Channel Myanmar

Bollywood

Akaash Vani (2013) 6.3
Akaash Vani (2013) Akaash Vani 2013 ( ငယ်ကချစ်အနှစ်တစ်ရာ) IMDb 6.3တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ရိုမန့် ဒရာမာဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် တော်ကီအလန်းစားတွေနဲ့ စော်လိုက်နည်းကျင့်ချင်တဲ့ဘရိုတွေအတွက်တော့ ဒေါင်းကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲလိုတာမရ ရတာမလိုဆိုတာ လူ့ဆန္ဒပဲမဟုတ်လား နယ်မြို့လေးမှာကျောင်းတက်ရင်း ဒေလီမှာတက်ချင်တယ်ဆိုပြီး လာရင်းနဲ့ တစ်ကျောင်းတည်း တစ်ခန်းထဲမှာ တွေ့ဖြစ်သွားကြတဲ့ အာကတ်ရှ်နဲ့ ဗာနီတို့ ၂ယောက် ၂ယောက်သားက သရုပ်ဆောင်ပိုင်းမှာ ဝင်ပါရင်းနဲ့ အချင်းချင်းရင်းနှီးသွားကြတယ်အာကတ်ရှ်အဖို့ကတော့ ဗာနီကမြင်မြင်ချင်းအချစ်ဖြစ်ခဲ့တာပေါ့ တောကတက်လာတဲ့ တောသားလေးဖြစ်တာမို့ ရည်းစားတွေဘာတွေမထားဖူးတဲ့အာကတ်ရှ်နဲ့ ဘဲကြည်စော်ဖြစ်တဲ့ ဗာနီတို့ဇာတ်လမ်းက လွယ်ကူမနေခဲ့ဘူး ဒါပေမဲ့ လှတောသားစကားကြွယ်ဆိုသလို တောမှာနေခဲ့ပေမဲ့ စကားတစ်ပေါက် လျှမ်းလျှမ်းတောက်နေတဲ့အာကတ်ရှ်ရဲ့စကားတွေက ဗာနီ့အပြင်ကို ကြည့်ရှုသူတွေအတွက်ပါ ရယ်မောစရာတစ်ခုလိုဖြစ်နေမှာပါ ။။ဆိုတော့ အချစ်စစ်ရဲ့လမ်းမှာ ဆူးငြောင့်ခလုတ်တွေရှိစမြဲမို့ သူတို့ဘာတွေတွေ့ကြုံသွားမလဲဆိုဝာာကိုတော့....(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ BpL ~ ToMo တို့ပဲဖြစ်ပါတယ် ) File size…1.9GB / 811MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ...
movie

Akaash Vani (2013)

2013
Saheb, Biwi Aur Gangster 3  (2018) 4.4
Saheb, Biwi Aur Gangster 3 (2018) Saheb Biwi Aur Gangster 3 (2018) (သခင့်မိန်းမနှင့် လူမိုက်ကြီး ၃)ဒီဇာတ်ကားလေးကတော့ တော်ဝင်မိသားစုနဲ့ နိုင်ငံရေးအကြား အရှုပ်တော်ပုံကိုရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီးဆန်​ဂျေးဒသ်နဲ့ ဂျင်မီရေှရဂီလ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အာဒိသယားပရတာဗ်ဆင်းဆိုတဲ့ တော်ဝင်မင်းသားလေးဟာ စွဲချက်တွေများစွာကြောင့် ထောင်နန်းစံနေရတဲ့အချိန် သူ့မိန်းမဟာလည်း သူ့ကို မလိုတမာနည်းနဲ့ ထောင်သက်ရှည်အောင် ကြိုးစားကြံစည်နေတယ်။တစ်ဖက်မှာလည်းချစ်ရသူနဲ့​ဝေးကွာနေရတဲ့ မင်းသား အူဒေးပရတာဗ်ဆင်းဟာလည်း ကမ်းကုန်အောင် မိုက်နေခဲ့တယ်။အာဒိသယားထောင်ကလွတ်လာတဲ့အခါမှာမိန်းမဖြစ်သူဟာ အာဏာရမ္မက်ကြောင့် ယောက်ျားဖြစ်သူကို သတ်ဖို့ကြိုးစားလာတဲ့အခါမှာတော့...။တော်ဝင်မျိုးရိုးတွေရဲ့အရှုပ်တော်ပုံ အာဏာလုဇာတ်တော်ကြီးကို ကြည့်လို့ရပါပြီနော်။ File size…1.8GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Saheb, Biwi Aur Gangster 3 (2018)

2018
Jackpot (2013)
Jackpot (2013) Jackpot 2013 "လောင်းကြေး"အိန္ဒိယရဲ့ loving standardအမြင့်ဆုံးနေရာလည်းဖြစ် သာယာလှပတဲ့ကမ်းခြေတွေရှိတဲ့ အပန်းဖြေမြို့ ဂိုအာ အပန်းဖြေတဲ့နေရာဆိုတဲ့အတိုင်းပဲ ဂိုအာဟာ သာယာပြီးစည်ကားသလို ကာစီနိုဝိုင်းတွေလည်း အတော်များတဲ့နေရာဆိုလည်း မမှားပါဘူး။ဆိုတော့ ဖဲသမားတွေကျက်စားရာနေရာ လူချမ်းသာတွေ ငွေလာဖြုန်းတဲ့နေရာတစ်ခုဖြစ်သလို ဉာဏ်တိမ်ရင်တိမ်သလို ကလိမ်တွေကြားမှာ ငွေအထုပ်လိုက်ပျောက်သွားနိုင်တဲ့နေရာတစ်ဖြစ်လည်း ဘဝကိုလောင်းကြေးထပ်ရင်း ဖဲချပ်လှန်ရာကနေ ကံကြမ္မာပါ ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့်နေရာတစ်ခုပေါ့။ခြုံငုံပြောရရင် ဖဲနိုင်ဖို့ဆိုတာ ကံလည်းလိုသလို ဉာဏ်လည်းအတော်လိုတဲ့အရာတစ်ခုဖြစ်နေတော့ ဉာဏ်အားသန်သူတွေရဲ့ ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံတွေကြားမှာ မနပ်တဲ့သူကတော့ ခံရတာလည်း ဒုနဲ့ဒေးပါပဲ။အခုဒီကားလေးထဲမှာလည်း ပိုကာဂုရုတစ်သိုက်က ပိုကာပြိုင်ပွဲမှာဝင်ပြိုင်ဖို့ ကြိုးစားရင်း ကလိမ်ဉာဏ်မျိုးစုံနဲ့ ဂျက်ပေါ့ကိုပေါ်တင်အလစ်သုတ်မလဲဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alexတို့ပဲ ဖြစ်ပါတယ်) File size…1.7GB/ 889MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V ~ ToMo ~ Yunni ~ Alex
movie

Jackpot (2013)

2013
Bhari Taraganam (2023) 7.5
Bhari Taraganam (2023) Bhari Taraganam (2023) "လောကဇာတ်ခုံ" IMDb - 7.5/10ဇာတ်အိမ်ကြီးကြီးနဲ့ ဖန်တီးရိုက်ကူးထားတဲ့ တလေဂူးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းအသီးသီးကို ချပြရင်းနဲ့ ဇာတ်ကောင်တွေ အချင်းချင်းကိုချိတ်ဆက်ပေးထားတဲ့ ဇာတ်လမ်းမျိုးပေါ့။ မင်းသမီးက လူ့ဂျစ်ကန် တစ်ရွာလုံးရဲ့ချဉ်ဖတ် အပေအတေလေး။ သူ့ကြောင့် အဖေလုပ်သူ ပြောခံ ဝိုင်းရိုက်ခံရတာလည်း ခဏခဏ။မင်းသားကကျ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်တာမျိုးမဟုတ်။ မြင်မြင်ချင်းမုန်းတာတဲ့။ အဲဒီအမုန်းကနေမှ တစိမ့်စိမ့်နဲ့ချစ်လာတတ်တဲ့ ရှားပါးလူစားပေါ့လေ။ ဒါပေမဲ့ အသဲကွဲလို့ မြို့ကနေပြန်လာတဲ့အချိန် မိဘတွေပေးစားတဲ့ ရွာ့ချဉ်ဖတ် မင်းသမီးလေးနဲ့ယူဖို့ စီစဉ်တာကစလို့ တခြားဇာတ်ကောင်တွေနဲ့ အဆက်အစပ်မိမိ ချိတ်ဆက်သွားတာကို ခံစားကြည့်ရှုကြပါဦးဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.23GB / 1.03GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bhari Taraganam (2023)

2023
Suvarna Sundari (2023) 7.8
Suvarna Sundari (2023) Suvarna Sundari 2023 "မရဏရုပ်တု" IMDb - 7.9/10လွန်ခဲ့တဲ့ ၁၅ရာစုလောက်ကပေါ့ ကာလာကယ်တိုင်းပြည်ကို အုပ်စိုးရတဲ့ ရာဂျာမဟာဒေ့ဗ်ရတ်ဒီဘုရင်ဟာ သူ့ဆရာရဲ့အမိန့်အရ တိုင်းပြည်သာယာဝပြောပြီး နတ်ဆိုးတို့ရန်ကနေ ကာကွယ်နိုင်အောင် လှပတဲ့နတ်ဘုရားမှ ထရီနထရီရုပ်တုကို ကိုးကွယ်ခဲ့တယ်။ ဒါပေမဲ့လည်း အဲဒီကိုးကွယ်ခဲ့တဲ့ ရုပ်တုက မကောင်းတဲ့စွမ်းအင်တွေကို စုပ်ယူပြီး သွေးဆာနေတဲ့ရုပ်တုဖြစ်နေခဲ့ပါတယ်။ဒီရုပ်တုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့သူမှန်သမျှဟာ အသေဆိုးနဲ့ သေရတာကြည့်ပါပဲ။ ဒီလိုနဲ့ ဒီရုပ်တုကို ဖျက်စီးဖို့ ကြိုးစားရင်း ဖျက်စီးလို့မရနိုင်ဖြစ်ပြီး ခေတ်တွေအလီလီပြောင်းလာခဲ့ပါတော့တယ်။ဒီလိုရုပ်တုမျိုးကိုမှ ကံကောင်းတယ်ဆိုပြီးတော့ ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးသမားတွေက ငွေကို ကုဋေနဲ့ချီပြီး လိုက်ဝယ်နေရာကနေ ဘယ်သူတွေက ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ရမလဲ ....... ဒီရုပ်တုကြောင့်နဲ့ ဘယ်သူတွေက ဘယ်လိုဒုက္ခတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex~V~ToMo~Yunni တို့ပဲဖြစ်ပါတယ်) File size…2.21GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Alex~V~ToMo~Yunni
movie

Suvarna Sundari (2023)

2023
Aattam (2023) 8.5
Aattam (2023) Aattam (2024) ပြဇာတ် IMDb 8.5/10အဖွဲ့သားတွေတစ်စုတစ်စည်းနဲ့ အောင်မြင်မှုတွေဆွတ်ခူးကြတဲ့ ပြဇာတ်အဖွဲ့သားများ နိုင်ငံခြားသားတွေတောင်သဘောကျလို့ ချီးကျူးသံတွေကြားဝေဝေဆာနေတာပေါ့ အကြောင်းကတော့ ဒီ၁နှစ်နေမှ ၃ပွဲလောက်ကရတဲ့အဖွဲ့ထဲ ရုပ်ရှင်မင်းသားတစ်ယောက်ရောက်လာလို့ပါအမာခံပရိသတ်တွေကြားရေပန်းစားလာတော့ ပြဇာတ်ထဲရောက်တာ၂နှစ်ပဲကြာသေးပေမဲ့ သူ့ကိုခေါင်းဆောင်မင်းသားတင်လိုက်ပါတယ် ဒီပြဇာတ်ထဲမှာ ၁၄နှစ်လောက်နေလာတဲ့လူကိုတော့ ဟီးရိုးနေရာမပေးလို့တင်းတဲ့လူကတင်းပေါ့ ဒီလိုနဲ့ အအောင်မြင်ဆုံးပြဇာတ်ကပြီး နိုင်ငံခြားသားစုံတွဲကသဘောကျသွားလို့သူတို့အိမ်ဆီ တစ်ဖွဲ့လုံးကိုအလည်ဖိတ်ခဲ့တယ် အဖွဲ့လိုက်ရောက်သွားတဲ့ ဒီပါတီမှာမူးတဲ့လူကမူး ရူးတဲ့လူကရူး နဂိုတည်းကတင်းနေတဲ့ ကောင်ကတင်းဆိုတော့ထင်မထားတဲ့ဘယ်လိုပြဿနာတွေကြုံကြမလဲ ငွေနဲ့တရားမျှတမှုကြား ဘာတွေကအနိုင်ရမလဲဆိုတာတော့ ....( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ~ KKKZ ပဲဖြစ်ပါတယ်) File size…2.33GB  / 982MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ BpL ~ Alex ~ ToMo ~ KKKZ
movie

Aattam (2023)

2023
[18+]Pati Patni Aur Woh (2021)
[18+]Pati Patni Aur Woh (2021) Pati Patni Or Woh "ခံစားချက် အသစ်အဆန်း"တခြား Dark Side တွေ ကြည့်ရတာ ရိုးအီနေမယ့် ပရိသတ်ကြီးအတွက် 21 မကျ 18 မကတဲ့ အိန္ဒိယ erotic ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်ရွှေရင်နှစ်မွှာ ဖွံ့ခိုင်ပြီး ကိုယ်လုံးကိုယ်ပေါက် ဆူဖြိုးတဲ့ မင်းသမီးနှစ်လက် အပီအပြင် ချစ်ပွဲဝင်တာကို ကြည့်ရမှာ ဖြစ်ပြီး...ပြကွက်တိုင်းမှာ နောက်ခံတီးလုံးလေးကလည်း လှုပ်ရှားပွတ်သပ်မှု တစ်ချက်တိုင်းစီနဲ့ လိုက်ဖက်ညီတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပါနီခေးလ်နဲ့ ဆိုနိုင်နာတို့က တစ်ယောက်ကိုတစ်ယောက် အရိပ်တကြည့်ကြည့် အရမ်းချစ်ကြပြီး နီခေးလ် ရုံးရောက်နေရင်တောင် လစ်တဲ့အချိန် phone sex ရင်း ချစ်ကြပါတယ်တစ်နေ့ "နိုင်နာ"ဆိုတဲ့ နီခေးလ်ရဲ့သူငယ်ချင်း အိမ်ကိုလာလည်ရင်း ညဘက်ရောက်တော့ အခန်းထဲမှာ နိုင်နာတစ်ယောက်တည်း ပတ်ဝန်းကျင်ဘေးဘီကို မေ့ပြီး စိတ်လွတ်လက်လွတ် တစ်ကိုယ်တော် ချစ်ပွဲနွှဲနေတာကို....အိမ်ထောင်သည်ဖြစ်သူ ဆိုနိုင်နာ မြင်တွေ့သွားချိန်မှာ ခံစားချက်အသစ်အဆန်းတွေ ပေါက်ဖွားလာပြီး မိန်းမသားနှစ်ယောက်ကြား ရမ္မက်ဇောအပြည့်နဲ့ ချစ်ပွဲဝင်ကြပုံကို ပရိသတ်ကြီး အားပေးလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik San ...
movie

[18+]Pati Patni Aur Woh (2021)

2021
Anakku Enthinte Keda (2023) 9.3
Anakku Enthinte Keda (2023) Anakku Enthinte Keda (2023) "ဆံသဆရာ သား"မလေယာလမ် ဒရာမာ/အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ် IMDb rating 9.5 တောင်ရထားတာဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာမလေယာလမ် ရုပ်ရှင်တွေ ထုံးစံအတိုင်း star ပါဝါနဲ့ ဇာတ်ရှုပ်တွေကို အသားမပေးဘဲ ရိုးရှင်းတဲ့ အချစ်နဲ့ ဘဝဇာတ်လမ်းကို ငြိမ့်ငြိမ့်လေးကြည့်ရမှာပါဇာတ်လမ်းအကျဥ်းကတော့ ဆယ်မန်က ငယ်ငယ်ကတည်းက ဉာဏ်ကောင်းလွန်းလို့ ပဟေဠိပြိုင်ပွဲတွေမှာ ဆုရပေမယ့် "ဆံသဆရာရဲ့သား" ဆိုပြီး ကလေးတွေက လှောင်ကြရာကနေ သည်းမခံနိုင်တော့ ကလေးတစ်ယောက်ကို ခေါင်းရိုက်ခွဲမိသွားတယ်ဆယ့်မန့်အဖေက ဆယ်မန့်ကို ဒေါသတကြီး ကြိုးတုပ်ပြီး ရိုက်နေတဲ့အချိန် အစ္စလာမ် တရားဟောဆရာတစ်ယောက်က တားလို့ ဆယ်မန့်ကို ဗလီခေါ်သွားပြီး စာသင်ပေးတယ်ဒီလိုနဲ့ ကြီးလာတော့လည်း ဆယ်မန်က ဗလီိမှာပဲ တရားဟောဆရာလုပ်... ရည်းစားကောင်မလေးကလည်း တက်သစ်စဖက်ရှင်ဒီဇိုင်နာ... နှစ်ယောက်အတူ ကြိုးစားပေမယ့်လည်း အခက်အခဲဆူးငြှောင့်ခလုတ်အမျိုးမျိုးက သူတို့တွေကို သာယာခွင့် သိပ်မပေးဘူးပေါ့လေ... လိုချင်တဲ့ ဘဝရည်မှန်းချက်တွေကို တကယ်ရော ရောက်နိုင်ပါ့မလားဆိုတာ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…1.9GB / ...
movie

Anakku Enthinte Keda (2023)

2023
Narakasura (2023) 8.3
Narakasura (2023) Narakasura (2023) "နတ်ဆိုး"IMDb 8.4 ရထားတဲ့ တေလဂူး အက်ရှင်ဇာတ်ကားလေးဖြစ်ပြီး စွန့်လွှတ်ခြင်း၊ အချစ်၊ အာဏာ၊ ရိုမန့်၊ LGBT community အစရှိသဖြင့် ခံစားမှုရသစုံလင်အောင် ပရိသတ်ကြီးကို ဖျော်ဖြေပေးနိုင်မယ့် ဇာတ်ကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ်"နတ်ဘုရားတစ်ပါး မိစ္ဆာအသွင်ပြောင်းသွားရင် သာမန်မိစ္ဆာတွေထက် အဆမတန်ပိုပြီး ရက်စက်တတ်တယ်" ဆိုတဲ့ စကားအတိုင်း ဇာတ်လိုက်ကျော် "ရှီဗာ" ရဲ့ အမျက်ဒေါသနဲ့အတူ နောက်ဆက်တွဲ လက်စားချေခြင်းတို့ကို တွေ့မြင်ရမှာပါဇာတ်လမ်းအစမှာ ငရုတ်ကောင်းခြံတစ်ခြံရဲ့ လူတိုင်းအားထားရတဲ့ အလုပ်သမား "ရှီဗာ" ပျောက်ဆုံးသွားတာကို အားလုံးလိုက်ရှာစုံစမ်းကြရင်း လျှို့ဝှက်ချက်တွေနဲ့ တစ်ဖက်သတ် အချစ်ဇာတ်လမ်းတို့ သိလာကြပြီး...ရှီဗာ့ကိုချစ်တဲ့သူ၊ ရှီဗာက ချစ်တဲ့သူတွေကို လွှတ်တော်အမတ်ရဲ့သားဖြစ်သူ အာဒီနိုင်ဒူက နှောင့်ယှက်လာတဲ့အခါမှာ ပင်ကိုယ်ခွန်အားကြီးပေမယ့် အေးဆေးနေတတ်သူ "ရှီဗာ" တစ်ယောက် နတ်ဆိုးသဖွယ် ဒေါသငယ်ထိပ်တက်သွားခဲ့ပြီး အပျက်အစီး ထိခိုက်မှုတွေ သောင်းပြောင်း ဖြစ်လာခဲ့ချိန်မှာတော့ ။။။ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာ ခံစားကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ Alex ~ ToMo ~ KKKZ တို့ ဖြစ်ပါတယ် File ...
movie

Narakasura (2023)

2023
Breathe (2023) 5.8
Breathe (2023) Breathe 2023 IMDb - 5.5/10ဝန်ကြီး မစ္စတာအာဒီတယာဗီရ်မာက ဂေါက်ကွင်းမှာ မူးလဲသွားတာကြောင့် အရေးပေါ်ကုသရင်း Breatheဆေးရုံကိုရောက်သွားခဲ့ပါတယ်။လူထုကလည်း ဝန်ကြီးဘာဖြစ်လဲအရမ်းကိုသိချင်နေခဲ့ပါတယ်။ ဝန်ကြီးက ဆေးရုံရောက်တဲ့အချိန်မှာပဲ ဝန်ကြီးရဲ့ တိတ်တိတ်ပုန်းသားဖြစ်တဲ့ အာဘီကလည်း ဝန်ကြီးတက်တဲ့ဆေးရုံရဲ့ အရေးပေါ်ခန်းမှာတက်ရောက်ကုသနေရင်းနဲ့ ကျောင်းနေဘက်သူငယ်ချင်းဖြစ်သူ ကာဒါလီနဲ့တွေ့ဆုံခဲ့ပါတယ်။ဆေးရုံရောက်ပြီးတဲ့နောက်မှာ သူ့ရဲ့ကျန်းမာရေးအခြေအနေကို လူထုကိုတင်ပြရင်း မှားယွင်းစွာတင်ပြထားတာကို သိလိုက်တဲ့ ဝန်ကြီးရဲ့တိတ်တိတ်ပုန်းသားလေး အာဘီကနေ မသင်္ကာဖြစ်ပြီးတော့ သူ့အဖေရဲ့အကြောင်းကို ဘာလို့ ဒီလိုတင်ပြရလဲဆိုတဲ့အကြောင်းကို စုံစမ်းရင်းနဲ့ပဲ ဒီဇာတ်လမ်းလေးဖြစ်လာတာဖြစ်ပါတယ်။အာဘီတစ်ယောက် သူ့အဖေရဲ့ကိစ္စကို စုံစမ်းရင်း နောက်ကွယ်မှာ ဘယ်လိုအရာတွေကို ရှာဖွေတွေ့ရှိသွားမလဲ ............. ဝန်ကြီးကရော ကျန်းမာရေးပြန်ကောင်းလာပါ့မလား ....... အာဘီနဲ့ ကာဒါလီတို့ရဲ့ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်မလဲ........ အစရှိတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ Sai~V~ToMo~Yunni တို့ပဲဖြစ်ပါတယ်) File size…2.1GB / 939MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~V~ToMo~Yunni
movie

Breathe (2023)

2023
Shootout at Wadala (2013) 6
Shootout at Wadala (2013) Shootout at Wadala (2013) "ရေကုန်ရေခမ်း" IMDb - 6/10ရုပ်ရှင်ကားဟောင်းတွေထဲက အကောင်းစားဖြစ်တဲ့ action-crimeအမျိုးအစား ဘောလိဝုဒ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကို ကြည့်လိုက်မယ်ဆိုရင် အာနေးလ်ကပူးရ် ဂျွန်အီဘရာဟင်မ် မာနို့ဂျ်ဘတ်ဂျ်ပါယီနဲ့ ကန်ဂနားတို့လို တကယ့် ဘောလိဝုဒ်အကျော်အမော်တွေ ပါဝင်ထားကြပါတယ်။ရဲကားတစ်စီးပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ဂန်းစတားကြီးတစ်ယောက် ပြောပြတဲ့ဇာတ်လမ်းကို ရဲအရာရှိတစ်ဦး နားထောင်နေတာကနေ အစပြုပါတယ်။ဒီဂန်းစတားကြီးက အရင်ကတော့ လိမ္မာယဉ်ကျေးတဲ့ ကောလိပ်ကျောင်းသား တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ အစ်ကိုဖြစ်သူကတော့ လူမိုက်တစ်ယောက်ဖြစ်ပြီး ပြဿနာအမျိုးမျိုးရှာတတ်တဲ့သူတစ်ယောက်။ ဒီလိုပြဿနာရှာတတ်တာကြောင့်လည်း လူဆိုးဂိုဏ်းကလိုက်ဖမ်းနေပြီး သူ့ကိုရိုက်နှက်တဲ့အချိန်မှာတော့ ညီဖြစ်သူပါ ဝင်ပါပြီး လူတစ်ယောက်အသက်ဆုံးရှုံးသွားခဲ့ပါတယ်။အဲဒီကနေ သူ့ဘ၀အပြောင်းလဲကြီး ပြောင်းလဲပြီး အမှောင်ဒုစရိုက်ဂိုဏ်းထဲမှာ ကျင်လည်ကျက်စားတဲ့ လူမိုက်ကြီးတစ်ယောက်ဖြစ်လာခဲ့ပုံကနေ ဇာတ်ကြောင်းပြန်ရင်း စိတ်ဝင်စားဖွယ်တင်ဆက်ပေးထားပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thike Sanပဲဖြစ်ပါတယ်) File size…5GB / 1.6GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thike San
movie

Shootout at Wadala (2013)

2013
B 32 Muthal 44 Vare (2023) 6.9
B 32 Muthal 44 Vare (2023) B 32 Muthal 44 Vare 2023 (ပွင့်သောပန်းတိုင်း လန်းပါစေသား )IMDb-7.0/10 ဒီမိုကရေစီတို့ ကျားမတန်းတူတို့ ဘယ်လောက်ပဲဟစ်ကြွေးနေပါစေ၊ ကမ္ဘာကြီးရဲ့ တချို့နေရာတွေမှာတော့ အမျိုးသမီးတွေဟာ ခွဲခြားမြဲခွဲခြားခံနေရဆဲ၊ ဖိနှိပ်ခံနေရဆဲပါပဲ။ဒါကိုမီးမောင်းထိုးပြဖို့အတွက် woman empowerment ရုပ်ရှင်တွေ အများကြီးရိုက်ကူးခဲ့တဲ့ထဲမှာမှ ပုံစံကွဲလေးတစ်မျိုးနဲ့ တင်ပြလာတဲ့ ရုပ်ရှင်လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ လူရယ်လို့ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ်ကိုယ်ရည်မှန်းထားတဲ့ own expectations တွေရှိသလိုပဲ ပတ်ဝန်းကျင်က အသိုင်းအဝိုင်းက ကိုယ့်အပေါ်ထားတဲ့မျှော်မှန်းချက်တွေလည်း ရှိနေပြန်ပါတယ်။ အခုဒီကားလေးထဲမှာတော့ လူမှုအသိုင်းအဝိုင်းနဲ့ လုပ်ငန်းခွင်က အမျိုးသမီးတွေအပေါ်ထားတဲ့ gender expectation တွေ gender normsတွေကို လူတန်းစားအလွှာမတူတဲ့ အမျိုးသမီး ၅ ယောက်နဲ့ transgender manတစ်ယောက်ရဲ့ ရှုထောင့်နဲ့ တင်ပြထားတာပါ။လုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတွေပီပီ ပတ်ဝန်းကျင်ကရိုက်ခတ်မှုတွေ၊ lgbtတွေကိုခွဲခြားမှုတွေ၊ အမျိုးသမီးတွေဖြစ်နေတဲ့အတွက် အလုပ်ခွင်ကနေ အပိုဆောင်းရလာတဲ့ဖိအားတွေကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး positive reviewတွေ ပိုင်ဆိုင်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာမလို့ စီအမ်ပရိသတ်တို့လည်း ကြည့်ရှုခံစားနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamကပဲဖြစ်ပါတယ်) File size…1.1GB/ 588MB Quality…WEB DL ...
movie

B 32 Muthal 44 Vare (2023)

2023
Upadhyaksha (2024) 7.7
Upadhyaksha (2024) Upadhyaksha (2024) "ဒုဥက္ကဌ" IMDb - 7.8/10Adyaksha (2014)ရဲ့ sequelအနေနဲ့ ဒါရိုက်တာအာနေးလ်ကူးမား ရိုက်ကူးပုံဖော်ထားတဲ့ ကန်နာဒါးစကားပြော အိန္ဒိယ အချစ်ဟာသရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ Adyaksha (2014)မှာတုန်းကတော့ ချီသူဆိုတဲ့အသင်းကြီးရဲ့ ဥက္ကဌရဲ့ အချစ်ရေး နိုင်ငံရေးပေါ့။ အခုရုပ်ရှင်လေးမှာတော့ မြို့လေးမှာကျန်ခဲ့တဲ့ အသင်းကြီးရဲ့ ဒုဥက္ကဌရဲ့အကြောင်း။ ရှေ့ကကားကြည့်မထားလည်း ကြည့်လို့ရပါတယ်ဗျ။အသင်းကြီးရဲ့ ဥက္ကဌဖြစ်သူက မြို့မှာမရှိတော့ဘဲ တနယ်တကျေးမှာ မိသားစုနဲ့အခြေချသွားပေမဲ့ ဒုဥက္ကဌဖြစ်သူ နာရာယာနာကတော့ ဥက္ကဌနေရာကိုမယူဘဲ ဒုဥက္ကဌနေရာကပဲ အသင်းကြီးတာဝန်ကို ထမ်းဆောင်နေပါတယ်။သူ့ပြိုင်ဘက်ကတော့ ဥက္ကဌရဲ့ယောက္ခထီးဖြစ်သူ တစ်မြို့လုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မြို့မျက်နှာဖုံး ရှီဗာရူဒရာဂိုဒါရူ။ သူတို့တွေ မြို့လေးအပေါ်ဩဇာအာဏာသက်ရောက်ဖို့ နည်းအမျိုးမျိုးနဲ့ယှဉ်ပြိုင်ကြတာကို ဟာသနှောလို့ တသောသောရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုအပန်းဖြေကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.73GB / 1.4GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Upadhyaksha (2024)

2024
Sound Party (2023) 7.9
Sound Party (2023) Sound Party (2023) သူ‌ဋ္ဌေးလောင်းအိပ်မက်IMDb-8.1/10 ရှေးတုန်းကဘုရင်တွေက သူတို့အစေခံတွေ အလုပ်လုပ်တာတော်ရင် ရွှေအိုး ၊ ရွှေဒင်္ဂါးပြားတွေဆုချကြတယ် ။ဒါပေမဲ့အသုံးမချတတ်တဲ့သူတွေက ဒါတွေကို အိမ်ထဲမှာပဲ ကျင်းတူးမြှုပ်ထိန်းသိမ်းရာကလွဲ ဘာမှမလုပ်တတ်ကြဘူးတဲ့ ။ဒီလိုနဲ့ ခေတ်အဆက်ဆက်ပြောင်းလာရင်း အိမ်ထဲတင်ရွှေအိုးတူးမိချမ်းသာသူတွေရှိလာကြတယ်။ ဒီ‌ဇာတ်ကားထဲက ကူးမားတို့မိသားစုကတော့ မျိုးနဲ့ရိုးနဲ့ တစ်မိသားစုလုံး ကြွယ်ဝချမ်းသာချင်စိတ်ပြင်းထန်ကြသူတွေ အပေါ်ကပြောခဲ့တဲ့အကြောင်းသိပြီး အိမ်ထဲပဲပတ်တူးရမလား တွေးတဲ့သူ...၊ တက်ကျမ်းတွေဖတ်အိပ်မက်တွေမက်ပြီး အကြီးကြီးတွေပဲ မှန်းတဲ့သူ...၊ ရှိသမျှဘုရားအကုန်လက်အုပ်ချီပူဇော်ပြီး အားတဲ့ဘုရားဆင်းမပါဆိုတဲ့ ကြွယ်ဝရေးအမြဲဆုတောင်းနေသူ....၊ ဒီလို လူမျိုးစုံပါနေတဲ့မိသားစုဟာ တစ်ရက်မှာတော့ ထိုင်တွေးလို့မဖြစ် လက်တွေ့အကောင်အထည်ဖော်မှဆိုပြီး ကြီးပွားချမ်းသာရေးနည်းလမ်းမျိုးစုံစဉ်းစားပြီး ကြိုးစားကြတော့တာပါပဲ...၊ကြီးပွားရေး ဒီလောက်ထိစိတ်အားထက်သန်နေတဲ့မိသားစု တကယ်အောင်မြင်ဖြစ်ထွန်းသွားမလား တလွဲတချော်တွေကြားက ဟာသဖျော်ဖြေမှုရနိုင်မလားဆိုတာ ရှုစားကြည့်ကြပါဦးအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် File size…2.44GB /1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Sound Party (2023)

2023
Ooru Peru Bhairavakona (2024) 6.5
Ooru Peru Bhairavakona (2024) Ooru Peru Bhairavakona (2024) "ကျတ်ရွာ" IMDb - 6.5/10အသစ်ထွက်ရှိလာတဲ့ ခပ်ဆန်းဆန်း fantasy thrillerအမျိုးအစား တလေဂူးလ်စကားပြော အိန္ဒိယရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဦးလေးဆီမှာ အလုပ်လုပ်တာနဲ့ မြို့မှာအလုပ်လုပ်တာ ဓာတ်ပုံရိုက်ခံရတာခြင်းတော့တူတယ်။ ဦးလေးဆီမှာအလုပ်လုပ်တာက ဒုစရိုက်လုပ်ငန်းဆိုတော့ ရဲတွေဓာတ်ပုံရိုက်တာခံရပြီး မြို့မှာလုပ်တဲ့အလုပ်ကကျ ရုပ်ရှင်ထဲမှာဆိုတော့ ပရိသတ်တွေဓာတ်ပုံရိုက်ခံရတာဆိုတဲ့ ခံယူချက်နဲ့ ရုပ်ရှင်ထဲမှာ ဗီလိန်ဇာတ်ပို့နေရာလေးတွေက သရုပ်ဆောင်နေတဲ့ ဘာဆာဗာ။တစ်ရက်မှာတော့ ဦးလေးဖြစ်သူ အကြီးအကျယ်ဒုက္ခရောက်နေပြီး မဖြစ်မနေလုပ်ပေးရမဲ့ အလုပ်က မိန်းကလေးတစ်ယောက်ကို ဘေးကင်းအောင် စောင့်ရှောက်ဖို့။ မိန်းကလေးကိုခေါ်လာတဲ့လူက ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့လူ။မိန်းကလေးကို ကားနောက်ဖုံးထဲမှာ မေ့ဆေးတိုက်ပြီး ခေါ်လာတာကိုတွေ့လို့ မျက်နှာကိုမြင်လိုက်ရတော့မှ သူစွဲလန်းခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေတာကို သိလိုက်ရတဲ့အခါ...။အဲဒီကနေမှ ရောက်ပြီးရင် ပြန်လမ်းမရှိဘူးလို့ နာမည်ကြီးနေတဲ့ ဘိုင်ရာဗာကွန်နာအမည်ရှိနေရာတစ်ခုကို ရောက်သွားတဲ့အခါမှာတော့...။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size… 2.33GB / 1.1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ooru Peru Bhairavakona (2024)

2024
Thookudurai (2024) 6.8
Thookudurai (2024) Thookudurai (2024) "ရေတွင်းသရဲ"IMDb 6.8 ရထားပြီး အမှန်အကန်ရယ်ရမယ့် တမီးလ် ဟာသ/သရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ ပိုစတာမှာ ယိုဂီဘာဘူကို မြင်လိုက်တာနဲ့ အဖောက်တလိုင်း ဇာတ်ကားဆိုတာ ပရိသတ်တို့ တန်းပြီးသိမှာပါလေဒီလိုဇာတ်ကားမျိုးကို မဆလာဖလင်လို့လည်း ခေါ်ကြပါသေးတယ် ဇာတ်လမ်း/ဇာတ်ကောင် ရှိရှိသမျှ ရောသမမွှေထားတဲ့ အဓိပ္ပာယ်ပေါ့ခင်ဗျာဇာတ်လမ်းအကျဥ်းကတော့... အလုပ်မရှိ စားစရာမရှိလို့ ခိုးစားဖို့ကြံတဲ့ သူခိုးသုံးယောက်က ဒဏ္ဏာရီလာ သရဖူကိုမှ ခိုးမိသွားတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က သမီးရှင်အဖေ သဘောမတူလို့ ယိုဂီဘာဘူတို့ ချစ်သူနှစ်ယောက် ခိုးရာလိုက်ပြေးရာက လက်ပူးလက်ကြပ်မိတော့ ယိုဂီဘာဘူတစ်ယောက် ရေတွင်းထဲ ပြုတ်ကျပြီး အစိမ်းသေ သေသွားတဲ့အခါမှာ သူ့ကောင်မလေးယူလာတဲ့ သရဖူပါအဆစ်ပါသွားတယ်ဒီကနေ မျက်မှောက်ခေတ်မှာ သရဲဖြစ်နေတဲ့ ယိုဂီဘာဘူက အားလုံးကို လိုက်ခြောက်ပြီး ပေါက်ကရတွေ ဖြစ်ကုန်တာပါပဲအဆက်အစပ်မတည့်တဲ့ ဟိုတစ်စဒီတစ်စ ဇာတ်လမ်းတွေအကုန် သူ့အလိုလို ပေါင်းစပ်သွားပြီး အစုံသုပ်လိုမျိုး ဦးတည်ရာ မယ်မယ်ရရ မရှိပေမယ့်လည်း...ဇာတ်လမ်းရဲ့ လိုရင်းဖြစ်တဲ့ တောင်စဥ်ရေမရ ဗြောက်သောက် ဖျော်ဖြေရေးက အားမနည်းသွားတာမို့ ကြည့်နေရင်း အချိန်ကုန်မှန်းမသိလိုက်နိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်မှာ အသေအချာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie

Thookudurai (2024)

2024
Merry Christmas (2024) 7.7
Merry Christmas (2024) Merry Christmas 2024 (မယ်ရီခရစ္စမတ်)IMDb 7.7/10အားလုံးစောင့်မျှော်နေကြတဲ့ မင်းသားကြီးဗီဂျေးနဲ့ တိုက်ဂါးမင်းသမီးလေး ကတ်တရီးနားတို့ရဲ့ ဇာတ်ကားကြီးထွက်ရှိလို့လာခဲ့ပါပြီ ဒီကားထဲမှာလည်း မမကဘယ်လိုဆွဲဆောင်မှုတွေပြမလဲ ကြည့်လိုက်ကြရအောင်ဒါ့အပြင် Neo-Noir ရုပ်ရှင်အထာနဲ့မို့ အိန္ဒိယရုပ်ရှင်တွေထဲမှာ ကွဲထွက်နေပြီး အတော်လေးအရသာရှိတဲ့ ရုပ်ရှင်ပဲခင်ဗျ... တစိမ့်စိမ့်နဲ့ အရသာရှိတယ် femme-fatale ကာရိုက်တာလေးနဲ့ဆိုတော့ နက်ရှိုင်းတဲ့ အိပ်မက်တစ်ခုထဲ လမ်းပျောက်နေသလို ဖီလင်မျိုးပေါ့"အရုဏ်မတက်ခင်ရောက်တဲ့ညအချိန်က အမှောင်ဆုံးပါပဲ" အပျော်ရွှင်ရဆုံးအချိန်မရောက်ခင် ‌ဆိုးဝါးလှတဲ့ဖြစ်ရပ်တွေကိုဖြတ်ကျော်ရစမြဲပါပဲ ။။မိခင်ဖြစ်သူဆုံးပါးသွားလို့ ဒူဘိုင်းကနေ မွေးရပ်မြေပြန်လာခဲ့တဲ့ အဲလ်ဘတ် ခရစ္စမတ်အတွင်းပြန်ရောက်လာခဲ့ပေမဲ့ အမေတစ်ခု သားတစ်ခုဘဝမှာ အမေမရှိတော့ ယောင်လည်လည်ဖြစ်ပြီး ဘားထိုင်ရင်း အချိန်ဖြုန်းနေခဲ့တယ် ဒီမှာသူနဲ့‌ဆုံတွေ့ခဲ့တာက မာရီယာပေါ့ ယောကျာ်းဖြစ်သူဖောက်ပြန်နေလို့ လက်စားချေမယ်ဆိုပြီး ဖုန်းပြောဖြစ်နေတဲ့ကောင်လေးနဲ့ဒိတ်ဖို့စီစဉ်ဖြစ်သွားတယ်ပေါ့ဒါပေမဲ့စစချင်းဒိတ်မှာတင် တစ်ဖက်ယောကျာ်းလေးကထွက်ပြေးသွားလေရဲ့ အကြောင်းကတော့ ဒိတ်ပါတယ်ဆို မာရီယာကကလေးခေါ်လာမိလို့ပါ စင်ဂယ်မားသားလည်းဆိုရော ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင်ထွက်ပြေးသွားတော့ မာရီယာတစ်ယောက် ဘားမှာငူငူကြီးဖြစ်နေချိန် အဲလ်ဘတ်နဲ့ဆုံတွေ့ခဲ့တယ် ဒီလိုနဲ့၂ယောက်သားရင်းနှီးသွားကြပြီး မာရီယာ့အိမ်အလည်လိုက်သွားမိလေရဲ့ဒါက သူတို့ရဲ့အမှောင်ဆုံးအချိန်များဖြစ်သွားမလား အိမ်မှာထင်မှတ်မထားတဲ့ လူသေမှုနဲ့ရင်ဆိုင်လိုက်ရချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo ~KKKZ ပဲဖြစ်ပါတယ် ) File size…2.1GB/919MB Quality…WEB DL 1080p / ...
movie

Merry Christmas (2024)

2024
Anweshippin Kandethum (2024) 8.3
Anweshippin Kandethum (2024) Anweshippin Kandethum (2024) အင်စပတ်တာနဲ့ လူပျောက်မှု Imdb 8.3/10ပရိသတ်ကြီးအတွက် ဒီနေ့ပဲ netflix ကနေ ott လွှင့်ပေးလိုက်တဲ့ အိန္ဒိယစုံထောက်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်စုံထောက်ကားကောင်းမှကြိုက်တယ်တို့ ဇာတ်လမ်းဇာတ်အိမ်ကောင်းတာမှကြည့်ချင်ဝာာတို့ ရှားလော့ဟုမ်းတို့လို အခင်းနေရာစိတ်ထဲ‌ပုံ‌ဖော်တဲ့ အကွက်တွေ ဟာကျူလီပွန်ရိုးတို့လို ‌သက်သေရှာတဲ့အကွက်တွေ စတဲ့ စုံထောက်ပညာအစုံနဲ့ မှုခင်းကားကောင်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ကောလိပ်ကျောင်းသူ ကောင်မလေးတစ်ယောက် ကျောင်းကအပြန် အိမ်ပြန်ရောက်မလာလို့ သူ့အဖေက ရဲစခန်းမှာ လူပျောက်လာတိုင်တာကနေ ဘတ်စကားဂိတ်ကနေစပြီး အမှုပေါ်တဲ့ထိ စုံထောက်ကြီးရဲ့ ခရေစေ့တွင်းကျ သဲလွန်စတွေတစ်ခုချင်းစီ လိုက်ဖော်ထုတ်တာကို တွေ့ရမှာပါ ကောင်မလေးက ဘာလို့ပျောက်သွားတာလဲ ပြန်ရောတွေ့မှာလား ဘယ်သူက ဘာလုပ်သွားတာလဲ အသက်ရောရှင်နေသေးလား စတဲ့ အကြောင်းအရာပေါင်းများစွာကို အဖြေသိချင်ရင်တော့ ဒီဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုကြဖို့ ပြောကြားညွှန်းဆိုပေးလိုက်ပါတယ်(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) File size…2.11GB / 980MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Anweshippin Kandethum (2024)

2024
Rani: The Real Story (2023) 8.9
Rani: The Real Story (2023) Rani The Real Story (2023) "လူသတ်တရားခံ အိမ်ဖော်မလေးရာနီ"IMDb-9/10နိုင်ငံရေးလောကမှာ နာမည်တစ်လုံးနဲ့ လူထုအပြင် မီဒီယာတွေပါ ဆန့်ကျင်မရေးရဲရအောင် ကြောက်ကြတဲ့ ဒါမာရာဂျန်....။ သူ့ဘဝဇာတ်ကြောင်း အတ္တုပ္ပတ္တိကိုရေးထားတဲ့ စာအုပ်ကို မထုတ်ဝေရက်ပိုင်းအလိုတစ်ညမှာ သတ်ခံလိုက်ရတယ်...။အဲဒီအတွက် စွပ်စွဲခံရသူကအိမ်ဖော်မလေးရာနီ။ ရာနီက အိမ်ခြောက်အိမ်လှည့်ပြီး အိမ်အကူလုပ်တဲ့သူ.....။ ဒီလိုစွပ်စွဲခံရတော့ သူ့ရဲ့ရိုးသားမှုနဲ့ စိတ်ထားကြောင့် ကျန်အိမ်ရှင်‌တွေက သက်သေလိုက်ငြင်းဆိုပေးကြတယ်...။ရွေးကောက်ပွဲနီးမှ အမတ်လောင်းသတ်ခံရတဲ့ကိစ္စကြောင့် နိုင်ငံရေးထဲကအရှိန်အဝါကြီးသူတွေနဲ့ ရဲတွေပါ ဒီအမှုကိုအပူတပြင်းလိုက်ကြသလို အသက်ရှင်နေစဉ်ကဘာမှမရေးရဲခဲ့တဲ့ မီဒီယာတွေကပါ အလုအယက်ရေးကြနဲ့ အမှုကအုတ်အော်သောင်းတင်းဖြစ်နေတော့တယ်လွှတ်တော်အမတ်သေရလို့ဆိုပြီး နွမ်းပါးသူလူတစ်ယောက်ကို လွယ်လွယ်အပြစ်ပုံချရှင်းဖို့ကလည်း မီဒီယာတွေကပတ်ပတ်လည်....။ ဒီလိုအရှုပ်အထွေးတွေက အမှုမှန်ဘယ်လိုပေါ်ထွက်လာမလဲ....။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.6GB  / 709MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Alex ~ ...
movie

Rani: The Real Story (2023)

2023
Laala (2023) 9.0
Laala (2023) Laala (2023) ဘဝမျဉ်းပြိုင်များ IMDb 9/10ဒီဇာတ်ကားမှာ ရှာမီနာ လက်ရှ်မီးနဲ့ ရှာဂျီလို့ခေါ်တဲ့ ဇာတ်ကောင်သုံးယောက်ရဲ့ဘဝတွေကို ခံစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ခြောက်နှစ်အရွယ်သမီးတစ်ယောက်ရဲ့မိခင်ဖြစ်တဲ့ လက်ရှ်မီးဟာ သမီးဖြစ်သူအတွက် ဖခင်တစ်ယောက်ရှာနေချိန်မှာ facebook ကနေ ရှာဂျီနဲ့တွေ့ဆုံခဲ့ပါတယ်… သူနဲ့ရှာဂျီရဲ့ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မလဲ… ရှာမီနာကတော့ ယောကျ်ားတစ်ယောက်ရဲ့ကာကွယ်မှူရှိမှ ဘေးကင်းမယ်လို့မှတ်ယူထားတဲ့ မိသားစုအသိုင်းအဝိုင်းကနေ ထွက်သွားပြီး နေရာအများကြီးကို ခြေဆန့်ချင်နေတဲ့သူတစ်ယောက်…သူ့ဘဝဇာတ်ကြောင်းကရော ဘယ်လိုဖြစ်မလဲ… ဒီ၃ယောက်ရဲ့ဘဝတွေက ဘယ်လိုဆက်စပ်နေမလဲ… သင်ခန်းစာယူစရာတစ်ခုခု သေချာပေါက်ရမှာမလို့ ကြည့်ရှုသင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်။ File size…1.43GB/ 718MB Quality…WEB DL 1080p /720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Laala (2023)

2023