Channel Myanmar

Comedy

Mindhorn (2016) 6.3
Mindhorn (2016)  စုံထောက်အမှုလိုက်ဟာသဇာတ်လမ်းလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးဟာသတွေစိတ်လှုပ်ရှားစရာဇာတ်ကွက်အစုံကို ရုပ်တည်ကြီးနဲ့သရုပ်ဆောင်ပြသွားတဲ့ဇာတ်လမ်းလေးပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့...ရစ်ချက် သွန်းခရက်ဟာ ၁၉၈၀ ပြည့်နှစ်များဆီက ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ပါ...။သူနာမည်ကြီးခဲ့တဲ့ရုပ်ရှင်နာမည်က အမှန်တရားကို မြင်နိုင်တဲ့ "စက်မျက်စိ စုံထောက်မိုင်းဟွန်း"....ရုပ်ရှင်ကအောင်မြင်ခဲ့ပေမယ့်လည်း ရစ်ချက်ဟာ ဘဝင်မြင့်အောက်ခြေလွတ်ပြီးလေကြီးလေကျယ်ပြောတတ်တဲ့သူဖြစ်လေတော့ လက်ရှိကာလမှာ ဘယ်သူမှသူ့ကိုရုပ်ရှင်ခေါ်မရိုက်ကြတော့ပါဘူး...။ဒီတော့ ရစ်ချက်ခမျာ အလုပ်လက်မဲ့ မင်းသားအဖြစ်ပေတေလေလွင့်နေရတာပေါ့...ကံကောင်းချင်တော့ ရစ်ချက်ရဲ့ မွေးရပ်မြေကျွန်းလေးမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ်...။လူသတ်တရားခံက ရဲတွေဆီဆက်သွယ်ပြီးတော့ သူနဲ့ညှိနှိုင်းချင်ရင်စုံထောက်မိုင်းဟွန်းကိုခေါ်ပေးလို့ပြောပါတယ်...။စုံထောက်မိုင်းဟွန်းဆိုတာ လက်တွေ့ဘဝမှာတကယ်မရှိတဲ့အတွက် ရဲတွေလည်းကြံရာမရမယ့်အတူတူ စုံထောက်မိုင်းဟွန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ရစ်ချက်ကိုပဲအကူအညီလှမ်းတောင်းပါတယ်...ရစ်ချက်ကလည်း အလုပ်မရှိတဲ့အပြင် တီဗီထဲကစုံထောက်က တကယ့်စုံထောက်စစ်စစ်တွေကိုကူညီပြီးအမှုဖြေရှင်းနိုင်ရင် နာမည်ကြီးမှာပဲဆိုပြီး လက်ခံလိုက်ပါတယ်....စိတ်ကူးယဥ်ရုပ်ရှင်ဇာတ်ကောင်တဖြစ်လဲ စုံထောက်မိုင်းဟွန်းတစ်ယောက် လက်တွေ့ဘဝမှာဘယ်လိုအမှုလိုက်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်....။ File size…1.51GB / 712MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Mindhorn (2016)

Woman at War (2018) 7.4
Woman at War (2018)  ဇာတ်လမ်းလေးကတော့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ဖို့အတွက်တစ်ကိုယ်တည်းတိုက်ပွဲဝင်ခဲ့ အမျိုးသမီးတစ်ဦးရဲ့စစ်ပွဲကို သရုပ်ဖော်ထားတဲ့အိုင်စလန် မူဗီလေးပါပဲ...။ဇာတ်လမ်းကျောရိုးလေးက အဓိပ္ပာယ်ရှိသလို၊ အိုင်စလန်ရှုခင်းလှလှတွေပါရိုက်ကူးပြထားပြီး ဆုတံဆိပ်တွေလည်းအများကြီးရရှိခဲ့တာဇာတ်လမ်းလေးပါ...။အဲ့ဒီဒေသမှာတော့ သူ့ကို တောင်ပေါ်အမျိုးသမီးလို့သိကြတယ်ဗျ...။ဘာလို့ဆို သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့စက်မှုလုပ်ငန်းတွေ မလည်ပတ်နိုင်အောင်တောင်ပေါ်တက်ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖြတ်တောက်ပစ်လို့ပါပဲ...။သူ့ရဲ့ခံယူချက်ကတော့ ကမ္ဘာတစ်ဝန်းစက်မှုလုပ်ငန်းများတွင်ကျယ်ပြန့်လာခြင်းဟာကမ္ဘာကြီးပူနွေးလာအောင်လုပ်တာ...လူသားမျိုးနွယ်အနေနဲ့ကိုယ့်ကိုယ်ကိုသတ်သေတဲ့အမှုဖြစ်ပြီး ဒီမိုကရေစီကလည်းမကယ်တင်နိုင်တဲ့ကိစ္စမျိုးပါတဲ့....။အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦးက သူချစ်တဲ့မိခင်သဘာဝကြီးကိုကာကွယ်ဖို့ဘာတွေပေးဆပ်တိုက်ပွဲဝင်ခဲ့သလဲဆိုတာကိုအိုင်စလန်ရှုခင်းလှလှတွေကြားမှာ မြင်တွေ့ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်...။  File size…1.38GB / 633MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Woman at War (2018)

The Plus One (2023)
The Plus One (2023)   ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် October 3 ရက်နေ့ကမှထွက်ရှိထားတဲ့ Comedy,Romance ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့...အချစ်ငှက်ကလေး သတို့သမီးလေး လစ်ဇီ နဲ့ သတို့သား လု့ခ် တို့အချစ်ခရီးကိုစတင်မယ့် သူတို့ရဲ့လက်ထပ်ပွဲလေးကို ဖ‌လော်ရီဒါမှာလုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ သူတို့ရဲ့လက်ထပ်ပွဲလေးကို သူတို့ချစ်ရတဲ့သူငယ်ချင်းတွေ မိသားစုအနည်းအကျဉ်းကိုသာဖိတ်ကြားခဲ့ပါတယ်။"Male of honor" အဖြစ်ဖိတ်ကြားထားတဲ့ လစ်ဇီရဲ့ အချစ်ဆုံးသူငယ်ချင်းက မာရှယ်လ်က မင်္ဂလာပွဲမှာအတူတူတက်ရောက်မယ့်သူအဖြစ် လစ်ဇီအမုန်းဆုံး မာရီဂျမ်းကိုခေါ်လာခဲ့တဲ့အခါမှာတော့ သတို့သမီးလေးလစ်ဇီတစ်ယောက် မာရီဂျိမ်းနဲ့ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲ... လက်ထပ်ပွဲလေးအောင်အောင်မြင်မြင်ပြီးဆုံးသွားမှာလားဆိုတာကို ဟာသလေးတွေရောနှောပြီး ကြည့်ရှူရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ File size…(1.7 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

The Plus One (2023)

Les Femmes du square (2022)
Les Femmes du square (2022)   IMDb 6.5 ရရှိထားပြီး The Nanny ဆိုတဲ့နာမည်အတိုင်းပဲ ဒီရုပ်ရှင်က လူမည်းအမျိုးသမီး ကလေးထိန်းတွေအကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။အန်ဂျလီဟာ ‌အဝေးတစ်နေရာကနေ ပဲရစ်မြို့ကို အလုပ်လုပ်ဖို့ရောက်ရှိလာခဲ့ပြီး လက်ရှိမှာ ရရာအလုပ်ကို လုပ်ကိုင်ရင်း ရုန်းကန်နေရတဲ့ အမျိုးသမီးတစ်ယောက်ပါ။တစ်နေ့မှာတော့ အိမ်နီးချင်းဖြစ်တဲ့ အူအက်တာရာဆိုတဲ့ အမျိုးသမီးရဲ့အကူအညီနဲ့ လူကုံထံအမျိုးသမီးတစ်ဦးရဲ့ နေအိမ်မှာ အာသာလို့ အမည်ရတဲ့ ၈နှစ်အရွယ် ကောင်ကလေးအတွက် ကလေးထိန်းသွားလုပ်ဖို့ရာ အကြောင်းဖန်လာခဲ့ပါတယ်။ပါရီမြို့က လူကုံထံအသိုင်းအဝိုင်းဟာ ၀င်ငွေကောင်းတဲ့အလုပ်အကိုင်တွေကို လုပ်ကိုင်ကြတဲ့အလျောက် မိဘအတော်များများဟာ အချိန်ပြည့်နီးပါး မအားလပ်ကြပဲ သားသမီးတွေကို ကြည့်ရှုထိန်းကျောင်းပေးဖို့ရာ ကလေးထိန်းတွေကို ငှားရမ်းကြတာများပါတယ်။အာသာတို့ကျောင်းရှေ့မှာဆိုရင်လည်း ညနေကလေးကျောင်းဆင်းလို့ ကျောင်းလာကြိုကြသူတွေဟာ ကလေးမိဘတွေမဟုတ်ဘဲ လက်တွန်းလှည်းတွေကိုယ်စီနဲ့ ကလေးအရွယ်ပေါင်းစုံကို ထိန်းကျောင်းနေကြတဲ့ ကလေးထိန်းအမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ဒီလိုနဲ့ အန်ဂျလီဟာ ကလေးကစားကွင်းမှာ မိမိလို ကလေးထိန်းအလုပ်ကို လုပ်ကိုင်သူအမျိုးသမီးတစ်စုနဲ့ ခင်မင်ရင်းနှီးသွားပြီးနောက်မှာတော့ အိမ်အကူ ကလေးထိန်းအမျိုးသမီးတစ်ဦးကို ကူညီပေးဖို့ ကြိုးစားရင်းကနေ ကလေးထိန်းတွေ ဆုံးရှုံးနေရတဲ့ ...
movie

Les Femmes du square (2022)

The Men Who Stare at Goats (2009) 6.2
The Men Who Stare at Goats (2009)  ယခုရုပ်ရှင်ကနာမည်တူစာအုပ်ကိုအခြေခံထား ပြီး Ewan McGregor နဲ့ George Clooney တို့ဦး ဆောင်ပါ၀င်ထားပါတယ်။ဇာတ်လမ်းအစမှာ သတင်းစာသမားဖြစ်တဲ့ ဝဲလ်တန် ဟာ အယ်ဒီတာရဲ့စေခိုင်းမှုအရ နယ်ခံ စစ်မှုထမ်း‌ ဟောင်းတစ်ယောက်ကိုအင်တာဗျူးဖို့ဖြစ်လာပါတယ်။ အဆိုပါအင်တာဗျူးကြောင့်ဝဲလ်တန်တစ်ယောက် အမေရိကန်အစိုးရရဲ့အထူးစစ်သားတွေဖန်တီးနေတဲ့ လျှိုဝုက်ပရိုဂရမ်အကြောင်းကိုသိခွင့်ရခဲ့ပါတယ်။အထူးစစ်သားတွေဟာ နံရံတွေကိုဖြတ်ကျော်သွားနိုင်သလို အကြည့်တစ်ချက်နဲ့ သက်ရှိတွေရဲ့နှလုံးခုန်ကို ရပ်တန့်အောင်ပြုလုပ်နိုင်တဲ့စိတ်စွမ်းအင်ရှိတဲ့သူတွေဖြစ်တယ်ဆိုပါတယ်။ ဝဲလ်တန်အနေနဲ့ကနဦးမှာအယုံအကြည့်မရှိခဲ့ပေမယ့် စစ်ပွဲသတင်းတွေရေးဖို့ကူဝိတ်ကိုရောက်ရှိသွားရာမှာ အထူစစ်သားအဖွဲ့ကအတော်ဆုံးအဖွဲ့၀င် လန့်ကတ်စတီ အမှတ်မထင်ဆုံမိကြပြီး ခရီးလမ်းတစ်လျောက်မှာ အထူးအဆန်းတွေကိုဆက်တိုက်ကိုကြံရပါတော့တယ်။ File size…(1.3 GB)/(646 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yani
movie

The Men Who Stare at Goats (2009)

Dragon Lord (1982) 6.3
Dragon Lord (1982)   ကျွန်တော်တို့ရဲ့ childhood Kung Fu Heroကြီးဖြစ်တဲ့ ဂျက်ကီချန်းကားလေးပါဒီကားလေးမှာတော့ဂျက်ကီချန်းနဲ့သူ့သူငယ်ချင်းဟာ သူတို့ရွာရဲ့အရှေ့ပိုင်းကသူဌေးသားနှစ်ယောက်ပါ သူတို့ကမြင်းသမျှသူ့အဖေတွေကလိုက်ရှင်းနေကြရတာပါ။ဒီလိုနဲ့ တစ်နေ့ကမြင်းကျောထရင်းတိုင်းပြည်ရတနာတွေမှောင်ခိုရောင်းတဲ့အဖွဲ့နဲ့သွားရှုပ်မိပါတော့တယ် မှောင်ခိုအဖွဲ့နဲ့ကလေးနှစ်ယောက်တိုက်ပွဲကိုရှယ်ကြည့်ရမှာပဲဖြစ်ပါတယ် ဂျက်ကီချန်းကားတွေပီပီဟာသဆန်ဆန်စတန့်ကြမ်းကြမ်းတွေလဲမြင်ရမှာပါ သူတို့ရွာရဲ့ထူးထူးဆန်းဆန်းကစားပွဲတွေအကြောင်းလဲပါသေးတာမို့လို့ကြည့်ရှုခံစားပေးပါဦး..... File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Action, Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by T.Lone
movie

Dragon Lord (1982)

[18+]Petty Romance(2010) 6.5
[18+]Petty Romance(2010) Petty Romance(2010)******************** ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Petty Romance ရုပ်ရှင်ဇာတ်ကားတွင်နာမည်ကြီးမင်းသားမင်းသမီးများဖြစ်သည့် လီဆွန်းဂယွန်း(Lee Sun-kyun), ချွဲဂန်ဟီး(Choi Kang-hee),ရူယောင်းဂယွန်း (Ryu Hyun-kyung), နာမည်ကြီးဇာတ်ပို့မင်းသားများဖြစ်သည့် အိုဂျန်ဆယ် (Oh Jung-Se), ဘတ်ဒိုဘင် ( Baek Do-Bin )တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ ဂျောင်ဘယ်သည် ကာတွန်းဆရာတစ်ဦးဖြစ်ပြီး ဒါရင်းသည် ဝတ္တုစာရေးဆရာမတစ်ဦးဖြစ်ပါသည်။တစ်နေ့တွင် ဂျောင်ဘယ်ရဲ့သူငယ်ချင်းတစ်ဦးသည် 18+ ကာတွန်းပြိုင်ပွဲတွင် ဝင်ပြိုင်ပါကဆုရလျှင် ဆုကြေးငွေ ဒေါ်လာ တစ်သိန်း(ဝမ်သိန်းထောင့်သုံးရာ) ရရှိမည်ဟု ဂျောင်ဘယ်အား ပြောပြသောအခါ ဂျောင်ဘယ်သည် ဝတ္တုစာရေးဆရာမတစ်ဦးကို ခန့်ရန် ဆုံးဖြတ်ခဲ့ပါသည်။ဒီဆုံးဖြတ်ချက်ကြောင့်အလွဲပေါင်းများစွာ ဖြစ်ပေါ်လာပါတော့တယ်File Size :2.2GB& 907MB Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy ,Adult,  Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ‌May Thet Htar Encoded by ...
movie

[18+]Petty Romance(2010)

[18+] Due West: Our Sex Journey (2012) 5.3
[18+] Due West: Our Sex Journey (2012) (function(f,b,n,j,x,e){})();ဒီဇာတ်ကားကတော့ ဟောင်ကောင် Erotic movie ထဲမှာ အမှတ်ရလောက်စရာ လိင်ပညာပေးဇာတ်ကားပါပဲ။တင်းကျပ်တဲ့အိမ်ထောင်စုတစ်ခုက ယောကျာ်းလေးတစ်ယောက်ဟာ အချိန်တန်အရွယ်ရောက်လာချိန်မှာကိုယ်ခန္ဓာကတောင်းဆိုတဲ့ သွေးသားဆန္ဒနဲ့ ရှက်ရွံ့မှုတွေကြား ဗျာများပြီး ပေါက်ကရဖြစ်ချင်ရာဖြစ်လာတာကိုဟာသခပ်များများ အဖော်အချွတ် စိတ်ကူးယဉ်ခန်းခပ်များများနဲ့တင်ဆက်ထားပါတယ်။အချစ်ဦးဆိုတာ တချို့လူတွေအတွက် ပထမဆုံးထိတွေ့မှုအခြေခံတဲ့ဆက်နွယ်မှုဆိုတာမျိုးတွေထိ ပွင့်ပွင့်လင်းလင်းချပြထားပါတယ်။တချို့အခန်းတွေဆို Erotic ဆန်လွန်းအောင် တော်တော်မိမိုက်နေအောင် ရိုက်ကူးထားပါတယ်။ဇာတ်ဆောင်ကောင်လေးက သူ့ဘဝဇာတ်ကြောင်းကို ပြန်ပြောပြတဲ့ တင်ဆက်ထားပုံကြောင့်သူ့ရဲ့စိတ်ကူးစိတ်သန်းနဲ့ ရိုးသားမှု ညစ်ညမ်းမှုတွေအကုန်မြင်နိုင်ပါတယ်။အင်တာနက်ပေါ်က ရောင်းအကောင်းဆုံးစာအုပ်တစ်အုပ်ကို အခြေခံလို့ရိုက်ကူးထားတဲ့ဇာတ်ကားပါ။ File size…(2.7 GB)/(1.2 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:58:47 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB
movie

[18+] Due West: Our Sex Journey (2012)

2012
Three Summer Nights(2015) 6.7
Three Summer Nights(2015) Three Summer Nights(2015)************************ ၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် Three Summer Night ရုပ်ရှင်ဇာတ်ကားတွင် နာမည်ကြီးမင်းသားများဖြစ်တဲ့ဂင်ဒုံဝူ(Kim Dong Wook)၊ ဆုန်းဟိုဂျွန်း (Son Ho Jun) တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးဇာတ်ပို့သရုပ်ဆောင်ကြီး အင်ဝန်ဟီး (Im Won hee) နှင့် မင်းသမီးချောရူယောင်းဂယွန်းက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။မြောင်ဆော့ ဟယ်ဂူ ဒါဆူဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိပါသည်။မြောင်ဆော့သည် ရှေ့နေစာမေးပွဲဖြေရန် ကြိုးစားနေသူတစ်ဦးဖြစ်ပြီး ဟယ်ဂူကတော့ ဆေးဝါးကုမ္ပဏီတစ်ခုမှဝန်ထမ်းဖြစ်ပါတယ်။ ဒါဆူသည် အရင်က ကွန်ပျူတာ ဝန်ဆောင်မှုစင်တာတစ်ခုတွင်အလုပ်လုပ်ခဲ့ပြီး ပြဿနာများကြောင့် အလုပ်တစ်ခုပြီးတစ်ခု ပြုတ်နေသူ တစ်ဦးလည်း ဖြစ်ပါသည်။တစ်နေ့တွင် သူတို့သည် စိတ်မွန်းကြပ်မှုများကို အပန်းဖြေရန် နွေရာသီတွင် ဘူဆန်မှာရှိသောဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေကို သွားခဲ့ပါသည်။ ထိုဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေတွင်အပန်းဖြေရင်း မူးယစ်ဆေးဝါးအရောင်းအဝယ် မသင်္ကာသူများအဖြစ် သံသယဝင်ခံရပြီးပြဿနာပေါင်းစုံကိုရင်ဆိုင်ရပါတော့တယ်....File Size :2.1GB& 958MB Quality : WEB-DL1080p,720p Format…mp4 Duration…01:48:00 Genre : Comedy , Drama Subtitle ...
movie

Three Summer Nights(2015)

Chandramukhi 2 (2023)
Chandramukhi 2 (2023) Chandramukhi 2 (2023) (သို့) နှစ်ဘဝကလဲ့စားဘောလိဝုဒ်သရုပ်ဆောင်တွေကြား တမူထူးတဲ့ရုပ်ရည်လေးနဲ့ မင်းသမီးချောလေး ကန်ဂနားကို တစ္ဆေမလေးအဖြစ်မြင်တွေ့ရမဲ့ကားဖြစ်ပါတယ် ဂမ္ဘီရဆန်ဆန် လျှို့ဝှက်ဆန်းကြယ်ပုံတွေက ဂျန်ဂျမားတို့ Plot နဲ့ သွားဆင်နေတာဖြစ်လို့ ကြည့်ရင်းနဲ့ ဂျန်ဂျမား vibe မျိုးရစေမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း*********************************အရမ်းကို ချမ်းသာတဲ့မိသားစုတစ်စုက ပြဿနာပေါင်းသောင်းခြောက်ထောင်တတ်ပြီးတော့ မိသားစုပိုင် စက်ရုံလည်း မီးလောင်၊ လုပ်သမျှ အလုပ်တိုင်းကလည်း မဖြစ်၊ စေ့စပ်ခါနီး သမီးဖြစ်သူမှာလည်း ကားအက်စီးဒန့်ကြောင့်နဲ့ အောက်ပိုင်းသေသွားခဲ့ပြီး သမီးကြီးကလည်း ဘာသာမတူတဲ့သူနဲ့ ခိုးရာလိုက်ပြေးလို့ အဆက်အသွယ်ဖြတ်ထားရာကနေ ကလေးနှစ်ယောက်ရပြီးကာမှ လေယာဥ်ပျက်ကျပြီး ဆုံးသွားခဲ့ရပါတယ်။ဒီလို ပြဿနာတွေ တောက်လျှောက်ဖြစ်နေတဲ့အတွက်ကြောင့် ဘာများဖြစ်တာလဲဆိုပြီးတော့ သူတို့ကိုးကွယ်နေတဲ့ ဂုရုကြီးကို ပင့်ပြီး မေးမြန်းတဲ့အခါမှာတော့ သူတို့က ဘုရားရှင်ကို နေ့စဥ်မပြတ် ပူဇော်ကိုးကွယ်နေပေမဲ့ ဘိုးဘေးတွေကိုတော့ ပစ်ထားခဲ့တဲ့အတွက် ဘိုးဘေးတွေကနေ အမျက်ထွက်ပြီးတော့ အခုလိုဒုက္ခတွေ ကြုံတွေနေရတာဖြစ်ကြောင်း၊ ဒီဒုက္ခတွေကနေ လွတ်မြောက်အောင် ဘိုးဘေးတွေကို ပြန်ပြီးတော့ ပူဇော်ပေးရမှာဖြစ်ကြောင်း၊ ဘိုးဘေးတွေကို ပူဇော်တဲ့နေရာမှာလည်း သွေးသားတော်စပ်တဲ့ မိသားစုတိုင်းက ဘိုးဘေးတွေကိုးကွယ်ခဲ့တဲ့ ဘုရားကျောင်းကို သွားပြီးတော့ ၄၈ရက်ကြာအောင် ...
movie

Chandramukhi 2 (2023)

2023
Mike and Dave Need Wedding Dates (2016) 6.0
Mike and Dave Need Wedding Dates (2016) REVIEW: Mike & Dave Need A Wedding Datesဒီဇာတ်လမ်းရဲ့ Review ကို အရင်ဆုံး တိုတိုရှင်းရှင်း ပြောပြပါ့မယ်။ ပေါ့ပေါ့ပါးပါး ဟာသကားကြည့်ချင်တယ်၊ နည်းနည်းပေါတောတောလေးတွေ၊ 18+ ဘာညာလေးတွေပါလည်းရတယ်ဆိုရင် ကြည့်ပျော်မယ့်ဇာတ်ကားလေးပါ။ ဇာတ်ကားအမျိုးအစားကတော့ အချစ်ဟာသဇာတ်မြူးလေးဆိုပါတော့။  အသေးစိတ် ထပ်ပြောရရင်တော့ ဇာတ်လမ်းက ဇာတ်ကားနာမည်မှာပါတဲ့အတိုင်းပါပဲ - ညီအစ်ကိုနှစ်ယောက်က သူတို့ညီမလေးရဲ့ မင်္ဂလာပွဲကို သူတို့နဲ့အတူလိုက်ပြီး ပွဲတက်ပေးမယ့် မိန်းကလေးအဖော်ရှာကြတာပါ။ ရှာတဲ့အချိန်ကစ’ပြီး တွေ့သွားတဲ့ထိရော၊ မင်္ဂလာပွဲအထိရော အလွဲတွေ၊ ရယ်စရာမောစရာတွေ၊ 18ယောက်စုရတာတွေနဲ့ ဘာတွေဖြစ်ကုန်သလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားတစ်ကားပါ။ တကယ်ရယ်ရတာတွေရော၊ ပေါတောတောနဲ့ မို့ရယ်ရတာတွေရော၊ သတိထားဆင်ခြင်မယ်ဆို သိသင့်တာတွေရော ရောထားတဲ့ လူငယ်ကြိုက်ဇာတ်ကားပုံစံလေးပါ။ လူကြီးတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဟာသကား ကြည့်ဖို့ရှာနေတာဆို ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်မှာပါပဲ။ ဇာတ်ကားရဲ့ထူးခြားတဲ့တစ်ချက်ကတော့ အပြင်မှာတကယ်ရှိတဲ့ အပျော်အပါးတကယ်မက်တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါတဲ့။ ဖြစ်ရပ်မှန်ပေါ်တွင်မှီငြမ်းသည်လို့ ပြောကြပါသတဲ့။  ပါဝင်တဲ့သရုပ်ဆောင်မင်းသားတွေကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက -Mike အဖြစ်က Adam Devine ပါ။ လူရွှင်တော်လည်းဖြစ်၊ ဟာသမင်းသားလည်းဖြစ်၊ နာမည်ကြီးရယ်စရာရှိုးအစီအစဉ်မှာ စတားတစ်ယောက်လည်းဖြစ်ပါတယ်။Dave အဖြစ်နဲ့က Zac Efron ပါ။ ချောလို့ဆိုပြီး မိန်းကလေးတွေကြိုက်ကြတဲ့ မင်းသားချောလေးပါ။ မင်းသမီးတွေကတော့ ဆံပင်ရွှေရောင်နဲ့ အူကြောင်ကြောင် အချောလေးအဖြစ် Anna Kendrick နဲ့ ခပ်ဟော့ဟော့ဇာတ်ဆောင်အဖြစ်နဲ့က Aubrey Plaza ...
movie

Mike and Dave Need Wedding Dates (2016)

2016
4K HEVC
Long Live Love! (2023) 7.5
Long Live Love! (2023) Long Live Love! (2023)Comedyပိုင်တဲ့ Sunnyနဲ့Chompooတို့ရဲ့ "အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး Netflix ကနေ ထွက်ရှိလာပါပြီGAPက Beckyလေးကလည်း ပါဝင်ထားပါသေးတယ်ဒီကားကတော့ အလွယ်ပြောရရင်လူတွေရဲ့ အချစ်နဲ့ ဘဝအပေါ် အမြင်တွေကို မေးခွန်းထုတ်သွားတာပါပဲ။ ဒီလိုမျိုး ကြုံလာရရင် ဘာလုပ်မလဲ လက်လျှော့မလား ပြန်ကြိုးစားမလားဆိုတာပေါ့။ အမှန်တရားဆိုတာ ရှုထောင့်အပေါ်မူတည်တယ်ဆိုသလိုပဲ ဘယ်လိုဆုံးဖြတ်ရင် အမှားလည်း အမှန်လည်း ပြောဖို့လည်းမဖြစ်နိုင်ပါဘူး။ဒီရုပ်ရှင်ထဲမှာ ပြောသွားသလိုပါပဲ - "လူတစ်ယောက်ကို အရမ်းချစ်မိသွားရင် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့သွားတတ်တယ်" တဲ့။ဒီတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ချစ်တာကအမှန်လား လူတစ်ယောက်ကိုပဲ အရမ်းဆက်ချစ်သွားတာက အမှန်လား။ဒီရုပ်ရှင်မှာတော့ အဓိက ဆေတီ နဲ့ မယ်တာဆိုတဲ့ စုံတွဲလေးက ပါဝင်ထားပါတယ်။ သူတို့အရမ်းချစ်တဲ့စုံတွဲပါ၊ အရမ်းလည်းမုန်းတဲ့စုံတွဲပါ၊ သစ္စာမရှိတဲ့စုံတွဲပါ၊ သစ္စာလည်းရှိတဲ့စုံတွဲပါ၊ နားလည်မှုမရှိတဲ့စုံတွဲပါ၊ အရမ်းနားလည်ပေးတဲ့စုံတွဲလည်းဟုတ်ပါတယ်။ ဒီတော့ အချစ်ကို သက်တော်ရာကျော်ရှည်စေချင်တာ စုံတွဲတိုင်းပါပဲ။ လက်တွေ့မှာတော့ အချစ်ကို ဖျားနာစေတဲ့ အရာတွေအများကြီးရှိနေပြီတာကို ဒီရုပ်ရှင်မှာ မြင်ရပါလိမ့်မယ်။ အချစ်နေပြန်ကောင်းလားမလား အချစ်သေဆုံးသွားမလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့။အညွှန်းကိုတော့ Mr.Anderson က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ ...
movie

Long Live Love! (2023)

2023
Scrapper (2023) 7.1
Scrapper (2023)  ဒီဇာတ်ကားလေးကတော့ အမေသေပြီးနောက်ပိုင်းတစ်ယောက်တည်းကြိုးစားနေထိုင်နေရတဲ့ ၁၂ နှစ်အရွယ် ဂျော်ဂျီဆိုတဲ့ကောင်မလေးနဲ့ ဂျော်ဂျီ မွေးကတည်းကထွက်သွားပြီး ၁၂နှစ်ကြာမှပြန်ရောက်လာတဲ့သူ့အဖေတို့ ‌‌‌‌‌နှစ်ယောက်သား အတူပြန်နေထိုင်တဲ့ဇာတ်လမ်းလေးကို အေးအေးဆေးဆေးကြည့်ရှုရမှာဖြစ်ပါတယ်။ဂျော်ဂျီဆိုတဲ့ကောင်မလေးတစ်ယောက် အမေဆုံးသွားတော့တစ်ယောက်ထဲနေထိုင်ဖို့ ဘာတွေလုပ်လဲသူ့အဖေပြန်ရောက်လာတော့လည်း ဘယ်လိုတွေပြန်ရင်ဆိုင်လဲဆိုတာကိုကလေးမလေးနေရာက ၀င်ခံစားပြီးကြည့်ရှုရမှာပါ။2023မှအသစ်စက်စက်ထွက်ထားပြီး Drama/Comedy အမျိုးအစားဖြစ်ပါတယ်။ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်တာဖြစ်လို့ ဘာမှများများ စားစားတွေးစရာမလိုပဲchill ဖို့အတွက် ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ File size…1.16GB / 490MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 24m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
movie

Scrapper (2023)

A Really Haunted Loud House (2023) 6.4
A Really Haunted Loud House (2023) A Really Haunted Loud House (2023) ===========================October လလည်း ရောက်နေပြီဆိုတော့ ရာသီစာဖြစ်တဲ့ ဟောလိုးဝင်း ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ The Loud House မိသားစုဆိုရင်တော့ Family comedy ကို ကြိုက်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ စရိုက်တစ်မျိုးစီရှိတဲ့ ညီအစ်မဆယ်ယောက်ကြား ကြီးပြင်းလာတဲ့ တစ်ဦးတည်းသော ပုရိသလေး လင်ကွန်း နဲ့ သူ့ရဲ့ဘော်ဒါ ကလိုက်ဒ်တို့ ဟောလိုးဝင်းတော်လှန်ရေးလေးတစ်ခု လုပ်ကြတော့မဲ့ အကြောင်းလေးပေါ့။The Loud House မိသားစုက ရွိုက်ရယ်ဝုစ်မြို့လေးရဲ့ ဟောလိုးဝင်းပါတီကို အကြီးကျယ်အခမ်းနားဆုံး ကျင်းပတတ်ကြတဲ့ မိသားစုတစ်ခုပါ။ အံ့ဩဘနန်း ခြောက်လှန့်မှုတွေနဲ့ မြို့သူမြို့သားတွေကို ဆွဲဆောင်တတ်ပြီး နံပါတ်တစ်ကြောက် စရာအကောင်းဆုံးစံအိမ်ဆိုတဲ့ ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့အိမ်ပေါ့ လေ။ ဒီနှစ်မှာလည်း ရာဇဝင်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူတို့တွေ စပြီးပြင်ဆင်နေကြပါပြီ။အဲဒီအချိန်မှာ ကျောင်းက ဆယ်လီဇိုးဘဲလေးတစ်ယောက်ရဲ့ ပါတီကို သွားဖို့ အကြောင်းဖန်လာတဲ့ လင်ကွန်းနဲ့ ကလိုက်ဒ်တို့ အခက်တွေ့လာကြပါတော့တယ်။ ဆယ်လီဇိုးဘဲလေးရဲ့ ပါတီကိုသွားပြီးပဲ ကဲကြမလား၊ မိသားစုရဲ့ စံချိန်ကို ဆက် ထိန်းဖို့အတွက် ရွေးချယ်ကြမလား ဆိုတဲ့ရင်ခုန်စရာလေးတွေ ...
movie

A Really Haunted Loud House (2023)

2023
If You Were the Last (2023) 6.3
If You Were the Last (2023) If You Were the Last (2023)~ IMDb - 6.3/10, Rotten Tomatoes - 85% ~အခုလတ်တလောမှ ထွက်ရှိလာတဲ့ Sci-Fi / Romance အမျိုးအစားလေးကိုမှ Comedy လေးစွက်ထားတဲ့ ကားတစ်ကားပါ။ အလုပ်ကနေအပြန် စိတ်အပန်းဖြေဖို့အတွက် ပေါ့ပေါ့ပါးပါးကြည့်ဖို့ဆိုရင် မေ့မထားသင့်တဲ့ရွေးချယ်မှုပါပဲ။ Cast အနေနဲ့ဆိုရင်လည်း တလောကမှ Twisted Metal မှာ ပရိသတ်အကြိုက်တွေ့နေကြတဲ့ Falcon တဖြစ်လဲ ကပ္ပတိန်အမေရိကလက်သစ်ဖြစ်တဲ့ Anthony Mackie က အဓိကမင်းသားအနေနဲ့သရုပ်ဆောင်ထားတာပါ။နာဆာရဲ့မစ်ရှင်တစ်ခုက အမှားအယွင်းဖြစ်ပြီးတော့ အာကာသယာဉ်ကလမ်းပျောက်ပြီး သုံးနှစ်လောက် ဂျူပီတာနဲ့ စေတန်ဂြိုဟ်ကြားမှာ မြောနေခဲ့ပါတယ်။ အာကာသယာဉ်မှူး သုံးယောက်ရှိခဲ့ပေမဲ့ အခုတော့ ဂျိန်းရယ် အဒမ်ရယ်နှစ်‌ယောက်ပဲကျန်ပါတော့တယ်။ ယာဉ်ပေါ်မှာ ‌ဂေဟစနစ်ပါတဲ့အတွက် စားဖို့သောက်ဖို့နေဖို့က မပူရပေမဲ့ အိမ်ပြန်လမ်းမဲ့နေတဲ့လူနှစ်ယောက် အချင်းချင်းကူညီဖေးမကြပုံတွေ၊ ယာဉ်ကိုကြိုးစားပြင်ကြပုံတွေနဲ့ တစ်ကိုယ်ရည်လိုအပ်ချက်တွေ နည်းမျိုးစုံနဲ့ဖြည့်ဖို့ကြိုးစားကြတာကို ...
movie

If You Were the Last (2023)

2023
Battle Creek Brawl (1980) 5.7
Battle Creek Brawl (1980)  သရုပ်ဆောင်အက်ရှင်မင်းသားကြီးဂျက်ကီချမ်းငယ်ငယ်ကဇာတ်ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ဂျက်ကီချမ်းရဲ့ ဇာတ်ကားတွေရဲ့ထုံးစံအတိုင်းပဲ အက်ရှင်ခန်းတွေ အတိုက်အခိုက်တွေ ဟာသာတွေဝေဝေဆာဆာနဲ့ ပရိတ်သတ်တွေအမောပြေရဦးမှာပါ။ဇာတ်ကားထဲမှာမင်းသားကအလုပ်မရှိအကိုင်မရှိ (ဒါပေမယ့်ကောင်မလေးတော့ရှိပါတယ်)ပါ အဖေဖြစ်သူဖွင့်ထားတဲ့ဆိုင်ကို လူဆိုးတွေလာပြီး ဆက်ကြေးကောက်ရာကစလို့ သူတတ်ထားတဲ့ကွန်ဖူးပညာကို လူဆိုးအဖွဲ့ဘက်ကခေါင်းဆောင်က တွေ့ပြီးသဘောကျသွားခဲ့ပါတယ်။အဲ့ဒီနောက် ချီကာဂိုမှာကျင်းပမယ့် battle creek brawlမှာ ဂျက်ကီချမ်းကိုသူ့ဘက်ကနေ ဝင်ပြိုင်အောင် အကြပ်ကိုင်ဖို့ နည်းလမ်းရှာပါတော့တယ်.........ကဲ .. အညွှန်းဖတ်ပြီးပြီဆိုရင်တော့ 1980 ခုနှစ်တွေဆီက အနုပညာတွေကိုတဖန်ပြန်ခံစားလိုက်ကြပါဦး....... File size…(1.8 GB)/(960 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Nay Chii 
movie

Battle Creek Brawl (1980)

1980
Krishna Gadu Ante Oka Range (2023) 8.0
Krishna Gadu Ante Oka Range (2023) Krishna Gadu Ante Oka Range (2023) -အိမ်မက်တွေနဲ့အိမ်IMDb-8/10ပြီးပြည့်စုံတဲ့မိသားစုအိမ်လေး လိုချင်ကြတာ မိသားစုတိုင်းရဲ့ အိမ်မက်လေးပါပဲခရစ်ရှနာငယ်ဘဝမိသားစုလေးက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ပြီး ကြင်နာကြတဲ့ ချစ်စရာမိသားစုလေးပေါ့ အလုပ်တွေကြိုးစားကြပြီး ကိုယ်ပိုင်အိမ်လေးရဖို့ ကြိုးစားနေကြသူတွေ တစ်ဆင့်ချင်းဆောက်ရင်း ကြိုးစားရင်း အကောင်ထည်ဖော်ကြရင်း အိမ်လေးကိုမြင်ယောင်ပြီး " စိတ်ကူးတွေနဲ့ပျော်နေကြတဲ့အချိန် ကြမ္မာမုန်တိုင်းဝင်ပါတော့တယ်...မိသားစုရဲ့ အလေးထားရတဲ့ အိမ်ထောင်ဦးစီးကြီးကားတိုက်ခံရလို့ဆုံးသွားတဲ့အချိန် ဆောက်လက်စအိမ်လေးလည်း အပြီးမသတ် မိသားစုဘဝလေးလည်း လစ်ဟာသွားတော့တယ်ဒီအိမ်လေးနဲ့ မိသားစုရဲ့ကျန်တဲ့တာဝန်တွေကို ဆက်ယူရတာကတော့ ကလေးဘဝကနေအရွယ်ရောက်လာတဲ့ ခရစ်ရှနာ... သူ့လက်ထက်မှာရော မပြီးပြည့်နိုင်သေးတဲ့မိသားစုဘဝနဲ့ အိမ်ဂေဟာလေးကိုပြည့်စုံအောင်လုပ်နိုင်မလားရှုစားကြည့်ပါဦးအညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollowood Team ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.54GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  CM Bollywood Team 
movie

Krishna Gadu Ante Oka Range (2023)

2023
Do Not Disturb (2023) 6.3
Do Not Disturb (2023) Do Not Disturb (2023)~ IMDb - 6.3/10, Rotten Tomatoes - 67% ~COVID Pandemic ရဲ့ရိုက်ခတ်မှုခံခဲ့ရတဲ့ အသက်၅၀ အရွယ် မေတင်ဆိုတဲ့သူရဲ့ စိတ်သောက ပူပန်မှုတွေ ဗျာများနေပုံတွေကို မြင်တွေ့ရမယ့် တူရကီကားတစ်ကားဖြစ်ပါတယ်။မေတင်က သူ့ဘ၀တစ်လျှောက်လုံး သင်္ဘောသားအဖြစ် ပင်လယ်ပြင်မှာ ကျင်လည်ခဲ့ပြီး ကပ်ရောဂါကြောင့် အလုပ်လည်းပြုတ် ၂နှစ်နီးပါး အိမ်တွင်းအောင်းခဲ့ရသူ... အသိအဆက်အသွယ်နဲ့ ဟိုတယ်တစ်ခုမှာ ညပိုင်းမန်နေဂျာအဖြစ် အလုပ်ရပြီး အလုပ်ရှင်က သူ့ကို ယုံပြီး ဟိုတယ် အပ်ခဲ့တဲ့အခါ...ဟိုတယ်အ၀တ်လျှော်ခန်းမှာ အလုပ်လုပ်တဲ့ သူတို့မိဘတွေချင်း သဘောတူထားတဲ့ မိန်းကလေး ဆူဟာ... သေချင်စိတ်ပေါက်နေတဲ့ ဧည့်သည် ပါမောက္ခ ဘာတီရာ... နောက်ထပ် မှတ်ပုံတင်မပါဘဲ လာတည်းတဲ့ ဧည့်သည် ဒါဗု... စတဲ့လူတွေနဲ့ မေတင်ဆုံစည်းရပြီး တစ်ညအတွင်း ဘယ်လို အဖြစ်အပျက်တွေ ကြုံရမလဲ။ပင်လယ်မှာပဲ တော်ပြီး ကုန်းပေါ်မှာ အသုံးမကျဘူးလို့ ...
movie

Do Not Disturb (2023)

2023
Spiritual Kung Fu (1978) 5.7
Spiritual Kung Fu (1978)  ဒီရုပ်ရှင်ဟာ ပရိတ်သတ်အချစ်တော် ဂျက်ကီချန်းငယ်စဉ်ကရိုက်ကူးခဲ့တဲ့ အဟောင်းတွေထဲက အကောင်းတစ်ခုဖြစ်တဲ့ ၁၉၇၈ ခုနစ်ထွက် သိုင်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ယီလောင်ဟာ ကွန်ဖူးသိုင်းကျောင်းတစ်ခုရဲ့ ပြောမရဆိုမရတဲ့ ခပ်ဆိုးဆိုး ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။တစ်ရက်မှာတော့ သိုင်းကျောင်းမှာ ရာစုနှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ "သေမင်းတမန်လက်သီးခုနစ်ချက်"လက်စွဲစာအုပ်ဟာ ရုတ်တရက်အခိုးခံလိုက်ရပါတယ်။အဲဒီနောက်မှာ တိုက်တိုက်ဆိုင်ဆိုင် ယီ‌လောင်တို့ကျောင်းကို သရဲမငါးဖော်လည်း ရောက်ရှိလာပြီး ယီလောင်နဲ့ အဖွဲ့ကျသွားပါတော့တယ်။ဒီလိုနဲ့ "သေမင်းတမန်လက်သီးခုနစ်ချက်"လက်စွဲစာအုပ်ကို ခိုးယူသွားသူဟာ သိုင်းလောကကို ခြိမ်းခြောက်လာတဲ့အခါမှာတော့ ယီလောင်တစ်ယောက် သရဲမခုနစ်ဖော်ရဲ့အကူအညီနဲ့ သိုင်းလောကကြီးကို ဘယ်လိုကာကွယ်မလဲဆိုတာကို ဂျက်ကီချန်းရဲ့ ရယ်စရာသရုပ်ဆောင်ချက်တွေ၊ သိုင်းကွက်တွေနဲ့ တင်ဆက်ထားတာမလို့ ဂျက်ကီချန်းပရိတ်သတ်တွေကတော့ အကြိုက်တွေ့ကြလိမ့်မယ်ဆိုတာ သေချာပါတယ်။ File size…(2GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven khant
movie

Spiritual Kung Fu (1978)

SLEEP (2023) 7
SLEEP (2023) Sleep (2023)Korea Box Office မှာ No.1 ရခဲ့တဲ့ Thriller Horror ဇာတ်လမ်းကောင်းကောင်းလေး လာပါပြီနော်အိပ်ပျော်ရင်းနဲ့ ယောင်ပြီး လမ်းလျှောက်တာတို့ စကားပြောတာတို့က တချို့တွေမှာဖြစ်တတ်ကြပါတယ် ဒါပေမဲ့ ဟျွန်းဆူကတော့ အိပ်တဲ့အချိန် ပိုဆိုးတဲ့အပြုအမူတွေ လုပ်လာပါတယ်အိမ်ထောင်ဦး သာသာယာယာဖြစ်ရမယ့်အချိန်မှာ အိပ်ရင်းနဲ့ ဆိုးဆိုးဝါးဝါးတွေ ပြုမူတတ်တဲ့ ခင်ပွန်းဖြစ်တဲ့သူကြောင့် တစ်မျိုးမဟုတ် တစ်မျိုး စိတ်သောကရောက်နေရတော့ ဆူဂျင်းလည်း အမျိုးမျိုးကြံရပါတော့တယ်နောက်ဆုံးတော့ ဒီအိပ်ရင်းယောင်တတ်တဲ့အကျင့်ကို ကုသနိုင်တဲ့နည်းလမ်းတွေ့မလား ဘယ်လိုမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။https://t.me/+koLnUQ4A0JgzODE1Genre..... Crime, Thriller Quality….  1080p | 720p File size…1.17GB | 548MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz & Hmwe Encoder ..... Aaron
movie

SLEEP (2023)

2023