Channel Myanmar

Biography

The Eyes of Tammy Faye (2021) 6.9
The Eyes of Tammy Faye (2021) The Eyes of Tammy Faye (2021)======================IMDb Rating - 6.9/10Televangelism ဆိုတာကို အဓိပ္ပါယ်အပေါ်လွင်ဆုံးဖြစ်အောင် ရှင်းတမ်းထုတ်ရရင် ရုပ်မြင်သံကြားကနေတစ်ဆင့်တရားဟောခြင်းပေါ့ဗျာ။ televangelist ကတော့ ရုပ်သံတရားဟောသူပေါ့။ဒီဇာတ်လမ်းဟာ တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်သံတရားဟောသူ Tammy Faye နဲ့ သူ့ဘ၀အကြောင်းကိုရိုက်ကူးတင်ဆင်ထားတဲ့ Drama/ biography film တစ်ပုဒ်ပါ။ မင်းသမီး Jessica Chastain နဲ့ မင်းသား AndrewGarfield တို့က အဓိကပါ၀င်သရုပ်တောင်ထားပြီး rating ကလည်း မခေလှပါဘူး။ဇာတ်လမ်းအကျဉ်း ------------------------------Tammy Faye နဲ့ Jim Bakker ဆိုတဲ့ လူသားနှစ်ဦး ကံကြမ္မာအကြောင်းဖန်လာတော့ ချစ်သူတွေဖြစ်သွားခဲ့ကြတယ်။၂ ယောက်လုံးက ဘာသာရေးအယူအဆတွေ အတွေးအခေါ်တွေ တူလွန်းကြပြီး အသွင်တူတဲ့ ကြင်သူတွေဖြစ်ခဲ့သည်လို့ဆိုရပေမယ်ပေါ့။ ခင်ပွန်းဖြစ်သူ Jim ဟာလည်း ဘ၀ရည်ရွယ်ချက်တွေကြီးမားပါပေတယ်။ ဒီလိုနဲ့ နှစ်ယောက်သားလက်ထပ်ပြီးတဲ့နောက်မှာ ကိုင်းရှိုင်းသက်၀င်ရာ ဘာသာအယူအဆတွေနဲ့ ...
movie

The Eyes of Tammy Faye (2021)

2021
The Electrical Life of Louis Wain (2021) 7.0
The Electrical Life of Louis Wain (2021)  The Electrical Life of Louis Wain (2021)လူးဝစ်ဝိန်းလို့ခေါ်တဲ့ ကြောင်ချစ်သူပန်းချီဆရာတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ဒါရိုက်တာ Will Sharpe က ပုံဖော်ရိုက်ကူးပေးထားတာပါလူးဝစ်ဝိန်းကို ၁၈၆၀ခုနှစ် ၈လပိုင်း ၅ရက်နေ့မှာ မွေးဖွားပြီး ၁၉၃၉ခုနှစ် ၇လပိုင်း ၄ရက်နေ့ အသက် ၇၉နှစ်ကွယ်လွန်ခဲ့ပါတယ်သူဟာ ပန်းချီဆရာတစ်ယောက်သာမက တီထွင်သူ စွန့်စားသူနဲ့ စောင့်ရှောက်မှုပေးသူလည်း ဖြစ်ခဲ့တယ်တစ်ချိန်က ကြောင်တွေကို နတ်ဆိုးတွေလို့ သမုတ်ထားကြပေမယ့် လူးဝစ်ဟာ လမ်းဘေးကြောင်လေးတစ်ကောင်ကို မွေးစားပြီးတဲ့နောက်မှာ ပုံမှန်မဟုတ်တဲ့ ကြောင်ပုံတွေကို ရေးဆွဲပြီး ကြောင်တွေပေါ်ထားတဲ့ လူတွေရဲ့ အမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်လူးဝစ်ဟာ ကြောင်ပုံလက်ရာပေါင်း ၇၂ ခုကိုရေးဆွဲခဲ့ပြီး တန်ဖိုးတွေက size ပေါ်မူတည်ပြီး USD 248563 ထိပေါက်ဈေးရှိခဲ့ပါတယ်ဘဝတစ်လျှောက်လုံး ကြောင်ပုံတွေဆွဲ ကြောင်အရုပ်တွေလုပ် ကြောင်အကြောင်းတွေရေးသားရင်း ကြောင်တွေတွက်ပဲ နေရင်း ဘဝနေဝင်သွားတဲ့ လူးဝစ်ဝိန်းအကြောင်းကို ဒရမ်မာဆန်ဆန် အလွမ်းဓါတ်ခံလေးနဲ့ ကြည့်ရှုရမယ့် ...
movie

The Electrical Life of Louis Wain (2021)

Unbroken (2014) 7.2
Unbroken (2014) မင်းသမီး Angelina Jolie က ရိုက်ကူးထားတဲ့ Unbroken ရုပ်ရှင်ဇာတ်ကားဟာ Laura Hillenbrand ရဲ့ Unbroken: A World War II Story of Survival, Resilience, and Redemption စာအုပ်ကို မှီငြမ်းထားပြီး Oscars ဆုပေးပွဲမှာ nomination ၄ ခုအပါအဝင် အခြားဆုတွေ nomination တွေ တစ်သီတစ်တန်းကြီးရရှိထားပါတယ်။ဇာတ်လမ်းကတော့ စစ်အတွင်း အမေရိကန်သုံ့ပန်းတွေထဲက သုံ့ပန်းတစ်ယောက်နဲ့ ဂျပန်စစ်ဖက်အရာရှိ တစ်ယောက်တို့ရဲ့ ယှဉ်ပြိုင်မှုတွေကို အဓိကထားပြီးရိုက်ပြထားတာပါ။ တကယ့်အဖြစ်အပျက်ဖြစ်ပြီးတော့ မင်းသား Jack O'Connell က အိုလံပစ် အပြေးချန်ပီယံဟောင်း လူးဝစ်ဇမ်ပီရီနီအဖြစ် အဓိကသရုပ်ဆောင်နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် ဂျပန်စစ်ဗိုလ် Watanabe အဖြစ်သရုပ်ဆောင်တဲ့ Miyavi ကလည်း အဆိုတော်ဆိုပေမယ့် သူ့ character ကို အကောင်းဆုံးသရုပ်ဆောင်ပြသွားပါတယ်။ IMDb Rating(7.2/10) ...
movie

Unbroken (2014)

HEVC 1080p 5.1
Sardar Udham (2021) 9.3
Sardar Udham (2021)  နောက်ပိုင်းမှာ အိန္ဒိယကားကောင်းတွေ အသားပေးရိုက်ကူးလာတဲ့ Amazonက အသစ်ထွက်လာတဲ့ ဒုတိယကမ္ဘာစစ်နဲ့ အိန္ဒိယနိုင်ငံ တော်လှန်ရေးနောက်ခံ ဖြစ်ရပ်မှန် Crime thriller biographicalအမျိုးအစား ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခေါင်းဆောင်မင်းသားကတော့ Uri:The Surgical Strike နဲ့ ပါကစ္စတန်ပြည်ရောက်အိန္ဒိယစပိုင်အကြောင်း ရိုက်ကူးထားတဲ့ Ra ဇာတ်လမ်းအကျဉ်းကတော့ လူ400သေဆုံးခဲ့ပြီး၊ 1000ကျော်ထိ ဒဏ်ရာရရှိခဲ့တဲ့ 1919 အိန္ဒိယပြည် ဂျူလီယန်ဝါလာဘာ့ဂျ် အရေးအခင်းကြီးမှာ အသက်ရှင်ကျန်ခဲ့သူ Urham Singhဟာ အဲ့ဒီလူသတ်ပွဲကြီးရဲ့ ကြိုးကိုင်သူ Sir Michael O'Dweyerကို နှစ်ပေါင်း ၂၀ကြာတဲ့အထိ ကလဲ့စားပြန်ချေဖို့ကြိုးစားတဲ့အကြောင်းပါအိန္ဒိယလွတ်မြောက်ရေး တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Urham Singhဟာ 1919မှာ ဖမ်းဆီးချုပ်နှောင်ခံရပြီး ပြန်လွတ်လာတဲ့နောက် အင်္ဂလန်ကိုလက်စားခြေဖို့ လိုက်သွားတဲ့အကြောင်း၊ အင်္ဂလန်မှာ ၆နှစ်ကြာအောင် အိန္ဒိယနိုင်ငံသားအနေနဲ့ ရုန်းကန်လှုပ်ရှားရင်း ကလဲ့စားချေဖို့တဖုံ၊နေမဝင်အင်ပါယာကြီးရဲ့ ထောက်လှမ်းရေးတွေကြားထဲကနေ အမိမြေအိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးရဖို့ကြိုးပမ်းမှုအတွက် ဂျာမဏီ၊ စပိန်နဲ့ ရုရှားနိုင်ငံတွေပါ လှည့်လည်ပြီး လက်နက်ထောက်ပံ့မှုရဖို့ကတမျိုးကြိုးပမ်းမှုတွေကိုAmazonထွက်ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း Settingအားကောင်းကောင်းနဲ့ ...
movie

Sardar Udham (2021)

Dangal (2016) 9.2
Dangal (2016) Dangal (သို့မဟုတ်) အောင်မြင်မှုရဲ့ ခရီးကြမ်း"နပန်းသမားတစ်ယောက်က ကွင်းထဲဝင်လာပြီး ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်ဆုတံဆိပ်ရယူပေဖို့အတွက်ပဲ။ဒါပေမဲ့ နိုင်ငံကတော့ နပန်းသမားတွေကို ဘာမှကူညီထောက်ပံမှုမလုပ်ပေးဘူး။"ဒီစကားကိုပြောတာက နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးကယောကျာ်းလေးဖြစ်ရမယ်တဲ့။ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာခဲ့တာ ၄ယောက်မြောက်ထိရောက်လာပေမယ့် အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ဒါပေမဲ့.......တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့ Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး ...
movie

Dangal (2016)

2016
HEVC 1080p
Diana (2021) 6.1
Diana (2021) Diana (2021)==========IMDb Rating - 6.1/10ဒီတစ်ခါမှာတော့ Netflix က ပူပူနွေးနွေးထွက်ရှိထားတဲ့ musical အမျိုးအစား stage play ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ရပါတယ်။ လူတိုင်း သိကြတဲ့ နာမည်ကျော် အင်္ဂလန် ဘုရင်မ ဒိုင်ယာနာရဲ့ ဘ၀ဇာတ်ကြောင်းပါ။ဒိုင်ယာနာရဲ့ လူသူမထင်ရှား မူကြိုကျောင်းဆရာမ‌လေးဘ၀ကနေ အင်္ဂလန်ဘုရင်မဖြစ်လာတဲ့အထိ ဒိုင်ယာနာဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒိုင်ယာနာရဲ့ ဖြူစင်တဲ့စိတ်နေသဘောထား နဲ့ တက်ကြွတဲ့ပုံစံ အင်္ဂလန်ရဲ့တင်းကျပ်တဲ့ နန်းတွင်းနေထိုင်မှု၊ လူပွေလူရှုပ်မင်းသားချားစ်ရဲ့ စရိုက်သဘာ၀၊ ချားစ်ရဲ့ သမီးရည်းစားအတင်းအဖျင်းတွေကိုရသမျှ အပုပ်ဖော်နေတဲ့ အင်္ဂလန်သတင်းစာ စတာတွေကို စုံလင်အောင် တင်ဆက်ပြသသွားပါတယ်။နန်းတွင်းဘ၀နဲ့ သာမန်ဘ၀အကြား ဆယ်ကျော်သက်အရွယ်ဒိုင်ယာနာတစ်ယောက် ဘယ်လိုအဆင်ပြေအောင် ထိန်းကျောင်းမလဲဆိုတာကို သေချာလေးပြသသွားတာတွေ့ရမှာဖြစ်ပြီး ဒိုင်ယာနာတစ်ယောက် စဥ်းစားတွေးခေါ်ပုံနဲ့ တခြားဇာတ်ကောင်တွေရဲ့ဘ၀ဇာတ်ကြောင်းတွေကို musical theme နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် စိတ်၀င်တစားကြည့်ရှုရမှာဖြစ်ပြီး။ဒီဇာတ်လမ်းလေးကိုကြည့်ပြီးသွားရင်တော့ Diana ရဲ့ဘ၀ဇာတ်ကြောင်းကို အတော်လေးစုံံစုံလင်လင် သိရှိသွားမှာ ဖြစ်တာမို့ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck ...
movie

Diana (2021)

2021
Britney Vs Spears (2021) 6.9
Britney Vs Spears (2021) Britney Vs Spears (2021)==================IMDb Rating - 6.9/10တချိန်တခါက ဘရစ်တနီတစ်ယောက် ဘယ်လောက်ထိ ကျော်ကြားအောင်မြင်ခဲ့လဲဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။အနုပညာရှင်တွေအောင်မြင်လာတာနဲ့အမျှ ပါပါရာရာဇီတွေက သတင်းတွေအတင်းလိုက်ယူကြတယ်။ နောက်ကနေ ကားနဲ့အတင်းလိုက်တာတို့၊ သွားတဲ့နေရာတိုင်းနောက်ကအတင်းလိုက်တာတို့ စတာတွေလုပ်လာကြတယ်။ အဲဒါအပြင်ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီး​တော့ သားနှစ်ယောက် အုပ်ထိန်းခွင့်နဲ့ပတ်သတ်ပြီး တရားရင်ဆိုင်ရတဲ့အထိတွေဖြစ်ခဲ့တဲ့ချိန်မှာ ဘရစ်တနီတစ်ယောက်Mental breakdown ပါဖြစ်ခဲ့ပါတယ်။ လူတိုင်းက သူမကိုရူးသွားပြီ ရူးနေပြီလို့ပြောကြပြီးတော့ ဖခင်ဖြစ်သူ ဂျေမီက ဒီကိစ္စကိုအကြောင်းပြပြီး အုပ်ထိန်းခွင့် လျှောက်ခဲ့ပါတယ်။ ဒီအုပ်ထိန်းခွင့်ဟာဆိုရင် အုပ်ထိန်းသူက အရာအားလုံးကို သူစိတ်တိုင်းကျချယ်လှယ်လုပ်ပိုင်ခွင့်ရှိပြီး၊ လွတ်လပ်ခွင့်ကိုပါ ပိတ်ပင်နိုင်တဲ့ထိလုပ်နိုင်ပါတယ်။ဒီလိုမျိုး အုပ်ထိန်းခံရတဲ့သူတွေက တကယ်တော့ ရှင်လျက်နဲ့ မသေမချင်းနှိပ်စက်သလိုမျိုးပါပဲ အခုဆိုရင် ဘရစ်တနီတစ်ယောက်လူအခွင့်အရေးဆုံးရှုံးနေတာ ၁၀နှစ်ရှိပါပြီ။ ဂျာနယ်လစ် ဂျန်နီအယ်လစ်ကြူနဲ့ ရုပ်ရှင်ဖန်တီးသူ အယ်ရင်လီကားတို့ဟာ ဘရစ်တနီရဲ့လွတ်လပ်ခွင့်ပြန်လည်ရရှိဖို့အတွက် အင်တာဗျုးတွေလုပ် သက်သေတွေစုဆောင်းရင်းနဲ့ ဘရစ်တနီ ဘယ်လိုအကြောင်းအရာမျိုးတွေကြုံတွေ့ခဲ့ရလဲဆိုတာကို ဒီ Documentary ထဲမှာသိရှိနိုင်မှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae ...
movie

Britney Vs Spears (2021)

2021
Thalaivii (2021) 5.9
Thalaivii (2021) ဘောလိဝုဒ်ရဲ့ဆတ်ဆတ်ကြဲ မင်းသမီးကြီး ကန်ဂနားရဲ့  အမျိုးသမီးခေါင်းဆောင်လို့အမည်ရတဲ့ Thalaivii ဇာတ်ကားကတော့ ထွက်ရှိလာခဲ့ပါပြီ...ဒီဇာတ်ကားက အိန္ဒိယအမျိုးသမီးသရုပ်ဆောင် တဖြစ်လဲ တမီးလ်နာဒူပြည်နယ်ဝန်ကြီးချုပ်ဟောင်း J Jayalalithaa ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ Biography,Drama အမျိုးအစားဖြစ်ပါတယ်...။အိန္ဒိယတောင်ပိုင်းမင်းသမီးဘဝကစလို့...အိမ်ထောင်သည်ဘဝကြုံရဆုံရပုံတွေအပြင်..အမျိုးသားများသာကြီးစိုးနေတဲ့ နိုင်ငံရေးလောကမှာ အမျိုးသမီးခေါင်းဆောင်ဖြစ်လာဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံတွေ....အချိုးအကွေ့တွေ...ကောက်ကျစ်မှုတွေအကြောင်းကို ပုံဖော်ထားနိုင်ပြီး...ဂျယားကြီးရဲ့ အကောင်းအဆိုးတွေကို မျှအောင်ပြသထားနိုင်တဲ့ ရုပ်ရှင်ပါ။နိုင်ငံရေးနောက်ခံပြီး Feminism ကိုလည်း မြင်သာအောင် တင်ဆက်သွားနိုင်တဲ့အပြင် ကန်ဂနားရဲ့ အိုက်တင်နဲ့ အကအလှတွေကလဲ ရုပ်လုံးကြွအောင် ဖန်တီးထားနိုင်တာမို့ လက်လွတ်လို့မရတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းဆိုပါရစေ။ File size…(2.5 GB ) / (1.4 GB) / (500 MB) Quality…WEB-DL 1080p / 720p / 480p Format…mp4 Duration….02:33:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mugiwara Ya & Nadi Myint Naing
movie

Thalaivii (2021)

Ted Bundy: American Boogeyman (2021) 4
Ted Bundy: American Boogeyman (2021) သည်းထိပ်ရင်ဖိုကား​တွေ ကြိုက်နှစ်သက်တဲ့ CM ပရိတ်သတ်တို့အတွက် သီအို​ဒေါ​ရောဘတ်ဘန်ဒီ ရဲ့ ​နောက်တစ်ကား လာပါပြီ၁၉၇၀ခုနှစ်ပိုင်း​တွေမှာ အမျိုးသမီးငယ် အနည်းဆုံး ၃၀​ကျော်ကို မဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ ဘန်ဒီ... အပြင်ပန်းမှာ​တော့ ​ချော​မောဥပဓိရုပ်သန့်ပြန့်တဲ့ ဥပ​ဒေ​ကျောင်းသား​ဟောင်းဖြစ်​ပေမယ့် အတွင်းစိတ်မှာ ရာဂကြီးကြီနဲ့ တစ်ပါးသူရဲ့ နာကျင်မှုမှာ ​မွေ့​လျော်​ကျေနပ်တတ်တဲ့ တက်ဒ်ဒီ... "မြင်ဖူးသမျှထဲ ငါက ​သွေးအ​အေးဆုံး ​ခွေးမသားပဲ" လို့ ဝန်ခံသွားတဲ့ အ​မေရိကန်သမိုင်းရဲ့ အရက်စက်ဆုံး ကွင်းဆက်လူသတ်သမား တက်ဒ်ဘန်ဒီ... ဆိုရင် ရုပ်ရှင်ချစ် ပရိသတ်​တွေအတွက် မစိမ်းပါဘူးဒီကားမှာ​တော့ ဘန်ဒီရဲ့ ရက်စက်မှု​တွေကို ဇာတ်သိမ်း​ပေးချင်တဲ့ စုံ​ထောက် မစ်ချက်စ်နီ နဲ့ ​FBI ​အေးဂျင့် ​ရောဘတ်ရတ်စလာတို့ရဲ့ စုံစမ်းရှာ​ဖွေ ဖော်ထုတ်ပုံ​တွေကို မတူညီတဲ့ရှု​ထောင့်က​နေ ရိုက်ကူးတင်ဆက်ထားပါတယ်။Ted Bundy အကြောင်းဆိုရင် မင်းသားချော Zac Efron ပါဝင်တဲ့https://channelmyanmar.org/extremely-wicked-shockingly-evil-and-vile-2019/ဒီဇာတ်ကားကိုလဲကြည့်သင့်ပါတယ်..ပိုစုံလင်သိရမှာပါ။ File size…(1.6 GB) / (950 MB) / (500 MB) Quality…WEB-DL 1080p/720p/480p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated ...
movie

Ted Bundy: American Boogeyman (2021)

Extremely Wicked, Shockingly Evil and Vile 6.8
Extremely Wicked, Shockingly Evil and Vile အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး လူသတ်ကောင် . .(သို့မဟုတ်)Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . ._________________ ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။ _________________၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။ဒါပေမယ့် . . သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ကြေမွသွားအောင် တုတ်နဲ့ ရိုက်တယ်။ မုဒိန်းကျင့်တယ်။ ဘာအကြောင်းမှ ...
movie

Extremely Wicked, Shockingly Evil and Vile

2019
Monster (2003) 7.3
Monster (2003) IMDb Rating (7.3) / Rotten Tomatoes (81%)ဒီဇာတ်ကားက အမေရိကန်မှာ လူ ၇ ယောက်ကိုသတ်ဖြတ်ခဲ့တဲ့ Serial Killer ပြည့်တန်ဆာမ Aileen Wuornos အကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်...အယ်လင်းအဖြစ် မင်းသမီး Charlize Theron မှ အကောင်းဆုံးသရုပ်ဆောင်ထားပြီး အကယ်ဒမီဆုပါ ရရှိခဲ့တာပါ။၂၀၀၃ ခုနှစ်ရဲ့ ရုပ်ရှင်ဆုပေးပွဲအမျိုးမျိုးမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအဖြစ်Charlize Theron အနေနဲ့ ဆုတွေအများကြီးရရှိခဲ့သလို သူ့ရဲ့ရုပ်ဖျက်ထားတဲ့သရုပ်ဆောင်ချက်တွေက သက်ဝင်လွန်းပါတယ်။ဘဝဆိုတာ ရှည်လျားကောက်ကွေးပြီး အလှည့်အပြောင်းများလှတာမို့...လိုတာမရ၊ ရတာမလိုတဲ့အပြင် စိတ်ကူးနဲ့လက်တွေ့တစ်ထပ်တည်းမကျတာတွေ တစ်ပုံကြီးပါ ..အယ်လင်းဟာ ငယ်ငယ်က နာမည်ကျော်စတားတစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့် ပြည့်တန်ဆာတစ်ယောက်ဖြစ်လာခဲ့ရပါတယ် ..လောကကြီးကိုစိတ်ကုန်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်ရင်းဆဲလ်ဘီဆိုတဲ့လိင်တူချစ်သူကောင်မလေးနဲ့ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက်ချစ်ကြိုက်မိသွားကြတယ် ..အချစ်ရေးနောက်မှာ ငွေရေးကြေးရေးကလည်းကပ်ပါလာစမြဲပါပဲ ..အယ်လင်းဟာ ပြည့်တန်ဆာအလုပ်ကိုလုပ်ပြီး ဆဲလ်ဘီကိုထောက်ပံ့ခဲ့ပေမယ့်မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ပြည့်တန်ဆာအလုပ်ကိုနားလိုက်ရတဲ့အခါမှာတော့.......။ဖြစ်ရပ်မှန်တို့မည်သည် စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် ပိုမွန်းကြပ်တတ်တာမျိုးပဲ...လူတိုင်းဟာ ဘဝကိုအကောင်းဆုံးတည်ဆောက်ချင်ကြပေမယ့် ဘဝဆိုတာ ဘုရားသခင်ချစ်ခင်တဲ့အထဲ မပါဝင်ပါဘူး။ဟုတ်တယ်..ဘုရားသခင်က ကြွေအံကစားတယ်...ကံကြမ္မာဆိုတာ ဖြစ်ချင်ရာဖြစ်တတ်တဲ့ ဘုရားသခင်ရဲ့ ...
movie

Monster (2003)

No Man of God(2021) 6.5
No Man of God(2021) No Man of God(2021)အညွှန်း**************************The Lord of the Rings ထဲက ဖရိုဒိုလေးက ဒီတစ်ခါတော့FBI အရာရှိ ဘေလ်ဟက်မိုင်ယာ အဖြစ်ပါဝင်ထားပါတယ်..." ၁၉၈၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ လျှပ်စစ်ကုလားထိုင်နဲ့ ကွပ်မျက်ခြင်း ခံလိုက်ရတဲ့ တက်ဘန်ဒီ " တက်ဒ်ဘန်ဒီခေါ် အမည်ရင်း သီအိုဒေါဘန်ဒီဆိုတဲ့သူက ဘယ်သူများလဲ... ဘယ်လိုပြစ်မှုတွေကို ကျူးလွန်ခဲ့လို့ သေဒဏ်အထိ ပေးခံခဲ့ရတာလဲ... အမေရိကားမှာတော့ တက်ဘန်ဒီဆိုတဲ့နာမည်ကြားရင် မသိသူမရှိလောက်အောင်ပါပဲ .... ဘာလို့လဲဆိုတော့ သူက ၁၉၇၀ ကျော်မှာ အမေရိကန်ပြည်နယ်ပေါင်းများစွာကို လှည့်လည်ပြီး အရွယ်မရောက်သေးတဲ့ကလေးသူငယ်အပါအဝင် မိန်းကလေးပေါင်းများစွာကို ရက်ရက်စက်စက် မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားဖြစ်နေလို့ပါပဲ... သူနဲ့ပတ်သက်ပြီး ရုပ်ရှင်တွေ စာအုပ်တွေလည်း အမြောက်အများ ထုတ်ဝေခဲ့ကြဖူးပါတယ် ... ခုလည်း ၂၀၂၁ မှာ မင်းသား လုခ်ကာဘီ က တက်ဒ်အဖြစ် သရုပ်ဆောင်ထားတဲ့ဇာတ်ကားထွက်လာပြန်ပါပြီ ... ထူးခြားတာက ယခုဇာတ်ကားမှာတော့ တက်ဒ်ရဲ့ရှူထောင့်ဘက်က မဟုတ်ပဲ တက်ကို အင်တာဗျူးမယ့် FBI ...
movie

No Man of God(2021)

Joe Bell (2020) 5.3
Joe Bell (2020) Joe Bell (2020)=============IMDb Rating - 5.3/10Joe Bell 2021 ဟာ 2013 လောက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ကားလေးပါ။ဇာတ်လမ်းအစမှာ ဂျိုးဘဲဟာ ဂေးဖြစ်နေတဲ့ သူ့သားအတွက် awareness ရစေဖို့ တစ်နိုင်ငံလုံးကိုဖြတ်ပီး လမ်းလျှောက်ထွက်ရာက စထားပါတယ်။အဲဒီအ‌ကြောင်းကိုလည်း တစ်နိုင်ငံလုံးက သတင်းတွေမှာပါပြီး နာမည်ကြီးနေပါတယ်။ ဒါပေမယ့် တကယ်အရေးကြီးတဲ့ကိစ္စတွေကတော့ အတိတ်မှာဖြစ်ခဲ့တာဖြစ်ပါတယ်။  ဂျိုးဘဲ ဟာ စိတ်ဆတ်ပြီး စကားကိုလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့စရိုက်ကြမ်းသူတစ်ယောက်ပါ။ဂေးဖြစ်နေတဲ့အတွက် ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ သားဖြစ်သူ ဂျေဒင်ဘဲဟာ မိသားစုရဲ့‌ ထောက်ပံ့မှုကို လိုအပ်နေပါတယ်။အဲလိုနဲ့ ဂျေဒင်ဟာ သူဂေးဖြစ်နေတဲ့အကြောင်းကို မိသားစုကို ဖွင့်ပြောလိုက်ပါတယ်။ဒါပေမယ့် ရိုးရိုးပဲတွေးတတ်ပြီး စကားကိုလည်း ဒဲ့ပြောတတ်တဲ့ ဂျိုးဟာ သူ့သားပြဿနာကို ဘယ်လိုနည်းနဲ့ ဖြေရှင်းမှာလဲ?ဒီကားဟာ LGBTQ community‌ တွေအပေါ် ပိုမိုနားလည်လာစေဖို့ လူတိုင်းကြည့်သင့်တဲ့ ကားကောင်းတစ်ကားပဲ ...
movie

Joe Bell (2020)

2020
Shershaah  (2021) 9.0
Shershaah (2021)    Shershaah 2021 --------------------------------- IMDB 9.0/10 User 3.9Kဒီနှစ်ထဲမှာ low budget နဲ့ဇာတ်ကားတွေချည်းမို့ ကားကောင်းတွေ နည်းခဲ့တယ်။ အဲ့ဒီအထဲ ဒီဇာတ်ကားကတော့ ကြိုက်မိပါတယ်။ဗစ်ကရမ်ဆိုတဲ့ ငနဲက ငယ်ငယ်လေး ကတည်းက ရန်ဖြစ်ဖို့လည်း လက်မရွံ့ခဲ့။ အကြောက်တရားက မရှိခဲ့။ကျောင်းတွင်း ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့တွေမှာဆို ကျောင်းသားအားလုံးကို ကျောင်းဝတ်စုံနဲ့ မြင်ရပေမဲ့ ဗစ်ကရမ်ကတော့ အိန္ဒိယစ်စဝတ်စုံကို ဂုဏ်ယူဝင့်ကြွားစွာ ဝတ်လာတတ်တယ်။ငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိပ်မက်က အရွယ်ရောက်လာတဲ့အခါ စစ်သားကြီးဖြစ်ဖို့ပေါ့။သူကောလိပ်တက်စဉ်မှာတော့ အင်မတန်မှကို ချောမောလှပတဲ့ ချစ်သူတစ်ယောက်လည်း ပိုင်ဆိုင်ထားတယ်။အချစ်ရေးမှာရော သူ့ရဲ့ ရည်မှန်းချက် အိပ်မက်က ဘယ်လို အတားအဆီးဖြစ်လာမလဲ။အဲ့ဒါက ဗစ်ကရမ်ရဲ့အကြောင်းပါပဲ ။သူ့တာဝန်ထမ်းဆောင်ရတဲ့ နေမြေကတော့ အများသိတဲ့ စစ်သွေးကြွတို့ရဲ့ နယ်မြေ ကက်ရှ်မီးယားပါပဲ။ကက်ရှ်မီးယားကို သူစတင်ရောက်စဉ်မကြာမီမှာပဲ ဒေသခံတွေနဲ့ ရင်းနီးသွားတယ်။သတင်းပေးတွေရဲ့ သတင်းတွေအရ အကြမ်းဖက်သမားတွေကို ဘယ်လိုဖြိုခွင်းမလဲဆိုတာကိုလည်း စစ်ကားကောင်းတစ်ကားလို ကြည့်ရမှာပါ။အချစ်လည်း ပါသလို၊ စစ်ရေးလည်း ပါတာမို့ ကြည့်ရတာ ကျေနပ်မိစေမှာပါ။ သူတို့တပ်ရင်းရဲ့ မြင်မြင်သမျှတွေဟာလည်း တကယ့်စစ်သားတွေလို စကားလုံးအသုံးအနှုန်းတွေကအစ သဘာဝကျလှပါတယ်။ဒီလို ကားကောင်းတစ်ကားကို မိတ်ဆွေတို့ အပန်းဖြေနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ဪ မေ့လို့.. ရိုချင်တဲ့သူတွေအတွက်လည်း သီချင်းလေးက ကောင်းလွန်းလို့ စာတန်းထိုးပေးထားပါတယ်ဗျ။  File size…1.45GB and 2.18GB Quality…720p AMZN Web ...
movie

Shershaah (2021)

2021
Lincoln (2012) 7.3
Lincoln (2012) Lincoln (2012) ============ IMDb Rating = 7.3/10 Directed By Steven Spielbergအေဘရာဟမ်လင်ကွန်းဆိုတဲ့ နာမည်ကြားရင် ၁၆ဆက်မြောက် အမေရိကန်သမ္မတဆိုတဲ့ဂုဏ်ပုဒ်ထက် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်ခဲ့သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ပိုသိကြတယ်။ ဂျော့ဝါရှင်တန် သောမတ်ဂျက်ဖာဆန်၊ အေဘရာဟမ်လင်ကွန်း၊ သီအိုဒိုးရုစဘဲ့စတဲ့ Mount Rushmoreမှာ ထွင်းထုထားတဲ့ အကြီးကျယ်ဆုံးအမေရိကန်သမ္မတ လေးယောက်ထဲကတစ်ယောက်။ သူကသစ်လုံးအိမ်ကလေးကနေ သမ္မတဖြစ်လာသူ၊ အသွားအပြန်ရထားပေါ်စာဖတ်ရင်းလေ့လာခဲ့တဲ့သူ စသဖြင့် အချက်တွေနဲ့လည်း နာမည်ကျော်တယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်သမိုင်းရဲ့ လုပ်ကြံသတ်ဖြတ် ခံရတဲ့လေးဦးတည်းသော သမ္မတတွေထဲက တစ်ယောက်ဖြစ်တယ်။ ဒီရုပ်ရှင်ဟာ သူ့နာမည်ကြီးတပ်ထားပေမဲ့ သူ့အတ္ထုပ္ပတ္တိကို ရိုက်ပြထားတာတော့ မဟုတ်ဘူး။ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းဖို့ ဘယ်လိုဘယ်ပုံ အားလုံးကြိုးပမ်းခဲ့ရလဲဆိုတဲ့ အကြောင်းအရာဘက် ပိုသွားတယ်။ အဲ့ဒီကာလအကြောင်းသိထားမှပဲ ဒီရုပ်ရှင်ကြည့်ရတာ ပိုအဆင်ပြေ‌လောက်မယ်။ လုပ်ကြံမခံရခင်အထိ ၁၈၆၁- ၁၈၆၅ လင်ကွန်းရဲ့ သမ္မသက်တမ်းတစ်လျှောက်ဟာ ပြည်တွင်းစစ် ဖြစ်ရာကာလနဲ့ အတူတူပဲ။ ပြည်တွင်းစစ်ဟာ တောင်ပိုင်းပြည်နယ် ၁၁ခုက ခွဲထွက်ဖို့ကြိုးစားရာက စခဲ့တယ်။ အဲ့ဒီတောင်ပိုင်းပြည်နယ်တွေကို ကွန်ဖက်ဒရိတ်စီလို့ ခေါ်ပြီး ...
movie

Lincoln (2012)

2012
[18+] Confessions of a Brazilian Call Girl (2011) 6.1
[18+] Confessions of a Brazilian Call Girl (2011) ဒီဇာတ်ကားကတော့ ဘရာဇီးစာရေးဆရာမ Raquel Pacheco (ကလောင်နာမည် Bruna Surfistinha ) ရဲ့တကယ့်အဖြစ်အပျက်ကို ပြန်လည်ရိုက်ကူးထားတဲ့ 18+ ပညာပေးဇာတ်ကားပဲဖြစ်ပါတယ်။Bruna Surfistinha လို့ ပေါ်တူဂီ-ဘရာဇီး နာမည်ပေးထားတဲ့ သူမရဲ့ကလောင်နာမည်ကEnglish လိုဆို "Little Surfer Bruna" ဖြစ်ပါတယ်...ဘရူနာဆိုတဲ့ဇာတ်ကောင်ဟာ သူမကိုယ်တိုင်ပါပဲ....သူမဟာ ၁၇ နှစ်နှစ် ကောလိပ်ကျောင်းသူဘဝမှာပဲ Sex Worker,Call Girl ဖြစ်လာခဲ့ပြီး သူမရဲ့ Sexual အတွေ့အကြုံတွေကို Blog မှာ ရေးတင်ခဲ့ရာက ဘရာဇီးမှာ လူကြည့်များတဲ့ Blog တစ်ခုဖြစ်လာပါတယ်... သိပ်မကြာခင်မှာပဲ သူမဟာ O Doce Veneno do Escorpião (The Scorpion's Sweet Venom) ဆိုတဲ့ သူမဘဝအကြောင်းစာအုပ်ကိုရေးသားထုတ်ဝေခဲ့ပြီး ဘရာဇီးမှာ အရောင်းရဆုံးစာရင်းဝင်ခဲ့ပါတယ်... ဒီဇာတ်ကားကတော့ အဲ့ဒီစာအုပ်ကို အခြေပြုရိုက်ကူးထားတာပါ။ ဆယ်ကျော်သက်အရွယ်မှာ လမ်းမှားရောက်နိုင်တဲ့အခြေအနေတွေ မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးတွေကို ခပ်ကြမ်းကြမ်းရိုက်ကူးပြသသွားပါတယ်။ ( Dark Side Production မှ တင်ဆက်သည်။)  File ...
movie

[18+] Confessions of a Brazilian Call Girl (2011)

Mirror (1975) 8.1
Mirror (1975) Mirror(1975) =========== IMDb Rating - 8.1/10 Directed By Andrei Tarkovskyထုတ်ပြောမထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်တဲ့။ ကောင်မလေးတစ်ယောက်ကို ခင်ဗျား ချစ်နေတယ်ထား။ ခင်ဗျား သူ့နဲ့ စကားတွေ နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ပြောဖြစ်နေမယ်။ ခင်ဗျား သူ့ကိုချစ်နေတယ်ဆိုတဲ့ အချက်ကို အသေပြောချင်နေပေမဲ့ အကြောင်း‌ကြောင်းနဲ့ ခင်ဗျားမပြောဖြစ်ဘူး။ သူလည်းသိချင်သိမယ် မသိချင်မသိဘူး။ ခင်ဗျားကတော့ မပြောဖြစ်ဘူး။ ဒီလိုအခြေအနေမျိုးကို လူတစ်ဝက်လောက်တော့ ကြုံဖူးကြမယ်ထင်တာပ‌ဲ။ ဖြစ်ဖူးရင်တော့ အဲ့ဒီအချိန်မှာ ခင်ဗျား ခံစားရတဲ့ခံစားမှုကို စကားလုံးနဲ့ ဖော်ပြကြည့်။ ကျွန်တော်တော့ မဖော်ပြတတ်ဘူး။ သေချာတာကတော့ အဲ့ဒီခံစားမှုဟာ အ‌တော်လေးသိပ်သည်း ပြင်းထန်တယ်။ ဒါပေမဲ့ အဲ့ဒီခံစားမှုကို စကားလုံးနဲ့ ဖော်ပြဖို့ကြ မရတော့ဘူး။ စကားလုံးတွေဟာ လူသားရဲ့အမှန်စင်စစ် ခံစားမှုကို ဖော်ပြဖို့ရာ မလုံလောက်တဲ့ အရာတွေပဲ။ ခံစားမှုတွေကို ဖော်ပြဖို့ စကားလုံးတွေက မတတ်နိုင်ဘူး။ မော်ဒန်Artတွေမှာတော့ ရုပ်ပုံတွေဟာ ရုပ်ပုံမဟုတ်တော့ဘူး။ စကားလုံးတွေဟာ စကားလုံးတွေမဟုတ်တော့ဘူး။ ဖော်ပြချင်တဲ့ ခံစားမှုရဲ့ မသိကိန်းတစ်ခုကို ပိုပေါ်လွင်အောင် တိကျတဲ့အရာတစ်ခုကို ပုံဖော်ခြင်းရေးသားခြင်းမရှိတော့ဘဲ ခံစားမှုလိုမျိုးဝေဝါးတဲ့အရာတစ်ခုကိုသာ အနုပညာပစ္စည်းကို ခံစားမည့်သူကို ပေးအပ်လာတယ်။ ပြောရရင် ပရိတ်သတ်ကို အလုပ်ပေးထားတယ်။ သူတို့ဖန်တီးထားတဲ့ အနုပညာကိုအရင်းတည်ပြီး ...
movie

Mirror (1975)

Lawrence of Arabia (1962) 8.3
Lawrence of Arabia (1962) Lawrence of Arabia (1962)====================IMDb Rating (8.3)Rotten Tomatoes (93%)အော်စကာဆု (၇) ဆု ရရှိထားတဲ့ ဖြစ်ရပ်မှန်စစ်ပွဲနောက်ခံ တကယ့်ဂန္တဝင်ဇာတ်ကားကြီးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဒီဇာတ်ကားဟာ ၁၉၁၆ ခုနှစ်များဆီက အာရပ်ကန္တာရတော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ T.E. Lawrence အကြောင်းဖြစ်ပြီးတော့Revolution တို့ရဲ့သဘောတရားကို ရှုမြင်နိုင်ပါတယ်...ပထမကမ္ဘာစစ်အတွင်းမှာ ဗြိတိသျှဗိုလ်တစ်ဦးဖြစ်တဲ့ ဗိုလ်လောရန့်စ်ဟာ ဂျာမန်နဲ့တူရကီတွေကိုဆန့်ကျင်တိုက်ထုတ်နေတဲ့ အာရပ်တွေရဲ့တော်လှန်ရေးကို လေ့လာဖို့ အာရေးဘီးယားကို စေလွှတ်ခြင်းခံရပါတယ်။ ကိုယ်နဲ့အကျွမ်းတဝင်မရှိတဲ့ ကန္တာရဒေသမှာ ခရီးစနှင်ကတည်းက အခက်အခဲများစွာကြုံတွေ့ရင်းကနေ အာရပ်ခေါင်းဆောင် မင်းသားဖိုင်ဆယ်ဆီရောက်ရှိလာပါတော့တယ်။ဒီလိုနဲ့ အစိတ်စိတ်အမွှာမွှာကွဲပြားနေတဲ့ အာရပ်လူမျိုးစုတွေကို ပြန်လည်စည်းရုံးစုပေါင်းပြီး လောရန့်စ်တစ်ယောက် ဗြိတိသျှအထက်အမိန့်တွေကို ဖီဆန်ကာ အာရပ်တော်လှန်ရေးကိုအရှိန်မြှင့်တင်ခဲ့ပါတော့တယ်။စစ်မှန်တဲ့စိတ်ရင်းစေတနာ၊ မလျှော့သောဇွဲနဲ့ ထက်မြက်တဲ့စစ်ဆင်ရေးနည်းဗျူဟာတွေကြောင့် လက်နက်အင်အား၊ လူအင်အားမမျှတဲ့ တူရကီကြီးစိုးရာနယ်မြေတွေကို သိမ်းယူလာနိုင်ခဲ့တဲ့လောရန့်စ်ဟာ အာရပ်လူမျိုးတွေနဲ့ အင်္ဂလိပ်အရာရှိနှစ်ဖက်လုံးရဲ့ ယုံကြည်ကိုးစားမှုကို တစ်စတစ်စရရှိလာပြီး သူနဲ့အတူအာရပ်တော်လှန်ရေးဟာလည်း အရှိန်အဟုန်မြင့်လာပါတော့တယ်။တော်လှန်ရေးတစ်လျှောက်မှာ မိတ်ဆွေတွေတိုးပွားပြီး စိတ်အားတက်စရာတွေကြုံခဲ့ရသလို ရပြီးသားမိတ်ဆွေတွေကိုဆုံးရှုံးရပြီး လက်လျှော့ချင်စိတ်အကြိမ်ကြိမ်ဖြစ်ခဲ့ရတဲ့ လောရန့်စ်ရဲ့စိတ်ခံစားချက်အတက်အကျတွေကိုပီပြင်အောင်ပုံဖော်နိုင်ခဲ့တဲ့ မင်းသားကြီး ...
movie

Lawrence of Arabia (1962)

1080p Untouched
Pawn Sacrifice (2014) 7.0
Pawn Sacrifice (2014) [Unicode]ကမ္ဘာအကောင်းဆုံး စစ်တုရင်ဆရာကြီး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီဖစ်ရှာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပါ။အခြားအကောင်းဆုံးစာရင်းဝင်တွေကတော့ မက်ဂ်နက် ကာဆန် တို့ ဂယ်ရီ ကတ်စပါးရော့တို့လိုလူတွေပါပဲ။ဘော်ဘီကတော့ အမေရိကန်ရဲ့ အတော်ဆုံး စစ်တုရင်သမားအဖြစ် အများက သတ်မှတ်ခံရတဲ့သူပါပဲ။ဒါ့အပြင် သူ ကမ္ဘာ့ချန်ပီယံအဖြစ် ပြိုင်ဆိုင်ခဲ့တဲ့ ကာလက စစ်အေးတိုက်ပွဲကာလဖြစ်နေတဲ့အတွက် သူ့ရဲ့ပြိုင်ပွဲဟာ နိုင်ငံနဲ့ချီတဲ့ စစ်ပွဲလို ဖြစ်နေခဲ့တာပါပဲ။စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှာ ယှဉ်ပြိုင်နေကြတာပါ။ အပြိုင်အဆိုင်လည်း ဝါဒဖြန့်နေကြတာပါ။ဒီတော့ အဲဒီကာလမှာ ရုရှားတွေဟာ စစ်တုရင်လောကကို စိုးမိုးထားပြီး ကမ္ဘာ့ချန်ပီယံကလည်း ရုရှားလူမျိုးပဲ ဖြစ်နေတာကြောင့် ဆိုဗီယက်ဟာ အမေရိကန်ထက် ဉာဏ်ရည်သာတယ်ဆိုတဲ့ ဝါဒမျိုး ဖြန့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဘော်ဘီဖစ်ရှာဟာ စစ်အေးတိုက်ပွဲကာလာမှာ အသက် ၁၄ နှစ်နဲ့ အမေရိကန် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းမာစတာဖြစ်လာခဲ့တာပါ။ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ဘိုးရစ်စပက်စကီးနဲ့ ၂၄ ပွဲ ဆက်တိုက် အမှတ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး ...
movie

Pawn Sacrifice (2014)

Che: Part Two (2008) 6.9
Che: Part Two (2008) Che: Part Two (2008)__________IMDb - 6.9/10   [ရသပြည့်ဝစွာ ခံစားနိုင်စေရန် Blu-Ray 1080p5.1ch,720p တို့ဖြင့်ပြည့်စုံစွာတင်ဆက်ပေးထားပါသည်.....] (Spoiler ဖြစ်မည်စိုးရိမ်သူများမဖတ်ဘဲ ဒေါင်းကြပါ..ကျွန်တော့်အမြင်ပြောရရင် ဒီအညွှန်းလေးဖတ်ပြီးကြည့်ရတာပိုပြီးပြည့်စုံမည်ဟု ထင်မြင်သောကြောင့် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်....) (DatShin Movie Page မှ ကူးယူဖော်ပြသည်....)  (Unicode)၁၉၅၆ ခုနှစ် . . ။ ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ...
movie

Che: Part Two (2008)