်ဆွဲသွားတဲ့ နှင်းလျှောစီး ချန်ပီယံ Eddie Ewdard ရဲ့ ဘ၀ဇာတ်ကြောင်းကိုရိုက်ကူးပြထားတာဖြစ်ပြီး အတုယူဖွယ်ရာ အက်ဒီရဲ့ ငယ်စဉ်ဘ၀ထဲက အရာရာကို အရှုံးမပေးတတ်တဲ့ စိတ်ဓါတ်ကို တွေ့မြင်ရမှာပါ အက်ဒီဟာဆို ငယ်ငယ်ကတည်းက ခြေထောက်မသန်စွမ်းသူတယောက်ဖြစ်ပြီး သူဟာ အရာရာကိုစူးစမ်းခြင်စိတ်များသူတယောက်လည်းဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာ အက်ဒီကဘယ်လိုများ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓါတ်နဲ့ ဘ၀ ရည်မှန်းချက်တွေကို ရယူသွားမလဲ ဆိုတာကို ပရိတ်သတ်ကြီးက ပဲ ဆက်လက်ကြည့်ရှူလိုက်ပါတော့ Download HD (640mb)
7.4
IMDB: 7.4/10 39,103 votes
movie

Eddie the Eagle (2016)

2016
The Infiltrator(2016) 7.1
The Infiltrator(2016)   2016 ထွက် IMDB 7.2 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခ၀ါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘ၀၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။ File Size     :   900/455 Mb Duration    :   2 :07 ...
7.1
IMDB: 7.1/10 22,353 votes
movie

The Infiltrator(2016)

2016
Snowden (2016) 7.4
Snowden (2016)            ဒီရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖို့ကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမ၀င်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ၀န်ထမ်းဟောင်းတစ်ယောက်ပါ။ ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။ မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို့ ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ ...
7.4
IMDB: 7.4/10 13,128 votes
movie

Snowden (2016)

2016
Sully (2016)
Sully (2016)   ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သဘောင်္ လေယာဉ်နဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။ IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
IMDB: /10 votes
movie

Sully (2016)

Beyond Rangoon (1995)
Beyond Rangoon (1995) IMDb rating 6.6 ရရှိထားပြီး ၁၉၉၅ ခုနှစ်က ရိုက်ကူးထားတဲ့ မြန်မာ့နောက်ခံ သမိုင်းအသားပေး ဇာတ်ကာကြီး Beyond Rangoon ကိုမိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားဟာ ဆို ၁၉၈၈ ခုနှစ်မှာ မြန်မာ နိုင်ငံကိုလာလည်တဲ့ tourist တဖွဲ့ဟာ ၈၈၈၈ uprising ကိုကြုံတွေ့ရပုံကို ရိုက်ကူးပြသထားတာ ပါ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ သဘောသဘာဝတွေအများအပြားပါဝင်ထားပြီး ထူးခြားတာ တစ်ခုက ဒီဇာတ်ကားဟာ မြန်မာ နိုင်ငံမှာ ရိုက်ကူးခဲ့တာ မဟုတ်ပဲ မလေးရှားနိုင်ငံမှာပဲ ဇာတ်ဝင်ခန်းအားလုံးကိုရိုက်ကူးခဲ့တာဖြစ်ပြီး ဒီဇာတ်ကားထဲမှာ အပြင်မှာ လက်တွေ့ကြုံတွေ့ခဲ့ ကြရတဲ့ မြန်မာပြည်သူတွေရဲ့ လက်တွေ့ ဘ၀တွေကို မီးမောင်းထိုးရိုက်ကူးပြသထားတာပါ။ ဒီဇာတ်ကားဟာ ဥရောပမှာသာမက အမေရိကမှာပါအထူးအောင်မြင်ခဲ့တဲ့ဇာတ်ကားတစ်ကားလည်း ဖြစ်ခဲ့ပါတယ် ။ ဇာတ်လမ်း အကျဉ်းလေးကတော့ အန်ဒီဟာ သူ့သူငယ်ချင်းဟာ လင်ယောကျာ်းဖြစ်သူ အသတ်ခံရလို့ ပူဆွေးသောကဖြစ်နေတာကို စိတ်ပြေလက်ပျောက်ဖြစ်စေရန်အလို့ငှာ မြန်မာနိုင်ငံသို့အပန်းဖြေလေ့လာရေးခရီးထွက်လာရာမှ မမျှော်လင့်ပဲ ၈၈၈၈ ကိုကြုံတွေ့ လိုက်ရတဲ့အခါမှာတော့ ........... Download On Pclod L-File Download ...
IMDB: /10 votes
movie

Beyond Rangoon (1995)

Free State of Jones (2016) 6.8
Free State of Jones (2016) ဒီ Free State of Jones ဇာတ်ကားဟာဖြင့်အမေရိကန်ပြည်တွင်းစစ်အတောအတွင်းဖြစ်ပွားခဲတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကိုအခြေခံထားတဲ့ကားကောင်း တစ်ကားပါပဲ။ဒီဇာတ်လမ်းမှာ ဆင်းရဲသားတွေနဲ့လူချမ်းသာတွေရဲ့ တဖြည်းဖြည်းကွာဟလာတဲ့ ဘဝတွေကိုပေါ်လွင်အောင်ပြထားနိုင်တယ်လို့ချီးမွမ်းကြပါတယ်။ ဒီဇာတ်လမ်းမှာNewton Knight ဆိုတဲ့ ဆင်းရဲသားလယ်သမားတစ်ယောက် ဦးဆောင်တဲ့ လွတ်မြောက်လာတဲ့ကျွန်တွေ၊ဆင်းရဲသားတွေရဲ့ တော်လှန်ပုံ ကိုပီပီပြင်ပြင်ပုံဖော်ထားလို့ ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပြောရမှာပါ (ဇာတ်လမ်းအညွန်းကိုတော့ Shocking Pink မှရေးသားပေးထားတာဖြစ်ပါတယ်) File Size : 1 GB /500 MB Quality : Blu ray 720P Running Time : 2hr 15 minute Format : Mp4 Genre : Action, Biography, Drama Encoder : Thanhtike Zaw Download Here 720p HD (1GB) Pcloud Link Download Small File Size (500 MB) Pcloud Link
6.8
IMDB: 6.8/10 12,349 votes
movie

Free State of Jones (2016)

2016
Genius (2016) 6.6
Genius (2016) GENIUS(2016)သည် 1979 က ထုတ်ဝေခဲ့ပြီး အမျိုးသားစာပေဆုရခဲ့သောA.Scott Berg ရဲ့ Editor of Genius ကိုရိုက်ကူးထားတာဖြစ်ပြီး အမေရိကန်စာပေလောကမှာ ထင်ရှားခဲ့တဲ့ အယ်ဒီတာ ပါရမီရှင် Maxwell Parkins ၏ ဘဝဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။Max ဟာ အမေရိကန် စာရေးဆရာ Ernest Miller Hemingway၊F.Scott Fitzgerald နှင့် Thomas Wolfe စတဲ့ စာရေးဆရာအကျော်အမော်တွေကိုအောင်မြင်အောင် မြေတောင်မြှောက်ပေးခဲ့သူလည်းဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Max နှင့် Thomas Wolfe တို့၏အကြောင်းအဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ Maxwell Parkins အဖြစ် The King's Speech(2010) နဲ့ အော်စကာဆုရခဲ့တဲ့ Colin Firth၊Thomas Wolfe အဖြစ် နာမည်ကျော် သရုပ်ဆာင် Jude Law တို့ဖြစ်ကြပါတယ်။ ဒီဇာတ်ကားဟာ Biography/Drama အမျိုးအစားဖြစ်တာနဲ့အညီ Drama ပရိသတ်နဲ့ စာပေချစ်မြတ်နိုးသူတိုင်း ...
6.6
IMDB: 6.6/10 3,141 votes
movie

Genius (2016)

2016
Valkyrie ( 2008) 7.1
Valkyrie ( 2008)   CM ပရိတ်သတ်ကြီးရေ.... "သူတော်ကောင်း နတ်ကောင်းမ" ဆိုတဲ့ စကားပုံကို ယုံကြည်ကြပါသလား....ဒီစကားပုံကို အပြည့် အဝမမှန်ကြောင်း သက်သေပြနိုင်တဲ့ Valkyrie ဆိုတဲ့ ဒုတိယကမ္ဘာစစ်က ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခု အကြောင်း ကို ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်.... ဇာတ်လမ်းအကျဉ်း ........................... ကာနယ် Claus von Stauffenberg (Tom Cruise) ဟာ ဂျာမဏီအတွက် သစ္စာစောင့်သိပြီး သက်စွန့်ဆံဖျား တာဝန်ထမ်းဆောင်နေတဲ့၊ ဟစ်တလာကိုယ်တိုင်က ချီးကျူးဂုဏ်ပြုရတဲ့ အရာရှိကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဟစ်တလာရဲ့ လုပ်ဆောင်မှုတွေကြောင့် တစ်နေ့မှာ သူချစ်တဲ့ ဂျာမဏီနိုင်ငံကြီးပျက်သုဉ်းသွားနိုင်တယ်ဆိုတဲ့အတွေးနဲ့ စိုးရိမ်နေတဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်ပဲ သူဟာ သူနဲ့ စိတ်သဘောထားတူညီပြီး ဟစ်တလာရဲ့ နာဇီအစိုးရကို ဖြုတ်ချချင်နေတဲ့ ဂျာမဏီရဲ့ ထိပ်တန်းအရာရှိတစ်စုနဲ့ ပူးပေါင်းကာ ဟစ်တလာကို လုပ်ကြံဖို့ကြိုးပမ်းပါတော့တယ်။ဒီအကြံအစည်ကို ခက်ခက်ခဲခဲ အကောင်အထည်ဖော်ဖို့ကြိုးစားရင်း ကာနယ် Claus von Stauffenberg ...
7.1
IMDB: 7.1/10 184,503 votes
movie

Valkyrie ( 2008)

2008
The Devil’s Double (2011)
The Devil’s Double (2011) IMDb (7.1/10) အီရတ် အာဏာရှင် ဆက်ဒမ်ဟူစိန်ရဲ့ အကြီးဆုံးသား အူဒေး ဟူစိန်အကြောင်းကို ရိုက်ကူးပြခဲ့တဲ့ ဇာတ်ကားဖြစ်ပါ တယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖို့အတွက် အီရတ်နိုင်ငံသား လာတစ်ဖ်ရာဟိုင်း ရေးသားထားတဲ့ စာအုပ်ကို အခြေခံခဲ့တာ ဖြစ်ပါတယ်။ စာအုပ်နာမည်ကလည်း The Devil’s Double ပါပဲ။ လာတစ်ဖ် ရာဟိုင်း ဆိုတာက အူဒေးဟူစိန်နဲ့ရုပ် ချင်းဆင်ပြီး အူဒေးရဲ့ ကိုယ်ပွားလူတစ်ဦးအဖြစ် နေထိုင်ခဲ့ရ သူပါ။ အီရန်-အီရတ်စစ်ပွဲကာလမှာ အီရတ်စစ်မှုထမ်းတစ် ဦးဖြစ်ခဲ့ပြီး နိုင်ငံတကာ ဥပဒေ ပညာပါရဂူဘွဲ့ ရရှိထားတဲ့ အီရတ်ဘလောဂါ၊ စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ လာတစ်ဖ် ကိုယ်တိုင်က ဆက်ဒမ်ကို ထောက်ခံခဲ့သူတစ် ဦးဖြစ်ပေမဲ့ ဆက်ဒက်ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို မြင်တွေ့ ပြီးချိန်မှာ ဆက်ဒမ်အစိုးရအဖွဲ့ကို မုန်းတီးစိတ်ဝင်လာခဲ့ပါ တယ်။ အီရန်-အီရတ်စစ်ပွဲက ပြန်ရောက်လာချိန်မှာ အူဒေး ...
IMDB: /10 votes
movie

The Devil’s Double (2011)

Azhar (2016) မြန်မာစာတန်းထိုး 6.1
Azhar (2016) မြန်မာစာတန်းထိုး IMDB-6.1 ဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ ခရစ်ကတ်ကစားနည်းသမိုင်းမှာ အစောဆုံးနာမည်ကြီးတစ်ယောက်ဖြစ်တဲ့ မိုဟာမက်အက်ဇ်ဟာရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ အတ္ထုပတ္တိကားတစ်ကားပါ ဇာတ်လမ်းကတော့ တစ်ခြားတစ်ခြားသော Sport Biographical Movie တွေလိုပဲ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ အောင်မြင်အောင် ကြိုးစားခဲ့ရပုံတွေကို မြင်တွေ့ရမှာပါ ၂၀၁၆ရဲ့ အတ္ထုပတ္တိကားကောင်းတစ်ကားလည်းဖြစ်တယ်လို့ ဆိုကြပါတယ် ဒီနေ့ကတော့ ကျွန်တော်တို့ စီအမ်က ဘောလိဝုဒ်ကားတွေ ဓာတ်ကျနေတယ်လို့ဆိုရမှာပဲ... ဒီတော့ ကျွန်တော်တို့တွေ ဒီကားကိုလည်း စီးမျောခံစားကြည့်လိုက်ကြရအောင်ဗျာ...... (ဇာတ်လမ်းအညွန်းကို ကိုကို Ye Khant Min မှ ရေး ပေးထားတာဖြစ်ပါတယ်) File size…(850 MB) Quality…720p Bluray Format…mp4 Duration….01:30:30 Subtitle….Myanmar Subtitle (Hardsub) Encoder…. Thanhtike Zaw Download Here (850 MB) Download Small File Size (450 MB)
6.1
IMDB: 6.1/10 3,343 votes
movie

Azhar (2016) မြန်မာစာတန်းထိုး

2016
Soul Surfer (2011) မြန်မာစာတန်းထိုး
Soul Surfer (2011) မြန်မာစာတန်းထိုး လူတိုင်း၌ ထူးခြားသော အခွင့်အရေးတစ်ရပ်စီ ပိုင်ဆိုင် ထားကြသည်။ သို့သော် ထိုအခွင့်အရေးကို  ရယူအသုံးချနိုင်ရန်မှာ လူတစ်ဦးချင်းစီ စိတ်စွမ်းအားဖြင့်သာ သက်ဆိုင်မှုရှိ ကြောင်းကို  Soul Surfer  ဇာတ်ကား၌ ဖွင့်ဆိုခဲ့ပါသည်။ ဖြစ်ရပ်မှန်ကို အခြေပြုပြီး ရိုက်ကူးခဲ့သော ဇာတ်ကား ဖြစ်ပါသည်။ လက်တစ်ဖက်မရှိတော့ဘဲ ပရော်ဖက်ရှင်နယ် ရေလွှာလှိုင်းစီးသူဖြစ်လာခဲ့သည့် ဘတ်တနီဟမ်မယ်လ်တန် အကြောင်းကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။IMDb Rating (7.1/10) ရရှိထားပါတယ်။ ဟမ်မယ်လ်တန်ကို ၁၉၉၀ပြည့်နှစ်၌ ရေလွှာလှိုင်းစီးသူ မိဘနှစ်ပါးမှ ဟာဝိုင်အီတွင် မွေးဖွားခဲ့သည်။ မိဘများနည်း တူ ရေလွှာလှိုင်းစီးခြင်းကို ဝါသနာထုံသူဖြစ်ပြီး ငယ်စဉ်ကတည်းကပင် ရေလွှာလှိုင်းစီးခဲ့သူ ဖြစ်ပါသည်။ ထိုစဉ်က တည်းက ဟမ်မယ်လ်တန်ကို အလားအလာရှိသော ရေလွှာ လှိုင်းစီးသူ ဆယ်ကျော်သက်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။ ဒေသတွင်း ပြိုင်ပွဲများတွင်လည်းထိပ်တန်းအဆင့်သို့ ရောက်ရှိခဲ့သည်။ ထို့ပြင် ကိုယ်လက်အင်္ဂါချို့ယွင်းမှုမရှိသော လူတစ်ဦးအဖြစ်လည်း ရပ်တည်ရှင်သန်နေခဲ့ပါသည်။ ၂၀ဝ၃ခုနှစ်၊ အောက်တိုဘာလ ၃၁ရက်နေ့။  ဟမ်မယ်လ်တန်နှင့် သူငယ်ချင်းဖြစ်သူ အယ်လန်နာဘလန်ချက် နှင့် ရေလွှာလှိုင်းစီးထွက်ခဲ့သည်။ သူတို့နှင့်အတူ ဘလန်ချက်၏ ဖခင်လည်း လိုက်ပါခဲ့သည်။ ရေလွှာလှိုင်းစီးနေရင်းက ပင် ဟမ်မယ်လ်တန်ကို ငါးမန်တစ်ကောင်က ဝင်ဆွဲခဲ့သည်။ ...
IMDB: /10 votes
movie

Soul Surfer (2011) မြန်မာစာတန်းထိုး

Teenage Mutant Ninja Turtles: Out of the Shadows (2016) မြန်မာစာတန်းထိုး 6.3
Teenage Mutant Ninja Turtles: Out of the Shadows (2016) မြန်မာစာတန်းထိုး Teenage Mutant Ninja Turtles မြန်မာစာတန်းထိုးနဲ့ အကြည်ရပါပြီ။ ဒီ နံပါတ်၂ လိပ်နင်ဂျာကားမှာတော့ နံပါတ်၁ မှာ သူတို့ဖမ်းပေးလိုက်တဲ့ ဗီလိန်ကြီး ရှရက်ဒါ ပြန်လွှတ်လာပြီး အခြားကမ္ဘာတစ်ခုက ဂြိုလ်သားနဲ့ ပူးပေါင်းပြီး ကမ္ဘာကိုသိမ်းပိုက်မယ့် အန္တရာယ်ကို ညီအစ်ကို ၄ ယောက်တွန်းလှန်ကြတာပါပဲ။ ဒီအပိုင်းမှာ ဇာတ်ကောင်အသစ်ကေစီဂျုန်းအဖြစ် အဲရိုးမင်းသား စတက်ဖန် အမ်းမဲလ် သရုပ်ဆောင်ထားပါတယ်။ အက်ရှင်ကားကောင်းတစ်ကားအဖြစ် ပိုင်ပိုင်နိုင်နိုင် ရိုက်ကူးထားသလို လုံးဝစရိုက်မတူညီတဲ့ ညီအစ်ကိုတွေ ဘယ်လိုနားလည်မှုနဲ့ အဖွဲ့တစ်ခုအဖြစ်လှုပ်ရှားနိုင်ခဲ့လည်း ဆိုတာကိုလဲ သရုပ်ဖော်ပြထားပါတယ်။ တစ်ခါတလေ ခက်ခဲတဲ့ရွေးချယ်မှုတွေ ကြုံလာတဲ့အခါ တစ်ယောက်တည်းရဲ့ အမြင်နဲ့ဆုံးဖြတ်ချက်ဟာ ဘယ်လောက်စေတနာပါပါ အမြဲမမှန်နိုင်တာမို့ အဖွဲတစ်ခုရဲ့ စဉ်းစားဉာဏ်နဲ့ အင်အားဆိုတာ အမြဲထည့်တွက်ရမယ့်အရာဆိုတာ လိပ်ညီအစ်ကိုတွေကနေ သင်ခန်းစာယူရင်း ဟာသနဲ့အက်ရှင်ကောင်းတွေ ခံစားနိုင်ကြပါစေ။ (ဇာတ်လမ်း အညွန်းနဲ. ဘာသာပြန်သူကတော. Moe Myint Lwin ပဲဖြစ်ပါတယ်) File size…(1GB) Quality… 720p ...
6.3
IMDB: 6.3/10 17,457 votes
movie

Teenage Mutant Ninja Turtles: Out of the Shadows (2016) မြန်မာစာတန်းထိုး

2016
Cell (2016) မြန်မာစာတန်းထိုး 4.4
Cell (2016) မြန်မာစာတန်းထိုး  ကဲ ဒီတစ်ခါတော့ Cell ဆိုတဲ့ Horror/Si-Fi တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေHorror တို့ရဲ့ ထုံးစံ အတိုင်းပဲ rating နည်းနေတာကတော့ ပြောစရာ မလိုလောက်ပါဘူးပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလည်း ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ မင်းသား/မင်းသမီးတွေပါဇာတ်လမ်း ကလည်း ပုံမှန် Zombie ကားတွေလိုမဟုတ်ပဲ ဇာတ်လမ်းစပြီးကတည်းက ဇာတ်လမ်းရဲ့Tempo ကိုမြင့်လိုက်တာက ကြည့်ရှူ သူတွေအတွက် တမူထူးခြားနေမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ပြပွဲအတွက် ခရီးထွက်နေရတဲ့ မင်းသားကြီး  ဟာလေဆိပ်မှာ ခနနားနေတုန်း အိမ်က သားဖြစ်သူကို ဖုန်းဆက်နေရာမှ ထူးဆန်းတဲ့ Signal ကြောင့်ဖုန်းပြောနေသူအားလုံး စိတ်ရိုင်းဝင် အသိစိတ်လွတ်ပြီး အချင်းချင်း သတ်ဖြတ်ကုန်တဲ့အခါမှာတော့ဘယ်လိုများ ရင်ဆိုငိထွက်ပြေးမလဲ သားဖြစ်သူဆီကိုကောပြန်လည်ရောက်ရှိနိုင်ပါ့မလားဆိုတာတွေကိုတော့ ဒေါင်းယူကြည့်ရှူလိုက်ပါအုံး  Download and Watch 720p HD (700 MB)
4.4
IMDB: 4.4/10 7,833 votes
movie

Cell (2016) မြန်မာစာတန်းထိုး

2016
The Thing (2011) မြန်မာစာတန်းထိုး 6.2
The Thing (2011) မြန်မာစာတန်းထိုး ဒီကားကတော့ သိပ္ပံသည်းထိတ်ရင်ဖိုဇတ်ကားတစ်ကားဖြစ်ပါတယ် ရေခဲပြင်ထဲကိုယာဉ်ကြီးတစ်စင်းပျက်ကျခဲ့တယ် အဲ့ဒီ့ယာဉ်ရဲ့အချက်ပြတစ်ခုဟာ သိပ္ပံပညာရှင်တွေအဖို့ စိတ်ဝင်စားစရာဖြစ်ခဲ့တယ် ဒါ့ကြောင့် ပညာရှင်အသီးသီးစုပေါင်းပြီး ယာဉ်ပျက်ကြီးကိုစူးစမ်းရှာဖွေမှုအစီအစဉ်စခဲ့တယ် ယာဉ်ပျက်ကြီးဆီရောက်တဲ့အချိန်မှာ အံအားသင့်စရာတွေကဆက်တိုက်ဖြစ်နေခဲ့တယ် ရေခဲတုံးထဲမှာ ဂြိုလ်သားလို့ယူဆရတဲ့အကောင်တစ်ကောင်တွေ့ခဲ့တယ် ပုံစံမပျက်စေဖို့အတုံးလိုက်ဖြတ်ပြီး ရေခဲပြင်မှာပဲရှိတဲ့သုတေသနစခန်းကိုယူလာခဲ့တယ် အားလုံးဟာ ဆက်လုပ်ရမဲ့သုတေသနအတွက် အတွေးကိုယ်စီ စိတ်ကူးကိုယ်စီတွေ ဆွေးနွေးရင်းပျော်နေခဲ့ကြတယ် ဒါပေမဲ့ အဲ့ဒီညမှာပဲ ရေခဲတုံးကြီးထဲက အကောင်ဟာ သိပ္ပံပညာရှင်အဖွဲ့ကို အန္တရယ်ဆိုးကြီးတွေကျရောက်စေခဲ့တယ် အသက်ကိုယ်ရန်ပြုစေတဲ့အပြင် လူသားတွေရဲ့ဇီဝဖြစ် စဉ်အသွင်းပြောင်းဟန်တွေပါလာခဲ့တယ် စာရေးဆရာ John W.camphbell ရဲ့ who goes there?စာအုပ်ကိုအခြေခံရိုက်ကူးထားတဲ့ဇတ်ကားဖြစ်ဖြစ်ပါတယ် JOEL EDGERTONနဲ့မင်းသမီးချော Mary Elizabeth Winstead တို့ကသရုပ်ဆောင်ထားပါတယ် တစ်ကားလုံးမှာ ဘယ်သူကအသွင်းပြောင်းသွားမလဲ ရန်ပြုနိုင်မလဲ ဒွိဟတွေနဲ့ အတော်လေးကိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဇတ်ကား မို့ခံစားကြည့်လိုက်ပါဦးလို့ (ဘာသာပြန်သူက တော. Myo Myint Maung ဖြစ်ပြီး ဇာတ်လမ်းအညွန်းကို ကို Phyo Pyae မှ ရေးပေးထားတာဖြစ်ပါတယ်) File size…(664 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:43:00 Subtitle….Myanmar ...
6.2
IMDB: 6.2/10 95,533 votes
movie

The Thing (2011) မြန်မာစာတန်းထိုး

2011