Channel Myanmar

Bollywood

Made In Bengaluru(2022) 9.3
Made In Bengaluru(2022) Made In Bengaluru 2023IMDb 9.3/10 အထိရရှိထားပြီး ပရိတ်သတ်တွေနဲ့မစိမ်းလှတဲ့ နာမည်ကြီးမင်းသား မင်းသမီးတွေပါ၀င်ထားတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်တစ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဘန်ဂလူရူမြို့ဟာ အိန္ဒိယတောင်ပိုင်းရဲ့မြို့တော်၊ လူသန်းပေါင်းများစွာရဲ့ အိပ်မက်တွေအကောင်အထည်ဖော်တဲ့ အချက်အချာကျတဲ့နေရာလေးပေါ့။ ဒါ့အပြင်လူငယ်တွေ လုပ်ငန်းသစ်စဖို့ အားထားရတဲ့မြို့လေးတစ်မြို့ဆိုပါတော့။ အဲ့ဒီမှာ ရည်မှန်းချက်ကြီးမားတဲ့ အင်ဂျင်နီယာကျောင်းဆင်းတစ်ယောက် ဆူဟာ့စ်ဆိုတဲ့ လူငယ်လေးအပါအ၀င်ပါ။ ဆူဟာ့စ်ဟာ သူတီထွင်ထားတဲ့ အပ်ဒ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံပေးဖို့ ရင်းနှီးမြှုပ်နှံသူတွေ တစ်ယောက်ပြီးတစ်ယောက်ရှာရာကနေ ဇာတ်လမ်းစထားပါတယ်။သို့ပေမယ့်မြို့လေးဟာထင်သလောက်မရိုးသားနေပါဘူး တစ်ချို့လည်းတကယ်‌ကူညီ‌ပေးချင်သလို သူတစ်ပါး‌ဦးနှောက်ကိုဖောက်စားချင်ကြတဲ့တွေလည်း မနည်းမနောပါပဲ။ ဒီတော့ ဆူဟာ့စ်တစ်ယောက် လုပ်ငန်းစဖို့စီးပွားရေးလောကထဲ၀င်လာတဲ့အချိန်မှာ အဲ့လောကဟာလည်းမာယာများနေတဲ့အခါ ရည်မှန်းချက်ကိုအောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အချစ်၊ အလွမ်း ဟာသလေးနှောပြီး လူစုံစရိုက်စုံလှတဲ့ ဘန်ဂလူရူမြို့ကြီးထဲမှာ သူတို့တွေဘယ်လို အမျိုးစုံ ကြိုးခုန်ကြမယ်ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.7GB  /1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 47mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL~ Cherry~ Yunni~Nyein Aye
movie

Made In Bengaluru(2022)

2022
Waltair Veerayya (2023) 6.8
Waltair Veerayya (2023) Waltair Veerayya (2023) Action, Drama IMDb 6.8/10 (5.6K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘိုင်ရာဗာမင်းသားရဲ့အဖေ မင်းသားကြီး ချီရန်ဂျီဗီးနဲ့ မင်းသားကြီး ရဗီတေဂျားတို့ရဲ့အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။ မင်းသမီးချောလေး ရှရူတီးဟာစန်းကလည်း ကမ်းကုန်အောင် လှပပေးထားပါတယ်နော်။ဒီဇာတ်ကားမှာ ဘတ်ဂျက် ရူပီကုဋေ၁၄၀သုံးခဲ့ပြီး ၂၃၃.၀၅ကုဋေပြန်ရခဲ့ပါတယ်။ဇာတ်လမ်းကိုပြောရမယ်ဆိုရင်... RAW အဖွဲ့ဟာ နိုင်ငံတကာရာဇဝတ်သားကို အိန္ဒိယဖမ်းခေါ်လာနေတုန်း လမ်းမှာ လေယာဥ်ပျက်ကျခဲ့ပြီး အဲ့ဒီရာဇဝတ်သားကို ရဲစခန်းမှာ တစ်ညသိပ်ဖို့ဖြစ်လာခဲ့ပါတော့တယ်။အဲ့ဒီရဲစခန်းဟာ ညတွင်းချင်းဝင်ဆီးခံခဲ့ရပြီး စခန်းအတွင်းက ရဲတွေအားလုံးအသတ်ခံလိုက်ရပါတယ်။ ရာဇဝတ်သားလည်း လွတ်မြောက်သွားပါတော့တယ်။ဒီအဖြစ်အပျက်ကြောင့် ရာထူးဆိုင်းငံ့ခံလိုက်ရတဲ့ ရဲအရာရှိဟာ ဒီရာဇဝတ်သားကို ဖမ်းဆီးဖို့ ခဲထားပါတော့တယ်။ ဒီလိုနဲ့ မီးကိုမီးနဲ့ငြှိမ်းဖို့ ကြိုးစားလာတဲ့အခါမှာတော့....။ ဆက်လက်ပြီး ဘာတွေဖြစ်လာဦးမလဲဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော်။ File size…4.21GB / 1.95GB Quality…1080p True  WEB DL /720p Format…mp4 Duration…2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  BpL~Taylor~ Yunni ~ Khin Khin
movie

Waltair Veerayya (2023)

2023
Varisu(2023) 6.5
Varisu(2023) Varisu (2023) Action, Drama IMDb 6.5/10 (30K)ခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးဗီဂျေးနဲ့ မင်းသမီးချောလေး ရက်ရှမီကားမန်ဒါနားတို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ရုံဝင်ငွေ ကုဋေ၃၀ ဝန်းကျင်အမြတ်ရခဲ့တဲ့ ကားလေးပဲဖြစ်ပါတယ်။ဖခင်နဲ့ ပြဿနာတက်ပြီး ကိုယ့်ဒူးကိုယ်ချွန်ဖို့ ထွက်လာတဲ့ ဗီဂျေးဟာ ၇နှစ်အကြာမှာ မိသားစုထဲကို ပြန်ဝင်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဖခင်နဲ့အစ်ကိုနှစ်ယောက်က အစိုးရတင်ဒါကိစ္စအတွက် ပြိုင်ဘက်တွေနဲ့ အပြင်းအထန်ယှဥ်ပြိုင်နေရပါတယ်။ဒါပေမဲ့ သူ့မိသားစုဟာ အလုံးစုံအန္တရယ်တွေနဲ့ ရင်ဆိုင်ရတော့မှာကို မသိရှိကြပါဘူး။ ဒီတော့ ဖြစ်လာမယ့်ဘေးဒုက္ခက ဘာတွေဖြစ်လာမလဲ။ သူကရော ဘာကြောင့် ၇နှစ်ကြာပြီးမှ အိမ်ကို ပြန်လာခဲ့တာလဲ။ လှည့်ကွက်တွေ မြှုပ်ကွက်တွေနဲ့ ကြည့်ရဦးမှာမို့ ရှုစားပေးကြပါဦးနော် File size…3.27GB / 1.4GB Quality…4k HEVC AMZ WEB DL  / 1080p WEB DL / 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL~ Yunni ~ Khin Khin ~ ...
movie

Varisu(2023)

2023
4K HEVC
Vaalvi(2023) 8.7
Vaalvi(2023) Vaalvi (2023) IMDb 8.5/10Drishyam ဇာတ်လမ်းနဲ့ပုံစံတူ လူသတ်မှုကို ရဲတွေ CCTV တွေ မျက်မြင်သက်သေတွေနဲ့ တစ်ပတ်လှည့်ပြီး အလီဘိုင်ရှာမဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ် တစ်မိနစ်မှအလွတ်မခံချင်လောက်အောင်ဟာကွက်မရှိတဲ့ လူသတ်အစီအစဉ်တွေနဲ့ Drishyam ကိုလွမ်းနေမဲ့လူတွေအတွက်အလွမ်းပြေကြည့်ရှူနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်အာဗီနီ နဲ့ အာနီကတ်ဆိုတာက လင်မယားတွေ အိမ်ထောင်သက် ၁၄နှစ်ထဲဝင်လာပေမဲ့ကလေးမရတဲ့အပြင် အာ‌ဗီနီက စိတ်ရောဂါအထူးကုနဲ့ပြနေရတဲ့အထိကျန်းမာရေးမကောင်းဖြစ်နေသူပေါ့ ဒါကိုယောကျာ်းဖြစ်သူ အာနီကတ်ကစိတ်ကုန်နေပါတယ် စိတ်ကုန်တဲ့အပြင်ကို သွားဆရာဝန်မ ဒီဗီကာဆိုသူနဲ့ကြိတ်ပုန်းခုတ်နေခဲ့တာပါ ဒီတော့ ကြားထဲကစိတ်ရောဂါဝေဒနာသည်ကို‌အပျောက်ဖျောက်ဖို့အရေး နှစ်ယောက်ပေါင်းအကြံထုတ်ကြပါတော့တယ်သူတို့ရဲ့အစီအစဉ်ကတော့ CCTV ရှေ့ လူမြင်ကွင်းရှေ့မှာ အလီဘိုင်ရဖို့ပါ မိန်းမတို့ရဲ့ဉာဏ်နီဉာဏ်နက်ကို ဘယ်သူမှလိုက်မမှီတာမို့ ဒီလိုဟာကွက်မရှိတဲ့အစီအစဉ်က အောင်မြင်သွားမလားဆိုတာ ကြားထဲမှာရီရခက်ငိုရခက် plot twist တွေလဲပါသေးတာမို့ ကြည့်ရတာ ရင်တမမနဲ့ dark comedy ဆန်ဆန်လေးဖြစ်တာမို့ ပရိသတ်များကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ရှင် File size… 1.6GB /  788MB Quality…1080p WEB DL /720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein ~BpL~Yunni
movie

Vaalvi(2023)

2023
Hello Zindagi (2022) 7.4
Hello Zindagi (2022) Hello Zindagi (2022) Adventure, Drama, Family IMDb 7.4/10 (1K)အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ လူငယ်တွေအတွက် ပညာပေးဇာတ်ကားလေးဆိုလည်း မမှားလောက်ပါဘူးနော်။ဒီဘက်ခေတ်မှာ နည်းပညာတွေမြင့်တက်လာတာနဲ့အမျှ လူငယ်တွေဟာ လောကကြီးရဲ့အလှတရားတွေကို သဘာဝတရားကြီးမှာ ရှာဖွေမနေကြတော့ဘဲ မိုဘိုင်းဖုန်းကမ္ဘာထဲမှာပဲ မိန်းမလှလေးတွေကို ရှာဖွေနေကြပါတယ်။ တချို့မိန်းကလေးတွေဆိုရင် လိုက်ခ်တစ်ခု ကော်မန့်တစ်ခုရဖို့အတွက် အဖေါ်အချွတ်တွေတောင်လုပ်ဖို့ ဝန်မလေးကြပါဘူး။ဒီဇာတ်လမ်းလေးက ဆိုရှယ်မီဒီယာကို တအားစွဲလမ်းနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။ဒီရှားဟာ သူ့တစ်နေ့တာလုပ်ငန်းစဉ်ဘဝကို ဆိုရှယ်မီဒီယာပေါ် အမြဲတင်လေ့ရှိတော့ ဖခင်ဖြစ်သူဟာ သမီးအတွက် လွန်စွာစိုးရိမ်ပူပန်နေခဲ့ပါတယ်။ဒီတော့ သူ့သမီးက သူပြောတဲ့အတိုင်းခရီးတစ်ခုကို တစ်ယောက်တည်းထွက်ပေးမယ်ဆိုရင် သမီးဖြစ်သူရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကို လိုက်လျောပေးမယ်ဆိုပြီး စည်းကမ်းချက်တစ်ခုသတ်မှတ်လိုက်ပါတယ်။ဒါပေမဲ့ လမ်းခရီးမှာ စမတ်ဖုန်းလုံးဝ ယူသွားခွင့်မပေးခဲ့ပါဘူး။ဒီလိုနဲ့ ဒီရှားတစ်ယောက် ခရီးလမ်းမှာ ကြုံတွေ့ရမယ့်ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားမလဲ...။လောကရဲ့အလှစစ်ကို ရှာဖွေတွေ့ရှိခဲ့သလား...။ဘယ်သူတွေနဲ့ ကြုံဆုံရဦးမလဲဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုပေးကြပါဦးနော်။ File size…2.16GB / 971MB Quality…1080p  WEB DL /720p Format…mp4 Duration….1h 54m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor 
movie

Hello Zindagi (2022)

2022
Happy Birthday(2022) 5.2
Happy Birthday(2022) Happy Birthday (2022)IMDb-5.6/10ခါတိုင်းတရစပ်အပြောတွေနဲ့ ရွှတ်နောက်နောက်ဟာသမင်းသားကြီး Vennela Kishore က ဒီကားထဲမှာတော့ ၀န်ကြီးနေရာကသရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအညွှန်း"No Gun ,No entry" သေနတ်သာရှိရင် ဒုစရိုက်မှုတွေနည်းမယ် သေနတ်နဲ့လူကိုလည်း ဘယ်သူမှရန်စရဲမှာမဟုတ်ဘူးဆိုပြီး လူတိုင်းသေနတ်ကိုင်ဆောင်နိုင်ရေးအဆိုကိုတင်သွင်းခဲ့သူ၀န်ကြီးကျေးဇူးနဲ့ အားလုံးဟာရတနာတွေရောင်းချပြီးတောင် သေနတ်ကိုအပြိုင်အဆိုင်ကိုင် ရပ်ကွက်ဈေးကအစ သေနတ်တွေတကြော်ကြော်အော်ရောင်းအောင်မြင်‌နေသည်ထိပါပဲပြသနာဆိုတာလေးက ဇာတ်လမ်းတိုင်းမှာမပါမဖြစ်ဆိုတော့ သူအဲဒီလို သေနတ်ရောင်းဝယ်ခွင့်ပါမစ်ချပေးခဲ့တဲ့အချိန်မှာ လာဘ်စားမှုလေးတွေရှိခဲ့ပါတယ် အဲဒီအမှုသက်သေရှိတဲ့သူတစ်ယောက်နဲ့ ဝန်ကြီးနဲ့က ဟိုတယ်တစ်ခုရဲ့ အခန်း ၆၉၆၉ မှာဆုံတွေ့ဖို့စီစဉ်ကြပြီး အဲဒါကို အေးဂျင့်တွေကလဲ စောင့်ကြည့်နေကြပါတယ်ဒါပေမယ့် အခန်း၆၉၆၉ ကိုလာတဲ့သူတွေက သူတို့ချည်းပဲလားဆိုတော့မဟုတ်ပါဘူး တခြားလူတွေပါ ပါဝင်လာတဲ့အခါမှာ..... ကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ စိတ်ဝင်စားဖွယ်ရာဇာတ်ကြောင်းအရ ဒီဇာတ်ကားလေးဟာ ကြည့်လို့ကောင်းမယ့်အနေအထားပါ အတည်ပေါက်ဟာသထလုပ်တာတွေက ဇာတ်လမ်းကိုပေါ့သလိုဖြစ်စေပေမဲ့ တခါတလေတော့လည်း ကျွန်တော်တို့ ဇာတ်လမ်းတွေကို အတည်ပေါက်ကြီး ခံစားကြည့်ရှုနေရတာစိတ်ကုန်နေလောက်ပါပြီ အဲဒီတော့ ဂျက်ကီချမ်းကားတွေလိုပဲ ရီလဲရီရမယ် အက်ရှင်တွေလဲပါမယ် စပိုင်ဇာတ်လမ်းလေးလဲပါမယ် မင်းသမီးချောချောလေးတွေလဲ ကြည့်ချင်တယ်ဆိုရင် ဒီဇာတ်ကားကသင့်အတွက်ပါပဲမိတ်ဆွေ....... File size…2.27GB  / 1.17GB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~SaiThu Rein~Khin Khin
movie

Happy Birthday(2022)

2022
#Mute (2023) 9.3
#Mute (2023) Mute 2023 IMDb 9.5/10 လန်ပြန်ထွက်နေအောင် rating ကောင်းပြီး ထွက်ထားတာမကြာသေးတဲ့ ဒီကားလေးဟာ အလကားနေရင်း rating မြင့်နေတယ်ထင်ရင်မှားသွားပါလိမ့်မယ် အိန္ဒိယထုံးစံ အဆိုအကတောင် လုံးဝ(လုံးဝ) မထည့်ထားဘဲနဲ့ ဇာတ်လမ်းဇာတ်ကွက်ကိုပဲ အသားပေးထားတဲ့ Thriller ကားကောင်းလေးပါဇာတ်လမ်းလေးက သာမန်မြင်တွေ့နေကြ အချစ်အလွမ်းအကြမ်းအရမ်းအက်ရှင်တွေမဟုတ်ပါဘူး အဲ့တော့ ဒရာမာဘာညာနိုင်ငံရေးကားလားဆိုတော့လည်းမဟုတ်ပါဘူး အိမ်မွေးခွေးလေးတစ်ကောင် ပျောက်ဆုံးသွားတာကို ရင်တမမနဲ့ကြည့်ရမဲ့ Thriller ရုပ်ရှင်လေးပါ ဒီဗီရာဆိုတဲ့ကောင်မလေးက လင်ယောကျာ်းသစ္စာဖောက်တာခံရလို့ ကိုယ့်ကိုယ်ကိုသတ်သေတဲ့အထိ စိတ်ဓာတ်ကျခဲ့ဖူးပါတယ်ဒါပေမဲ့ သူ့ရဲ့သူငယ်ချင်းကောင်းတွေရဲ့ဝိုင်းဝန်းစောင့်ရှောက်မှုကြောင့် သူ့ဘဝကိုဆက်ရှင်သန်ဖြစ်ခဲ့ပါတယ် သူ့ဘဝရဲ့အရေးအကြီးဆုံး နံပါတ်တစ်အဖော်ကတော့ ကောစ်မိုလို့ခေါ်တဲ့ခွေးလေးပါ အဲ့ခွေးလေး ငါးနှစ်ပြည့်မွေးနေ့ နောက်တစ်နေ့မနက်ဒီဗီရာနိုးလာတဲ့အချိန်မှာ ခွေးလေးကပျောက်ချင်းမလှပျောက်သွားပါတယ် အဲ့အချိန်ကစပြီး တက်လိုက်တဲ့ဇာတ်ရှိန်ကတော့ ပြီးသွားမှန်းတောင်သိလိုက်ရမှာမဟုတ်ပါဘူး ကဲ သာမန်အိန္ဒိယကားတွေနဲ့မတူ ဇာတ်လမ်းဇာတ်ကွက်ကောင်းမွန်လွန်းတဲ့ ယခုဇာတ်ကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် File size…1.5GB / 698MB Quality…1080p HQ HDRIP  /720p Format…mp4 Duration…1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein~Cherry~Yunni
movie

#Mute (2023)

2023
Abbara(2022) 7.9
Abbara(2022) Abbara (2022)IMDb-8.4/10ဒုစရိုက်မှုတွေမျိုးစုံလုပ်တဲ့ လူမိုက်ကြီးဗိုင်ရာမူဒီဟာ လုပ်သမျှရာဇ၀တ်မှုတိုင်းမှာ သက်သေမကျန်အောင်ပိရိရက်စက်သူပါ။တစ်နေ့ရဲအရာရှိမာဟင်ဒရာဗာမာဆိုသူအသတ်ခံခဲ့ရပါတယ်။တရားခံမပေါ်ခဲ့ပါဘူး။ဒီကိစ္စကို မင်းသားက သူ့ကိုယ်သူ လူသုံးယောက်အနေနဲ့ သုံးကိုယ်ခွဲပြီး လိုက်လံစုံစမ်းရင်း အတိတ်ကအဖြစ်အပျက်တစ်ခုကြောင့်လည်း ဗိုင်ရာမူဒီကို လက်စားချေချင်နေခဲ့ပါတယ်။သုံးကိုယ်ခွဲရင်း လွဲလာမယ့် အလွဲလေးတွေကိုလည်း ခွီရမယ့်အပြင် အက်ရှင်ခန်းတွေလည်း ပါဝင်တာမို့ တရားရေပြိုင် ဘယ်သူနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စီးမျောလိုက်တော့နော်။ File size…2.67GB  / 1.57GB Quality…1080p True WEB DL /720p Format…mp4 Duration…2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor~BpL~Yunni
movie

Abbara(2022)

2022
Michael (2023) 5.9
Michael (2023) Michael 2023ဒီရက်ပိုင်းမှ လောလောလတ်လတ်ထွက်ရှိထားပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်း၊ rating 5.8/10 အထိရထားတဲ့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသား တေလဂူးနာမည်ကြီးသရုပ်ဆောင်တွေပါတဲ့ ရုပ်ရှင်ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဓားမြှောင်တစ်ချောင်းဆောင်ပြီး လောကဓံကိုအရွယ်နဲ့မလိုက်အောင် ထမ်းပိုးသယ်နေရတဲ့ 13 နှစ်အရွယ်ကောင်လေး မိုက်ကယ်၊ နားကြပ်လေးတပ်ပြီး ဘာကိုမှဂရုမစိုက်တတ်သလို လောကကြီးကိုအရွဲ့တိုက်ချင်နေတဲ့ လူငယ်လေးတစ်ဦးပေါ့။တစ်နေ့မှာမထင်မှတ်ပဲမိုက်ကယ်ဟာ မြို့ရဲ့ဒုစရိုက်ခေါင်းဆောင်ဖြစ်တဲ့ ဂူရူနာသ်ကိုအသက်ဘေးကနေ ကယ်တင်ပေးလိုက်ရာကနေ မွေးစားခံလိုက်ရပါတယ်။ အရွယ်ရောက်လာလို့ ဂူရူနာသ်ရဲ့ယုံကြည်ရတဲ့သူတစ်ဦးဖြစ်လာပြီး သူ့ရဲ့ ရန်သူဖြစ်သူကိုသတ်ဖို့ မိုက်ကယ်ကိုစေခိုင်းလိုက်တဲ့အချိန်မှာ မိုက်ကယ်ဟာ ရန်သူရဲ့ရန်သူကိုချစ်မိသွားတဲ့အခါ ...မိုက်ကယ်တစ်ယောက် ကိုယ့်ရဲ့ကျေးဇူးရှင်ကိုပြန်သစ္စာဖောက်မှာလား၊ ကိုယ်ချစ်ရတဲ့သူကိုပဲ သတ်ပစ်မှာလား ဆိုတာကတော့ ဒုစရိုက်တွေကြား ဂိုဏ်းပေါင်းစုံနဲ့အရှုပ်အရှင်းတွေကြား ဇာတ်ရှိန်အစကနေ အဆုံးထိ ဆွဲခေါ်သွားပေးသွားမှာပါ။ File size…2.16GB / 999MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Nyein Aye
movie

Michael (2023)

2023
Nanpakal Nerathu Mayakkam (2022) 8.2
Nanpakal Nerathu Mayakkam (2022) Nanpakal Nerathu Mayakkam (2023) Drama IMDb 8.3/10အခါတစ်ခါမှာတော့ မာလယာလမ် မင်းသားကြီး မမ်မူးတီးရဲ့ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးပါ့မယ်။သူ့ကားတွေရဲ့ထူးခြားချက်က ဇာတ်ကိုအေးအေးလေးနဲ့ ပရိသတ်ကို ဆွဲခေါ်သွားပြီး စဥ်းစားစရာအချက်တွေ အများကြီးပေးပါတယ်။ ခု ဒီကားမှာလည်း ဒီလိုပါပဲ။မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘုရားဖူးခရီးကအပြန်မှာ သူဟာ လမ်းခုလတ်မှာ ကားကိုရပ်ခိုင်းခဲ့ပြီး ကားပေါ်ကလူတွေအားလုံးအိပ်ပျော်နေချိန်မှာ ဆင်းသွားခဲ့ပါတယ်။သူ အချိန်အတော်ကြာပြန်မလာတဲ့အခါမှာ လိုက်လံရှာဖွေကြရင်း သူဟာ တခြားရွာက လူတစ်ယောက်ပုံစံဖြစ်နေပြီး သူတို့ကိုလည်း လုံးဝ မမှတ်မိတော့ပါဘူး။မာလယာလမ်လူမျိုးတစ်ယောက်ဖြစ်တဲ့သူဟာ လမ်းခုလတ်က တမီလ်ရွာလေးက လူတစ်ယောက်ဖြစ်သွားခဲ့ပြီး တမီလ်ဘာသာစကားကို မနှစ်မြို့တဲ့သူဟာ တမီလ်လို ချောချောမွေ့မွေ့နဲ့ စကားပြောနေခဲ့ပါတော့တယ်။ဘာကြောင့်လဲ...ဘာဖြစ်လို့လဲ...ဘာဖြစ်သွားတာလဲဆိုတာကိုတော့ ဆက်လက်ပြီးတော့ ခေါင်းခြောက်လိုက်ကြပါဦးနော်။ File size…1.64GB / 664MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Nanpakal Nerathu Mayakkam (2022)

2022
Veera Simha Reddy (2023) 5.8
Veera Simha Reddy (2023) Veera Simha Reddy (2023) Action/ Drama IMDb 5.8/10နှစ်ဘဝကလဲ့စားဇာတ်ကားနဲ့ ပုရိသတို့အသည်းစွဲဖြစ်ခဲ့တဲ့ မင်းသမီး Shruti Haasan ပါဝင်တဲ့ဇာတ်ကားအသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ ဘက်ဂျက်၅ဆလောက်ကို ပြန်မြတ်ခဲ့တဲ့ကားလည်းဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျေးနဲ့မီနက်ရှီတို့သားအမိနှစ်ယောက်ဟာ အစ္စတန်ဘူလ်မှာ အခြေချနေထိုင်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပါ။ တစ်ရက်မှာတော့ ဂျေးတစ်ယောက် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလို ချစ်ရတဲ့မိန်းကလေးနဲ့ အိမ်ထောင်တစ်ခုထူထောင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုမိတဆိုးသားလေးလို့ထင်နေခဲ့တဲ့ ဂျေးကို မီနက်ရှီက ဖခင်ဖြစ်သူအကြောင်းထုတ်ပြောပြလာပါတော့တယ်။ဖခင်ဖြစ်သူဟာ စီမာဒေသနဲ့လူထုကို တရားသောနည်းလမ်းနဲ့အုပ်ချုပ်နေပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဗီရာဆင်းမ်ဟာရတ်ဒီဖြစ်ကြောင်း ဂျေးသိပြီးတဲ့အခါမှာတော့... ဖခင်ရဲ့ဆန္ဒကို ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…5.19GB / 2.21GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Cherry ~ Yunni ~ Nyein Aye
movie

Veera Simha Reddy (2023)

2023
Kranti(2023) 7.3
Kranti(2023) Kranti(2023)IMDb 7.4/10ဒီတစ်​ခေါက်တင်ဆက်​ပေးမယ့်ကားက​တော့ မကြာခင်ကမှ ထွက်ရှိထားတဲ့ "Kranti"ဆိုတဲ့ အက်ရှင်ဒရာမာဇာတ်ကား​ကောင်းဖြစ်ပါတယ် ဒီကားကBox Office 33 croresထိ​ရရှိထားပြီးဖြစ်တဲ့ ရုံတင်ဇာတ်ကားကောင်းတစ်ကားပါအိန္ဒိယကားတွေဟာဆိုရင်ဖြင့် အားတိုင်းရဲတွေ‌ကိုထေငေါ့လိုက် နိုင်ငံရေးသမားတွေကို တိုက်ခိုက်လိုက် စသဖြင့်သူတို့အစိုးရစနစ် လူတန်းစားခွဲခြားမှု ကျားမခွဲခြားမှုတွေကို ထောက်ပြဝေဖန်နေတာ ယခုအခါအလှည့်ကျလာတဲ့မင်းသားကတော့ ပညာရေးပါ။ဒါပေမဲ့ ဒီကားလေးမှာတော့ အဆန်းပါ အစိုးရကျောင်းတွေရဲ့ပညာရေးစနစ်ကို တိုက်ခိုက်တယ်ဆိုတာထက် ယခုမြန်မာပြည်မှာလဲ ခပ်စိတ်စိတ်တွေ့နေရတဲ့ ကိုယ်ပိုင်ကျောင်းစနစ်တွေကိုဝေဖန်ထားတဲ့ဇာတ်ကားလေးပါဇာတ်လမ်းအစမှာ​တော့ လူတစ်စုကနိုင်ငံ​ရေးဖက်ကလူတစ်​ယောက်နဲ့ ​ ပေါင်းပြီးအစိုးရ​ကျောင်း​တွေကို ပျက်စီးပိတ်သိမ်း​အောင် လုပ်ဖို့အတွက် အစီစဥ်ဆွဲ​​နေကြပြီး အဲ့အချိန်မှာတင်သူတို့လုပ်ရပ်ကြောင့် ​ကျောင်းသား​‌တွေ ဆရာတွေရဲ့ ဘဝများစွာဒုက္ခရောက်နေရပါတယ်သူတို့​တွေရဲ့ရည်ရွယ်ချက်ကဘာလဲ ​ကျောင်းဆရာ​တွေက​ရော သူတို့ရဲ့ယုတ်မာမှုကို Speak outလုပ်နိုင်ပါ့မလား ဒီအခက်အခဲ​တွေကြားထဲက​နေ သူတို့ကိုကယ်တင်​ပေးမယ့် "ကရန်တီ"က​ရော ဘယ်လိုလူမျိုးဖြစ်ပြီး ဘယ်အ​ကြောင်း​ကြောင့် သူပါဒီကိစ္စ​​တွေထဲပါဝင်လာပြီး​ဖြေရှင်းမလဲဆိုတာ​တွေကို စိတ်လှုပ်ရှားစွာကြည့်ရှု့ရမှာပါပညာရေးဟာ စီးပွားရေးလား ပညာသင်ကြားဖို့ဆိုတာ ငွေကြေးရှိတဲ့သူတွေပဲရမဲ့အခွင့်အရေးလား စသဖြင့် ဒီဇာတ်ကားလေးထဲမှာ ခံစားကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…3.26GB / 1.47GB Quality…1080p HEVC /720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~ Sai Thu Rein~ Yunni ~ BpL
movie

Kranti(2023)

2023
Hum Dil De Chuke Sanam(1999) 7.4
Hum Dil De Chuke Sanam(1999) Hum Dil De Chuke Sanam (1999) ********************************** ဒီဇာတ်ကားလေးကတော့ ပရိတ်သတ်အချစ်တော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဆလ်မန်းခန်း၊အာဂျေးဒေ့ဗ်ဂန်ဒ်နဲ့ မင်းသမီးချောလေး အက်ရှ်ဝါးရွိုင်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb rating ကလည်း 7.4အထိ ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း နန္ဒနီနဲ့ ဗန်ရား(ဂ်ျ)ဟာ မိဘတွေ ပေးစားတဲ့အတွက်ကြောင့် လက်ထပ်ခဲ့ရပါတယ်။ဗန်ရား(ဂ်ျ)နဲ့ လက်မထပ်ခင် နန္ဒီမှာ ဆမီး(ရ်)ဆိုတဲ့ ချစ်သူတစ်ယောက် ရှိခဲ့ပါတယ်။နန္ဒီဟာ ဗန်ရား(ဂ်ျ)နဲ့ လက်ထပ်လိုက်ရပေမဲ့လည်း သူ့ရဲ့အချစ်ဟောင်းကို မမေ့နိုင်ပဲ တလွမ်းလွမ်းတဆွေးဆွေး ဖြစ်နေခဲ့ပါတယ်။ ဒီအကြောင်းကို ဗန်ရား(ဂ်ျ)တစ်ယောက် သိသွားတဲ့အခါမှာတော့ နန္ဒီကို သူ့ရဲ့အချစ်ဟောင်း ဆမီး(ရ်)ရှိတဲ့ အီတလီကို လိုက်ပို့ပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဗန်ရား(ဂ်ျ)နဲ့ နန္ဒီတို့ရဲ့ အိမ်ထောင်ရေး ပြိုကွဲသွားမှာလား ... နန္ဒီ့အနေနဲ့ လက်ရှိခင်ပွန်းနဲ့ အချစ်ဟောင်း နှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးချယ်မှာလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ...အချစ်၊အလွမ်း၊အဆွေးနဲ့ ဟာသတွေပါရောနှောထားပြီး ရသစုံစုံလင်နဲ့ ကြည့်ရမှာမလို့ ဘောလိဝုဒ် ပရိတ်သတ်များ လုံးဝလက်မလွှတ်သင့်ပါကြောင်း ... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe ...
movie

Hum Dil De Chuke Sanam(1999)

1999
The Last Coffee(2023) 6.9
The Last Coffee(2023) The Last Coffee (2023) IMDb 6.7/10နာမည်လေးကိုကနောက်ဆုံးကော်ဖီတစ်ခွက်တဲ့ ‌ကြည့်ရင်းနဲ့ သင်ခန်းစာယူစရာတွေနဲ့ အတွေးတစ်ခုခုရနိုင်မဲ့ဇာတ်ကားမျိုးပါ ဘဝမှာပြန်ပြင်လို့မရတဲ့အမှားတွေလုပ်ဖူးကြမှာပေါ့ ဒီထဲမှာအိမ်ထောင်ရေးလည်းပါဝင်မှာပါဒီကားမှာဆိုရင်တော့ သိပ်ချစ်ကြတဲ့လင်မယား၂ယောက် ရီဟန်နဲ့ အီရမ်တဲ့ ရီဟန်ကအိမ်ထောင်ကွဲပေမဲ့ အရာရာနားလည်ပေးပြီးလက်ထပ်ပေးခဲ့တဲ့အီရမ်...ပြဿနာတစ်ခုကြောင့် ကွာရှင်းရမဲ့အထိဖြစ်လာတဲ့အခါ ဘယ်သူမှားမလဲဘယ်သူမှန်မလဲ အိမ်ထောင်ရေးတစ်ခုမှာယုံကြည်မှုက အဓိကမဏိုင်ဖြစ်ပြီး တစ်ဖက်လူကိုမယုံကြည်နိုင်တော့ရင်တောင်မှ ပြဿနာကိုအဆုံးထိနားထောင်ပြီးမှ အိမ်ထောင်တစ်ခုကိုအဆုံးသတ်ကြဖို့ လွယ်လွယ်နဲ့လက်မလျော့ကြဖို့မီးမောင်းထိုးပြထားတဲ့ကားပဲဖြစ်ပါတယ် File size…855MB / 422MB Quality…1080p Zee5 WEB DL / 720p Format…mp4 Duration….1h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni
movie

The Last Coffee(2023)

2023
Thankam(2023) 7.2
Thankam(2023) Thankam (2023)2023 ခုနှစ်ထွက် မှုခင်းဒရမ်မာ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအဓိကပါဝင်ထားပြီး IMDb rating မှာ 7.2/10 အထိရရှိထားပါတယ်။အိန္ဒိယရဲ့ ရွှေမြို့တော်လို့ တင်စားခံရတဲ့ ထရီဆူးမြို့က ရွှေကုန်သည်သူငယ်ချင်းသုံးယောက် မူတူး ၊ ကန်နန် နဲ့ ဘီဂျွိုင်း...ဇာတ်လမ်းကတော့ မွန်ဘိုင်းကို သုံးယောက်သားရွှေအရောင်းအ၀ယ်လုပ်ဖို့သွားရာကနေ ပြဿနာတစ်ခုခုပြီးတစ်ခုစဖြစ်ပါတော့တယ်။အိတ်ဖောင်းရင်စိတ်ပြောင်းတတ်တဲ့ လူတွေရဲ့အချိုးဟာ ကြောက်ဖို့ကောင်းလှပါတယ်။ တစ်နေ့မှာတော့ ကန်နန်ဟာရွှေအိတ်တွေကိုယူပြီး ပျောက်ချင်းမလှပျောက်သွားတဲ့အခါ သူငယ်ချင်းတွေဟာ အချင်းချင်းသံသယ၀င်ကုန်ပါတော့တယ်။ဒီလိုနဲ့အမှုက ကြီးထွားလာပြီး ရဲတွေနဲ့ပါပတ်သက်လာတဲ့အခါ...ကန်နန်က သူငယ်ချင်းတွေကိုတကယ်သစ္စာဖောက်သွားတာလား...အမှုမှန်ကိုဘယ်လိုဖော်ထုတ်ကြမလဲ....နောက်ကွယ်ကအကြောင်းအရင်းကရော ဘာဖြစ်မလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…1.9GB / 800MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Nyein Aye
movie

Thankam(2023)

2023
Raana(2022) 8.2
Raana(2022) Raana (2022)==========ကလေးဘ၀ကတည်းက ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ရာနာဆိုသူရဲ့ စိတ်အားထက်သန်မှုတွေကို အသားပေးရိုက်ကူးထားတဲ့ Raana ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဖခင်ဖြစ်သူရဲဲ့ နောက်ဆုံးဆန္ဒ တဖြစ်လည်း အမေနဲ့ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ရဲတစ်ယောက် မဖြစ်ဖြစ်အောင်ကြိုးစားနေတဲ့ ရာနာ တစ်ယောက်........သူတို့မြို့မှာ ဘယ်သူမှမယှဉ်ရဲလောက်အောင်ကို အင်အားကြီးတဲ့ ကာပါလီဆိုသူ လူမိုက်တစ်ယောက်ကြီးစိုးနေချိန်..............တစ်ရက်မှာတော့ လူမသိသူမသိ လုပ်ကြံခံလိုက်ရတဲ့အခါ ကာပါလီနဲ့အငြိုးတွေရှိဖူးတဲ့ ရာနာဆီကို သံသယတွေပုံကျလာပါတော့တယ်။ရာနာဟာ ရဲသင်တန်းဆင်းပြီး တရား၀င်ရဲတစ်ယောက်ဖြစ်ဖို့ အမှုအခင်းကင်းရှင်းအောင် နေနေရတဲ့သူဖြစ်ပြီးချစ်သူနဲ့နှစ်ယောက်တစ်ဘ၀နေနိုင်ဖို့ကြိုးစားရင်း ဘ၀ကြီးကသာယာအေးချမ်းနေပေမယ့်အခုလိုစွပ်စွဲချက်တွေကြုံလာရတဲ့နောက် တရားခံအဖြစ်ကနေ လွတ်မြောက်ဖို့အတွက် လူသတ်တရားခံအစစ်ကို ဖော်ထုတ်နိုင်ဖို့ ကြိုးပမ်းရပါတော့တယ်။2022 ခုနှစ်ကထွက်ရှိထားပြီး IMDb 8.2 အထိရရှိထားတဲ့ဇာတ်ကားကောင်းဖြစ်တဲ့အတွက် India ဇာတ်ကားကြိုက်သူများဖို့ လက်မလွှတ်သင့်သော ဇာတ်ကားအဖြစ်ညွှန်းဆိုပေးပါရစေ။ File size…1.9GB / 932MB Quality…1080p  WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Poe
movie

Raana(2022)

2022
Kalyanam Kamaneeyam (2023) 5.9
Kalyanam Kamaneeyam (2023) Kalyanam Kamaneeyam 2023 IMDb -6.3/10ယခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ထွက်ရှိကတည်းက လူကြိုက်များခဲ့တဲ့ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ချစ်ကြိုက်ကွဲညားလိုသာမန်ပုံစံမျိုးမဟုတ်ပဲ အချင်းချင်း ချစ်မိပြီးနောက် ကြုံတွေရမယ့်ပြဿနာတွေကို ရင့်ကျက်တဲ့လူကြီးတစ်ယောက်လို ဘယ်‌လိုတွေးခေါ်ရမယ်ဆိုတာ တင်ဆက်ထားပါတယ်။အလုပ်ဟူသမျှဂုဏ်ရှိစွဆိုပေမယ့်လည်း အလုပ်မရှိဘူးဆိုရင်အင်မတန်မှမျက်နှာငယ်ရပါတယ်။ မိသားစုဝင်တွေထဲမှာရော၊ သူငယ်ချင်းအချင်းချင်းမှာရော၊ လူမှုအသိုင်းအဝိုင်းမှာ အနှိမ်ခံရတတ်ပါတယ်။ အဲ့ထဲမှာ ရှီဗာဆိုသူကတော့ အဲ့ဒီလောကရဲ့သားကောင်ပဲပေါ့၊ ရှီဗာဟာ ၂ ၅ နှစ်လုံးလုံးအဖေဖြစ်သူနားကပ်စားနေတဲ့ အလုပ်လက်မဲ့ပါ။နောက်ဆုံးအလုပ်မရှိပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ မိန်းမရသွားတော့လည်း မိန်းမလုပ်စာထိုင်စားနေရပြန်ပါတယ်။ မိန်းမထမိန်နားခိုစားတဲ့ကောင်ဆိုပြီး လူမှုအသိုင်းအဝိုင်းကပါကျဉ်ခံလာရတဲ့အချိန်မှာ ရှီဗာတစ်ယောက် အလုပ်လက်မဲ့ဘ၀ကနေ လွတ်မြောက်ဖို့ကြိုးစားခဲ့ပါတော့တယ်။ သူအလုပ်လက်မဲ့ဘဝကနေလွတ်မြောက်နိုင်ပါ့မလား၊ ကြာလို့ မိန်းမဖြစ်သူကလည်း ငြိုငြင်ချင်လာတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ဆက်လက်ကြည့်ရှုပြီး အဖြေရှာလိုက်ကြရအောင်ပါ.... File size…1.6GB / 732MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein Aye
movie

Kalyanam Kamaneeyam (2023)

2023
Gaalodu(2022) 7.2
Gaalodu(2022) Gaalodu (2022) IMDb 7.3/10 (2K)အခုတစ်ခါမှာတော့ တေလဂူကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ရာဂျူးဟာ ခပ်မိုက်မိုက်နေတတ်ပြီး သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှလည်း ဂရုမစိုက်သလို သူ မလုပ်ရဲတာလည်း ဘာမှမရှိပါဘူး။ဇာတ်လမ်းအစမှာ ရာဂျူးဟာ လူသတ်မှုနဲ့ထောင်ကျနေခဲ့ပါတယ်။ ထောင်ကျတာ တစ်ရက်တောင်မရှိသေးဘူး ရဲအရာရှိကို ရိုက်လွှတ်လိုက်ပါတယ်။ ဒီလိုနဲ့ ထောင်တွင်း နာမည်ကြီးသွားပြီး ထောင်သားတွေ လေးစားရတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ လူသတ်ပြီး ထောင်ကျခဲ့ရတဲ့ ဒီလိုလူအတွက်အချစ်နဲ့စစ်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်တွေဟာ ဘယ်လိုဖြစ်နေမလဲ ဆိုတာကတော့....။ သူထောင်သားတွေကို ပြောပြမယ့် နောက်ကြောင်းနဲ့အတူ ထပ်မံကြည့်ရှုပေးပါဦးနော်။ File size…1.94GB / 937MB Quality…1080p TRUE WEB DL /720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Khin Khin~BpL~Taylor
movie

Gaalodu(2022)

2022
Lucky Lakshman (2022) 7.5
Lucky Lakshman (2022) Lucky Lakshman (2022)IMDb-7.7/10မင်းသမီးချောလေး Mokksha အဓိကပါ၀င်ထားတဲ့ လူငယ်ကျောင်းသားအချစ်ဇာတ်လမ်းလေး တစ်လှည့်ခံစားကြည့်ပါဦးချစ်နေချိန်မှာ ချစ်သက်လက်ဆောင်တွေအကြီးအကျယ်ပေးခဲ့ကြသလို မထင်မှတ်ပဲခွဲခွာရတဲ့အချိန်မှာ ရှိခဲ့ဖူးတဲ့အမှတ်တရတွေအားလုံးကို ထိန်းသိမ်းချင်ကြတဲ့သဘာ၀အရ ကော်ဖီဆိုင်ကြီးကို ၀ယ်ချင်နေတဲ့အသည်းကွဲကောင်လေးတစ်ယောက်နဲ့အစပျိုးထားတဲ့ဇာတ်လမ်းပါအလယ်အလတ်မိသားစုကနေမွေးဖွားလာတဲ့ လက်ရှ်မန်ဟာ ငယ်စဉ်တည်းကလိုအင်ဆန္ဒတွေမပြည့်၀မှုကြောင့် ရည်ရွယ်ချက်ကြီးကြီး စာပဲအသည်းအသန်ကြိုးစားနေခဲ့ပါတယ် အထက်တန်းကျောင်းသားဘ၀မှာတင် မိန်းကလေးတစ်ယောက်ကြောင့် ရုံးခန်းရောက်ဖူးတာမို့ တက္ကသိုလ်ထိမိန်းကလေးတွေနဲ့ ဝေးဝေးနေခဲ့သူပါတက္ကသိုလ်ပထမနေ့မှာပဲ စီနီယာတွေအနိုင့်ကျင့်ခိုင်းလို့ ပျိုတိုင်းကြိုက်နှင်းဆီလေး ဆယ်ရာ့ကို ကြောက်ကြောက်နဲ့ ရည်းစားသွားပြောရတဲ့အချိန်မှာ ငယ်စဉ်ကလိုရုံးခန်းရောက်ကျောင်းထုတ်ခံရမှာကြောက်စိတ်တွေပြည့်နေခဲ့တယ်ဆယ်ရာက ထင်ထားသလိုမတုံ့ပြန်တဲ့အပြင် သူ့နဲ့ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်သွားပါတော့တယ်အလှပဂေးနဲ့ စာကြမ်းပိုး သူငယ်ချင်းကနေဘယ်လိုအဆင့်တက်သွားသလဲ လက်ရှ်မန်ငယ်ငယ်က အိမ်မက်အတိုင်းအောင်မြင်လာသလား ဇာတ်လမ်းအစကအသည်းကွဲရတဲ့အကြောင်းအရင်းက ဘာများလဲဆိုတာတွေကတော့ ခံစားကြည့်ပါဦး File size…2.75GB / 1.36GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & BpL & Yunni & Khin Khin 
movie

Lucky Lakshman (2022)

2022
Cirkus (2022) 6.4
Cirkus (2022) Cirkus (2022) Comedy, Drama IMDb 6.4/10 (21K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘောလီဝုဒ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မင်းသားချော ရန်ဗီးဆင်းက Dual Role နေရာကနေသရုပ်ဆောင်ထားပြီး မင်းသမီး ပူးဂျာဟစ်ဂဒေ..ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ဆန်ဂျေးမစ်ရှရားစသဖြင့် သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး ဒီပီကားပါဒူကွန်ကလည်း Cameo အနေနဲ့ ပါဝင်ပေးထားပါတယ်နော်။ဆရာဝန်တစ်ယောက်ရဲ့စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုပေါ်မူတည်ပြီး အလွဲကြီးလွဲခဲ့ရတဲ့ဇာတ်ကြောင်းလေးပေါ့ဗျာ။အငှားကိုယ်ဝန်ဆောင်ခြင်းတွေ ခေတ်မစားသေးခင်ကာလ ဒီကိစ္စကို လူတွေလက်မခံနိုင်ကြတဲ့အခါ...။ပြုစုပျိုးထောင်ပေးတဲ့ မိသားစုတူရင် ဒီညီအစ်ကိုမောင်နှမတွေဟာ ကိုယ့်သွေးသားမဟုတ်လည်း သွေးသားရင်းခြာလို့ မေတ္တာထားကြမယ်။ ကူညီရိုင်းပင်ကြမယ်ဆိုတာကို ဒီဆရာဝန်ဟာ လောကကြီးကို ချပြချင်ခဲ့ပါတယ်။ဒီလိုနဲ့ အမြွှာနှစ်တွဲကို တစ်ယောက်ဆီလွဲထည့်ပြီး မိသားစုနှစ်စုကို တစ်တွဲစီမွေးစားဖို့ပေးလိုက်ပါတော့တယ်။တစ်ရက်တော့ ရုပ်တူပြီး လူချင်းလွဲနေတဲ့ ဒီအမြွှာနှစ်တွဲဟာ တစ်မြို့တည်းမှာ အတူဆုံကြတဲ့အခါမှာတော့ ဖြစ်ပျက်သမျှအလုံးစုံဟာ စတင်ပြီး လွဲလာပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ပါးစပ်မပိတ်တမ်း ရယ်ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါတော့နော်။ File size…2.69GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor~Khin Khin~ Nyein Aye ...
movie

Cirkus (2022)

2022