Channel Myanmar

Comedy

Ella Enchanted (2004) 6.3
Ella Enchanted (2004) Ella Enchanted (2004)ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် ...
movie

Ella Enchanted (2004)

2004
Spellbound(2023) 6.7
Spellbound(2023) Spellbound(2023)*****************ဒီရုပ်ရှင်‌လေးက 2011ခုနှစ်ကထွက်ရှိခဲ့တဲ့ "Spellbound"ဆိုတဲ့ korea movieလေးကိုPhilippine moiveအဖြစ်ကပြန်လည်အသက်သွင်းထားတာပါ။ ဇာတ်ကြောင်းလေးကတော့ သရဲတွေကိုမြင်ရတဲ့ကောင်မလေးနဲ့ သူ့ရဲ့ မျက်လှည့်ပညာရှင်သူဌေးဖြစ်သူတို့ကြားကအချစ်ဇာတ်လမ်းလေးပါပဲ။ မင်းသမီးငယ်စဥ်အခါက အက်စီးဒင့်တစ်ခုကြောင့် သေမလိုဖြစ်ခဲ့ပြီး သရဲတွေကိုမြင်လာရသူပါ။ ထုံးစံအတိုင်း သရဲတွေကလာနှောင့်ယှက်ကြ အကူအညီလာတောင်းကြမို့မင်းသမီးဟာ လူတွေနဲ့တစ်သီးတစ်သန့်နေရင်း ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေခဲ့ရပါတယ်။ ဒီလိုဘဝလေးနဲ့ ရှင်သန်နေရတာကို မင်းသားဖြစ်သူကသိရှိသွားတဲ့အခါမှာတော့.....။ ပျော်စရာ၊ ကြောက်စရာ၊ ကြည်နူးစရာအစုံကို ရင်ခုန်ခုန်ကြည့်ရှုရမယ့် ဇာတ်ကားလေးပါပဲ။File Size :(1.3GB) &(626MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:47:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Spellbound(2023)

Dungeons & Dragons: Honor Among Thieves (2023) 7.5
Dungeons & Dragons: Honor Among Thieves (2023) Dungeons & Dragons: Honor Among Thieves (2023)~ IMDb - 7.5/10, RT - 90%, Meta - 72% ~မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ...
movie

Dungeons & Dragons: Honor Among Thieves (2023)

2023
4K HEVC
[18+] Desire (2017)
[18+] Desire (2017) Desire (2017)Erotic ကားဖန်တွေအတွက် Erotic ကားကို ဇာတ်အိမ်အစားကြီးနဲ့ Erotic Thriller ကြည့်ရမယ့် ရုပ်ရှင်ပါ။ စပိန်ကရိုက်ထားတာမို့ ဇာတ်အိမ်ကောင်းသလို ကြမ်းလည်းကြမ်းပါတယ်။ ‌ကြမ်းတာက အတိုင်းထက်လွန် တော်တော်ဆိုးဆိုးမို့ တစ်ယောက်တည်းတောင် တော်တော်သတိနဲ့ ကြည့်ရမယ့်ရုပ်ရှင်ပါ။ နက်ဖလစ်ကနေ တင်ဆက်ထားတဲ့ရုပ်ရှင်မို့ အတိုင်းအတာတစ်ခုအထိတော့ ဘောင်ဝင်တန်းဝင်ရုပ်ရှင်ပါပဲ။ညီအစ်မ၂ယောက်ရှိတယ်။ သူတို့အမေ သူတို့ကို ပျိုးထောင်ပုံကလည်း ထူးသလို သူတို့ကလည်းထူးတယ်။ ဒီလိုနဲ့ တစ်နေ့ သူတို့အရွယ်ရောက်လာတယ်။ အိမ်ထောင်တွေပြုကြတယ်။ သူတို့ထဲကတစ်ယောက်ရဲ့ လက်ထပ်ပွဲကို တစ်ယောက်ကရောက်လာပြီး သူတို့ရဲ့အတိတ်တွေကိုဖော်ပြီး တစ်ယောက်လင်တစ်ယောက်စား ပြဿနာတွေနောက်မှာ ဆိုက်ကိုဆန်ဆန်အကြောင်းအရာတွေ သွတ်သွင်းထားတဲ့ ရုပ်ရှင်ပါပဲ။ ထပ်ပြောရရင် တစ်ယောက်တည်း သတိနဲ့ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ ခေါင်းမူးချင်စရာကောင်းလောက်အောင် ကြမ်းတမ်းသလို ရက်လည်းရက်စက်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.7GB, 730MB Quality - 1080p, 720p Format - mp4 Duration - ...
movie

[18+] Desire (2017)

2017
It Happened One Night (1934) 8.1
It Happened One Night (1934) It Happened One Night (1934) ====================== IMDb Rating - 8.1/10It Happened One Nightဟာ အော်စကာရဲ့ အဓိကဆုငါးဆုကို ပထမဆုံးရခဲ့တဲ့ ရုပ်ရှင်ပါ။ Outstanding Production, Best Director, Best Actor , Best Actress နဲ့ Best Adaptation ဆုတို့ကို ရရှိခဲ့ပါတယ်။ အော်စကာသက်တမ်းမှာ ၁၉၇၅ မတိုင်ခင် အထိ အဓိကဇာတ်ကောင်၂ယောက်စလုံး ဆုရခဲ့တဲ့ နောက်ဆုံးကား လည်းဖြစ်ခဲ့ပါတယ်။ ၄၁နှစ်ကြာ ဒီနေရာကို ထိန်းထားနိုင်ခဲ့တာပါပဲ။ It's a Wonderful Lifeကို ရိုက်ခဲ့တဲ့ Frank Capraက ရိုက်ထားပြီး လေရူးသုန်သုန်မင်းသား Clark Gableနဲ့ ကလီယိုပါထရာမင်းသမီး Claudette Colbertတို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အမေရိကန်ရုပ်ရှင်အစည်းအရုံးက ခေတ်အဆက်ဆက်စာရင်းလုပ်ခဲ့တဲ့ အကောင်းဆုံးရုပ်ရှင်တစ်ရာစာရင်းထဲလည်း ခဏခဏပါနေကျ ရုပ်ရှင် လည်းဟုတ်သလို တစ်ခေတ်တစ်ခါရဲ့ မာစတာပိစ်တစ်ကားလည်း ဟုတ် ပါတယ်။ ဒီရုပ်ရှင်ဟာ ကျွန်တော်တို့ ကြိုတင်မမြင်နိုင်ပါဘဲ အရှိန်နဲ့လာ စိုက်တတ်တဲ့ ချစ်ခြင်းတွေအကြောင်းပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ...
movie

It Happened One Night (1934)

1934
My Sassy Girl (2023) 7.1
My Sassy Girl (2023) My Sassy Girl (2023)အချစ်ဦးဆို မြေးဦးရတဲ့အထိတောင် မမေ့ဘူးတဲ့။ ဒီဇာတ်လမ်းလေးကတော့ မထင်မှတ်ဘဲ ‌အချစ်ဦးနဲ့ ဆုံတွေ့ခဲ့ရတဲ့ ဂီအန်နဲ့ "မိထူးဆန်း" လို့ သူ ချစ်စနိုးမှည့်ထားတဲ့ သူ့အချစ်ဦးတို့ရဲ့ ချစ်စရာအင်ဒိုဇာတ်လမ်းလေးဖြစ်ပါတယ်။ဒီကားက အများသိကြတဲ့ Jun Ji-hyun နဲ့ Cha Tae-hyun တို့ရဲ့ My Sassy Girl ဆိုတဲ့ နာမည်ကြီးကိုရီးယားကားရဲ့ remake လည်းဖြစ်ပါတယ်။ My Sassy Girl ရဲ့ Plot ဆိုတာကလည်း ချိန၊ ဂျပန်၊ ထိုင်းစတဲ့ အာရှနိုင်ငံတွေအပြင် ဟောလီးဝုဒ်ကပါ ပြန်ရိုက်ရတဲ့အထိတောင် Adaptation တွေ Remake တွေနဲ့ လူတွေရဲ့ အသည်းနှလုံးထဲ အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ဒီ အင်ဒို version မှာတော့ ဂီအန်ဆိုတဲ့ "မ"ဆို ယင်မတောင် မသန်းဖူးတဲ့ ရိုးသားတဲ့ဖိုးသခွား ကိုလူပျိုတစ်ယောက် သူ့ကြီးတော်ကြီးစီစဉ်ပေးထားတဲ့ ဘလိုင်းဒိတ်ဆီသွားမယ့်လမ်းမှာ အရက်မူးပြီး လူတွေကိုလိုက်ရစ်နေတဲ့ ...
movie

My Sassy Girl (2023)

The Fabulous Baker Boys (1989)
The Fabulous Baker Boys (1989) IMDb : 6.9 ~ Meta : 85 ~ Rt : 97% ဖရန့်ခ်နဲ့ ဂျက်ခ် ဘိတ်ကာ ဆိုတဲ့ညီအစ်ကိုနှစ်ယောက်ဟာ အပန်းဖြေတည်းခိုခန်းတွေနဲ့စားသောက်ဆိုင် စင်မြင့်ထက်မှာ 15 နှစ်ကျော်လှည့်လည်ဖျော်ဖြေလာခဲ့ကြတဲ့ ပရော်ဖက်ရှင်နယ်စန္ဒရားပညာရှင်နှစ်ယောက်ပါ။ ဒီလိုနဲ့ပဲ အချိန်တွေက တဖြည်းဖြည်းပြောင်းလဲလာခဲ့ပြီး သူတို့ဖျော်ဖြေနေကျပွဲတွေကို လူတွေလာကြည့်တာနည်းလာတဲ့‌နောက်မှတော့ သူတို့ရဲ့ရပ်တည်မှုကို လုပ်နေကြ ဖျော်ဖြေမှုတွေနဲ့ဆက်လုပ်လို့မရတော့ဘူးဆိုတာကို သိရှိလာခဲ့ကြပါတယ်။ ပရိသတ်တွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ဖို့အတွက် အမျိုးသမီးအဆိုတော်တစ်ယောက်ကို ခေါ်ဆိုမယ်လို့ ဆုံးဖြတ်ခဲ့ကြပြီး ‌လူရွေးပွဲတစ်ခုလုပ်ပြီး ဆူစီ ဒိုင်းမွန်းလို့ခေါ်တဲ့ အဆိုတော်တစ်ယောက်ကို ရရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့သုံးယောက်လှည့်လည်ဖျော်ဖြေကြရင်း လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ဖြစ်တတ်တဲ့ အခဲမကျေမှုတွေဖြစ်လာတဲ့အခါမှာ ဘယ်လိုမျိူးအခြေအနေအထိ ဆက်ဖြစ်သွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 1989 ခုနှစ်ကရိုက်ထားခဲ့တဲ့ musical drama ရုပ်ရှင်ဖြစ်ပြီး အော်စကာ စကာတင်ဆု လေးဆုလည်းဝင်တဲ့အပြင် BEFTA မှာ Best Sound ...
movie

The Fabulous Baker Boys (1989)

Bon Bini: Judeska in da House (2020) 5.7
Bon Bini: Judeska in da House (2020) Bon Bini: Judeska in da House (2020) ===========================အဆိုပါဒတ်ချ်ဟာသရုပ်ရှင်သည် ကမ္ဘာ့ရောဂါကပ် ကိုဗစ်၁၉ ဖြစ်ပွားချိန်၌ ဇာတ်အိမ်တည်ထားပါသည်။ လူမျိုးရေးခွဲခြားမှု ဟာသတွေ၊ အဆုံးမှာ အသားရောင်အခြေခံခွဲခြားခြင်းကို ဆန့် ကျင်ကျော်လွန်လက်ခံသွားတဲ့ လူဖြူဇာတ်ကောင်တွေအကြောင်း အား ကလီရှေးဆန်ဆန်ရိုက်ကူးထားပါတယ်။ ထူးခြားတာက သရုပ်ဆောင် Jandino Asporaat ပါ။ ဇာတ်လမ်းအဆုံး ဂူဂဲလ် မှာရှာဖတ်ကြည့်တော့မှ အမျိုးသားသရုပ်ဆောင်ဟာ အမျိုးသမီး ကဲ့သို့ဝတ်ဆင်ကာ သရုပ်ဆောင်ထားမှန်းသိရအောင်ကို ပီပြင် လွန်းခဲ့တာပါ။ ဟော်လီဝုဂန္တဝင် ရော်ဘင်ဝီလီယံ ရဲ့ Mrs Doubtfireဇာတ်ရုပ်ကိုမြင်ယောင်မိပါသေးတယ်။ ဇာတ်လမ်းအကျဉ်းက ဂျူဒပ်စကာတစ်ယောက် သူ့တူမကို ရည်းစားကောင်လေးအိမ်လမ်းကြုံလိုက်ပို့ပါတယ်။ ကောင်လေး ရဲ့အဖေ နိုင်ငံတော်အတွင်းဝန်ဖြစ်သူဟာ ထိုနေ့မှ ကပ်ဆိုးရောဂါ ကိုဗစ်၁၉နဲ့ပါတ်သတ်ပြီး အိမ်၌ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ် ပါတယ်။ ဂျူဒပ်စကာဟာ အလိုက်ကမ်းဆိုးမသိ ဂရုလည်းမစိုက်တဲ့ တော်တော် ဂွကျတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး နှာဘူးထလိုက်တာဆိုသည်မှာ လည်းကမ်းကုန်ဖြစ်သည်။ တိုက်ရိုက် ထုတ်လွင့်နေတဲ့ သတင်းစာရှင်းလင်းပွဲ၌ ဂျူဒပ်စကာဝင်နှောက်ပါ တော့တယ်။စာနယ်ဇင်းသမားတွေမေးခွန်းထုတ်တဲ့အခါ အတွင်းဝန်လည်း ချော် လဲရောထိုင်ကာ အဆိုပါလူမည်းအမျိုးသမီးနှစ်ယောက်အား သူ့အိမ် တွင် လော့ဒေါင်းကာလ နှစ်ပတ်အတွင်း နေထိုင်ရန် ဖိတ်ခေါ်ထား ကြောင်းပြောပါတော့တယ်။ ပြဿနာက လူမည်းကောင်မလေးနဲ့ သူ့ရဲ့သားကိုသဘောမတူနိုင်တဲ့ ဂုဏ်သရေရှိမျိုးရိုးမှဆင်းသက်လာ တဲ့ ဝန်ကတော် ...
movie

Bon Bini: Judeska in da House (2020)

2020
The House Of No Man(2023) 6.9
The House Of No Man(2023) The House Of No Man(2023)**************************ငါမိဘမို့လို့ ငါသာအမှန်ဆိုတဲ့ မိဘမျိုးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်... ဒီကားလေးထဲမှာလည်း ဒီလိုပါပဲ..Nu ဆိုတဲ့ အမျိုးသမီးဟာ အတ္တကြီးပြီး သမီးတွေအပေါ်မှာ ချုပ်ခြယ်လွန်းပါတယ်...အဲ့ဒီကြားက သမီးအကြီးက သူသဘောမကျတဲ့သူနဲ့ အိမ်ထောင်ကျသွားတဲ့အခါမှာ သမီးငယ်လေးကို ပိုလို့ချုပ်ခြယ်လာပါတယ်.. လူတွေဟာ ချုပ်ခြယ်ခံရလွန်းတဲ့အခါ ပိုရုန်းကြတယ်မလား ..ဒီလိုပါပဲ သူ့ရဲ့သမီးငယ်လေးဟာလည်း သူ့ရဲ့ကြိုးဆွဲကနေရတဲ့ ဘဝကိုငြီးငြူလာတဲ့တစ်နေ့မှာတော့သူမထင်မှတ်ထားတာကို လုပ်လိုက်မိပါတယ်... ဒီကားလေးက သားသမီးနဲ့မိဘကြားဖြစ်တတ်တဲ့ ကတောက်ကဆလေးတွေကို ရိုက်ပြထားတာမို့ အိမ်နဲ့အဆင်မပြေသူလေးတွေကြည့်သင့်ပါတယ်.. သားသမီးနဲ့မိဘကြားတင်မကပါဘူး လူအချင်းချင်းထားရမယ့် respect...ကိုယ့်အိမ်ထောင်ဖက်ပေါ်ထားရမယ့် respect စတာတွေကိုလည်း ထည့်ရိုက်ထားတာမို့ ကြည့်သင့်ပါကြောင်း.... File Size :(1.5GB) and (713MB) Quality : WEB-DL1080p, 720p Format…mp4 Duration…01:42:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

The House Of No Man(2023)

The Reunion (2011) 5.8
The Reunion (2011) The Reunion (2011) ============== IMDb Rating - 5.8/10ဒီဇာတ်ကားလေးကတော့ ဒိန်မတ်ဟာသဇာတ်ကား လေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၂၅ နှစ်ပြည့် အထက်တန်းကျောင်းတွေ့ဆုံပွဲကိုတက်ဖို့အတွက် တစ် တန်းလုံးကိုဖိတ်ကြားထားပါတယ်။အသက်လေးဆယ်ကျော် လူလတ်ပိုင်းများဖြစ်နေကြတာ ကြောင့် နယ်ပယ်အသီးအသီးမှာအောင်မြင်နေကြသူတွေ ပေါ့၊ ဒီထဲမှာ နေးစ်ကတော့ တွေ့ဆုံပွဲကိုမသွားချင်ဘူး ၊မိန့် ခွန်းပြောရမှာဖြစ်တဲ့အတွက် တစ်ချိန်လုံးစိတ်ဖိစီးနေတယ်။ နေးစ်ရဲ့သူငယ်ချင်းအဆိုတော်သောမတ်စ်က သူနဲ့အတူသွားဖို့ စည်းရုံးနေတယ်။သူတို့သူငယ်ချင်း အန်ဒရေးအက်စ် အိမ်ထောင်အဆင်မပြေ တာကိုနှိမ့်သိမ့်အနေနဲ့ရော မစုံတာကြာပြီဖြစ်တဲ့ သူငယ်ချင်း သုံးယောက်အတူတူ တွေ့ဆုံပွဲသွားမယ့်မတိုင်ခင်တစ်ရက်မှာ အတူတူခရီးထွက်ဖို့တိုင်ပင်လိုက်ကြပါတယ်၊ ဒီလိုနဲ့ သူငယ် ချင်းသုံးယောက် သောက်စားမူးယစ်ပြီးတလွဲတွေလုပ်ကြတဲ့ အခါမှာတော့.....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2.0 GB) / (800 MB) / (472 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 30Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Tin Myo Lwin Encoder..........SWM
movie

The Reunion (2011)

2011
(18+) Don Jon (2013) 6.5
(18+) Don Jon (2013) IMDb (6.5) / Rotten Tomatoes (80%)မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး မိသားစုနဲ့ကြည့်လို့မရနိုင်တဲ့ 18+ ပညာပေးဇာတ်ကားပါ။ ဇာတ်လမ်းရဲ့တင်ဆက်ပုံကတော့ ကောင်းမွန်မှုရှိပြီးတော့ နိုင်ငံတကာ Rating တွေလဲကောင်းမွန်ပါတယ်....လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်လမ်းပါ။ အပြာကားကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေ...အပြာကားထဲက မင်းသမီးတွေ ဇာတ်ဆောင်တွေရဲ့ အပြင်မှာမဖြစ်နိုင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေ...အပြာကားကြောင့် ဘေးထွက်ဆိုးကျိုးများနေသူတွေအတွက် သင်ခန်းစာယူစရာပါပဲ။အခု Don Jon ဆိုတဲ့ဇာတ်ကားက လူငယ်တွေမှာ အဖြစ်များနေတဲ့ " အပြာကားစွဲတဲ့ စိတ်ရောဂါ "တစ်မျိုးကို ဟာသလေးတွေနှောပြီး ရိုက်ပြထားတာပါ ဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ် ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ...
movie

(18+) Don Jon (2013)

2013
1080p HEVC
[18+] Young Girls in Ecstasy (1974)
[18+] Young Girls in Ecstasy (1974) Young Girls in Ecstasy (1974)Erotic ပရိသတ်တွေအတွက်တော့ ဒီကားက တော်တော်ကြည့်ရတန်ပါတယ်။ တန်ဆို သူက ဇာတ်တစ်ပုဒ်တည်း ကောင်မလေးတစ်ယောက်တည်းမဟုတ်ဘဲ ကောင်မလေးပေါင်းများစွာရဲ့ ဇာတ်လမ်းပေါင်းများစွာကို Theme တစ်ခုထဲသွင်းပြီး အသက်သွင်းထားတာကိုး။ပျိုပျို ဖြူဖြူ ညိုညို သွယ်သွယ် တောင့်တောင့် ပုံစံမျိုးစုံ ဆိုဒ်မျိုးစုံရဲ့ ကြုံရဆုံရတဲ့ လိင်မှုဇာတ်လမ်းလေးတွေကို ဖောက်သည်ချထားတာကို ကြည့်ကြရမှာပါ။ အချစ်ဦးဇာတ်လမ်းလေးတွေတောင်ပါသလို ကြံကြံဖန်ဖန်ဇာတ်လမ်းတွေလည်းပါပါတယ်။ ဂန်းဘန်းဆန်ဆန်ဇာတ်လည်းပါတယ်။ အောအင်န်ဝမ်း Erotic ရုပ်ရှင်လို့ ပြောရင်တောင် မမှားလောက်ပါဘူး။ အမျိုးသမီးရေးရာတွေပါ အဆစ်ထည့်ထားပါသေးတယ်။ဇာတ်ကားအများကြီးလည်းမဒေါင်းချင် ဇာတ်စုံ ဆိုက်စုံ ဂိုက်စုံလည်း ကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ဟာ ရွေးချယ်မှုမမှားမယ့် ရုပ်ရှင်ပါပဲ။ မထိတထိတွေရော မရိုးမရွတွေရော ထိထိမိမိတွေရော ဇာတ်လမ်းပေါင်းစုံပါတဲ့ မိန်းမတို့အတွေ့အကြုံပေါင်းချုပ် ဟင်းလေးအိုးဇာတ်လမ်းကြီးပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.55GB, 655MB Quality - 1080p, 720p Format ...
movie

[18+] Young Girls in Ecstasy (1974)

1974
Everything Is Illuminated(2005) 7.4
Everything Is Illuminated(2005) Everything Is Illuminated(2005)******************************အဓိကဇာတ်ဆောင်ကတော့ The Lord of The Ringထဲက ဖရိုဒိုဘတ်ဂင်ဖြစ်တဲ့Elijah Woodကသရုပ်ဆောင်ထားပါတယ်ဒုတိယကမ္ဘာစစ်တုန်း ဂျူးလူမျိုးတွေ သန်းနဲ့ချီအသတ်ခံခဲ့ရတာ၊ နေရပ်စွန့်ပြီး နိုင်ငံပြောင်းနေခဲ့ကြတာကို အားလုံးသိမှာပါ။ စစ်ကြီးပြီးသွားတော့ အချို့ဂျူးတွေက နေရာသစ်မှာပဲအခြေချသလို၊ အချို့ကလည်းနေရပ်ပြန်လာကြပြီးဆုံးသွားတဲ့မိသားစုဝင်တို့ရဲ့ နေရာတွေ၊ အမှတ်တရတွေ၊ အကြောင်းအရာတွေကို ပြန်မှတ်မိဖော်ထုတ်ကြပါတယ်။ ဇာတ်ကြောင်းကတော့ အမေရိကန်ဖွား ဂျူးလေးတစ်ယောက်က သူ့အဘိုးရဲ့ဇာတိကိုပြန်လာပြီးသူ့အဘိုးငယ်စဥ်ကနေထိုင်ခဲ့တဲ့နေရာလေးကို ပြန်လည်ရှာဖွေတဲ့အကြောင်းပါပဲ။ အဘိုးဖြစ်သူအမေရိကန်ကိုစစ်ဘေးရှောင်မလာမီ နာဇီလက်ကနေအဘိုးဖြစ်သူကိုကယ်တင်ပေးခဲ့ဖူးတဲ့အမျိုးသမီးကိုလည်း ကျေးဇူးတင်ချင်လို့လည်းပါတာပေါ့။ ဒီလိုနဲ့ သူ့ရဲ့စွန့်စားခန်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာအပြင် လူတွေရဲ့စိတ်သဘောထား၊ အချို့လူမျိုးစုတွေရဲ့ တလွဲအမြင်တွေကို comedyလေးနှောပြီးကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့်လည်း အတင်းဟာသလုပ်ယူမထားဘဲ ငြိမ့်ငြိမ့်အေးအေးလေးနဲ့ရှုခင်းလှလှလေးတွေကိုခရီးသွားရင်းကြည့်ရသလိုကားမျိုးပါ။ File Size :(2.02GB) and (982MB) Quality : BLU-RAY 1080p, 720p Format…mp4 Duration…01:46:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Everything Is Illuminated(2005)

Full River Red ( 2023 ) Manjianghong 6.5
Full River Red ( 2023 ) Manjianghong IMDb Rating (6.5) / Rotten Tomatoes (100%)Hero, House of the flying daggers လိုမျိုး တရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားတဲ့ "Full River Red" ရုပ်ရှင်ကားဟာ ရုံတင်ကတည်းက နာမည်ကျော်ကြားလူကြိုက်များခဲ့ပြီး စံချိန်ပေါင်းများစွာရရှိခဲ့သလို ရုံတင်ဝင်ငွေလည်း ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပါတယ်။ဇာတ်လမ်းကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာ နောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကို ဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့ စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာဟာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တယ်ဆိုတဲ့အကြောင်း အထပ်ထပ်ပါပါတယ်။နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေက စိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။ ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေက သစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာ ကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့ နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ ...
movie

Full River Red ( 2023 ) Manjianghong

4K HEVC
Pinball: The Man Who Saved the Game (2023)
Pinball: The Man Who Saved the Game (2023) 1942 ခုနှစ်မှစပြီး ပင်ဘောကိုရာဇဝတ်အဖွဲ့အစည်းတွေချုပ်ကိုင်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်ကမြို့တော်တော်များများမှာ ပိတ်ပင်ပစ်ခဲ့ပါတယ် ။ 1970 ပြည့်နှစ်တွေမှာ Roger Sharpe ဆိုတဲ့နှုတ်ခမ်းမွှေးကားကားနဲ့လူတစ်ယောက် နယူးယော့မြို့ကြီးကိုစာရေးဆရာဖြစ်ချင်လို့ ရောက်လာရင်း မဂ္ဂဇင်းတိုက်တစ်ခုမှာအလုပ်လည်းရ Ellen ဆိုတဲ့ကောင်မလေးလည်းရပြီး သာယာနေတဲ့အချိန်မှာ သူရဲ့တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ ပင်ဘောကိုပိတ်ပင်ထားကြောင်းသိရှိသွားတဲ့အချိန် Roger တစ်ယောက် စာရေးဆရာအနေနဲ့ရော Music and Amusement Association(MAA) နဲ့ပူးပေါင်းပြီးရော ပင်ဘောတရားဝင်ပြန်လည်ဖြစ်မြောက်ရေးအတွက် ဘယ်လိုတွေကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ ပင်ဘောရဲ့ကယ်တင်ရှင်ကြီးRoger Sharpe ရဲ့ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။ ပင်ဘောကိုအကြောင်းပြချက်မျိုးစုံနဲ့ပိတ်ပင်ထားတဲ့ အမေရိကန်ကမြို့တွေရဲ့ဥပဒေတွေ၊ ပင်ဘောစတီထွင်တုန်းကနဲ့အခု ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာတွေနဲ့ Roger နဲ့ Ellen တို့အတူဖြတ်သန်းခဲ့ကြပုံကို လက်ရှိအချိန်မှာ Roger Sharpe ကပြန်ပြောပြနေပုံနဲ့တစ်မျိုး 1970 တုန်းက Roger Sharpe အနေနဲ့တစ်ဖုံ ဟာသလေးနှောပြီးတင်ဆက်ထားပါတယ် ။ ဒါရိုက်တာတွေကတော့ညီအကိုတွေဖြစ်တဲ့ Austin နဲ့ Meredith Bragg ကရိုက်ကူးထားတာဖြစ်ပြီး ...
movie

Pinball: The Man Who Saved the Game (2023)

Ghosted (2023) 5.8
Ghosted (2023) Ghosted (2023)ကပ္ပတိန်အမေရိကမင်းသား ခရစ်အီဗန်နဲ့ မင်းသမီး အန်နာဒအာမက်စ်တို့ရဲ့ ဟာသ အက်ရှင်ကားအသစ်လာပါပြီ။ ဇာတ်လမ်းကတော့ ရိုးရှင်းပေမဲ့ ဟာသတွေ၊ ဧည့်သည်သရုပ်ဆောင် နာမည်ကြီးတွေ အများကြီးသုံးထားတာမို့ ကြည့်ရတာ တန်တဲ့ ရုပ်ရှင်ပါပဲ။ အစက ခေါင်းဆောင်မင်းသမီးနေရာမှာ စကားလက်ဂျိုဟန်ဆန်ကိုရွေးထားပေမဲ့ အချိန်ညှိမရတာကြောင့် အန်နာဒအာမက်စ်ကလေး ပါလာတာပါပဲ။ကိုးလ်ဟာ သူ့မိသားစုနဲ့အတူ ခြံစိုက်စားနေတဲ့ လူရိုးတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ ကမ္ဘာလှည့်ပြီး အနုပညာပစ္စည်းတွေ စုဆောင်းရှာဖွေရတဲ့ ကောင်မလေးတစ်ယောက်နဲ့ တစ်ရက်ချိန်းတွေ့မိပြီး ချစ်ကြိုက်သွားခဲ့ပါတယ်။ အဲဒီကောင်မလေးက သူ့ကိုတစ်ရက်တည်းနဲ့ ပလစ်ပြီး လန်ဒန်ထွက်သွားတဲ့အချိန်မှာ နောက်ကလိုက်သွားခဲ့တယ်။ လန်ဒန်မှာ သူ့ကို နာမည်ကြီး စပိုင်တစ်ယောက်နဲ့မှားပြီး လူဆိုးဂိုဏ်းက မှားဖမ်းတဲ့အခါ သူ့ကောင်မလေးကမှ စပိုင်အစစ်ဖြစ်နေပြီးလာကယ်တာကြောင့် သူတို့နှစ်ယောက်အတူ စွန့်စားခန်းတွေ အလွဲလွဲအချော်ချော်နဲ့ ဖွင့်ရပါတော့တယ်...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.5GB, 1.2GB Quality - 1080p, 720p IMDb ...
movie

Ghosted (2023)

2023
4K HEVC
One More Time(2023) 6.7
One More Time(2023) One More Time(2023)*******************ဒီတစ်ခါတော့ Time travel တွေ time loop ကားတွေ သဘောကျတတ်တဲ့လူတွေ အတွက်ကားလေးပါ Amelia ဆိုတဲ့‌အမျိုးသမီးဟာ သူ့ အသင် ၄၀ ပြည့်မွေးနေ့မှာ သူငယ်ငယ်ကသူ့သူငယ်ချင်းနဲ့အတူ လုပ်ထားခဲ့တဲ့ Time capsule(စာရွက်လေးတွေ‌ပေါ်မှာ ဆုတောင်းတွေရေးပြီး မြေမြှုပ်လေ့ရှိတဲ့ ဘူး) လေးကိုဖွင့်ဖို့ သွားခဲ့ပါတယ်...အဲ့ဒါကို ဖွင့်ဖတ်နေချိန် စာရွက်လွင့်လို့ လိုက်ကောက်ရင်း ကားတစ်စီးနဲ့တိုက်မိပါတော့တယ် ဒါပေမယ့် သူမျက်လုံးပွင့်လာချိန်မှာတော့ အသက် ၁၈ နှစ်ပြည့်မွေးနေ့ကို ပြန်ရောက်သွားတာပါ...အဲ့ဒီ့လိုနဲ့  သူ့ရဲ့ အသက် ၄၀ အရွယ်ကို ဘယ်လိုပြန်ရောက်အောင်လုပ်မလဲဆိုတာကတော့.... File Size :(2.4GB) and (812MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:25:00 Genre : Drama , Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Eric Encoded by Phyo Pyae
movie

One More Time(2023)

Hitmen (2023)
Hitmen (2023) Hitmen (2023)၂၀၂၃ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်တဲ့ Hitmen ဆိုတဲ့ Action, Drama, Comedy ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ ကြမ်းပေ့ရမ်းပေ့ ဆိုတဲ့ အက်ရှင်ကားကြိုက်သူတွေအနေနဲ့ လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျွန်နီနဲ့ ဖရန်ကီဟာ သူငယ်ချင်းလည်းဖြစ်သလို လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး တွဲဖက်ပြီးတော့ လုပ်ကြံရေးသမားများအဖြစ် လုပ်ကိုင်ကြတာပါ။ သူတို့နှစ်ယောက်ဟာ လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ တော်သလို သောက်တလွဲတွေလည်း လုပ်တတ်ကြပါသေးတယ်။ဒါပေမယ့် မစ်ရှင်ကို ဘယ်လိုအခက်အခဲပဲရှိရှိ မစ်ရှင်ကို အောင်မြင်အောင်လုပ်ကြပါတယ်။ ဂျွန်နီကတော့ လုပ်ကြံရေးသမား ဘဝကို စိတ်ကုန်နေလို့ အနားယူပြီး ငါးခူမွေးမြူရေးလုပ်ဖို့အတွက် စိတ်ကူးယဉ်နေခဲ့ပါတယ်။ ဖရန်ကီလည်း ဂျွန်နီ အနားယူရင် သူလည်း အနားယူမယ်ဆိုပြီး လုပ်ပါတော့တယ်။ဒီလိုနဲ့ အနားမယူခင် နောက်ဆုံးအနေနဲ့ သူတို့ကို ပေးအပ်လာတဲ့ မစ်ရှင်သုံးခုကို လုပ်ဆောင်ဖို့ အကြောင်းဖန်လာချိန်မှာတော့.... သာမန် မြင်တွေ့နေကြ လုပ်ကြံရေးသမားတွေနဲ့ မတူဘဲ ဂျွန်နီနဲ့ ဖရန်ကီဟာ တကယ်ကို ရယ်ရတဲ့အတွဲပါ။ ကလိထိုးရယ်ရတဲ့ ဟာသမျိုးတွေမဟုတ်ဘဲ သူတို့ တလွဲလုပ်တာတွေကို ...
movie

Hitmen (2023)

2023
Peter Pan & Wendy (2023)
Peter Pan & Wendy (2023) PeterPeter Pan & Wendy (2023)ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ...
movie

Peter Pan & Wendy (2023)

2023