Channel Myanmar

Comedy

Boonie Bears: Back to Earth (2022) 5.9
Boonie Bears: Back to Earth (2022) Boonie Bears : Back to Earth (2022)ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ တရှုံနဲ့အော့ရှုံကာတွန်းဇာတ်လမ်းတွဲလေးရဲ့ အင်္ဂလိပ်စကားပြောကာတွန်းကားလေးထွက်ရှိလာပါပြီဗျာ။ တရှုံ၊ အော့ရှုံတို့ရဲ့ထုံးစံအတိုင်း အလွဲလေးတွေ၊ ဟာသလေးတွေ၊ ပညာပေးလေးတွေရောသမမွှေထားတာမို့ ကြည့်ကောင်းတဲ့ကာတွန်းလေးဖြစ်နေဦးမှာပါပဲနော်။ဘိုဆန်ဆန် ဘရမ်ဘဲလ်နဲ့ဘရိုင်ရာဆိုပြီး နာမည်ပြောင်းပေးထားတဲ့ချစ်စရာဝက်ဝံတို့ရဲ့ တောအုပ်ထဲကို ကောင်းကင်ပေါ်ကနေ သတ္တုကုဗတုံးလေးတစ်တုံး ကျရောက်လာခဲ့ပါတယ်။ အဲ့ဒီကုဗတုံးလေးရဲ့ ပင်မစွမ်းအားက စိတ်ထားအရမ်းကောင်းပြီး နူးညံ့တဲ့ဘရမ်ဘဲလ်ရဲ့ဦးနှောက်နဲ့ပေါင်းစည်းသွားပါတော့တယ်။ကုဗတုံးလေးက ရွိုင်တန်လို့ခေါ်တဲ့ကြောင်မျိုးနွယ်စုစီးလာတဲ့ အာကာသယာဉ်ကိုရှာပေးနိုင်တဲ့ အဓိကသော့ချက်ဖြစ်နေလေတော့... အစားစားဖို့ပဲဆန္ဒရှိနေတဲ့ဘရမ်ဘဲလ်တစ်ယောက် အာကာသယာဉ်အုပ်စုတွေရော၊ ဂြိုလ်သားတွေရောနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ်လိုတွေတိုင်ပတ်ဦးမလဲဆိုတာကို ဆက်ကြည့်လိုက်ပါတော့နော် ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre..... Animation, Comedy, Family Quality…. 1080p | 720p | 480p File size… 1.71GB | 963MB | 452MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... ...
movie

Boonie Bears: Back to Earth (2022)

2022
After the Storm (2016) 7.4
After the Storm (2016) After the Storm ( 2016 ) ------------------------ Directed by Hirokazu KoreedaEven After the Worst Storms , The Sun Will Shine Again.Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။ အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။ ၂ကားလုံး မင်းသားလည်းတူတယ်။ ...
movie

After the Storm (2016)

2016
Labyu with an Accent(2022) 6.7

Labyu with an Accent(2022)

Software Blues (2022) 7.1
Software Blues (2022) CM ပရိသတ်တွေအတွက် Software Blues ဆိုတဲ့ ပေါ့ပေါ့ပါးပါး တေလေဂူးရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဘာဂေ့ဗ်ဆိုတဲ့ကောင်လေးဟာ နည်းပညာကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ပဲဖြစ်ပါတယ်။သူဟာ အလုပ်နဲ့ပတ်သက်ရင် အမြဲ တလွဲတချော်ဖြစ်နေတတ်ပေမဲ့ အကောင်းဆုံးဝန်ထမ်းဆုရဖို့အတွက် အသည်းအသန်အလုပ်ကြိုးစားနေတဲ့သူပါ။ သူ့မှာ သူ့လိုပဲ တလွဲတချော်လုပ်တတ်တဲ့ သူငယ်ချင်းတွေရှိပြီး ဘယ်သူမှမသိတဲ့ကိစ္စတချို့ကိုလည်း သူက လျှို့ဝှက်ထားပါသေးတယ်။ဒီရုပ်ရှင်လေးဟာ ပေါ့ပေါ့ပါးပါး ခွီရင်း အပျင်းပြေ ကြည့်လို့ရတဲ့ ဟာသ၊ ဒရာမာရုပ်ရှင်လေးဖြစ်ပြီး သူ ဘာလို့ အကောင်းဆုံးဝန်ထမ်းဆုကို အသည်းအသန်လိုချင်နေလဲဆိုတာကို ဇာတ်လမ်းထဲမှာ မြင်ရမှာဖြစ်ပါတယ်ဗျ...။ File size…1.68GB / 856MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM~Cherry~Zwe Yan Naing
movie

Software Blues (2022)

2022
Premadesam (2023) 8.2
Premadesam (2023) Premadesam 2023 IMDb (8.1/10)CM ပရိသတ်ကြီးအတွက် နောက်ဆုံးထွက် တလဂူးရိုမန့်ဒရမ်မာကားလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်အချစ်ဇာတ်လမ်းလေးက တစ်ခုမဟုတ်ပါဘူး နှစ်ခုပါ လူလေးယောက် ပြသနာနှစ်ခု အဖြေတစ်ခု ဖြစ်ရပ်တစ်ခု အဲ့ဖြစ်ရပ်တစ်ခုကြောင့် သူတို့ပြသနာတွေပြေလည်သွားနိုင်မလား ရိုမန်တစ်ဆန်ဆန် ဆွတ်ပျံ့ကြည်နူးဖွယ်ဒီဇာတ်လမ်းလေးဟာ မျက်ရည်ဝဲစေမဲ့ ဒရာမာလေးတွေလည်းပါရှိတာမို့ ဇာတ်ကားကြည့်ခေါင်းလေးမှီစရာ ပခုံးပိုင်ရှင်လေးတွေ လိုအပ်တယ်လို့တော့ တစ်ခါတည်း အကြံပြုပါရစေကိုယ့်ရဲ့‌ေကာလိပ်ကျောင်းသားဘဝကိုလည်း ပြန်အမှတ်ရစေမယ့် ဇာတ်ဝင်ခန်းတွေလည်းပါရှိတဲ့အပြင် မင်းသားမင်းသမီးအကုန်လုံးက ကြည့်ရရှုရတာ မျက်စိလည်းအေး ရင်လည်အေးပြီး ဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်ကြီးအတွက် အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.59GB / 1.26GB Quality…1080p WEB DL /720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ~BpL~ Nyein
movie

Premadesam (2023)

2023
Sridevi Shoban Babu (2023) 7.3
Sridevi Shoban Babu (2023) Sridevi Shobanbabu(2023)IMDb-7.8/10ရမ်ချရမ်ရဲ့ ညီမလေး Sushmita Konidela ပါ၀င်ထားတဲ့ကားပါ။ သူက ရုပ်ရှင်လောကမှာ ပရိုဂျူဆာ/ costume designer အဖြစ်အောင်မြင်မှုရထားပြီးသားသူတစ်ယောက်ပေါ့၊ ဒီဇာတ်လမ်းထဲမှာလည်း လက်တွေ့ဆန်ပြီး ရည်ရွယ်ချက်ကြီးမားတဲ့ costume designer အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အဓိကဇာတ်ဆောင်မင်းသားဖြစ်တဲ့ Santosh Sobhan ကလည်း အားလုံးနဲ့စိမ်းမှာမဟုတ်ပါဘူး။ နောက်ဆုံးထွက်လူငယ်အချစ်ဇာတ်လမ်းလေးတွေနဲ့ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်။ ဒီအကျော်အမော်နှစ်ယောက်နဲ့တင် အညွှန်းဆက်မဖတ်ပဲကြည့်ရင်တောင် မမှားတော့တဲ့ ရုပ်ရှင်မျိုးပဲပေါ့။ ဒါပေမဲ့လည်း ဖတ်လိုက်ပါဦး။ဇာတ်လမ်းအညွှန်း: ရှိူးဘန်ဆိုတဲ့ကောင်လေးဟာ ဖခင်မေတ္တာလုံလုံလောက်လောက် မရခဲ့တဲ့သူပါ။ သူမေတ္တာအပြည့်အ၀မရခဲ့‌ပေမဲ့ လူတိုင်းအပေါ်မှာတော့ စိတ်ထားပြည့်၀တဲ့ ကျေးလက်လူငယ်လေးတစ်ယောက်ပေါ့။ရှရီကတော့ အိမ်မက်အကြီးကြီးတွေနဲ့ရည်မှန်းချက်တွေအတွက် ဇွဲရှိရှိကြိုးစားနေတဲ့သတ္တိရှိတဲ့မိန်းကလေးတစ်ယောက်။ ထက်မြက်ပြီး အကင်းပါးတဲ့သူလေးပေါ့။ဒီလို မတူညီတဲ့ ပတ်၀န်းကျင်က မတူညီတဲ့လူနှစ်ယောက်၊ အိမ်တစ်လုံးကိုအကြောင်းပြုပြီး ဆုံလာပါလေရော။သူတို့ ၂ ယောက်ရဲ့တွေ့ဆုံမှုက တကယ်ပဲ ရိုးရှင်းရဲ့လား။ နောက်ကွယ်မှာ မိဘချင်းဆက်နွယ်မှုနဲ့ ကြိုတင်စီစဥ်ထားတဲ့ လှည့်ကွက်တွေဖြစ်နေမလား?sသူတို့ရဲ့ အကြံအစည်တွေကဘာများလဲ? မိဘတွေရဲ့ ခြယ်လှယ်မှုနဲ့ ဒီအိမ်ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိနေလဲဆိုတဲ့ စိတ်၀င်စားစရာအကြောင်းအရာတွေနဲ့ လူငယ်နှစ်ယောက်ရဲ့ အချစ်ချိုချိုလေးတွေကို ရီမောလိုက် ကြည်နူးလိုက်ခံစားရမှာပဲ ဖြစ်ပါတယ်ဗျာ။ File size…3.08GB ...
movie

Sridevi Shoban Babu (2023)

2023
Mr. King (2023) 9.2
Mr. King (2023) Mr.King (2023) IMDb 9.2/10 (3K)ဘေးအိမ်ကိုအဆင်လေးပြောင်းလာဖို့စိတ်ကူးယဥ်ကြည့်ဖူးတဲ့လူ‌ တွေရှိရင် ဒီကားလေးက Must Watch စာရင်းထဲပါတဲ့ဇာတ်ကားလေးပါ ညိုကီတို့ကြိုက်မင်းသမီးချောလေး Urvi Singh ,Yashvika Nishkala နဲ့ ပျိုမေတို့ကြိုက် မင်းသားချောလေး Sharan Kumar လည်းပါဝင်တယ်ဆိုတော့ပစ်ရက်စရာတစ်ကွက်မှမရှိတော့ဘူးပေါ့ရှင်အူမာဒေဗီနဲ့ ဗယ်နီလာက ညီအစ်မဝမ်းကွဲတွေပါ သူတို့အိမ်ဘေးကိုပြောင်းလာမဲ့အဆင်လေးကတော့ ရှီဗာပေါ့ ရှီဗာ့အကြောင်းပြောရမဲ့ဆိုရင် လူတစ်ရာမှာတစ်ယောက်တောင်မရှိနိုင်တဲ့ဉာဏ်ကြီးရှင်တစ်ယောက်... လေယာဉ်စက်ယန္တရားပရောဂျက်ရေးဆွဲနေပြီးအောင်မြင်အောင်လုပ်မဲ့ရည်ရွယ်ချက်နဲ့ပေါ့ ဒီလိုတော်တဲ့အပြင်ကိုမှ ရုပ်လေးကလည်းခန့်တော့ အူမာနဲ့ဗယ်နီလာတို့၂ယောက်စလုံးသဘောကျမိသွားပါတယ် ဒီလို၃ပွင့်ဆိုင်လာမဲ့အချစ်ရေးထဲဘယ်သူနဲ့ဘဝခရီးဆက်ဖြစ်မလဲ ရှီဗာ့လေယာဉ်ပရောဂျက်ရောအောင်မြင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.97GB / 903MB Quality…1080p WEB DL / 720p Format…mp4 Duration…2h 44mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~BpL
movie

Mr. King (2023)

2023
Mummies (2023) 5.9
Mummies (2023) Mummies (2023)~ TMDb - 66%, Rotten Tomatoes - 70% ~ဟာသကာတွန်းရုပ်ရှင်အသစ်လေးတစ်ခုလာပါပြီ။ နာမည်အတိုင်းပဲ ဇာတ်ကောင်တွေက မံမီတွေဖြစ်ပါတယ်။ ရှေးခေတ်အီဂျစ်လူမျိုးတွေဟာ သေလွန်ပြီးတဲ့နောက်မှာ တမလွန်ခေါ် မြေအောက်ကမ္ဘာကို ရောက်သွားတယ်လို့ ယုံကြည်ကြပါတယ်။ အစပထမမှာတော့ မြေအောက်ကမ္ဘာခရီးအဆုံးမှာ သူတို့ရဲ့အလောင်းတွေဟာ အသက်ပြန်ဝင်နိုးထလာမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမဲ့ အလောင်းတွေဟာ ပုပ်ဆွေးသွားတယ်ဆိုတာကို သိလာပြီးနောက်မှာတော့ တမလွန်ခရီးကအပြန် ရှင်သန်နိုင်ဖို့ အလောင်းတွေကို မပျက်စီးအောင်ထိန်းသိမ်းထားဖို့လိုတယ်လို့ ယူဆခဲ့ကြပြီး ဆေးစိမ်ပတ်တီးစည်းခဲ့ကြပါတော့တယ်။ အဲဒီအလောင်းတွေကို မံမီတွေလို့ခေါ်ပါတယ်။ Mummy ဆိုတဲ့စကားဟာ ရှေးဟောင်း Arabic စကားလုံး mūmiyā ကို လက်တင်ဘာသာနဲ့ mumia လို့ခေါ်ရာကနေ ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ မပုပ်သိုးအောင်ထိန်းသိမ်းထားတဲ့အလောင်းဆိုတာပါပဲ။ဒီကာတွန်းထဲမှာတော့ မံမီအားလုံးဟာ တမလွန်မြို့ကြီးတစ်ခုမှာ ထာဝရအသက်ရှင်နေထိုင်ကြပါတယ်။ မံမီအားလုံးကို ဖာရိုးဘုရင်ကြီးက အုပ်ချုပ်ပါတယ်။ ဖာရိုးဘုရင်ကြီးရဲ့ သမီးတော် နက်ဖာအတွက် ကြင်ယာဖက်ရွေးဖို့ အချစ်နတ်ဘုရားမရဲ့ ...
movie

Mummies (2023)

2023
Thai Massage (2022) 6.3
Thai Massage (2022) Thai Massage (2023) ***************************** IMDb-6.8/10 ဟာသမင်းသားကြီး ဂရားဂ်ျရောဝ် နဲ့ Freddy နဲ့ Ram Settu ထဲက ဘရာဇီးသူအချောလေး ဂျနီဖာပစ်ချီနာတိုတို့ပါ၀င်ထားတဲ့ ဟာသကားလေးပါ။ဇာတ်လမ်းအညွှန်း မစ္စတာဒူဘေဆိုတာ အသက် ၇၀ ပြည့်တော့မယ့် မုဆိုးဖိုတစ်ဦးပါ။ သားသမီးမြေးချွေးမတစ်တွေနဲ့ နောက်အိမ်ထောင်မပြုပဲနေတဲ့ ပတ်၀န်းကျင်ကလေးစားရတဲ့သူတစ်ဦးပေါ့။ တစ်နေ့မှာ သူအမြတ်တနိုးတန်ဖိုးထားတဲ့ပုံမတော်တဆကျကွဲရာက လွန်ခဲ့တဲ့သုံးနှစ်ကဖုံးကွယ်ထားတာကြီးတစ်ခုပေါ်လာပါတယ် ထိုင်းမှာ သွားပျော်ပါးခဲ့ဖူးတာပါ....ဒီမြို့လေးကနေ ဝေးဝေးလံလံမသွားဖူးတဲ့ သား‌မြေးတစ်သိုက်နဲ့ ဂုဏ်သိက္ခာရှိရှိနေတဲ့ အငြိမ်းစားလူကြီးလူကောင်းတစ်ယောက်က ဘယ်လိုတွေဖြစ်ပြီး ထိုင်းမာဆတ်ခန်းကိုရောက်သွားရသလဲ... ကြီးမှ၀က်သက်ပေါက်တဲ့အဘိုးကြီးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ နာမည်ကျော်ဟာသမင်းသားကြီးရဲ့စွမ်းရည်တွေနဲ့ ရယ်ပွဲဖွဲ့နိုင်မလားဆိုတာတော့ ခံစားကြည့်ပါဦးလို့... မိဘမောင်ဘွားတွေနဲ့အတူကြည့်ဖို့တော့ အဆင်မပြေတာမို့ တစ်ယောက်တည်းကျိတ်ခွီးဖို့အကြံပေးရင်း ... တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ File size…1.94GB / 962MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ BpL~Yunni
movie

Thai Massage (2022)

2022
Unicorn Wars (2022) 6.8
Unicorn Wars (2022) Unicorn Wars (2022)~ IMDb - 6.8/10, RT - 83%, Meta - 73% ~လူတိုင်းကပျော်ချင်တယ်... လွတ်လပ်ချင်တယ်... ကိုယ့်အတွက် အကောင်းဆုံးလို့ထင်တာတွေကို ရချင်တယ် မဟုတ်လား။ လူတိုင်းမှာ အဲဒီအခွင့်အရေးရှိတယ်ဆိုပေမဲ့ ကိုယ့်ရဲ့ အခွင့်အရေးကိုရယူနိုင်ဖို့ တပါးသူကို ထိခိုက်စေမယ်ဆိုရင်တော့ အကျည်းတန်တဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။ဥပမာ - စစ်ပွဲပေါ့...တရားမျှတမှု၊ ယုံကြည်မှု၊ မျိုးချစ်စိတ် စတဲ့ စတဲ့ခေါင်းစဉ်တွေအောက်မှာ တိုက်ခဲ့တဲ့စစ်ပွဲပေါင်းများစွာ ကို ကျွန်တော်တို့တွေ မြင်ဖူး၊ တွေ့ဖူး၊ ကြုံဖူး၊ ကြားဖူး၊ သိဖူးကြပါတယ်။ ဒါပေမဲ့ ရန်စဆိုတာ ဘယ်ဖက်ကစမွှေးမွှေး နှစ်ဖက်စလုံးကိုတော့ ပူလောင်စေတာအမှန်ပါပဲ။ ဘယ်လိုရည်ရွယ်ချက်ကြောင့်တိုက်တိုက် ဘယ်လိုရလာဒ်ပဲထွက်လာပါစေ စစ်ပွဲကတော့ အကျဥ်းတန်တယ်ဆိုတာကို အားလုံး တညီတညွတ်တည်း လက်ခံကြလိမ့်မယ်ပါတယ်။စစ်ပွဲဟာ လှပတဲ့ အရာပေါင်းများစွာကို ဖျက်ဆီးနိုင်တဲ့အစွမ်းရှိပါတယ်... တစ်ချိန်က သုခဘုံဖြစ်ခဲ့တဲ့နေရာဟာ မီးလောင်ပြင်တစ်ခုဖြစ်လာနိုင်ပါတယ်... တစ်ချိန်က လှပရိုးသားခဲ့တဲ့ စိတ်ဓာတ်တွေကို ...
movie

Unicorn Wars (2022)

2022
Kanjoos Makhichoos (2023) 6.4
Kanjoos Makhichoos (2023) Kanjoos Makhichoos (2023) ****************************** မင်းသားကြီး ကုနားလ်ခေမူးပါဝင်သရုပ်ဆောင်ထားပြီး IMDb 6.4 နဲ့ ဒီကားဟာဆိုရင် ရယ်စရာလည်းကောင်း စိတ်အပန်းဖြေစရာလည်းကောင်းပြီး တကယ်ကြည့်သင့်တဲ့ Comedy အမျိုးအစားဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။စော်ဘွားတွေရဲ့မြို့တော်လက်ခနောင်းမှာ‌နေတဲ့ဂျန်မနာဆိုတဲ့လူက ကပ်စေးနှဲကော်တရာပါ ဘယ်လောက်တောင်လဲဆိုရင် အမွှေးတိုင်တစ်ထုပ်ကို တစ်နှစ်လောက်ထိချွေတာပြီးသုံးတဲ့လူမျိုးပါ ဒီ လိုကပ်စေးကုပ်တာကတော့အကြောင်းရှိပါတယ်။အဲဒါကတော့သူ့မိဘတွေကိုဘုရားဖူးလိုက်ပို့နိုင်ဖို့ပါပဲ ဒီလိုနဲ့ပိုက်ဆံစုတာပြည့်လို့မိဘတွေကိုဘုရားဖူးပို့ပြီးချိန်မှာတော့ သူတို့ဘဝတွေပြောင်းလဲသွားမဲ့ကိစ္စကြီးတစ်ခုဖြစ်သွားပါတယ် အဲဒါကတော့ကံဆိုးမိုးမှောင်ကျပြီး ဘုရားဖူးသွားတဲ့ သူ့မိဘနှစ်ပါးက မိုးကြီးလေကြီးထဲပါသွားလို့ပါပဲ။ ဒီလိုနဲ့သေဆုံးသူနစ်နာကြေးအနေနဲ့ အစိုးရကပိုက်ဆံပေးတော့ သုံးဖြုန်းပြီးကာမှ မိဘနှစ်ပါးလုံးမသေဘဲပြန်ရောက်လာတဲ့အခါမှာတော့... နစ်နာကြေးငွေတွေကိုသူတို့ဘယ်လိုဆပ်ကြမလဲ ပိုက်ဆံမရှိတော့တဲ့သူတို့ အစိုးရကိုဘယ်လိုကွက်ကျော်ရိုက်မလဲဆိုတာကြည့်လိုက်ကြပါဦး။ File size…2.1GB / 1GB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~ BpL~ Thaik San ~Nyein Aye
movie

Kanjoos Makhichoos (2023)

2023
Love and Love Not (2022) 7.3
Love and Love Not (2022) Love and Love Not (2022)~ IMDb rating - 7.2/10 ~"ကိုယ်အိမ်ပြန်လာပေးရမယ့်သူ ကိုယ့်ကိုဂရုစိုက်ပေးမယ့်သူတစ်စုံတစ်ယောက်ရှိတာ သိပ်ကောင်းတဲ့ကိစ္စတစ်ခုပဲ..." လမ်းခွဲပြီး ရည်းစားဟောင်းကို Move on မလုပ်နိုင်သေးတဲ့သူတစ်ယောက်ရဲ့ အထီးကျန်မှုကိုမြင်လိုက်ရတဲ့ Dialogue ပေါ့။2022 တုန်းကထွက်ခဲ့တဲ့ Romance ဇာတ်ကားသစ်ပါ။ဒါရိုက်တာ Anthony Cally ရဲ့တက်သစ်စသရုပ်ဆောင် Francesco D'Onofrio, Makenna Perkal တို့နဲ့ရိုက်ကူးထားတဲ့ဒီဇာတ်ကားက Romance ဆိုတာထက် Move on Story ဆန်ပါတယ်။နစ်ကီဆိုတဲ့ နယူးယောက်က ရုပ်ရှင်တည်းဖြတ်ရေးဌာနမှ ာအလုပ်လုပ်နေတဲ့ အသက် ၂၀ ဝန်းကျင်ကောင်လေးဟာ မွေးရပ်မြေ လော့စ်အိန်ဂျလိစ်က ရည်းစားဟောင်းလီလီကို မေ့မရသေးတဲ့သူပေါ့။ သူနဲ့လီလီရဲ့ဇာတ်ကြောင်းကိုတော့ အကျယ်တဝင့်မဖော်ပြထားပါဘူး။ နစ်ကီတို့ရဲ့ နွေရာသီအားလပ်ရက်သူငယ်ချင်းဟောင်းတွေ့ဆုံပွဲက Conversation အရ နစ်ကီနဲ့လီလီတို့ တွဲခဲ့ကြဖူးတယ်။ နစ်ကီရဲ့သူငယ်ချင်းတစ်ယောက်နဲ့ လီလီအတူအိပ်ခဲ့တဲ့ကိစ္စက နစ်ကီကိုအသဲကွဲစေခဲ့တယ်။နစ်ကီရဲ့မကောင်းတဲ့အချက်တစ်ခုက လိင်ကိစ္စကိုစွဲလမ်းနေတာပါ။ မိသားစုနဲ့ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးမရှိတာရဲ့ ...
movie

Love and Love Not (2022)

2022
Boyfriend For Hire (2022) 7.6
Boyfriend For Hire (2022) Boyfriend for hire (BFH) 2022 IMDb - 7.6/10 (1.1k)ဇာတ်လမ်းအကျဉ်း ငယ်ငယ်တုန်းက မိန်းကလေးရဲ့လှည့်စားခြင်းခံခဲ့ရပြီး စိတ်ဒဏ်ရာရကာ မိန်းကလေးတွေဆိုလုံး၀မယုံကြည်တော့တဲ့ အာဂျွန်၊ တစ်နေ့မှာအာဂျွန်တစ်ယောက် အိမ်ကပေးစားတဲ့သူနဲ့ လက်ထပ်ရတော့မယ့်အချိန်မှာ မိန်းမတွေကိုအယုံအကြည်မရှိတော့တဲ့ အာဂျွန်က "ငါမိန်းမတွေကို လုံး၀မယုံဘူး" ဆိုတဲ့သူ့ရဲ့စည်းမျဉ်းကိုဖောက်ဖို့ဖြစ်လာပြီး လက်ထပ်ရမယ့်သူကိုရှာဖို့ဖြစ်လာပါတော့တယ်။မိန်းမတွေကိုမယုံတဲ့ အာဂျွန်က မိန်းမအကြောင်းတွေကိုသိဖို့ အငှားရည်းစားလိုက်ရမှ သူပဲမိန်းမတွေကိုပလေးသွားမလား မိန်းမတွေကပဲ သူ့ကိုပလေးသွားမလားဆိုတာ....အလောင်တစ်လိုင်းတွေကိုခဏထားပြီး ရိုဆန်ဆန်နဲ့ကြည့်ရမယ့် တေလဂူး rom-com ဇာတ်ကားတစ်ကားကို ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…2GB / 1GB Quality…1080p  WEB DL /720p Format…mp4 Duration…2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry~Yunni ~Nyein Aye
movie

Boyfriend For Hire (2022)

2022
(18+)Haseena (2018) 4.3
(18+)Haseena (2018) Haseena (2018)မိန်းမလှလေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ဟဆီနားတဲ့။ သူဟာ လူကုံထံတွေ လုပ်ငန်းရှင်တွေကိုပစ်မှတ်ထားပြီး သူမရဲ့အလှနဲ့ဖမ်းစားတယ်။ပြီးရင် သူတို့ပိုင်ဆိုင်သမျှကို လုယက်တတ်တဲ့ ကြောင်ဆိုးမလေးပေါ့။ပြီးတော့ ရာဟူလ် ရိုဟစ် နဲ့ ရာဂျန်းဆိုတဲ့ သုံးယောက်ပေါင်းလောင်းကျော် သူငယ်ချင်းသုံးယောက်ရှိတယ်။သူဋ္ဌေးသားလေးတွေပေါ့။ ဂိုအာခရီးစဉ်ကို ကဲဖို့သွားနေတုန်း ဟဆီနားဟာ သူတို့ကို မျက်စိကျသွားပါတော့တယ်။ဒီလိုနဲ့ ဒီသူဋ္ဌေးသားလေးတွေရဲ့ဘဝဟာ ဘယ်လိုတွေ ရိုလာကိုစတာစီးရတော့မလဲဆိုတာကိုတော့ ၁၈အပေါင်းအခန်းလေးတွေနဲ့ ရှုစားတော်မူကြပါဦးနော်။ဒီတော့ လူငယ်တွေလည်း လှတာချည်း မက်မနေကြပါနဲ့..မုန့်ကိုမြင်တာတော့ မြင်ပါ တုတ်ကိုလည်း တွေ့အောင်ရှာပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။ File size…2Gb / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 15m Subtitle…. Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Devil
movie

(18+)Haseena (2018)

The Happy Camper(2023) 6.7
The Happy Camper(2023) The Happy Camper(2023)************************ဇာတ်ကားလေးကတော့ ဒေလွန်မိုက်ကယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူဘရန်ဒန့်နဲ့အတူ ဒိတ်တင်း app ကုမ္ပဏီလေးတစ်ခုကိုအတူတူလုပ်ကြတယ်။ ဘရန်ဒန်က အလုပ်ကိုပဲဦးစားပေးလွန်တဲ့အတွက် ဒေလွန်ဟာသူ့ကိုတဖြည်းဖြည်းစိတ်ပျက်လာပါတယ်။ တစ်နေ့ သူတို့ရဲ့ကုမ္ပဏီကိုရင်းနှီးမြှပ်နှံမယ့်သူဟာ ငွေကြေးထပ်မထုတ်ပေးတော့တဲ့အတွက်ကုမ္ပဏီကို ပိတ်ဖို့ဖြစ်လာပါတော့တယ်၊ ဘရန်ဒန်ကလည်း နောက်ထပ်ရင်းနှီးမြှုပ်နှံသူကိုလိုက်ရှာမယ် ၊ ဒေလွန်ကို ခဏအနားယူဖို့ပြောလိုက်တယ်၊ ဒီလိုနဲ့ ဒေလွန်ရဲ့အဖိုးက သူ့မြေးကိုလွမ်းလို့တွေ့ချင်နေကြောင်းအမေဖြစ်သူက ဖုန်းဆက်တယ်၊ လက်ရှိမှာအလုပ်မရှိတာရော စိတ်ညစ်တာရောဖြစ်နေတဲ့အတွက် မွေးရပ်မြေ ဆေးဗားဒေးမြို့ကို ပြန်သွားတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဘဝရဲ့ အလှည့်အပြောင်းမျိုးစုံတွေဆက်တိုက်ဖြစ်လာပါတော့တယ်...File Size :(1.6GB) and (747MBMB) Quality : WEB-DL1080P,720p Format…mp4 Duration…01:25:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

The Happy Camper(2023)

Severance(2006) 6.4
Severance(2006) IMDb- 6.4/10Rotten tomatoes- 66%ဇာတ်လမ်းအညွှန်းပယ်လီစိဒ် လက်နက်ကုမ္ပဏီက အဖွဲ့သား၇ယောက်ပါတဲ့ မားကတ်တင်းအဖွဲ့ဟာ အဖွဲ့ဖွဲ့စည်းရေးပိတ်ရက်အနေနဲ့ ဟန်ဂေရီနိုင်ငံက တောင်တန်းတွေဆီကို ရောက်လာကြတယ်။ မိန်းလမ်းမတစ်နေရာအရောက်မှာ ကားဆက်သွားလို့မရဖြစ်နေတာနဲ့ တောလမ်း လမ်းလွှဲ‌လေးကနေ သွားကြမယ်ဆိုတာကို ကားမောင်းသမားက “အဲ့တောလမ်းအကြောင်း ကြောက်စရာ ကောလဟာလသတင်းတွေကို သူသိထားတယ်၊ လိုက်မပို့နိုင်ဘူး” ဆိုတာကို ဇွတ်ရောအတင်းရော သွားချင်နေကြတဲ့ အဖွဲ့ကတော့ အဲ့နေရာမှာပဲ ဆင်းခဲ့ကြတယ်။ တောလမ်းတစ်လျှောက်သွားရင်းကနေ သူတို့မထင်မှတ်ထားတဲ့၊ ဘယ်သူပိုင်လို့ ဘယ်သူနေနေမှန်းလဲမသိတဲ့ အိမ်အိုကြီးကို တွေ့သွားကြတယ်။ ကုမ္ပဏီပိုင် ဇိမ်ခံအိမ်ကို မျှော်လင့်ထားကြတဲ့ အဖွဲ့သားတွေလည်း စိတ်ပျက်လက်ပျက်နဲ့ အဲ့အိမ်ကြီးမှာပဲ တည်းဖို့ဖြစ်သွားတယ်။ အဲ့အိမ်မှာ လျှောက်စပ်စုကြည့်ရင်းနဲ့ တစ်ယောက်က အရင်ကမှတ်တမ်းဖိုင်တွေ တွေ့သွားတယ်။ အဲ့မှတ်တမ်းအရဆို “ပယ်လီစိဒ်ရဲ့ စနပ်ကြောင့် စိတ္တဇဆေးရုံကလူတွေ အသတ်ခံလိုက်ရပြီး တစ်ယောက်ပဲ အသက်ရှင်လွတ်မြောက်တယ်။ အဲ့တစ်ယာက်က သူ့လမ်းကြောထဲဝင်လာတဲ့ ပယ်လီစိဒ်တွေကို ရေဆုံးမြေဆုံးလိုက်သတ်တယ်တဲ့”။ အဲ့လို ဟိုဟိုဒီဒီသိထားကြတဲ့ သူတို့တစ်တွေ ...
movie

Severance(2006)

Taxidermia(2006) 6.8
Taxidermia(2006) အခုမိတ်ဆက်ပေးချင်တာက သာမာန်ဇာတ်ကားပုံစံနဲ့မတူကွဲထွက်နေတဲ့ ဟန်ဂေရီကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မျိုးဆက်သုံးဆက်ရဲ့ ယောက်ျားသုံးယောက်စီမှာရှိတဲ့ မတူညီတဲ့အမူအကျင့်တွေနဲ့ မတူညီတဲ့ စိတ်အားထက်သန်မှုတွေကို အနှစ်ကျကျရိုက်ကူးထားတာပါ။ ပထမဆုံးမျိုးဆက် အမျိုးသားက အင်မတန်နှာဘူးထတဲ့ကျော်ကြီးပါ။ သူ့ကမ္ဘာမှာ မိန်းမမရှိရင် မရှင်သန်‌နိုင်လောက်တဲ့အထိ တဏှာရမက်ကြီးမားလွန်းတဲ့သူဖြစ်ပါတယ်။ ဒုတိယမျိုးဆက်ဖြစ်တဲ့သူ့သားကတော့ အစားအင်မတန်ကြီးလွန်းသူဖြစ်ပြီး အစားအသောက်ပြိုင်ပွဲတွေမှာ ထိပ်တန်းအဆင့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့သားနောက်ဆုံးမျိုးဆက်ကတော့ အသက်မရှိတော့တဲ့ အကောင်တွေကို အစာသွပ်ပုံသွင်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့အလုပ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူဖြစ်တာကြောင့် သာမာန်အစာသွပ်ပညာရှင်တွေ မလုပ်နိုင်တဲ့ကိစ္စမျိုးတွေကို သူ့ကိုပဲ လာအပ်ကြရပါတယ်။ဒီ မြေးအဖိုးအရင်းတွေရဲ့ မတူညီတဲ့ခံယူချက်၊ စိတ်ထား၊ ဝါသနာနဲ့ အလုပ်အကိုင်တို့ကို စိတ်၀င်စားစရာကောင်းအောင်ရိုက်ကူးထားတာကြောင့် အက်ရှင်တွေ၊ ဒရာမာတွေကနေ ခဏအနားယူလိုသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။လိင်ပိုင်းဆိုင်ရာတွေ၊ အော်ဂလီဆန်စရာတွေ ပါ၀င်တာကြောင့် ရွံတတ်သူ၊သွေးကြောက်သူတွေကြည့်မယ်ဆိုရင် သတိထားသင့်ပါတယ်။ File size…699.3MB Quality…WEB-Rip 720p Format…mp4 Duration….1h 31m Genre ..... Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard ...
movie

Taxidermia(2006)

[18+] Daughter of Darkness (1993) 5.7
[18+] Daughter of Darkness (1993) Daughter of Darkness (1993)(အကြည်ရဖို့မလွယ်လို့ 480p အနေနဲ့ကိုပဲ ကြည့်လို့ပြေအောင် ကုတ်တင်ပေးလိုက်ပါတယ်)Erotica အမျိုးအစား ဇာတ်ကားတွေထဲမှာ ဇာတ်လမ်း အထူးခြားဆုံးကတော့ ဟောင်ကောင် Erotica ဇာတ်ကားတွေလို့ ကျွန်တော်တော့ ထင်တာပဲ။ ဇာတ်လမ်း ဆန်းဆန်းလေးနဲ့ ဆွဲဆောင်မှုရှိတယ်။ ဇာတ်ကားတွေက ကောင်းတယ်လို့ ပြောလို့မရလောက်ပေမဲ့ ဇာတ်လမ်းလေးတွေကတော့ ဆွဲဆောင်မှုတစ်မျိုးရှိနေတာတော့ အသေအချာပါပဲ။အခုဇာတ်လမ်းလေးက မင်းသားကိုတော့ လူတိုင်းနီးပါးသိကြမှာပါ။ မင်းသမီးကတော့ ချစ်စရာလေးပဲ။ ဘော်ဒီလေးကလည်း အစ်ကိုတို့အကြိုက်ပေါ့ဗျာ။ မင်းသမီးတင်မဟုတ်ဘူး တခြား အလန်းလေးတွေလည်း ပါသေးတယ်။ဇာတ်လမ်းအကျဉ်းက အေးချမ်းတဲ့ နယ်မြို့လေးတစ်မြို့မှာ မကြုံစဖူး တစ်မိသားစုလုံး အသတ်ခံရတဲ့ လေးလောင်းပြိုင် လူသတ်မှုပေါ်လာတယ်။ စခန်းမှူးဆိုတာကလည်း ဖဲဝိုင်း မာကျောက်ဝိုင်းလောက် ဖမ်းရတဲ့သူမျိုး။ Erotica ဇာတ်ကားဆိုတော့ နယ်မြို့လေးပေမဲ့ စျေးသည်တွေကတော့ ပေါတယ်ပေါ့ဗျာ။ စခန်းမှူးကလည်း နှာဘူးနည်းနည်းကျတာပေါ့။ အဲဒီတော့ နှာခေါင်းနဲ့တွေးပြီး လူသတ်ရတဲ့အကြောင်းအရင်းကတော့ မုဒိမ်းမှုလို့ပဲ ဆွဲပြီး ကောက်ချက်ချပါတော့တယ်။ ...
movie

[18+] Daughter of Darkness (1993)

1993
The Matador(2005) 7.0
The Matador(2005) The Matador(2005)******************လူ့ဘဝမှာ သူငယ်ချင်းတွေ၊ ဘော်ဒါတွေ အများကြီးရှိကြပေမယ့်လည်းမိတ်ဆွေကောင်း/ သူငယ်ချင်းကောင်းတစ်ယောက် ဟုတ်/မဟုတ် ဆိုတာ လွယ်လွယ်ကူကူဆုံးဖြတ်လို့မရပါဘူး။နောက်ပြီး မိတ်ဆွေကောင်းတန်ဖိုးဟာ ဘယ်လောက်ထိရှိလဲဆိုတာမသိတဲ့သူတွေ အများကြီးပါ။ ဒီကားလေးကို ကြည့်ရင်း မိတ်ဆွေကောင်းတွေကို တန်ဖိုးထားနိုင်ကြပါစေ။ ဂျူလီယန်ဟာ ကြေးစားလူသတ်သမားဖြစ်ပြီး ငွေအများကြီးပေးတဲ့အလုပ်ကိစ္စမျိုးကိုသာလုပ် ကိုင်ပေးလေ့ရှိပါတယ်။ အိမ်ထောင်မရှိ၊ သားသမီးမရှိ၊ ဘာအနှောင်အဖွဲ့မှမရှိဘဲဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်ရက်မှာတော့သူ့မွေးနေ့မှာ သူ့ကို ဘယ်သူကမှ အမှတ်တရ လက်ဆောင်ပေးတာတွေ၊နှုတ်ဆက်စကားလှမ်းပြောတာတွေမရှိတဲ့အပြင် သူဖုန်းဆက်သမျှ လူတိုင်းက လည်းသူ့ကိုအရေးတယူ ပြန်မဆက်ဆံတဲ့အတွက် အဖော်မဲ့၊ မိတ်ဆွေမဲ့တဲ့သူ့ရဲ့ဘဝကို စိတ်အပျက်ကြီးပျက်မိသွားပါတော့တယ်။ တစ်ရက်မှာ အရောင်းကိုယ်စားလှယ်တစ်ယောက်နဲ့သောက်ရင်းစားရင်း မိတ်ဆွေဖြစ်သွားပါတယ်။ အဲ့ဒိလူက သူ့ကိုစကားရောဖောရောလောက်ဆက်ဆံပေမယ့်မိတ်ဆွေ အရမ်း လိုချင်နေတဲ့ ဂျူလီယန်က အတင်းလိုက်ကပ်ပါတော့တယ်။လူသတ်သမားတစ်ယောက်ဖြစ်နေကြောင့် မိတ်ဆွေ သူငယ်ချင်းမလုပ်ချင်တဲ့သူများနေတဲ့ဂျူလီယန်ခမျာ လိုချင်နေတဲ့ မိတ်ဆွေစစ်စစ်ကို တကယ် ရနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ ခံစားကြည့်လိုက်ပါဗျာ။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီယာ့စ်ဘရွန်နန်ဟာ၂၀၀၅ ခုနှစ် ရွှေကမ္ဘာလုံးဆုအတွက် စကာတင်အမည်စာရင်းမှာပါဝင်ခဲ့ပါတယ်။ဒါကြောင့် ...
movie

The Matador(2005)

The Last Boy Scout(1991) 7.0
The Last Boy Scout(1991) ကျွန်တော်တို့ရဲ့ Die Hard မင်းသားကြီး ဘရုစ်ဝီလီရဲ့ 90 ခုနှစ်က ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်.ဂျိုးဟယ်လမ်ဘက်ခ်ဟာ အကောင်ကြီးကြီး တစ်ပွေနဲ့ ပြဿနာဖြစ်ပြီးလျို့ဝှက်စုံစမ်းရေးအဖွဲ့ကနေ ရာထူးချခံခဲ့ရပြီး အလွတ်စုံထောက် လုပ်နေခဲ့သူ ဖြစ်ပါတယ်. တစ်ရက် အိမ်ပြန်လာချိန်မှာတော့.သူ့အချစ်ဆုံးသူငယ်ချင်းက သူ့မိန်းမ နဲ့ တကူကူးနေတာကို မိသွားခဲ့ပြီးသူ့အတွက် ကမ္ဘာကြီးပျက်သလို ခံစားနေရပေမယ့်. ပြောထွက်ခဲ့တဲ့ စကားလုံးတွေကဟာသဆန်နေခဲ့သလို သူ့သူငယ်ချင်း မိုက်အပေါ် လက်သီးတစ်ချက်နဲ့သာ တုံ့ပြန်ခဲ့သော်လည်းကံကြမ္မာက မျက်နှာသာမပေးခဲ့လို့ မိုက်တစ်ယောက် ကားဗုံးကွဲပြီး သေသွားခဲ့ပါတယ်သွားလေသူ မိုက် ရဲ့စောင့်ကြည့်ရေးအလုပ်ကို လကပြောင်းလွှဲယူခဲ့ကာသူ စောင့်ကြည့်ပေးနေတဲ့ မိန်းကလေး ကိုရီပါ အသတ်ခံရတဲ့အချိန်မှာတော့ဒီကိစ္စက သာမန်ကိစ္စမဟုတ်ဘဲ နောက်ကွယ်က အာဏာရှိတဲ့အဖွဲ့အစည်းတစ်ခုရဲ့လက်ချက်မှန်းသဘောပေါက် သွားခဲ့ပါတယ် ကိုရီသေဆုံးမှုကို သူ့ရဲ့ရည်းစား ဘောလုံးကစားသမားဟောင်း ဂျင်မီဒစ်ဇ် နဲ့ပူးပေါင်းပြီး ထောက်လှမ်းဖော်ထုတ်ပုံများကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.File size…2.5GB / 824.2MB Quality…Blu-Ray 1080p 5.1CH ...
movie

The Last Boy Scout(1991)