Box Office – Channel Myanmar
Channel Myanmar

Box Office

The Mule (2018) 7.2
The Mule (2018) The Mule ဆိုတာ တကယ့်ကိုကောင်းတဲ့ဇာတ်ကားလေးတစ်ကား၊ ကြည့်ရတာတန်စေမယ့်ဇာတ်ကားလေးတစ်ကား၊ ပေးချင်တဲ့ message ကိုမိမိရရပေးသွားနိုင်ရုံတင်မကဘူး ရသအမျိုးမျိုးကိုပါခံစားပေးဝေနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားအမျိုးအစားက Crime/Drama အမျိုးအစားလေးဖြစ်ပြီး ကိုရီးယားစစ်ပြန်ကြီး၊ ပန်းစိုက်ပျိုးရေးမှာအောင်မြင်ခဲ့တဲ့ အဘိုးကြီးတစ်ယောက် အသက်ကြီးမှဒုက္ခရောက်ပြီး မက္ကဆီကန်မူးယစ်ဂိုဏ်းရဲ့လက်သုံးတော်ခံတစ်ာက်ဖြစ်သွားခဲ့ရတဲ့အပြင် ဘဝမှာအကြီးမားဆုံးအမှားတစ်ခုကို အချိန်လွန်မှသိခဲ့ရတာပါပဲ။ ဇာတ်လမ်းအစကနေ အဆုံးထိ မငြီးငွေ့စေရဘဲ ဆွဲဆောင်လွန်းနိုင်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုပြောပြတာထက် ကိုယ်တိုင်ပဲအစအဆုံးကြည့်ရှုခံစားစေချင်ပါတယ်။ IMDb rating ဆိုရင်လည်း 7.1 အထိရရှိထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ပြောရရင် ဒီထက်ပိုကောင်းတဲ့ကားလေးဖြစ်ပါတယ်။ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ ဇာတ်ဝင်တေးအေးအေးလေးတွေနဲ့ ဇာတ်ရှိန်အတက်အကျလေးတွေကို ကောင်းကောင်းကြီးခံစားရမှာသေချာပါတယ်။ ကြည့်ပြီးရင် နောက်ပြန်ကြည့်ဖို့သိမ်းထားသင့်တဲ့ကားလေးလည်းဖြစ်ပါတယ်။   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)   File Size : (950 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 56min Format : Mp4 Genre : Crime, Drama, Thriller Subtitle : ...
7.2
IMDB: 7.2/10 20,188 votes
movie

The Mule (2018)

2018
Blu-Ray 720p
Bumblebee (2018) 7.3
Bumblebee (2018) အချိန်ကတော့ ၁၉၈၇ ခုနှစ်ကို အချိန်တည်ထားပါတယ် အော်တိုဘော့ တွေဟာ သူတို့ဂြိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပြီး အခြေအနေ မဟန်တဲ့ အခါ ဘမ်ဘယ်ဘီး ကို ကမ္ဘာကိုလွှတ်ပြီး စောင့်နေဖို့ ခိုင်းလိုက်ပါတယ် ပြီးရင် ပြန့်ကျဲနေတဲ့ အောတိုဘော့ တွေ ကို ပြန်လည်စုစည်းပြီး ရန်သူတွေကို ချေမှုန်းမယ့် အကြံနဲ့ပါ... ဒါပေမဲ့ ဘမ်ဘယ်ဘီး ကမ္ဘာကိုဦးတည်သွားတာ သိတဲ့ ရန်သူတစ်ချို့က လိုက်လံရှင်းလင်းရင်း ကမ္ဘာမှာ ပထမဆုံး စက်ရုပ်စစ်ပွဲတွေ စတင်ဖြစ်ပွားပါတော့တယ်... အခြေအနေကို စောင့်နေရမယ့် ဘမ်ဘယ်ဘီး လဲ လိပ်ခုံးကားလေးတစ်စီးအဖြစ် ပြောင်းလဲပြီး အော်တိုမတ်ပရိုင်း တို့ ပြန်အလာကို စောင့်နေခဲ့ရင်း အချိန်ကြာသွားခဲ့ပါတယ် တစ်ရက်မှာတော့ သူ့အတွက် သံယောဇဉ် တွယ်ရမယ့် သူတစ်ယောက်ကို ပထမဆုံး စတွေ့ခဲ့ပါတယ် သူကတော့ ချာလီ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ပါ ချာလီကတော့ ကားတစ်စီးအပြင်းအထန်ရဖို့ ပိုက်ဆံစုနေသူဖြစ်ပြီး သူမ ဖခင် ထားခဲ့တဲ့ ကားအဟောင်းကြီးကို အချိန်မှန်မှန်ပြင်နေတက်သူပါ တစ်ရက် ကားအဟောင်းဆိုင်မှာ ဘမ်ဘယ်ဘီး ကို စတွေ့ခဲ့ပြီးနောက် သူမ ဘ၀ထဲကို အချစ်ရဆုံးသူအဖြစ် ...
7.3
IMDB: 7.3/10 12,974 votes
movie

Bumblebee (2018)

2018
WEBDL 720p
Aquaman (2018) 7.9
Aquaman (2018) Blu-Ray(1080p5.1,720p,720px265,480p)   Blu-Ray Update ပါ Blu-Ray 1080p 5.1CH,720p,480p,720px265 တွေနဲ့ Encode ပြီးတင်ပေးထားပါတယ် ==================================== ဒီစူပါဟီးရိုး ရုပ်ရှင်ဟာ DCEU ရဲ့ ၆ ကားမြောက်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ရှေ့မှာတော့ Man of Steel, Batman  vs Superman, Suicide Squad, Wonder Woman, Justice League တို့ ထွက်ရှိထားပြီးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ============  အတ္တလန်တစ်နိုင်ငံရဲ့ မင်းသမီးဟာ ကုန်းမြေပေါ်က မီးပြတိုက်စောင့်တစ်ယောက်နဲ့ ချစ်မိပြီး အာသာ(အကွာမန်းကို) မွေးဖွားခဲ့ပါတယ်။ သူကြီးပြင်းလာချိန်မှာ အတ္တလန်တစ်ရဲ့ ဘုရင် အွန်းမ်ဟာ နိုင်ငံ ၇ ခု ကို စုစည်းပြီး ကုန်းမြေကမ္ဘာကို စစ်တိုက်ဖို့ ပြင်ဆင်လာပါတယ်။ ဒီစစ်ပွဲကိုတားဖို့ အတွက် အာသာဟာ သူ့ရဲ့ဆရာ ဗော်ကို၊ မင်းသမီး မယ်ရာ တို့ရဲ့ အကူအညီနဲ့ စွမ်းအားအကြီးဆုံး သုံးခွခရင်း ထရိင်းဒန့်ကို ရှာပြီး အတ္တလန်တစ်ရဲ့ ထီးနန်းကို ...
7.9
IMDB: 7.9/10 24,893 votes
movie

Aquaman (2018)

2018
IMAX Blu-Ray 1080p/720p
Rampant (2018) 6.1
Rampant (2018) လီချွမ်ဟာ ဂျိုဆွန်းမင်းသား တစ်ပါးဖြစ်ပြီး စစ်ရှုံးခဲ့တဲ့အတွက် ချင်မင်းဆက်ရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါ တယ်။ လီချွမ်ဟာ အရမ်းတော်တဲ့ ဓားသမားတစ်ယောက် ဖြစ်ပေ မယ့် အရက်သေစာသောက်စား တာ၊ မိန်းမလိုက်စားတာ၊ လောင်းကစားလုပ်တာတွေမှာလည်း ပျော်မွေ့သူတစ်ယောက်ပါ။ တစ်ရက်မှာတော့ လီချွမ်ရဲ့ အစ်ကို အိမ်ရှေ့မင်းသား လီ ယောင်ဟာ ဂျိုဆွန်းထီးနန်းပြန်ရခဲ့ တဲ့အတွက် လီချွမ်ကို ဂျိုဆွန်းကို ပြန်ခေါ်ခဲ့ပါတယ်။ လီချွမ်အဖို့ တော့ ဆယ်နှစ်ကျော်ကြာမှ ဂျိုဆွန်းမြေပေါ် ပြန်ခြေချခွင့်ရတာ ဖြစ်ပါတယ်။ လီချွမ်ဂျိုဆွန်းကို ပြန်ရောက် တာနဲ့ ဂျိုဆွန်းမှာ ထိတ်လန့်ဖွယ် ရာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်လို့နေပါတယ်။ အဲဒါကတော့ ကြောက်စရာ မကောင်းဆိုးဝါး တွေ ညအချိန်ထကြွသောင်းကျန်း တာမို့ လူတွေအစုလိုက်၊ အပြုံ လိုက် သေဆုံးခဲ့ရလို့ပါ။ လူအချင်းချင်း တစ်ယောက် နဲ့ တစ်ယောက် ကိုက်ဖြတ်သတ် ဖြတ်ရင်း ရောဂါတွေကူးကုန်တာ ဘယ်လိုမှ ထိန်းမနိုင်တဲ့ အနေ အထားအထိအောင် ...
6.1
IMDB: 6.1/10 38,548 votes
movie

Rampant (2018)

2018
Blu-Ray 1080p/720p
Spider-Man: Into the Spider-Verse (2018) 8.7
Spider-Man: Into the Spider-Verse (2018) With great power comes great responsibility ကြီးမားတဲ့စွမ်းအားမှာကြီးမားတဲ့ဝတ္တရားရှိတယ် ဒီစကားပုံလေးကိုမြင်တာနဲ့ long long agoSpiderma movie ထဲက Uncle Ben ပြောတာကို ပြန်မြင်ယောင်မိကြမှာပါ Spiderman ဆိုတဲ့ comic character ကို Tobey Magurie နဲ့ triology ရိုက်ခဲ့သလို Andrew Garfield နဲ့လဲ ၂ ကားထပ်ရိုက်ခဲ့ပါတယ် Tobey ရော Andrew ရော အတော်အောင်မြင်ခဲ့တယ်ပြောရမှာပါ အခု Into thespiderverse ဆိုပြီး Animation တစ်ကားထပ်ထွက်လာပါတယ် ဒီ Spiderverse မှာ ကျွန်တော်တို့အချစ်တော် ပီတာပါကာ အပါဝင် မိုင်းစ်မိုရဲလတ်စ် ဆိုတဲ့ လူမဲ စပိုက်ဒါမန်းလေး ပါမြင်ရမှာပါ အခုကားက Comic timeline နဲ့လုံးဝကွဲထွက်ပါတယ် အခြား comic game reference တွေယူပြီး သူ့ဘာသူတည်ဆောက်သွားတယ် spiderman 6 ယောက်ထည့်သွင်းထားတယ် spiderverse ဆိုတဲ့အတိုင်း multiverse တွေကလာတဲ့အခြား spiderman တွေပါလာတယ် ဇာတ်လမ်းအကျဉ်းကတော့ villain ဖြစ်တဲ့ ကင်းပင်က အမှုန်အရှိန်ပေးစက်သုံးပြီး portal တွေဖွင့် အခြာuးniverse က သူ့မိသားစုကိုပြန်ခေါ်ဖို့လုပ်ပါတော့တယ် ဒါပေမယ့် အမှုန်အရှိန်ပေးစက်ရဲ့ side effect ကြောင့် reality ...
8.7
IMDB: 8.7/10 87,554 votes
movie

Spider-Man: Into the Spider-Verse (2018)

2018
Blu-Ray 1080p 5.1 CH
Mary Poppins Returns (2018) 7.2
Mary Poppins Returns (2018) တစ်ခေတ်တစ်ချိန်က အောင်မြင်ခဲ့ပြီး ဆုပေါင်းများစွာအရယူထားနိုင်ခဲ့တဲ့ Marry Poppins (1964) ရဲ့ Sequal အဖြစ် အခု ၂၀၁၈ မှာMary Poppins' Return ဆိုပြီး ပြန်လည်အသက်သွင်းခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ Mary Poppins ဆိုတာ မှော်ဆရာမလေးတစ်ဦး၊ သူဘယ်ကလာလဲ၊ ဘယ်အချိန်ပေါ်လာမလဲ၊ ဘာကြောင့်မှော်အစွမ်းတွေရထားတာလဲဆိုတာတော့ဘယ်သူမှမသိပါဘူး။ Mary Poppins' Return အကြောင်းမပြောခင် Mary Poppins (1964) အကြောင်းလေးကနေစပြောမှ ဇာတ်ရေနည်းနည်းလည်ပါလိမ့်မယ်။ Jane Banks နဲ့ Michael Banks တို့ငယ်ငယ်တုန်းက Mary Poppins က ကလေးထိန်းအဖြစ်နဲ့ စောင့်ရှောက်ပေးခဲ့ပါတယ်။ အဲ့ဒီမောင်နှမနှစ်ယောက် အဖေဖြစ်သူနဲ့အဆင်ပြေပြေဖြစ်သွား၊ မိသားစုကိစ္စတွေလဲပြေပြေလည်လည်ဖြစ်သွားခဲ့တဲ့အချိန်မှာ Mary Poppins ကသူ့ရဲ့မူလနေရာလို့ဆိုရမယ့် လန်ဒန်မိုးကောင်းကင်ပေါ်ကို ပြန်သွားခဲ့ပါတယ်။ အဲ့အချိန်ကစပြီး Jane နဲ့ Michael တို့နှစ်ယောက် Mary Poppins ကိုပြန်မတွေ့တော့ပါဘူး။ Mary Poppins နဲ့အတူ ကြုံတွေ့ခဲ့ရတဲ့ ...
7.2
IMDB: 7.2/10 34,140 votes
movie

Mary Poppins Returns (2018)

2018
Blu-Ray 720p
Uri: The Surgical Strike (2019) 9.1
Uri: The Surgical Strike (2019) IMDb Rating - 9/10 Google Users - 98% Quality - Web-HD (For Screening Version) ရုံတင်ဆဲ ခိုးထွက်လာခဲ့ပြီး စာတန်းဖိုင်လေး မပါခဲ့တာခုတော့ မနေ့ကမှထွက်လာတဲ့ စာဖိုင်အမှန်လေး ရရချင်း အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်။ 2019 နှစ်စပိုင်းမှာ စစချင်း ဆောက်နဲ့ထွင်းဆိုသလိုအောင်ပွဲခံနေတဲ့ ဘောလိဝုဒ်နာမည်ကြီးရုပ်ရှင်ကား တစ်ကားပါပဲ။သူ့အောင်မြင်မှုတွေက အံ့မခန်းပါပဲ။ ------------------------------------------------------- "ဇာတ်လမ်းအကျဉ်း" " အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ အိန္ဒိယ နိုင်ငံ အဓွန့်ရှည် တည်မြဲပါစေ " အသံတွေဟာ အရောင်မဲ့လည်း ခွန်အားပါလွန်းသည် ။ အထူးတပ်ဖွဲ့မို့လည်း ဗျုဟာ ကျွမ်းလှသည်။ သတ္တိရေးရာမှာ မကြောင်သလို ဥာဏ မှာလည်း မညံ့။ ယောက်ျား ဘာသား ဟူ၍ တဇွတ်ထိုးထိုးစစ်မဆင်။ စစ်ချီအား အလုံးအရင်း မသုံး။သို့သော် တိုးတက်သော နည်းပညာအပေါ် စနစ်ကျကျ အသုံးချသည်။ တိုက်လည်းတိုက်ရဲသလိုသေလည်း သေရဲ သော တပ်ဖွဲ့ဖြစ်သည်။ ဤ အထူး တပ်ဖွဲ့ ...
9.1
IMDB: 9.1/10 17,185 votes
movie

Uri: The Surgical Strike (2019)

2019
Ralph Breaks the Internet (2018) 7.5
Ralph Breaks the Internet (2018) ပြီးခဲ့တဲ့ Ralph ရုပ်ရှင်မှာဆိုရင်တော့ Ralph ရဲ့ ကမောက်ကမ ဖြစ်အင်တွေနဲ့ ဇတ်လမ်းစတည်ခဲ့ပြီး ပြိုင်ကားမောင်းတဲ့ မင်းသမီးလေး Vanellope ရဲ့ မူလ ဘ၀ကို ပြန်လည် ကယ်တင်ပေးနိုင်ခဲ့ပြီး အရာရာ အဆင်ပြေခဲ့တာကို သိကြမှာပါ Ralph နဲ့ Vanellope တို့ဟာ အတူတကွ ပျော်ရွှင်စွာ နေသွားကြလေသတည်းဆိုပြီး အပြီးသတ်ခဲ့ပေမဲ့ အခုရုပ်ရှင်ဖြစ်တဲ့ Ralph Breaks The Internet ဆိုတဲ့ ရုပ်ရှင်မှာတော့ ပြိုင်ကားမောင်းဂိမ်း ထဲက မင်းသမီးလေး Vanellope ပြိုင်ပွဲ ၀င်နေတဲ့ အချိန် Ralph တစ်ယောက် အနိုင်ရအောင် ဆိုပြီး သူ့အကြံနဲ့ သူ ဖြတ်လမ်းတွေ ဖောက်ခဲ့ပါတယ်... ဖြစ်ချင်တော့ အဲ့ဒီလို ပရိုဂရမ်ကနေ သွေဖယ်သွားတဲ့ လမ်းကြောင်းကို အပြင်က ဂိမ်းဆော့သူက လိုက်ပြီး ပြန်ထိန်းချုပ်ရင်း အဲ့ဒီပြိုင်ကား ဂိမ်းစက်ဟာ ပျက်စီးသွားခဲ့ပါတော့တယ်.... ဆိုင်ရှင်က အပိုပစ္စည်း မှာဖို့ ကြံစဉ်ပေမဲ့ မူလ လက်ဟောင်းဖြစ်တဲ့အတွက် အပိုပစ္စည်းမရှိသလို အင်မတန်ဈေးကြီးတဲ့အတွက် Vanellope ရဲ့ ပြိုင်ကားဂိမ်းစက်ကို ချောင်ထိုးထားဖို့ စိတ်ကူးသာ ရရှိသွားပါတော့တယ်... ဒီလိုနဲ့ ပြိုင်ကား ဂိမ်းထဲ နေထိုင်နေကြတဲ့ သူတွေ အားလုံးဟာ ထွက်ပြေးကြရင်း ဖြတ်ကူးကြတဲ့ ကြား တစ်နေရာမှာ သောင်တင်ကုန်ကြပါတယ်.. Ralph ကလဲ ...
7.5
IMDB: 7.5/10 20,743 votes
movie

Ralph Breaks the Internet (2018)

2018
BluRay 720p
Isn’t It Romantic (2019) 6.1
Isn’t It Romantic (2019) ဇာတ်လမ်းအကြောင်းအကျဉ်းချုပ်ပြောရရင်တော့ အချစ်ဇာတ်မြူးကားမကြိုက်တဲ့ကောင်မလေးတစ်ယောက် အချစ်ဇာတ်မြူးကားထဲ ပိတ်မိသွားတဲ့ အချစ်ဇာတ်မြူးကားလို့ ပြောရမှာပဲ.. ရှုပ်များသွားသလား မသိဘူး။ ငယ်ဘ၀မှာ မိခင်ဖြစ်သူသွင်းပေးလိုက်တဲ့ အတွေးခေါ်တွေကြောင့် အချစ်ဟာသကားတွေကို မုန်းတဲ့ နာတာလီဆိုတဲ့ ပုံ့ပုံ့ဖိုင့်ဖိုင့်ဗိသုကာပညာရှင်မလေး ... စိတ်ကူးယဉ်ဆန်တာတို့ ချစ်ခြင်းတို့ဆိုတာတွေဟာ သူ့လိုမိန်းကလေးတွေအတွက် မအပ်စပ်တဲ့အရာလို့ တစ်ယူသန်မှတ်ထားတဲ့ လက်တွေ့ဆန်မလေးတစ်ယောက် တစ်ညမှာ ရိုက်လုခံရပြီး အစစအရာရာ မထင်မှတ်ထားတဲ့ အပြောင်းအလဲကြီးနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာပေါ့.. နာတာလီလေးတစ်ယောက် လက်တွေ့ဘ၀ထဲပြန်ထွက်လာမလား.. သူမုန်းတယ်ထင်ခဲ့ဖူးတဲ့ အစစအရာရာပြည့်စုံနေတဲ့ဘ၀မှာ ပျော်မလားဆိုတာတော့ ကြည့်လိုက်ကြပါဦးလို့ Translated by Sane Khet Encoded by sithu
6.1
IMDB: 6.1/10 14,891 votes
movie

Isn’t It Romantic (2019)

2019
Aravindha Sametha Veera Raghava (2018) 8.2
Aravindha Sametha Veera Raghava (2018) IMDb ratings:8.1/10 Google Users:91% "Aravinda Sametha Veera Raghava(သို့မဟုတ်)၅ရူပီးရန်ကြွေးရှင်းတမ်း" ဒီတစ်ခါတော့ တောင်ပိုင်းရုပ်ရှင်တွေနဲ့ရင်းနှီးပြီးသားသူတွေသိမယ့် Jr.N.T.R Rama Rao ရဲ့ အက်ရှင်၊ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းက ရိုးရိုးလေးနဲ့ ဖိုက်တင်တွေကို လိုအပ်သလောက်ပဲ သုံးပြီးပြောသွားတဲ့ ဒိုင်ယာလော့တွေ၊ကြည့်ရှုသူကို ပေးချင်တဲ့ မက်ဆေ့တွေကကောင်းလွန်းလို့ပါ။ ရာဂါးဗားဟာ နိုင်ငံခြားမှာ ပညာသင်ပြီး အိမ်ကို ပြန်လာတဲ့အခါမသင့်မမြတ် ဖြစ်နေတဲ့ ရွာနှစ်ရွာရဲ့ ရန်ကြွေးတွေအရရာဂါးဗားနဲ့ သူ့အဖေရဲ့ လူယုံတော်တွေ လမ်းမှာ လုပ်ကြံခံရပါတယ်။ သူ့ကိုပါ ဒီရန်ကြွေးတွေကြားထဲ ဝင်ပါဖို့ခေါ်နေသလိုပါပဲ။ ဒါပေမဲ့ ခေတ်ပညာတတ် ရာဂါးဗားဟာပညာတတ်တစ်ယောက် ပီသစွာ တုန့်ပြန်ခဲ့ပါတယ်။ ပြီးတော့ အချစ်နဲ့ တွေ့တဲ့အခါလူတိုင်းက သတ္တိခဲဖြစ်လာတတ်ကြသလိုအချစ်ကြောင့်ပဲ ကြည်နူးပျော်ရွှင်သွားတတ်တာကိုလည်းဖော်ပြထားပါတယ်။ သူ့ကြောင့်ပဲ ငါဟာ ပထမဦးဆုံးပြုံးဖူးတာပါတဲ့ ။ဒါပေမဲ့ ကံကြောင်းမလှချင်တော့..... တည်ငြိမ်သွေးအေးတဲ့ ဇာတ်ရုပ်မှာပီပြင်သလို ရက်စက်ပြီဟေ့ဆိုရင်နှစ်ယောက်မရှိတဲ့ ဗီရား ရာဂါးဗားဆိုတဲ့ဇာတ်ရုပ်ကို Jr.N.T.R Ramarao ကအံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ထားသလိုသူနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ မင်းသမီးကနာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့Hritik Roshan ရဲ့Mohenjo Daro ...
8.2
IMDB: 8.2/10 5,385 votes
movie

Aravindha Sametha Veera Raghava (2018)

2018
Viswasam (2019) 7.1
Viswasam (2019) Genre - Drama/Mystery IMDb Rating - 7.1/10 Google user - 88% တမီးလ်မင်းသားကြီး အာဂျီးကူးမားရဲ့ ယခုနှစ်မှာရုံတင်သွားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ မတင်တော့ဘူးလို့ ထားပေမဲ့ တောင်းဆိုသူတွေလည်းရှိနေတာမို့ တင်ဆက်ပေးလိုက်တာပါ။ ဇာတ်လမ်းအကျဉ်း -------------------------- သူကူးဒူရိုင်းဆိုတဲ့ လူလတ်ပိုင်းတစ်ယောက်...လူရမ်းကားကြီးတော့ မဟုတ်ရှာ။ဒါပေမဲ့ အားလုံးက ကြောက်ချစ်ရိုသေရသူပေါ့။ ရွာဘုရားပွဲမှာလည်း သူအစီအစဉ် ချပေးမှ...ရွာသားတွေ အပေါ်လည်း ဩဇာညောင်းချက်ကနှစ်ယောက် မရှိ။ ဘုရားပွဲကာလ ကျရောက်လာတော့....သူ့ဇနီးကို သွားခေါ်ဖို့ ပတ်ဝန်းကျင်က တိုက်တွန်းလာကြတယ်။ "တချိန်က နင်တို့အတူ ဘုရားပွဲမှာ ပျော်ရွှင်ခဲ့ကြသလိုခုနေ ငါ မသေခင် မြင်သွားခဲ့ချင်သေးတယ်" တဲ့။သူ့အဖွားက ပြောရှာတယ်။ မျက်နှာကိုသာ ပြုံးထားရတာရင်ထဲမှာတော့ မိုးတွေ ထစ်ချုန်းနေတာကို.. သူ ကိုယ်တိုင်ပဲ သိပါတယ်။ နေရာဒေသတစ်ခုကို ခရီးထွက်ဖို့ ယူစရာတွေ လိုပေမဲ့အတိတ်ကအချိန်ကို ခရီးထွက်ဖို့တော့ ရင်ဘတ်တစ်ခုရှိရင် ရတယ်မဟုတ်လား။ ရင်ထဲ ပူမိသမျှကို လူသိခံရမှာလည်း ခက်ပါရဲ့။ တချိန်က ရပ်ရွာကို လာပြီး အခမဲ့ဆေးကုခန်းလေးလာဖွင့်ခဲ့တဲ့ အရမ်းလှတဲ့ ဆရာဝန်မလေး။ ရပ်ရွာကို လာပြီး ဆေးကုခန်းလေး လာဖွင့်ခဲ့တာကသူကူးဒူရိုင်းရဲ့ ...
7.1
IMDB: 7.1/10 3,745 votes
movie

Viswasam (2019)

2019
Fantastic Beasts 2: The Crimes of Grindelwald (2018) 7.4
Fantastic Beasts 2: The Crimes of Grindelwald (2018) 2018 ထွက် မှော်ရုပ်ရှင်ဇာတ်လမ်းအသစ်ကို တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ စာရေးဆရာမ ဂျေကေရိုးလင်းရေးသားခဲ့တဲ့ စိတ်ကူးယဉ်မှော်ကမ္ဘာထဲမှာပဲ အခြေခံထားပါတယ်။ ဒီဇာတ်လမ်းတွေရဲ့ အရှေ့မှာတော့ ဟယ်ရီပေါ်တာ ရုပ်ရှင် ၈ ကား ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိရုပ်ရှင်ကတော့ ဟယ်ရီပေါ်တာတို့ မမွေးခင် ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုး လူလတ်ပိုင်းကာလကို အခြေခံထားပါတယ်။ ဒါဟာ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ပထမရုပ်ရှင်ကတော့ 2016မှာ ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ နျု့ စကာမန်ဒါဆိုတဲ့ မှော်ဆရာပါပဲ။ သူက မှော်ဝင်သတ္တဝါဆန်းတွေကို စိတ်ဝင်စား လေ့လာနေပြီး သူရေးခဲ့တဲ့ စာအုပ်ဟာ ဟယ်ရီပေါ်တာတို့ခေတ်မှာ ကျောင်းသုံးဖတ်စာအုပ်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ============ ရှေ့ကထွက်ထားတဲ့ ရုပ်ရှင်မှာ အဲဒီခေတ်ရဲ့ အတော်ဆုံးမှော်ဆရာနှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ဂရင်ဒယ်ဝေါ့ဒ် ကို နျု့ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်။ အော့စကူးရပ်စ်ဖြစ်တဲ့ ခရီးဒန့်စ်ကတော့ မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ ခရီးဒန့်စ်ကတော့ သူ့ရဲ့ မိဘနဲ့ဘဝအမှန်ကိုလိုက်ရှာနေပါပြီ။ ဂရင်ဒယ်ဝေါ့ဒ်ကတော့ ခရီးဒန့်စ်ကို သူ့ဘက်ပါအောင်စည်းရုံးဖို့ ကြိုးစားလာပါတယ်။ ဒမ်ဘယ်လ်ဒိုးကတော့ နျုကိုစေလွှတ်ပြီး ဂရင်ဒယ်ဝေါ့ဒ်ရဲ့ အစီအစဉ်ကို ပျက်အောင် တားဆီးခိုင်းပါတော့တယ်။ ဒီလောက်ဆိုရင် ဒီရုပ်ရှင်ကို ကြည့်လို့ရမှာပါ။ ...
7.4
IMDB: 7.4/10 12,444 votes
movie

Fantastic Beasts 2: The Crimes of Grindelwald (2018)

2018
Blu-Ray 1080p/720p
Robin Hood (2018) 5.4
Robin Hood (2018) Robinhood အကြောင်း သင်​ဘယ်​လောက်​သိလဲ???????? လူချမ်းသာတွေဆီက အသပြာခိုးယူပြီး ဆင်းရဲတဲ့သူတွေကိုဝေငှပေးတတ်​တဲ့ သူခိုးတစ်​ယောက်​........လို့ အကြမ်းဖျဉ်းသိထားကြမှာပါ........... Robinhood လို့ပြောရင်​ မြှားပစ်​ကျွမ်းကျင်​သူတစ်​ယောက်​ ဆိုတာလဲ မျက်​လုံးထဲပြေးမြင်​မိမှာပေါ့ ဒါပေမယ့်​ အထက်​က ဆိုခဲ့တဲ့ အချက်​တွေကြောင့်​တော့ သူဟာ ရော်​ဘင်​ဟုဒ်​ဆိုပြီး နာမည်​တွင်​ခဲ့တာ မဟုတ်​ပါဘူး ..................... သင်​ ငယ်​ငယ်​က သိခဲ့တဲ့ တောပုန်းကြီး ရော်​ဘင်​ဟုဒ်​ရဲ့ အကြောင်းတွေကို မေ့ပစ်​လိုက်​ပါတော့ သင်​ သူ့အကြောင်းကို သိပြီးသားလို့ ထင်​နေတယ်​ဆိုရင်​တော့ မှားသွားပါလိမ့်​မယ်​....... သင်​သိထားပြီးတဲ့ သူ့ရဲ့ဇာတ်​လမ်းဟာ အိပ်​ယာဝင်​ပုံပြင်​တစ်​ပုဒ် ပါပဲ ဒီဇာတ်​ကားလေးကတော့ အိပ်​ယာဝင်​ပုံပြင်​တစ်​ပုဒ်​တော့ မဟုတ်​ပါဘူး အသပြာတွေခိုးယူခဲ့ရုံသက်​သက်​နဲ့တော့ သူဟာ ရော်​ဘင်​ဟုဒ်​ဆိုပြီး နာမည်​တွင်​ ကျန်​ရစ်​မှာ မဟုတ်​ပါဘူး သူ့ကို ရာဇဝင်​မှာ ကဗျည်းတွင်​စေခဲ့တဲ့ ပြည်​သူတွေအတွက်​ ကိုယ်​ကျိုးစွန့်​ လုပ်​ရပ်​တွေကို ဒီဇာတ်​ကားမှာတွေ့ရမှာပါ..... ဒီဇာတ်​ကားမှာ ရော်​ဘင်​ဟုဒ်​ရဲ့ တခြားထူးခြားတဲ့ အကြောင်းအရာတွေလည်း ပါဝင်​နေပါတယ်​ ....... ရော်​ဘင်​ဟုဒ်​ဆိုတဲ့ တောပုန်းတစ်​ယောက်​မဖြစ်​ခင်​က သူ့ဘဝဇာတ်​ကြောင်း အခြေအနေကိုလည်း ပြောပြထားပါသေးတယ်​...... လော့စ်​လေကို ဟုဒ်​အဖြစ်​ ပြောင်းလဲ ပေးခဲ့တဲ့ သူ့ရဲ့ဆရာနဲ့အတူ သူ လေ့ကျင့်​ခဲ့ရတဲ့ ခက်​ခဲထူးခြားတဲ့ မြှားပစ်​သင်​ခန်းစာတွေ........ သူကြုံတွေ့ခဲ့ရတဲ့ နိုင်​ငံရေးအခြေအနေတွေ....... သူကြုံတွေ့ခဲ့ရတဲ့ ဘာသာရေးဆိုင်​ရာ စစ်​ပွဲတွေ........ စသဖြင့်​ သူ့ရင်​ဆိုင်​ခဲ့တဲ့ အခက်​အခဲတွေ အကုန်​လုံးကို မြင်​တွေ့ရမှာပါ ဒီတော့ ဒီကားလေးဟာ ဟုဒ်​ရဲ့အတ္ထုပ္ပတိမဟုတ်​ဘဲ ရော်​ဘင်​လော့စ်​လေက ...
5.4
IMDB: 5.4/10 13,505 votes
movie

Robin Hood (2018)

2018
Blu-Ray 1080p 5.1 CH
The Possession of Hannah Grace (2018) 5.0
The Possession of Hannah Grace (2018) သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thriller အမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Possession of Hannah Grace ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်... ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာ သေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။ သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။ အဲဒီအချိန် ဆေးရုံမှာ တာဝန်ကျတဲ့ ၀န်ထမ်းအသစ် ရဲဝန်ထမ်းဟောင်း Megan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒါဟာ တကယ်လား၊ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီး ...
5.0
IMDB: 5.0/10 4,032 votes
movie

The Possession of Hannah Grace (2018)

2018
Blu-Ray 720p
Bohemian Rhapsody (2018) 8.3
Bohemian Rhapsody (2018) ဘိုဟီးမီးယန်း ရာ့ပ်ဆိုဒီ ၂၀၁၈ ==================== ၂၀၁၈ ခုနှစ်အတွင်း အကြိုက်မိဆုံး ရုပ်ရှင်တစ်ကားပါ။ လက်ရှိမှာတေ့ ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ရုပ်ရှင်ဆုနဲ့ အမျိုးသားသရုပ်ဆောင်ဆု ဆွတ်ခူးပြီးသွားပါပြီ။ ဘာကြောင့်ဆုတွေရလဲဆိုတာတော့ ကြည့်လိုက်ရုံနဲ့ သိပါလိမ့်မယ်။ ဇာတ်ညွှန်း၊ သရုပ်ဆောင်၊ အသံ၊ ရိုက်ကွင်းတွေ အားလုံး ကောင်းနေပါတယ်။ Queen တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖရက်ဒီ မာကျူရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကွင်းအဖွဲ့ရဲ့ ကမ္ဘာကျော်သီချင်းတွေ ဖြစ်လာပုံနဲ့ သီချင်းတွေကို အကောင်းဆုံး ပြထားတဲ့ ရုပ်ရှင်ပါ။ ကွင်းအဖွဲ့ရဲ့ ဂန္ဓဝင် Live Aid ရှိုးပွဲကြီးရဲ့ ဖျော်ဖြေမှုကို ပြန်တင်ဆက်ထားတာနဲ့တင် အတော်တန်ပြီပြောရမှာပါ။ ဖရက်ဒီမာကျူရီရဲ့ ဂီတအမျိုးအစားပေါင်းစုံ ရောစပ်ထားတဲ့ ဘိုဟီးမီးယမ်း ရာ့ပ်ဆိုဒီ သီချင်းဟာ မာစတာပိစ်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့အကောင်းဆုံး သီချင်းတွေထဲက တစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ သမိုင်းတစ်လျှောက် ဖျော်ဖြေခဲ့တဲ့ အနုပညာရှင်တွေထဲမှာလည်း ဖရက်ဒီဟာ ပရိသတ်ကို တစ်သားထဲဖြစ်အောင် ဆွဲဆောင်နိုင်ဆုံး အဆိုတော်အဖြစ် သတ်မှတ်ခံထားရပါတယ်။ သူနဲ့ တထပ်တည်းနည်းပါတူအောင် သရုပ်ဆောင်ထားတဲ့ ရာမီမားလက်ခ် ရဲ့ စွမ်းရည်ကြောင့်လည်း ...
8.3
IMDB: 8.3/10 161,058 votes
movie

Bohemian Rhapsody (2018)

2018
Blu-Ray 1080p/720p
Creed II (2018) 7.7
Creed II (2018) Rating 7.6 အထိရရှိထားတဲ့ အကောင်းဆုံးစာရင်းဝင် ရုပ်ရှင်ကားတစ်ကားလို့တောင် ပြောချင်ပါတယ်... ၁၉၇၆ခုနှစ်​ကတည်းက စတင်​ခဲ့တဲ့ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့ လက်​ဝှေ့ကားတွေဟာ ဆယ်​စုနှစ်​များစွာကြာညောင်းခဲ့ပေမဲ့ အခုချိန်​ထိ အောင်​မြင်​စွာရှင်​သန်​နေဆဲပါ ပရိသတ်​တွေရဲ့ တစ်​ခဲနက်​အားပေးမှုကြောင့်​ ဇာတ်​ကားတိုင်းဟာလည်း rating မြင့်​မားလှပါတယ်​ ၂၀၁၅မှာ creed ဆိုပြီး ရော့ကီရဲ့တပည့်​ကို မိတ်​ဆက်​ပေးခဲ့ပါတယ်​ အဲဒီဇာတ်​ကားလေးကလည်း ဆုတံဆိပ်​များစွာနဲ့အတူ ပရိသတ်​တွေရဲ့သဘောကျနှစ်​ခြိုက်​မှုကို ထိန်းသိမ်းထားနိုင်​ခဲ့ပါတယ်​ ၂၀၁၈ခုနှစ်​မှာတော့ Creed 2 ကို ပရိတ်​သတ်​တွေဆီ ပို့ဆောင်​ပေးခဲ့ပြန်​ပါတယ်​ အရင်​ကားတွေအတိုင်းပါပဲ စွဲဆောင်​မှုရှိရှိနဲ့ ပရိသတ်​ကို ဖမ်းစားခဲ့ပြန်​ပါတယ်​ ကမ္ဘာ့ဟဲဗီးဝိတ်​ချန်​ပီယံတစ်​ယောက်​ရဲ့ရွှေခါးပတ်​ကို ရရှိဖို့ဆိုတာ မလွယ်​ကူသလို ထိန်းသိမ်းဖို့ဆိုတာလည်း သိပ်​ကိုခက်​ခဲပါတယ်​ ဒီဇာတ်​ကားထဲမှာ ချန်​ပီယံဘွဲ့ကို ထိန်းသိမ်းရတဲ့ လက်​ဝှေ့သမားတစ်​ယောက်​ရဲ့ဘဝကို ကိုယ်​ချင်းစာမိသွားအောင်​ ရိုက်​ပြထားပါတယ်​ ဝါသနာကြောင့်​ လုပ်​နေပေမယ့်​ နာကျင်​မှုကို လူတိုင်း ကြောက်​ပါတယ် ​ ဒါ့အပြင်​ အချိန်​မရွေး ကြိုးဝိုင်းထဲမှာ အသက်​ဆုံးရှုံးသွားနိုင်​ပါသေးတယ် ​ လက်​ဝှေ့ရဲ့သဘောတရားကိုက သူတစ်​ပါးကိုနာကျင်​အောင်​လုပ်​ရတာပါ သူတစ်​ပါးကို နာကျင်​စေချင်​ရင်​တော့ ...
7.7
IMDB: 7.7/10 29,172 votes
movie

Creed II (2018)

2018
Master Z: Ip Man Legacy ( 2019 ) 7.2
Master Z: Ip Man Legacy ( 2019 ) IP Man 3 ပြီးတဲ့အနောက်က Timeline ကိုဆက်လက် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ် ထုံးစံအတိုင်း ၀င်ချွန်းသိုင်းပညာကိုဦးတည်ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်သလို သိုင်းကွက်..ချကွက်..ကြမ်းချက်တွေကတော့ အရင် IP Man ဇာတ်ကားတွေလို ခပ်ကြမ်းကြမ်းပါပဲ.. ဒီကားရဲ့ IMDb Rate ကတော့ 7.2 ဖြစ်ပါတယ်   ၀င်ချွန်း သိုင်းပညာရှင် ကျန်းကျစ်ယိဟာ ယိမန်နဲ့ယှဉ်ပြိုင်လို့ ရှုံးနိမ့်ပြီးတဲ့နောက်မှာ သိုင်းလောကကနေ တိတ်တဆိတ်ထွက်ခွာလာခဲ့တယ် သာမာန်လူတစ်ယောက်အနေနဲ့ဖြတ်သန်းလာခဲ့တဲ့သူ့ဘ၀ထဲမှာ သူများကိုကူညီရင်းနဲ့ပဲ မှောင်ခိုဂိုဏ်းတခုနဲ့ငြိမိပြီးဘယ်လိုအရှုပ်တွေ ၀င်လာမှာလဲ..ဘာတွေဆက်ဖြစ်မှာလဲ ၀င်ချွန်းသိုင်းကွက်ကိုမသုံးတော့ဖို့ဆုံးဖြတ်ထားခဲ့တဲ့ သူတစ်ယောက်က ဘယ်လိုမျိုးများဖြေရှင်းနိုင်မှာလဲဆိုတာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်   Quality : WEB-DL 720p Subtitle : Myanmar Subtitle ( Hardsub ) Running Time : 1 Hour 47 Min Translated By : PZ Subtitle & Encoded By : PhoeNix
7.2
IMDB: 7.2/10 392 votes
movie

Master Z: Ip Man Legacy ( 2019 )

2019
WEB-DL 720p
K.G.F: Chapter 1 (2018) 8.9
K.G.F: Chapter 1 (2018) IMDb rating - 8.7/10 Google Users - 95% Budget - 50-80 crore Box Office - 240 crore ဒီဇာတ်ကားဟာ မကြာသေးမီက 2018နှစ်ကုန်ပိုင်း ဘောလိဝုဒ်နာမည်ကြီးဇာတ်ကားတို့နဲ့အတူရုံတင်ပြီး အောင်ပွဲခံခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အိန္ဒိယနိုင်ငံ ခန်နားဒါးပြည်နယ်က မင်းသား Yash ရဲ့အရင်ထွက်ပြီးတဲ့ ဖန်စီအချစ်ကားတွေနဲ့ မတူ တမူထူးခြားနေတော့ အားပေးမှုတော်တော်လေးရခဲ့ပါတယ်။ အထူးသဖြင့် ပြောစကားတွေ ထိမိပြီး ပညာရစေပါတယ်။ --------------------------------------------- ဇာတ်လမ်းအနေအထားမှာတော့ အာနန်းဆိုတဲ့ ဂျာနယ်လစ်တစ်ယောက်ရဲ့ စာအုပ်နဲ့ အစပျိုးထားပါတယ်။ အဲ့ဒီစာအုပ်က ကိုလာရွှေလုပ်ကွက်နဲ့ ဆင်းရဲတဲ့ မိသားစုဖွား ရော့ကီရဲ့ ဇာတ်လမ်းပါ။ ဘယ်လိုသမိုင်းမှတ်တမ်းမှ မရှိတဲ့ လူတစ်ယာက် အကြောင်း၊အထူးသဖြင့် အထက်လူကြီးတွေနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အကြောင်းအရာတွေကြောင့်တချိန်က ထုတ်ဝေခွင့်မရဘဲ အာဏာပိုင်တွေဆီ သိမ်းဆည်းမီးရှို့ခံလိုက်ရတဲ့ စာအုပ်တစ်အုပ်ပါ။ ရော့ကီ.. တော်တော် ကတိတည်တဲ့အကောင်၊ မိခင်သေလုမျောပါးအချိန်မှာ ပေးခဲ့တဲ့ ကတိကိုအိပ်မက်အဖြစ် အကောင်အထည်ဖော်ဖို့ဂန်းစတားတွေနဲ့ ယှဉ်ပြိုင်ပြီး သူဌေးတစ်ယောက်ဖြစ်ဖို့ လုပ်ဆောင်ခဲ့ပုံတွေပါ။ "မပြောနဲ့ ... အိန္ဒိယပြည်နယ်ကားတွေအတိုင်းပဲ နေမှာ"ဆိုရင်တော့ ...
8.9
IMDB: 8.9/10 13,036 votes
movie

K.G.F: Chapter 1 (2018)

2018
Black Panther (2018) MCU 7.8
Black Panther (2018) MCU ရာစုနှစ်ပေါင်းများစွာက ဘလက်ပန်သာဆိုတဲ့ စူပါဟီးရိုး ဟာ အာဖရိကန်လူမျိုးစုငါးစုကို တစုတစည်းတည်း ပေါင်းစည်း လိုက်ပြီး ဝါကန်ဒါနိုင်ငံကို တည် ထောင်အုပ်ချုပ်ခဲ့ပါတယ်။ ဝါကန်ဒါနိုင်ငံသားတွေဟာ ဗိုင်ဘ ရေနီယံသတ္တု အသုံးပြုပြီးတော့ ခေတ်ရှေ့ပြေး နည်းပညာတွေ ဖွံ့ဖြိုးအောင် လုပ်ဆောင်ကာ သီးခြားကမ္ဘာတစ်ခုလို နေထိုင် ခဲ့ကြပါတယ်။ ဝါကန်ဒါနိုင်ငံကို အုပ်ချုပ် နေတဲ့ တီချာကာဘုရင်ကြီး သေ ဆုံးသွားပြီးနောက်မှာတော့ သူ့ရဲ့ သားဖြစ်တဲ့ တီချယ်လာဟာဘလက်ပန်သာနေရာကို ဆက်ခံ အုပ်ချုပ်ဖို့အတွက် မွေးရပ်မြေကို ပြန်ရောက်လာခဲ့ပါတယ်။ နိုင်ငံ တစ်ခုရဲ့ အုပ်ချုပ်သူနေရာက လွယ်ကူလှတဲ့ အနေအထားမျိုး မဟုတ်တာမို့ တီချယ်လာဟာအုပ်ချုပ်သူရဲ့ တာဝန်တွေသာမ က စူပါဟီးရိုးဘလက်ပန်သာ တစ်ယောက်အဖြစ်နဲ့ နိုင်ငံကိုကာကွယ်နိုင်ရေးအတွက်ပါ ပြင် ဆင်မှုတွေ လုပ်ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဝါကန် ဒါကို ဒုက္ခပေးဖို့အတွက် စွမ်းအား မြင့် ရန်သူတော်တွေ ပြန်ပေါ်လာ ခဲ့တာမို့ ဘလက်ပန်သာအသစ် ဖြစ်တဲ့ တီချယ်လာအတွက် စိန် ခေါ်မှုတွေ ဖြစ်လာခဲ့ပါတယ်။ ဒါတင်မက စစ်ပွဲတွေဖြစ် လာဖို့ အခြေအနေတွေ ...
7.8
IMDB: 7.8/10 201,861 votes
movie

Black Panther (2018) MCU

2018
Blu-Ray 1080p