Channel Myanmar

Biography

Silenced (2011) 8.1
Silenced (2011) မနက်က ဒီရုပ်ရှင်လေးအကြောင်းကို M-MDB Page မှာ ဆရာမနိုင်းနိုင်းစနေရဲ့ post ကနေ credit ပေးတင်ပေးထားတာကို ဖတ်မိတော့ ကြည့်လိုက်မိတယ်။ တကယ်ပဲ အောက်မှာ ဆရာမညွှန်းခဲ့သလိုပါပဲ ခံစားချက်အပြည့်ပေးပါတယ်။ ဒီနေ့လည်း group ထဲမှာ လူတွေအများကြီး လာတောင်းနေတော့ ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ကြည့်ဖူးနေကြကားတွေလို တရားမျှတမှုက အနိုင်ရတာကို မပြပါဘူး၊ ပရိသတ်တွေကို မပျော်စေချင်ပါဘူး။ ဒီဇာတ်ကားမှာ အမှန်တရားရှုံးပါတယ်။ ဒါပေမယ့် ဒီအဖြစ်မှန်ကို ရေးခဲ့၊ရိုက်ပြခဲ့တဲ့ အနုပညာသမားတွေကြောင့် အပြင်လောကမှာ တရားမျှတမှုအနိုင်ရသွားခဲ့တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဇာတ်လမ်းအောင်မြင်မှုနဲ့ အညွှန်းကိုတော့ အောက်က မူရင်းပို့စ်မှာပဲ ဖတ်ကြည့်ကြပါ။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ဒီကားမှာ နှစ်သက်မိတာတစ်ခုထပ်ပြောရမယ်ဆိုရင် ကြီးကြီးကျယ်ကျယ်စကားလုံးတွေ ပြောရတော့မယ်လို့ ထင်မိတဲ့အခန်းတွေမှာ အရိုးရှင်းဆုံး စကားလုံးတွေကိုပဲ သုံးသွားပြီး ခံစားချက်ပေါ်အောင်ပြသွားနိုင်တဲ့အချက်လေးကိုလည်း ချီးကျူးရမှာပါပဲ။ ရုပ်ရှင်ကားတစ်ကား ဘယ်လောက်ထိသြဇာလွှမ်းမိုးနိုင်သလဲ ----------------------------------------------------------------- မနေ့ညနေက ကျွန်မ ကိုးရီးယားကားတစ်ကားကြည့်ဖြစ်တယ်။ အဲဒီကားကို ခုထိကြည့်လို့ မပြီးသေးဘူး။ ရုပ်ရှင်က ရှည်လို့မဟုတ်ဘူး.. တစ်ကားပြီးပါပဲ။ ဒါပေမယ့် အဲဒီရုပ်ရှင်ကို ကျွန်မကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက်၊ ပြန်ကြည့်လိုက် ဆက်မကြည့်ရက်လို့ နားထားလိုက် လုပ်နေခဲ့လို့ပါ။ . အဲဒီရုပ်ရှင်ကားက "Silenced" (သို့) "The Crucible" လို့နာမည်ရတဲ့ကားဖြစ်တယ်။ ဇာတ်ကားပါ အကြောင်းအရာက ဆွံ့အ ...
8.1
IMDB: 8.1/10 8,352 votes
movie

Silenced (2011)

2011
Elisa & Marcela (2019) 6.4
Elisa & Marcela (2019) ဒီရုပ်ရှင်လေးဟာဆိုရင် စပိန် ရိုမန်စ့် အတ္ထုပ္ပတ္တိ ဆန်ဆန် ရုပ်ရှင်ဖြစ်ပါတယ် ၁၉၀၀ ပြည့် ဝန်းကျင်တွေမှာ အမျိုးသမီးတွေကို ပညာသင်ကြားခြင်းနဲ့ပတ်သတ်လို့ ရှေးရိုးစွဲ အယူအဆများ ရှိနေတုန်းပဲ ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ် ဒီမှတ်တမ်းရုပ်ရှင် ထူးခြားချက်ကတော့ အဓိက ဇာတ်ရုပ်ဖြစ်တဲ့ အမျိုးသမီးနှစ်ယောက်ဟာ လိင်တူချစ်ကြိုက်မှု အပေါ် ပြင်းထန်စွာ တုန့်ပြန်ခဲ့တဲ့ ၁၉၀၀ ဝန်းကျင် လူ့အသိုင်းအဝိုင်းထဲမှာ ကမ္ဘာ့ပထမဦးဆုံး တရားဝင်လက်ထပ်ခဲ့တဲ့ Lesbian စုံတွဲဖြစ်ပါတယ် သူတို့နှစ်ယောက် ချစ်ခြင်းမေတ္တာဟာ ခက်ခဲ ကြမ်းတမ်းတဲ့ လူအဖွဲ့အစည်းကြားထဲမှာ ဘယ်လိုပုံစံနဲ့ တည့်မြဲခဲ့သလဲ ဆိုတာကိုကြည့်ရှူခံစားရမှာဖြစ်ပါတယ် အသိုင်းအဝိုင်းရဲ့ ဖိနိုပ်တွေကြောင့် စပိန်နိုင်ငံမှ ပေါ်တူကီ နိုင်ငံအထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာတွေ ထောင်ကြခဲ့ရတာတွေ နောက်ဆုံး အကျဉ်းထောင်ထဲတွင် မီးဖွားရသည်အထိ အခြေအနေဆိုးခဲ့သည် တိုင်အောင် သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာက ခိုင်မြဲခဲ့သည် (ဒီကိုယ်ဝန်ရသွားခြင်းကလည်း ထူးခြားသည့်အချက်တစ်ခုဖြစ်ခဲ့သည်) မွေးရပ်မြေ စပိန်တွင် ကံဆိုးမိုးမှောက်ကျခဲ့ရသမျှ သည် ပေါ်တူဂီ မြေပေါ်တွင် စာနာသနားသူများအကူအညီများစွာနှင့် လွတ်မြောက်ခဲ့ရပြီး အာဂျင်တီးနားတွင် အသက်ထက်ဆုံးနေထိုင်ခဲ့ကြသည့်  အီလီဆာ နှင် မာဆီလာတို့ စုံတွဲ အကြောင်း ကို ဖော်ကျူးထားသည် ရုပ်ရှင်ဖြစ်ပါတယ် 18+ အသက်၁၈ နှစ်မပြည့်သူများ ကြည့်ရှူရန် မသင့်သည့် ဇာတ်ဝင်ခန်းများပါရှိသည် ရုပ်ရှင်ကားကို Nyan Lin Oo ...
6.4
IMDB: 6.4/10 931 votes
movie

Elisa & Marcela (2019)

2019
City of Lies(2018) 6.6
City of Lies(2018) City of Lies(2018) Who Shot Biggie??? ဒီဇာတ်ကားရဲ့ ကြာမြင့်ချိန် 1 နာရီ 52 မိနစ်ဟာ အဲ့ဒီမေးခွန်းလေးတစ်ကြောင်းနဲ့ ဆက်စပ်ပြီးရိုက်သွားတာပါ... အကြောင်းအရာတစ်ခုတည်းကို 1 နာရီ 52 မိနစ်တောင် ရိုက်ထားလို့ ပျင်းစရာကောင်းမှာပဲလို့ တွေးမိရင် တက်တက်စင်အောင် လွဲပါလိမ့်မယ်... ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး တကယ့်အပြင်မှာလည်း Who Shot Biggie? ဆိုတဲ့မေးခွန်းကို နာမည်ကျော် FBI အဖွဲ့အပါအဝင် LAPD စုံထောက်တွေပါ ပူးပေါင်းစုံစမ်းခဲ့တာ နှစ် 20 ကျော်ကြာခဲ့ပါတယ်... မြန်မာနိုင်ငံက Rapper တွေ Mainstream နဲ့ Underground အပြန်အလှန်လှော်နေကြသလို Los Angeles မြို့ကြီးမှာလည်း East Coast နဲ့ West Coast ဆိုပြီး နှစ်ဖွဲ့ကွဲ လှော်ကြပါတယ်...1996 ခုနှစ်လောက်ကဖြစ်ခဲ့တဲ့လူသတ်မှုဖြစ်တဲ့အတွက် လူဖြူလူမည်းပဋိပက္ခတွေလည်း ရှိနေတဲ့အချိန်ပါ...ဒီအမှုကို နှစ်ပေါင်းအကြာကြီး စုံစမ်းနေသူကတော့ Poole ဆိုတဲ့ ...
6.6
IMDB: 6.6/10 751 votes
movie

City of Lies(2018)

2018
The Best of Enemies(2019) 6.8
The Best of Enemies(2019) The Best of Enemies(2019) IMDb...6.8   " မဖြစ်နိုင်ဘူးဆိုတဲ့အဖြေတစ်ခုကိုကျွန်မဘယ်တော့မှလက်မခံနိုင်ဘူး...ဒါကျွန်မရဲ့အဖြေမဟုတ်ဘူး... ကျွန်မတို့အားလုံးကထွက်တဲ့သွေးရောင်တွေဟာအကုန်အတူတူပဲမဟုတ်လား...ဒီတော့ကျွန်မယုံကြည့်ချက်အတိုင်းဆက်လုပ်တယ်...." ဒါကတော့လူမည်းအမျိုးသမီးဖြစ်သူမစ္စအေယုံကြည်ပြုမူပြောဆိုလှုပ်ရှားခဲ့တဲ့စကားပေါင်းများစွာထဲကအချို့ပါ.... ဒီကားက အမေရိကားမှာလူဖြူလူမည်းကြောင့်ပြည်တွင်းစစ်ဖြစ်ပွားပြီးခဲ့သော်လည်းတောင်ပိုင်းသားတွေကလူမည်းတွေကိုမတူမတန်သလိုနှိမ်ချချင်နေကြတုန်းကာလတစ်ခုကိုအခြေခံရိုက်ကူးထားခဲ့တာပါ။လူမည်းတွေကလည်းသူတို့ရဲ့လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေရချိန်လည်းဖြစ်ပြီးဒီတစ်ကြိမ်မှာတော့အစိုးရကျောင်းတွေကိုလူဖြူလူမည်းမခွဲခြားပဲနှစ်မျိုးလုံးတက်ရောက်နိုင်တဲ့ပူးတွဲကျောင်းတွေအဖြစ်ပြုလုပ်ပေးဖို့တောင်းဆိုရင်းဖြစ်ပေါ်လာတဲ့ဖြစ်ရပ်မှန်အဖြစ်တွေကိုသရုပ်ဖော်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ဒီကားကတကယ်စိတ်ခွန်အားတွေရရှိစေသလိုဇာတ်ကားကလည်းစိတ်ဝင်စားအောင်ရိုက်ကူးထားပါတယ်.... ဒိုင်ယာလော့တွေကလည်းခမ်းနားသလိုသရုပ်ဆောင်တွေကလည်းဝါရင့်သရုပ်ဆောင်တွေမို့လို့အသက်ပါလွန်းပါတယ်.... ခံစားကြည့်လိုက်ပါဦးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Ye Pye Sone ပဲဖြစ်ပါတယ်... File Size : (1.1 GB) and (440MB) Quality : Web-Dl 720p, Format…mp4 Duration…02:13:00 Genre :  Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae
6.8
IMDB: 6.8/10 1,162 votes
movie

The Best of Enemies(2019)

2019
The Dirt (2019) 7.0
The Dirt (2019) Bohemian Rhapsody တို့လို Rock Star တို့လို Lords of Chaos တို့လို Rock ဂီတဆိုင်ရာ ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအတွက် ၂၀၁၉ ခုနှစ်ထဲထွက်ရှိထားတဲ့ the Dirt ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် … IMDb – 7/10 တောင်ရရှိထားတဲ့ ဇာတ်ကားလေးပါ The Dirt ဇာတ်ကားဟာ ၁၉၈၀ ပတ်ဝန်းကျင်မှာ စတင်ကျော်ကြားခဲ့တဲ့ အမေရိကန် ဟဲဗီးမက်တယ် ဂီတတီးဝိုင်းတစ်ခုဖြစ်တဲ့ Motley Crue တီးဝိုင်းရဲ့ ဟောလိဝုဒ်လမ်းမတွေထက်ကနေ နိုင်ငံတကာ စင်မြင့်တွေထက်ကို ရောက်ရှိလာပုံတွေကို ဝိုင်းတော်သားတွေက ကိုယ့်အကြောင်း ကိုယ်ပြောပြနေတဲ့ပုံစံနဲ့ ရိုက်ကူးထားတာပါ … Motley Crue တီးဝိုင်းဟာ မြန်မာ Rock ပရိသတ်တွေနဲ့လည်း မစိမ်းပါဘူး … မျိုးကြီးရဲ့ ကျောက်စာများ…ဇော်ဝင်းထွဋ်ရဲ့ သွေးတိတ်တေး စတဲ့ ...
7.0
IMDB: 7.0/10 26,681 votes
movie

The Dirt (2019)

2019
NF WEB-DL 1080p/720p
The Cold Blue (2019) 8.1
The Cold Blue (2019) မှတ်တမ်းရုပ်ရှင် ပရိတ်သတ်တွေအတွက် ဒုတိယကမ္ဘာစစ်အကြောင်း ရိုက်ကူးထားတဲ့ ကားတွေက မရှားပါဘူး။ ဒါပေမဲ့ The Cold Blue ကတော့ထူးခြားမှုတွေ ရှိနေပါတယ်။ သူက နာမည်ကြီး မှတ်တမ်းရုပ်ရှင် The Memphis Belle ကို ပြန်လည်ပြင်ဆင် တည်းဖြတ်ထားတာ ဖြစ်ပါတယ်။ ဟောလိဝုလောကမှာ လေးစားရတဲ့ ဒါရိုက်တာ ဟောင်းကြီး Willian Wyler ဟာ ၁၉၄၃ ခုနှစ်မှာ အမေရိကန်နိုင်ငံ လေတပ်တပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတစ်ခုမှာ ကိုယ်တိုင်လိုက်ပါသွားပြီးတော့ မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။ ကံဆိုးစွားနဲ့ ရိုက်ကူးရေး အဖွဲ့ဝင် သုံးယောက်ထဲ့က တစ်ယောက်က လေယာဉ်ပျက်ကျတဲ့ အထဲမှာ ပါသွားပါတယ်။ အဲ့ဒီလို အသက်စွန့်ပြီး ရိုက်ကူးခဲ့တဲ့အတွက် ရှားပါးပြီး မြင်ရခဲတဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ကို The Memphus Belle လို့ခေါ်ပါတယ်။ ဒုတိယကမ္ဘာစစ်အကြောင်း ပြောကြတဲ့ အခါ မြေပြင်ပေါ်က စစ်သားတွေအကြောင်းသာ အပြောများကြပါတယ်။ ဗုံးကျဲလေယာဉ်မှူးတွေ အကြောင်းကို ကျနော်တို့ သိပ်မသိကြပါဘူး။ The Cold Blue ထဲမှာတော့ အဲ့ဒါတွေကို မြင်ရကြားရမှာ ဖြစ်တဲ့အတွက် လူတိုင်းကြည့်သင့်တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Htet Wai ...
8.1
IMDB: 8.1/10 109 votes
movie

The Cold Blue (2019)

2018
The Kid(2019) 6.2
The Kid(2019) The Kid(2019) IMDb....6.2 မိဘဆိုတာ တုနှိုင်းမဲ့တဲ့မေတ္တာတရားရှိကြလို့ အနွေးထွေးဆုံးသောအရိပ်အဖြစ်တင်စားကြတယ်.... သို့ပေမယ့် နေရာတိုင်းမှာ ချွင်းချက်ဆိုတာရှိသလို အချို့သောမိဘတွေကြတော့လည်း အထူးသဖြင့် ဖခင်ဖြစ်သူဟာ မိန်းမကိုအားတိုင်းနှိပ်စက် သားသမားတွေကို ညှင်းပန်းတတ်ကြတဲ့ လူသားမဆန်လွန်းတဲ့သူမျိုးတွေရှိကြတယ်.... ဒီလိုဖခင်မျိုးရှိတဲ့မိသားစုအဖို့တော့ တကယ့်လောကငရဲပါပဲ..... ရီယိုတို့မောင်နှမ (၂)ယောက်လုံးအတွက်လည်း အထက်ကပြောသလို ဖခင်မျိုးပိုင်ဆိုင်ထားရလေတော့ နေ့စဉ်အမျှတကယ့်ငရဲခန်းပါပဲ.... တစ်နေ့တော့ မိခင်ကို နှိပ်စက်လွန်းတဲ့ဖခင်ကိုမမျှော်လင့်ဘဲ ရီယိုဟာ သတ်မိသွားတယ်..... ဒီလိုနဲ့ ဒီမောင်နှမ (၂)ယောက်ဟာ အိမ်ကနေထွက်ပြေးခဲ့တယ်.... ဖခင်ရဲ့ညီဖြစ်သူကလည်း အမဲလိုက်သလို သူတို့ မောင်နှမ(၂)ယောက်နောက်ကိုလိုက်ပါတော့တယ်.... ဒီမောင်နှမ (၂)ယောက် လွတ်မြောက်မလား ...ထွက်ပြေးစဉ်အတွင်း ဘယ်လိုအခက်အခဲတွေကြုံရမလဲ.... ရာဇ၀တ်သားတွေပေါ်လွန်းတဲ့ခေတ်ဖြစ်တဲ့အပြင် ပြသနာတစ်ခုကြုံတိုင်း သေနတ်ဖောက်ပြီးဖြေရှင်းတဲ့ခေတ်မို့ သူတို့ဘယ်လိုကြုံရမလဲ..... တခြားကောင်းဘွိုင် ဂိုဏ်းအဖွဲ့တွေနဲ့ရော ကြုံရမှာလား...ခံစားကြည့်လိုက်ပါဦး... File Size : (0.98GB) and (456MB) Quality : Blu-Ray 720p Format…mp4 Duration…01:40:00 Genre : Biography, Drama, Western Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Phyo Pyae
6.2
IMDB: 6.2/10 675 votes
movie

The Kid(2019)

2019
Extremely Wicked, Shockingly Evil and Vile (2019) 6.8
Extremely Wicked, Shockingly Evil and Vile (2019) အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး လူသတ်ကောင် . . (သို့မဟုတ်) Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . . A review by Min Thu Kyaw _________________ ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။ _________________ ၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။ ဒါပေမယ့် . . သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ...
6.8
IMDB: 6.8/10 8,741 votes
movie

Extremely Wicked, Shockingly Evil and Vile (2019)

2019
J.T. LeRoy (2018) 5.4
J.T. LeRoy (2018) ဒီတစ်ခါဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတဲ့ကားလေးပါ။ လော်ရာဆိုတဲ့အမျိုးသမီးတစ်ယောက်က "ဆာရတ်ခ်ျ" ဆိုတဲ့ဖြစ်ရပ်မှန်ဝတ္ထုကို "JT လရွိုင်း" ဆိုတဲ့ာက်ျားလေးနာမည်သုံးပြီးရေးခဲ့ပါတယ်။ အဲ့ဝတ္ထုကရောင်းအားအကောင်းဆုံးဖြစ်လာခဲ့ပါတယ်။ သူက JT အနေနဲ့ပဲ ဖုန်းတွေလက်ခံပြောနေခဲ့ပေမဲ့ လူလုံးတော့ထွက်မပြခဲ့ပါဘူး။ တစ်နေ့ သူ့ကောင်လေးရဲ့ညီမ ဆာဗတ်နားက သူတို့မြို့ကိုပြောင်းလာပါတယ်။ သူကဘဲပြားလိုလို ဘာလိုလိုပေါ့။ သူ့ကိုလဲမြင်ရော လော်ရာက JT နေရာမှာသရုပ်ဆောင်ခိုင်းဖို့ အကြံရသွားပါတော့တယ်။ သူ့အကြံကရော အောင်မြင်မှာလား။ သူတို့တွေ တကယ်မရှိတဲ့ JT ဇာတ်ကောင်နဲ့ လူတွေကိုအရူးလုပ်နိုင်မလားဆိုတာတွေကိုတော့ "JT LeRoy" ဆိုတဲ့ကားလေးထဲမှာ ရှုစားကြည့်ကြပါ   File Size : (1 GB) & ( 372 MB) Quality : WEB-DL 720p Running Time : 1 hr 48 min Format : Mp4 Genre : Biography , ...
5.4
IMDB: 5.4/10 513 votes
movie

J.T. LeRoy (2018)

2018
Fighting with My Family(2019) 7.5
Fighting with My Family(2019) Fighting with My Family(2019) IMDb....7.5,,,,,Rotten....92% ပေ့ဂ်ျ ဆိုတဲ့ကောင်မလေးဟာ မိန်းကလေးပီပီ  တခြားသူတွေလို အချစ်ဒရမ်မာကားလေးတွေကြည့် လှတပတလေးတွေဝတ်ပြီးနေချင်ပုံရတယ်...သို့ပေမယ့် တစ်နေတော့  သူမရဲ့ အဖေနဲ့ အမေရဲ့စီစဉ်မှုကြောင့် နပမ်းပွဲတစ်ခုမှာ ပြိုင်ပွဲမ၀င်ချင်ဘဲ ၀င်လိုက်ရတယ်... သူမနဲ့ ယှဉ်ပြိုင်သူကို ကြမ်းပြင်ပေါ်တစ်ချက်ထဲနဲ့မှောက်သွားစေနိုင်မယ့် ဖြတ်ရိုက်ကွက်တစ်ကွက်သုံးလိုက်တယ်...အဲ့ဒီအချိန်မှာ ပွဲကြည့်တဲ့သူတွေရဲ့ " လုပ်ထားစမ်းကွ....မိုက်တယ်... မင်းသမီးလေး လုပ်ထားစမ်း"ဆိုပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်းက သူမရဲ့စိတ်တွေနဲ့ ဗီဇတွေကို နိုးဆွလိုက်ပုံပေါ်တယ်.. ဒီအချိန်မှာဖြစ်သွားတဲ့ ကောင်မလေးရဲ့အပြုံးက နပမ်းပွဲမှာ တိုက်ခိုက်ရတာ ငါ့အတွက်ကျေနပ်ဆုံးသောအရာပါ့လားဆိုတာကို သိပ်လိုက်ရတဲ့အပြုံးမျိုး.... ငယ်ငယ်တုန်းက SmackDown လို့ အခေါ်များတဲ့ WWE နပမ်းပွဲတွေကို အတော်များများကြည့်ဖူးကြမှာပါ။.. အားလုံးလည်း အနည်းဆုံးတစ်ယောက်ကိုတော့ သဘောကျဖူးမှာပါပဲ.... The Rock, Undertaker, John Cena စသည်ဖြင့်ပေါ့။ ဒီရုပ်ရှင်ကတော့ WWE ရဲ့နာမည်ကျော် ဗြိတိန်အမျိုးသမီး နပမ်းသမား  ပေ့ဂ်ျ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်.... သူတို့မိသားစုဟာ အခြေခံမိသားစုဖြစ်ပြီး ဒီလောကထဲမှာ အတော်ရုန်းကန်ခဲ့ရပါတယ်... ခပ်ကြောင်ကြောင်မိသားစုလို့ခေါင်းစဉ်တပ်ခံရတဲ့အပြင် တကယ့်တကယ်မှာတော့ အခက်အခဲပေါင်းများစွာ သူတို့မိသားစုရင်ဆိုင်ခဲ့ရပါတယ်...သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ... ဒီလောကဟာ ဘယ်လိုပုံစံမျိုးလဲခံစားကြည့်ရှုလိုက်ကြရအောင်... လက်ရှိ IMDb 7.5 ရှိပြီး Rotten ...92%ရရှိထားလေတော့ ...
7.5
IMDB: 7.5/10 11,720 votes
movie

Fighting with My Family(2019)

2019
Blu-Ray 720p/1080p 5.1
Kill Your Darlings (2013) 6.5
Kill Your Darlings (2013) ၁၉၄၀ပြည့်နှစ်များဆီက ကဗျာဆရာလေးတစ်ဦးရဲ့ ဘဝဇာတ်ခုံပေါ်ကတစ်စိတ်တစ်ဒေသကိုရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ် ။ အယ်လန်ဂင်းစဘတ်လို့ခေါ်တဲ့ကဗျာဆရာလေးတစ်ယောက် ကိုလမ်ဘီယာတက္ကသိုလ်မှာပညာသင်ကြားသင်ကြားခွင့်ရခဲ့ပါတယ် ။ ကျောင်းမှာ လူစီယန်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ ပတ်သက်ဆက်နွယ်မိရာကနေ ထူးခြားတဲ့ခံစားချက်များနဲ့အတူ ပြောင်းလဲမှုများစွာကိုကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။ လူစီယန်ရဲ့သူမတူတဲ့ပြောဆိုဆက်ဆံမှုတွေကြားမှာ အယ်လန်တစ်ယောက် နစ်မြောစီးဝင်ရင်းနဲ့ပဲ ဘယ်လိုအဆုံးသတ်ကိုရောက်ရှိလာမယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီမှာ ကြည့်ရှုသူအားလုံးကိုမေတ္တာရပ်ခံချင်တာကတော့ ကဗျာစာသားတွေပါဝင်တဲ့အခါမှာ ပြန်ဆိုထားသူအနေနဲ့ အနီးစပ်ဆုံးပြန်ဆိုထားတာဖြစ်တာကြောင့် ကဗျာရဲ့တန်ဖိုးကိုလျော့ကျမိသွားခဲ့သည်ရှိသော်တောင်းပန်ပါတယ်လို့ ကြိုတင်စကားခံထားပါရစေ။ ကိုယ်တိုင်ကလဲ ကဗျာများကိုကြိုက်နှစ်သက်သူတစ်ဦးဖြစ်တာကြောင့် ကြည့်ရှုသူများထဲမှာ ပိုမိုကောင်းမွန်တဲ့ပြန်ဆိုမှုများလဲ ရှိနိုင်တာကြောင့် ဒီတစ်ခုတော့ အနူးအညွတ်မေတ္တာရပ်ခံချင်ပါတယ် ဟယ်ရီပေါ်တာမင်းသားလို့လူသိများတဲ့ Daniel Radcliffe ကခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပါတယ်။ ဆယ်ကျော်သက်အရွယ်ကတည်းကကြိုက်နှစ်သက်ခဲ့ရတဲ့မင်းသားကို ကဗျာဆရာတစ်ဦးအဖြစ်ဒီဇာတ်ကားမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်ကားထွက်ရှိသည့်ခုနှစ် -October 16, 2013 ဇာတ်ကားကြာချိန် -104 mins ဇာတ်ကားအမျိုးအစား - Biography, Drama, Romance Translated by Aye Chansu Encoded by sithu
6.5
IMDB: 6.5/10 32,357 votes
movie

Kill Your Darlings (2013)

2013
480pBlu-Ray 1080p 5.1 CHBlu-Ray 720p
Queen of Katwe(2016) 7.4
Queen of Katwe(2016) Queen of Katwe(2016) IMDb...7.4,,,,,,Rotten.....93% ဖီအိုနာဆိုတဲကော့င်မလေးဟာ ရေပုံးလေးဆွဲပြီးလမ်းလျောက်လာတယ်...လမ်းခုလတ်မှာ ကျောင်းချိန်ဆိုတော့ အဖြူအစိမ်းကျောင်းသူကျောင်းသူတွေကျောင်းတက်ဖို့သွားနေတာကိုတွေ့လေရဲ့... ဒီကောင်မလေးရဲ့မျက်နှာမှာ ကျောင်းတက်နေတဲ့သူတွေကို အားကျပြီး ကျောင်းတက်ဖို့ မတတ်နိုင်တဲ့သူမရဲ့ ဘ၀ကို အားငယ်စိတ်ပျက်ဝမ်းနည်းနေပုံပဲ... ဒီလိုနဲ့တစ်နေ့တော့ သူတို့ရပ်ကွက်ထဲမှာ Chess ကစားနည်းကို နည်းပြပေးနေတဲ့ ဆရာတစ်ယောက်ရဲ့အဖွဲထဲကို မမျှော်လင့်ဘဲတွေ့ရှိသွားတယ်...ဒီဆရာဟာ ကျောင်းမတက်နိုင်တဲ့ကလေးတွေကို သူ့အားလပ်ချိန်မှာ အခမဲ့သင်ပေးနေတာပါ... ဖီအိုနာလည်း ဘ၀တူတွေနဲ့ ချက်စ်ကစားဖို့သင်ယူရင်း အချင်းချင်း ချက်စ်ပြိုင်ပွဲလေးတွေလုပ်ကြတယ်... တစ်နေ့တော့ ဖီအိုနာဟာ သူ့ထက်စီနီယာကျနေတဲ့ကစားသမားကောင်လေးနဲ့ချက်စ်ထိုးပါလေရော.... ဒီကောင်လေးကို ဖီအိုနာဟာ အနိုင်ယူလိုက်တယ်...ချက်စ်နည်းပြဆရာဟာ ဆရာဟာ တအံတသြနဲ့ ဖီအိုနာကိုမေးတယ်.. "ဖီအိုနာ နင်ရွှေ့လိုက်တဲ့အကွက်တွေက ဆရာ့စာအုပ်တွေဖတ်ပြီး ရွှေ့လိုက်တာလား"တဲ့ ဖီအိုနာကပြန်ဖြေတယ်.. "ဆရာကလည်း သမီးမှ စာမဖတ်တတ်တာတဲ့" အဲ့ဒီနောက်မှာတော့...... ဒီဇာတ်ကားဟာ Uganda နိုင်ငံ Chess သမိုင်းမှာ သမိုင်းတွင်ခဲ့တဲ့ အမျိုးသမီး Chess ကစားသမား Phiona Mutesi အကြောင်းကို ပြန်လည်ရိုက်ကူးထားပါ... သူမရဲ့ ဘဝဖြစ်စဉ်ကို အနီးစပ်ဆုံးဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်... Phiona Mutesi ဟာ Uganda နိုင်ငံရဲ့ ဆင်းရဲသားရပ်ကွက်တွေထဲက တစ်ခုဖြစ်တဲ့ Katwe ရပ်ကွက်မှာ နေထိုင်ခဲ့တာပါ... ဒီကားက ပြသချိန် ၂နာရီကျော်ကြာမြင့်ပြီး အစမှ အဆုံးထိ ...
7.4
IMDB: 7.4/10 12,888 votes
movie

Queen of Katwe(2016)

2016
Awakenings(1990) 7.8
Awakenings(1990) Awakenings(1990) IMDb...7.8,,,,Rotten ...88% ဆေးရုံတစ်ခုသို့ မဲလ်ကွန်ဆိုတဲ့ဆရာဝန်တစ်ယောက်အလုပ်လာလျှောက်တယ်..... သူလျောက်တဲ့ရာထူးကတော့  ဦးဏှောက်နဲ့အာရုံကြောသုတေသနဌာအတွက် အလုပ်လာလျှောက်တာဖြစ်ပြီး ဆေးရုံကတာဝန်ရှိသူတွေသူ့ကိုအင်တာဗျူးတဲ့အခါမှာ သုတေသနနဲ့ပတ်သက်လို့ အတွေ့အကြုံပေါင်းများစွာရှိနေတာတွေ့ရှိကြတယ်.. သို့ပေမယ့် သူတို့ဟာ သုတေသနနဲ့ပတ်သက်လို့ ဆေးရုံမှာမလိုအပ်ပေမယ့် ဆေးကျောင်းတက်နေစဉ်မှာ ဆေးကုဖူးတယ်မလားလို့မေးပြီး အလုပ်ခန့်လိုက်တယ်...မဲလ်ကွန်အနေနဲ့ အံအားသင့်စရာပေါ့ ...အပူချိန်တိုင်းတတ်တယ်..ဆေးထိုးတတ်တယ် ... ဒါဆိုအိုခေပေါ့ဆိုတဲ့ ဆေးရုံအုပ်ရဲ့မှတ်ချက်ကိုကြားရတော့ သူပျော်ရမလား ၀မ်းနည်းရမလားမသိ.... ဒီလောက်လွယ်လိမ့်မယ်လို့လည်းသူထင်မထားခဲ့ဘူး... နောက်နေ့ဆေးရုံလာလိုက်မှ သူသိသွားတော့တယ်..ဘာလို့ဆို သူကုသရမယ့်သူတွေဟာ နာတာရှည်ရောဂါသည်တွေ.. ပြောရရင် ရုပ်ပဲရှိပြီး နာမ်ပျောက်နေတဲ့ပုံစံမျိုး... အိပ်တယ် ခွံကျွေးရင်စားတယ်...ဘာမှမတွေးတဲ့ လူနာတွေ... မျိုးစုံပင်...မဲလ်ကွန်အတွက်အားလုံးက အသစ်အဆန်းတွေကြီးဖြစ်သလို လူနာအမျိုးမျိုးရဲ့ တုန့်ပြန်မှုက သူ့ကို အထိတ်တလန့်ဖြစ်စေခဲ့တယ်... တစ်နေ့တော့ ကျောက်ရုပ်လိုဖြစ်နေတဲ့လူနာတစ်ယောက်က လွတ်ကျသွားတဲ့မျက်မှန်ကို ဖတ်ခနဲဖမ်းလိုက်တာကို သူတွေ့သွားတယ်.. အဲ့ဒီနောက် တခြားလူနာတွေကို စမ်းကြည့်ရာ အလိုအလျောက်ပုံစံအမျိုးမျိုးနဲ့တုန့်ပြန်နိုင်တာတွေ့ရှိသွားတယ်.. သုတေသနဆရာဝန်ပီပီ လူနာတိုင်းရဲ့ တုန့်ပြန်မှုလေးတွေကိုစမ်းသပ်ရင်း ကျောက်ရုပ်လိုဖြစ်နေတဲ့ ဒီလူနာတွေကို သူတတ်စွမ်းသရွေ့ တခြားသူတွေနဲ့တန်းတူ လောကအလှကိုခံစား နိုင်စေဖို့ကြိုးစားပါတော့တယ်... ဒေါက်တာမဲလ်ကွန် တစ်ယောက်အောင်မြင်ပါ့မလား...ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ... သူပြုလုပ်တဲ့ကုထုံးတွေကရော ဆိုးကျိုးတွေရှိနိုင်လား...ခံစားကြည့်လိုက်ပါဦး... ဒီကားက တကယ့်ဆရာဝန်တစ်ဦးရဲ့အကြောင်းကိုရိုက်ပြထားတာပါ... တကယ့်ကိုတွေးစရာတွေ Message လေးတွေ ပေးပါတယ်...အဓိက သရုပ်ဆောင်(၂)ယောက်ဖြစ်တဲ့ မင်းသားကြီး Robert De Niroနဲ့ Robin Williams ကို တစ်ချို့သူတွေသိကြမယ်ထင်ပါတယ်.... ဒီကားဟာ အကောင်းဆုံးဇာတ်ကားဆု၊မင်းသားဆုနဲ့ ဇာတ်ညွှန်းဆုတို့အော်စကာဆန်ကာတင်စာရင်းပါခဲ့တယ်...ကိုင်း ခံစားကြည့်လိုက်ပါဦး File Size ...
7.8
IMDB: 7.8/10 111,274 votes
movie

Awakenings(1990)

1990
Vice(2018) 7.2
Vice(2018) Vice(2018) IMDb....7.2,,,,Rotten....66% ((Blu-Ray 10805.1ch နဲ့ 720pတို့ဖြင့်ပြန်လည် Updateပေးထားပါသည်..)) ဒီဇာတ်ကားက  Makeup and Hairstyling အတွက်အော်စကာဆုရခဲ့သလို   ထရန်စဖော်မာ မင်းသားကြီးလို့တင်စားရတဲ့ Christian Bale နဲ့ မင်းသမီးAmy Adams တို့ အော်စကာဆန်ကာတင်စာရင်း ၀င်ခဲ့တာ အတော်များများလည်း သိကြမယ်ထင်ပါတယ်... ၂၁ ရာစုအစပိုင်းကာလ အမေရိကန်သမိုင်းကို တစေ့တစောင်း သိစေနိုင်မယ့် ဒုသမ္မတတစ်ဦးရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်.... D ick Cheney ဟာ ငယ်ဘ၀က ဘယ်လောက်တောင်ဆိုးခဲ့လဲဆိုတော့ မူးရူးသောာင်းကျန်းလွန်းလို့ တက္ကသိုလ်ကတောင်ကျောင်းထုတ်ခံရတဲ့အထိပါပဲ... သို့ပေမယ့် အဲ့ဒီဘ၀ကနေ  အမေရိကန်သမိုင်းမှာ အထင်ကရဖြစ်စေခဲ့တဲ့ ဒုသမ္မတတစ်ယောက်ဖြစ်လာအောင် သူကြိုးစားခဲ့တယ်.. သူဘယ်လိုတွေကြိုးစားခဲ့လဲ? ဒုသမ္မတဖြစ်လာချိန်မှာပဲ သူမတူတဲ့အရည်အချင်းတွေကြောင့် သမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေရှိနေသလဲဆိုတာပါ ခင်ဗျားတို့တွေ့ရလိမ့်မယ်... ဒါ့အပြင်  အမေရိကန်သမိုင်းကို   သူ့စိတ်တိုင်းကျ အမျိုးမျိုး ပုံဖော်ခဲ့သူ… ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုအစပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အားလုံးမှတ်မိကြလောက်တဲ့ 9/11 ဖြစ်ရပ်အပေါ်မှာ ဒုသမ္မတရဲ့ တုံ့ပြန်လုပ်ဆောင်အကွက်ချမှုတွေ… ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ အမေရိကန်သမိုင်းအပြင် ကမ္ဘာ့သမိုင်းကိုပါ တစေ့တစောင်းလေ့လာနိုင်မှာဖြစ်ပါတယ်… Dick Cheney အဖြစ် ...
7.2
IMDB: 7.2/10 41,254 votes
movie

Vice(2018)

2018
Blu-Ray 720p/1080p 5.1
Charlie Wilson’s War(2007) 7.1
Charlie Wilson’s War(2007) Charlie Wilson's War(2007) IMDb....7.1,,,Rotten...82% "ကျုပ်မှာ အတော်ဆိုးတဲ့အိမ်နီးချင်းလူကြီးတစ်ယောက်ရှိခဲ့ဖူးတယ်.. မစ္စတာချားတဲ့...ဒီလူကြီးက အိမ်နီးချင်းတွေရဲ့ခွေးတွေ သူ့ပန်းခင်းကို လာနှောင့်ယှက်တာကိုမနှစ်မြို့ဘူး... တစ်နေ့တော့ လမ်းမှာ အော်သံတစ်ခုကြားလိုက်ရတယ်...ကျုပ်ရဲ့ခွေးဟာ သွေးတွေနဲ့မချိမခံမဆန့်ခံစားရင် လူးလှိမ်နေတယ်...မစ္စတာချားဆိုတဲ့သူက ခွေးစာနဲ့ဖန်ပုလင်းအကြေတွေနဲ့ရောကြိတ်ပြီးကျွေးလိုက်လို့ပါ...သွေးတွေ အန်ရင်း ကျုပ်ခွေးသေသွားတယ်..." "အဲ့ဒီတော့ရှင်ဘာပြန်လုပ်လိုက်လဲ" "သူ့က ရွေးကောက်ခံအာဏာပိုင်ဗျ...မြို့ကောင်စီရဲ့ဥက္ကဌ..(၂)နှစ်ပြည့်တိုင်း ပြန်ရွေးခံရင်သူပဲပြန်ရမှာမြေကြီးလက်ခတ်မလွဲပဲ...ရွေးကောက်ပွဲရက်ကြတော့ တစ်ခါမှမဲမပေးဖူးသေးတဲ့ လူမဲတွေဆီကျုပ်ကားမောင်းသွားလိုက်တယ်...ကျုပ်အသက်(၁၃)နှစ်အရွယ်ပေါ့.. လူမဲတွေကို မဲပေးမဲ့နေရာထိကားမောင်းပို့တယ်..မဲပေးပြီးရင်အိမ်ပြန်ပို့ပေးတယ်...မဲပေးဖို့ကားထဲက မထွက်ခင်သူတို့ကိုပြောတာတော့ရှိတယ်..ခင်ဗျားတို့ဆန္ဒကိုချုပ်ချယ်တာတော့မဟုတ်ဘူး..မစ္စတာချားကတော့ ကျုပ်ခွေးကိုရက်ရက်စက်စက်သတ်ခဲ့တာကိုတော့ ခင်ဗျားတို့သိသင့်တယ်လို့အကုန်လုံးကိုပြောခဲ့တယ်... အဲ့ဒီမှာ မစ္စတာချားကြီး (၁၄)မဲနဲ့ရှုံးသွားတယ်..." ဒီစကားကိုပြောနေတဲ့သူကတော့ အမေရိကန်လွှတ်တော်အမတ် ချာလီဝီလ်ဆင်ပင်ဖြစ်သည်..သူက ရုံးမှာတောင်မိန်းမလှတွေချည်း ခန့်ထားသူ..အရက်ကို တစ်ဂွပ်ဂွပ်သောက်သည်..ရုံးချိန်တွင်းပါသောက်သည်..ပြောရရင်တစ်ချိန်လုံးသောက်နေတယ်လို့တောင်ပြောရမည်... ဇိမ်မယ်တွေနဲ့တောင်ပျော်ပါးတတ်တဲ့သူ..သို့ပေမယ့် သူဟာ အထက်ကပြောခဲ့သလိုပင် အဓိကပျော့ကွက်ဟာကွက်တွေကို ခလုတ်နှိပ်ရမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့သူပင်...ဒါကြောင့်လည်း လွှတ်တော်အမတ်နေရာမှာ ဖင်မြဲနေတဲ့သူ... ဒီလိုနဲ့သူဟာ အာဖဂန်နစ္စတန်နဲ့ ရုရှားတို့ရဲ့ တို့ရဲ့စစ်ပွဲကိုမြင်တွေ့ပြီးတဲ့အချိန်မှာ ကူညီပေးလိုစိတ်ပေါ်လာတယ်... ဒါပေမယ့် အမေရိကန်က ဝင်ကူတာလို့ ရုရှားကို မသိစေလိုတဲ့အခါ၊ အမေရိကန် အစိုးရအဖွဲ့ဝင်တွေကလည်း အာဖဂန်နစ္စတန်တွေကို မယုံကြည်တဲ့အခါ ချာလီတစ်ယောက် နိုင်ငံရေး လှည့်ကွက်တွေသုံးပြီး မိမိလိုချင်တဲ့အကွက်ရအောင် ကြိုးစားရပါတော့မယ်။ လွှတ်တော်အမတ်ချာလီဝီလ်ဆင်အဖြစ် ကျွန်တော်တို့ရဲ့ မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်.... ဖြစ်ရပ်မှန်ဇာတ်ကားကောင်းဖြစ်တဲ့အပြင် မင်းသားကြီး တွမ်ဟန့်ကိုယ်တိုင်သရုပ်ဆောင်ထားပြီး သူဘယ်လိုတွေ ခလုတ်နှိပ်မလဲဆိုတာတော့ ခံစားကြည့်လိုက်ဦးဗျို့.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myo Khant Maung ပဲဖြစ်ပါတယ်.... File Size : (980 ...
7.1
IMDB: 7.1/10 99,947 votes
movie

Charlie Wilson’s War(2007)

2007
Coach Carter(2005) 7.3
Coach Carter(2005) Coach Carter(2005) IMDb...7.3,,,Rotten....64% Richmond အထက်တန်းကျောင်း ဘတ်စကတ်ဘော အသင်းဟာ တစ်ရာသီလုံးမှာ (၄)ပွဲသာအနိုင်ရရှိထားတယ်... နည်းပြအနေနဲ့လည်း ရစ်မန်မြို့ရဲ့ လူနေမှုစရိုက်နဲ့ ပေါက်ဖွားလာတဲ့ ကျောင်းသား ဘတ်စကောဘော အားကစားသမားတွေကို ထိန်းချုပ်ရတာလည်း မလွယ်ကူလှဘူး....ပွဲတွေရှုံးရတဲ့ အကြောင်းရင်းကလည်း အားကစားသမားတွေရဲ့ အရည်အချင်းကြောင့်ဆိုတာထက် အခြေခံစိတ်ဓာတ်ကြောင့်လိုဖြစ်နေတယ်...ဒီလိုလူတွေကိုနည်းပြသစ်ခန့်ဖို့ Carter ကြီးကို  ကမ်းလှမ်းကြတယ်... အားကစားသမားတွေရဲ့အခြေအနေနဲ့မြို့ရဲ့လူနေမှုစရိုက်ကို သိတဲ့ Carter ကြီးက သူ့စိတ်ကြိုက်နည်းပြခွင့်ရရင် လုပ်မယ်ဆိုပြီး သဘောတူလိုက်တယ်... ဒီကားက  ဘတ်စကတ်ဘော အားကစားသမားဖြစ်တဲ့ Ken Carter ရဲ့ နည်းပြဘ၀ကိုဖြစ်ရပ်မှန်ရိုက်ကူးထားတာပါ... Cater ရဲ့နေရာမှာတော့  Mother...f*****ကြီးလို့ လူသိများတဲ့ Samuel L.Jackson ကသရုပ်ဆောင်ထားပါတယ်... ဒီကားထဲမှာတော့ တစ်လုံးမှကိုမဆဲတတ်တဲ့ အလွန်ယဉ်ကျေးတဲ့ Samuel  ကြီးကိုခင်ဗျားတို့တွေ့ရလိမ့်မယ်.. Carter ဟာ သူငယ်စဉ်အားကစားသမားဘ၀ထဲက ရစ်မန်ရဲ့လူနေမှုစရိုက်တွေကို ခါးသီးခဲ့ပုံရတယ်.. ဒါ့ကြောင့် သူ့ခြေသူ့လက် အားကစားသမားအားလုံးကိုထိန်းချုပ်ခွင့်ရမယ်ဆိုတဲ့သဘောတူညီချက်အတိုင်း နည်းပြပါတော့တယ်... သူရင်ဆိုင်ရတာတွေက တကယ့်ကိုမလွယ်ပါဘူး..စည်းကမ်းပျက် အသင်းသားတွေ အားကစားတစ်ခုပဲအားပေးတဲ့ မိဘတွေ ၊သူ့ရဲ့လုပ်ရပ်တွေကို စိတ်ပျက်နေတဲ့ဆရာတွေ တကယ့်ကိုမှ အများကြီးပါပဲ....သူ့လုပ်ရပ်တွေက ကျောင်းအုပ်နဲ့တောင် ထိပ်တိုက်ရင်ဆိုင်နေတဲ့အဖြစ်မျိုးပါ.. နည်းပြကြီးဘယ်လို စနစ်တွေကျင့်သုံးမလဲ...သူအောင်မြင်ပါ့မလား... ပြောရရင် ဒီကားက ဘစ်စကတ်ဘောအားကစားဆိုတာထက်အများကြီးပိုတယ်... scene တိုင်းဟာ တန်ဘိုးရှိတယ်...ပြသချိန် ...
7.3
IMDB: 7.3/10 110,709 votes
movie

Coach Carter(2005)

2005
Welcome to Marwen (2018) 6.0
Welcome to Marwen (2018) Drama ကား​ကောင်း​ကောင်းတစ်​ကားကို ​သင်​​မျှော်​လင့်​​နေပါသလား။ တစ်​ကားလုံးသင့်​ကိုဆွဲ​ခေါ်သွားတာမျိုးကို ခံစားချင်​ပါသလား။ ဒါဆိုရင်​​တော့ Welcome to Marwen ကို ကြည့်​ရှုလိုက်​ပါလို့ပဲ တိုက်​တွန်းပါရ​စေ။ အစပိုင်းဇာတ်​ရည်​မလည်​ခင်​အထိ​တော့ အူ​ကြောင်​​ကြောင်​နိုင်​​ပေမယ့်​ တစ်​ဖြည်းဖြည်းနဲ့ အချိတ်​အဆက်​မိမိနဲ့ အရသာရှိလာ​စေမယ့်​ ဇာတ်​ကားပဲ ဖြစ်​ပါတယ်​။ ဝိုင်းပြီးထိုးကြိတ်​ခံလိုက်​ရလို့ ​ဆေးရုံတက်​​နေရတဲ့ အ​မေရိကန်​စစ်​ပြန်​ကြီးတစ်​​ယောက်​ရဲ့ ဘဝဇာတ်​​ကြောင်းကို ရိုက်​ကူးထားတာဖြစ်​ပါတယ်​။ အား​ပေးကြပါဦး​နော်​   File Size : (1 GB) & ( 300 MB) Quality : BluRay 720p Running Time : 1 hr 56 min Format : Mp4 Genre : Biography , Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tar Tee Poe Encoded ...
6.0
IMDB: 6.0/10 6,776 votes
movie

Welcome to Marwen (2018)

2018
Boy Erased(2018) 7.0
Boy Erased(2018) Boy Erased(2018) IMDb.....7.0,,,Rotten.....81% "ဟဲလို" "မစ္စနန်စီအီမန်လားခင်ဗျ" "ဟုတ်ပါတယ်" "'ကျွန်တော်က ဒန်နင်ကော်လိပ်က တာဝန်ရှိသူပါ..ခင်ဗျားတို့သားနဲ့ပတ်သက်ပြီးကျောင်းမှာ သတင်းဆိုးတွေပြန့်နေလို့ပါ" "ရှင် ဘာများဖြစ်လို့လဲ" "အဲ့ဒါက...." ဒီဖုန်းလေးတစ်ချက်ကြောင့် နန်စီတို့မိသားစု ကမ္ဘာပျက်သလိုဖြစ်သွားရတယ်... သူတို့မိသားစု(၃)ဦးရှိတယ်..ယောက်ျားဖြစ်သူနာမည်က မာရှယ်ဖြစ်ပြီး သင်းအုပ်ဆရာတစ်ဦးလည်းဖြစ်တယ်... သားရဲ့နာမည်ကတော့ ဂျဲရက်... ဖုန်းဆက်ပြီးပြောသွားတဲ့ကိစ္စကတော့ ဂျဲရက်ဟာ လိင်တူစိတ်ဝင်စားသူဖြစ်တဲ့အကြောင်းပြောတာပါ... မိဘ(၂)ပါးဖြစ်သူဟာ LGBTကိစ္စကိုလုံးဝရှုံချသူတွေပီပီ ဒီသတင်းကိုကြားတော့ ယူကျုံးမရဖြစ်နေတယ်...ဒီလိုနဲ့ သားကို မျက်နှာချင်းဆိုင်မေးတဲ့အခါမှာတော့ ဂျဲရက်ကိုယ်တိုင်က "သားတကယ်လိင်တူစိတ်ဝင်စားမိပြီထင်တယ် အဖေနဲ့အမေ..ဘာကြောင့်မှန်းမသိဘူး...သားတောင်းပန်ပါတယ်"တဲ့... ဒီကားကတော့ LGBT တွေကို ရှုတ်ချပြီး အသွင်ပြန်ပြောင်းပေးဖို့ ကြိုးစားကြတဲ့အဖွဲ့နဲ့  LGBT ဖြစ်နေတဲ့သူတွေအကြောင်းကိုရိုက်ထားတာပါ... မိဘတွေကိုယ်တိုင်က လက်မခံတဲ့အပြင် အသိုင်းအ၀န်းတစ်ခုလုံးကလည်း ကဲ့ရဲ့စရာဖြစ်နေတော့ ဂျဲရက်ခဗျာ ယောက်ျားစိတ်စင်စစ်ဖြစ်အောင်ကြိုးစားဖို့ ကတိပေးလိုက်ရတယ်... ကျွန်တော်တို့မြန်မာကားတွေထဲမှာတော့ LGBTကို ဟာသ အဖြစ်သရုပ်ဖော်ရုံမက စရိုက်ခပ်ကျကျပုံမျိုးတွေ သရုပ်ဖော်ထားတာများသောအားဖြင့်တွေ့ရတယ်... ..သူတို့ရဲ့ပုံဖော်မှုအကျိုးဆက်ကတော့လူအသိုင်းအ၀ိုင်းကနေ ဖယ်ကျဉ်ဖို့ ဆိုတာမျိုးကြီးပဲကျန်နေခဲ့တယ်.... ကျွန်တော်ဟာ ဒီကားနဲ့ပတ်သက်လို့ ထွေထွေထူးထူးမညွှန်းလိုဘူး.... နောက်ဆုံးပြောချင်တာက လိင်တူချစ်သူဆိုတိုင်း ဟာသတစ်ခုလို၊ ကဲ့ရဲ့စရာ၊ လှောင်ပြောင်စရာ၊ နှိမ့်ချစရာလို မမြင်ပါနဲ့... အဆင့်အတန်းရှိပြီး လေးစားလောက်စရာ လိင်တူချစ်သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီးရှိပါတယ်..  မြန်မာဇာတ်ကားအချို့ကိုကြည့်ပြီး လမ်းမဆုံးကြပါနဲ့လို့ ပြောချင်ပါတယ်။ ဒါကိုလည်း ဒီဘက်ခေတ်မှာ အတော်များများသိပြီးသားထင်ပါတယ်... မှတ်ချက်....((မြန်မာဇတ်ကားဆိုသည်မှာ LGBTများကို ဟာသ သဖွယ်ရိုက်ပြထားသည့် ဇာတ်ကားများကိုသာဆိုလိုသည်...)) File Size : (900 ...
7.0
IMDB: 7.0/10 15,363 votes
movie

Boy Erased(2018)

2018
12 Years a Slave (2013) 8.1
12 Years a Slave (2013)   ငွေဝယ်ကျွန်စနစ်တွေက အေဘရာဟမ်လင်ကွန်း မတိုက်ဖျက်ခင်အထိ အမေရိကမှာရှိခဲ့ကြပါတယ်။ အဲ့ဒီခေတ် အဲ့ဒီအခါအကြောင်း စာကြီးပေကြီးတွေမှာလည်း ငွေဝယ်ကျွန်တွေနဲ့ ကျွန်ပိုင်ရှင် ပဋိပက္ခတွေပါလေ့ရှိပြီး ပြည်တွင်းစစ်ကာလဆိုလည်း မမှားပါဘူး။ ကျွန်ရှင်တွေဘက်ကအမြင်ကို ပြသွားတဲ့ထဲ အကျော်ကြားဆုံးကတော့ "Gone With the Wind " လေရူးသုန်သုန်ပါ။ အဲ့ဒီစာအုပ်ရဲ့ တစ်ထောင့်တစ်နေရာမှာထည့်ဖော်ပြသွားတဲ့ ၁၉ရာစုရဲ့အရောင်းရဆုံစာအုပ် " Uncle Tom's Cabeint" အန်ကယ်တွမ်ရဲ့တဲကလေး..နဲ့ ယခုကားရဲ့ မူလဘူတ " 12yearsAslave"ဆိုတဲ့ စာအုပ် စာအုပ်တွေကတော့ ကျွန်တွေဘက်က အမြင်ကို ပြထားပြီး နှစ်အုပ်လုံးက ထွက်ချိန်မကွာသလို အကြောင်းအရာလည်း မကွာခြားလှပါဘူး။ ထူးခြားချက်ကတော့12yearsASalve ကတော့ Biography တစ်ပုဒ်ပါတဲ့။ ဒီစာအုပ်တွေမှာ နှစ်ဖက်လုံးမှာရှိတဲ့ အမှန်တရားတွေနဲ့ ထိုခေတ်အခါက ငွေဝယ်ကျွန်စနစ်ကို ကျွန်တော်တို့ ချိန်ထိုးနှိုင်းယှဉ်နိုင်ပါတယ်။ ဒီရုပ်ရှင်ကတော့ ကျွန်တော်သိသလောက် မြန်မာဘာသာပြန်စာအုပ်မရှိသေးတဲ့ 12 Years As A Slaveစာအုပ်ကို ရိုက်ထားတာပါ။   ဇာတ်ကြောင်းတစ်ပိုင်းတစ်စကိုပြောရမယ်ဆိုရင်တော့... ဟိုအရင်များဆီတုန်းက.... အမေရိကန်ပြည်တွင်းစစ်ကာလလောက်မှာ Solomon Northupဆိုတဲ့ လွတ်လပ်တဲ့ လူမည်းတစ်ယောက်ရှိခဲ့ပါတယ်။ ဂီတသမားသူ့ အရည်အချင်းကို ပြသရမယ်လို့ လှည့်ဖျားပြီး ဝါရှင်တန်ကို လူလိမ်နှစ်ယောက်က သူ့ကို လိမ်ခေါ်သွားပြီး ကျွန်ဈေးမှာ ရောင်းစားခဲ့ပါတယ်။ မိသားစု ဝါသနာ လွတ်လပ်မှုတွေ ပိုင်ဆိုင်ထားတဲ့ အပျော်ဆုံးဘဝတစ်ခုကနေ နေ့ချင်းညချင်းပဲ အောက်ဆုံးဘဝငရဲကို ထိုးဆင်းသွားရတဲ့ Solomonဟာ အသိညဏ်အရည်အချင်းတွေကို အသုံးချပြီး လွတ်မြောက်အောင် အခါခါကြိုးစားခဲ့ပေမဲ့ လူဖြူတွေဘက်ကသက်သက်ရှိနေတဲ့ ဥပဒေမျဉ်းတွေအောက်မှာ ဘာမှကိုမတတ်နိုင်ခဲ့ပါဘူး။ မကွဲပြားကြတဲ့ အရေခွံဝတ်လူတွေကြားက ...
8.1
IMDB: 8.1/10 570,882 votes
movie

12 Years a Slave (2013)

2013