Channel Myanmar

Biography

Iris (2001) 7.0
Iris (2001)   ဒီဇာတ်ကားလေးဟာ လူငယ်ဘဝကစလို့ ဆံဖြူသွားကျိုးတဲ့အချိန်အထိ နောက်ဆုံးထွက်သက်အထိ ချစ်သွားကြတဲ့ အိုင်းရစ်နဲ့ ဂျွန်ရဲ့အချစ်အကြောင်းကို ဖွဲ့နွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်ဒီဇာတ်ကားလေးဟာ အပြင်မှာတကယ်ရှိတဲ့ နိုဗယ်ဆုရ စာရေးဆရာမအိုင်းရစ်မာဒေါ့နဲ့ သူ့ခင်ပွန်း ဂျွန်ဘေလီရဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ဒီဇာတ်ကားဟာ ရုပ်ရှင်ဆုပေးပွဲများတွင် စုပေါင်းဆုပေါင်းများစွာရရှိထားပါတယ် သရုပ်ဆောင်တွေအနေနဲ့လည်း Kate Winslet က အိုင်းရစ်ငယ်ဘဝအဖြစ်သရုပ်ဆောင်ပြီး ဝါရင့်မင်းသမီးကြီး Judi Dench က အသက်ကြီးသွားတဲ့အိုင်းရစ်နေရာကသရုပ်ဆောင်ထားပါတယ်ဂျွန်ရဲ့နေရာမှာလည်း Jim Broadbent နဲ့ Hugh Bonneville တို့ကပါဝင်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားလေးမှာ အချိန်အကြာကြီးလက်တွဲချစ်ခဲ့ကြတဲ့ အိုင်းရစ်နဲ့ဂျွန်တို့ရဲ့ဘဝဟာ အယ်ဇိုင်းမားဆိုတဲ့ သတိမေ့ရောဂါကြောင့် မုန်တိုင်းဝင်ရောက်ခဲ့ပါတယ် အိုင်းရစ်ဟာ အဲဒီရောဂါခံစားနေရပြီး တစတစ မှတ်ဥာဏ်တွေပျောက်ဆုံးလာတဲ့အခါ ဂျွန်တစ်ယောက် ဇနီးဖြစ်သူကိုဘိုးဘွားရိပ်သာဆေးကုဌာနကိုလည်းမပို့နိုင်ဘဲ အသက်အရွယ်အိုမင်းနေတဲ့အချိန်မှ ဇနီးဖြစ်သူကို ကိုယ်တိုင်ပဲလိုက်လံပြုစုစောင့်ပေးပါတယ်သူတို့နှစ်ယောက်ရဲ့ဘဝအကြောင်းကို ငယ်ရွယ်စဥ်ဘဝကိုပြလိုက် အသက်အရွယ်ကြီးသွားတဲ့အချိန်ကိုပြလိုက်နဲ့ တစ်လှည့်စီကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားမှာ အိုင်းရစ်အပေါ်ထားတဲ့ ဂျွန်ရဲ့ချစ်ခြင်းမေတ္တာတွေကိုကြည့်ရှုခံစားနိုင်ပါတယ် File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Biography, ...
movie

Iris (2001)

I’m Not There (2007) 6.8
I’m Not There (2007)   တကယ့်ဟောလီးဝုဒ် ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Heath Ledger, Christian Bale, Cate Blanchett နှင့် အခြားသောနာမည်ကြီးသရုပ်ဆောင်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားပြီး အမေရိကန်သီချင်းရေးဆရာ အဆိုတော် Bob Dylan အကြောင်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Todd Haynes ရဲ့ Experimental Biographical Film လေးဖြစ်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလှကို ရင်သပ်ရှုမောဖွယ်ကြည့်ရတဲ့ Nomadland ဆိုတဲ့ဇာတ်ကားလေးကို သွားပြန်သတိရပြီး တော်တော်လေး melancholy ဖြစ်တဲ့ဇာတ်ကားလေးမို့ Filmphile တို့ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်း —-------------------- အမေရိကန် ဖောခ့်တေးဂီတအဆိုတော် ဂျက်ရိုလန်ရဲ့ ဘဝအကြောင်း၊ အနုပညာလမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်ဘဝဇာတ်ခုံအကြောင်းကို ဂျက်ရိုလန်အကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်မှာပါဝင်ထားတဲ့ ရော်ဘီကလာခ့်၊ နာမည်တစ်လုံးနဲ့ လက်ဦးဖော့ခ်ဂီတအဆိုတော် ဂျုဒ်ကွင်းန်၊ ရစ်ဒယ်ဆိုတဲ့မြို့ငယ်လေးမှာ လာရောက်ပုန်းခိုနေတဲ့ ဝရမ်းပြေး ဘီလီမက်ကာတီ၊ ဂီတာလေးတစ်လက်နဲ့ အမေရိကန်ပြည်ထောင်စုကို ...
movie

I’m Not There (2007)

800 (2023) 9
800 (2023) 800 (2023)"ဝစ်ကတ် ၈၀၀" ====================== IMBb 9/10Sport drama ကြိုက်တတ်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် 800 ဆိုတဲ့ တမီလ်စကားပြော ဖြစ်ရပ်မှန် Sport, biography ရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် ခရစ်ကတ်သမိုင်းတလျှောက်မှာ Wicket တွေ အမြင့်ဆုံးထိခဲ့တဲ့ သီရိလင်္ကာခရစ်ကတ်သမား မူရာလီရဲ့အကြောင်းကို စိတ်လှုပ်ရှားဖွယ် ပြန်လည်ပုံဖော်ထားတာပဲဖြစ်ပါတယ်။သမ္မာကျမ်းစာကို စာအုပ်ပေါင်းများစွာနဲ့ကူးယူနေရတဲ့ ပြင်သစ်ဘုန်းတော်ကြီးတွေက ရသေ့စိတ်ဖြေလုပ်ဖို့အတွက် ခရစ်ကတ်ကစားနည်းကို တီထွင်ခဲ့တယ်လို့ တချို့ကပြောကြတယ်။ တချို့ကတော့ အင်္ဂလိပ်သိုးကျောင်းသားတွေက တီထွင်ခဲ့တာတဲ့။ဘယ်သူကပဲတီထွင်ခဲ့တီထွင်ခဲ့ အင်္ဂလိပ်တွေနဲ့အတူ အိန္ဒိယကိုရောက်လာခဲ့တဲ့ ခရစ်ကတ်ကစားနည်းကို အိန္ဒိယက မူသီယာ မူရာလီသာရန်ဆိုတဲ့ ကလေးငယ်လေးက သဘောကျသွားပြီး အရူးအမူးကစားရင်း အနိမ့်အမြင့် အတက်အကျတွေကြားထဲကနေ ကမ္ဘာ့စံချိန်ချိုးတဲ့ကစားသမားဖြစ်လာခဲ့ပုံကို ခရစ်ကတ်အကြောင်းမသိတဲ့သူတွေတောင်မှ စိတ်ဝင်စား၊ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ဒီရုပ်ရှင်ထဲမှာ ပုံဖော်ပြထားပါတယ်..။( ဒီရုပ်ရှင်အတွက် ဘာသာပြန်ညွှန်းဆိုသူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

800 (2023)

2023
Boys Don’t Cry (1999) 7.5
Boys Don’t Cry (1999)  2000 ခုနှစ်မှာ ဒီဇာတ်ကားနဲ့ပဲ Best Actress အော်စကာဆုရခဲ့ပြီး Best Performance နဲ့ Best Actress ဆုတွေအများကြီးရထားတဲ့ မင်းသမီးကြီး Hilary Swank နဲ့ ဇာတ်ကားကောင်းတွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Peter Sarsgaard က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်တီနာဆိုတဲ့မိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူ လိင်သတ်မှတ်ဖို့အတွက်ပြဿနာရှိနေတဲ့ မိန်းကလေးတစ်ယောက်ပေါ့နော် Operation လုပ်ဖို့ဆရာဝန်တွေနဲ့တိုင်ပင်ထားပေမယ့် လက်ရှိမှာတော့ ယောကျ်ားလေးလိုပဲဝတ်စားပြီး စော်တကာကို ပတ်ကြူနေတာပေါ့ ဒါပေမယ့် အဲဒီလိုလိင်အပြောင်းအလဲတွေကို လက်မခံတဲ့ Falls City ဆိုတဲ့မြို့ကို အမှတ်မထင်ရောက်သွားတာကနေ သူ့ဘဝကြီးတစ်ခုလုံး ဘယ်လိုမျှော်လင့်မထားတဲ့ ကံကြမ္မဆိုးတွေနဲ့ ရင်ဆိုင်ရမလဲ၊ သူချစ်မိသွားတဲ့ကောင်မလေးကရော ဘယ်လောက်ထိသူ့ကိုနားလည်ပေးနိုင်မလဲဆိုတာကိုတော့...........LGBT တွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီးတော့ လူတိုင်းလည်းကြည့်သင့်ပြီး ပညာယူသင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ (***တကယ်တော့ လူ့ဘဝကြီးကဆန်းကြယ်လွန်းပါတယ်***)ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.9 GB)/(940 Mb) Quality….Webrip 1080p / ...
movie

Boys Don’t Cry (1999)

Dumb Money (2023) 6.9
Dumb Money (2023) Dumb Money (2023) =============== IMDb Rating - 6.9/10Covid-19 ကပ်ရောဂါ ကာလအတွင်းကနေစပြီး ခေတ်စားလာတဲ့ အလုပ် ကတော့ စတော့ခ်ရှယ်ယာတွေ ကစားကြတဲ့ အလုပ်လို့ ဆိုရမယ်။ အိမ်မှာ တင်နေရင်း စီးပွားဖြစ်လုပ်ကြရင်းကနေ အမြတ်တွေရပြီး ဘောစိဖြစ်သွား ကြသလို၊ ရှိတာလေးတွေပါ ပါသွားကြရတာလည်း မနည်းမနောဆိုပါတော့။ဒီဇာတ်ကားကတော့ စတော့ခ်ရှယ်ယာကစားကြတဲ့ အသေးစားလုပ်ငန်းရှင် လေးတွေနဲ့ ကုမ္ပဏီကို လက်ဝါးကြီးအုပ် ခြယ်လှယ်နေကြတဲ့ ဘီလျံနာတွေ ကြားက ဖြစ်ရပ်မှန်တွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းကောင်းတစ် ပုဒ်ပါပဲ။ကိတ်သ်ဂေးလ်က ဂိမ်းစတော့ဆိုတဲ့ ကမ္ဘာ့နာမည်အကြီးဆုံး ဂိမ်းကုမ္ပဏီတစ် ခုမှာ ရှယ်ယာဝင်ထားတဲ့ သာမညလေးတစ်ယောက်ပါ။ ရှိစုမဲ့စုလေးတွေနဲ့ All in လုပ်ထားရတယ် ဆိုပါတော့ဗျာ။ သူက သူရှယ်ယာ ဘယ်လောက်ဝယ် တယ် ဘယ်လောက်ရှုံးတယ် ဘယ်လောက်မြတ်တယ် ဆိုတာတွေကို Live လွှင့်ရင်းလည်း ပြောနေတတ်တဲ့သူပါ။ သူ့ရဲ့ ဖန်တွေကလည်း သူလုပ်တာတွေ ကြည့်ပြီး ဂိမ်းစတော့မှာ လိုက်ရင်းနှီးမြှုပ်နှံလာကြတာပေါ့။ ဒီလိုနဲ့ သူတို့ရဲ့ စတော့ခ်ရှယ်ယာဈေးကွက်ကြီး မျက်စိတစ်မှိတ်အတွင်းမှာတင် ထိပ်ဆုံးကို ရောက်သွားခဲ့ပါတယ်။ဒါဟာ ရှယ်ယာဈေးကွက်အတွက်တော့ ပထမဆုံး ကြုံတွေ့ရတဲ့ အံ့ဖွယ်ဖြစ်ရပ် တစ်ခုပါ။ ...
movie

Dumb Money (2023)

2023
Berenshtein (2021) 6.4
Berenshtein (2021)  ဖြစ်ရပ်မှန်ဇာတ်ကားတွေ သမိုင်းကြောင်းတွေကို စိတ်ဝင်စားတဲ့လူတွေအတွက်2021 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Berenshtein ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb မှာ Rating 6.4 အထိရရှိထားပြီးတကယ်ကြည့်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားလေးက လီနွိုက်ဘီရန်စတိန်းဆိုတဲ့ ဒုတိယကမ္ဘာစစ်တုန်းကပြောက်ကျားတပ်သားတစ်ယောက်ရဲ့ ဘဝကိုအခြေခံပြီး Documentary ပုံစံနဲ့ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။သူတိုက်ပွဲဝင်ခဲ့တဲ့ ကာလမှာ ဂျာမန်တွေကဂျူးလူမျိုးတွေကို မျိုးတုန်းသတ်ဖြတ်မှုတွေ မတရားအနိုင်ကျင့်မှုတွေပြုလုပ်ခဲ့တဲ့အပြင်သူတို့ရဲ့ အဓိကအင်အားအကြီးဆုံးဖြစ်တဲ့ လျှို့ဝှက်လက်နက်ကြီးတစ်ခုကို တီထွင်နေခဲ့ကြပါတယ်။ဘီရန်စတိန်းတို့ရဲ့တပ်ဖွဲ့ဖြစ်တဲ့ ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ကအဲ့ဒီလက်နက်ရဲ့ တည်နေရာကိုရှာဖွေဖို့ပဲဖြစ်ပါတယ်။ဒီလိုရှာဖွေနေရင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေ ဝမ်းနည်းစရာတွေ ကြမ်းတမ်းမှုတွေနဲ့ ဂျာမန်တွေရဲ့လူမဆန်စွာကြမ်းကြုတ်ရက်စက်မှုတွေကို စိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…1.87GB / 833MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Biography , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Berenshtein (2021)

The Greatest Showman (2017) 8.0
The Greatest Showman (2017) The Greatest Showman (2017)IMdb Rating (7.5)ဒီ Musical Drama ရုပ်ရှင်ကားကြီးက ခြူးတစ်ပြားမှမရှိသူတစ်ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူ ဆပ်ကပ်ဆရာကြီး P. T. Barnum ရဲ့ ဘဝဇာတ်ကြောင်းအခြေခံရိုက်ကူးထားတဲ့ Biography ရုပ်ရှင်လည်းဖြစ်ပါတယ်။မင်းသားကြီး Hugh Jackman က P.T.Barnum အဖြစ်အဓိကပါဝင်ထားပြီး Michelle Williams, Zac Efron, Zendaya, Rebecca Ferguson စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဘတ်ဂျက် $84 million သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ $435 million ထိ ပြန်လည်ရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေ တစ်ကမ္ဘာလုံးက Musical ပရိတ်သတ်တွေရဲ့ ကောင်းချီးကိုပါ ရရှိခဲ့ပါတယ်။စိတ်ဓာတ်ကျနေချိန်တိုင်း နားထောင်ကြရမယ့် သီချင်းတွေပါဝင်တယ်လို့ နာမည်ကြီးသလို နားဆင်မိသူတိုင်း ရင်ထဲစွဲငြိအောင် ကြိုက်ရတဲ့သီချင်းတွေလဲပါဝင်ပါတယ်။ဇာတ်လမ်းကတော့..... မိဘမဲ့တစ်ယောက်ဖြစ်တဲ့P.T.Barnum ဆိုတဲ့ကောင်လေးအနေနဲ့ ကြိုက်မိတဲ့ကောင်မလေးကကျ ရွှေဘုံပေါ်က သူဌေးသမီးဖြစ်နေပါတယ်။ ဒါပေမယ့်သူဟာ ရည်မှန်းချက်ကြီးတဲ့လူဖြစ်ပြီး စကားပြောကောင်းသူ..ဇွဲကောင်းသူ...အနုပညာအမြင်ရှိသူဖြစ်ပါတယ်။ရည်မှန်းချက်ကြီးသူဖြစ်တဲ့အတိုင်း သူ့စိတ်ကူးထဲက ကြီးကျယ်ခမ်းနားတဲ့ ...
movie

The Greatest Showman (2017)

2017
4K HEVC
Rustin (2023) 6.6
Rustin (2023) Rustin (2023)~ IMDb - 6.6/10, Rotten Tomatoes - 85% ~Bayard Rustin… အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားမှုကြီးရဲ့ သမိုင်းဝင် ပုဂ္ဂိုလ်တယောက်… Martin Luther King Jr. ရဲ့ အကြံပေးပုဂ္ဂိုလ်… သမိုင်းဝင် ဝါရှင်တန်ချီတက်ပွဲကြီးရဲ့ ပဲ့ကိုင်ရှင်…အမေရိကန်သမိုင်းတလျှောက် လူ့အခွင့်အရေးလှုပ်ရှားသူတွေအများကြီးထွက်ပေါ်ခဲ့တယ်။ သက်ရောက်မှုအကြီးဆုံးဖြစ်ခဲ့တာကတော့ ပြီးပြည့်စုံတဲ့ ဆန့်ကျင်ဘက်လို့ဆိုကြတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်သမား Martin Luther King နဲ့ တိုက်ယူမယ်ဆိုတဲ့ Malcolm X တို့ပေါ့။ သူတို့ ၂ ယောက်ကလည်းခေတ်ပြိုင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့နောက်ကွယ်က ပံ့ပိုးခဲ့တဲ့လူတွေကတော့ သိပ်ပြီးနာမည်ထွက်လေ့မရှိဘူး။ အဲဒီလိုလူတွေထဲ မာတင် လူသာကင်းရဲ့ မိတ်ဆွေ၊ အကြံပေး၊ ရှေ့ဆောင်လမ်းပြ ဖြစ်တဲ့ Bayard Rustin လည်းပါဝင်တယ်။Rustin ဘဝကတော့ အတော်ကို ခက်ခဲကြမ်းတမ်းတယ်။ Quaker (ကွိတ်ကာ) ဆိုတာကတော့ သူ့ကိုပျိုးထောင်ခဲ့တဲ့ ဘာသာရေးအဖွဲ့ပေါ့။ ရိုးရိုးပြောရရင် ...
movie

Rustin (2023)

2023
ABCD 2: Any Body Can Dance 2 (2015) 5.4
ABCD 2: Any Body Can Dance 2 (2015) ABCD 2 (2015) "လက်စ်ဗီးဂတ်စ် အိပ်မက်ကမ္ဘာ ဆီသို့"ဒစ်စနေးက ထုတ်လုပ်တဲ့ ဟင်ဒီ drama ရုပ်ရှင် ဖြစ်ပြီး 2013 တုန်းက ထွက်ရှိခဲ့တဲ့ ABCD ရဲ့ နောက်ဆက်ကားဖြစ်ပါတယ် ရုံတင်ငွေ ရူပီး 1.6 ဘီလျံပြန်ရခဲ့တဲ့ ကားပါ ABCD (2013) က မင်းသား Prabhu Deva က ဗစ်ရှနူ အဖြစ် ပြန်လည်ပါဝင်ထားပါတယ် အရင်ကားကိုလည်း တင်ပေးထားပါတယ် ဒါပေမယ့် ဒီကားက သီးခြားဇာတ်လမ်းဖြစ်တာမို့ အရင်ကားမကြည့်ထားလည်း ကြည့်လို့ရပါတယ်ဇာတ်လမ်းအကျဥ်းကတော့ စားပွဲထိုး ဆူရက်ရှ်ဆိုတဲ့ ကောင်လေးက သေသွားတဲ့ သူ့အမေရဲ့ ဆန္ဒအတိုင်း နာမည်ကြီး dancer တစ်ယောက်အဖြစ် အိပ်မက်မက်သူပါ သူငယ်ချင်းဖြစ်သူ ပီဇာပို့တဲ့ ဗာနွန်နဲ့ ဆံပင်ညှပ်တဲ့ ဗင်နီတို့နဲ့ပေါင်းပြီး "Mumbai Stunners" ဆိုတဲ့ အကအဖွဲ့နဲ့ အိန္ဒိယ ဒိတ်ဒိတ်ကြဲအကပြိုင်ပွဲမှာ ယှဥ်ပြိုင်ကြပါတယ်အိန္ဒိယပရိသတ်ကြိုက်အဖွဲ့ဖြစ်နေပြီး တခဲနက် အားပေးမှုကို ရပေမယ့်လည်း ဒိုင်လူကြီးက "ဖိလစ်ပိုင်စတားများ" ...
movie

ABCD 2: Any Body Can Dance 2 (2015)

Ray (2004) 7.7
Ray (2004)  အော်စကာ ၂ ဆု ၊ အခြား ဆုပေါင်း ၅၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု စုစုပေါင်း ‌၅၅ အခုထိရရှိခဲ့တဲ့ အမေရိကန် ဂန္တ၀င် တေးရေး တေးဆိုနဲ့ စန္ဒရားပညာရှင်တစ်ယောက်ဖြစ်တဲ့ ရေးချားလ်စ်ရဲ့ ဂီတအတ္ထုပတ္တိ ဒရာမာရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကြောင်းမပြောချင်မှာ ရေးချားလ်စ်ရော်ဘင်ဆန် အကြောင်းကို အနည်း‌ငယ် ပြောပြချင်ပါတယ်။ရေးချားလ်စ်ရော်ဘင်ဆန်ကို စက်ဘင်တာလ ၂၃ ရက်နေ့ ၁၉၃၀ ခုနစ်မှာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အယ်လ်ဘာနီမြို့မှာဖွားမြင်ခဲ့ပြီး အသက် ၇၃ နှစ်အရွယ်မှာ ကယ်လီဖိုးနီးယားပြည်နယ် ဘာဗလီဟေးစ်မှာ ဆုံးပါးခဲ့ပါတယ်။ ရေးချားလ်စ်ဟာ အသက် ၇ နှစ်ကတည်းက ရေတိမ်ရောဂါနဲ့ မျက်စိကွယ်ခဲ့ရပါတယ်။ရေးလ်ချားလ်စ်ဟာ စန္ဒရားတီးခတ်တဲ့နေရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်ပြီး သူ့ရဲ့သီဆိုဟန်ကိုတော့ ထိုခေတ်အခါက နာမည်ကြီး အမေရိကန် ဂျက်ဇ်အဆိုတော်တစ်ဦးဖြစ်တဲ့ Nat King Cole ကို အဓိကလွှမ်းမိုးမှုအဖြစ် ကိုးကားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေးချားလ်စ်ဟာ ...
movie

Ray (2004)

Miranda’s Victim (2023) 6.5
Miranda’s Victim (2023)  IMDb 6.6 / Rotten Tomatoes 77%ဒီရုပ်ရှင်ဟာ ဆုပေါင်း၂၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ မှုခင်း ဒရာမာ ရုပ်ရှင်ကားကောင်းတခုဖြစ်ပါတယ်။ခေတ်ကာလအနေနဲ့ကတော့ ၁၉၆၀ကျော်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပက်ထရစ်ရှာဝီယာလို့ အမည်ရတဲ့ ၁၈နှစ်အရွယ် ကျောင်းသူလေးဟာ အာနက်စ်တိုမီရန်ဒါလို့ခေါ်တဲ့ လူငယ်တယောက်ရဲ့ ဖမ်း‌ဆီးခေါ်ဆောင် အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်။ဒီလိုနဲ့ ပက်ထရစ်ရှာဟာ ကာရိုးကူလီလို့ အမည်ရတဲ့ စုံထောက်တယောက်ရဲ့အကူအညီနဲ့ မီရန်ဒါကိုဖမ်းဆီးပြီး တရားရင်ဆိုင်ကာ မီရန်ဒါကို ထောင်ထဲကို အရောက်ပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာတော့ အမေရိကန် တရားစီရင်‌ရေးစနစ်မှာ ပြောင်းလဲမှုတခုထပ်မံ ဖြစ်ပွားလာပြီး အာနက်စ်အတွက် အပြစ်ကင်းကြောင်း ထပ်မံချေပပေးမယ့် ရှေ့နေတယောက် ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုတရားပြိုင်ရှေ့နေကတော့ တခြားသူမဟုတ်ဘဲ ထိုခေတ်အခါက အမေရိကန်ပြည်ထောင်စုမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးတဲ့ ဂျွန်ဖလင်းဆိုတဲ့ရှေ့နေတဦး ဖြစ်နေတဲ့အခါမှာတော့ ပက်ထရစ်ရှာဟာ တရားခွင်ကို ထပ်မံတက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပြီး သူမ မေ့ဖျောက်ဖို့ကြိုးစားခဲ့တဲ့ အတိတ်ကဒဏ်ရာကြီးကို ထပ်မံရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ...
movie

Miranda’s Victim (2023)

Good Night, and Good Luck (2005) 7.4
Good Night, and Good Luck (2005)  ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ ။ File size…(1.5 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

Good Night, and Good Luck (2005)

Oppenheimer (2023) 8.7
Oppenheimer (2023) Oppenheimer (2023)IMdb Rating (8.5) / Rotten Tomatoes (93%)ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ အော့ပန်ဟိုင်းမားကို 4K IMAX HDR/SDR Quality တွေနဲ့ တင်ဆက်လိုက်ပါတယ်။Peaky Blinder ရဲ့ မင်းသား Cillian Murphy က ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ် ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့ Robert Downey Jr., Emily Blunt, Matt Damon, Rami Malekတို့ အစုံပါဝင်ထားပါတယ်။ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင် ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။ ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။ သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့ ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး ...
movie

Oppenheimer (2023)

2023
4K HEVCHDR
Sly (2023) 7.1
Sly (2023) Sly (2023)~ IMDb - 7.1/10, Rotten Tomatoes - 77% ~စတားလုံး ကို ဘယ်သူလဲလို့ အထူးတလှယ် မိတ်ဆက်ပေးစရာလိုမယ်မထင်ဘူး။Rocky Franchise, Rambo Franchise တွေနဲ့ အက်ရှင်ရုပ်ရှင်လောကမှာ ဂန္ထဝင်ကြီးတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် အသက်ကြီးမှ The Expendables နဲ့ပါ အက်ရှင်ကားတွေဆက်ရိုက်ခဲ့တယ်။ ဒီ Documentary ဟာ စတားလုံးရဲ့ ခက်ထန်တဲ့ ငယ်ဘဝကနေ ဟောလိဝုဒ်ရဲ့တောင်ထိပ်တွေအထိ ဘယ်လို ခြေအားပြင်းပြင်း ဆောင့်တက်ခဲ့သလဲဆိုတာကို ခြေရာကောက်ရင်း သူထမ်းပိုးထားရတဲ့ နောင်တတွေကို ဖြုတ်ချခဲ့ဖို့ ကြိုးပမ်းပုံတွေအကြောင်းပါ။Arnold Schwarzenegger နဲ့ Quentin Tarantino တို့လည်း ပါဝင်ထားပါတယ်။" ငါ့မှာ နောင်တတွေရှိလား... အေးပေါ့ နောင်တတွေအများကြီးရှိတာပေါ့ "ရုပ်ရှင်ကို ဒီလိုစတယ်။ သူ့လို ‌ထိတ်ထိတ်ကြဲစတားတစ်ယောက်အ‌တွက် နောင်တဟာ ဘာတွေလဲ။ အမြဲတမ်း မျက်နှာမာမာနဲ့ စက်သေနတ်ကြီးကိုင်ပြီး ကြမ်းရမ်းပြခဲ့တဲ့သူတစ်ယောက်က အသက်ကြီးတဲ့အချိန်မှာ ...
movie

Sly (2023)

2023
Sanju (2018) 8.4
Sanju (2018) ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူးAK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ဟာ ထောင်နန်းစံရတော့ပါမယ်အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီဒိုက်(ဇ်)ကို သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ်ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ ... တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ ...နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း ...
movie

Sanju (2018)

2018
4K HEVC
The Last King of Scotland (2006) 7.6
The Last King of Scotland (2006)   ~~IMDb 7.6, Rotten Tomatoes 87%~~အော်စကာဆုတစ်ဆု နဲ့အခြားဆုပေါင်း ၄၀ ကျော်ဆွတ်ခူးထားပြီး ဆန်ကာတင်စာရင်းပေါင်း ၃၀ကျော်ဝင်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား The Last King Of Scotland.သရုပ်ဆောင်များအနေနဲ့ James McAvoy ကဇာတ်ဆောင်မင်းသားအဖြစ်၊ နာမည်ကြီးလူမည်းသရုပ်ဆောင်တွေထဲတစ်ယောက်ဖြစ်တဲ့ Forest Whitaker ကဗီလိန်မင်းသားအဖြစ် နဲ့ ကိုယ်တွေရဲ့ British မင်းသမီးကြီး Gillian Anderson တို့စသဖြင့်များစွာပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းပုံစံကတော့ နီကိုးလတ်စ်(James McAvoy ) က ဆရာဝန်ဘွဲ့ရပြီး စွန့်စားမှုလေးတစ်ခုလုပ်ချင်လို့ ရောက်ချင်ရာရောက်ဆိုပြီး နိုင်ငံတစ်နိုင်ငံကိုမျက်လုံးမှိတ်လက်ထောက်ရွေးခဲ့ပါတယ်။ သူကျသွားတာကတော့ ယူဂန်ဒါဖြစ်ပြီး အဲ့နောက်ယူဂန်ဒါမှာအကျိုးပြုဆရာဝန်လေးလာလုပ်ပါတော့တယ်။ယူဂန်ဒါမှာ အဲ့အချိန် သမ္မတဟောင်းအိုဘိုတီပြုတ်ပြီး ဗိုလ်ချုပ်အာမင်(Forest Whitaker ) က သမ္မတလုပ်နေတာပါ။ အစပိုင်းကတော့ထုံးစံအတိုင်း လေထဲတိုက်အိမ်ဆောက်အာလုပ်ကတိတွေနဲ့ ပြည်သူ့ ယုံကြည်မှုကို ဖြားယောင်းခဲ့ပါတယ် ၊နောက်ပိုင်းမှာတော့ ဆန့်ကျင့်သူတွေကို ရှင်းလင်းသုတ်သင်ရင်း တိုင်းပြည်အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်.....နီကိုးလတ်စ်ကတော့အကြောင်းတိုက်ဆိုင်သွားပြီးအာမင်ရဲ့မိသားစုဆရာဝန်ဖြစ်သွားရာကနေဇာတ်လမ်းကိုdramatic ဆန်အောင်ထည့်ထားပါတယ်။ ဒီရုပ်ရှင်က အမှန်တကယ်ဖြစ်ပျက်ခဲ့တာကို ...
movie

The Last King of Scotland (2006)

NYAD (2023) 7.1
NYAD (2023)  Nyad ဆိုတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေးမှာ အဓိကပါဝင်သရုပ်ဆောင်ထားတာကတော့ ဟောလိဝုဒ်နာမည်ကျော်မင်းသမီးကြီးတွေ ဖြစ်တဲ့ Annette Bening နဲ့ Jodie Fosterတို့ဖြစ်ပါတယ်။ ၂ ယောက်လုံးက ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတာမို့သူတို့ရဲ့ သရုပ်ဆောင်မှုပိုင်းက အပြစ်ပြောစရာလုံးဝ မရှိပါဘူး..ဖြစ်ရပ်မှန်ဇာတ်လမ်းကို ကျောရိုးယူပြီးရိုက်ထားတာဖြစ်ပြီးအဓိကပြသွားတဲ့အရာလေး ၂ ခုရှိပါတယ်။ ပထမတစ်ခုကတော့ငယ်ငယ်ကတည်းက သူငယ်ချင်းတွေ ဖြစ်လာပြီး အခု ကြီးလာတဲ့အထိတစ်ယောက်နဲ့တစ်ယောက် နက်နက်ရှိုင်းရှိုင်းချစ်ကြတဲ့ သူငယ်ချင်း၂ ယောက်ကြားက အချစ်တွေ ခွဲခွာခြင်းတွေ ခံစားချက်တွေကိုကိုယ်တိုင်ဖြစ်နေသလို ခံစားရမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော ဇာတ်ကားရဲ့ အဓိကဇာတ်လမ်းဖြစ်တဲ့ Diana Nyad ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။Nyad ဟာ အသက် ၂၈ နှစ်က ကမ္ဘာပေါ်မှာ အဝေးဆုံး သမုဒ္ဒရာဖြတ်ကူးခရီးစဥ်ဖြစ်တဲ့ ကျူဘားနိုင်ငံကနေ ဖလော်ရီဒါပြည်နယ်ကို လက်ပစ်ကူးခတ်ဖို့ကြိုးစားခဲ့ပါတယ်။ အခက်အခဲတွေအမျိုးကြောင့် မအောင်မြင်ခဲ့ပဲ လက်လျော့ခဲ့ရပါတယ်။ အသက် ၆၀ ပြည့်ပြီးတော့မှ ဘဝကို အရှုံးမပေးချင်တဲ့စိတ်နဲ့အဲ့ခရီးစဥ်ကို ပြန်လည်ကြိုးစားဖို့ ဆုံးဖြတ်ပြီးခဲ့တဲ့နောက်မှာတော့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ...
movie

NYAD (2023)

The Ron Clark Story (2006) 7.5
The Ron Clark Story (2006) The Ron Clark Story (2006)~ IMDb - 7.5/10, Rotten Tomatoes - 85% ~အမေရိကန်နိုင်ငံက နာမည်ကျော် ဆရာတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဝါသနာနဲ့ စေတနာတွေကို တွင်တွင်သုံးတဲ့ ဆရာတွေအများကြီးရှိပေမဲ့ အနစ်နာ ဆရာမျိုးကတော့ ပိုပြီးတွေ့ရခဲတယ်ထင်ပါတယ်။ရွန်ကလက်ကတော့ နာသုံးနာပြည့်စုံတဲ့ ဆရာမျိုးဖြစ်ပြီး ဆရာဆိုတဲ့ အသံကြားတာနဲ့ ကျေးဇူးတင်တဲ့အသိ၊ နွေးထွေးတဲ့ခံစားချက်မျိုးရလာပြီး ဆရာက ကိုယ့်ဖက်မှာရှိနေသရွေ့ ဘာကိုမှကြောက်စရာမလိုဘူးလို့ ထင်လာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဆရာတစ်ယောက်ပေါ့။ ဆရာဆိုတာ ဒါမျိုးပဲလို့ ပြရလောက်အောင် ဂုဏ်ယူစွာနဲ့ ပြနိုင်လောက်တဲ့ ဆရာမျိုးပါပဲ။နယ်မှာ အောင်မြင်မှု အထိုက်အလျှောက်ရထားတဲ့ မူလတန်းဆရာလေး ရွန်ကလက်က အိပ်မက်အကြီးကြီးနောက်ကို လိုက်ဖို့ နယူးယော့ခ်မြို့ကြီးကို မျှော်လင့်ချက်တွေ တသီကြီးနဲ့တက်လာတယ်။ မြို့ကြီးတွေဆိုတာကတော့ သိကြတဲ့အတိုင်း အပြိုင်အဆိုင်တွေများ၊ ရှုပ်ယှက်ခတ်နေပြီး အနားမရတဲ့နေရာမျိုးမလား။ဒါပေမဲ့လည်း မြို့ပြရဲ့ တိုက်စားတဲ့ဒဏ်ကို ...
movie

The Ron Clark Story (2006)

2006