Channel Myanmar

Comedy

The Lovebirds (2020) 6.1
The Lovebirds (2020) Eternalsဇာတ်ကားမှာ Bollywood ကိုရောက်နေတဲ့Eternal Kingoအ‌နေနဲ့သရုပ်ဆောင်ခဲ့တဲ့Kumail Nanjiani(ပိုးဟပ်မှာ ပုံအသုံးခံလိုက်ရလို့နာမည်ကြီးသွားတဲ့ဆရာကြီး)နဲ့အာသွက်လျှာသွက် Comedy movie အများစုမှာပါ၀င်နေကျဖြစ်တဲ့Issa Raeတို့ရဲ့ အချစ်ဟာသဇာတ်ကားလေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဂျီဘရန်နဲ့ လီလာနီဆိုတာက တကယ့်ထူးထူးခြားခြားအတွဲ။ဂျီဘရန်ဆိုတာက ပါကစ္စတန်သား ကမ္ဘာကြီးကိုအဆိုးဘက်ကနေပဲကြည့်တတ်သလို ဘ၀ကြီးမှာ ဘာမှမစွန့်စားရဲပိုနေမြဲကျားနေမြဲနေတတ်သူ စိတ်လှုပ်ရှားတဲ့အချိန်ဆိုဘာမဟုတ်တဲ့ အကြောင်းအရာတခုကအစတောင်စဉ်ရေမရလျှောက်ပြောလိုက်ရမှ။အန္တရာယ်ဆိုတာနဲ့ ပြေးလိုက်ရမှဆိုတဲ့လူမျိုး။လီလာနီဆိုတာက လူမည်းအမျိူးသမီး အရမ်းလည်းစပ်စုပါလေရာငပိချက် ပြောချင်တဲ့အကြောင်းအရာတခုကိုကရားရေလွှတ် အဆုံးထိဖြစ်ချင်ရာဖြစ်ပြောထည့်လိုက်ရမှကျေနပ်တဲ့လူမျိုး။ဒီလိုမျိုးနဲ့ ချိန်းတွေ့မယ့်စားသောက်ဆိုင်ရွေးတာကအစရန်တကျက်ကျက်ဖြစ်နေရတဲ့ သူတို့နှစ်ယောက် ‌တနေ့မှာတော့ လမ်းခွဲဖို့ဆုံးဖြတ်ကြရင်းနဲ့မတော်မဆ လူသတ်မှုတခုထဲဆွဲထည့်ခံလိုက်ရပါတော့တယ်။ဒီလူသတ်မှုမှာ အပြစ်မရှိတာကို သက်သေပြနိုင်ဖို့လီလာနီရဲ့ မဟာအကြံကြီးအတိုင်း စုံစမ်းကြတာကနေသူတို့ ဘုနဲ့ဘောက်အတွဲ ဘယ်လိုမျိုး တလွဲတွေဖြစ်ဦးမှာလဲ။သူတို့ရဲ့အပြစ်ကင်းမှုကို သက်သေပြနိုင်မှာလား။သူတို့ရဲ့အရင်တည်းကဆိုးရွားလာနေတဲ့ realtionship ကိုရောပြန်အဖတ်ဆယ် ကယ်တင်နိုင်ဦးမလား။အဆုံး‌မှာဘယ်လိုမျိုး ဒီဇာတ်လမ်းလေးတခု ပြီးဆုံးသွားမလဲဆိုတာကိုthe lovebirds ဆိုတဲ့ အချစ်ဟာသဇာတ်ကားလေးမှာရှုစားအားပေးကြပါဦးခင်ဗျ။ File size…  1.67 GB /  640 MB Quality… Web-Dl 1080p / 720p Format… mp4 Duration…. 1h 25m Genre .....  ...
movie

The Lovebirds (2020)

2020
All Aboard for Love (2023) 5.7
All Aboard for Love (2023)  CM ပရိသတ်တွေအတွက် အခုတင်ဆက်ပေးချင်တဲ့ ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့ "All Aboard for Love" ပါ။ ဒီကားကို ရိုက်တဲ့ ဒါရိုက်တာကတော့ နာမည်ကြီး The Wedding Planners စီးရီးကို ရိုက်တဲ့ အေမီဖိုစ့် ဖြစ်ပါတယ်။ အဲ့ဒီစီးရီးထဲက ကတ်သရင်းဒေးဗစ်ကလည်း ဒီဇာတ်လမ်းမှာ အဓိကဇာတ်လိုက် အယ်လီဆင်နေရာကနေ ပါဝင်အားဖြည့်ထားပါတယ်။ တွဲဘက်အနေနဲ့ Supernatural တို့ Suits တို့လို နာမည်ကြီးတီဗွီစီးရီးတွေနဲ့ The Christmas Chronicles ကားတို့မှာ သရုပ်ဆောင်ခဲ့တဲ့ အစ်ရှ်မောရစ်ကနေပြီး ဂျိုအယ်ဆိုတဲ့ နေရာကနေ ‌ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ဂျိုအယ်က ကျိကျိတက်ချမ်းသာတဲ့ မိသားစုက သူဌေးသားလေးဖြစ်ပြီး နွေရာသီအပန်းဖြေဖို့အတွက် သူငယ်ငယ်က နေခဲ့တဲ့ မာရိုးလှေဆိပ်လေးဆီကို အလည်လာပါတယ်။ အယ်လီဆင်က အဲ့ဒီလှေဆိပ်လေးရဲ့ ပိုင်ရှင်ဖြစ်ပြီးတော့ သူက အတ္တလန္တိတ်သမုဒ္ဒရာထဲကို အလည်ခရီးသွားဖို့ ပြင်ဆင်နေတာပါ။ ...
movie

All Aboard for Love (2023)

I Love America(2023) 6.7
I Love America(2023) I Love America(2023)*******************အချစ်ဟာသဇာတ်ကားကောင်းလေးပေမဲ့ အချို့သောဇာတ်ဝင်ခန်းတွေကြောင့်မိသားစုနဲ့မကြည့်ပဲ သူငယ်ချင်း ၁၈ယောက်မပြည့်တပြည့်နဲ့သာစုကြည့်ပါနော်..... အချစ်ကားဆိုလို့ ဆယ်ကျော်သက်အရွယ် လေတိုက်ရင် ဟိဟိဆိုပြီးရီတတ်တဲ့အပျိုဖြန်းအရွယ်လေးတော့မဟုတ်ပါဘူး .. အရွယ်ဟိုင်းနေပြီထင်ရပြီး ကလေးအမေ မုဆိုးမလည်းဖြစ်ပေမဲ့ ဘဲကြည်ချက်ကတော့ခုခေတ် FA မတွေစောင်ကိုက်ကြည့်ရှူရမှာပါ... ဇာတ်လမ်းအကျဉ်းကတော့ လီဆာဆိုတဲ့ပြင်သစ်သူ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဟာဟောလီးဝုဒ်မှာ ဇာတ်ကားရိုက်ချင်တဲ့အပြင် ဘဝသစ်ကိုစမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူLos Angeles ကိုပြောင်းလာခဲ့ပါတယ် အမေနေမကောင်းသေလုဆဲဆဲဖြစ်ခဲ့ရတာကိုပြုစု‌နေခဲ့ရတာမလို့ယောင်္ကျားလည်းမရှိရည်းစားလည်းမထားဖြစ်တဲ့ လီဆာဟာ ကုတင်ပေါ်မှာတစ်ယောက်တည်းဖက်တုံးနဲ့ပဲအိပ်နေရတာ သုံးနှစ်ရှိလာခဲ့ပါပြီ ဒါကြောင့်အမေရိကန်ယောက်ျားကောင်းတစ်ယောက်နဲ့ဒိတ်ချင်တဲ့ဆန္ဒကလည်းသူနဲ့အတူပါလာပါသေးတယ် အသက်ကလည်း ၅၀ရှိနေပြီမလို့အချစ်ရေးမှာလက်လျော့ထားတဲ့လီဆာဟာ LAမှာနေနေတဲ့သူ့ရဲ့သူငယ်ချင်းကောင်းလူကာနဲ့အတွေ့မှာတော့ ပြောင်းလဲသွားပါပြီ လူကာက MILF(ကလေးအမေ)တွေကိုပွန်းဆိုက်တွေမှာရှာဖွေနှုန်းဟာ တတိယချိတ်ကြောင်း ခုခေတ်ကအမေအရွယ်တွေရဲ့ခေတ်ဖြစ်ကြောင်းလီဆာကိုသူ့ရဲ့ပြင်သစ်ပုံစံအချစ်အတွေးအခေါ်တွေကို စွန့်ပစ်သင့်ကြောင်းကိုဆွယ်တရားဟောပြီး dating app မှာ acc ဖွင့်ပြီး သူကိုယ်တိုင်စီမံပေးပါတော့တယ် ဒီလိုနဲ့လီဆာတစ်ယောက် သိမ်းငှက်တွေမြေမှာ လိုင်းပေါ်ကလူပေါင်းစုံကြားမှာသူလိုချင်သလိုအချစ်စစ်ကိုတွေ့ပါ့မလား သူ့ရဲ့အတိတ်ဘဝကကိစ္စတွေကရောသူ့ကိုဘယ်လိုဆက်နွယ်ပတ်သတ်နေမလဲဆိုတာကို ပျော်ပျော်ရွင်ရွင်ကြည့်ရှူရမဲ့ကားလေးပါ ဒါရိုက်တာ Lisa Azuelosရဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ ဇာတ်လမ်းဖြစ်ပြီး အဓိကမင်းသမီးSophie Marceauကလည်း ငယ်စဉ်က James Bond ရုပ်ရှင်ကားမှာပါဝင်သရုပ်ဆောင်ဖူးတဲ့ဝါရင့်မင်းသမီးကြီးဖြစ်ပါတယ်File size…1.5GB / 727MB Quality… WEB-DL1080P / ...
movie

I Love America(2023)

The Appleton Ladies’ Potato Race (2023) 7.8
The Appleton Ladies’ Potato Race (2023)  ဒီကားလေးကတော့အဓိကအားဖြင့် အခုခေတ်မှာအမြဲမြင်တွေ့နေရတဲ့Gender Equality ဆိုတဲ့ကျားမမခွဲခြားပဲတန်းတူဆက်ဆံခြင်းအကြောင်းကို အဓိကထားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါကိုသဘောမကျတဲ့သူတွေလဲ ဒီဇတ်ကားလေးကိုကြည့်ပြီးတွေးစရာအတွေးလေးတွေကျန်ခဲ့မယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ပန်နီဆိုတဲ့ဆရာဝန်မလေးတစ်ယောက်ကသူလက်ရှိနေထိုင်နေတဲ့ဆစ်ဒနီမြို့ကြီးကိုထားခဲ့ပြီးတော့ သူ့မိသားစုရှိရာနယ်မြို့လေးဖြစ်တဲ့ အက်ပဲလ်တန်ကိုပြန်လာခဲ့ပါတော့တယ်။သူပြန်လာပြီးသိပ်မကြာခင်မှာပဲသူတို့ရဲ့အက်ပဲလ်တန်မြို့မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့အာလူးထမ်းအပြေးပြိုင်ပွဲလဲကျင်းပတော့မှာပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်ခုပြဿနာရှိတာကအဲ့ဒီအပြေးပြိုင်ပွဲမှာယောက်ျားတွေပြိုင်ပွဲမှာရတဲ့ဆုကြေးကဒေါ်လာနှစ်ထောင်ဖြစ်ပြီးအမျိုးသမီးတွေရတဲ့ဆုကြေးကတော့ ဒေါ်လာနှစ်ရာပဲဖြစ်နေတာဖြစ်ပါတယ်။အဲ့ဒီကိစ္စကိုပန်နီရဲ့ညီမဖြစ်သူ ဆယ်နှစ်ဆက်တိုက်အာလူးထမ်းအပြေးပြိုင်ပွဲချန်ပီယံဖြစ်ထားတဲ့နစ်ကီအပြင်မြို့ကတခြားလူတွေကလဲဘာမှမပြောကြပေမဲ့မြို့ကြီးပြကြီးမှာနေလာတဲ့ပန်နီတစ်ယောက်အတွက်ဒါကစိတ်ခုစရာဖြစ်နေပါတော့တယ်။ဒီလိုနဲ့အမျိုးသားဆုကြေးနဲ့အမျိုးသမီးဆုကြေးတန်းတူရဖို့အတွက်ပန်နီတစ်ယောက်တည်းအများနဲ့တစ်ယောက်တိုက်ခိုက်ရင်းကြိုးစားခဲ့ပြီးနောက်မှာဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.92GB / 817MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Appleton Ladies’ Potato Race (2023)

Samajavaragamana (2023) 8.0
Samajavaragamana (2023) Samajavaragamana(2023) IMDb-8.1/10ရုံတင်ငွေ ရူပီးသန်းငါးဆယ်ပြန်ရခဲ့တဲ့ တလေဂူးစကားပြော အိန္ဒိယဟာသကားလေးကို ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် အပျင်းပြေကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အဘိုးဖြစ်သူရဲ့သေတမ်းစာကြောင့် အဖေကို ဘွဲ့ရဖို့ကြိုးစားပေးနေရတဲ့ ဘာလူ။ ဘာလူက ရုပ်ရှင်ရုံကလက်မှတ်ဖြတ်တဲ့ကောင်တာမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတယောက်။ မိသားစုငါးယောက်စားအိုးကို တာဝန်ယူထားရတဲ့အပြင် အဖေလုပ်သူကိုလည်း ကျူရှင်ထားရ စာမေးပွဲဖြေဖို့လုပ်ရနဲ့ ဂရုစိုက်နေရပါတယ်။သူ့အဖေကို ဘွဲ့ရဖို့ကြိုးစားပေးရင်းနဲ့ပဲ ကျောင်းသူမိန်းမချောလေးနဲ့ဆုံဆည်းခဲ့ပါတော့တယ်။ အဖေလုပ်သူဘွဲ့ရဖို့က ဘယ်လောက်အရေးကြီးလို့ အသည်းအသန်ကြိုးစားနေရတာလဲ။ ဆုံဆည်းခဲ့ရတဲ့ မိန်းမချောလေးနဲ့ရော အဆင်ပြေမှာလားဆိုတာကို ရယ်ရင်း ပြုံးရင်း ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~Cherry~Yunniတို့ပါပဲ) File size…2.63GB  / 1.24GB  Quality…1080p WEBDL  / 720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Zwe~BpL~Cherry~Yunni
movie

Samajavaragamana (2023)

2023
Happiness for Beginners(2023) 6.7
Happiness for Beginners(2023) Happiness for Beginners(2023)**************************** အမေရိကန်စာရေးဆရာမ Katherine Centerရဲ့ ဝတ္ထုကောင်းတွေထဲကတစ်အုပ်ဖြစ်တဲ့Happiness for Beginnersကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာဖြစ်ပြီး ‌တောတွင်း ခရီးထွက်ရတဲ့ hiking vibeလေးတွေ ရှုခင်းလှလှလေးတွေကိုပါ လိုက်ပါခံစားလို့ရမယ့် ဇာတ်ကားလေးပါ...။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဟယ်လန်ဟာ ယောကျ်ားဖြစ်သူနဲ့ကွာရှင်းပြတ်စဲပြီးတစ်နှစ်အကြာမှာ ဘဝအသစ်ပြန်စဖို့ အားယူရန် တောတွင်းလမ်းလျှောက်ခရီးလေးကိုစိတ်ပြေလက်ပျောက်ထွက်ခဲ့လိုက်ပါတယ်...။ အိမ်ထောင်ရေးကံခေလို့ ကွာရှင်းပြီးတာတောင် ခင်ပွန်းဟောင်းဖြစ်သူက လိုက်ကပ်နေတာတွေ...၊အိမ်ထောင်ကွဲမိဘတွေရဲ့စွန့်ပစ်ခံခဲ့ရတဲ့အတိတ်တွေ...၊ တစ်ဦးတည်းသောသွေးသားရင်း မောင်လေးနဲ့ အဆင်မပြေတာတွေ စတဲ့အထိုထိုသောဘဝရဲ့ အခက်အခဲတွေကို move onလုပ်ဖို့အတွက် ပထမဆုံးခြေလှမ်းအနေနဲ့ ဒီခရီးကိုထွက်ခဲ့တာ....။ တိုက်ဆိုင်ချင်လို့လားပဲ...။ ဒီခရီးမှာ ဟယ်လန့်မောင်လေးရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဂျိတ်လည်း လိုက်ပါလာပါတယ်...။ တစ်ယောက်တည်း ဆိတ်ငြိမ်ချင်လို့ခရီးထွက်ပါတယ်ဆိုမှ ခရီးမှာ မျက်နှာသိပါလာတော့ဟယ်လန်တစ်ယောက် ထပ်ပြီးစိတ်ညစ်ပြန်ရပါလေရော...။ သို့ပေမဲ့ ဘဝဆိုတာ ဆိုးတာချည်းပဲကြုံမနေဘူးလေ အပြောင်းအလဲလေးရှိသေးတာကိုး...။ ဟယ်လန်တစ်ယောက် တောတွင်းလမ်းလျှောက်ခရီးမှာ မျက်နှာသိဂျိတ်နဲ့ ကတောက်ကဆ၊ကမောက်ကမဖြစ်ရင်း ဘယ်လိုတွေ စခန်းသွားကြမလဲဆိုတာကိုဒီ Comedy Drama movieလေးထဲမှာကြည့်ရှုနိုင်ပါပြီ...။   File size…1.8GB/ 741MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 43min Genre ….. Comedy, Drama , ...
movie

Happiness for Beginners(2023)

Grabbers (2012) 6.3
Grabbers (2012)  IMDb - 6.3/10 ~ Rotten tomatoes - 70% အိုင်ယာလန်နိုင်ငံက ‌အယ်ရန်ကျွန်းလေးဟာ လူအနည်းစုပဲနေထိုင်ကြပြီး သာယာအေးချမ်းနေတဲ့ ကျွန်းလေးပါ။ ရဲစခန်းမှာလည်း အရာရှိနှစ်ယောက်သာရှိပြီး မှုခင်းလည်းတော်ရုံဖြစ်ခဲပါတယ်။ တနေ့မှာတော့ စခန်းမှူးက ပိတ်ရက်ခွင့်ယူတဲ့အတွက် ဒပ်ဗလင်မြို့ကနေပြီး နှစ်ပတ်အစားထိုးပေးမဲ့ ဂါဒါ (အရာရှိ) နိုလန် ကိုလွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ စခန်းမှာကျန်ခဲ့တဲ့ အိုရှေးနဲ့တွဲပြီးအလုပ်လုပ်ကြရင်း ကမ်းခြေမှာ ဝေလငါးတွေ သောင်သာတင်တဲ့သတင်းကို သွားစစ်ရင်း ဝေလငါးတွေရဲ့ ကိုယ်ပေါ်ကပုံမှန်အဟုတ်တဲ့ အမည်မသိဒဏ်ရာတွေကိုတွေ့ခဲ့ကြရပါတယ်။တဖက်မှာလည်း ဘဝကိုငါးဖမ်းလိုက်၊ အရက်သောက်လိုက်နဲ့ ဖြတ်သန်းနေတဲ့ ပက်ဒါဆိုတဲ့ အဘိုးကြီးရဲ့ ကျောက်ပုစွန်ထောင်ခြောက်မှာ အမျိုးအမည်မသိ အကောင်တကောင်မိခဲ့ပြီး ပက်ဒါကိုတိုက်ခိုက်ရင်း သေသွားခဲ့တာကြောင့် အဏ္ဏဝါဗေဒပညာရှင် စမစ်နဲ့စစ်ဆေးကြည့်ရင်း ဒီသတ္တဝါတွေဟာ သွေးကိုစားသုံးပြီး အသက်ရှင်ဖို့ရေလိုအပ်တဲ့ အမျိုးအမည်မသိမျိုးစိတ်ဖြစ်နေပြီး သေသွားရတဲ့အကြောင်းအရင်းကလည်း ပက်ဒီလို ရှက်ကီပေါင်းစုံထုထားတဲ့ ရှက်ဘီဘဲကြီးရဲ့ သွေးကိုစုပ်မိသွားတာကြောင့် ဖြစ်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ပက်ဒါမိထားတဲ့အကောင်က အမဖြစ်နေပြီး ...
movie

Grabbers (2012)

Hidden Strike (2023) 5.8
Hidden Strike (2023)  ဂျက်ကီချန်းနဲ့ ဂျွန်စီနာတို့ရဲ့ ဟာသအက်ရှင်ကားအသစ်လာပါပြီ။ဒါရိုက်တာကလည်း Need for speed, Expend4bles တို့ရဲ့ Scott Waugh ပါ။ ဇာတ်လမ်းအကျဉ်းအရှေ့အလယ်ပိုင်းရဲ့ တရုတ်ရေနံကုမ္ပဏီတစ်ခုက ဒေသတွင်း ကြေးစားစစ်တပ်တွေကဝိုင်းတိုက်နေပြီ ဝင်စီးဖို့ကြိုးစားနေပါတယ်။ ရေနံဝန်ထမ်းတွေကို ကယ်တင်ဖို့ဂျက်ကီချန်းတို့ လုံခြုံရေးတပ်တွေ ရောက်လာပြီး ကယ်ထုတ်နေချိန်မှာကြေးစားတပ်တွေနဲ့ တိုက်ပွဲဖြစ်ပါတော့တယ်။ အဲဒီတိုက်ပွဲမှာ ဂျွန်စီနာကကြေးစားတွေဘက်ကနေ ပါလာပြီး ရေနံဝန်ထမ်းတွေရဲ့ ကားတန်းထဲကဘတ်စကားနှစ်စီးကို ဖမ်းခေါ်သွားနိုင်ခဲ့ပါတယ်။ အဲဒီလူတွေကို ပြန်ကယ်ဖို့ကြိုးစားရင်း ဂျက်ကီနဲ့ဂျွန်စီနာတို့ တွေ့ကြတဲ့အခါ....   File size… 2.12GB / 925MB Quality… WEB-Rip 1080P 5.1 CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson
movie

Hidden Strike (2023)

The Murderer (2023) 6.5
The Murderer (2023) The Murderer (2023)နာမည်ကျော် ထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဟာသကားအသစ်ထွက်လာပါပြီ။ မင်းသမီးကတော့ Bad Genius ထဲက ဂရေ့စ်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Eisaya Hosuwan ပါပဲ။ဇာတ်လမ်းအကျဉ်းထိုင်းနိုင်ငံတစ်နေရာက လယ်တောအိမ်လေးတစ်ခုထဲမှာ ၇ လောင်းပြိုင်လူသတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် သံသယတရားခံကတော့ အဲလ်လို့ခေါ်တဲ့ ဗြိတိန်သားတစ်ယောက်ပါပဲ။ သူဟာ သေသွားတဲ့မိသားစုရဲ့ သမီး ဆိုင် နဲ့ လက်ထပ်ထားတာဖြစ်ပြီး ယောက္ခမတွေအိမ်မှာ ညလာအိပ်တဲ့ညမှာ ပြဿနာတွေရှုပ်ကုန်တာဖြစ်ပါတယ်။ အသတ်ခံရတဲ့ သူ ၇ ယောက်ကလည်း သေပုံသေနည်းတစ်မျိုးစီဖြစ်နေပြီး ဇာတ်လမ်းကိုယ်စီရှိနေပြန်ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ အဲလ် နဲ့ ဆိုင်၊ သူတို့ရဲ့ တူမလေး ဇွန် တို့ကို စခန်းမှူးက စစ်ဆေးရင်း သူတို့တစ်ယောက်တစ်ပေါက်ပြောပြတာတွေကနေ တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကြည့်ရမှာပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Comedy, Crime, Mystery, Thriller Quality…. 1080p | 720p File ...
movie

The Murderer (2023)

2023
Love Tactics 2 (2022) 4.8
Love Tactics 2 (2022) Love Tactics 2 (2022) ================ပထမကားမှာ နင်ချစ်မလား ငါချစ်မလားနဲ့ အချစ်ပြိုင်ပွဲလေးလုပ်ခဲ့ကြတဲ့ အက်စ်လီနဲ့ ကယ်ရမ့်ကိုမှတ်မိကြသေးရဲ့လား။  သူတို့နှစ်ယောက်ကနေ တစ်ဆင့် စုံတွဲတွေဖြစ်သွားကြတဲ့ သူငယ်ချင်းနှစ်ယောက်က လက်ထပ် ကြတော့မှာပါတဲ့။ ဒါပေမဲ့ ဒါကို အက်စ်လီတို့နှစ်ယောက်က သဘောမ ကျပါဘူး။ အိမ်ထောင်ပြုလိုက်တာနဲ့ ရန်ပဲဖြစ်ပြီး အချစ်တွေမရှိတော့ဘဲ နောက်ဆုံးကွာရှင်းကြမှာပဲလို့ ယုံကြည်ကြတဲ့နှစ်ယောက်ပေါ့။ အိမ်ထောင် ရေးကို အယုံအကြည်မရှိကြတာချင်းအတူတူ အက်စ်လီက ကယ်ရမ်ဟာ သူ့ကိုလက်မထပ်ချင်ရကောင်းလားဆိုပြီး စိတ်ဆိုးသွားပါတယ်။ဒီလိုနဲ့ အက်စ်လီက ကယ်ရမ် သူ့ကိုလက်ထပ်ချင်လာအောင် စစ်ဆင်ရေး စပါတယ်။ ကယ်ရမ်ကလည်း အားကျမခံ အက်စ်လီ့ကို အိမ်ထောင်သည် ဘဝကို စိတ်ကုန်သွားအောင် ဗျူဟာဆွဲပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်ဂိမ်းလေးမှာရော ဘယ်သူအနိုင်ရမလဲ။ ချစ်ရင်ယူမှဖြစ်မှာ လား လက်ထပ်လိုက်တာနဲ့ အချစ်တွေကုန်သွားပြီလား ပရိသတ်ကြီးရော ဘယ်လိုထင်ပါသလဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL မှဖြစ်ပါတယ်)File Size..........(1.85 GB) / (833 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......EL Encoder..........SWM
movie

Love Tactics 2 (2022)

2023
The Fence (2022) 6.9
The Fence (2022)  စတိဗ်ဆိုတဲ့ ကောင်လေးကသူရှာထားတဲ့ပိုက်ဆံတွေစုပြီးဆိုင်ကယ်လေးတစ်စီးကိုဝယ်ခဲ့ပါတယ်။ဝယ်ပြီးသိပ်မကြာခင်မှာပဲအိမ်ရှေ့မှာရပ်ထားတုန်းအခိုးခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ရဲသွားတိုင်တော့သူက သူ့အစ်ကိုအန်ဒရူးရဲ့ညီဖြစ်နေတာကိုသိသွားတော့ ရဲတွေကမကူညီချင်သလိုထုံးစံအတိုင်းအင်တင်တင်လုပ်ပါတော့တယ်။သူ့အစ်ကိုအန်ဒရူးဆိုတာက အမြဲတမ်းထိုးလိုက်ကြိတ်လိုက်နဲ့လူကြမ်းတစ်ယောက်မလို့ အခုလဲခံဝန်နဲ့လွတ်လာတာဖြစ်ပါတယ်။ ဒီလိုနဲ့စတိဗ်တစ်ယောက် သူ့ဆိုင်ကယ်လေးကိုဘယ်သူခိုးသွားတယ်ဆိုတာကိုလိုက်စုံစမ်းရင်းနဲ့ သတင်းအတိအကျရလာတဲ့အခါ သူ့အသက်အရွယ်နဲ့ ဘာမှလုပ်မရတဲ့အတွက်သူ့အစ်ကိုကိုပဲ လူမိုက်ငှားပြီးခေါ်သွားခဲ့ပါတော့တယ်။သူ့အစ်ကိုကလဲမဆီမဆိုင်နဲ့ရဲတွေနဲ့ သူ့ကြားမှာပဲကြီးလှော်ဆားညှပ်နေတဲ့သူ့ ညီကိုသနားပြီးအတတ်နိုင်ဆုံးလိုက်ကူညီပေးခဲ့ပါတယ်။ဒီလိုနဲ့ဆိုင်ကယ်တော့ပြန်မရခဲ့ပေမဲ့လျော်ကြေးတော့ပြန်ရခဲ့ပါတယ်။ဒါပေမယ့်တကယ်တမ်းအပြစ်ရှိတဲ့လူကဆိုင်ကယ်သူခိုးမဟုတ်ပဲ နဲ့ ညီအစ်ကိုနှစ်ယောက်လုံးနဲ့ရန်စရှိနေတဲ့လူတွေဖြစ်တဲ့အခါမှာတော့ဘာတွေဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။  File size…2.45GB / 744MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie

The Fence (2022)

[18+] Flux Gourmet (2022) 5.9
[18+] Flux Gourmet (2022) Flux Gourmet (2022)* သွေးထွက်သံယိုဇာတ်ဝင်ခန်းများနှင့် ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများကြည့်ရှုရန်မသင့်ပါ *~ IMDb - 5.9/10, Rotten Tomatoes - 85% ~ဒီရုပ်ရှင်ကို ဘာအကြောင်းလဲလို့မေးရင် နည်းနည်းဖြေရခက်မယ်။ အကြောင်းအရာတွေက ရှုထောင့်ပေါင်းစုံကနေ တစ်မျိုးစီပြထားတာကြောင့်ပေါ့။ ဟင်းချက်တာပါတယ်၊ အနုပညာပါတယ်၊ သီချင်းတွေအသံတွေပါတယ်၊ ဟာသတွေပါတယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေပါတယ်၊ ဘာညာကွိကွတွေပါတယ်။မကြည့်ခင်မှာ အရင်ဆုံး သူတို့တည်တဲ့ ဇာတ်လမ်းနဲ့အလုပ်အကိုင်သဘောတွေအရင်ပြောရပါလိမ့်မယ်။ Sonic Catering ကို ဒီရုပ်ရှင်ထဲကအတိုင်းဆိုရင်တော့ မြန်မာလိုအဓိပ္ပာယ်ခြုံမိဖို့ "ဟင်းသံလုပ်သရုပ်ဆောင်ခြင်း" လို့ခေါ်နိုင်ပါတယ်။ဒါရိုက်တာ Peter Strickland ကလည်း ဒီရုပ်ရှင်ဟာ သူ့ဘဝနဲ့ အနီးစပ်ဆုံးရုပ်ရှင်ဖြစ်မယ်လို့ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် အဲဒီလို Sonic Catering Band တစ်ခုကို တည်ထောင်ခဲ့ဖူးလို့ပါတဲ့။ASMR တွေနဲ့မတူတာက Sonic Catering ဟာ ပြဇာတ်ကသလို ပရိသတ်ရှေ့မှာပဲ ဟင်းချက်တယ်၊ ဟင်းချက်ရာကထွက်တဲ့အသံတွေကိုဖမ်းပြီး အသံညှိစက်တွေနဲ့ အမျိုးမျိုးချိန်ညှိတယ်။ ...
movie

[18+] Flux Gourmet (2022)

2022
Bhuvanavijayam (2023) 6.9
Bhuvanavijayam (2023) Bhuvana Vijayam(2023) IMDb-6.9/10ပေါ့ပေါ့ပါးပါးနဲ့ အပျင်းတော်ပြေစေမယ့် တလေဂူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့လူသားတိုင်းမှာ ကိုယ်ပိုင်ဆန္ဒတွေရှိကြတယ်။အဲဒီဆန္ဒတွေက အောင်မြင်မှုနဲ့အတူ တွဲပါလာတတ်ကြပါမယ့် အဲဒီအောင်မြင်မှုအတွက် အများကြီးပေးဆပ်ပြီး တိုက်ပွဲဝင်ကြရတာ။ အမြဲတမ်းရှုံးနေတဲ့လူတောင် တခါတလေအောင်နိုင်ပါသေးတယ်။အကြိမ်ရေနည်းပေမယ်လို့ပေါ့။ အဲဒီလိုအချိန်တွေမှာ ဘုရားရဲ့ပါဝင်မှုက ရှိလာတတ်တာပဲ။ဒီဇာတ်လမ်းကလည်း ဘုရားတွေထဲကမှ ဘဟူဗာနာဗီဂျေယမ်ဆိုတဲ့လူသားရဲ့ဇာတ်လမ်း။ သေဆုံးပြီးနောက် ဘယ်လိုတွေဖြစ်လဲဆိုတာရယ်ရုပ်ရှင်တစ်ကားအတွက် နောက်ခံဇာတ်ကြောင်းတွေ မတူညီကြတဲ့ လူခြောက်ယောက် ဇာတ်ညွှန်းအတွက်ပြိုင်ကြတာကို ပေါ့ပေါ့ပါးပါးနဲ့ ခွီရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~Aditi~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.04GB / 863MB Quality…WEB DL /720p Format…mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Aditi~BpL~Yunni
movie

Bhuvanavijayam (2023)

2023
Chuyện Xóm Tui: Con Nhót Mót Chồng (2023)
Chuyện Xóm Tui: Con Nhót Mót Chồng (2023) Chuyện Xóm Tui: Con Nhót Mót Chồng (2023)IMDb 7.1/10အဖေတစ်ခု သမီးတစ်ခုနေလာကြတဲ့ မစ္စတာရှင်းနဲ့ နယော့ အဖေက အရက်ကိုသိပ်ကြိုက်သလို သမီးက ခိုးရတာဝါသနာ အချင်းချင်းအမြဲသတ်နေပေမဲ့ ၂ယောက်က အရမ်းချစ်ကြတဲ့သားအဖပေါ့ဒီလိုနဲ့ တစ်ရက်ကျ မစ္စတာရှင်းက သမီးဖြစ်သူကို အိမ်ထောင်ချပေးဖို့ အတွေးဝင်လာတယ် သမီးအသက်ကလည်း မငယ်တော့တာမို့ သမက်လောင်းရှာဖို့ ခရီးစပါတော့တယ် တစ်ရပ်ကွက်တည်းသားချင်းတွေက နယော့ရဲ့စရိုက်ကိုသိနေတော့ ဝေးဝေးကရှောင်ရင်း.... သူ့သမီးအတွက် ခင်ပွန်းလောင်းရှာနိုင်သွားမလား ဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်လိုဂျင်းတွေထည့်မလဲဆိုတာတော့...ရယ်ရတဲ့ကားလည်းဖြစ် ပညာလည်းရတာမို့ ခဏတာဘဝ‌အမောတွေ ဖြေဖျောက်နိုင်စေရန် တင်ဆက်ပေးလိုက်ရပါတယ်(အညွန်းနဲ့ ဘာသာပြန်တွေကတော့Yunni~BpL~Aditi~Zwe Yan ~Cherry~V တို့ပဲ ဖြစ်ပါတယ်) File size…1.8GB / 809MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni~BpL~Aditi~Zwe Yan ~Cherry~V
movie

Chuyện Xóm Tui: Con Nhót Mót Chồng (2023)

2023
The Angels’ Share (2012) 7.0
The Angels’ Share (2012)  IMDb 7/10 အထိရထားပြီး ဟာသဒရမ်မာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့လူမှုရေးအလုပ်နဲ့ပြစ်ဒဏ်ချခံထားရတဲ့အပြစ်သားတစ်စုကအတိတ်ကအမဲစက်ကြောင့်အပယ်ခံလိုဖြစ်နေရတာပါ သူတို့ကတော့အကျင့်ဆိုးတွေကိုပြင်ဖို့ကြိုးစားနေကြပေမဲ့ဘယ်သူကမှအရေးပေးမဆက်ဆံကြပါဘူး ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးတာကြောင့်သူတို့ဝီစကီအရသာမြည်းစမ်းပွဲကိုသွားရင်းအခွင့်အရေးကောင်းတစ်ခုကိုရသွားခဲ့ကြပါတယ်။ဝီစကီတွေဟာအရက်တွေထဲမှာတော့လူကြိုက်များတဲ့အရက်တစ်မျိုးဖြစ်ပြီးအဆင့်အတန်းမှီဝီစကီကောင်းကောင်းတစ်လုံးဟာဈေးအဆမတန်ပေးရနိုင်ပါတယ် ဒါပေမဲ့တကယ်ရူးသွပ်တဲ့သူတွေကတော့အလုအယက်ဝယ်ကြတုန်းပါပဲ သူတို့ရသွားတဲ့အခွင့်အရေးကတော့ဝီစကီတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးထုတ်ပြီးရောင်းစားဖို့ပါပဲ သူတို့အုပ်စုတွေရည်မှန်းချက်ပြည့်ဝဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့အကြံအစည်ကရောအောင်မြင်နိုင်ပါ့မလားဆိုတာကိုကြည့်ရှူရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်File size…(1.9 GB)/(988 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Angels’ Share (2012)

They Cloned Tyrone (2023) 6.7
They Cloned Tyrone (2023) They Cloned Tyrone (2023)ဇာတ်လမ်းနာမည် They Cloned Tyrone ကိုကြည့်တာနဲ့ လျှို့ဝှက်ချက်တွေပြည့်နေမယ့်ဇာတ်လမ်းဆိုတာ သေချာတာပေါ့။ They ဆိုတာကဘယ်သူလဲဆိုရင် ကလုန်းပွားတာတွေနဲ့တခြားနည်းပညာတွေကို လက်ကလိနေကျဖြစ်တဲ့အစိုးရပဲပေါ့။ ဒီဇာတ်လမ်းမှာတော့ ဖွန်တိန်းကသာမန်လူတစ်ယောက်ပဲ။ သူကဆေးအရောင်းအဝယ်လုပ်တယ်။ ဆေးရောင်းသူတွေအချင်းချင်း အကျော်အခွဇယားလေးဘာလေးပဲရှိတယ်။ တစ်နေ့တော့ သူကလူတစ်ယောက်စီမှာအကြွေးသွားတောင်းပြီး ပြန်အထွက်မှာ သူ့နဲ့မတည့်တဲ့ဆေးရောင်းသူတွေကသူ့ကိုသေနတ်နဲ့ပစ်သွားပါလေရော။ ပစ်တာမှတစ်ချက်ထဲတောင်မဟုတ်ဘူး သုံးလေးချက်။ ဒါပေမဲ့နောက်နေ့ကျတော့ သူပြန်ရောက်လာတယ် အကြွေးပြန်လာတောင်းပြန်ရော။ သူသေနတ်နဲ့ပစ်ခံရတာလဲမမှတ်မိသလို ဘာဒဏ်ရာဒဏ်ချက်မှလဲမရှိပါဘူး။ ဒါဆိုမနေ့က ဖွန်တိန်းက ဘယ်ရောက်သွားလဲ။ အဲ့ဒီကိစ္စကိုလိုက်စုံစမ်းရင်း သူတို့ရပ်ကွက်တစ်ခုလုံးက အစိုးရရဲ့ထိန်းချုပ်ခံစမ်းသပ်ခံတွေဖြစ်နေတာကိုသိလိုက်ရတော့ ဘာတွေများဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။အညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့း ဘာသာပြန်ထားတာကတော့ Rashida နဲ့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Mystery, Action, Comedy, Sci-fi Quality…. 1080p | 720p File size… 3.8GB | 1.1GB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida, Mary Christ Encoder ..... Aaron
movie

They Cloned Tyrone (2023)

Where the Devil Can’t Go, He Sends a Woman 2 (2023) 5.7
Where the Devil Can’t Go, He Sends a Woman 2 (2023)  ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ IMDb 5.7/10 ရရှိထားတဲ့ ပိုလန်စကားပြော Comedy/Crime/Drama ကားလေးပါ။ ဇာတ်လမ်းကတော့ ၁၉၉၀-၂၀၀၀ခုနှစ် ဝန်းကျင်က ပိုလန်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေကြားထဲက လူလိမ်တစ်ဖြစ်လည်း ကုန်သည်ဖြစ်သူ ခါဇုမီယက်ဇ်ဘွန်ချက်ဇ်ရဲ့ မျိုးစုံကြိုးခုန်တတ်တဲ့၊ စီးပွားရေးကွက်ကျော်ရိုက်၊ ကလိမ်စေ့ငြမ်းစင်ပုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကျ ကွက်ကျော်ရိုက်တတ်ပေမယ့် ကားခိုးမှုတွေများနေတဲ့နိုင်ငံမှာ သူ့ကားအခိုးခံရမှာကြောက်လို့ ကားစတီယာရင်ကို ဘယ်သွားသွားချွတ်ယူသွားတတ်တဲ့ ခါဇုတစ်ယောက် နိုင်ငံပိုင်ကုမ္ပဏီတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ပြီး သန်းပေါင်းများစွာကို ဘယ်လိုအိတ်ထဲထည့်ခဲ့သလဲ၊ သတင်းအချက်အလက်တွေရယူဖို့ ဘယ်လိုလမ်းကြောင်းကနေ ကြိုးစားခဲ့သလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာကို ရှုစားရမှာပါ။ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူ့ကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိကိုရော ဘယ်လိုနှစ်ပေါက်တစ်ပေါက်ရိုက် လှည့်ထွက်ခဲ့သလဲ၊ အဲဒီ ရဲအရာရှိကရော သူ့ကို တကယ်ဖမ်းဆီးနိုင်ပါ့မလား၊ ဂျင်ပေါ်ကထုံးဖြစ်တဲ့ ခါဇုတစ်ယောက် ငွေနဲ့ပတ်သက်လာတဲ့အခါ ယုံကြည်ရတဲ့မိတ်ဆွေတွေကို အရင်အတိုင်း ဆက်ယုံကြည်နိုင်မှာလား၊ ခါဇုကိုရော သူ့ရဲ့မိတ်ဆွေတွေက နောက်ဆုံးအချိန်ထိ ယုံကြည်ပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ...
movie

Where the Devil Can’t Go, He Sends a Woman 2 (2023)

My Awkward Sexual Adventure (2012) 6.1
My Awkward Sexual Adventure (2012) ဆော်က ငထန် မင်းသားက ငဒူ ဆော်က အားမရလို့ပစ်သွားတော့မှ ဆော်က ကိုယ့်ကို စိတ်ပြန်လည်လာဖို့ ကူပါကယ်ပါနဲ့ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိတဲ့အဖြစ် အဖော်အချွတ်ကလပ်က ဆော်တစ်ပွေနဲ့တွေ့ပြီးကိုယ်ဖိရင်ဖိသင်ကြားပြီးတော့မှ သိုင်းကွက်အစုံနဲ့ ရေခဲတောင်ကြာပွင့်စားစရာမလိုပဲ အတွင်းအားတွေရသွား တဲ့Canadian Comedy/Romance ဇာတ်ကားလေးတစ်ကားပေါ့မင်းသားကတော့ Canadian ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ ဖြစ်တဲ့ Jonas Chernick နဲ့ မင်းသမီးကတော့ Canadian Series တွေ British Series တွေရိုက်ကူးနေတဲ့ Emily Hampshire တို့ပါပဲ နှစ်ယောက်စလုံးကလည်း Canadian လူမျိုးတွေပဲဆိုတော့ Canadian Sex ဇာတ်ကားကောင်းလေးတစ်ကားကိုအသွင်သစ်အမြင်သစ်လေးတစ်ခုအနေနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦး ပရိသတ်ကြီးဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

My Awkward Sexual Adventure (2012)

Parental Guidance (2012) 6.0
Parental Guidance (2012)  အာတီဟာ အသက် ၄၅ နှစ်အရွယ် ဘေ့စ်ဘောအားကစားပွဲတွေရဲ့ နောက်ခံအသံတင်ဆက်သူတစ်ယောက်ပါ။ သူဟာ အလုပ်ကို ချစ်လို့လုပ်တဲ့လူစားမျိုးဖြစ်ပေမဲ့လည်း အာတီတစ်ယောက် Facebook လေးတောင်မသုံးတတ်လို့ဆိုပြီး အလုပ်ကနေအထုတ်ခံလိုက်ရပါတယ်။ အဲဒီနောက်တော့ သူ့ရဲ့သမီးဖြစ်သူက ကလေးတွေကိုထိန်းပေးဖို့ အကူအညီတောင်းတော့ အာတီတို့လင်မယားနှစ်ယောက် ကလေးတွေထိန်းပေးဖို့သွားပါတော့တယ်။ အမေရိကန်မိသားစုတွေဆိုပေမဲ့လည်း မတူညီတဲ့မျိုးဆက်တွေကြားထဲက မိဘအုပ်ထိန်းမှုပုံစံတွေနဲ့ သွန်သင်ဆုံးမတဲ့ပုံစံတွေကလလည်း ကွာခြားနေတော့ အာတီတို့လင်မယားနှစ်ယောက် သူ့မြေး၃ကောင်နဲ့ ဘယ်လိုဘယ်ပုံစခန်းသွားကြမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားထဲက သရုပ်ဆောင်တွေဟာဆိုရင်လည်း ကလေးသရုပ်ဆောင်ကအစ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေထဲမှာ သရုပ်ဆောင်ကြဖူးထားကြပြီး IMDb 6.0 ရရှိထားတဲ့ အမေရိကန် မိသားစုဟာသ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပြေကြည့်ရှုဖို့အတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။File size…(2.1 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mako
movie

Parental Guidance (2012)