Channel Myanmar

Bollywood

Chhota Bheem Shakti Astra Ki Khoj (2023) 7.7
Chhota Bheem Shakti Astra Ki Khoj (2023) Chhota Bheem Shakti Astra Ki Khoj(2023) ချိုတာဘီးမ်နှင့်နတ်လက်နက်ရှာပုံတော်IMDb- 7.7/10 ရှားရှားပါးပါး indian cartoon လေးလည်းဖြစ် မီယမ်မာပရိသတ်နဲ့လည်းမစိမ်းလှတဲ့ ချိုတာဘီးမ်ဆိုတဲ့ကာတွန်းလေးကို တင်ဆက်လိုက်ပေးလိုက်ပါပြီ။ထုံးစံအတိုင်းပဲ ဇာတ်လိုက်ကျော်ကြီးချိုတာဘီးမ်နဲ့ သူငယ်ချင်းတစ်စုက ဒီတစ်ခါမှာရော လူတွေကို ဘယ်လိုကယ်တင်မလဲဆိုတာ ရှုစားကြပါဦး။ စကြာဝဠာကြီးထဲက ဂြိုဟ်တွေအများကြီးရှိတဲ့ထဲမှာ ရှက်တီဆိုတဲ့ဂြိုဟ်တစ်လုံးလည်း ထူးထူးဆန်းဆန်းပါဝင်ပါတယ်။ ဒီဂြိုဟ်ရဲ့ထူးခြားမှုကတော့ ဂြိုဟ်ကြီးရပ်တည်နိုင်ဖို့ကို ရှက်တီလက်နက်ဆိုတဲ့ နတ်လက်နက်က စွမ်းအင်ပေးထားတာပါ။ဒီရှက်တီလက်နက်သာမရှိရင် တစ်ပတ်အတွင်း ဂြိုဟ်ကြီးကပျက်စီးသွားမှာဖြစ်သလို ဂြိုဟ်သားတွေလည်း တစ်ခါတည်းအတူသေကုန်မှာဖြစ်ပါတယ်။ ဒါပေမဲ့ နတ်လက်နက်ဆိုတဲ့အတိုင်း ပိုင်ဆိုင်လိုသူတွေကများတော့ ဒီရှက်တီလက်နက်ကိုသိမ်းပြီး ဂြိုဟ်တစ်ခုလုံးကို မင်းမူချင်တဲ့ရှရူးဒါ့စ်က ဒီလက်နက်ကို လာခိုးပါတော့တယ်။ ဒီတော့ ဂြိုဟ်သားတွေလည်း ကြံရာမရဖြစ်ပြီးတော့ ရှက်တီလက်နက်ကို ယာဉ်ပျံပေါ်တင်ပြီး ရောက်မိရောက်ရာကိုလွှတ်လိုက်ရာကနေ ကမ္ဘာပေါ်ကို ရောက်လာတော့တာပေါ့။ဒီလိုနဲ့ပဲ ရှရူးဒါ့စ်တစ်ယောက် ချိုတာဘီးမ်တို့သူငယ်ချင်းတစ်သိုက်ဆီကို ရှက်တီဂြိုဟ်ရဲ့ဘုရင် အယောင်ဆောင်ပြီး ရှက်တီလက်နက်ကို ကူရှာပေးဖို့ လာတောင်းဆိုရာကနေ ချိုတာဘီးမ်တို့ နတ်လက်နက်ရှာပုံတော်ခရီးစဉ်စဖို့ဖြစ်လာပါတော့တယ်။ ဒီတစ်ခါမှာရော ချိုတာဘီးမ်တို့သူငယ်ချင်းတစ်စု ရှက်တီလက်နက်ကို ဝင်လုချင်သူတွေနဲ့ရင်ဆိုင်လို့ ရှက်တီဂြိုဟ်သူဂြိုဟ်သားတွေနဲ့ ကမ္ဘာမှာရှိတဲ့သူတွေကိုပါ ထပ်မံကယ်ဆယ်နိုင်ဦးမလား စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှဖြစ်ပါတယ်)( CMရဲ့ ...
movie

Chhota Bheem Shakti Astra Ki Khoj (2023)

2023
Chhota Bheem MahaShaitaan Ka Mahayudh (2023) 9.1
Chhota Bheem MahaShaitaan Ka Mahayudh (2023) Chhota Bheem Mahashaitaan Ka Mahayudh (2023) ချိုတာဘီးမ်နှင့် မဟာရှိုက်တန်နတ်ဆိုးကြီး IMDb- 9.1/10ကျွန်တော်တို့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ ချိုတာဘီးမ်ကာတွန်းကားလေး ဇာတ်ကားအနေနဲ့ထွက်လာခဲ့ပါပြီ။ လောလောလတ်လတ် အဗာထာကြည့်ပြီးတဲ့သူတွေဆို ပိုပြီးတော့ သဘောခွေ့ကြမှာပါ။မီး,ရေ,လေ နဲ့ မြေဆိုတဲ့ ချက္ကရာလေးခုသာရှိနေသေးပြီး အာကာသချက္ကရာဆိုတဲ့ ငါးခုမြောက်ချက္ကရာ မပွင့်သေးချိန် မဟာရှိုက်တန်လို့ခေါ်တဲ့ နတ်ဆိုးကြီးက ကမ္ဘာမြေကိုသိမ်းပိုက်ဖို့အတွက် ကမ္ဘာမြေကြီးပေါ်ကိုရောက်ရှိလို့လာခဲ့ပါတော့တယ်။ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ကြံစည်ရင်း မဟာရှိုက်တန်ဟာ သူ့တပည့် ရန်ဂနာကို လူသားတွေကို ဇွန်ဘီးနဲ့ ဗန်ပိုင်းယားတွေဖြစ်အောင်ပြောင်းခိုင်းပြီး လူသားတွေအကုန်မျိုးပြုတ်အောင်ကြံစည်ပါတော့တယ်။ ဒီလို ကမ္ဘာကြီးကို အုပ်စိုးဖို့လာခဲ့တဲ့ မဟာရှိုက်တန်နဲ့ ချိုတာဘီမ်းတို့သူငယ်ချင်းတစ်သိုက်နဲ့ တွေ့ကြတဲ့အခါမှာတော့ ချိုတာဘီးမ်တို့ သူငယ်ချင်းတစ်သိုက်က ကမ္ဘာကြီးကို ကယ်တင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ........ ငါးခုမြောက်ချက္ကရာကရော ပွင့်သွားမလား ...... ဆိုတာတွေကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
movie

Chhota Bheem MahaShaitaan Ka Mahayudh (2023)

2023
Saheb Biwi Aur Gangster Returns (2013) 6.7
Saheb Biwi Aur Gangster Returns (2013) Saheb Biwi Aur Gangster Returns (2013) IMDb - 6.7 /10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီးအီဖန်ခန်းဦးဆောင်သရုပ်ဆောင်ထားတဲ့ ဘယ်သူဗီလိန် ဘယ်သူဇာတ်လိုက်မှန်းမသိနိုင်တဲ့ ရှူပ်ထွေးလှတဲ့လောကကြီးရဲ့ အကြောင်းကို ဇာတ်ခုံပေါ်တင်ဆက်ထားတဲ့အတိုင်း မြင်နိုင်စေမယ့်Drama Romanceကားကောင်းလေး တစ်ကားဖြစ်ပါတယ်မျိုးဆက်နဲ့ချီရှိခဲ့ကြတဲ့ အင်ဒီရာနဲ့ဆာဟစ်ဘ်တို့ရဲ့တိုက်ပွဲတစ်ခုဟာ အင်ဒီရာရဲ့ချစ်သူကိုဆာဟစ်ဘ်က ချစ်မိသွားတဲ့အချိန်မှ ပြန်စတင်လာခဲ့ပါတယ် ဆာဟစ်ဘ်ကိုချေမှုန်းနိုင်ဖို့ရာ ချစ်သူနှစ်ယောက်ကြိုးစားကြပေမဲ့ ကြားမှာဝင်မွှေလာတဲ့လူတွေကြောင့် သူတို့ရည်မှန်းချက်က အောင်မြင်လာပါ့မလားဘုရင်မျိုးဆက်သမိုင်းနဲ့ အချစ်ကြားကတိုက်ပွဲမှာ အလှည့်အပြောင်းတွေ ပူးပေါင်းကြံစည်မှုတွေ သစ္စာတရားတွေနဲ့ သေးမွှားတဲ့နားလည်မှုလွဲတာလေးက အစချီပြီး ဖြစ်ပျက်လာတဲ့ကိစ္စတွေကို လှည့်ကွက်ပေါင်းစုံနဲ့ တင်ဆက်ထားတဲ့ဒီကားက အခန်းတိုင်းမှာသင့်ကိုမမျှော်လင့်ထားတဲ့ ဇာတ်ကွက်တွေကိုယုတ္တိရှိစွာ ကြည့်ရှူ့စေမှာပါဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 941MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin
movie

Saheb Biwi Aur Gangster Returns (2013)

2013
Behind Veils (2023) 6.3
Behind Veils (2023) Sir Madam Sarpanch (2023) "ဆိုရှယ်မီဒီယာပါးဝတဲ့ ဂူရူဒေ့ဗ်တို့ရွာ" IMDb-6.2/10National Film Award ဆုရှင်ကြီး Praveen Morchhale ရေးတဲ့ ရွာလေးတစ်ရွာရဲ့ ဟာသအဖုံဖုံနဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ဆုံးသွားတဲ့ဖခင်ရဲ့ ဆန္ဒကြောင့် ဇာတိရွာမှာစာကြည့်တိုက်ဆောက်ပေးဖို့ပြန်လာခဲ့တယ် ရွာရောက်လို့ ဦးလေးဖြစ်သူ ဂူရူဒေ့ဗ်နာမည်နဲ့လိုက်စုံစမ်းရာကစ ရွာလည်တော့တာပဲ တစ်ရွာလုံးမှာ ဂူရူဒေ့ဗ်က လက်ညှိုးထိုးမလွဲဖြစ်နေတယ်တဲ့ အဘွားဖြစ်သူကလည်း ဆိုရှယ်မီဒီယာတွေနဲ့ အကျွမ်းတဝင်ရှိပြီး လက်ဖက်ရည်အစား အမြှုပ်ကော်ဖီတိုက်ပါတဲ့ စာကြည့်တိုက်အတွက် စာအုပ်တွေထားဖို့အတွက်နေရာရှာကြပြန်တော့ သူ့အဖေပိုင်ခဲ့ဖူးတဲ့အိမ်ဟာ ရွာလူကြီးတွေအပိုင်သိမ်းထားရာဖြစ်နေတယ် ဒီလိုနဲ့ ရွာလူကြီးဆီသွား မြေပြန်တောင်းရာက ၈ တန်းအောင်ရွာလူကြီးနဲ့ MBA ဘွဲ့ရ မြို့သူအန်နာတို့ ထိပ်တိုက်တွေ့လာချိန်မှာ....မြို့နဲ့အလှမ်းဝေးပေမဲ့ ဆိုရှယ်မီဒီယာတွေနဲ့ အလှမ်းမဝေးတဲ့ အတွေးစုံအမျိုးစုံ ရွာဒေသခံတွေကြား ဘယ်လိုဆက်ဖြစ်ကြမလဲ.....အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.2GB / ...
movie

Behind Veils (2023)

2023
Jaspal (2024) 7.7
Jaspal (2024) Jaspal 2024 (ဂျက်စ်ပါ) IMDb _ 7.6ရုန်းထွက်ချင်တဲ့ ဘဝတစ်ခုမှာနေနေကြရတဲ့ ညီအစ်ကို၂ယောက်ဖြစ်တဲ့ဂျက်စ်ပါနဲ့ ဗစ်ကီ .. ဂျက်စ်ပါကတော့ လက်လှမ်းမမီနိုင်တဲ့နေရာတစ်ခုကကောင်မလေးကိုခိုးချစ်နေသူတစ်ယောက်ပါဗစ်ကီကတော့ ကနေဒါကိုပြောင်းရွှေ့နေထိုင်ပြီးတော့ ဘဝသစ်စချင်သူတစ်ဦး သူတို့လက်ရှိဘဝကတော့ ကြေးစားလူသတ်သမားတွေ ပိုက်ဆံပေးခိုင်းရင်ဘယ်သူ့ကိုမဆိုသတ်ပေးရတဲ့ လူသတ်သမားတွေပေါ့ငွေကဒုတိယဘုရားသခင်ဆိုသလို ငွေပိုရှိတဲ့ကောင်ဘုရင်ဖြစ်နေတဲ့ချန်ဒီဂါ့တ်မှာ ရဲအရာရှိဆန်ဂျေးခိုင်းတာကို လုပ်နေရတဲ့ဒီ၂ယောက်က နောက်ထပ်အလုပ်နည်းနည်းလေးသာထပ်လုပ်ပေးမယ်ဆိုရင် သူတို့ဘဝတွေကို ကနေဒါပြောင်းပြီးတော့ အသစ်စနိုင်မဲ့အခွင့်အရေးရှိနေပါတယ် ဒါပေမဲ့ကံဆိုးချင်တော့ ဒီလိုအခွင့်အရေးနီးကပ်လာတော့မှ ဆန်ဂျေးဆင်ထားတဲ့ထောင်ချောက်ထဲဝင်သွားမိတဲ့အခါ...သူတို့တွေ ဘယ်လိုရုန်းထွက်ကြမလဲ သူတို့အိပ်မက်တွေကိုရောအကောင်အထည်ဖော်နိုင်မှာလားဆိုတာကတော့...(အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.37GB / 1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ V ~ ...
movie

Jaspal (2024)

Narayana & Co (2023) 5.9
Narayana & Co (2023) Narayana & Co (2023) "နာရာယာနာနဲ့ အပေါင်းအပါများ" IMDb - 5.9/10ပေါ့ပေါ့ပါးပါးနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့ မိသားစုဒရာမာ ဟာသရုပ်ရှင်လေးကိုတင်ဆက်ပေးပါရစေဗျ။ ဇာတ်လမ်းရဲ့နာမည်အတိုင်းပါပဲ နာရာယာနာဆိုတဲ့ ဘိုးတော်နဲ့ သူ့အပေါင်းအပါတွေဖြစ်တဲ့ ဗြောင်းဆန်အောင် တလွဲတွေလုပ်ကြတဲ့မိသားစုပေါ့။နာရာယာနာဆိုတာ နှစ်ပေါင်းသုံးဆယ်လုံး ဘဏ်တစ်ခုမှာ ငွေကိုင်ဆိုတဲ့အလုပ်ကလွဲ ဘာမှစိတ်မဝင်စားတဲ့သူ။သူ့ဘ၀တလျောက် ဒီအလုပ်ကိုပဲ လုပ်လာခဲ့တာ။ ဇနီးသည်ဖြစ်သူကကျ ဆာရီကလွဲဘာမှစိတ်မဝင်စား။ဘ၀တလျောက်လုံး ဘယ်သူကဘယ်ဆာရီဝတ်ထားတာနဲ့ သူ ဘယ်ဆာရီကြိုက်တယ်ဆိုတာကိုပဲ အာရုံထားတဲ့သူ။သားအကြီးကောင်ကကျ လောင်းကစားသမား။အချိန်ပြည့် သူ့ခေါင်းထဲမှာ လောင်းကစားလုပ်ဖို့အတွေးရှိတဲ့သူ။ အငယ်ကောင်ကကျ တဏှာရူး နှာဘူး။ဘေးအိမ်ကအဒေါ်ကြီး အင်္ကျီလဲတာပဲ မှန်ပြောင်းတစ်လက်နဲ့ ချောင်းကြည့်နေတဲ့ကောင်။ရထားပေါ်မှာ တောင်းစားရတဲ့ဘ၀ကနေ လူချမ်းသာတစ်ယောက်ဖြစ်လာတဲ့ ဂန်းစတားကြီးတစ်ယောက်လည်းရှိသေးတယ်။ သူက နာရာယာနာတို့မိသားစုနဲ့ ဘာမှမဆိုင်။ဆိုင်လာတာက သားနှစ်ယောက် ယူလာတဲ့ဒုက္ခတွေကနေ နာရာယာနာတို့တစ်မိသားစုလုံး ရာဇဝင်အိုးကို ဒုတ်နဲ့သွားထိုးမိရာကစတဲ့ဇာတ်လမ်းပေါ့။ဒီလိုအလွဲလွဲအချော်ချော်တွေနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးမဲ့ တလေဂူးလ်ဟာသဇာတ်လမ်းလေးကို ခံစားကြည့်ရှုလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.6GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration…2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Narayana & Co (2023)

2023
Khichdi 2: Mission Paanthukistan (2023) 5
Khichdi 2: Mission Paanthukistan (2023) Khichdi 2 (2024)အခုတစ်ခါတင်ဆက်ပေးမှာကတော့ စွန့်စားခန်းဟာသကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ တလွဲဟာသတွေတစ်ပုံကြီးနဲ့ ပါးစပ်မပိတ်တမ်းရယ်ရမယ့်ကားလေးပဲဖြစ်ပါတယ်နော်။မထုံတတ်တေးနဲ့ ခပ်တုံးတုံးခပ်အအ မိသားစုတစ်စုရှိတယ်။ ပရေခ်မိသားစုလို့ခေါ်တယ်။ ဖြစ်ချင်တော့ အဲ့ဒီမိသားစုဝင်တစ်ဦးဟာ ပန်တူကစ္စတန်နိုင်ငံရဲ့ဘုရင်ကြီးနဲ့သွားတူနေတယ်။ အဲ့ဒီနိုင်ငံကတော့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံးနဲ့ နေလို့မသင့်တော်ဆုံးသော နိုင်ငံတစ်နိုင်ငံပေါ့။ ပန်တူကစ္စတန်ဘုရင်ကြီးဟာ အိန္ဒိယနိုင်ငံရဲ့အတော်ဆုံးသိပ္ပံပညာရှင်ကြီးကို သူ့အကြမ်းဖက်ရေးလုပ်ငန်းစဉ်တွေအတွက် ဖမ်းဆီးချုပ်နှောင်ထားတယ်။ဒါကို ပရေခ်မိသားစုက ကယ်ထုတ်ပေးရတော့မှာပေါ့နော်...။အူကြောင်ကြောင်မိသားစုနဲ့ ကြောက်စရာကောင်းတဲ့ ဘုရင်ကြီးနဲ့တွေ့ကြတဲ့အခါ ဖြစ်လာမယ့်အလွဲလေးတွေနဲ့ဟာဒယရွှင်ဆေးဘယ်လိုကြွေးမလဲဆိုတာကိုတော့ ဆက်လက်ပြီးကြည့်လိုက်ကြတော့နော်။ File size…2.2GB / 1.1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Khichdi 2: Mission Paanthukistan (2023)

2023
Ambajipeta Marriage Band (2024) 6.8
Ambajipeta Marriage Band (2024) Ambajipeta Marriage Band (2024) "အမ်ဘာဂျီပါတာ ရွာကလေး"IMDb 6.8 ရထားတဲ့ တေလဂူးစကားပြော ကျေးလက်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်...ရယ်ရရုံသက်သက်မဟုတ်ပဲ လူ့အဖွဲ့အစည်းအကြောင်းကို ဗဟိုပြုပြီး ဇာတ်လမ်းဆင်ထားတာမို့ ဇာတ်ကွက်ကိုပါ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းကို ၂၀၀၀ ကာလက အမ်ဘာဂျီပါတာ ဆိုတဲ့ ရွာကလေးကို နောက်ခံထားပြီး အဓိက ဇာတ်ကောင်တွေကတော့ မာလီနဲ့ ပက်ဒါတို့ အမွှာမောင်နှမ ၂ ယောက်ပါ သူတို့အဖေက ဆံပင်ညှပ်ဆရာတစ်ယောက်ဖြစ်ပြီး မာလီက မင်္ဂလာဆောင်တွေရဲ့ တီးဝိုင်းမှာလိုက်တီးတဲ့ သူတစ်ယောက်ဖြစ်ပါတယ်...ပက်ဒါကတော့ ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ... သူတို့ရွာမှာ အားလုံးကြောက်ရတဲ့ သူဌေးဖြစ်တဲ့ ဗန်ကတ် ဆိုသူလည်း ရှိပါတယ် သမီး အချိန်ပြည့်အလုပ်ရဖို့ ဖခင်က ဗန်ကတ်ကို အပူကပ်ခဲ့ရာကနေ ဗန်ကတ်နဲ့ ပက်ဒါတို့ နှစ်ယောက်ကို တစ်ရွာလုံးက အတင်းအဖျင်းတွေ ပြောလာတဲ့အခါမှာ ...အတားအဆီးတွေနဲ့ လူ့ဘဝဇာတ်ခုံ၊ ဇာတ်နိမ့်ဇာတ်မြင့် ကွာခြားပုံ၊ လူ့အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်ရပုံတွေအပြင်.... ဟာသဇာတ်လမ်းတစ်ခုကနေ မမျှော်လင့်တဲ့ အလှည့်အပြောင်းတွေနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်လေးကို ...
movie

Ambajipeta Marriage Band (2024)

2024
Enaku Endey Kidaiyaathu (2023) 9.1
Enaku Endey Kidaiyaathu (2023) Enaku Endey Kidaiyaathu (သို့) အငမ်းမတော်တစ်ခွက်IMDb-9.1/10 တစ်ပတ်လုံးပင်ပန်းထားတဲ့သောကြာညအတွက် အပန်းဖြေဖို့အသင့်တော်ဆုံးဖြစ်မယ့် suspenseနဲ့comedyကို အချိုးကျရောစပ်ထားတဲ့ ဟာသကားလေးတစ်ကားကို စီအမ်ချစ်ပရိသတ်တို့အတွက် တင်ဆက်ပေးလိုက်ပါပြီ။တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရုပ်ရှင်လေးကလည်း သောကြာညမှာ သပွတ်အူလိုက်သွားတဲ့ ကြောင်ခံတွင်းပျက် တက္ကစီသမားတစ်ယောက်အကြောင်းပေါ့။ တစ်ပတ်လုံးတက္ကစီဆွဲထားရတဲ့ ကားဆရာကြီး‌ ဆေကာတစ်ယောက် ယမကာလုလင်တို့ထုံးစံအတိုင်း တစ်ပတ်တာအမောကို အရက်ဝိုင်းလေးနဲ့ ဖြေဖျောက်ဖို့ကြံတာပေါ့။ဒီလိုနဲ့ နောက်ဆုံးခရီးသည်ကိုပို့ပြီးရင် သူငယ်ချင်းနဲ့အတူ အမှောက်ကစ်မယ်ဆိုတဲ့မိုတီနဲ့ သွားအကြိုမှာတော့ ခရီးသည်ဟာ ဘားကနေထွက်လာတဲ့ ဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်ပုံနဲ့ လှလှပပဝတ်စားထားပေမဲ့ မျက်နှာမသာမယာဖြစ်နေတဲ့ မဒမ်တစ်ယောက်ဖြစ်နေပါသတဲ့။ အချိန်မတော်ကြီး မျက်ဝန်းမှာ မျက်ရည်စတွေတွဲခိုလို့ထွက်လာတဲ့ မဒမ်ကိုကရုဏာသက်မိသွားတဲ့ဆေကာလည်း စိတ်ပြေလက်ပျောက်ဖြစ်အောင် ထွေရာလေးပါးစကားတွေဖောင်ဖွဲ့ပြောပေးရင်း အထီးကျန်နေတဲ့မဒမ်‌လေးတစ်‌ယောက် စကားပြောကောင်းတဲ့ ကားဆရာကြီးနဲ့ မသိမသာခင်မင်သွားကြတော့တာပေါ့။ဒီလိုနဲ့ မဒမ်ရဲ့အိမ်မှာ ချပေးခဲ့တာကို မဒမ်ကအရက်သောက်မှာနဲ့တူတူ သူငယ်ချင်းနဲ့မသောက်ဘဲ သူနဲ့သောက်ဖို့ ရှယ်ပလန်နဲ့ဆွယ်ပါတော့တယ်။ အစကတော့ ဆေကာလည်း စည်းကမ်းဘာညာအကြောင်းပြပြီးမူနေပေမဲ့ မဒမ်အ‌ချောလေးကလည်း အဆွယ်ကကောင်း အိမ်ကြီးအိမ်ကောင်းကြီးမှာ အရက်အကောင်းစားတွေလည်းရှိနေမှာဆိုတော့ အာဂပါးစပ် လူဖြစ်ကျိုးနပ်အောင် မဒမ့်အိမ်ကိုလိုက်ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။လောဘဇောရယ်လို့ဖြစ်လာရင် အရှိန်သတ်ရခက်တဲ့ လူ့သဘာဝအရ ဆေကာလည်း အစကတော့ အရက်သောက်ဖို့ပဲသွားတာပေမဲ့ အိမ်အကြီးကြီးထဲမှာ မိန်းမချောလေးနဲ့ နှစ်ယောက်တည်းရှိနေတဲ့အပြင် ဒီလောက်ခမ်းနားတဲ့အိမ်ကြီးရဲ့ရတနာတွေနဲ့အတူ အထီးကျန်နေတဲ့ အိမ်ကြီးရှင်သခင်မကိုပါ ဖြည့်ဆည်းပေးချင်၊ အပိုင်သိမ်းချင်တဲ့စိတ်ရိုင်းတွေဝင်လာချိန်မှာတော့.....(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ...
movie

Enaku Endey Kidaiyaathu (2023)

2023
Blue Star (2024) 7.5
Blue Star (2024) Blue Star (2024) "ရန်ဘက်"IMDb 7.6 ရထားပြီး အိန္ဒိယရဲ့ အထင်ကရ အားကစား ခရစ်ကတ်အကြောင်း ရိုက်ထားတဲ့ တမီးလ် ဟာသ အားကစားရုပ်ရှင်လေး တင်ဆက်ပေးလိုက်ပါတယ်ဒီကားက ခရစ်ကတ်ကားဆိုပေမဲ့ ချုံကြားကနေ ဘုံဖျားရောက် နိုင်ငံဟီးရိုးကြီးဖြစ် လက်ရွေးစင် ပြိုင်ပွဲဝင်သလိုမျိုး မိုတီဗေးရှင်းဇာတ်လမ်းမျိုးတော့ မဟုတ်ဘူးဗျ၁၉၉၀ ကာလကို နောက်ခံထားပြီး အာရတ်ကိုနမ် နယ်မြို့လေးက ဇာတ်မတူတဲ့ အုပ်စုနှစ်စုရဲ့ နှစ်ကာလ ကြာရှည်တဲ့ ပြိုင်ဆိုင်မှုကို အဓိက တင်ဆက်ထားပါတယ်အဲဒီကာလက သူတို့နိုင်ငံမှာ လူငယ်တွေက ခရစ်ကတ်ကြည့်ဖို့အတွက် တီဗီအင်တာနာကို မရမက ချိန်ပြီး အားပေးကြတယ် ခရစ်ယာန်ဘုရားကျောင်းမှာ ဝတ်ပြုနေရင်းတန်းလန်းနဲ့လည်း တစ်ဖက်နဲ့တစ်ဖက် ယှဥ်ပြိုင်ကစားဖို့ လစ်ထွက်ကြတယ် မိဘတွေကလည်း သူတို့သားသမီး ခရစ်ကတ် ဝါသနာပါတာကို မကြိုက်ကြဘူးပေါ့တချိန်က Blue Star နဲ့ Alpha ဆိုပြီး အဖွဲ့နှစ်ဖွဲ့ ခရစ်ကတ်ကစားရာကနေ အငြင်းအခုန်တွေဖြစ်ပြီး ရန်သတ်ကြတာ သူတို့မြို့က ကစားကွင်းမှာ နှစ်ဖွဲ့လုံးယှဥ်ပြိုင်ခွင့် အပိတ်ခံခဲ့ရတယ်လက်ရှိမျက်မှောက်မှာ ရန်ဂျစ်နဲ့ ရာဂျက်ဆိုပြီး အသင်းကိုယ်စီက ကပ္ပတိန်နှစ်ယောက်က ...
movie

Blue Star (2024)

2024
Eagle (2024) 8.3
Eagle (2024) Eagle (2024) "လင်းယုန်" IMDb - 8.3/10စောင့်မျှော်နေကြတဲ့ မင်းသားကြီး ရာဗီရဲ့ တလေဂူးလ်အက်ရှင် ရုပ်ရှင်ကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။တောင်ထိပ်ပေါ်က ဆယ်ဧကကျယ်တဲ့လယ်ကွင်းကြီးထဲမှာ အေးချမ်းသာယာတဲ့ လယ်တောအိမ်လေးနဲ့ တောင်ခြေက မျိုးနွယ်စုနှစ်ခုပေါင်း လူသုံးရာကျော်ကိုအလုပ်ပေးထားတဲ့ ရက်ကန်းရုံတစ်ခုရှိပါတယ်။ အဲဒီဒေသမှာပဲ ရာသီအတိအကျမှာထွက်တဲ့ ရှားပါးဝါဂွမ်းကနေ ချည်ထည်ရက်လုပ်တဲ့ ရက်ကန်းရုံပေါ့။ အဲဒီတောင်ကုန်းပေါ်က လယ်တောအိမ်မှာနေတာကတော့ လင်းယုန်တစ်ဖြစ်လဲ ဆာဟာဒေ့ဗ်။ သူခွင့်မပြုဘဲ ခြံဝင်းထဲကို ပုရွက်ဆိတ်တစ်ကောင်တောင်ဝင်ခွင့်မရှိဘူးတဲ့။ ဒါပေမဲ့လည်း အချိန်တစ်နှစ်ကျော်လွန်ခဲ့ချိန်မှာတော့ တောင်ကုန်းပေါ်မှာ ဘာမှမရှိ ပြာအတိပဲကျန်ခဲ့ပါတော့တယ်။ဒီဇာတ်လမ်းကို အစဆွဲထုတ်လာတာကတော့ ဂျာနယ်လစ်မမလေး နာလီနီ။ စျေးထဲက ချည်ထည်လေးကိုကိုယ်ကြည့်မိရာက ဆောင်းပါးတစ်ပုဒ်ဖန်တီးမိပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့ အရှုပ်တော်ပုံကြီးထဲကို တစထက်တစ ဝင်ရောက်မိပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ Alex ~ BpL ~ Yunniတို့ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…3.1GB/ 1.5GB Quality…WEB DL 1080p /720p Format…mp4 Duration….2h ...
movie

Eagle (2024)

2024
Game On (2024) 8.1
Game On (2024) Game On 2024 (ဘဝကစားပွဲ)ဆစ်ဒဟာ့သ်လို့ ခေါ်တဲ့ကောင်လေးဟာ ဂိမ်းကုမ္ပဏီတစ်ခုမှာ မားကတ်တင်းပိုင်းတာဝန်ယူထားပြီး ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေသူတစ်ဦးဖြစ်ပါတယ်။သူ့ဘဝမှာလည်း အဖော်ဆိုလို့ အချစ်ဆုံးသူငယ်ချင်းရာဟူးလ်နဲ့ အချစ်ရဆုံးသောချစ်သူ မော့ခ်ရှာတို့နှစ်ယောက်ပဲ ရှိပါတယ်။ သူငယ်ချင်းကိုလည်း မရှိမဖြစ် အရမ်းချစ်သလို ချစ်သူကိုလည်း မျက်နှာလေးမညှိုးစေရအောင် အကုန်လိုက်ဖြည့်စည်းပေးနေတဲ့ ဆစ်ဒဟာ့သ်ကို သူ့ရဲ့ချစ်သူနဲ့ သူငယ်ချင်းက ပေါင်းပြီးတော့ သူ့ရဲ့ပရောဂျက်ကို လုယူပြီးအလုပ်ပြုတ်အောင်လုပ်ရုံတင်မကဘဲ နှစ်ယောက်သားဖောက်ပြန်ကြတာကိုသိသွားတာတောင် နောက်ထပ်မလုပ်ဘူးကတိပေးရင် ခွင့်လွှတ်ပေးမယ်ဆိုပြီးပြောတဲ့ ပုခုံးကောင်းကောင်းဂျိုပေါက်နေတဲ့ဆစ်ဒဟာ့သ်။ဒီလိုနဲ့ ဘဝမှာ အလုပ်ရော ချစ်သူကိုပါ ဆုံးရှုံးခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လုပ်ဖို့ ထွက်လာတဲ့လမ်းမှာတောင် ဓားပြက တိုက်ခံရသေးတယ်။ သူ့ရဲ့အဖြစ်ဆိုးလှတဲ့ဘဝကြီးကို ထိုင်တွေးနေရင်း ဖုန်းတစ်ကောလ်ဝင်လာခဲ့ပါတယ်... အဲဒီဖုန်းကောလ်ကတော့ ငယ်ငယ်က ဆော့တဲ့ဂိမ်းတွေလိုမျိုး မစ်ရှင်တွေလုပ်ပြီး အောင်မြင်ရင် တကယ့်ပိုက်ဆံရမယ့်ဂိမ်းပဲဖြစ်ပါတယ်။ အစပိုင်းမှာ ယင်ကောင်သတ်တာမျိုး ကလေးကိုငိုအောင်လုပ်ရတာမျိုးလို မစ်ရှင်သေးသေးလေးတွေလုပ်ရင်း ပိုက်ဆံရနေပေမဲ့ နောက်ပိုင်းမှာရော ဘယ်လိုမစ်ရှင်တွေ လုပ်ဆောင်ရမလဲ ....... ဆိုတာကို ဟာသလေးတွေနှောရင်း ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni~BpL~V~Alex~ToMo တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Game On (2024)

2024
Ajab Gajab Dhamal (2024)
Ajab Gajab Dhamal (2024) Ajab Gajab Dhamal (2024) (ကိုပေါတို့အရေးတော်ပုံ)အခုတစ်ခါမှာတော့ အချစ်ဟာသကာလေးကို တင်ဆက်ပေးပါတော့မယ်။ ဒီကားထဲက ဇာတ်လိုက်ကတော့ Mohabbatein ထဲက ရှာရွခ်ခန်းနဲ့အတူ တွဲဘက်သရုပ်ဆောင်သွားတဲ့ ကျောင်းသားလေးယောက်ထဲက တစ်ယောက်ပဲဖြစ်ပါတယ်။အချစ်စစ်တို့မည်သည်ဖြောင့်ဖြူးသည်ဟူ၍မရှိဆိုသည့်အတိုင်း ဒီဇာတ်ကားလေးမှာလည်း အချစ် အလွမ်း ဟာသ စတဲ့ရသပေါင်းစုံကို ခံစားရမှာဖြစ်ပါတယ်။ဇာတ်ညွှန်းကိုပြောရမယ်ဆိုရင် တစ်ခါတုန်းကပေါ့ကွာ ဒို့ရွာမှာ ဂျနယ်လ်ဆိုတဲ့ နို့ပို့သမားကောင်လေးတစ်ယောက်ရှိတယ်။ သူစုထားတဲ့ငွေလေးနဲ့ အာမန်းဆိုတဲ့ ကောင်မလေးတစ်ယောက်ကို တင့်တောင့်တင့်တယ်ထားပြီး ထိမ်းမြားလက်ထပ်ချင်နေသတဲ့...။သူရည်ရွယ်တဲ့အမျိုးသမီးဟာ သူ့ကို မချစ်မနှစ်သက်လို့ ငြင်းဆိုသတဲ့...။ဒီအချိန်မှာရသမျှအလုပ်ကို နေရာမချန်လုပ်ရင်းနဲ့ ရည်ရွယ်သူက ခေါင်းငြိမ့်လာခဲ့ပါတယ်။ သို့ပေမယ့် ကံခွေသူအလား ကံကြမ္မာက ကျီစားလာတဲ့အခါမှာတော့ ဘယ်လိုတွေအလွဲလွဲဖြစ်လာမလဲဆိုတာကိုတော့ ရယ်တစ်လှည့် ဆွေးတစ်လှည့်နဲ့ ခံစားကြည့်ရှုပေးပါဦးနော်...။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB /  1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Ajab Gajab Dhamal (2024)

2024
Bootcut Balaraju (2024) 4.1
Bootcut Balaraju (2024) Bootcut Balaraju(2023)သူကြီးသမီးနဲ့ ကိုလူပြက်ဘောလိဝုဒ်အချစ်ဟာသာပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသား Syed Sohel နဲ့ Megha Lekha ၊ Ananya Nagalla တို့ မင်းသမီးချောလေးနှစ်ယောက်ပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါးရယ်မောနိုင်မဲ့ ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်မဟာလက်ရှ်မီးတို့မိသားစုက ကျေးရွာကောင်းစားရေးနဲ့ ကျေးရွာလူတွေအကျိုးအတွက်ပဲ အမြဲဦးစားပေးလုပ်ဆောင်ခဲ့ကြလို့ ရွာကလေးစားချစ်ခင်ကြတဲ့ ရွာလူကြီးမျိုးဆက် ၊ ကတိတစ်လုံးကို အသက်ထက်တန်ဖိုးထားကြတဲ့ မျိုးဆက် ၊ အဲဒီကတိတစ်လုံးအတွက် အိမ်ထောင်ကိုပါကွာရှင်းပြီး တစ်ယောက်တည်း ရဲရဲရပ်တည်ခဲ့တဲ့မဟာလက်ရှ်မီးရဲ့အမေ ။ဒီမျိုးဆက်ကနေ ပေါက်ဖွားလာတဲ့ မဟာလက်ရှ်မီးက ငယ်ငယ်လေးတည်းက အားလုံးရဲ့အလေးပေးခံရပြီး တူတူပေါင်းရမဲ့အဖော်မရှိဖြစ်နေချိန် ဘာလ်ရာဂျူးနဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်သွားခဲ့တယ် ။ ဘာလ်ရာဂျူးဆိုတာက အရာအားလုံးထက် ဒီနေ့မှာပျော်နေဖို့အရေးကြီးတယ်ဆိုတဲ့ ပျော်ပျော်နေတတ်တဲ့သူ...ဘဝကိုအလေးအနက် အများအတွက်ရှင်သန်တတ်တဲ့မိသားစုနဲ့ ပျော်အောင်ကြံဖန်နေတတ်တဲ့ ဘာလ်ရာဂျူးတို့ ဘယ်လိုအလွဲအချော်တွေကြုံတွေ့ရမလဲ ဘာလ်ရာဂျူးတစ်ယောက်ရဲ့ဘဝမှာ အပြောင်းအလဲတွေဖြစ်လာဦးမလား အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.9GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Bootcut Balaraju (2024)

2023
Baipan Bhari Deva (2023) 8.2
Baipan Bhari Deva (2023) Baipan Bhaari Deva (2023) "မိန်းမသားတို့ ဘဝ"IMDb 8.2 ရထားပြီး ဘတ်ဂျက် ၅ ကုဋေသာ အကုန်ကျခံရိုက်ကူးထားပေမဲ့ ရုံတင်ငွေ ၉၂ ကုဋေအထိ (အမြတ် ၁၈ ဆ) ပြန်လည်ရရှိခဲ့ပြီး ထင်မထားပဲ ပေါက်ခဲ့တဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗြိတိန် ရုပ်ရှင်ဆုပေးပွဲ BAFTA မှာ ၁၉၈၂ က ဂန္ဒီရုပ်ရှင်နဲ့ အကောင်းဆုံးဇာတ်ပို့မင်းသမီးဆု ရရှိခဲ့ဖူးတဲ့ တစ်ဦးတည်းသော အိန္ဒိယမင်းသမီး Rohini Hattangadi ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ညီအစ်မခြောက်ယောက်ရဲ့ အခက်အခဲကိုယ်စီနဲ့ သူတို့ရဲ့ ဘဝနေထိုင်မှုတို့ကို ဟာသလေးနှောပြီး တင်ဆက်ထားတာပါ စိတ်ဓာတ်ကျနေတဲ့ ဂျာရာ၊ ယောကျာ်းက အမြဲတမ်းတစ်ခုပြီးတစ်ခု ခိုင်းတာခံရတဲ့ ချာရူ၊ သမီးဖြစ်သူက ယောက္ခမကို အမေထက် ပိုဂရုစိုက်အလေးပေးနေလို့ စိတ်အားငယ်နေတဲ့ မိခင်တစ်ယောက်ဖြစ်သူ ရှာရှီ၊ အိမ်ထောင်ရေးပြဿနာကို ရင်ဆိုင်နေရတဲ့ ပါလာဗီနဲ့ ချွေးမကိုအလေးမထားတဲ့ ယောက္ခထီးကို ပိုင်ဆိုင်ထားသူ ဆာဒါနား တို့ရဲ့ ဘဝအခက်အခဲတွေ မိန်းမသားတို့ဘဝရဲ့ ကြမ်းတမ်းမှုတွေကို ...
movie

Baipan Bhari Deva (2023)

2023
Local Sarakku (2024) 7.1
Local Sarakku (2024) Local Sarakku(2024) (ပြည်တွင်းဖြစ်အရက်)IMDb 7.4/10 နာမည်ကြီးဟာသသရုပ်ဆောင် ယိုဂီဘာဘူပါဝင်ထားတဲ့ တမီးလ်ဟာသဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဆာရာဗာနားဆိုတဲ့ လူတစ်ယောက်ဟာ နေ့နေ့ညည အရက်သောက်ရင်းနဲ့ပဲ အချိန်ကုန်လေ့ရှိတဲ့ အရက်ဂျိုးကြီးတစ်ယောက်...ညီမဖြစ်သူရဲ့ဝင်ငွေကိုပံ အားကိုးနေရတာကြောင့် အရက်ဖိုးလေးကိုက်အောင် ရရာအလုပ်ဝင်လုပ်ပေမယ့်လည်း အမျိုးမျိုးအဆင်မပြေ...တစ်ရက်မှာတော့ ဆာရာဗာနားတို့အိမ်နားကို မာဟက်ရှ်ဆိုတဲ့ မိန်းမချောလေးပြောင်းလာခဲ့တယ်... မာဟက်ရှ်က မထင်မရှားသရုပ်ဆောင်လေးတစ်ယောက်ဖြစ်ပေမယ့် ရတဲ့အလုပ်ကို ကျေနပ်စွာလုပ်ပြီး ကြိုးစားတဲ့သူ...ဆာရာဗာနားတစ်ယောက် မာဟက်ရှ်ကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ... အရက်ဂျိုးကြီးတစ်ယောက် ဘာတွေဆက်လုပ်မလဲ ကိုယ့်ကိုယ်ကိုပဲ ပြောင်းလဲတော့မလား ဘာတွေဆက်ဖြစ်မလဲဆိုတာ ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…2.37GB / 1.08GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Local Sarakku (2024)

2023
Saapala (2024)
Saapala (2024) Sapala (2024) အမဲလိုက်ပွဲဇာတ်လမ်းအစမှာကို နတ်ပူးသလို သရဲကပ်သလို အကြားအမြင်ရသလိုလိုနဲ့ "လူသတ်မှုဖြစ်လာတော့မယ်" ဆိုပြီးတော့ အိမ်ဖော်မလေးတစ်ယောက် ကယောင်ကတမ်းတွေပြောနေလေရဲ့ တစ်ချက်တစ်ချက်သူမကြိုမြင်လိုက်တဲ့အနာဂတ်ကပုံရိပ်ထဲမှာလည်း လူတစ်ယောက်က တူနဲ့ထုသတ်နေတာတွေ မြေမြှုပ်နေတာတွေအစုံပဲပေါ့ ယောကျာ်းဖြစ်သူကထားခဲ့လို့ ဒီအိမ်ဖော်မလေးကို အိမ်ရှင်လင်မယားဖြစ်သူကသနားလို့ခေါ်တင်ထားကြတာပါဟင်းချက်လည်းတော် အကျင့်လေးကလည်းကောင်းတော့ သူဒီအိမ်မှာသောင်တင်နေတယ်ပေါ့ သူမြင်လိုက်တဲ့မြင်ကွင်းက အိမ်ရှင်လင်မယားထဲက ယောကျာ်းဖြစ်သူ အူဒေးပါ အူဒေးလူသတ်နေပုံကို အာရုံထဲကြိုမြင်ပြီးနောက်မှာ အပြင်လောကကအူဒေးဟာလည်း ပုံမှန်လိုမဟုတ်တော့ဘူး ပုံမှန်ထက်ကို ၁၀ဆလောက်ဒေါသတွေကြီးလာပြီး စိတ်လွတ်လွတ်သွားတဲ့ပုံစံဖြစ်လာခဲ့တယ်ဒီလိုနဲ့တစ်နေ့ အူဒေးရဲ့ကျောင်းသားလိုဖြစ်နေတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်က ဒီအိမ်ကိုလာတည်းရင်းဇာတ်လမ်းရေးဖို့ဖြစ်လာချိန်မှာတော့ ။။ ဘယ်လိုသည်းထိပ်ရင်ဖိုတွေဖြစ်လာမလဲ အိမ်ဖော်မလေးတွေ့ခဲ့တဲ့အနာဂတ်အာရုံတွေက တကယ်ပဲလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size…1.75GB / 737MB Quality…WEB DL 1080p /720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Saapala (2024)

2024
Singapore Saloon (2024) 6.6
Singapore Saloon (2024) Singapore Saloon (2024) .(စင်္ကာပူဆံသဆိုင်)imdb 7.1/10ဘုရားသခင်ရဲ့ အလုပ်အကိုင်က ဘာလဲသိလား ကြိုးစားပြီးအောင်မြင်လာတဲ့သူတွေကို ရွေးချယ်ပြီး သူတို့ကိုနှိပ်စက်ဖို့ပဲတဲ့.....ပရိသတ်တွေရော အဲ့လိုခံစားချက်မျိုးရှိဖူးကြလား ကိုယ့်ဝါသနာ ကိုယ့်အလုပ်တစ်ခုကို ကြိုးစားပမ်းစား စိတ်ပါလက်ပါလုပ်နေချိန်မှာ အဘက်ဘက်ကပြသနာတက်နေတာမျိူးပေါ့ဒီတမီလ်ဇာတ်ကားလေးထဲမှာ ကာသီရ်ဆိုတဲ့ကောင်လေးက သူတို့ရွာက အဘိုးကြီး ချာချာရဲ့ စင်္ကာပူဆလွန်းဆိုတဲ့ ဆံသဆိုင်လေးကို အရမ်းသဘောကျလို့ သူအရွယ်ရောက်လာတဲ့အခါမှာ ဆံသဆရာတစ်ယောက်အဖြစ် အလုပ်လုပ်ဖို့အတွက် အရာအားလုံးကိုစွန့်လွှတ်ခဲ့ပြီး သူ့ရဲ့အိပ်မက်ဆံသဆိုင်ကြီး စင်္ကာပူဆလွန်းကို မြို့ပေါ်မှာသွားဖွင့်တဲ့အချိန်မှာ ပြဿနာပေါင်းစုံတက် အတိုက်အခိုက်မျိုးစုံတွေ သတ်သေချင်လောက်အောင် စိတ်ဓာတ်ကျဆင်းမှုတွေကြားထဲမှာ အဲ့လိုလောကဓံတွေကို ဘယ်လိုရင်ဆိုင်တွန်းလှန်ခဲ့လဲဆိုတာ ရိုးရိုးလေးပဲ တင်ဆက်ပြထားပါတယ်ဒီဇာတ်ကားလေးကို တစ်ခုသဘောကျမိတဲ့အချက်က ဒီထဲမှာ ရိုက်ကူးပြထားတဲ့ မင်းသားရဲ့ ကလေးဘဝကြီးပြင်းလာပုံ ဇာတ်ဝင်ခန်းတွေမှာ ငယ်ငယ်က ကျောင်းပိတ်ရက်သွားလည်ဖူးတဲ့ ဆံပင်ညှပ်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေ ကိုယ့်မိဘတွေပြီးရင် အခင်ဆုံးဖြစ်ခဲ့တဲ့ ရပ်ကွက်ထဲက သဘောကောင်းတဲ့ ဦးလေးကြီးတွေကို ပြန်မြင်ယောင်မိမှာ ဖြစ်ပြီး တချို့နေရာလေးတွေမှာ ကိုယ့်အဖြစ်နဲ့ယှဉ်တွေးမိပြီး ပြုံးစိစိလေးဖြစ်ရင်းနဲ့ ဇာတ်လမ်းလေးကို ခံစားကြည့်ရှုနိုင်မှာဖြစ်လို့ ဒီလိုဒရာမာကားကောင်းတွေ ကြိုက်နှစ်သက်တဲ့ ကိုယ့်ငယ်ဘဝကို ခဏလောက်ပဲဖြစ်ဖြစ် စိတ်ကူးလေးပြန်ယဉ်ချင်တဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ (CM Bollywood Team) ကပဲ ဖြစ်ပါတယ်( ...
movie

Singapore Saloon (2024)

2024
Naadu(2023) 8.7
Naadu(2023) Naadu 2023 တောင်ပေါ်ရွာ‌ရောက်အရှုပ်တော်ပုံIMDb-8.8ဆရာဝန်ဇာတ်လမ်းတွေထဲမှာ ကျွန်တော်တို့ရင်ထဲနေရာယူခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုချပြပါဆိုရင် ကြိုးကြာတောင်ပံခတ်သံပေါ့။ ဒီ‌ဇာတ်လမ်းအဆွယ်ကောင်းလို့ ဆရာဝန်ပေါက်စဖြစ်ချင်တဲ့သူတွေလည်း မနည်းမနောရှိခဲ့တာပေါ့လေ။အခုတင်ဆက်ပေးမှာကတော့ နာဂတောင်တန်းမဟုတ်တဲ့ ကိုလီတောင်တန်းက အစစအရာရာ ခေတ်နောက်ကျနေတဲ့ တမီလ်ရွာလေးမှာ တောင်ပံခတ်မယ့် ကြိုးကြာမလေးအကြောင်းပေါ့။ ကိုလီတောင်တန်းပေါ်က တောင်ပေါ်ရွာလေးဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ အစွန်အဖျားကရွာလေးဆိုတော့ အစစအရာရာမှာ ခေတ်နောက်ကျနေတာပေါ့။ တီဗီလိုင်းမရှိ ကားမရှိတဲ့ဒီရွာလေးမှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းရနေတာကပဲအတော်လေး ကျေးဇူးတင်စရာကောင်းနေတယ်ပဲ ပြောရမလိုပါ။လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့အတွက် ဘာမှမရောက်ဘဲ သီးခြားကွဲထွက်နေတဲ့ ရွာလေးမှာ ဘတ်စ်ကားတောင်မှ မနက်တစ်ခါ ညနေတစ်ခါပဲရောက်ပါသတဲ့။ ဆေးရုံကားဆိုတာကလည်း အရေးပေါ်ကိစ္စနဲ့ခေါ်လိုက်ရင် လူနာသေမှ အလောင်းလာသယ်သလိုလိုအဖြစ်တွေလည်း ဒုနဲ့ဒေးပါပဲ။ ဒီလိုနဲ့ ရွာမှာကောင်မလေးတစ်ယောက် လက်ကောက်ဝတ်လှီးပြီး အဆုံးစီရင်တာကို ဆေးရုံကားခေါပြီး ဆေးရုံပို့ဖို့လုပ်ပေမဲ့ ကားကညမှရောက်ပြီး နောက်ကျလို့ လူနာအသက်မမီလိုက်တဲ့အပြင် ဆရာဝန်က မြည်တွန်တောက်တီးတာခံလိုက်ရချိန်မှာတော့ အတော်လေးရင်ခံသွားကြတဲ့ရွာသားတွေ အလောင်းလာပြန်ပို့တဲ့ဘတ်စ်ကားရှေ့မှာ ပိတ်ရပ်ပြီး ဆန္ဒပြကြပါတော့တယ်။သူတို့ရဲ့တောင်းဆိုချက်ကတော့ အစစအရာရာနိမ့်ကျနေသည့်တိုင်အောင် သူတို့လည်း ဆေးဘက်ဆိုင်ရာအထောက်အပံ့ရခွင့်ရှိတာကြောင့် ရွာဆေးရုံမှာ ဆရာဝန်တစ်ယောက်ခန့်ထားပေးဖို့ပါပဲ။ ကြိုးကြာတောင်ပံခတ်သံကသာ ဖတ်လို့ကောင်းတာ ကိုယ်တကယ်ကြုံရမယ်ဆိုတော့ transferလျှောက်ပြီး အကုန်ပြန်ပြေးကြတာမလို့ ခရိုင်မှူးလည်း အကျပ်ရိုက်နေတာပေမဲ့ ရွာသားတွေကိုငဲ့တဲ့အနေနဲ့ အာဏာသုံးပြီး ဆရာဝန်တစ်ယောက် မရမကလွှတ်ပေးဖို့စီစဉ်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့ ...
movie

Naadu(2023)

2023
Geetasakshigaa (2023) 6.9
Geetasakshigaa (2023) Geeta Sakshigaa (2023) အမှန်တရားIMDb 7.3/10 နာကျင်မှုနဲ့မွေးဖွားလာပြီးတော့ အမျိုးသမီးအဖြစ်ဆက်လက်ရှင်သန်ရတဲ့ မိန်းမသားတွေ.. ကိုယ်ထွက်လာတဲ့သားအိမ်ကို ကိုယ်ပြန်ဓားထိုးတတ်ကြတဲ့ လူမဆန်တဲ့ ယောကျာ်းတွေဆိုတာ ကမ္ဘာအနှံ့မှာရှိနေတတ်ပါတယ်အမျိုးသမီးတွေကို နတ်ဘုရားမလိုကိုးကွယ်ကြတဲ အိန္ဒိယမှာ လူမဆန်စွာနဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရတဲ့ မာနီရှာလေး မွေးနေ့မှာပဲ အမျိုးသမီးဘော်ဒါဆောင်မှာအသတ်ခံလိုက်ရပြီး ဖြစ်ချင်တော့ ဒီပါဝလီပွဲနေ့ဖြစ်လို့ အဆောင်သူအတော်များများအိမ်ပြန်နေချိန် ဒီဖြစ်ရပ်ဆိုးကိုသူမကြုံတွေ့သွားခဲ့ရတယ်အဆောင်ထဲထိ ဒီလိုဝင်လုပ်သွားလို့ ဒီသတင်းက ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပြီး သတင်းတွေထဲမှာပါ ပါလာခဲ့ပြီးနောက် ဝန်ကြီးကိုယ်တိုင်က ဖြေရှင်းချိန် ၄၈နာရီပေးခဲ့ပြီး တရားခံရှာမတွေ့ရင် သူကိုယ်တိုင်ရာထူးကနုတ်ထွက်မယ်လို့ မီဒီယာ‌ရှေ့ကတိပေးခဲ့တယ်အာဂျွန်_ ဟိုက်ဒရာဘတ်ကနာမည်ကြီး‌ဒီဂျေသမားလေး မိသားစုနဲ့ နာမည်ဂုဏ်နဲ့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေရင်းနဲ့ ကံဆိုးမိုးမှောင်ကျပြီး ရဲတွေက လာဖမ်းခဲ့ကြတယ် အကြောင်းကတော့ မုဒိမ်းကျင့် လူသတ်ခဲ့လို့ပါတဲ့ တကယ်ပဲအာဂျွန်သတ်ခဲ့တာလား ၅ နှစ်ကြာပြီးမှ ပြန်လည်ထွက်ပေါ်လာမဲ့ ဒီဇာတ်လမ်းမှာ ဘယ်သူကမှန်ပြီး ဘယ်သူကမှားမယ်ဆိုတာကိုတော့။(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team ကဘာသာပြန်ဆိုပေးထားပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Geetasakshigaa (2023)

2023