Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Biography
6.1
Hilma (2022)
Hilma (2022)~ IMDb - 6.1/10, Rotten Tomatoes - 63% ~ဟာမားအက်ဖ်ကလစ် ဆိုတဲ့ ပထမဆုံး စိတ်ကူးယဥ်အနုပညာကိုဆွဲပြခဲ့တဲ့ ပန်းချီဆရာမလေးအကြောင်း ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိ (Biography) ဇာတ်ကားပဲဖြစ်ပါတယ်ဆွီဒင်ပန်းချီဆရာမ ဟာမားအက်ဖ်ကလင့်ဟာ စိတ်ကူးယဥ်ပန်းချီဆွဲသူအနေနဲ့ ကမ္ဘာမှာလူသိများပါတယ်။ ထူးဆန်းတာက သူ့ရဲ့အတွေးအခေါ်တွေက ဝိညာဥ်တွေဆီကပဲ ရတယ်ပြောတော့ အဲဒီခေတ်ကလူတွေကယုံရခက်ခဲ့ကြပါတယ်။ ခေတ်ကလည်း ပန်းချီလို့ပြောလိုက်ရင် လက်တွေ့ဆန်တဲ့ ရှူခင်းပုံတွေကိုပဲ သိကြသေးတဲ့ခေတ်ဆိုတော့ ဒီဇာတ်ကားထဲမှာ...- ဝိညာဥ်လောကက တစ်ကယ်ရှိတာလား - ဟာမား ဘယ်လို ပန်းချီဆွဲချင်သွားတာလဲ - ဟာမားရဲ့ အချစ်ရေး - လူတွေက ဟာမား အလုပ်ကို အသိအမှတ်ပြုခဲ့လား - ဟာမား ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရလဲ - ဟာမား အိပ်မက်တွေကို လက်လျော့ခဲ့လား - ဟာမားရဲ့အိပ်မက် အကောင်အထည်ပေါ်သွားခဲ့လား စတာတွေကို စိတ်ဝင်တစားဖြစ်အောင် ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။ အဲဒါအပြင် ဟာမားရဲ့ လှပတဲ့ အနုပညာပန်းချီကားတွေကိုလည်း ထည့်သွင်း ရိုက်ပြထားပါသေးတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB ...
movie
Hilma (2022)
2022
8.0
Cinderella Man(2005)
Cinderella Man(2005)********************James.J Braddock ဒီနာမည်ကြားလိုက်တာနဲ့ တစ်ခေတ်တခါက ဘာဂန်းမြို့လေးရဲ့ခွေးဘီလူးလူကြမ်းကြီး နယူးဂျာဆီပြည်ရဲ့ဂုဏ်ဆောင် ဂျင်မီဆိုပြီး မသိသူမရှိကြပါဘူး...ဘရက်ဒေါ့တို့မိသားစုလေးဟာ သူငယ်ငယ်တည်းကသိပ်အဆင်ပြေပြေရှိလှတယ်မဟုတ်ပါဘူး...အိုင်းရစ်ကနေပြောင်းလာတဲ့ immigrant မိသားစုလေးအနေနဲ့ challenge တွေကတော့အများကြီးရှိမှာပြောစရာတောင်လိုမယ်မထင်ပါ...မွေးချင်းကလဲစုစုပေါင်း ၇ယောက်ဆိုတော့ စားဝတ်နေရေးခက်ခဲမယ်ဆိုတာ အားလုံးအသိပါဒါပေမယ့် ဘရက်ဒေါ့ဟာ လောကကြီးကိုအံတုတယ် ပျစ်ခနဲတံတွေးနဲ့ထွေးပြီးရန်စတယ်သူလောကကြီးကိုအံတုပုံက သူများတွေလို ကြီးပွါးချမ်းသာအောင်လုပ်တာ မဟုတ်ဘဲသူ့ရဲ့ကြောက်စရာလက်သီးချက်တွေနဲ့ပါဒီလိုနဲ့ဘရက်ဒေါ့ဟာတဖြည်းဖြည်းနာမည်ရလာတယ် သူ့ရဲ့မထင်ရင်မထင်သလိုရှောင်တခင်ပြန်ထိုးတတ်တဲ့ တန်ပြန်လက်သီးချက်တွေ သာမန်ပင့်လက်သီးလောက်ကတော့ပဲကြီးလှော်ဝါးသလောက်ပဲရှိတဲ့ သူ့ရဲ့ စတီးလိုမေးရိုးကြီးတွေကြောင့်သူ့ရဲ့ဂုဏ်သတင်းဟာတဖြည်းဖြည်းပျံ့နှံလာပါတယ်.. ဒါပေမယ့် ကံကြမ္မာကဘရက်ဒေါ့ဆိုတဲ့လူကြမ်းကြီးကိုမျက်နှာသာမပေးပါဘူး,,, သူ့ဘဝရဲ့အဆိုးတကာ့အဆိုးဆုံးဆိုတဲ့အခြေနေကို ဖြစ်တဲ့ Champion tier ကနေ Underdog Tier ထဲကိုရောက်နေပါပြီ..အဲ့ဒီနောက်မှာတော့..rating တွေ critic တွေအကြောင်းပြောမနေတော့ဘူး တကယ်ကိုအနှစ်ကျတဲ့ကားပါလူကြမ်းကြီး Cinderella Man ကိုအားပေးလိုက်ကြပါဦး....File Size :(2.3GB) (881 MB) and (277MB) Quality : Blu-Ray 720p Format…mp4 Duration…02:24:00 Genre : Biography ,Drama, Romance Subtitle : Myanmar Subtitle ...
movie
Cinderella Man(2005)
7.0
(18+)Rang Rasiya (2008)
Rang Rasiya (2008) Biography, Drama, Romance IMDb 7.0/10 (2K)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ၁၉ရာစုနှစ်လောက်က အောင်မြင်ကျော်ကြားလူသိများခဲ့တဲ့အပြင် အငြင်းပွားဖွယ်ကိစ္စရပ်များကို ဖြစ်ပေါ်စေခဲ့တဲ့ အိန္ဒိယပန်းချီဆရာ ရာဂျာရဗီဗာမာရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။သူဟာ ဘုရားသခင်တွေရဲ့သရုပ်ပုံစံကိုတောင် စတင်ရေးဆွဲခဲ့တဲ့ အာဂသတ္တိခဲတစ်ယောက်ပဲ ဖြစ်သလို သူ့အနုပညာအရည်အသွေးကိုပြသဖို့ ဝတ်လစ်စလစ်ပန်းချီတွေကိုလည်း ရေးဆွဲဖို့ လက်မတွန့်ခဲ့သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဝါသနာကိုပါခဲ့သလို သူရေးဆွဲခဲ့တဲ့ ပန်းချီကားချပ်တိုင်းဟာလည်း အားလုံးကို အံ့ဩမှင်သက်စေခဲ့ပါတယ်။မွေးဖွားရာဇာတိမြေဖြစ်တဲ့ ထရာဗန်ကိုးတိုင်းပြည်မှာ ငယ်စဉ်ကတည်းက ရှင်ဘုရင်ရဲ့ ချီးမြှောက်ခြင်းကိုခံခဲ့ရပြီး အရွယ်ရောက်လာတော့ မင်းသမီးတစ်ပါးနဲ့ လက်ဆက်ခွင့်ရခဲ့တယ်။ ပြီးနောက် မဒရာဆ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာပန်းချီပြိုင်ပွဲမှာလည်း ဘုရင်ခံက ချီးမြှင့်တဲ့ အိန္ဒိယဂုဏ်ဆောင်ရွှေတံဆိပ်ဆုရခဲ့တဲ့အပြင် ထရန်ဗန်ကိုးဘုရင်ဟာလည်း ရာဂျာ(ရာဇာ)ဆိုတဲ့ဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီခေတ်အခါက ရှင်ဘုရင်တွေကိုမှ တပ်ခေါ်ခွင့်ရှိတဲ့ ဘွဲ့နာမည်တစ်ခုပါ။သူ့ရဲ့အသွေးအသားထဲမှာ အနုပညာသွေးတွေ စီးဆင်းနေတော့ သူ့အတွေးအခေါ်တွေကို တော်ရုံလူတွေ လိုက်မမှီခဲ့သလို အပုပ်ချချင်တဲ့လူတွေဟာလည်း ရန်ငြှိုးတွေထားခဲ့ကြပါတယ်။ဒီလိုနဲ့ ဘုရားကျောင်းပေါင်း ၁၈၀၀၀ နီးပါးကို အပိုင်စားရထားတဲ့ ဓမ္မသတ်မှူးနဲ့ အငြင်းပွားခဲ့ပြီးနောက်မှာတော့ သူ့ဘဝဟာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို Murder 3 ထဲက မင်းသား ရန်ဒီပ်ဟူဒါက ...
movie
(18+)Rang Rasiya (2008)
2022
6.7
Hidalgo(2004)
Hidalgo(2004)==============ဒီတစ်ခါမှာတော့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ကို ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။ ဇာတ်ကားနာမည်ကတော့ Hidalgo လို့ခေါ်ပြီး၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ထူးခြားချက်ကတော့ အမေရိကန် မြင်းစီးသမား Frank Hopkins နဲ့သူ့မြင်း Hodalgo ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာပါ။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Frank Hopkins နဲ့သူ့မြင်းက Buffalo Bill ဆိုသူရဲ့ Wild West show မှာ အကြမ်းခံနိုင်ဆုံးမြင်းစီးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနာမည်ကို အာရပ်လူမျိုးတွေ ဖြစ်ကြတဲ့ ရှိတ်မိသားစုက သဘောမကျကြပါဘူး။ဘာလို့လဲဆိုတော့ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းကသူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆကြလို့ပါ။ ဒါကြောင့်မလို့ ရှိတ်မိသားစုကFrank Hopkins ကို "မီးပင်လယ်"လို့ခေါ်တဲ့ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိသူက ဆုကြေးငွေအနေနဲ့အမေရိကန်ဒေါ်လာ ၁ သိန်း အနိုင်ရမှာပါ။ပိုကောင်းတဲ့အနာဂတ်ကို ရရှိဖို့အတွက် ...
movie
Hidalgo(2004)
7.7
Argentina, 1985 (2022)
Argentina, 1985 (2022)~ IMDb - 7.7/10, Rotten Tomatoes - 98% ~တလောက ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲသွားခဲ့တဲ့ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးဖြတ်သန်းမှု မိုင်တိုင်တစ်ခုကို ရိုက်ပြထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။စစ်အုပ်ချုပ်မှုကနေ ဒီမိုကရေစီရပြီးကာစ အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်က တရားဥပဒေဘက်တော်သားတွေရဲ့ အားထုတ်ခဲ့မှုတစ်ခုဖြစ်တဲ့ စစ်ခေါင်းဆောင်ဟောင်းတွေကို ရုံးတင်စစ်ဆေးခဲ့တဲ့ ကာလတစ်လျှောက်လုံးကို မြင်တွေ့ရမှာပါ။ ဒိတ်ဒိတ်ကြဲ စစ်ခေါင်းဆောင်ဟောင်းတွေကို တရားစွဲဆိုဖို့ ဆွဲချရှေ့နေအဖြစ်တာဝန်ပေးခံလိုက်ရတဲ့ အစိုးရရှေ့နေ စထရက်စဲရာရဲ့ ရင်ပူစရာတွေကို အတူတူလိုက်ပူပေးလို့ရမယ့်၊ အားတက်စရာတွေကို အတူတူလိုက်ပျော်ပေးလို့ရမယ့်၊ မိသားစုအရေးနဲ့ တရားရေးကြားက ချိန်ခွင်လျှာကို ဘက်စောင်းမသွားအောင် ထိန်းဖို့ကြိုးစားနေတဲ့ အိမ်ထောင်ဦးစီးတဖြစ်လဲ အစိုးရရှေ့နေတစ်ယောက်ရဲ့ အပူမီးတွေကိုလည်း မျှဝေခံစားနိုင်ဦးမယ့် ပစ်ရက်စရာတစ်ကွက်မရှိတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။အာဂျင်တီးနား နိုင်ငံရေးကားလေးဖြစ်တဲ့အလျောက် လက်ရှိ အရမ်း Hot ဖြစ်နေတဲ့ "အာဂျင်တီးနား" နဲ့ "နိုင်ငံရေး" ၂မျိုးလုံးကို တစ်ကားထဲမှာ ကြည့်ရမှာမို့ ...
movie
Argentina, 1985 (2022)
2022
6.1
[19+]A Woman Called Sada Abe(1975)
[19+]A Woman Called Sada Abe(1975)***********************************အေဘီ ဆာဒါ ဆိုတာ သူမ ချစ်သူကို ချစ်လွန်းလို့ အဆုံးရှုံးခံရမှာစိုးလို့၊တခြားသူလက်ထဲ မထည့်ပေးနိုင်လို့ ချစ်သူကို ကိုယ်တိုင်သတ်ပစ်ပြီး၊ လိင်အင်္ဂါကိုဖြတ်ယူကာသူမ ကီမိုနိုထဲထည့်ကာ ကိုယ်နဲ့မကွာဆောင်ထားတဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ 1936 ခုနှစ်မှာ ဂျပန်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့ပြီးလူထုအကြားတုန်လှုပ်ခြောက်ခြားစေခဲ့ပြီး တွေးခေါ်ပညာရှင်တွေ၊စာရေးဆရာတွေနဲ့ရုပ်ရှင်ထုတ်လုပ်သူတွေအကြားပိုပျံ့နှံခဲ့ပါတယ်။ 1975 မှာတော့ သူမအကြောင်း ပြန်လည်ရိုက်ကူးထားတဲ့ဒီရုပ်ရှင်ထွက်ရှိခဲ့ပါတော့တယ်။တကယ်လည်းအချစ်ကြီးခြင်းရဲ့ ကြောက်စရာကောင်းတဲ့အိပ်ရာခန်းတွေနဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို ကွင်းကွင်းကွက်ကွက်မြင်ရမှာမို့မိသားစုနဲ့လုံးဝမကြည့်သင့်ပါဘူးခင်ဗျ File Size : (1.3GB) and (445 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:25:00 Genre : Adult, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie
[19+]A Woman Called Sada Abe(1975)
6.4
Hwang Jin Yi (2007)
ဇာတ်လမ်းအကျဉ်းမျိုးရိုးမြင့်တဲ့ အမတ်ကြီးတစ်ယောက်ရဲ သမီးအဖြစ် မွေးဖွားလာတဲ့ ဟွမ်ဂျင်းရီက အပြင်လောကကို မထွက်ရပဲ သူမရဲ့ အိမ်တော်မှာပဲ အမြဲနေရပါတယ်အဲ့လိုနေပြီး ဟန်ယန်းက ချမ်းသာတဲ့ မိသားစုရဲ့သားနဲ့ လက်ထက်နိုင်ဖို့အတွက် စောင့်စားနေရတာပါ...မြင်တဲ့သူတိုင်း စွဲလမ်းလောက်အောင် လှပချောမောတယ်လို့ နာမည်ကြီးပေမယ့်... သူမကို ငယ်ငယ်တည်းက ကာကွယ်ပေးတဲ့ ကိုယ်ရံတော် နွန်ရီ ကြောင့်လည်း အိမ်တော်ရဲ့ မမလေးကို ဘယ်သူမှ မထိရဲကြပါဘူးတစ်နေ့မှာ သူမက အစေခံမိန်းမကနေ မွေးဖွားလာတဲ့ သွေးနှောတစ်ယောက်ဖြစ်ကြောင်း ပျံ့နှံ့သွားတဲ့ အခါ သူမရဲ့ လက်ထပ်ပွဲလည်းပျက်သွားခဲ့ပါတယ်...အစေခံဖြစ်တဲ့ မိခင်ဟာ မသေခင်အထိ ကချေသည်အဖြစ် အသက်မွေးခဲ့ကြောင်းကို သူမ သိသွားခဲ့ပါတယ် ၊ အဲ့နောက် သူမလည်း ကချေသည်လုပ်ဖို့အတွက် ရွေးချယ်လိုက်ပါတော့တယ်တစ်သက်လုံး မင်းသမီးလိုနေလာခဲ့တဲ့ အိမ်တော်ရဲ့ မမလေးက ကချေသည် ဘဝကိုရောက်သွားတဲ့အခါမှာကော သူမ မကြုံဖူးတဲ့ လောကဒဏ်တွေကို ဘယ်လိုရင်ဆိုင်မလဲ... သူမရဲ့ အချစ်ကိုရော ဘယ်လိုတွေ့နိုင်မှာလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည်ရှုလိုက်ပါနော်...။( အညွှန်းရေးသားထားသူကတော့ Han Thu Aye ...
movie
Hwang Jin Yi (2007)
6.7
42 segundos (2022)
42 segundos (The Final Game) (2022)~ IMDb rating - 6.7/10 ~သင့်အနေနဲ့ အားကစားရုပ်ရှင်ကားကောင်းလေးတွေ၊ ဘောလုံးပွဲ Documentary ကောင်းလေးတွေ၊ ရုပ်ရှင်လေးတွေကြည့်ရတာကို နှစ်သက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်လေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။သင်ဟာ ပီလီရဲ့ရုပ်ရှင်နဲ့ Documentary ကို ကြည့်ထားဖူးသူ၊ ရော်နယ်ဒို၊ မက်ဆီ၊ ဖာဂူဆန်၊ ရွန်းနီ၊ အာဆင်ဝင်းဂါးစတဲ့ ဘောလုံးအကျော်အမော်တွေရဲ့ ရုပ်ရှင်တွေကို မလွတ်တမ်းကြည့်ရှုတတ်သူဆိုရင်တော့ ဒီရုပ်ရှင်ကားကောင်းလေးဟာလည်း သင့်အတွက် ထပ်မံထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကောင်းလေးကတော့ ဘောလုံးလောကအကြောင်း၊ ဘောလုံးပြိုင်ပွဲတွေအကြောင်းမဟုတ်ဘဲ အိုလံပစ်ပြိုင်ပွဲတွေထဲက ဝါတာပိုလိုအသင်းတွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းလေးပါပဲ။ IMDb အနေနဲ့လည်း 6.7/10 တောင်ရရှိထားတဲ့ စပိန်ကားကောင်းလေးဖြစ်ပြီး ရထားတဲ့ Rating တွေနဲ့ ထိုက်ထိုက်တန်တန် သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်ပိုင်နိုင်မှု၊ ဇာတ်လမ်းဇာတ်ကွက်နိုင်နင်းမှုရှိတဲ့ ကားကောင်းလေးလည်းဖြစ်ပါတယ်။ အားကစားရုပ်ရှင်ကြည့်တတ်သူတိုင်းအတွက် နောက်ထပ် ဆွေမျိုးမေ့စေမယ့်ဟင်းတစ်ခွက်ဖြစ်ပြီး မမြည်းစမ်းလိုက်ရရင်တော့ နောင်တရနိုင်တဲ့ဟင်းလျာလေးတစ်ခွက်လို့ပြောရမှာပါပဲ။ဒီရုပ်ရှင်လေးထဲမှာတော့ ၁၉၉၂ ခုနှစ်တုန်းက ဝါတာပိုလိုအိုလံပစ်ဖိုင်နယ်ပွဲအတွက် ကြိုးစားနေကြတဲ့ ...
movie
42 segundos (2022)
2022
6.8
Heaven and Earth (1993)
Heaven and Earth (1993)အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War ...
movie
Heaven and Earth (1993)
1993
7.0
The Iceman(2012)
The Iceman(2012)****************လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာလူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာတစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူစတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ ...
movie
The Iceman(2012)
7.5
The Swimmers (2022)
The Swimmers (2022) ================= IMDb Rating - 7.5/10ဒီတစ်ခေါက်တော့ကိုယ်တွေ့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Netflix ကအသစ်ထွက်ရှိလိုက်တဲ့ The Swimmers ဇာတ်ကားက Rio De Jeneiro မှာ ကျင်းပတဲ့ 2016 Olympics Champion တစ်ဦး ဖြစ်ခဲ့တဲ့ ဆီးရီးယားလူမျိုး ရေကူးချန်ပီယံ Yusra Mardini ရဲ့ ဂရိ ပင်လယ်ထဲကနေ ကုန်းမြေအထိလက်ပစ်ကူးပြီး လူတွေကိုကယ်တင် ပေးခဲ့တဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝဇာတ်ကြောင်းကိုပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ရူစရာတို့ညီအစ်မတွေတစ်ဘက်မှာပျော်ရွှင်နေကြပေမဲ့ နိုင်ငံတွင်းမှာဗုံးကြဲခံနေရတာကိုမြင်တွေ့ရမှာပါ။ သူတို့သူငယ်ချင်းတွေ ဗုံးဒဏ်ကြောင့်သေဆုံးခဲ့ရပြီး သူတို့ ရေကူးလေ့ကျင့်တဲ့ကန်အထိပါ ဗုံးကြဲ ခံရပီးနောက် သူ့ကို အိုလံပစ်ချန်ပီယံအမြဲဖြစ်စေချင်ခဲ့တဲ့ နည်းပြဖြစ်သူ အဖေကိုယ်တိုင်က သမီး၂ယောက်ကို ဂျာမနီကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။စိတ်ကူးအတိုင်းမဟုတ်ပဲခက်ခဲလှတဲ့လက်တွေ့ဘဝရဲ့ဒုက္ခအခက်အခဲပေါင်းစုံကို လမ်းခရီးမှာ စတင်တွေ့ကြုံရပါတော့တယ်။ ပိုက်ဆံအမြောက်အမြားတောင်းပြီး တာဝန်ယူမှုမရှိတဲ့ လူကုန်ကူးသူတွေက လှေအစုတ်တစ်စီးနဲ့လူအများကြီးကို ပင်လယ်ထဲဖြတ်သန်းခိုင်းရာကနေ စလိုက်တဲ့ ဒုက္ခဆင်းရဲပေါင်းများစွာကို ကြံ့ကြံ့ခံဖြတ်ကျော်ရင်း ဖခင်အရမ်းဖြစ်စေချင်တဲ့ အိုလံပစ်ချန်ပီယံဆုကို ဘယ်လို ဆွတ်ခူးနိုင်သွားလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့အပြင် နိုင်ငံရေးမငြိမ် သက်မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူတွေရဲ့ဘဝကိုကိုယ်ချင်းစာကရုဏာ သက်စေနိုင်မဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Nyein Lai မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Nyein Lai, Khant Sett ...
movie
The Swimmers (2022)
2022
7.5
Center Stage (1991)
Center Stage( 1991 ) ------------------------တရုတ်အကယ်ဒီမီကစာရင်းလုပ်ခဲ့တဲ့ တရုတ်ပြည်သုံးခြမ်းလုံးမှာ ထွက်ခဲ့တဲ့သမျှ အကောင်းဆုံးကားတစ်ရာထဲ နံပါတ်၄၄နေရာယူထားတဲ့ ရုပ်ရှင်ပါ။ ဒါရိုက်တာကတော့ Rouge (1987)ကားကို ရိုက်ခဲ့တဲ့ Stanley Kwanပါပဲ။ Center Stage ဟာ ၁၉၃၀ပြည့်နှစ်တွေတုန်းက နာမည်ကျော်ခဲ့တဲ့ မင်းသမီးရွမ်လင်းယုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး။ ဒိုကူမန်ထရီလိုလိုတစ်ခြမ်း ဇာတ်အိမ်ဆင်ရိုက်ပြတာတစ်ခြမ်း နှစ်ခြမ်းကို တစ်လှည့်စီပြနေတဲ့ရုပ်ရှင်ပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ ပါဝင်နေသမျှ ဒါရိုက်တာအဆုံး မင်းသားမင်းသမီးတွေအကုန်လုံးဟာ ၁၉၆၀နဲ့ အနီးတစ်ဝိုက်မှာ မွေးခဲ့တဲ့သူတွေဖြစ်ပြီး သူတို့မမွေးခင် နှစ်၃၀လောက်က နာမည်ကျော်ခဲ့တဲ့ မင်းသမီးအကြောင်းကို ၁၉၉၀လောက်မှာ ခြေရာပြန်ကောက်ကြ ဆွေးနွေးကြတာကိုလည်း တစ်လှည့်ရိုက်ပြထားပါတယ်။ဒီရုပ်ရှင်ထဲ သူတို့ရိုက်ပြထားတဲ့ မင်းသမီးက ၁၉၃၀ဝန်းကျင် အသံတိတ်ခေတ်လောက်က မင်းသမီး ရွမ်လင်းယုပါ။ သူဟာ အသက်၂၄နှစ်မှာတင် အောင်မြင်နေတုန်းမှာတင် သက်သေခဲ့ပေမဲ့ တရုတ်ရုပ်ရှင်လောကရဲ့ အမှတ်သညာတစ်ခု ဖြစ်လာခဲ့တဲ့သူပါ။ သူဟာ ၁၉၂၇မှာ မင်းသမီးစလုပ်ခဲ့ပြီး ၁၉၃၅မှာ ...
movie
Center Stage (1991)
6.8
Corsage (2022)
Corsage (2022)"ယိုယွင်းပျက်စီးမှုတွေနဲ့ တိမ်တွေလိုမှောင်မဲလာတဲ့ လူတစ်ယောက်ရဲ့ အသက် ၄၀ ကာလ"ဩစတြီးယားရဲ့ ဧကရီတစ်ဦးကရော အသက်၄၀ကာလရဲ့ အိုမင်းမှုကို ရှောင်လွဲနိုင်ပါ့မလား?တိုင်းပြည်တစ်ပြည်ရဲ့ ဧကရီ၊ ပြည်သူပြည်သားတိုင်းရဲ့ အလှနတ်ဘုရားတစ်ပါးအဖြစ် နေထိုင်ကျင်လည်ခဲ့တဲ့ ဧကရီဘုရင်မကြီးဟာလည်းပဲ အိုမင်းရင့်ရော်မှု၊ နာကျင်မှု တို့ကို လွန်ဆန်ပိုင်ခွင့် မရှိခဲ့ပါဘူး။မတည်မြဲခြင်းတွေနဲ့ လွင့်ပျယ်သွားတဲ့ တစ်မိုးအောက်အလှတရားတွေမရှိတော့တဲ့ မိန်းမသားတစ်ယောက်ရဲ့ အထီးကျန်ဆန်မှုကို ရိုက်ကူးပုံဖော်ထားတဲ့ ဂန္တဝင်ဆန်ဆန် ရုပ်ရှင်တစ်ခုလို့ပဲ တင်စားလိုက်ချင်ပါတယ်။ဆုတွေတစ်ပြုံကြီးသိမ်းထားတဲ့ ဒီဇာတ်လမ်းလေးကတော့ တော်ဝင်ဆန်ဆန် အဆင်အယင် ပုံရိပ်တွေကို သဘောကျတတ်သူများအတွက် ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ဇာတ်ကွက်တိုင်းမှာ လွင့်ယိမ်းသွားမယ့် စိတ်ခံစားချက်ပေါင်းစုံနဲ့ ဘုရင်မကြီးရဲ့ မျက်နှာဟန်အမျိုးမျိုးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာမို့ လက်မလွတ်တမ်းကြည့်ရှုလိုက်ဖို့ တွန်းတွန်းလိုက်ရပါတယ်ခင်ဗျာ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hae Areum ပါ။)File Size : 2.8GB, 705MB, 333MB Quality ...
movie
Corsage (2022)
2022
5.9
A Man of Action (2022)
A Man of Action=============ဒီတခါမှာတော့ အရမ်းကောင်းတဲ့ Netflix ရုပ်ရှင်ဇာတ်ကားကောင်းတွေထဲကမှCM ဖန်တွေ အတွက် အကြိုက်တွေ့စေမဲ့ A Man of Action ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်လိုက်ပါတယ်..စာဖတ်သူဟာအမိန့်ပေးခံရတာ အမိန့်နာခံရတာတွေကိုမနှစ်မြို့သူလား?ဆင်းရဲတဲ့ ဘဝကို မုန်းတီးသူလား? အပြောနဲ့ပဲမဟုတ် ကိုယ့်ယုံကြည်ချက်ကိုလက်တွေ့အကောင်အထည်ဖော်ရမှကျေနပ်မဲ့သူမျိုးလား? ဒါဆိုရင်တော့ဒီLucio Urtubiaရဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးကစာဖတ်သူတို့အကြိုက်ဖြစ်စေမှာပါ။ လူစီယိုဥတုဘျားဟာ လက်တွေ့သမားတယောက်ပါ။ငယ်စဉ်တည်းကဆင်းရဲခဲ့တဲ့အတွေ့အကြုံကြောင့် သူ့အတွက်တော့အရင်းရှင်စနစ်ဆိုတာဟာ မဟာရန်သူတော်ကြီးပါပဲ။ စစ်ပွဲကြီးတွေကနေအမြတ်ထုတ်နေတဲ့ အပြောသာရှိပြီး အဖြစ်မရှိကြတဲ့နိုင်ငံရေးသမားတွေဒီလိုလူတွေနောက်ကွယ်မှာအရာရာကိုချုပ်ကိုင်နေတဲ့ဘဏ်ကြီးတွေဟာဥတုဘျားကိုမင်းမဲ့ဝါဒ anarchisim ရဲ့ စံပြစရာပုဂ္ဂိုလ်တဦးဖြစ်လာအောင်တွန်းပို့ခဲ့ပါတယ်။ ဥတုဘျားတယောက် မိမိခံယူချက်အတွက်ပြင်သစ်နိုင်ငံပါရီမှာဘယ်လိုတွေတိုက်ပွဲ၀င်သွားမလဲ? ဒီသာမန်မင်းမဲ့ဝါဒစပိန်လက်သမားလေးတယောက်က ကမ္ဘာ့အင်အားကြီးအရင်းရှင်စနစ်ပြယုဂ်ဖြစ်တဲ့အမေရိကန်ဘဏ်တွေကိုတုန်လှုပ်သွားနိုင်အောင် ဘယ်လိုများယုံကြည်ချက်ပြင်းပြကာတိုက်ပွဲ၀င်ခဲ့သလဲဆိုတာတွေကို A Man of action ဇာတ်ကားမှာမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။ ရှုစားပေးပါဦး....... File size…1.60GB / 801MB Quality…BluRay 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Biography , Crime , Drama Subtitle….Myanmar Subtitle (Hard ...
movie
A Man of Action (2022)
6.5
3096 Days (2013)
3096 Days (2013) ============= IMDb Rating - 6.5/10ဒီအဖြစ်အပျက်လေးကတော့ ဩစတြီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတစ်ခုဖြစ်ပါတယ်။ ၁၉၉၈ခုနှစ် မတ်လ၂ရက်နေ့မှာ (၁၀) နှစ်အရွယ် နာတာရှာကမ်းဘွတ်ရှ်ဆိုတဲ့ ကောင်မလေးတစ်ယောက် ကျောင်းသို့သွားတဲ့လမ်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ကြိုးစား ရှာပေမယ့်လည်း ရှာမတွေ့ခဲပဲ ဒီပျောက်ဆုံးမှုဟာ တအုံ့နွေးနွေးနဲ့ ဒီအတိုင်းပြီးသွားခဲ့ပါတယ်။ထိုမိန်းကလေးဟာ အိမ်မြေအောက်ခန်းထဲမှာ ရက်ပေါင်း ၃၀၉၆ (၈နှစ်)အကြာပိတ်ထားခံခဲ့ရပြီး ၂၀၀၆ခုနှစ် ဩဂုတ်လ ၂၃ရက်နေ့မှ ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။ အသက်၁၀နှစ်အရွယ် လူမမယ် မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးခဲ့သူ ထိုလူဟာ ပြန်ပေးဆွဲဖို့ရာ အတွက် မြေအောက်ခန်းပြင်ဆင်တာတွေ အခန်းဖွဲ့တာတွေအတွက် အချိန်တစ်နှစ်ကျော်လောက်ကြိုတင်ပြင်ဆင်ခဲ့ပါတယ်တဲ့။ ထိုလူဟာ ကလေးမလေးကို ခိုင်းစေဖို့သက်သက်၊ နှိပ်စက်ဖို့သက်သက်၊ လိင် ကျွန်ပြုဖို့သက်သက်နဲ့ ၈နှစ်ကြာအောင် ဖမ်းဆီးခဲ့တာပါ။ဒီဇာတ်ကားလေးကတော့ သူမရဲ့ကိုယ်တိုင်ရေး အထုပ္ပတ္တိဖြစ်တဲ့ "နာတာရှာ ကမ်းဘွတ်ရှ်"ဆိုတဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဇာတ်ကားတစ်ကားကို ကောင်းတယ် မကောင်း ဘူး ဆိုတာထက် ဒီဇာတ်ကားလေးမှာ နာတာရှာတစ်ယောက် သူ့ဘဝရှစ် နှစ်တာလုံးကို ဒီမြေအောက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ဘယ်လိုကုန်ဆုံးခဲ့လဲ၊ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရလဲ၊ လွတ်မြောက်ဖို့ရာအတွက် ဘယ်လိုတွေ ကြိုးစားခဲ့ရလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File ...
movie
3096 Days (2013)
2013
4.8
Taurus (2022)
Taurus (2022) ===========ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်တွေအတွက် Drama/musical အမျိုးအစားဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Taurus ကိုတင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ entertainment industry တွေရဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့အဖြစ်အပျက်တွေ dark side တွေအားလုံး ကို ထိထိမိမိ ချပြထားပါတယ်။ဇာတ်လမ်းကိုတော့ ဆေးစွဲနေတဲ့ နာမည်ကျော် အဆိုရှင်တစ်ယောက် ဖြစ်တဲ့ ကိုးလ်ရဲ့ သနားစရာကောင်းပြီး အရှုံးသမားပုံစံပေါက်နေတဲ့ ဘဝ အကြောင်းနဲ့ အစချီထားပါတယ်။ ဆေးစွဲနေပေမဲ့လည်း ဘဝကို အဓိပ္ပာယ် ရှိရှိဖြတ်သန်းချင်တဲ့ ကိုးလ်ဟာ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ၊ သူ့ဘဝ ထဲကိုရောက်လာတဲ့သူတွေ၊ သူထိန်းသိမ်းရမဲ့ နာမည်ကျော်တစ်ယောက်ရဲ့ ပုံရိပ် အစရှိတာတွေနဲ့ နေ့စဉ်ရင်ဆိုင်နေရပါတယ်။ကိုးလ်ရဲ့ ရင်နာဖွယ် ဘဝအကြောင်းကို သူဖန်တီးနေတဲ့ ဂီတလေးတွေနဲ့ ရောစပ်ရိုက်ကူးထားတဲ့အပြင်၊ နာမည်ကျော် celebrity တွေခံစားရလေ့ရှိတဲ့ ခံစားချက်တွေကို ထိထိမိမိဖော်ပြရင်း ဇာတ်လမ်းကို ဇာတ်ရှိန်မြင့်မြင့်နဲ့ အဆုံးသတ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ ကိုးလ်တစ်ယောက် ဘဝရဲ့ ဖိအားတွေကို ဖိနှိပ်ရင်း သူဆက်ပြီးဖန်တီးဖို့လိုတဲ့ ဂီတတွေကို ဘယ်လို ဖန်တီးသွားမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.32 GB) / (506 MB) / ...
movie
Taurus (2022)
2022
7
Mickey: The Story of a Mouse (2022)
Mickey : The Story of a Mouse(2022)“အရာအားလုံး ကြွက်တစ်ကောင်ကနေ အစပြုခဲ့တာပါ” ~ Walt Disney ~အနီရောင်ဘောင်းဘီတို၊ အဝါရောင်ဖိနပ်၊ အဖြူရောင်လက်အိတ်နဲ့ ကြွက်လေး ဆိုတာနဲ့ မစ်ကီမောက်စ်ကို ပြေးမြင်မိကြမှာပါတစ်ကမ္ဘာလုံးက ချီးကျူး အသိအမှတ်ပြုရတဲ့ Animation လောကရဲ့ ပြယုဂ်ဖြစ်လာမယ့် မစ်ကီမောက်စ်ကို 1928 ခုနှစ်မှာ နာမည်ကျော် ဝေါ့တ်ဒစ်စနေ နဲ့ အာ့ဘ်အိုင်ဝါ့ခ်စ်တို့က ဖန်တီးခဲ့ကြပါတယ်ဝေါ့တ်ဒစ်စနေဟာ အရာအားလုံးဆုံးရှုံးသွားတဲ့အချိန်မှာ မစ်ကီမောက်စ်ကို ရှာတွေ့ခဲ့တာပါ အဲဒီနောက်မှာတော့ တစ်ဟုန်ထိုး နာမည်ကြီးလာတဲ့ မစ်ကီ၊ အမေရိကန်နိုင်ငံ စီးပွါးရေးပျက်ကပ်ကာလထဲက မစ်ကီ၊ ဒုတိယကမ္ဘာစစ်အတွင်းက မစ်ကီ၊ ဒုတိယ ကမ္ဘာစစ်အလွန် စစ်အေးကာလက မစ်ကီ၊ လူမျိုးရေးခွဲခြားမှုတွေ ကြားထဲက မစ်ကီ၊ ဗီယက်နမ်စစ်ပွဲကြားက မစ်ကီ၊ မူပိုင်ခွင့်တွေကြားထဲက မစ်ကီ...အစရှိသဖြင့် မစ်ကီဟာ ကာလမျိုးစုံကို ပုံစံမျိုးစုံနဲ့ ဖြတ်သန်းခဲ့ရပါတယ်ကမ္ဘာပေါ်က အတွေ့အကြုံ အရင့်ကျက်ဆုံး ကာတွန်းဇာတ်ကောင်လို့ ဆိုလိုက်ရင် မစ်ကီကိုပဲ ပြရမှာပါ2022 နိုဝင်ဘာမှာ 94 နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မစ်ကီကို ကာတွန်းဇာတ်ကောင်ထက်ပိုတဲ့ သက်ရှိပြယုဂ်အဖြစ် ယနေ့ထက်တိုင် တစ်ကမ္ဘာလုံးက ...
movie
Mickey: The Story of a Mouse (2022)
2022
7.4
Till (2022)
Till (2022)၂၀၂၂ ခုနှစ်မှာအသစ် ထွက်ရှိလာတဲ့ Rotten Tomatoes 98%, IMDb Rating 7.6 အထိ ရရှိထားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သမိုင်းနောက်ခံပြု ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(Warning:ယခုဇာတ်ကားတွင် လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းတွေ အများအပြားပါဝင်ပါတယ်။)အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်ဟာ လူမျိုးရေးခွဲခြားမှုတွေ၊ လူဖြူ ကြီးစိုးရေး အစွန်းရောက်များပြားခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ လူဖြူတွေဟာ လူမည်းတွေကို အလွန်အမင်း ခွဲခြားဆက်ဆံခဲ့ကြပါတယ်။ လူမည်းတွေဟာ လူဖြူတွေကို မလွန်ဆန်နိုင်သလို ပြုသမျှ နုနေရတဲ့ ဘဝနဲ့နေထိုင်နေခဲ့ရပါတယ်။ လူမည်းတစ်ယောက် အသတ်ခံရရင်တောင် ဘယ်သူကမှ အဖက်လည်းမလုပ်ကြသလို ရဲတွေကပါ လျစ်လျှူရှု့ကြပါတယ်။ လူမည်းတွေအနေနဲ့ မဲပေးခွင့်ရဖို့၊ တရားရေးရာတွင် ပါဝင်ဖို့ အစရှိတဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိဖို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ National Association for the Advancement of Coloured People (NAACP) အသင်းဟာဆိုရင်လည်း တက်ကြွလှုပ်ရှားခဲ့တဲ့ အဖွဲ့တွေထဲမှာ နာမည်ကြီးတဲ့အသင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မစ္စစ္စပီပြည်နယ်မှာ ထိုသို့ လှုပ်ရှားမှုတွေမှာပါဝင်တဲ့ နာမည်ကြီးသူလည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရသလို အသတ်ခံရတိုင်းမှာလည်း ...
movie
Till (2022)
2022
David (2012)
David (2012)=============လူရယ်လို့ဖြစ်လာတာနဲ့ အဆင်မပြေမှုတွေ၊ အလိုမကျမှုတွေ၊ စိတ်ဆင်းရဲစရာတွေ၊ ၀မ်းနည်းစရာတွေ တွေ့ကြုံကိုကြုံရပါတယ်။ အမေ့ဗိုက်ကထွက်လာကတည်းကငို၊ ဗိုက်ဆာလို့ငို၊ နို့ဖြတ်လို့ငို၊ မှောက်လဲလို့ငို၊ လိုချင်တာမရလို့ငို၊ ဆရာမရိုက်လို့ငို၊ အသဲကွဲလို့ငို၊ အလုပ်ပြုတ်လို့ငို၊ ချစ်ရသူတွေဆုံးရှုံးရလို့ငို၊ နောင်တရလို့ငို အစရှိသ၍ လူတိုင်းလူတိုင်းဟာ ကိုယ့်အပူ ကိုယ့်စိတ်တိုင်းမကျမှုတွေနဲ့ ဘ၀ကို ကိုယ်စီကိုယ်စီ ဖြတ်သန်းနေကြရပါတယ်။ ဒါပေမယ့် ဒီလိုပူပင်မှု၊ နာကျင်မှုတွေကို အရှိအရှိအတိုင်း လက်ခံလိုက်မယ်ဆိုရင် ဘ၀ကြီးဟာ နဂိုရှိရင်းစွဲထက် အနည်းငယ်လောက်တော့ နေလို့ကောင်းသွားမယ်ဆိုတဲ့အကြောင်းကို ရိုက်ကူးပေးထားတဲ့ ဘောလီဝုဒ်ဇာတ်ကားကောင်းလေး David ကို မိတ်ဆက်ပေးချင်ပါတယ်။ဒီကားမှာတော့ တစ်နယ်တစ်ရပ်စီက ဒေးဗစ်တွေရဲ့ ဘ၀ဇာတ်ခုံအနိမ့်အမြင့်တွေနဲ့အတူ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ နာကျင်မှုတွေကို ဘယ်လိုကိုင်တွယ်သွားကြလဲဆိုတာကို ရိုက်ကူးထားတာဖြစ်ပါတယ်။ပထမဒေးဗစ်ဟာ သူ့အမေ၊သူ့မွေးစားအဖေနဲ့ ရဲတွေရဲ့ဇာတ်ရှုပ်တွေကြား ဘာမှမသိဘဲ ၀င်ပါခဲ့ရပါတယ်။ ဒုတိယဒေးဗစ်ဟာ ပရော်ဖက်ရှင်နယ်ဂီတသမားဖြစ်ချင်သူဖြစ်ပြီး နိုင်ငံခြားသွားရခါနီးမှာပဲ ခရစ်ယာန်ဘုန်းတော်ဖြစ်သူ သူ့အဖေနဲ့ ဘာသာရေးအစွန်းရောက်တွေအကြား အရွယ်နဲ့မလိုက်အောင် ရင်ဆိုင်ခဲ့ရပါတယ်။တတိယဒေးဗစ်ဟာ သူချစ်ရတဲ့သူက သူ့သူငယ်ချင်းနဲ့လက်ထပ်ခါနီးဖြစ်နေတဲ့အချိန် သူ့ချစ်သူကိုရဖို့ကြိုးစားရင်း ပူလောင်နေရပါတယ်။ ဒီလိုမတူညီတဲ့ပြဿနာမျိုးစုံကို ဒေးဗစ်တို့တတွေ ဘယ်လိုမျိုးဖြေရှင်းသွားကြလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…2.9GB / 1.3GB Quality…1080p WEBRIP ...
movie
David (2012)
2012
6.9
Emily (2022)
Emily (2022)~ IMDb - 6.9/10, Rotten Tomatoes - 86% ~"လေထန်ကုန်း" ဆိုတဲ့ စကားလုံးက မြန်မာစာဖတ်ပရိသတ်တစ်ခုလုံးနဲ့ သက်ဆိုင်နေတဲ့ စကားလုံးပေါ့။ အဲဒီ လေထန်ကုန်းဆိုတဲ့ စကားလုံးကိုမြင်ရင် ခင်ဗျား ဘာကိုအရင်ပြေးမြင်မလဲတော့မသိဘူး။ အမ်မလီဘရွန်တီရဲ့ ဂန္ထဝင်၀တ္တု Wuthering Heights ကိုလား၊ ဒါမှမဟုတ် လေထန်ကုန်းလို့ခေါ်တဲ့ မြန်မာစာရေးဆရာတွေ ကြုံကြဆုံကြတဲ့ လက်ဖက်ရည်ဆိုင်ကလေးကိုလား။ ဒုတိယဟာက ဒီမှာ ပို Iconic ဖြစ်ပေမဲ့ ဒုတိယဟာကိုသိတဲ့ ဒီကလူတွေဟာ ပထမဟာကိုလည်း ကောင်းကောင်းသိကြမှာပါပဲ။ ၁၈၄၇မှာ ပုံနှိပ်ခဲ့တဲ့ အမ်မလီဘရွန်တီရဲ့ Wuthering Heights ကို ကျော်လှိုင်ဦးက "လေထန်ကုန်း"လို့ တိုက်ရိုက်ပဲ နာမည်ပေးပြီး ပြန်ဆိုရေးသားခဲ့ဖူးပါတယ်။ သူ့ရှေ့မှာတော့ ဒဂုန်ခင်ခင်လေးက ဂုဏ်မြင့်သူဆိုပြီး တစ်စိတ်တစ်ဒေသမှီငြမ်း ရေးသားဖူးပြီး ၁၉၆၀လောက်မှာ သိပ္ပံစိုးလှက ငွေတာရီမဂ္ဂဇင်းမှာ ပင်မြင့်မာလာဆိုပြီး ဘာသာပြန်ဖူးတယ်ဆိုပါတယ်။ ...
movie
Emily (2022)
2022
First
10
11
12
13
14
Last
Previous
Next