Channel Myanmar

Crime

Dom Hemingway (2013) 6.1
Dom Hemingway (2013)  ဒီဇာတ်ကားက British comedy/ dramaဖြစ်ပြီး GOTထဲကနဂါး​မေ​မေနဲ့ Sherlock Holmes ရုပ်ရုင်ထဲက မင်းသားကြီးJude Lawတို့ အဓိကပါဝင်ထားတာပါ။ IMDb6.1နဲ့ RT 57%ရထားပါတယ်။ ​မီးခံ​သေတ္တာ ဖောက်ထွင်းဝိဇ္ဇာတစ်ဦးဖြစ်​ပြီးအမှုတစ်ခုမှာ အဖမ်းခံရကာ ​ထောင်ဒဏ်၁၂နှစ် ကျသွားခဲ့တဲ့ဒွန်ဟဲမင်း​ဝေးဆိုတဲ့ ဒုစရိုက်သမားကြီးဟာ ​ထောင်က​ပြန်လွတ်လာချိန် ဇနီးဖြစ်သူဆုံးပါးကာ သမီးက မုန်းတီး​နေတာ​ကြောင့်မိသားစုနဲ့ ပြန်လည်နီးစပ်နိုင်ဖို့ ​ငွေလမ်းခင်းမယ်ဆိုတဲ့ အကြံနဲ့​အလုပ်သစ်​တွေလိုက်ရှာရင်း ကြုံ​​တွေ့ရမယ့် အခက်အခဲ​တွေကိုဘယ်လို​ဖြေရှင်းမလဲဆိုတာ ကြည့်ရမှာပါ။ စကားအ​ပြောအဆိုအသုံးအနှုန်း​​တွေ ကြမ်းတမ်းတာကို သတိချပ်​စေချင်ပါတယ်။  File size…1.39GB / 654MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Dom Hemingway (2013)

The Procurator ( 2023 ) 6.2
The Procurator ( 2023 ) Dramaဇာတ်လမ်းတွဲတွေထဲက မင်းသားချော Johnny Huang ရဲ့ လျို့ဝှက်ဆန်းကြယ် ရှေ့နေကားလေးကိုတင်ဆက်လေးလိုက်ပါတယ်......ဇာတ်လမ်းအကျဉ်းလေးကတော့ ...... ရှဝေဆိုတဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်ဟာ လူသတ်မှုနဲ့တရားစွဲခံရပါတယ်။ အစိုးရရှေ့နေလီရွေ့(Johnny Huang)ဟာလူသတ်မှုကိုလိုက်ရင်း အမှုဟောင်းတွေကိုပါဆွဲထုတ်မိပါတယ် လူသတ်မှု၊ မုဒိန်းမှု၊ အစိုးရဝန်ထမ်းနဲ့စီးပွားရေးသမားတွေပူးပေါင်းပြီးလာဘ်စားတဲ့အမှုတွေပါ ပါဝင်လာတဲ့အခါ အားလုံးဟာဒီလူသတ်မှုဝဲဂယက်ထဲကိုဆွဲထည့်တာခံရပါတော့တယ်......လီရွေ့နဲ့ သူ့ရဲအရင်ရည်းစားဖြစ်တဲ့ ရှဝေရဲ့ရှေ့နေထုံယွီချန်တို့ဟာ တရားခွင်မှာထိပ်တိုက်ရင်ဆိုင်ကြရပါတယ်...... ရှဝေဟာဘာကြောင့်နှုတ်ဆိတ်နေတာလဲ...... သူ့ရဲ့ခင်ပွန်းသည်ကရောဘာလျှို့ဝှက်ချက်တွေဖုံးကွယ်ထားသလဲ...... ဒီအမှုတွဲရဲ့နောက်ကွယ်မှာ ဘယ်လိုမှန်းဆမရတဲ့အန္တရာယ်တွေက သူတို့စောင့်နေမလဲဆိုတာကိုCMပရိသတ်ကြီးကခံစားကြည့်ရှုလိုက်ပါဦးနော်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 40 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Moon Encoded by LK
movie

The Procurator ( 2023 )

[18+] Striptease (1996)
[18+] Striptease (1996) Striptease (1996)ဒီကားကိုရိုက်တဲ့သူက မာလွန်ဘရန်ဒိုရဲ့ The Freshman နဲ့ နစ်ကေ့ရဲ့ ပွဲဦးထွက် ဂိကာလကားတစ်ချို့ကို ရိုက်ခဲ့တဲ့ Andrew Bergman ပါပဲ။ မင်းသမီးက Ghost ရဲ့ သရုပ်ဆောင် အလှပဂေး ဒယ်မီမိုး။ ဇာတ်လမ်းကတော့ Erotic ဆန်ဆန်ရိုက်ထားပေမဲ့ ထူးထူးခြားခြားကို Mystery ကားလိုလို စုံထောက်ကားလိုလို အငွေ့အသက်အပြည့်ရပါတယ်။မင်းသမီးက FBI က အတွင်းရေးမှူးဟောင်း။ ရာဇဝတ်မှတ်တမ်းနဲ့သူ့ယောက်ျားကြောင့် အလုပ်က ပြုတ်သွားတယ်။ သူတို့သမီးလေးကို အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ရာမှာလည်း သူ့ယောက်ျားကို ရှုံးသွားပြီး သူခိုးလုပ်နေတဲ့ ယောက်ျားနဲ့ သမီးကို ထားထားရတဲ့အတွက် ရတက်မအေးဖြစ်နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့ သူအလုပ်လုပ်နေတဲ့ အဖော်အချွတ်ကလပ်မှာ နာမည်ကျော်လွှတ်တော်အမတ်တစ်ယောက်ရောက်လာပြီး သူ့ကို သဘောကျသွားတယ်။ လွှတ်တော်အမတ်က အဖော်အချွတ်ကလပ်ထဲရောက်နေတာနဲ့တင် ပြဿနာကြီးနေပြီကို ဒီဘဲက သူများခေါင်းပါသွားခွဲချလိုက်တယ်။ဒီလိုနဲ့ အဲဒီအခြေအနေရဲ့ပုံတစ်ချို့ ထွက်လာပြီး သူ လွှတ်တော်အမတ်ဆိုတာ သိနေတဲ့ ...
movie

[18+] Striptease (1996)

1996
Theerkadarishi (2023) 8.9
Theerkadarishi (2023) Theerkadarishi (2023)IMDb 9.4/10 CM မှာတင်ဆက်ပေးထားတဲ့ 2018ကတည်းကထွက်ခဲ့ပြီး ongoing series ဖြစ်တဲ့ 9-1-1(2018) ဇာတ်လမ်းတွဲလိုမျိုးကို မတူညီတဲ့ Vibe နဲ့ ကြည့်ရမဲ့ ရုပ်ရှင်ကားပါ။ဇာတ်လမ်းအကျဉ်း အရေးပေါ်အတွက် ဖုန်းခေါ်ဆိုမှုလက်ခံတဲ့ဆီကို ဖုန်းတစ်ကောလ်ဝင်လာပါတယ်။ တစ်နေရာမှာ အမျိုးသမီးတစ်ဦး အန္တရာယ်ကြုံရတော့မယ် သူ့ကို အမြန်ကယ်တင်ပါ ဆိုပြီး။ ဆက်တဲ့သူက သူဘယ်သူလဲ ဘယ်ကလဲ ပြောမသွားပါဘူး။ နောက်ရက်လဲရောက်ရော သူပြောတဲ့အတိုင်းပဲ အမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရပါတယ်။အဲလိုပဲ ဆက်တိုက်ဆက်တိုက် သူဖုန်းဆက်ပြီး ဖြစ်မယ်ပြောတဲ့ လူသတ်မှု မတော်တဆမှုတွေက တကယ်ပဲ ဖြစ်လာတဲ့အခါမှာတော့...။ သူပြောလို့ပဲ အဲဒီကိစ္စတွေက ဖြစ်ရတာလား။ သူကပဲအဲဒီကိစ္စတွေကို ရှေ့ဖြစ်ကြိုဟောကိန်းထုတ်နိုင်တာလား။ ဒါမှမဟုတ် သူကိုယ်တိုင်ကပဲ အဲဒီကိစ္စတွေကို ကျူးလွန်နေတာလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~BpL~Moon~Yunniနဲ့ တက်သစ်စဘာသာပြန်Thaik Sanတို့ပဲဖြစ်ပါတယ်) File size…2.81GB / 1.2GB Quality…1080p True WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~BpL~Moon~Yunni
movie

Theerkadarishi (2023)

2023
Inferno (2016) 6.4
Inferno (2016) Dan Brown ရဲ့ စာအုပ် Inferno ကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာလဲဇာတ်ကောင် Robert Langdon အဖြစ် တွမ်ဟန့်ကပဲဆက်လက်ပါဝင်ထားပြီးသူ့ရှေ့ကထွက်ခဲ့တဲ့ The Da Vinci Code (2006) နဲ့ Angels & Demons (2009) တို့ရဲ့ Sequel အဖြစ်ထွက်ရှိခဲ့တာပါ။ဇာတ်လမ်းအကျဉ်းကတော့...ပါမောက္ခလန်ဂ်ဒန်ဟာ ဆေးရုံတစ်ခုမှာ မှတ်ဉာဏ်တွေပျောက်ဆုံးပြီးမှ ခေါင်းဒဏ်ရာကြီးနဲ့ နိုးလာခဲ့ပါတယ်...မီးလောင်မြိုက်နေတဲ့ ကမ္ဘာကြီးရဲ့ မြင်ကွင်းကလွဲလို့ ဘာကိုမှသတိမရတော့ဘဲ အတိတ်နဲ့အဆက်အသွယ်ပြတ်သွားတာကြောင့်သူဘာကြောင့်ဆေးရုံရောက်တယ် သူဘာတွေလုပ်ခဲ့တယ် မေ့နေခဲ့ပါပြီ..ဒါကြောင့်သတိရဖို့ကြိုးစားနေတုန်းမှာပဲ သူ့ကိုသတ်မယ့်ဖြတ်မယ့်လူတွေအပြင်အစိုးရအဖွဲ့တွေကပါ သူ့နောက်ကို အသည်းအသန်လိုက်နေတာကို သိလိုက်ရပါတယ်.....သူ့လက်ထဲမှာလဲ ငရဲရဲ့မြေပုံနဲ့ ပဟေဠိတစ်ခု...သူဘာတွေရှုပ်ထားမိပြီလဲ......ဒီလိုနဲ့လူသတ်သမားတွေရန်က ပြေးရင်းလွှားရင်း မှတ်ဉာဏ်တွေ တဖြည်းဖြည်းပြန်ပေါ်လာရင်းသဲလွန်စတွေနောက်ကိုလိုက်ရင်း ကမ္ဘာကြီးရဲ့ သေရေးရှင်ရေးဟာ ဒီပဟေဠိအပေါ်မူတည်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့.....။ File size…(4 GB)/(2.5 GB)/ (1.3 GB) Quality….BluRay DS4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:01:35 ...
movie

Inferno (2016)

2016
The Last Deal (2023) 5.5
The Last Deal (2023) The Last Deal (2023) ===============ဗင့်စ်က ဆေးရောင်းတဲ့သူပါ။ စိုက်ပျိုးရေးသမားတွေဆီက ဝယ်လိုက် ပစ္စည်းမှာတဲ့သူတွေဆီ သွားပို့လိုက်နဲ့ အလုပ်ဖြစ် နေတာပေါ့။ ဒါပေမဲ့ ကယ်လီဖိုးနီးယားမှာ ဆေးခြောက်က တရားဝင်ဖြစ်သွားတဲ့အခါ ဗင့်စ်တို့လို အရောင်းအဝယ်သမား တွေ ပြဿနာတက်ပါတော့တယ်။ လုပ်ငန်းလိုင်စင်လည်း မရဘဲ အရာရှိတွေကို လာဘ်ထိုးပြီး ခိုးရောင်းနေရတော့ ဗင့်စ် က သူဒီလုပ်ငန်းကိုကြာကြာလုပ်နိုင်တော့မှာမဟုတ်မှန်း နားလည်သွားပါတယ်။ဒါကြောင့် နောက်ဆုံးအနေနဲ့ သူ့ဘော်ဒါနဲ့အတူ ပိုက်ဆံချေးပြီး ဆေးဝယ်လိုက်တဲ့အခါ အလိမ်ခံလိုက်ရပြီး ပစ္စည်းတွေပါပါ သွားပါတယ်။ အဲဒီမှာပဲ သူ့အကြွေးရှင်က ဗင့်စ်နဲ့သူ့ဘော်ဒါကို လိုက်ဖမ်းတဲ့အခါ ရဲတိုင်လို့လည်းမရတဲ့ ဗင့်စ်တို့ ဘယ်လိုဖြေ ရှင်းကြမလဲဆိုတာ ကြည့်ရှုရမဲ့ crime thriller ကားလေးဖြစ် ပါတယ်။ အိပ်ရာပေါ်ကအခန်းနဲ့ ဝတ်လစ်စားလစ်အခန်းတချို့ ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်ရှုဖို့ မသင့်တော်ပါဘူး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.29 GB) / (540 MB) / (310 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Thriller Translator.......EL Encoder..........SWM
movie

The Last Deal (2023)

2023
Life of Crime (2013) 5.8
Life of Crime (2013)  Tim Robbins နဲ့ Jennifer Aniston တို့ အဓိကပါဝင်ထားတဲ့ Comedy ဇာတ်ကားလေး တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်.... ဇာတ်လမ်းအစမှာတော့ အိမ်ခြံမြေလုပ်ငန်းရှင် ဖရန့်ခ်ဒေါ်ဆင်ရဲ့မိန်းမ မစ်ကီဒေါ်ဆင်ကို ပြန်ပေးဆွဲဖို့ တိုင်ပင်နေကြတဲ့ရာဇဝတ်သား ၂ ယောက်ရဲ့ ဇာတ်ဝင်ခန်းနဲ့ စထားပါတယ်.သူ့မိန်းမကိုယ်တိုင်တောင်မသိတဲ့ ဖရန့်ခ်ဒေါ်ဆင်ရဲ့ လျှို့ဝှက်ချက်တွေကို သိထားတဲ့ သူတို့ ၂ယောက်ကတော့ ဖရန့်ခ်ရဲ့မိန်းမကိုပြန်ပေးဆွဲငွေညှစ်တာက လွယ်လွယ်လေးပိုက်ဆံရမယ့် အလုပ်လို့ထင်ထားခဲ့တာပါ.ဒါပေမယ့် သူတို့မသိတာက ဖရန့်ခ်မှာ သူတို့မထင်ထားတဲ့ မယ်လနီဆိုတဲ့ အငယ်အနှောင်း ရှိနေပြီး.သူ့မိန်းမ မစ်ကီ့ကိုလည်း ကွာရှင်းဖို့ထိ စီစဉ်ထားပြီးဖြစ်နေခဲ့တယ်ဆိုတာပါပဲ. တကယ့်တကယ် မစ်ကီကို ပြန်ပေးဆွဲချိန်မှာတော့ ဖရန့်ခ်အနေနဲ့က သူ့မိန်းမကို ဒေါ်လာ ၁ သန်း ပေးပြီး ပြန်အရယူဖို့စိတ်ကူးမရှိသလို သူ့အငယ်အနှောင်း မယ်လနီကလည်းတခြားအကြံအစည် တစ်ခုရှိနေပါတယ်.ငွေအရလွယ်ဖို့ ပြန်ပေးဆွဲမိကာမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့အဖြစ်ကြုံရတဲ့သူတို့၊ မစ်ကီကို ဖမ်းထားရင်း ကြုံတွေ့ရတဲ့အလွဲများ၊ တစ်ဖက်က ဖရန့်ခ်ရဲ့ မီးခဲဖင်ခုထိုင်မိသလိုကြံရာမရဖြစ်ပုံများနဲ့ ဘာတွေ ဆက်ဖြစ်ကြမလဲ စတာတွေကိုဟာသနှော တင်ဆက်ထားတဲ့ ...
movie

Life of Crime (2013)

Violet & Daisy (2011) 6.0
Violet & Daisy (2011)  Violet နဲ့ Daisyဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးနှစ်ယောက်ဟာ ကြေးစားလူသတ်သမားတွေဖြစ်ပါတယ်။တစ်နေ့တော့ သူတို့ဟာ လူတစ်ယောက်ကို ရှင်းပစ်ဖို့ကြုံပါတယ်။အဲ့လူရဲ့အိမ်ကိုသွားပြီးနောက်််မှာတော့ သူတို့ရှင်းရမယ့်သူကကြင်နာတတ်တဲ့ကင်ဆာရောဂါသည်တစ်ဦးဖြစ််နေတာ တွေ့လိုက်ရပါတော့တယ်။ သူတို့ကိစ္စမပြီးပြတ်သေးခင်မှာတင် အဲ့လူကိုသတ်ပစ်ဖို့ တခြားအဖွဲ့ကပါရောက်လာတဲ့အခါမှာတော့ အခက်ကြုံရပါတော့တယ်။ ဒီရုပ်ရှင်ကားဟာ သေနတ်တွေ လူသတ်တာတွေအပြင် သူငယ်ချင်း၊မိသားစုကြားက သံယောဇဥ်တွေ သေခြင်းတရားအကြောင်းတွေကိုလက်ရာမြောက်စွာ ပုံဖော်ထားတာမို့ ကြည့်နေကျ ကြေးစားလူသတ်သမားဇာတ်ကားတွေနဲ့မတူပဲ တမူထူးခြားတဲ့ အနှစ်သာရရှိတဲ့ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ ကြည့်ရှုခံစားလိုက်ကြပါဦးလို့တိုက်တွန်းလိုက်ပါတယ်။ File size…1.07GB / 431MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ..... Action , Crime , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hmu Khin
movie

Violet & Daisy (2011)

The Veteran (2011) 5.8
The Veteran (2011)  ရောဘတ်မဲလ်လာတစ်ယောက် အာဖဂန်စစ်ပွဲကနေ သူ့ရဲ့အိမ်ရှိရာလန်ဒန်တောင်ပိုင်းကဂန်းစတားတွေအများစုအခြေချရာနေရာကိုပြန်လာခဲ့ပါတယ်. ဂျုံးစ်ဆိုတဲ့မူးယစ်ရာဇာကသူ့လက်အောက်မှာအလုပ်လုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ပေမယ့်သူကတော့ ပယ်ချခဲ့ပါတယ်။ဒီလိုနဲ့အလုပ်မရှိဖြစ်နေတဲ့သူ့ကိုသူငယ်ချင်းဖြစ်သူက လူသိမခံတဲ့အစိုးရပိုင်းဆိုင်ရာအလုပ်တစ်ခုနဲ့မိတ်ဆက်ပေးပြီးတဲ့နောက်မှာတော့ သူလုပ်ကိုင်ရမှာ အကြမ်းဖက်တွေနဲ့ထပ်မံပတ်သက်နေတယ်ဆိုတာသိရှိရပြီးတဲ့နောက်...... ဒီဇာတ်ကားက ဗြိိတိန်အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အစိုးရပိုင်းဆိုင်ရာဟာ အကြမ်းဖက်တွေနဲ့ဘယ်လိုကူးလူးဆက်သွယ်လှုပ်ရှားနေကြတယ်ဆိုတာကိုပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်.ကြာချိန်အနေနဲ့က ၁နာရီခွဲဖြစ်ပြီး Action, Crime , Thrillerအမျိုးအစားဖြစ်ပါတယ်။  File size…1.69GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 38m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

The Veteran (2011)

Fast X(2023) 6.3
Fast X(2023) Fast X(2023)************Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင်း ရုပ်ရှင် ၃ ကားထဲက ပထမကားလို့ ဆိုထားပါတယ်။ဒါရိုက်တာကတော့ Hulk, Now You See Me, Transporter တို့လို ကားကြီးတွေကို ရိုက်ခဲ့တဲ့ Louis Leterrier ပါပဲ။သရုပ်ဆောင်တွေအနေနဲ့တော့ ဗန်ဒီဇယ်၊ ဂျွန်စီနာ တို့အပြင် တိုကျိုဒရစ်ထဲက မင်းသား Sung Kang ကပါHan အဖြစ် ပြန်ပြီးပါဝင်ထားပါသေးတယ်။ အခြားမထင်ထားတဲ့သူတွေလည်း ဧည့်သည်အနေနဲ့ပါလာပါသေးတယ်။ ဗန်ဒီဇယ်နဲ့ မင်းသားကြီး The Rock တို့ ခွာပြဲထားကြတာလည်း ပြန်အဆင်ပြေသွားပြီမို့နောက်အပိုင်းတွေမှာ The Rock လည်း ပါဝင်လာတော့မယ်ထင်ပါတယ်။ပထမကားထဲကမူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ...
movie

Fast X(2023)

4K HEVC
The Son of No One (2011) 5.1
The Son of No One (2011)  ရဲတစ်ယောက်ဖြစ်တဲ့ အဖေဖြစ်သူ ဆုံးပါးသွားပြီးနောက်မှာအဘွားနဲ့အတူ ဆေးသမားတွေပေါတဲ့ပတ်ဝန်းကျင်မှာ နေခဲ့ရတဲ့ဂျွန်နသန်ဝွိုက်တစ်ယောက်... တစ်နေ့မှာ ဆေးသမားတစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်သတ်လိုက်မိပြီးသူငယ်ချင်း ဗင်နီ၊ဗစ်ကီတို့နဲ့ အလောင်းကို သွားပစ်လိုက်ပါတယ်၊ဖြစ်ချင်တော့ အဲဒီဆေးသမားကိုသတ်လိုက်တာကို သူတို့တိုက်ကလူတစ်ယောက်က သိသွားပြီး နောက်ရက်မှာ ဂျွန်နသန်ကိုငွေညှစ်ပါတယ်... အဲဒီလူကိုလည်း မတော်တဆလှေကားပေါ်ကတွန်းချမိပြီး ‌သတ်လိုက်မိပါတယ်... ဒီလူသတ်မှုနှစ်ခုကို စုံစမ်းရတဲ့သူကတော့ ဂျွန်နသန့်အဖေရဲ့တွဲဖက်တစ်ယောက်ဖြစ်တဲ့ စုံထောက်စတန်းဖို့ပဲဖြစ်ပါတယ်။စတန်းဖို့က လူသတ်မှုကို ဖုံးပေးပြီး အမှုပိတ်လိုက်ပါတယ်...ဒီလိုနဲ့ နှစ်တွေ အများကြီးကြာပြီးတဲ့နောက်မှာ ဂျွန်နသန်ကလည်းရဲတစ်ယောက်ဖြစ်လာခဲ့ပြီး မိသားစုဘဝလေးနဲ့ အေးချမ်းနေတဲ့အချိန်မှာ အတိတ်ကအရိပ်မည်းကြီးက တစ်ခါပြန်ပေါ်လာပြန်ပါတယ်..အတိတ်ကကိစ္စတွေကို ဂျွန်နသန်တစ်ယောက် ဘယ်လိုဖြေရှင်းမလဲ..အတိတ်ကကိစ္စတွေကို တစ်ခါပြန်ဖော်တဲ့သူကရော ဘယ်သူဖြစ်မလဲ..စုံထောက်စတန်းဖို့ကရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေတာလဲ..ဒါတွေကို 2011တုန်းက ထွက်ရှိခဲ့တဲ့ The son of no oneဇာတ်ကားလေးထဲမှာ ကြည့်ရှုအဖြေရှာကြည့်လိုက်ကြပါဦး..  File size…1.61GB / 559MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ..... Action , Crime , Drama Subtitle….Myanmar ...
movie

The Son of No One (2011)

Assassination Games (2011) 6.1
Assassination Games (2011)  အက်ရှင်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ကြည့်ရတာတန်စေမဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်။ဗင်းဆင့်ဆိုတဲ့သူက Hitmanအလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး အလုပ်လုပ်ကိုင်ရာမှာ အမှားအယွင်းမရှိသူအဖြစ်နာမည်ကြီးတစ်ယောက်ပါ။တစ်ရက်မှာတော့ မူူးယစ်ရာဇာပိုလိုတစ်ယောက်ထောင်ကနေထွက်လာပြီမလို့ လက်စဖျောက်ပေးဖို့ အလုပ်လက်ခံခဲ့ရပါတယ်။ သေချာစီစဉ်ထားတဲ့သူ့ရဲ့အလုပ်မှာ ဖလင့်ဆိုတဲ့လူတစ်ယောက်ကြောင့် အမှားဖြစ်ခဲ့ရပြီး ဖလင့်ကဘယ်လိုကြောင့်ပိုလိုကိုလက်စားချေဖို့ကြိုးစားနေတယ်ဆိုတာကို ဇာတ်လမ်းထဲမှာပဲအဖြေရှာကြည့်လိုက်ရအောင်ပါ။ Action , Thriller အမျိုးအစားဖြစ်ပြီး IDMB rating မှာလဲ ၆ကျော်ရထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.47GB / 713MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie

Assassination Games (2011)

Bakasuran (2023) 6.3
Bakasuran (2023) Bakasuran (2023) ************************** IMDb-6.3/10Mohan G. Kshatriyan ရဲ့ ဘဝမှာ တကယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ကိုယ်တိုင် ဇာတ်ညွှန်း‌ရေး ဒါရိုက်တာလုပ် ထုတ်လုပ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်အာရူလ်ဗာမာဆိုတာ စစ်မှုထမ်းအငြိမ်းစား Crime YouTuber တစ်ယောက် နိုင်ငံအတွင်းကဖြစ်ပျက်သမျှကို YouTube မှာသူ့ရဲ့ သဘာတွေဝါတွေပါပေါင်းပြီး တင်ဆက်ပညာပေးနေသူပါ ရဲအမှုတွေကိုလည်း မကြာမကြာဝင်ကူတတ်ပါသေးတယ်တစ်နေ့တော့ သူ့ရဲ့တူမအရင်းသတ်သေတယ်ဆိုတဲ့သတင်းရပါတော့တယ် ပေးစားတဲ့သူကိုမလိုချင်လို့ သတ်သေတယ်ယူဆရာက သူ့လက်ထဲဖုန်းရောက်လာချိန်မှာတော့ WhatsApp ကနေ သိလာရ‌တာတွေကတော့ ရိုးရှင်းမနေပါဘူးဇာတ်လမ်းဆန်ဆန် အပြင်မှာဖြစ်ခဲ့ကြတာတွေကို ရိုက်ကူးပြထားတာမို့ မှုခင်းကားကြိုက်သူတွေ အပျင်းပြေတာထက်ပိုတဲ့ ခံစားမှုရစေမဲ့ကားလေးဖြစ်ပါတယ်အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ Bpl,Yunni,Thaik San,Nyein, Zwe Yanနဲ့ chiclon3တို့ပဲ ဖြစ်ပါတယ်။ File size…3.6GB  / 1.3GB Quality…1080p AMZ WEB DL  / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl~ Yunni~ Thaik San~ Nyein ~ Zwe Yan ~chiclon3
movie

Bakasuran (2023)

2023
Dead Man Down (2013) 6.4
Dead Man Down (2013)  “ကလဲ့စားဆိုတာ ချိုမြိန်တဲ့ဟင်းလျာတစ်ခုဆိုပေမယ့်တည်ခင်းတဲ့အချိန်မှာအေးစက်နေခဲ့ပါပြီ”နှစ်အနည်းငယ်အကြာက ရန်ကြွေးတစ်ခုကြောင့် အယ်လ်ဖွန်စေရဲ့ ဂိုဏ်းထဲကိုအယောင်ဆောင်ဝင်ရောက်ခဲ့တဲ့ ဗစ်တာကိုသူ့ကို စောင့်ကြည့်နေတဲ့ လမ်းတစ်ဖက်ခြမ်းက ကောင်မလေးဘီးထရစ်စ်က သူ့ရဲ့ မကောင်းမှုလုပ်ရပ်တစ်ခုကို မမျှော်လင့်ဘဲမြင်တွေ့ခဲ့ပါတယ်. ဗစ်တာရဲ့ စိတ်ထဲမှာလည်း သူ စနိုးစနောင့်ဖြစ်နေရတဲ့ကိစ္စကို ဖြေရှင်းဖို့ ဘီးထရစ်စ်ကို ချဉ်းကပ်ခဲ့သလိုဘီးထရစ်စ်ကလည်း သူ လိုချင်တဲ့လက်စားချေမှုကို ဗစ်တာကယူလာပေးနိုင်မှာလားဆိုတာသိချင်တဲ့စိတ်နဲ့ နှစ်ယောက်သားချိန်းတွေ့ခဲ့ကြပါတယ်. တစ်ယောက်ရဲ့ တကယ့်ရည်ရွယ်ချက်ကိုတစ်ယောက် သိသွားချိန်မှာတော့ လက်စားချေမှုကိုလိုချင်သူနှစ်ယောက် အချင်းချင်း ကူညီနိုင်မလား.ဗစ်တာကရော သူ့မိသားစုအတွက် လက်စားချေနိင်မလား. လူကြမ်းကြီး ဗစ်တာနဲ့ သိမ်ငယ်ရသူလေး ဘီးထရစ်စ်တို့ကြားထဲကသံယောဇဉ်တွေကရော သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အနှောက်ယှက်ပေးလာနိုင်မလား ဆိုတာကိုအခက်အခဲ နှင့် အားပြိုင်မှုများ၊လျှို့ဝှက်ချက် နှင့် ဖုံးကွယ်မှုများ၊ဇာတ်ကွက်အလှည့်အပြောင်းစတာတွေကို အက်ရှင်ကြမ်းကြမ်းနဲ့ တင်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.  File size…1.53GB / 551MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ..... Action , ...
movie

Dead Man Down (2013)

Nick of Time (1995) 6.3
Nick of Time (1995)  ဒီတစ်ခေါက်မှာ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မင်းသားကြီး Jhonny Deep ရဲ့ ၁၉၉၅ ခုနှစ်လောက်ကထွက်ရှိထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Realistic ဆန်ပြီး ကြည့်ရှူသူတွေကိုပါ "ငါသာသူ့နေရာမှာသာဆိုရင်..."ဆိုတဲ့မေးခွန်းတွေအပြည့် စိတ်ထဲမှာတွေးမိနေပြီးတော့ ခံစားကြည့်ရှူသွားရစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ရထားဘူတာမှာထူးဆန်းတဲ့လူ ၂ ယောက်က ကြုံရာကျပန်းလူတစ်ယောက်ကို ရွေးချယ်နေပါတယ်။တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်ပေါ့... အဲဒီအချိန်မှာ မိန်းမနဲ့ကွာရှင်းပြတ်စဲလုနီးပါးဖြစ်နေတဲ့ မစ္စတာဝက်ဆန်တစ်ယောက် သမီးလေးလက်ကိုဆွဲပြီး ရထားဘူတာထဲကိုဝင်လာခဲ့ပါတယ်.. အဲဒီ လူရွေးချယ်နေတဲ့သူထဲက တစ်ယောက်က မစ္စတာဝက်ဆန်ကို သူတို့ပရောဂျက်နဲ့ ကိုက်ညီတဲ့သူအဖြစ် သတ်မှတ်လိုက်ပြီး သူ့သမီးလေးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ကာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို လုပ်ကြံခိုင်းပါတော့တယ်။ ဒီတော့ "Nick of time:အဲဒီသတ်မှတ်ထားတဲ့အချိန်လေးအတွင်းမှာ လူ ၃ ယောက်ရဲ့ဘဝက ဘယ်လိုအပြောင်းအလဲတွေနဲ့ တွေ့ကြုံရမှာလဲ" ဝက်ဆန်တစ်ယောက် ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူခံစားရမှာပါ။File size…(2.4 GB)/(1.4 GB)/(740 Mb) Quality….Webrip 1080p ...
movie

Nick of Time (1995)

30 Minutes or Less(2011) 6.1
30 Minutes or Less(2011)  IMDb – 6.1/10 Rotten Tomatoes -45%ချက်ကြီးဟာမူလတန်းကျောင်းဆရာတစ်ယောက်။ချက်ကြီးဘော်ဒါငှက်ကြီး(နစ်ခ်) ကပီဇာဆိုင်မှာဒယ်လ်လီဗာရီပို့တဲ့သူ။ ဒီဘဲနှစ်ပွေကငယ်ငယ်လေးတည်းကခင်ခဲ့တဲ့ ငယ်ပေါင်းကြီးဖော်တွေ။ တစ်ဖက်မှာလည်းဘုရင်ကြီးဒွီဝိန်းနဲ့သူ့နောက်လိုက်တပည့်ကျော်ထရားဗစ်ဆိုတာရှိသေးတယ်။ချက်ကြီးတို့လို ငယ်ပေါင်းကြီးဖော် တွေပဲ။ဘုရင်ကြီးတို့က ၁၀၉-၁၁၀ တွေ။ သူ့ဖားသားကြီးအငြိမ်းစားဗိုလ်မှူးအိမ်မှာ လက်တိုလက်တောင်းလေး လုပ်ပြီးခိုကပ်နေတဲ့ဘဲတွေ။ဘိုးတော်ကြီးကထီပေါက်ထားပြီး ထောနေတော့၁၀၉-၁၁၀ ကောင်တွေကို ရှယ်ဟောက်တာပေါ့။အလုပ်မရှိအကိုင်မရှိအာဝါးဒါးရိုက်မနေနဲ့ အဖြစ်ရှိအောင်လုပ်ဘာညာပေါ့ဗျာ။ ဘုရင်ကြီးလည်း ပွားခံရပါများတော့ ဘိုးတော်ကြီးကိုကပ်တိုးလေးအသည်းပေါက်နေတယ်။ မြေနိုးကြီး သေရင်အမွေတွေရမယ် သူလည်းသူဌေးတန်းဖြစ်မယ်ပေါ့။ အဲဒါနဲ့ဘိုးတော်ကြီးကိုလုပ်ကြံဖို့အကြံထုတ်တယ်။ ထုတ်တဲ့အကြံထဲမှာ ပီဇာပို့တဲ့ ငှက်ကြီး(နစ်ခ်)ကမဆီမဆိုင် သားကောင်ဖြစ်သွားတယ်။ ချက်ကြီး၊ငှက်ကြီးတစ်ဖွဲ့ အကြံကြီးတဲ့ဘုရင်ကြီးတို့ကတစ်ဖွဲ့ ဂတုံးပေါ်ထိပ်ကွက်ဖို့ကြိုးစားကြတာတွေ တခွီခွီနဲ့ကြည့်ရမှာဖြစ်တယ်။ဒီရုပ်ရှင်မှာ The Social Network, Justice League,Now you see me ဇာတ်ကားတွေမှာပါဝင်တဲ့ Jesse Eisenberg ကငှက်ကြီးအဖြစ်ပါဝင်ထားပြီး Master of None series မှာနာမည်ကြီးတဲ့ Aziz Ansari က ချက်ကြီးအဖြစ်ပါဝင်ပြီး တခြားဟောလိဝုဒ်မှာနာမည်ကျော်ဟာသသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။Box Office မှာလည်းဒေါ်လာသန်း၄၀ကျော်ရရှိထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…1.41GB ...
movie

30 Minutes or Less(2011)

Gumraah (2023) 6.4
Gumraah (2023) Gumraah 2023 (Imdb 6.4/10)နာမည်ကြီးတွေဖြစ်တဲ့ အဒီတရာကပူးရ်နဲ့ Super 30 ကားထဲက မင်းသမီးချော မရူနယ်သာကာတို့နဲ့အတူ တက်သစ်စမင်းသမီးချောလေး ဗီဒီကာ ပင်တိုတို့ ဦးဆောင်ပါဝင်ထားတဲ့ ရုံတင်စုံထောက်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေဇာတ်လမ်းအစမှာတော့ အိမ်တစ်ခုထဲမှာတွေ့ရတဲ့ အလောင်းကနေစပါတယ် စုံထောက်မင်းသမီးက ဆားပုလင်းနှင်းမောင်ဆန်ဆန်ပဲ လူသတ်မှုကို ဘေးကကြည့်နေတဲ့အတိုင်း ဘယ်အပေါက်ကဝင် ဘယ်အပေါက်ကထွက် ဘယ်လိုသတ်ပြီး ဘယ်နားမှာဘာရှိတယ်ဆိုပြီး ကြွယ်ပြပြီးတော့ ဘေးပတ်ဝန်းကျင်ဘာညာ လူတွေကို စစ်မေးအပြီးမှာ သံသယရှိဖွယ်လူတစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ် ပြသနာက အဲ့လူကိုဖမ်းပြီးမှ နောက်ထပ်အဲ့လူနဲ့ချွတ်စွပ်တူတဲ့ လူတစ်ယောက်က စခန်းကို ထပ်ရောက်လာတဲ့အခါမှာရုပ်ချင်းတူတဲ့လူနှစ်ယောက်က ဘာတွေလဲ လူသတ်မှုကို ဘယ်သူကကျူးလွန်ခဲ့တာလဲ ဘာကြောင့်ကျူးလွန်ခဲ့တာလဲ စသည်ဖြင့် ရင်ခုန်ခံစားကြည့်ရှုရမှာဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ နောက်ကြောင်းပြန်လိုက် အမှုကိုစုံစမ်းလိုက်နဲ့ မရိုးအောင်ကြည့်ရမယ့်အပြင် မင်းသားမင်းသမီးချောလေးတွေကလည်း အဆစ်ပါသေးတာမို့ CM bollywoodပရိသတ်ကြီးတို့ လက်မလွှတ်တမ်း ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်အညွှန်းနဲ့ဘာသာပြန်ကိုတော့ CM bollywood Team ကနေ တင်ဆက်ပေးထားပါတယ် File size…1.87GB / 830MB Quality…1080p HD RIP  / 720p HD RIP Format…mp4 Duration….2h 5mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~Aditi~Chiclon3~Zwe Yan ...
movie

Gumraah (2023)

2023
[18+]Hold Em King Airline(2022)
[18+]Hold Em King Airline(2022) [18+]Hold Em King Airline(2022)********************************ဒီကားက ဇာတ်လမ်းလည်းကောင်းသလို 18+အခန်းတွေကလည်းခပ်မိုက်မိုက်တွေမို့ ကြည့်ရအတော်ပြေတယ်...ဂင်ထာဂူဆိုတဲ့သူက စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ဟင်းပို့သူ တစ်ယောက်ဖြစ်တယ် တစ်နေ့မှာ ဆေးစစ်ရာမှ ကင်ဆာဖြစ်နေကြောင်း သိရတဲ့အပြင် သူနေရမယ့် ရက်ကလည်း တစ်နှစ်ခန့်သာ ကျန်တော့ကြောင်း သိခဲ့ရတယ်... အဲဒီအချိန်မှာ သူ့ကို မှီ‌ခိုနေကြတဲ့ အမေနဲ့ ညီမလေးအတွက် ဘယ်လိုများ လုပ်ပေးရပါ့မလဲဆိုပြီး တွေးပူနေခဲ့တယ် ..တစ်နေ့ လောင်းကစားရုံတစ်ခုကို ဟင်းသွားပို့ရမှ လောင်းကစား လုပ်ကြည့်ချင်စိတ်တွေ တဖွားဖွားပေါ်လာခဲ့တော့တယ် ..အဲဒါကြောင့် လောင်းကစားရုံပိုင်ရှင် ယောင်းဆောကို အကူအညီတောင်းပြီး Holdem ကစားနည်းကို သင်ပေးဖို့ တောင်းဆိုခဲ့တယ် ယောင်းဆောကလည်းကစားဖို့ ငွေ သိန်း ၂၀၀ ကို ယူလာခဲ့ရင် စဉ်းစားပေးမယ်လို့ ပြောခဲ့တယ်.. ထာဂူတစ်ယောက် သိန်း ၂၀၀ ကိုင်ပြီး လောင်းကစားဖို့ သွားရာမှ မသေခင် ပိုက်ဆံတွေ ပြောင်ပြီး မွဲသွားမလားထောသွားမလား ဘာ‌တွေ ဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် အားပေးလိုက်ကြပါဦးနော်...   + ၃File Size :(1GB) ...
movie

[18+]Hold Em King Airline(2022)

Side Effects (2013) 7.1
Side Effects (2013)   မင်းသားကြီး Jude Law အဓိကပါဝင်သရုပ်ဆောင်ထားပြီး Channing Tatum နဲ့ မင်းသမီး Ronney Maya ပါဝင်အားဖြည့်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် rating ကောင်းကောင်းရရှိထားတဲ့ Thriller/Drama အမျိုးအစားဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အဓိကဇာတ်ဆောင်မင်းသမီးက ငယ်စဉ်ကတည်းကစိတ်ဒဏ်ရာအမျိုးမျိုးခံစားခဲ့ရတဲ့ စိတ်ကျရောဂါဝေဒနာရှင်တစ်ယောက်ပေါ့ ချစ်ရတဲ့ယောက်ျားဖြစ်သူကထောင်ကျ ရောဂါကပိုဆိုးလာပြီး Suicide လုပ်ခဲ့မိတဲ့အချိန်မှာ အသက်မသေခဲ့ပဲ ဆေးရုံရောက်သွားခဲ့ပါတယ် အဲ့အချိန်မှာ ဒေါက်တာဘန်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်က စမ်းသပ်ဆဲပဲရှိသေးတဲ့ ဆေးတစ်မျိုးကိုသောက်ခိုင်းလိုက်တဲ့အခါ......ဘာတွေဆက်ဖြစ်လာမှာလဲ ရောဂါကတကယ်ရောသက်သာမှာလား ဘေးထွက်ဆိုးကျိုးတွေကရောဘယ်လိုတွေရှိမလဲ ဒေါက်တာဘန်ကရောဒီကိစ္စတွေထဲမှာ ဘယ်လိုပတ်သတ်နေတာလဲ ဒီကိစ္စတွေအားလုံးကဘာကြောင့်ဖြစ်လာရတာလဲ ဘယ်သူတွေပါဝင်ပတ်သက်နေတာလဲ စသည်ဖြင့် လှည့်ကွက်များစွာနဲ့ ဇာတ်လမ်းအစကနေအဆုံးထိ စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာဖြစ်တဲ့အပြင် လျှို့ဝှက်ချက်တွေကတစ်ခုပြီးတစ်ခု ပေါ်လာမှ ကြည့်ရှုသူတွေပါ ဟာခနဲ ဟင်ခနဲဖြစ်သွားမှာမို့ Thriller ဇာတ်လမ်းကောင်းကောင်းလေးတွေကို Plot ခိုင်ခိုင်မာမာနဲ့ကြည့်ရှုချင်သူတွေအတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ်ညွှန်းဆိုလိုက်ရပါတယ်... File size…(1.4 GB)/(630 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Drama, ...
movie

Side Effects (2013)

Insadong Scandal (2009) 6
Insadong Scandal (2009) Insadong Scandal (2009)နာမည်ကြီးထိပ်တန်းမင်းသား ဂင်ရယ်ဝန်နဲ့ နာမည်ကြီးထိပ်တန်းမင်းသမီး အွန်းဂျောင်ဟွာတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ (၂၀၀၉) ခုနှစ်ကထွက်ရှိခဲ့တဲ့ “Insadong Scandal” ဆိုတဲ့ ကိုးရီးယားဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီကားမှာတော့ ပိုက်ဆံအာဏာရှိတဲ့သူတွေက ပန်းချီအနုပညာကိုခုတုံးလုပ်ကာ နိုင်ငံပိုင်ပန်းချီတွေကိုမှောင်ခိုရောင်းချပြီး ဂွင်ရိုက်စီးပွါးရေးလုပ်နေကြပုံကိုတွေ့မြင်ရမယ့်အပြင် ကိုးရီးယားသမိုင်းဝင်ပန်းချီကားချပ်များအကြောင်းကိုလည်း ဗဟုသုတအနေနဲ့သိရှိရမှာဖြစ်ပါတယ်ဇာတ်လမ်းအနေနဲ့ကတော့ ဘီမူပန်းချီပြခန်းရဲ့ ဥက္ကဠဖြစ်သူ ဘယ်ထယ်ဂျင်း (အွန်းဂျောင်ဟွာ)ဟာ နာမည်ကြီးပန်းချီတွေမှအစ သာမန်ပန်းချီတွေအထိ အတုကူးယူကာ အတုကိုလူထုကိုချပြပြီး မူရင်းတွေကိုတော့ တိုင်းတပါးသို့မှောင်ခိုရောင်းစားပြီးစီးပွါးရှာနေသူတစ်ဦးပါ။တနေ့မှာတော့ နှစ်ပေါင်း(၄၀၀) သက်တမ်းရှိတဲ့ ဗြောဂန်ဒိုလို့ခေါ်တဲ့ ဂျိူဆွန်းခေတ်က ရေးဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်ဟာ ဥက္ကဠဘယ်ရဲ့လက်ထဲကိုရောက်ရှိလာတဲ့အချိန်မှာ ထုံးစံအတိုင်း တိုင်းတပါးဂျပန်သို့ စျေးမြှင့်ရောင်းချဖို့ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ပန်းချီကားကိုပြန်လည်မွမ်းမံဖို့လိုအပ်တဲ့အတွက်ကြောင့် ပန်းချီပုံတူရေးဆွဲရာမှာ တဖက်ကမ်းခတ်တဲ့ အီဂန်ဂျွန်(ဂင်ရယ်ဝန်) ကိုဆက်သွယ်ခဲ့ရပါတော့တယ်။ တဖက်မှာခေါင်းဆောင်အီဟာလည်း မိဘမဲ့ဘဝနဲ့နေထိုင်ကြီးပြင်းခဲ့ရတဲ့ ချမ်းဒုန်ဘုရားကျောင်းနဲ့သက်ဆိုင်တဲ့ သမိုင်းဝင် ဂန်ဟွာဗြောင်ဖွန်းပန်းချီကို ရှာဖွေနေခဲ့ပါတယ် ။အဲဒီတော့ ဥက္ကဌဘယ်ရဲ့ ဂျပန်ကို ဗြောဂန်ဒိုရောင်းချမှုက အောင်မြင်သွားမလား ခေါင်းဆောင်အီရဲ့ ဂန်ဟွာဗြောင်ဖွန်းရှာဖွေမှုကရော ဘယ်လိုဖြစ်သွားမလဲ ဗြောဂန်ဒိုပန်းချီကားနဲ့ ဂန်ဟွာဗြောင်ဖွန်းပန်းချီကားကရော ...
movie

Insadong Scandal (2009)

2009