Channel Myanmar

Crime

The Roundup: No Way Out (2023) 6.8
The Roundup: No Way Out (2023) The Roundup : No Way Out (2023)မနှစ်က The Roundup ထွက်လာပြီး မကြာခင် ဒီနှစ်မှာပဲ အားလုံးမျှော်နေကြတဲ့ No Way Out ထွက်လာခဲ့ပါပြီ ဒီတစ်ခါတော့ စုံထောက်မာဆော့ဒိုတစ်ယောက် အထူးစုံစမ်းစစ်ဆေးရေးဌာနကို ပြောင်းသွားပြီဖြစ်ပြီး အမှုသစ်တွေလိုက်သွားမှာပါစုံစမ်းစစ်ဆေးရေးဌာနကို အမှုသစ်ဝင်လာချိန်မှာ အဲအမှုက လူသတ်မှုလို့ ထင်ရပေမဲ့ နောက်ကွယ်မှာတော့ မူးယစ်ဆေးဝါးဂိုဏ်းကြီးတစ်ခုနဲ့ သွားပတ်သက်နေပါတယ်အမြဲတမ်း လက်သီးနဲ့ဖြေရှင်းတတ်တဲ့ မာဆော့ဒိုဟာ ဉာဏ်သုံးပြီးလည်း အမှုတွေဖြေရှင်းတာကို ကြည့်ရပါဦးမယ် Outlaw, The Roundup တွေရဲ့ ဆွဲဆောင်တစ်ခုက ဗီလိန်မင်းသားတွေပဲမဟုတ်ပါလား ဒီတစ်ခေါက် No Way Out ရဲ့ဗီလိန်အနေနဲ့ကတော့ Lee Joon Hyuk ကပါဝင်သရုပ်ဆောင်ထားပါတယ်ကဲ.. ဘယ်တော့မရိုးနိုင်တဲ့ မာဒုံဆော့ရဲ့ ဟာသနှောတဲ့ အက်ရှင်တွေကို ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz နဲ့ Hsu Wai တို့ပဲ ဖြစ်ကြပါတယ်။Genre..... Crime, ...
movie

The Roundup: No Way Out (2023)

2023
Road Kill (2019) 5.8
Road Kill (2019) Road Kill (2019)ဒီ korea ကားလေးကတော့ အိုဝန်းဆိုတဲ့လူတစ်ယောက်က နယ်ဘက်ခရီးသွားရင်း လမ်းမှာ မတော်တဆဖြစ်တဲ့အကြောင်းပါ။တောင်တက်လမ်းပေါ်ကားမောင်းနေတုန်း သူလူတစ်ယောက်ကို ဝင်တိုက်မိတယ် ဒါမဲ့ ကားရပ်ကြည့်လိုက်တော့ ရိုးရိုးစာခြောက်ရုပ်ဖြစ်နေတယ် ဒါနဲ့ဆက်မောင်းရင်းမှ သူကိုယ်တိုင် ကားအက်စီးဒန့်ဖြစ်ရော ...သတိရလာတော့ သူ့ကို မိသားစုတစ်ခုက ကယ်ထားကြတယ်။ သဘောကောင်းကောင်း ရိုးသားတဲ့တောင်ယာသမားတွေဆိုတော့ အကုန်ကူညီပေးတယ်။ ဒါပေမဲ့ ပြန်မရတာ တစ်ရက်ကနေ ၂ရက်ဖြစ် ထူးဆန်းတာတွေလည်း တွေ့ရတော့ ဘာဆက်ဖြစ်ကြမလဲ?(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mal Ei ပါ။)File Size          : 1.3GB, 577MB, 330MB Quality            :1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration  ...
movie

Road Kill (2019)

2019
Scoop (2006) 6.6
Scoop (2006) Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie

Scoop (2006)

iNumber Number: Jozi Gold(2023) 5.5
iNumber Number: Jozi Gold(2023) iNumber Number: Jozi Gold(2023)******************************** အာဖရိက နယ်မြို့လေးမှာ လူမိုက်ဂိုဏ်းစတားအဖွဲ့တွေက လုယက်သတ်ဖြတ်နေကြပါတယ်။ ရဲ အရာရှိတွေဖြစ်တဲ့ ရှူးစ်နဲ့ ချီလီဟာ လူမိုက်တွေကိုဖမ်းပေးပေမယ့် သက်သေမခိုင်တာရယ် လာဘ်ပေးမှုတွေကြောင့် ပြန်လွတ်နေပါတယ်။ သူတို့ သက်သေအခိုင်အမာရှာပြီး ဖမ်းပေးတဲ့ဟိုင်အီးနားလူသား လူဆိုးတစ်ယောက်ဟာ သက်သေမရှိဘူးပြီးပြန်လွှတ်ခံရဖို့ရှိနေပါတယ်၊ ဒီလူဆိုးကိုဖမ်းတဲ့နေရာမှာ အပျက်အစီးတွေနဲ့ချွတ်ချော်မှုတွေကြောင့် ရှူးစ်နဲ့ ချီလီကိုဌာနရဲ့ အောက်ဆုံးကအဖွဲ့နဲ့အလုပ်လုပ်ဖို့ အမိန့်ချလိုက်တယ်။ ဒါဆိုချီလီကမကျေနပ်ဘဲဗြောင်းဆန်အောင်လုပ်ဖို့ကြိုးစားပါတော့တယ်....File Size :(2.02GB)& (996MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:53:00 Genre : Action , Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae
movie

iNumber Number: Jozi Gold(2023)

24: Redemption (2008) 7.4
24: Redemption (2008) 24: Redemption (2008) ================== IMDb Rating - 7.4/10ဒီကားလေးက အမေရိကန် နာမည်ကြီး စုံထောက် စီးရီးဖြစ်တဲ့ '24' ဆိုတဲ့ စီးရီးရဲ့ အဆက် တစ်ပိုင်းတည်းအပြီး ကားလေးဖြစ် ပါတယ်။ စီးရီးမှာတော့ စုစုပေါင်း Season 9 ခုထိရှိပြီး အတော် လေးအောင်မြင်ခဲ့တယ်ပြောရမှာပါ။ ဇာတ်ဆောင်မင်းသားအနေနဲ့ ကတော့ 1990 နဲ့ 2000 ခုနှစ် တွန်ခရုစ်တို့နဲ့အပြိုင်တောက်ပခဲ့တဲ့ Kiefer Sutherland ဘဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အေးဂျင့်ဘဝကနေ အနားယူ လိုက်တဲ့ Sutherland နဲ့သူ့သူငယ်ချင်းတို့က Sangala ဆိုတဲ့ အာ ဖရိဂန်နိုင်ငံမှာ မိဘမဲ့ဂေဟာလေးမှာလုပ်အားပေးလုပ်ရင်း ဘဝကို အေးဆေးနေနေတဲ့အချိန်ပေါ့။ (Sangala ဆိုတာက Fiction ပါ၊ အပြင်မှာမရှိပါဘူး)။ တဖက်မှာလည်း အမေရိကန်တို့ သူတို့တိုင်း ပြည်မှာခြေရှုပ်နေတာကို မကြိုက်တဲ့ စစ်သွေးကြွအဖွဲ့တွေရှိနေပါ တယ်။ ဒါပေမဲ့ 24 စီးရီးမှာ သူတို့ခေါင်းဆောင်ကို အမေရိကန်တို့က လက်နက်ဖြုတ်လိုက်ပြီးပါပြီ၊ ဒါပေမဲ့ တွင်းထွက်မရှိ၊ စီးပွားရေး အခွင့်အလမ်းမရှိတော့ US တို့ဘက်က ပြန်ဆုတ်ချင်နေပါတယ်။ဒီလိုနဲ့ ရာထူးကဆင်းပေးရတော့မယ့် US ...
movie

24: Redemption (2008)

2008
Becky(2020) 6.7
Becky(2020) Becky(2020) အညွှန်း****************နှစ်ရှည်ထောင်ကျနေတဲ့ အစွန်းရောက်လူမိုက်ကြီး (၄)ယောက်ရှိတယ်..ဒီလူတွေက လူသတ်ဖို့ဝန်မလေးသလိုအတွေ့အကြုံပေါင်းများစွာရှိနေတဲ့သူတွေ..တစ်နေတော့သူတို့ကို ထောင်ပြောင်းဖို့ ကြိုးစားချိန်မှာ လုံခြုံရေးတွေကိုသတ်ဖြတ်ပြီး လွတ်မြောက်သွားတယ်..သူတို့(၄)ယောက်ဟာ ထောင်က ထွက်လာပြီးတဲ့နော်ရည်ရွယ်ကြီးတစ်ခုလုပ်ဖို့ရှိတယ်..အဲ့ဒါက တောအုပ်တစ်ခုထဲက အိမ်မှာအရေးပါတဲ့သော့တစ်ချောင်းကိုထောင်မကျခင်က ဝှက်တဲ့ဟာဟာကိုသွားယူဖို့ပါပဲ..ဒီအိမ်မှာလက်ရှိ မိသားစုတစ်စုနေထိုင်ပြီးအဲ့ဒီထဲမှာ ဘက်ကီဆိုတဲ့ချာတိတ်အရွယ်ကောင်မလေးလည်းရှိတယ်..လူကြမ်းကြီး(၄)ယောက်နဲ့ ဒီမိသားစုနဲ့ တွေ့ဆုံချိန် ဘက်ကီလေးတစ်ယောက်ပဲသူ့မိသားစုကိုကယ်ဖို့အခွင့်အရေးရှိလာတဲ့အခါမှာတော့...File Size :( 1.6GB)(623MB) Quality : BLU-RAY.1080P, 720p Format…mp4 Duration…01:33:00 Genre : Action, Crime ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Encoded by Phyo Pyae 
movie

Becky(2020)

River God: The Strange Story ( 2023 ) 6
River God: The Strange Story ( 2023 ) သည်းထိတ်ရင်ဖိုကားတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ ပရိသတ်တွေအတွက် River God ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ -မင်ကော်ခေတ်မှာ ထျန်းကျင်းဝေ့မြို့မှာ ရေဘေးအန္တရာယ်တွေ အကြိမ်ကြိမ်ကြုံတွေ့နေရပြီး သဘာဝလွန် ဖြစ်ရပ်သတင်းတွေ မပျက်ကြားနေရပါတယ်။ ရေပေါ်ရဲတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ကောသယ်ယိုဟာ သူ့ဆရာရဲ့ ပညာတွေကို ဆက်ခံထားပြီး မြစ်နတ်အဖြစ် နာမည်ကြီးနေပါတယ်။တစ်နေ့မှာ ကောသယ်ယိုတစ်ယောက် မြစ်ထဲကနေ အလောင်း ၂ ခုကို ဆယ်ခဲ့ပြီးနောက်မှာတော့ ပုံရိပ်ယောင်တွေကို မြင်လာခဲ့ပါတယ်။ ပုံရိပ်ယောင်တွေက တစ်ဆင့် သူ့အစ်ကို သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကလေးပျောက်ဆုံးမှုနဲ့ ပတ်သက်နေတာ သိခဲ့ရပါတယ်ကောသယ်ယို၊ တင်းမောင်နဲ့ လီတာ့လန့်တို့ ၃ ယောက်ဟာ အမှန်တရားကို ရှာဖွေဖို့အတွက် စွန်စားခန်း စတင်ခဲ့ပါတယ်။ စာကြည့်တိုက်မီးလောင်မှု၊ ဝက်ခေါင်းလူကြီးရဲ့တိုက်ခိုက်မှုတွေ၊ ယင်းရန်မြစ်နတ်ရဲ့ လမ်းညွှန်မှု၊ ဝေမိသားစုသင်္ချိုင်းက သရဲအိမ်ကြီး စတဲ့ နေရာတွေကို တစ်ယောက်ယောက်က တမင်လမ်းညွှန်ပြနေပါတယ်။ကောသယ်ယိုတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၂၀ က အမှန်တရားကို ဖော်ထုတ်နိုင်ပါ့မလား...... ပုံရိပ်ယောင်တွေနဲ့ သူ့ကို တိုက်ခိုက်နေသူကရော ဘယ်သူဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ...
movie

River God: The Strange Story ( 2023 )

The Machine (2023) 6.1
The Machine (2023) Bert Kreischer (Machine) ဆိုတဲ့ comedian ကိုတော့လူတိုင်းလိုလိုကြားဖူးကြမှာပါ ဒီဇာတ်ကားကတော့ Bert ရဲ့ကိုယ်တွေ့ကျောင်းလေ့လာရေးခရီးကိုစိတ်ကူးယဉ်ဇာတ်လမ်းတွေထပ်ဖြည့်ပြီးရိုက်ကူးထားတဲ့ comedy and adventure movie ဖြစ်ပြီး IMDb 6.2/10 ရရှိထားပါတယ် ဇာတ်လမ်းထဲမှာ Bert ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး Star Wars မှာ Luke Skywalker အနေနဲ့လူသိများတဲ့ Mark Hamil ကတော့ Bert ရဲ့အဖေနေရာမှာသရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းထဲမှာတော့ Bert က comedian တစ်ယောက်ဖြစ်ပြီးသူရုရှားမှာဖြစ်ခဲ့တဲ့အကြောင်းတွေကိုအမြဲ‌ဟာသလုပ်ပြောတတ်တဲ့သူပါ တစ်နေ့တော့သူ့ရဲ့အတိတ်ကလုပ်ရပ်တွေကြောင့်သူတို့သားအဖနှစ်ယောက်ရုရှားကိုပြန်ပေးဆွဲခံလိုက်ရပါတော့တယ် ဖြစ်ချင်တော့ ရုရှားမာဖီးယားတွေရဲ့ဂိုဏ်းလုတဲ့ပွဲမှာ Bert လုယူသွားခဲ့တဲ့ပစ္စည်းတစ်ခုကအဓိကဖြစ်နေခဲ့တာပါ သားအဖနှစ်ယောက်ရုရှားမှာပစ္စည်းကိုပြန်လိုက်ရှာရင်းရုရှားမာဖီးယား‌တွေကြားမှာဘယ်လိုအဖြစ်မျိုးတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ် File size…(2.3 GB)/(1.1 GB)/(560 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Comedy, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Machine (2023)

Loft (2008) 7.3
Loft (2008)  "ဆိတ်ကွယ်ရာ" ဆိုတာကတော့ ကိုယ့်ရဲ့အမှောင်ခြမ်း.မကောင်းမှုတွေ စတာတွေကို လူတွေပေါ်ပေါ်ထင်ထင် လုပ်ကြတဲ့နေရာ အဖြစ် သတ်မှတ် လို့ရပါတယ်.တခြားလူတွေအမြင်နဲ့ကွဲပြားစွာ. မျက်နှာဖုံးတွေကွာကျတဲ့နေရာအဖြစ်လည်း တင်စားလို့ရပါတယ်. ဒီကားမှာတော့လူမြင်မခံတဲ့သာယာမှုတွေကို ခံစားဖို့ ထပ်ခိုးခန်းလေးတစ်ခုကိုမျှဝေသုံးစွဲတဲ့ လူ ၅ ယောက် အကြောင်းကို ဆိတ်ကွယ်ရာမှာအရိုင်းဆန်တတ်တဲ့ လူ့သဘာဝကို ထင်ဟပ်ပြသရင်းစုံထောက်မှုခင်းဆန်စွာ တင်ဆက်ပြထားပါတယ်. ဇာတ်လမ်းအစကိုတော့ ထပ်ခိုးခန်း ၁ ခန်း၊ ထိုအခန်းကိုဖွင့်နိုင်တဲ့ သော့ ၅ ချောင်း၊ သော့ ၅ ချောင်းကို၁ ချောင်းစီကိုင်ထားတဲ့ လူ ၅ ယောက်၊ အခန်းတွင်းမှာ ထူးဆန်းစွာရောက်ရှိနေတဲ့ အလောင်း ၁ လောင်းနဲ့ ဖွင့်ထားပါတယ်.အိမ်ထောင်ရေးနဲ့ စိတ်ဆန္ဒဖိုမသဘာဝ၊ အကျပ်အတည်းကြားမှဉာဏ်ကစားမှု၊ လှည့်စားဉာဏ်များတတ်တဲ့ လူ့သဘာဝကိုထင်ဟပ်ပြထားပြီး လျို့ဝှက်ဆန်းကြယ် မူခင်းရသ မျိုးကိုပေးနိုင်တဲ့ ဒီဇာတ်ကားလေးကို ပရိသတ်များ ရှုစားနိုင်ဖို့ CM ကနေတင်ဆက်ပေးလိုက်ရပါတယ်... File size…1.87GB / 672MB Quality…Blu-Ray 1080p 5.1CH / ...
movie

Loft (2008)

Vampire’s Kiss (1988) 6.1
Vampire’s Kiss (1988) Vampire's Kiss (1988)~ IMDb - 6.1/10, Rotten Tomatoes - 63% ~မင်းသားကြီး Nicolas Cageရဲ့ အောင်မြင်စဉ်အချိန်က ရိုက်ကူးခဲ့တဲ့ Dark Comedy Horror type Vampire ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Nicolas ရဲ့ ထူးခြားဆန်းပြားတဲ့ ကြောင်တောင်တောင် Acting Skill တွေကို တစ်ဝကြီး ခံစားရမှာပါ။ပီတာဆိုသူဟာ စာပေအေဂျင်စီတစ်ခုမှာ တစ်နေကုန်အလုပ်လုပ် ညဆို ကလပ်တက် ဆေးချ အရက်သောက် တစ်ညလုံးမတ်တပ်ရပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်သူ။ တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါဝင်လာပြီး စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန် ကုသမှုခံယူနေတယ်။ ကုသနေရင်းနဲ့ကို သူ့ရောဂါဟာ အခြေအနေဆိုးရွားလာတယ်။တစ်ညတော့ ဂျက်ကီဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာဆုံပြီး အိမ်ခေါ်သွားခဲ့တယ်။ ချစ်ရည်လူးမလို့ အစပျိုးနေတုန်းမှာ ရုတ်တရက်သူ့အခန်းထဲကို လင်းနို့တစ်ကောင် ရောက်လာတယ်။ လင်းနို့ကို မောင်းထုတ်နေရင်း သူ့စိတ်ထဲမှာ ထူးခြားတဲ့ ...
movie

Vampire’s Kiss (1988)

1988
Alex Cross (2012) 5.2
Alex Cross (2012) ဒီရုပ်ရှင်ကတော့​ စာရေး​ဆရာ​ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross​ ဝတ္ထု​များကို​ ပြန်လည်​ရိုက်ကူး​ထားတဲ့​ Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝတ္ထု​ရဲ့အဓိကဇာတ်လိုက်ကတော့​ ဒေါက်တာ​ Alex Cross ဆိုတဲ့​ စိတ်ပညာရှင်နဲ့ ရဲစုံထောက်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကောင်ကို​ Morgan​ Freeman ကလည်းသရုပ်ဆောင်ဖူးပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Alex Cross က​ ဇနီးဖြစ်သူ​ ကိုယ်ဝန်သည် မာရီယာ​နဲ့အတူ​ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့​ဝါရှင်တန်​ဒီစီကဌာနချုပ်မှာ​ တာဝန်​ထမ်းဆောင်​ပေးဖို့​ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့်​ စဥ်းစား​နေချိန်မှာပဲ​ လူချမ်းသာအမျိုးသမီးတစ်ဦးကို​ နှိပ်စက်​သတ်ဖြတ်​သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ​ အမျိုး​သမီးတင်မက​ သက်တော်စောင့်တွေကိုပါ တစ်ဦး​တည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်း​ဖြစ်ပွား​ရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။ဒီလူသတ်သမားဟာ စိတ္တဇ​လူသတ်​သမားဖြစ်ရုံမက နောက်ထပ်​ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံ​ကျူးလွန်​ဖို့ရှိတယ်ဆိုတာကို Alex​ Cross​သိရှိ​သွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြား​အားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်​သမား​က​ Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့​ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျ​လေ့ကျင့်​ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာ​ကို​ Action Thriller ...
movie

Alex Cross (2012)

Burn Notice: The Fall of Sam Axe (2011) 7.1
Burn Notice: The Fall of Sam Axe (2011)  2011 ခုနစ်ကထွက်ရှိခဲ့တဲ့ စစ်ဟာသကား တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။The Last of Us မှဘဲကြီး Pedro Pascal ကလူဆိုးနေရာကပါဝင်သရုပ်ဆောင် ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆမ်အက်ဇ်လို့ခေါ်တဲ့ SEALရေတပ်မှူးက မိန်းမပွေတဲ့နေရာမှာ သူမတူဘဲ အထက်အရာရှိရဲ့မိန်းမတစ်ယောက်နဲ့ သွားမှားမိရာကစပါတယ်။အဲ့တာနဲ့သူ့အထက်ဗိုလ်မှူးယောကျ်ားလည်း မိရော သူ့ကို ကိုလံဘီယာဆီစစ်ဆင်ရေးအနေနဲ့အပို့ခံလိုက်ရပါတယ်။ ကံဆိုးလို့ပွေရှုပ်ရာကနေချောင်အပို့ခံလိုက်ရပေမဲ့လည်း ဆမ်ရဲ့ကံအကြောင်းမတိုက်ဆိုင်မှုက ဒီမှာတင်မရပ်သေးပါဘူး။ ဖြစ်ချင်တော့ သူရောက်သွားတဲ့လက်နက်ကိုင်တပ်ဖွဲ့က ထင်သလို လူကောင်းတွေ မဟုတ်နေပြန်ဘဲသူတို့ကယ်ထုတ်ရမဲ့ လူတွေကို ကိုယ်တိုင်ပြန်တိုက်ခိုက်ဖို့အစီအစဉ်ဆွဲနေမှန်း သိလိုက်ရပါတယ်။ဒါတင်မကဘဲ သူ့ကိုပါလုပ်ကြံနှုတ်ပိတ်မဲ့အကြောင်းကိုလည်းကြားရော ဆမ်ဟာ ထိုကနေထွက်ပြေးပြီးဆေးခန်းကသူတွေရှိရာကို သတိပေးဖို့ဉီးတည်လာခဲ့ပါတယ်။အဲ့မှာ ဆန့်ကျင်သူပုန်အဖွဲ့ဖြစ်တဲ့ အယ်စပါဒါ အယ်ဒီယန်တဲ ကလည်းသူတို့နဲ့ဝိုင်းဝန်းပြီး ကူညီခဲ့ပြန်ပါတယ်။ အပြစ်မရှိသူတွေကို ကိုယ့်ကိုယ်ကျိုးအတွက် ယုတ်မာပြီး တပ်ကူနဲ့ ဒေသဆိုင်ရာ ချုပ်ပိုင်နိုင်ခွင့်ရဖို့ကြိုးစားနေတဲ့ ဗယ်ရာခရူစ်တို့အဖွဲ့ကလည်း အခြေအနေတွေမလွယ်ကူတော့ဘဲ အရင်ကထက် အများကြီးရှုပ်ထွေးလာရောသူတို့အကြံအစည်အောင်မြင်ရေးအတွက် ဆမ်တို့ကို ရှင်းလင်းနှုတ်ပိတ်ဖို့ မြေလှန်ရှာပါတော့တယ်။အဲ့မှာ လယ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့ဆမ်တို့ရဲ့တပ်ဖွဲ့က လက်နက်ကိုင်တပ်မကြီးကို ဘယ်လိုခုခံတွန်းလှန်သွားမလဲ။ ခုမှတွေ့ရတဲ့သူတွေ အတွက်ဆမ်ရဲ့ အနစ်နာခံမှုကဘယ်လိုရှိမှာလဲဆိုတာကိုတော့ ...
movie

Burn Notice: The Fall of Sam Axe (2011)

Kondraal Paavam (2023)
Kondraal Paavam (2023) Kondraal Paavm(2023) ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် IMDb 8.6/10 ရရှိထားပြီး ဇာတ်အိမ်အခိုင်အမာနဲ့ ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ကျွန်မတို့ငယ်ငယ်က သင်ရတဲ့ ပုံပြင်တွေထဲ ရေခရားနဲ့ ကျီးကန်းပုံပြင်လေးကို မှတ်မိကြဦးမယ်လို့ထင်ပါတယ်။ရေခရားထဲကရေကို များများနဲ့ မြန်မြန်လိုချင်လို့ ကျောက်ခဲအသေးစားလေးတွေတစ်လုံးစီ ပစ်ချရမယ့်အစား အဆင်အခြင်မဲ့စွာနဲ့ ကျောက်တုံးကြီးပစ်ချလိုက်မိလို့ ရေခရားလည်းကွဲ ရေလည်းငတ်သွားရတဲ့ ပုံပြင်လေးပါ။ ဒီဇာတ်လမ်းလေးကလည်း အဲ့ဒီ့ပုံပြင်လေးရဲ့သင်ခန်းစာနဲ့ဆင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီးရီုက်ထားတာပါ။ ဝမ်းဆွဲသည်အမေနဲ့ အရက်သမားအဖေ၊ အကောင်းမြင်စိတ်ဆို နည်းနည်းလေးမှမရှိအောင်နေတဲ့ သမီးဖြစ်သူတို့အိမ်ကို ကြွယ်ဝခြင်းနတ်ဘုရားက ကြွယ်ဝခြင်းတွေပို့လိုက်ပြီဆိုတဲ့စကားသယ်လာပေးတဲ့ လူတစ်ယောက်ရဲ့စကားအဆုံးမှာ တကယ်ကိုပဲ လူတစ်ယောက်ဟာ ငွေထုပ်ပိုက်ပြီးရောက်လာခဲ့တဲ့အခါမှာတော့ အရာရာဟာပြောင်းလဲလာပါတော့တယ်။လက်ရှိနဲ့ ပုံပြင်၊ လက်တွေ့နဲ့ ဘာသာရေးအယူအဆတွေကို Mystery ဆန်ဆန်ချိတ်ဆက်ရိုက်ကူးသွားပုံက စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် Plot twist ဆန်းဆန်းတွေကို မထင်မှတ်တဲ့နေရာမှာထည့်သွားပုံကလည်း ဒီကားကိုအဆုံးထိ ဇာတ်ရှိန်မကျသွားစေရတဲ့ အကြောင်းအရင်းပဲဖြစ်ပြီး အချိန်ပေးရကျိုးနပ်မယ့်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ File size…1.97GB / 735MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47mins Subtitle….Myanmar Subtitle(Had Sub) Encoder….YK Translated by Aditi ~ Chiclon3~ ...
movie

Kondraal Paavam (2023)

2023
Pocket Dial Murder (2023) 5.7
Pocket Dial Murder (2023) ဖုန်းတွေကိုအိတ်ထဲထည့်ထားရင်းမထင်မှတ်ဘဲတခြားသူကိုဖုန်းခေါ်မိသွားတာမျိုးကြုံဖူးကြမှာပါ အဲဒါကို pocket-dial ဖြစ်တယ်လို့ပြောကြပါတယ် စတေစီဆိုတဲ့အမျိုးသမီးတစ်ယောက်ကတော့ သူ့ယောက်ျားဆီကနေ pocket-dial ဖြစ်ပြီးခေါ်လာတဲ့ဖုန်းကိုကိုင်မိပြီးမထင်မှတ်ဘဲလူသတ်မှုတစ်ခုကိုကြားလိုက်ရပါတယ် အဲဒီလူသတ်မှုကသူ့ယောက်ျားနဲ့ဘယ်လိုတွေပတ်သက်နေမလဲ သူတို့အမှန်တရားကိုဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ IMDb - 5.7/10 ရထားတဲ့ mystery & thriller ကားကောင်းတစ်ကားလည်းဖြစ်တာမို့လက်မလွှတ်သင့်ပါဘူး။ File size…(1.3 GB)/(670 MB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Tv movie, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Pocket Dial Murder (2023)

Bangkok Storm ( 2023 ) 5.9
Bangkok Storm ( 2023 ) Action ကားကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက် Bangkok Storm ဆိုတဲ့ လက်ဝှေ့ကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-မြေအောက်လက်ဝှေ့ချန်ပီယံဖြစ်သူ လင်ဖုန်းဟာ အသက်အန္တရာယ်နဲ့ ခြိမ်းခြောက်ခံနေရတဲ့ကြားက လက်ဝှေ့အတုမထိုးတဲ့အတွက် လုပ်ကြံခံခဲ့ရလို့ အတိတ်မေ့သွားခဲ့ပါတယ်။ အတိတ်မေ့သွားတဲ့ လင်ဖုန်းတစ်ယောက် အပေါ်ယံမှာတော့ ရိုးသားဖြူစင်ပြီး ပေါ့ပေါ့ပါးပါးနေသလို ဖြစ်နေပေမဲ့ အတိတ်က အဖြစ်အပျက်တွေမှာတော့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေပါတယ်။ရန်ငြိုးအသစ် အဟောင်းတွေ ရောထွေးနေပေမယ့်လည်း သိုင်းပညာစိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းပြီးတော့ ဒုစရိုက်ဂိုဏ်းတွေနဲ့ လုံးဝ မပူးပေါင်း ခဲ့ပါဘူး။ နောက်ဆုံးမှာ သူ့ရဲ့ ကိုယ်ပိုင် အစွမ်းဖြင့် လောင်းကစားရုံကို ဖျက်ဆီးခဲ့နိုင်ပြီး မကောင်းမှုတွေကို တိုက်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။လင်ဖုန်းတစ်ယောက် ဒုစရိုက်ဂိုဏ်းကြီး တစ်ခုလုံးကို ဘယ်လို တိုက်ခိုက်မလဲ...... သူချစ်ရတဲ့ လူတွေကိုရော အန္တရာယ်ထဲက ကြိုးစား ကာကွယ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Crime Runtime : ...
movie

Bangkok Storm ( 2023 )

A Family (2021) 7.0
A Family (2021) A Family (RT 71% , IMDb 7 )ယာကူဇာ... ယာကူဇာဆိုတာ ကျွန်တော်နဲ့ မစိမ်းတဲ့ စကားလုံးပါ... ဂျပန်နိုင်ငံက လူမိုက်ကြီးတွေပေါ့... ယာကူဇာမှာ အလွှာအမျိုးမျိုးရှိတယ်..တချို့ဟာ ဂုဏ်သိက္ခာတွေ စစ်မှန်တဲ့ ယောက်ျားတစ်ယောက် ဖြစ်ခြင်းတွေ အစရှိတဲ့ ဂုဏ်ဒြပ်တွေကို ဦးစားပေးတဲ့ လူမိုက်မျိုးနဲ့ ... ငွေရမယ် အာဏာရမယ်ဆိုရင် မူးယစ်ဆေးကအစ ထဲထဲဝင်ဝင်လုပ်ကိုင်တဲ့ ရာဇဝတ်ဂိုဏ်းတွေအထိ အမျိုးမျိုးရှိလို့နေပါတယ်...မည်သို့ပင် ဆိုစေကာမူ ယာကူဇာမှန်သမျှဟာ သာမန်လူ့လောက တရားဥပဒေကို တနည်းတဖုံ ဆန့်ကျင့်ဖောက်ဖျက်နေကြသူတွေသာ ဖြစ်ပါတယ်... ဒီဇာတ်ကားမှာ ယာမာမိုတိုရဲ့ ဖခင်ဟာ ယာကူဇာတွေရဲ့ မူးယစ်သားကောင်ဖြစ်ခဲ့ရပြီး ဆေးသုံးစရာ ခြူးတစ်ပြားတောင် မရှိတော့လို့ ဘဝနိဂုံးကို ကိုယ်တိုင်ချုပ်ခဲ့သူပါ...ယာမာမိုတိုဟာ အဲ့အတွက်ကြောင့် ယာကူဇာနဲ့ သူတို့ရဲ့ မူးယစ်ဆေးဝါးကို အင်မတန်စက်ဆုပ်ရွံရှာနေခဲ့ပါတယ်... ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့် သူဟာလည်း သူမုန်းတီးရတဲ့ ယာကူဇာတစ်ယောက် ဖြစ်လာပါတော့တယ်...ဒီဇာတ်ကားမှာ ...
movie

A Family (2021)

Criminal Network (2023)
Criminal Network (2023) UK ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးမှာအဓိကဇာတ်ဆောင်လည်းဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ဝေသူ လုပ်ထားတဲ့ မင်းသား Adam Starks ရဲ့ Crime ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းပုံစံကတော့ ရိုင်ရန်နဲ့ ဂျိမ်းစ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက် ကံမကောင်းစွာနဲ့ပဲ အရှုပ်ထုပ်ထဲမှာ ပါဝင်ပတ်သတ်မိခဲ့ကြတဲ့အကြောင်းပါရာဇဝတ်မှုတွေကိုကြူးလွန်နေတဲ့ အကောင်းကြီးကြီး အမြှီးရှည်ရှည် လူတစ်ယောက်နဲ့ ဘုမသိဘမသိ ပတ်သတ်မိခဲ့ကြတဲ့ညီအစ်ကိုနှစ်ယောက်ရဲ့ ကံကြမ္မာကို Crime ဇာတ်ကားတွေရဲ့ plot လေးတွေအတိုင်းမတူညီတဲ့ပုံစံလေးတွေနဲရိုက်ကူးတင်ဆက်ပေးထားပါတယ်အဲ့ဒီ ရာဇဝတ်မှုတွေရဲ့နောက်ကွယ်က ဘယ်သူတွေလဲဘယ်သူတွေပါဝင်ပတ်သတ်နေတာလဲ ဘယ်လိုတွေစုံစမ်းဖေါ်ထုတ်သွားလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ခံစားကြပါဦး........ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.1 GB)/(540 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:15:00 Genre...Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo 
movie

Criminal Network (2023)

The Dancing Detective: A Deadly Tango(2023) 6.5
The Dancing Detective: A Deadly Tango(2023) The Dancing Detective: A Deadly Tango(2023)*******************************************မော်လ်တာမြို့မှာ ဆီနိတ်တစ်ယောက်ရဲ့အစ်ကို လူကုံထံသူဌေးတစ်ဦးဟာ ရုတ်တရက်ကြီး သေဆုံးသွားပါ တယ်။ရိုးရိုးသေတာလား၊ အသတ်ခံရတာလား မသေချာတော့ ဆီနိတ်တာက အမေရိကန်ရဲတွေထဲကအတော်ဆုံး စုံထောက်လွှတ်ပြီး အမှုစုံစမ်းပေးဖို့ အကူအညီတောင်းပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အတော်ဆုံး စုံထောက်ဟာ အမှုလိုက် ရာမှာတွဲဖက်ရဲတွေနဲ့ ဘုဘောက်ကျပြီး ကိုယ့်သဘောနဲ့ကိုယ်ပဲလုပ်တတ်တဲ့ စုံထောက်မဘေလီပါ။အမှုက အရေး ကြီး နေတာကြောင့် ဘေလီ့ကို အင်တာပိုလ်က စီစဉ်ပေးတဲ့ တွဲဖက်တွေနဲ့ အဆင်ပြေပြေအလုပ်လုပ်ဖို့ နားချပြီးစေ လွှတ်လိုက်ပါတယ်။ မော်လ်တာရောက်တော့ အင်တာပိုလ်က စီစဉ်ပေးတဲ့တွဲဖက်ဟာ ရဲတွေ၊စုံထောက်တွေ မဟုတ်ဘဲ အကသင်တဲ့နည်းပြဖြစ်နေတော့ ဘေလီတော်တော်စိတ်ညစ်သွားပါတယ်။ပြီးတော့ အမှုကို စုံစမ်းတဲ့ အခါ ဘေလီတစ်ခါမှ မကဘူးတဲ့ အကပြိုင်ပွဲဝင်အနေနဲ့ စုံစမ်းရမှာဖြစ်လို့ ဘေလီအတွက်တော်တော်သေချင်စော်နံ့ သွားပါလေရော။ ဒီလိုခွတီးခွကျ အဖြစ်အပျက်များစွာနဲ့အတူ ဘေလီအောင်အောင်မြင်မြင် အမှုဖော်ထုတ်နိုင်ပါ့ မလားဆိုတာကို ရှုစားကြရမှာပါ။ ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ စုံထောက်၊ ...
movie

The Dancing Detective: A Deadly Tango(2023)

Sightseers (2012) 6.5
Sightseers (2012) Sightseers (2012)ခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၂ထွက် sightseer ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Dark comedy တွေရိုက်နေကျ ဒါရိုက်တာ Ben Wheatleyရဲ့ လက်ရာလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ သာမန်စုံတွဲတစ်တွဲ နောက်တွဲယာဉ်နဲ့ အားလပ်ရက်ခရီးထွက်တာကနေ စတင်ခဲ့ပါတယ်။ ခရစ်နဲ့ တီနာတို့က ချစ်ချစ်ခင်ခင်နဲ့ ‌ရိုမန်တစ်ဆန်တဲ့ ခရီးတစ်ခုကို စီစဉ်ခဲ့ကြတာပါ။ တီနာရဲ့အမေကတော့ ခရစ်ကို မယုံပေမဲ့ တီနာကတော့ ပျော်ပျော်ရွင်ရွင်ပဲ ခရီးထွက်လာခဲ့ပါတယ်။ဇာတ်လမ်းအစပိုင်းမှာ ပျော်စရာ သာမန်ဇာတ်ကားလေးလို့ထင်ရပေမဲ့ ခရစ်ဟာ မထင်မှတ်ဘဲ လူတစ်ယောက်ကို ကားနဲ့ တိုက်သတ်မိခဲ့ပါတယ်။ ခရစ်ဟာ တမင်တကာပဲ သတ်ခဲ့တာလား? မတော်တဆဖြစ်သွားတာလား?ခရီးစဉ်ကို မပျက်ဆီးစေချင်တဲ့ တီနာကရော ပြန်ခေါ်နေတဲ့ သူ့အမေရယ် ဒီလိုအဖြစ်ဆိုးဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ?အဲဒီအချိန်ကနေစပြီးတော့ ဇာတ်လမ်းရဲ့ ပုံစံဟာ ပြောင်းလဲသွားပြီး ဇာတ်ဆောင်တွေရဲ့ နားလည်ရခက်တဲ့ စိတ်တွေ ... မထင်ထားတဲ့ အခြေအနေတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။သွေးသံရဲရဲအခန်းတွေ လိင်ဆက်ဆံခြင်းတွေ ညစ်ညမ်းအသုံးအနှုန်းတွေပါဝင်လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့််တော်ပါဘူး မိုးအေးအေးမှာ ...
movie

Sightseers (2012)

2012
End of Watch (2012) 7.6
End of Watch (2012)   2012 ခုနှစ်ကထွက်ရှိထားတဲ့ Action & Crimes ရုပ်ရှင်အမျိုးအစားဖြစ်ပြီး IMDb 7.6/10 အထိရရှိထားပါတယ် ဇာတ်လမ်းမှာတော့ Brian နဲ့ Zavala ဆိုတဲ့ရဲအရာရှိနှစ်ယောက်ဟာ လော့စ်အိန်ဂျလစ်မြို့မှာနေ့စဉ်ကင်းလှည့်ရင်း လူဆိုးတွေနဲ့ရာဇဝတ်မှုတွေနှိမ်နင်းနေတာကိုတွေ့ရမှာပါ သူတို့နေ့တိုင်းလူဆိုးတွေဖမ်းရင်းဘာတွေကြုံတွေ့ရမလဲဆိုတာကိုစောင့်ကြည့်ရတာတကယ့်ကိုစိတ်လှုပ်ရှားစရာပါပဲ ဒီဇာတ်ကားမှာသရုပ်ဆောင်ဖို့အတွက် အဓိကဇာတ်ဆောင်နှစ်ယောက်က LAရဲဌာနမှာ ငါးလလောက်ရဲတွေနဲ့အတူသွားနေပြီးလေ့ကျင့်ခဲ့ရပါတယ်တဲ့ ရဲကားအက်ရှင်ကားကောင်းကောင်းကြိုက်တဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ File size…(2.3 GB)/(1.2 GB)/(710 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:49:00 Genre...Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie

End of Watch (2012)