Channel Myanmar

Comedy

[21+]Summer Camp Girls(1983) 5.7
[21+]Summer Camp Girls(1983) အမေရိကန် ပျိုဖြူလေးတွေအတွက် သီးသန့်ထိန်းကျောင်းတဲ့ နွေရာသီ လေ့ကျင့်ရေးစခန်းမှာ ဖြစ်ပွါးခဲ့တဲ့ အချစ်ဇာတ်လမ်းလေးပါ... အမေရိကန်ပျိုဖြူလေးတွေရဲ့ ဘွင်းဘွင်းရှင်းရှင်း အန်ဆင်ဆာ အချစ်ဇာတ်လမ်းလေး...တကယ်တော့ အဲဒီစခန်းကို ဘယ်သူမှမသွားချင်ကြပါဘူး ဘာလို့လဲဆိုတော့ အနေထိုင် အရမ်းတင်းကြပ်လို့ပါပဲအန်ဂျလာ..... အန်ဂျလာကတော့ လူကုံထန်အသိုင်းဝိုင်းက ပေါက်ဖွါးလာသူလေး ပြစ်မျိုးမှဲ့မထင်လေး အလှတရားပြည့်စုံတယ်.... သူမရဲ့အဖေက အရမ်းစည်းကမ်းတင်းကြပ်တယ် သူမအဖေက ဘာသာရေးသမား အခုလည်းကြည့်လေ အန်ဂျလာချစ်သူက တခြားဘာသာဝင်ဖြစ်နေလို့ မရရအောင်ဖြတ်ပြီး လေ့ကျင့်ရေးစခန်းပို့ပစ်တယ်...အဲမှာ အန်ဂျလာတစ်ယောက် အထူးဆန်းတွေ စတွေ့တာပဲ သူရဲ့အခန်းဖော်တွေက ပူစီလေးတွေ.. သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ... စိတ်ဝင်စားဖို့ကောင်းပြီး ဘွင်းဘွင်းရှင်းရှင်းခန်းတွေ များတာမို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ် File size…2.07GB / 1.01GB Quality…1080p /720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi
movie

[21+]Summer Camp Girls(1983)

1983
Mediterranean Fever (2022) 6.7
Mediterranean Fever (2022) Mediterranean Fever (2022)~ IMDb - 6.6/10, Rotten Tomatoes - 80% ~ကိန်းရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ညွှန်းဆုရခဲ့တဲ့ ပါလက်စတိုင်းရုပ်ရှင်တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ စိတ်ကျရောဂါခံစားနေရတဲ့သူတစ်ယောက်နဲ့ အိမ်နီးချင်းသစ်တို့ကြားက Friendship ဖြစ်လာပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ကျွန်‌တော်တို့အားလုံးက Depression Social Anxiety Bipolar Disorder စတဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ အနည်းနဲ့အများ ရုန်းကန်နေကြရတဲ့သူတွေချည်းပါပဲ။ တခါတလေမှာ Suicide လုပ်သွားတဲ့သူတွေက ပိုပြီးသတ္တိရှိနေသလို... ဒီဇာတ်ကားမှာလည်း အသက် ၄၀ အရွယ် ဝဲလိဒ်ဆိုတဲ့သူတစ်ယောက်က စိတ်ကျရောဂါခံစားနေရပြီး Counselling ယူနေရတယ်။ Depression နဲ့သားသမီးနှစ်ယောက်ရဲ့ဝေယျာဝစ္စတွေနဲ့နပန်းလုံးရင်း ဘဝကိုစိတ်ကုန်နေတဲ့သူ။ စာရေးမယ်ဆိုပြီး အလုပ်ထွက်လိုက်ပေမဲ့ စာရေးဖို့ Inspiration လည်းရှာမတွေ့ဘဲ ဘာတစ်ခုမှ စိတ်ပါလက်ပါမလုပ်နိုင်တဲ့ ဇာတ်ကောင်ရဲ့မွန်းကြပ်မှုတွေကိုတွေ့ရမယ်။အဲဒီလိုနဲ့ တစ်နေ့မှာ ဝဲလိဒ်ရဲ့ဘေးအိမ်ကို ဂျလဲဆိုတဲ့လူတစ်ယောက်ပြောင်းလာတယ်။ ဝဲလိဒ်အတွက်တော့ ဂျလဲက မျက်စိစပါးမွေးစူးစရာပါပဲ။ စကားများတယ် စပ်စုတယ် အလိုက်ကမ်းဆိုးမသိ သီချင်းတွေအကျယ်ကြီးဖွင့်တယ်။ ...
movie

Mediterranean Fever (2022)

2022
Delicious Romance ( 2023 ) 5.8
Delicious Romance ( 2023 ) အရမ်းချစ်ကြတဲ့သူငယ်ချင်းသုံးယောက်ရဲ့အချစ်ရေးနဲ့အလုပ်အကိုင်တွေကို ဘယ်လိုတွေကျော်ဖြတ်ပြီးကိုင်တွယ်ကြလဲဆိုတာကို တင်ဆက်ထားတဲ့ မိန်းကလေးတွေအတွက်အင်အားဖြစ်စေမယ့် အချစ်ဒရာမာကားလေးကိုCMမှတင်ဆက်ပေးလိုက်ပါတယ်။-သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ Liu Jing ဟာ စံပြစားသောက်ဆိုင်တစ်ခုဖွင့်လှစ်သော်လည်း အခြေနေမကောင်းတဲ့စီးပွားရေးအခြေအနေကြောင့် လမ်းကြောင်းပြောင်းဖို့တွေးနေခဲ့တယ်။-လှပသောမိန်းကလေးဖြစ်တဲ့ Fang Xinဟာ သူဟာအလုပ်မှာ အလှပြဖို့ပဲအသုံးဝင်တာ မဟုတ်ကြောင်း သက်သေပြဖို့ စိတ်အားထက်သန်နေခဲ့ပေမယ့် ကိုယ်ဝန်ရလာလို့ သူ့ဘဝစည်းချက်တွေပျက်သွားပါတယ်။-သန်မာတဲ့မိန်းကလေးဖြစ်တဲ့ Xia Mengက အနိုင်ရမှုနဲ့နေသားကျနေပေမယ့် အရှုံးကို ဘယ်လိုလက်ခံရမလဲဆိုတာ နားမလည်နိုင်သေးပါဘူး…ဘဝမှာဒုက္ခလေးတွေအမြဲကြုံနိုင်ပေမယ့်...... သူငယ်ချင်းကောင်းဆိုတာကတော့ စိတ်ဓာတ်ခိုင်မာပြီး သတ္တိရှိရှိနဲ့ရှေ့ကို ဆက်လျှောက်ဖို့ ယုံကြည်မှုတစ်ခုပါပဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama , Romance Runtime : 2h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Delicious Romance ( 2023 )

Hearts in the Game (2023) 6.5
Hearts in the Game (2023) Hearts in the Game (2023)~ IMDb rating - 6.5/10 ~ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ 2023 မှာထွက်ရှိထားတဲ့၊ ဇာတ်ညွှန်း​ကောင်း​ကောင်းနဲ့ ရိုက်ကူးထားတဲ့၊ ပျော်​စေတာ​ရော ဝမ်းနည်း​စေတာ​ရော ခံစား​စေရတဲ့ အချစ်ဟာသကား​လေး Hearts in the Game ပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~နယူး​ယော့ခ်မြို့မှာ သူ့ရဲ့လုပ်ငန်း​လေးကို အစပျိုးဖို့ကြိုးစား​နေတဲ့ ဆယ်လီနာမည်​ကျော်​တွေရဲ့ အရှုပ်​တွေ​ကောလဟလ​တွေကို အချစ်​တွေအဖြစ်ပြန်​ပြောင်းယူ​ပေးရတဲ့ ကိုယ်​ရေးကိုယ်တာတာဝန်ခံ ​ဟေဇယ်​မေလာတစ်​​ယောက် သူ့ရဲ့လုပ်ငန်းပိုမြဲ​ဖို့အခွင့်အ​ရေးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအခွင့်အ​​ရေးက​တော့ ​ဘေ့​စ်​ဘော​လောကမှာ နာမည်​ကျော် ဘောလုံးပစ်သမားတစ်​ယောက်အဖြစ် ​ကျော်ကြား​နေတဲ့ သူ့ရဲ့ငယ်ချစ်​ဟောင်း ဒီ​အေဂိုဗက်စ်ကက်ပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ကမ္ဘာ့စီးရီးပွဲစဥ်​တုန်းက အ​ကြောင်းတစ်စုံတစ်​​ရာ​ကြောင့် ကွင်းထဲမှာ ဆက်မကစားဘဲ ရပ်​နေမိတဲ့အတွက် အသင်းရဲ့ ဖလားရမယ့်အခွင့်အ​​ရေးကိုလွဲ​စေခဲ့တဲ့ ဒီ​အေဂိုတစ်​ယောက် ​ဘေ့စ်​ဘော​လောကထဲပြန်ဝင်ဖို့ ပရိသတ်​တွေရဲ့ အ​ကောင်းမြင်မှုကိုလိုအပ်​နေပါတယ်။ အဲဒီလိုပြန်ဝင်ဖို့အတွက် ​ဟေဇယ်ကကမ်းလှမ်းခံရပြီး ဒီ​​အေဂိုအ​ကြောင်း ​ဆောင်းပါး​ရေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီအ​ကြောင်း​ရေးဖို့ သူတို့ရဲ့ဇာတိ​လေးဆီပြန်လာရင်း သူတို့နှစ်​ယောက် အတိတ်တုန်းက ...
movie

Hearts in the Game (2023)

2023
Charles Enterprises (2023) 7.1
Charles Enterprises (2023) Charles Enterprises (2023) IMDb 6.7ဟိုးရှေးရှေးတုန်းက ကုန်းမြေ၈ခုဆုံတဲ့ နယ်မြေတစ်ခုရှိခဲ့တယ်တဲ့ တစ်နေ့တော့ အဲဒီကို သူခိုးနှစ်ကောင်ရောက်လာပြီး ဘုရားကျောင်းထဲက ရတနာပစ္စည်းတွေခိုး ..ရောင်းချပြီး ပျော်ပျော်ကြီးပေါပေါလျှံလျှံနေနေရသတဲ့ တစ်နေ့တော့ အတားအဆီးမှန်သမျှဖယ်ရှားပေးပါတယ်ဆိုတဲ့ မဟာပိန္နဲရဲ့ ဆင်းတုကို မျက်စိကျသွားလေရဲ့ သူတို့ခိုးယူလာပေမဲ့ ဘယ်ဆိုင်ကမှ ဒီဆင်းတုကိုမဝယ်ရဲကြတော့ သူခိုး၂ယောက် ဆင်းတုကိုနေရာမှန်ပြန်ထားဖို့ကိစ္စနဲ့ ရန်ဖြစ်ပါလေရောဒီလိုနဲ့တစ်ယောက်က အုန်းပင်အမြင့်ကြီးပေါ်မှာ ဘယ်သူမှမမြင်အောင်သွားဖွက်ထားခဲ့လေသတဲ့ ဆယ်စုနှစ်တွေအထိ ဘယ်သူမှမမြင်..သတိမထားမိဘဲ နေဒဏ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ရတဲ့ ဆင်းတုက တစ်နေ့တော့ သူ့ဘုရားကျောင်းကိုပြန်ဖို့ လမ်းစရှာတွေ့ခဲ့လေတယ်... ဆိုတဲ့ဇာတ်လမ်းနဲ့အစချီပြီး မဟာပိန္နဲဆင်းတုကို ခိုးမဲ့ ဇာတ်ကားတစ်ကားပါဒီဇာတ်လမ်းထဲမှာ ဆင်းတုတွေလိုက်စုတဲ့ ပါဗသမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် ကြိုက်တာတွေ့ရင် အိမ်အထိလိုက်ဝယ်တတ်တဲ့လူတစ်ယောက်..သူကြိုက်တဲ့ဆင်းတုက မိသားစုဘုရားကျောင်းထဲက မဟာပိန္နဲဆင်းတုဖြစ်နေတော့ ပိုက်ဆံဘယ်လောက်ပေးပေးမရောင်းဘူးဆိုတဲ့အဖွဲ့ရယ် လိုချင်တာမရရင် အိမ်မပြန်တတ်တဲ့ပါဗသမ်ရယ်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( ဇာတ်လမ်းအညွှန်းကိုတော့ Yunniမှ ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~Thaik San~BpL~Aditi~Moonနဲ့ Zwe Yanတို့ပဲ ဖြစ်ပါတယ် ) File size…2.37GB / 1.07GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Charles Enterprises (2023)

2023
The First Time (2012) 6.8
The First Time (2012) ဆယ်ကျော်‌သက်ကျောင်းသားအချစ်ဇာတ်မြူးကားလေးတွေကို ကြိုက်တတ်တဲ့သူတွေအတွက် (၂၀၁၂) ထွက် The First Time ဆိုတဲ့ ကျောင်းသားကား‌လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပါတီပွဲတစ်ပွဲမှာ ထူးဆန်းစွာတွေ့ဆုံကြရင်း ပေါက်ဖွားလာတဲ့ခံစားချက်တွေကြားက ဒေးဗစ်ဆိုတဲ့စီနီယာအထက်တန်းကျောင်းသားလေးနဲ့ အော်ဘရီဆိုတဲ့ ဂျူနီယာအထက်တန်းကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကိုချစ်သွားဖို့အတွက် အချိန် (၂) စက္ကန့်ပဲလိုပါတယ်လို့ ဖတ်ဖူးပါတယ်။ဒေးဗစ်နဲ့အော်ဘရီကြားမှာ ပေါက်ဖွားလာတဲ့သံယောဇဉ်ကြိုးဟာလည်း အချိန်တိုတွင်းနှစ်ယောက်သားကို ချည်နှောင်လိုက်တာပဲဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးဇာတ်မြူးကားလေးပဲဖြစ်တာမို့ ထူးထူးခြားခြားဇာတ်လမ်းအတက်အကျတွေ သိပ်မပါဘဲ ခပ်အေးအေးလေးပဲသွားမဲ့ ဇာတ်လမ်းသွားမျိုးဖြစ်ပါတယ်။ ဒီလိုပြောလို့ ပျင်းစရာကြီးနေမှာပါလို့ ထင်ကြမဲ့ပရိသတ်ကြီးအတွက်လည်း IMDB rating က 6.8 ထိရရှိထားတဲ့ သေချာပေါက်ကြည့်ရကျိုးနပ်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပြရစေခင်ဗျာ။အဓိကဇာတ်ဆောင်တွေအနေနဲ့ ဒေးဗစ်အဖြစ် မင်းသား Dylan O'Brien က ပါဝင်သရုပ်ဆောင်ထားပြီး The Maze Runner, Teen Wolf စတဲ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ မြင်တွေ့ဖူးထားသူမို့ မျက်နှာသစ်မင်းသားတစ်လက်တော့ မဟုတ်ပါဘူး။ အော်ဘရီနေရာကသရုပ်ဆောင်ထားတဲ့ မင်းသမီး ...
movie

The First Time (2012)

The Wanderers(2023) 6.7
The Wanderers(2023) The Wanderers(2023)*********************ဂယောင်းမိုဆိုတဲ့ လူငယ်လေးဟာ ဂျယ်ဂျူကျွန်းကို ပြောင်းသွားတဲ့သူ့စီနီယာကို တွေ့ဖို့အတွက် ဂျယ်ဂျူကျွန်းကို သွားလည်ပါတယ်သူ့စီနီယာ ရောက်ရှိနေတဲ့ ဂျယ်ဂျူက ရွာလေးမှာတော့ တစ်ရွာသားလုံးလူထူးလူဆန်း‌တွေလို့ ပြောရလောက်အောင်ကို ထူးဆန်းတဲ့သူချည်း စုနေတာပေါ့...အဲဒီ ထူးခြားဆန်းပြားတဲ့ လူတွေထဲမှာမှ နာထာဆိုတဲ့ မိန်းကလေးကို ဂယောင်းမိုတစ်ယောက်မျက်စိကျမိသွားတော့တယ်...အကြောင်းအရင်းကတော့ သူ့ရဲ့ရည်းစားဟောင်းနဲ့ ဆင်တူနေလို့ပါပဲဒါပေမဲ့ ဂယောင်းမိုက သူ့ရည်းစားဟောင်းရဲ့ အပြာရောင်ဂါ၀န်ကိုသာ မှတ်မိပြီး မျက်နှာရော တခြား ဘယ်အချက်ကိုမှ မှတ်မိမနေပါဘူ..းတကယ်ပဲ ဂယောင်းမိုတစ်ယောက် အဲဒီရွာလေးက လူထူးလူဆန်းတွေနဲ့ ဘယ်လို အထူးအဆန်းကိစ္စလေးတွေကို တွေ့ကြုံရမလဲ မိန်းမလှလေး နာထာနဲ့ရော ဘယ်လို‌ဇာတ်လမ်းလေးတွေ ပေါ်ပေါက်လာမလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော့...File Size :(2.1GB)& (848MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:39:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by  Hnin Wai Oo Encoded by Phyo Pyae
movie

The Wanderers(2023)

Showing Up (2023) 6.7
Showing Up (2023) IMDb rating - 6.7/10 2022 ခုနှစ်ထွက် art movieတစ်ခုကို ပရိတ်သတ်ကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းထဲမှာဆိုရင် ဇာတ်လမ်းဇာတ်သွားတစ်ခုလုံးကို အနုပညာဆန်ဆန် အပိုအလိုမရှိ ရိုက်ကူးတင်ဆက်ထားပြီးတော့ အနုပညာကျောင်းမှာ ပညာသင်ပေးတဲ့ပုံစံတွေ...ဆန်းသစ်တီထွင်ဖန်တီးထားတဲ့ လက်ရာဆန်းတွေ.. ဓာတ်ပုံရိုက်ချက် အလင်းအမှောင်တွေကအစ လှပတဲ့ဆေးရေးပန်းချီကားတစ်ချက်ကို ထိုင်ကြည့်နေရသလို ပရိတ်သတ်ကြီးကို ခံစားသွားစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုဆိုလည်း မမှားပါဘူး ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.. ပါရမီအရည်အချင်းအပြည့်ရှိတဲ့ ပန်းပုပညာရှင် လစ်ဇီတစ်ယောက် သူမရဲ့ ပြိုင်ဘက်လည်းဖြစ်သလို အိမ်ပိုင်ရှင်လည်းဖြစ်တဲ့ ဂျိုနဲ့ သိပ်ပြီးမပြေလည်တဲ့ဆက်ဆံရေးတစ်ခု ရှိနေခဲ့ပါတယ်.. တစ်နေ့မှာတော့ လစ်ဇီရဲ့ကြောင်ဒဏ်ရာရအောင် လုပ်မိသွားတဲ့ ခိုလေးကို ဂျိုက ကယ်တင်ပေးခဲ့ပြီး လစ်ဇီကိုခဏလောက် ကြည့်ထားပေးဖို့မှာခဲ့ပါတယ် တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က လစ်ဇီရဲ့ ပန်းပုအရုပ်တွေ အပြီးလုပ်ရမယ့်နေ့ဖြစ်နေပြီး ခိုကိုပါကြည့်ရှုနေရတာကြောင့် မအားမလပ်ဖြစ်နေပါတော့တယ်..နောက်တစ်နေ့ မီးလင်းဖိုကို လစ်ဇီအပူပေးထားတဲ့ အရုပ်တွေကိုသွားကြည့်တဲ့အချိန် အရုပ်တစ်ရုပ်လောင်ကျွမ်းသွားတဲ့အခါမှာတော့...လစ်ဇီနဲ့ဂျိုကြားက ဆက်ဆံရေးက ဘယ်လိုပြောင်းလဲသွားမလဲ.. ပန်းပုပြပွဲအတွက် ဒီပန်းပုရုပ်နဲ့ပဲ တင်ဆက်ပြသသွားမှာလား..လစ်ဇီရဲ့ရှုပ်ထွေးလှတဲ့မိသားစုဆက်ဆံရေးတွေကရော ဘယ်လိုဖြစ်မလဲဆိုတာကို ...
movie

Showing Up (2023)

Mixed by Erry (2023) 7.1
Mixed by Erry (2023) Mixed by Erry (2023) ================ IMDb Rating - 7.1/10အဦးဆုံးအနေနဲ့ အယ်ရီဆိုတာ ဘယ်သူလဲ၊ အယ်ရီဖရက်တက်စီယို ဆိုတဲ့ပုဂ္ဂိုလ်ကတော့ လက်ရှိအချိန်အထိအပြင်မှာသက်ရှိထင်ရှား ရှိနေသေးပြီး ၁၉၈၀ ကျော်ကာလတွေအတွင်း သီချင်းကတ်ဆက်နဲ့ တိပ်ခွေတွေကို အီတလီနိုင်ငံက လူတွေရဲ့လက်ထဲကိုရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ သူရဲကောင်းကြီး (ဝါ) မူပိုင်ခွင့်တွေချိုးဖောက်တဲ့ ရာဇဝတ်သမားလို့ ပြောလို့ရပါတယ်။အယ်ရီ့မှာ ဒီဂျေတစ်ယောက်ဖြစ်ချင်တဲ့ဝါသနာအိပ်မက်လေးတစ်ခု ပါလာတယ်။ သို့ပေမဲ့ အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် ဒီဂျေဘဝကိုလက်လွှတ်လိုက်ရတော့မဲ့အချိန်မှာပဲ ကတ်ဆက်ခွေတွေ ရောင်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ အယ်ရီတို့မိသားစုရဲ့ ဘဝဟာ အရာရာပြောင်းလဲသွားခဲ့ပါတော့တယ်။ဒီဇာတ်ကားလေးကတော့ ဖရက်တက်စီယိုညီအစ်တွေဖြစ်တဲ့ အယ်ရီ၊ ဂီအူ‌ဆက်ပေး နဲ့ အန်ဂျလို တို့ သုံးယောက်သား လောကဓံရဲ့အနိမ့် အမြင့်အတက်အကျတွေကြားထဲကနေ ဘယ်လိုအောင်မြင်အောင် ကြိုးစားခဲ့ကြလဲဆိုတာကိုကြည့်ရှုခံစားရမဲ့ Netflix ရဲ့ အီတလီ အတ္တု ပ္ပတ္တိ ဒရာမာဇာတ်ကား‌လေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.5 GB) / (675 MB) / (382 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, History Translator.......Khant ...
movie

Mixed by Erry (2023)

2023
Somewhere in Queens (2022) 7.0
Somewhere in Queens (2022) Somewhere in Queens (2022) ===================== IMDb Rating - 7.0/10ဒီဇာတ်ကားလေးကတော့ နာမည်ကြီး stand-up comedian တစ်ယောက်ဖြစ်တဲ့ Ray Romano ရိုက်ကူးပြီး ကိုယ်တိုင်သရုပ် ဆောင်ထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ လီယို နဲ့ သူ့မိန်းမ အန်ဂျလာရူဆို တို့က အီတလီ-အမေရိကန်မိသားစုတစ်ခုဖြစ်တဲ့ ရူဆိုမိသားစု ကပါ။ လီယို ကတော့ရူဆိုမိသားစုရဲ့ဆောက်လုပ်ရေးလုပ်ငန်း မှာပဲအလုပ်လုပ်ပါတယ်။ လီယို မှာဘတ်စကတ်ဘောကစား တာထူးချွန်တဲ့ စတစ် လို့‌ခေါ်တဲ့သားတစ်ယောက်လည်းရှိပါ တယ်။ တစ်နေ့တော့ လီယို ကကျောင်းကဘတ်စကတ်ဘော ပြိုင်ပွဲအပြီးမှာ ကင်းထောက်တစ်ယောက်နဲ့တွေ့ပြီး သူ့သား အတွက်ဘတ်စကတ်ဘောဆော့ရင်း ကောလိပ်တက်နိုင်မယ့် စကောလားရှစ်အခွင့်အရေးကိုတွေ့ရှိခဲ့ပါတယ်။လီယို ကတော့အဲဒါကိုအရမ်းစိတ်လှုပ်ရှားနေပြီး သူ့သားကို ဖြစ်မြောက်စေချင်တာပါ။ ရူဆိုမိသားစုကတော့အပျက်ဘက် ကပဲမြင်ပါတယ်။ ဒါပေမယ့် စတစ် ကစကောလားရှစ်အတွက် မလေ့ကျင့်ခင်မှာပဲ သူ့ရဲ့ကောင်မလေးကဖြတ်သွားလို့ depression တွေ၀င်ပြီး မစားနိုင်မသောက်နိုင်ဖြစ်သွားခဲ့ပါတယ်။ အဲဒါကို လီယို ကသိတော့မနေနိုင်တော့ပဲ သူ့သားကိုအစွမ်းကုန်မြေ တောင်မြှောက်ပေးတဲ့အခါမှာတော့ ဆက်ပြီးဘာတွေဖြစ်မလဲ ဆိုတာကိုစိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖခင် တစ်ယောက်က သားတစ်ယောက်အပေါ်မှာထားတဲ့မျှော်လင့် ချက်ကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာဖြစ်တဲ့အတွက် ဒီကား လေးကိုကြည့်ဖို့ recommend ပေးပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(2.11 GB) / (850 MB) / ...
movie

Somewhere in Queens (2022)

2022
A Return to Salem’s Lot (1987)
A Return to Salem’s Lot (1987) ဒီဇာတ်ကားလေးက ၁၉၈၇ခုနှစ်ထွက် Vampire ဇာတ်ကားပါ။ ဒီကားထက်အရင် ၁၉၇၉ခုနှစ်မှာပဲ Salem's lotဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားရှိပါသေးတယ်။ ဇာတ်ကား၂ကားလုံးက Salem's lotဆိုတဲ့မြို့ငယ်လေးကိုပဲအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ထူးဆန်းထွေလာတွေကိုရိုက်ကူးတင်ဆက်ပြတဲ့ ဂျိုးဟာ သားဖြစ်သူနဲ့အတူ အမွေရထားတဲ့အိမ်ကိုသွားတဲ့အခါမှာ မြို့ငယ်လေးရဲ့တမူထူးနေပုံကိုသတိထားမိသွားပါတယ်။သားအဖ၂ယောက်လုံး Vampires တွေရဲ့မာယာကျော့ကွင်းမှာမိပြီး သူတို့မြို့ငယ်လေးမှာပဲနေသွားမှာလား၊ဒါမှမဟုတ် ရုန်းကန်ထွက်ပြေးကြမလားဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးခင်ဗျာ File size…(2.3 GB)/(1.1 GB)/(620 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo Min 
movie

A Return to Salem’s Lot (1987)

My Cousin Vinny (1992)
My Cousin Vinny (1992) နယူးယောက်မြို့တော်ကကောလိပ်ကျောင်းသားတွေဖြစ်တဲ့ ဘီလ်နဲ့စတန်တို့သူငယ်ချင်းနှစ်ယောက်ဟာ အယ်လာဘားမားကိုဖြတ်မောင်းလာရင်း ကုန်စုံဆိုင်တစ်ခုမှာဈေးဝင်ဝယ်ဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးတဲ့နောက်မှာ စတိုးဆိုင်စာရေးလုယက်သတ်ဖြတ်ခံရပေမယ့်သူတု့ိမသိခဲ့ကြပါဘူး။တစ်ခုရှိတာက ဘီလ်ဟာ တူနားငါးသေတ္တာတစ်ဘူးကိုအလစ်သုတ်လာမိပါတယ်။နောက်ကရဲတွေလိုက်လာတဲ့အချိန်မှာရောသူတို့ကိုဖမ်းပြီး ရဲစခန်းမှာစစ်မေးနေတဲ့အချိန်မှာကော တူနားငါးသေတ္တာတစ်ဘူးအလစ်သုတ်မှုကြောင့်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ သူတို့ကို စတိုးဆိုင်စာရေးသတ်မှုနဲ့ကြံရာပါအဖြစ် စွပ်စွဲဖမ်းဆီးထားတာပါ။သူတို့က ဝန်ခံမိရက်သားဖြစ်နေတဲ့အပြင် အထောက်အထားတွေအရလည်းသူတို့ကိုပဲညွှန်ကြနေတဲ့အတွက် အယ်လာဘားမားရဲ့ အလွန်တင်းကျပ်ပြီးကြမ်းတမ်းတဲ့ဥပဒေအရပြစ်မှုထင်ရှားရင် သေဒဏ်နဲ့မလွဲမသွေကြုံရတော့မယ့်အခြေအနေမှာ သူတို့အတွက်ကယ်တင်ရှင်ပေါ်လာပါတော့တယ်။ အဲ့ဒီလူကတော့ဘီလ်ရဲ့ကာဆင်တစ်ယောက်ဖြစ်တဲ့ ဗင်နီဆိုတဲ့ရှေ့နေပါပဲ။ရှေ့နေကျောင်းကိုခြောက်နှစ်တက်ခဲ့တဲ့၊ ဘယ်လိုတရားခွင်အတွေ့အကြုံမျိုးမှမရှိတဲ့၊အယ်လာဘားမားအကြောင်း သူတို့အမှုအကြောင်းကို ဘာတစ်ခုမှမသိပဲ ဒိအမှုကနေ သူတို့ကို ဘယ်လိုကယ်တင်မလဲဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်နေလို့ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ဟာသကားဖြစ်နေပေမယ့် ပေါတဲ့ဘက်ကိုမသွားပဲ သဘာဝကျကျဟာသတွေ၊ခိုင်မာတဲ့ဇာတ်လမ်း၊ဇာတ်အိမ်တွေနဲ့တည်ဆောက်ထားတဲ့ Underrated ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ဗင်နီရဲ့ဇနီးလောင်းအဖြစ်သရုပ်ဆောင်ထားတဲ့ Marisa Tomei (tom holland spidey's aunty may) ပါပဲ။နုရွလှပနေတဲ့ အန်တီမေငယ်ငယ်လေးကို တမူထူးခြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။  File size…(2 GB)/(1 GB)/(610 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

My Cousin Vinny (1992)

Lagi-Lagi Ateng (2019) 6.9
Lagi-Lagi Ateng (2019) Lagi-Lagi Ateng (2019) ================== IMDb Rating - 6.9/10အာတန်ဆိုတာကတော့ နယ်မြို့လေးတစ်မြို့က မင်းမျိုးမင်း နွယ် မိသားစုမှာ ကြီးပြင်းလာပြီး အသက် ၂၆နှစ်အထိ ဉာဏ် ရည်ကောင်းကောင်းမဖွံ့ဖြိုးသူပဲဖြစ်ပါတယ်။ မိတဆိုးသား လေးမို့လို့ အလိုလိုက်ခံထားရတဲ့ အာတန်.... မွေးနေ့လက် ဆောင်အနေနဲ့ ဂျာကာတာကိုသွားခွင့်ရလိုက်တဲ့အခါ..... ဘဝရဲ့ အကြီးမားဆုံးသော Surprise နဲ့ကြုံလိုက်ရပါတော့ တယ်။အာတန်နဲ့ ချွတ်စွပ်တူနေတဲ့ အာဂွန်ဆိုသူဟာ တခြားလူ မဟုတ်ဘဲ ကွဲကွာသွားတဲ့ အမြွှာညီအစ်ကိုဖြစ်တယ်ဆိုတာ သိပြီးနောက်မှာတော့ ...... မိသားစုတွေအတူနေရဖို့ မိဘ နှစ်ပါးပြန်ပေါင်းထုပ်ဖြစ်အောင် ညီအစ်ကိုနှစ်​ယောက် နေရာအလဲအလှယ်တွေလုပ်ရင်း ရေမီးအစုံလေထီးခုန် ကြမှာပဲဖြစ်ပါတယ်။ Family drama, romance, comedy type ဖြစ်တဲ့ ဇာတ်ကားကောင်းလေးမို့လို့ မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ဖို့လည်း သင့်တော်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်)File Size..........(1.27 GB) / (462 MB) / (333 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family Translator.......Hnin Wut ...
movie

Lagi-Lagi Ateng (2019)

2019
Medellin (2023)
Medellin (2023) Medellin (2023)ဟာသအက်ရှင်ကား ကောင်းကောင်းကြိုက်သူတွေအတွက် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဓိကမင်းသားတွေအဖြစ် Taxi 5 ရုပ်ရှင်ထဲမှ မင်းသား Frank Gastambide နဲ့ 2 lone in Paris ဟာသရုပ်ရှင်ကားထဲမှ မင်းသား Ramzy Bedia တို့မှ တွဲဖက်မိမိနဲ့ သရုပ်ဆောင်ထားပါတယ်။ Mike Tyson လည်း ပါဝင် အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရီဒါဟာ ပြင်သစ်မှာ လက်ဝှေ့အားကစားရုံဖွင့်ထားတဲ့လူတစ်ယောက်ပါ။ သူ့ညီဖြစ်သူ ဘရာဟင်းကတော့ နာမည်ကြီးမင်းသားအတိုင်း ဝတ်စားပြင်ဆင်တတ်တဲ့ Influencer တစ်ယောက်ပါ။ ဘရာဟင်းလည်း ကိုလမ်ဘီယာနိုင်ငံ မက်ဒလင်းမြို့ကို သွားလည်ရင်းနဲ့ မူးယစ်ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရပါတယ်။ အဲဒါကို သိသွားတဲ့ ရီဒါလည်း သူ့ညီကို ဒီအတိုင်းပစ်မထားနိုင်တာကြောင့် ဘရာဟင်းကို ကယ်ဖို့ ကိုလမ်ဘီယာကို လိုက်ဖို့ လုပ်ပါတော့တယ်။ ဒီလိုနဲ့ ရီဒါရယ် စတန်ရယ် ရှာဖိခ်ဆိုတဲ့ လူပုလေးတို့ ဘရာဟင်းကို ကယ်ဖို့လာရင် မက်ဒလင်းမြို့မှာ စွန့်စားခန်းထွက်ပါတော့တယ်......အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard ...
movie

Medellin (2023)

2023
The Year I Started Masturbating (2022) 5.2
The Year I Started Masturbating (2022) The Year I Started Masturbating (2022)Netflix ကထွက်ထားတဲ့ The Year I Started Masturbating ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားနာမည်ကြည့်ပြီးတော့ ကျောင်းသားကားဆိုပြီး တွေးနေရင်တော့ မှားသွားပါလိမ့်မယ်။ ၁၈ ယောက်စုကြည့်ရမယ်ထင်နေရင်လဲ သင့်ရဲ့ စိတ်ကို အမှောင်ဘက်ခြမ်းကနေ ပြန်ခေါ်လိုက်ပါ။ ဒီဇာတ်ကားလေးဟာ မိန်းကလေးတွေ ကိုယ့်ကိုကိုယ် ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ ပြသွားမဲ့ကားမျိုးပါ။ ဒါပေမဲ့ စကားလုံးတွေက ပွင့်ပွင့်လင်းလင်းပြောထားတော့ မိသားစုနဲ့တွဲကြည့်လို့လဲ အဆင်ပြေမှာမဟုတ်ပါဘူး။ (ဥပမာဆို လူတိုင်းသိကြတာက ဂျီစပေါ့ လောက်ပါပဲ ဒါပေမဲ့ ဒီထဲမှာတော့ ဂျီစပေါ့တင်မကဘဲ အိုစပေါ့ အမ်စပေါ့ ဒီစပေါ့ တွေပါ ပါပြီးတော့ ဘယ်နေရာမှပါ ရှိတယ်ဆိုတာ ညွှန်ပြထားပါသေးတယ်)။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟန်နာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ အလုပ်တွေကြိုးစားပြီး မိသားစုကို အချိန်မပေးနိုင်ဘဲ အလုပ်ပဲဖိလုပ်တဲ့သူပါ။ ယောကျာ်းဖြစ်သူဟာလဲ ကြာလာတေ့ ငြိုငြင်လာပါတယ်။ ဟန်နာအတွက်ကတော့ ကလေးတွေယူပြီး အလုပ်လုပ် ပိုက်ဆံရှာပေးနေရင် မိသားစုကိစ္စပြီးပြီလို ထင်နေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ယောကျာ်းဖြစ်သူနဲ့ ပြဿနာ ဖြစ်ပြီး ...
movie

The Year I Started Masturbating (2022)

2023
Princess Protection Program (2009) 5.6
Princess Protection Program (2009) Princess Protection Program (2009)Selena Gomez နဲ့ Demi Lovato တို့ရဲ့ ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို ပြန်မြင်ရမယ့် ကားဟောင်းလေးပါ။ Selena ကတော့ ကာတာလို့ခေါ်တဲ့ ငါးစာရောင်းတဲ့ သာမန်အထက်တန်းကျောင်းသူလေးဖြစ်ပြီး Demi ကတော့ ရိုဆလင်ဒါလို့ခေါ်တဲ့ မင်းသမီးတစ်ပါးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကာတာရဲ့အဖေက ခြိမ်းခြောက်ခံရတဲ့ နေရာအနှံ့က မင်းသမီး‌တွေကိုကယ်တင်တဲ့ နိုင်ငံတကာလျှို့ဝှက်အေဂျင်စီမှာ အလုပ်လုပ်တာပါ။မင်းသမီးရိုဆလင်ဒါနေတဲ့ ကိုစတာလူနာဆိုတဲ့တိုင်းပြည်က ကျွန်းနိုင်ငံလေးဖြစ်ပြီး သူ့ဖခင်ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် မင်းသမီးက နောက်တစ်လနေရင် ဘုရင်မအဖြစ် နန်းတက်ရတော့မှာပါ။ နန်းတက်ပွဲအတွက်လေ့ကျင့်နေချိန်မှာ ဗိုလ်ချုပ်ကိန်းက မင်းသမီးငယ်သေးတာကို အကြောင်းပြပြီး အာဏာသိမ်းဖို့လုပ်ပါတော့တယ်။ ကံကောင်းစွာနဲ့ ရိုဆလင်ဒါအမေစီစဉ်ထားမှုကြောင့် ကာတာ့အဖေက ရိုဆလင်ဒါကို ခေါ်ထုတ်လာနိုင်ပါတယ်။ရိုဆလင်ဒါကို အေဂျင်စီက လုံခြုံတဲ့အချိန်ရောက်တဲ့ထိ နေရာချပေးဖို့လုပ်ရာကနေ ကာတာတို့အိမ်ကို ၀မ်းကွဲညီအမ ရိုစီအဖြစ်ရောက်လာပါတော့တယ်။ရိုစီကို သာမန်ဆယ်ကျော်သက်ကောင်မလေးလို နေတတ်အောင် ကာတာက သင်ပေးရင်း ကြုံတွေရတဲ့ အဖုအထစ်လေးတွေ ကျောင်းမှာကြုံရတဲ့အခက်အခဲတွေကို တွေ့ရဉီးမှာပါ။ ...
movie

Princess Protection Program (2009)

2009
Ngeri-Ngeri Sedap (2022) 8.0
Ngeri-Ngeri Sedap (2022) Ngeri-Ngeri Sedap (2022)************************သား ၃ ယောက်နဲ့ သမီး ၁ ယောက်မွေးထားတဲ့ လင်မယား ၂ ယောက်... သား ၃ ယောက်ကိုအကောင်းဆုံးပညာရေးရဖို့ တခြားမြို့တွေမှာ ကျောင်းထားခဲ့ရာကစလို့ သားယောက်ျားလေးတွေဟာလက်တွေ့ကျကျ စဉ်းစားတွေးခေါ်တတ်ပြီး ကိုယ်ဖြစ်ချင်တာကိုပဲ လုပ်ကြရာကနေ မိဘအိမ်ကို ပြန်မလာခဲ့ကြတာ၁၀ နှစ်နီးပါး ရှိသွားခဲ့တယ်။ ဒီလိုနဲ့ပဲ အဘွားဖြစ်သူရဲ့ မင်္ဂလာအခမ်းအနားကို မိသားစုစုံစုံလင်လင်ကျင်းပဖို့အတွက် သား ၃ ယောက်ကို လင်မယား ၂ ယောက် ဘယ်လို လှည့်ဖြားပြီး အိမ်ကို ပြန်လာအောင် ခေါ်ကြမလဲ...သူတို့ ချက်ချင်း မပြန်သွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တစ်ခါတစ်လေကျ သားသမီးရဲ့ ပျော်ရွှင်မှုဟာ မိဘရဲ့ စိတ်တိုင်းကျ မဖြစ်နိုင်သလို, မိဘရဲ့ စိတ်တိုင်းကျဆန္ဒဟာလည်းသားသမီးကို မပျော်စေတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ မိသားစုတစ်ခုမှာ ဒီလိုမျိုး စိတ်သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်လာတဲ့အခါတစ်ဖက်ဖက်က အလျှော့ပေးမှသာ ပျော်ရွှင်တဲ့ မိသားစုမျိုး ...
movie

Ngeri-Ngeri Sedap (2022)

Buddy Games: Spring Awakening (2023)
Buddy Games: Spring Awakening (2023) Buddy Games: Spring Awakening (2023)ဒီဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်ကထွက်ရှိထားတဲ့ Buddy Games ဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်ပဲဖြစ်ပါတယ်။ဒီ ဇာတ်ကားထဲမှာဆိုရင်တော့ Supernatural ထဲက ဒင်းန်ဝင်ချက်စတာကြီး Jensen Ackles အပြင်ကို Once Upon A Time ရဲ့ စနိုးဝှိုက်မင်းသမီးနဲ့ မိုက်ကယ်ဘေးရဲ့ Transformers ဇာတ်ကား တွေထဲပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ဂျော့ဒူဟာမယ်လည်းပါတဲ့အပြင် တခြားနာမည်ကြီး မင်းသား မင်းသမီးတွေ ရောကျော်ပါဝင်ထားလို့ ကြည့်လို့ကောင်းမှာကတော့ သေချာပါတယ်။ပထမကားလိုပဲ ငယ်ပေါင်းချစ်သူငယ်ချင်း ခြောက်ယောက်ကို အခြေခံပြီးရိုက်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်ဆောင်သူငယ်ချင်းခြောက်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဒယ်ဖီသေသွားပြီးနောက်ပိုင်း ဒယ်ဖီ့ကို ဂုဏ်ပြုပေးဖို့အတွက် ဒယ်ဖီ့ရဲ့ ပြာအိုးကို ဘယ်နေရာသွားကြဲမလဲဆိုတာကို ဆုံးဖြတ်ရာကနေစတင်ခဲ့ပါတယ်။ နွေရာသီအားလပ်ရက်မှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းတစ်သိုက်က ဒယ်ဖီ့ရဲ့ အသုဘအခမ်းအနားမှာ ဘယ်လိုသောင်းကျန်းခဲ့၊ ပြာအိုးကို နေရာချဖို့ကိစ္စကို ဆုံးဖြတ်ရင်းနဲ့ ဘယ်လို ...
movie

Buddy Games: Spring Awakening (2023)

2023