Channel Myanmar

Crime

[21+]Baise-moi(2000) 5.5
[21+]Baise-moi(2000) [21+]Baise-moi(2000)********************ဒီပြင်သစ်ကားက အိပ်ရာခန်းတွေရော သတ်ဖြတ်ခန်းတွေရောအတော်ကြီးကိုကြမ်းတာမို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး...သူ့နာမည်က နာဒင်း ၊ ပြည့်တန်ဆာအလုပ်ကိုလုပ်ပြီးပိုက်ဆံရှာတယ်။ သူ့သူငယ်ချင်းနဲ့အတူတူနေပြီးတယ်ဆိုပေမယ့် တစ်နေ့မှာအချင်းချင်းစကားများ ရန်ဖြစ်ပြီး သူငယ်ချင်းကိုသတ်လိုက်မိပြီးတော့အိမ်ကနေထွက်ပြေးလာတယ်နောက်တစ်ယောက်ကတော မန်နူ မုဒိမ်းကျင့်ခံရပြီးတော့ စိတ်မသက်သာဖြစ်နေတာကိုအရက်ဘားပိုင်ရှင်နဲ့စကားပြောအဆင်မပြေလို့ သေနတ်နဲ့ပစ်သတ်လိုက်ပြီးတော့ အိမ်ကနေထွက်ပြေးလာတယ်။ဒီလိုနဲ့နှစ်ယောက်သား အိမ်ကနေထွက်ပြေးလာရင်းနဲ့ ဘူတာတစ်ခုမှာဆုံဖြစ်ကြတယ်။ဘယ်သွားလို့ဘာလုပ်ရမှန်း မသိတဲ့နှစ်ယောက်ပေါင်းမိပြီးပြင်သစ်တစ်ခွင်မှာသောက်စားပျော်ပါးကြတဲ့အခါမှာတော့...File Size :(2.1GB) and (1.01GB) Quality :Blu-Ray 1080P,720p Format…mp4 Duration…01:17:00 Genre : Crime, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS
movie

[21+]Baise-moi(2000)

Green Street Hooligans: Underground 5.7
Green Street Hooligans: Underground Green Street 3: Never Back Down (2013)================================= ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် 2013မှာထွက်ရှိခဲ့တဲ့ Green Street 3ဆိုတဲ့ အက်ရှင်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ဒီထဲမှာ ဘောလုံးပွဲကြည့်ရတာကို အရမ်းသဘောကျပြီး ကိုယ်ကြိုက်တဲ့ ဘောလုံးအသင်းကိုအရူးအမူး အားပေးတဲ့သူတွေလည်း ရှိမယ်ထင်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဒီလိုအားပေးရာကနေ တစ်ဆင့်တက်သွားတဲ့ football hooligansခေါ် ဘောလုံး လူရမ်းကားတွေအကြောင်း ကြည့်ရမှာပါ။ သူတို့ဟာ ပြိုင်ဘက်အသင်းက လူရမ်းကားတွေနဲ့ ကိုယ်ထိလက်ရောက်ရန်ဖြစ်ကြ သောင်းကျန်းကြတာမျိုး တွေပါ လုပ်လေ့ရှိပြီး မကျေနပ်တာရှိရင်အုပ်စုလိုက် ချိန်းထိုးကြတာမျိုး လုပ်တဲ့အထိ ကြမ်းတမ်းကြပါတယ်။Never Back Downဟာ တတိယမြောက် Green Streetဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲမှာတော့ ညီဖြစ်သူ ဂျိုဝီရဲ့ ပဟေဠိဆန်ဆန် သေဆုံးသွားမှုကြောင့် အကိုဖြစ်သူဒန်နီတစ်ယောက် သူဦးဆောင်ခဲ့တဲ့ ဝက်စ်ဟမ်း အမာခံ ပရိတ်သတ်အဖွဲ့ ဂရင်းစထွိကိုပြန်ရောက်လာရကနေ ဇာတ်လမ်းစပါတယ်။ သူပြန်ရောက်လာချိန်မှာတော့ ဒီရန်ပွဲတွေဟာအရင်ကလို လမ်းဘေးမှာ ဖြစ်ချင်တိုင်းဖြစ်ကြတဲ့ ပွဲမျိူးတွေမဟုတ်တော့ပါဘူး။ရန်ပွဲတွေဟာ ...
movie

Green Street Hooligans: Underground

Brotherhood (2022) 5.0
Brotherhood (2022) ငယ်ငယ်က ကြားဖူးတဲ့ ကျေးညီနောင်ပုံပြင်လေးကို မှတ်မိကြသေးရဲ့လား.. မုန်တိုင်းကြောင့် အသိုက်ကနေလွင့်ပြီး တစ်နေရာစီ ရောက်သွားကြတဲ့ ကျေးညီနောင်လေးဟာ တစ်ကောင်ကအဖြူဘက် တစ်ကောင်က အမည်းဘက် ဒုစရိုက်ခြမ်းနဲ့ သုစရိုက်ခြမ်း တစ်ကွဲတစ်ပြားစီ ရောက်သွားခဲ့ကြရတာလေ...ဒီ IMDB 8.1/10 ရရှိထားတဲ့ နိုင်ဂျီးရီးယား crime-action thrillerကားလေး Brotherhood (2022)ကလည်း အလားတူ အခြေအနေမျိုးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်.."ဇာတ်လမ်းအကျဉ်း" ငယ်စဉ်က နှစ်သစ်ကူးညမှာ ဓားပြတိုက်ခံခဲ့ပြီး မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့တာကြောင့် ဝါလေ နဲ့ အာကင်းတို့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ နေ့ချင်းညချင်း မိဘမဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ရပါတယ်.. မိဘမဲ့ဂေဟာရောက်သွားတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာတော့ လီဂိုပြည်နယ်ရဲ့ လမ်းမများပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ကြိုးစားရင်း အရွယ်ကြီးရင့်လာတဲ့အခါမှာတော့ တစ်ယောက်တစ်လမ်းစီ လျှောက်ဖြစ်ခဲ့ကြပါတော့တယ်.. အဖြူ အမည်း လားလားကြီးကို ဆန့်ကျင်နေတဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်စွာ ဝါလေက ရဲအရာရှိဖြစ်၊ အာကင်းက ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုကူးနေတဲ့ ဒုစရိုက်သမားဖြစ်ခဲ့တာကြောင့် တဇောင်းစေးနဲ့ မျက်ချေးလို တစ်ယောက်နဲ့တစ်ယောက်ကြည့်မရ ဖြစ်နေကြတော့တာပေါ့.. ဒီလိုနဲ့ တစ်နေ့မှာတော့ ဝါလေလိုက်နေတဲ့ ရာဇဝတ်မှုထဲ အာကင်းက တရားခံတွေထဲကတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့... အလုပ်နဲ့ ညီအစ်ကိုသံယောဇဉ်ကြား ဝါလေတစ်ယောက် ဘယ်အရာကိုရွေးချယ်မှာလဲ.. အာကင်းကရော ဘယ်လိုဖြစ်ပြီး အဲဒီရာဇဝတ်မှုကြီးထဲ ပါသွားခဲ့တာလဲ.. နှစ်ယောက်သား ထိပ်တိုက်တွေ့ကြတဲ့အခါ ခါတိုင်းလို အသေအလဲ ...
movie

Brotherhood (2022)

Goodbye Cruel World (2022) 5.9
Goodbye Cruel World (2022) Goodbye Cruel World IMDB 5.8

ကားပေါ်မှာ ဒရိုင်ဘာ၊ အဖိုးကြီး၊ ကောင်မလေး၊ လူမိုက်တစ်ယောက် ပေါင်းလေးယောက်ဟာ အချင်းချင်း စကားများရင်း ဟိုတယ်တစ်ခုရှေ့ရောက်လာပြီးနောက်မှာ မျက်နှာဖုံးစွပ် သေနတ်မောင်းတင်ကာ ဟိုတယ်ထဲ ဝင်ရောက်ခဲ့ပါတော့တယ်။ ဂျပန်မှာ ယာကူဇာကို ထိဝံ့သူဟာ အခြားယာကူဇာပဲ ဖြစ်ဖို့များတဲ့ အခြေအနေမှာပဲ ဘယ်အဖွဲ့အစည်းကိုမှ ကိုယ်စားမပြုတဲ့ သည်လူတစ်စုဟာ ယာကူဇာဂိုဏ်းကြီးတစ်ခုရဲ့ ငွေကြေးခဝါချတဲ့ နေရာကို စီးနင်းဝင်ရောက် ဓားပြတိုက်ခဲ့ပါတော့တယ်။ ယန်း သန်း ၁၀၀ကျော်ပါသွားတဲ့နောက် နားရွက်တံတွေးဆွတ်ခံလိုက်ရတဲ့ ယာကူဇာများကလည်း ဓားပြတွေကို အမိဖမ်းနိုင်ရေး ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်ကားမှာ ယာကူဇာတွေရဲ့ ဩဇာသက်ရောက်နိုင်မှုနဲ့ စွမ်းပကားတွေကို တွေ့မြင်ရမှာဖြစ်ပြီး အကျင့်ပျက်ရဲတစ်ယောက်ဟာ ဘယ်လောက်အတိုင်းအတာထိ ဂိုဏ်းတစ်ခုကို အကျိုးပြုနိုင်သလဲ ပြသထားတာလည်း ဖြစ်ပါတယ်။ ထို့အပြင် တစ်ခါ ယာကူဇာဖြစ်ဖူးလျှင် လူ့အသိုင်းအဝိုင်းထဲ ပြန်တိုးဝင်မရလောက်အောင် ခက်ခဲကြောင်းကိုလည်း ရိုက်ပြထားပါသေးတယ်။ ယာကူဇာကိုမှ သွားထိတဲ့ ဓားပြတွေဟာ ...
movie

Goodbye Cruel World (2022)

Daily Police ( 2023 ) 5.9
Daily Police ( 2023 ) CM ပရိသတ်တွေအတွက် ရဲသားတွေရဲ့ နေစဉ်နေထိုင်မှုပုံစံကို သဘာဝကျကျရိုက်ထားတဲ့ Daily Police ဆိုတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်းလေးကတော့-အလှဆုံးရဲမေအဖြစ် ဂုဏ်ပြုခံရသူ လီလုဟာ မှုခင်းရဲတပ်ဖွဲထဲ ဝင်ချင်ပေမဲ့ ကင်းလှည့်တပ်ဖွဲထဲမှာ အစားထိုး အဖွဲခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ အခြေခံပတ်ဝန်းကျင်ကို ရောက်သွားတဲ့ လီလုဟာ ကောလာဟလတွေနဲ့ အထင်လွှမှုတွေကြားထဲကနေ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားပြီး ပြည်သူတွေအတွက် အခက်အခဲတွေကို ဖြေရှင်းပေးခဲ့ပါတယ်။တစ်ရက်ပြီးတစ်ရက် လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာများထဲမှာ လီလုတစ်ယောက် အဖွဲဝင်တွေကို စည်းလုံးလာအောင် ဘယ်လိုကြိုးစားခဲ့သလဲ...... ပြည်သူတွေရဲ့ လုံခြုံမှုအတွက် ဘယ်လို ကြိုစားခဲ့သလဲဆိုတာကို...... ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုပဲ ကြည့်ရှုခံစားလိုက်ရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

Daily Police ( 2023 )

Harry Brown(2009) 7.2
Harry Brown(2009) Harry Brown (2009)================တော်ဝင်ရေတပ်သားဟောင်းကြီး ဟယ်ရီဘရောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်လှတဲ့ဘဝကို ပင်စင်ယူထားတဲ့ သူငယ်ချင်းလီယိုနာ့အက်ဝယ်လ်နဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဟယ်ရီတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အရမ်းသောင်းကျန်းပြီး ဆိုးသွမ်းတဲ့ လူငယ်လေးတွေအုပ်စုရှိပါတယ်။ လူ့အသက်တွေကို ကစားစရာလိုသတ်မှတ်ပြီး သေနတ်တစ်လက်နဲ့ ဆေးမူးပြီးလုပ်ချင်တာလုပ် ထင်ရာစိုင်းနေတဲ့လူငယ်လေးတွေပါ။ ဒီလိုမျိုး ပြဿနာပဲရှာချင်နေတဲ့ ကောင်လေးတွေက ပင်စင်စားဖြစ်ပြီး အင်အားနည်းတဲ့ မစ္စတာအက်ဝယ်လ်ကိုလည်း အနိုင်ကျင့်နှောင့်ယှက်ကြပါတယ်။ တစ်ရက်မှာတော့ ဟယ်ရီဆီကို စုံထောက်နဲ့ စုံစမ်းရေးအရာရှိတို့က မိတ်ဆွေမစ္စတာအက်ဝယ်လ်သေဆုံးသွားကြောင်းလာအကြောင်းကြားပါတယ်။ ဟယ်ရီတစ်ယောက် တစ်ဦးတည်းသောမိတ်ဆွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကနေစပြီး ဘယ်လိုတွေပြောင်းလဲမလဲ.. မိတ်ဆွေအတွက်ရော ရေတပ်သားဟောင်းကြီးအနေနဲ့ ဘယ်လိုအကွက်ကျကျလက်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်… File size…0.99GB / 330.9MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 43m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kyawt Kay Zin
movie

Harry Brown(2009)

Thankam(2023) 7.2
Thankam(2023) Thankam (2023)2023 ခုနှစ်ထွက် မှုခင်းဒရမ်မာ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဝါရင့်သရုပ်ဆောင်တွေအဓိကပါဝင်ထားပြီး IMDb rating မှာ 7.2/10 အထိရရှိထားပါတယ်။အိန္ဒိယရဲ့ ရွှေမြို့တော်လို့ တင်စားခံရတဲ့ ထရီဆူးမြို့က ရွှေကုန်သည်သူငယ်ချင်းသုံးယောက် မူတူး ၊ ကန်နန် နဲ့ ဘီဂျွိုင်း...ဇာတ်လမ်းကတော့ မွန်ဘိုင်းကို သုံးယောက်သားရွှေအရောင်းအ၀ယ်လုပ်ဖို့သွားရာကနေ ပြဿနာတစ်ခုခုပြီးတစ်ခုစဖြစ်ပါတော့တယ်။အိတ်ဖောင်းရင်စိတ်ပြောင်းတတ်တဲ့ လူတွေရဲ့အချိုးဟာ ကြောက်ဖို့ကောင်းလှပါတယ်။ တစ်နေ့မှာတော့ ကန်နန်ဟာရွှေအိတ်တွေကိုယူပြီး ပျောက်ချင်းမလှပျောက်သွားတဲ့အခါ သူငယ်ချင်းတွေဟာ အချင်းချင်းသံသယ၀င်ကုန်ပါတော့တယ်။ဒီလိုနဲ့အမှုက ကြီးထွားလာပြီး ရဲတွေနဲ့ပါပတ်သက်လာတဲ့အခါ...ကန်နန်က သူငယ်ချင်းတွေကိုတကယ်သစ္စာဖောက်သွားတာလား...အမှုမှန်ကိုဘယ်လိုဖော်ထုတ်ကြမလဲ....နောက်ကွယ်ကအကြောင်းအရင်းကရော ဘာဖြစ်မလဲဆိုတာ စိတ်၀င်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…1.9GB / 800MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Nyein Aye
movie

Thankam(2023)

2023
November (2022) 6.9
November (2022) November (2022) ============= IMDb Rating - 6.9/10၂၀၁၅ နိုဝင်ဘာသောကြာနေ့မှာပြင်သစ်နိုင်ငံ ပါရီမြို့တော် တစ်ဝှမ်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လူပေါင်း ရာချီသေဆုံးခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာ ပြင်သစ်နိုင်ငံအတွက် ဒုတိယကမ္ ဘာစစ်ပြီးတဲ့နောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သလို၊ EU အတွက်လည်း ၂၀၀၄ မှာဖြစ်ပွားခဲ့တဲ့ မက်ဒရစ်ရထား ဗုံးဖောက်ခွဲမှုအပြီး လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ အဲ့ဒီဖြစ်ရပ်နောက်ကွယ်က လက်သည် တရားခံတွေကိုစုံစမ်းဖော်ထုတ်ကြတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးဌာနရဲ့ ငါးရက်တာကာလ လှုပ်ရှားရုန်းကန်ကြိုး စားမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုံတင်ဝင်ငွေကြမ်းသလို ဝေဖန်ရေးဆရာတွေရဲ့မှတ်ချက်ကောင်းတွေကိုလဲရရှိထားပြီး လာမယ့် César Awards အတွက်လည်း ဆန်ကာတင် ခုနှစ်ဆု ထိဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဖြစ်ရပ်မှန် မှုခင်းကြိုက်ပရိသတ်တွေအနေနဲ့လက်လွတ်မခံသင့်တဲ့ ဇာတ် ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.36 GB) / (555 MB) / (313 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Thriller Translator.......Alias Encoder..........SWM
movie

November (2022)

2022
Killerman(2019) 5.7
Killerman(2019) Killerman(2019)============= Liam Hemsworthပါဝင်ထားတဲ့ Killermanဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ရတနာကုန်သည်တဖြစ်လည်း ငွေကြေးခဝါချသူလည်းဖြစ်တဲ့ မိုးဒိုင်းမွန်းဟာ သူ့သူငယ်ချင်းစကန့်နဲ့ပေါင်းပြီး ကြေးကြီးတဲ့အလုပ်ကိုလက်ခံထားပါတယ်။ အလုပ်အပ်သူက စကန့်ရဲ့ဦးလေး။အလုပ်မပြီးသေးခင် စကန့်ဦးလေးက ပိုက်ဆံကိုခဏသိမ်းထားပြီး အလုပ်ကိုလည်းဆိုင်းထားဖို့ပြောလာတယ်။အဲဒါကိုစကန့်က လက်ထဲမှာရှိနေတဲ့ သူ့ဦးလေးပိုက်ဆံနဲ့ ဆေးကုန်ကူးဖို့လုပ်တယ်။အရောင်းအဝယ်လုပ်နေတုန်းရဲတွေလာဖမ်းလို့ထွက်ပြေးကြရင်း ကားမတော်တဆမှုဖြစ်ပြီး မိုးကအတိတ်မေ့သွားပါတော့တယ်။အဲဒီကနေစလို့ အရာရာဟာလွဲကုန်ပါတော့တယ်။ File size…1.87GB / 680MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 52m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hmu Khin
movie

Killerman(2019)

Self/less(2015) 6.5
Self/less(2015) Self/less (2015)=============IMDb - 6.5CM ဖန်တွေအတွက် Deadpool မင်းသား Ryan Reynolds ရဲ့ 2015 တုန်းကထွက်ရှိခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင်ကားကောင်းတစ်ကား‌ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ကျိကျိတက်အောင်ချမ်းသာနေပေမဲ့လည်း ကင်ဆာ‌ နောက်ဆုံးအဆင့်‌ရောက်နေတာကြောင့် နောက်ထပ်ခြောက်လတောင်မနေရတော့တဲ့အိမ်ခြံမြေသူဌေးကြီး ဒေမီယန် ဟေးလ် တစ်ယောက် သူ့ရဲ့အသိစိတ်ကိုတခြား ခန္ဓာကိုယ်တစ်ခုထဲကိုပြောင်းထည့်ပြီး ဆက်လက်ရှင်သန်လို့ရမယ်လို့ဆိုတဲ့ "အရေခွံလဲခြင်း" ဆိုတဲ့ ပရိုဂရမ်ကို သဘောတူလိုက်ပြီး အက်ဒ်ဝပ်ကစ်ဒ်နာဆိုတဲ့ နာမည်အသစ်နဲ့ ဘဝအသစ်မှာ ပျော်ပျော်ကြီးဆက်လက်နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ထင်ယောင်ထင်မှားဖြစ်မှုတွေကနေပြီးသူယူထားတဲ့ ခန္ဓာကိုယ်ကဓာတ်ခွဲခန်းထဲမှာဖန်တီးထားတဲ့ ခန္ဓာကိုယ်မဟုတ်ပဲလူစစ်စစ်တစ်ယောက်ရဲ့ခန္ဓာကိုယ်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါမှာနောက်ကွယ်ဖုံးကွယ်ထားတဲ့ဖြစ်ရပ်တွေကို လိုက်ပြီးစုံစမ်းရင်း ဘယ်လိုအန္တရာယ်တွေကို ရင်ဆိုင်ကျော်လွှားရမလဲဆိုတာကို အက်ရှင်ခန်းအကြမ်းစားတွေနဲ့ ကြည့်ရှုရမဲ့ဇာတ်လမ်း‌ကောင်းလေးတစ်ပုဒ်ပါပဲဗျ။ File size…1.15GB / 491MB Quality…Blu-Ray 1080p  5.1CH/ 720p Format…mp4 Duration….1h 57m Genre ..... Action , Mystery , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
movie

Self/less(2015)

2015
Sharper (2023) 6.5
Sharper (2023) Sharper (2023)ဒါရိုက်တာ Benjamin Caron ရိုက်ကူးပြီး Sebastian Stan နဲ့ မင်းသမီးကြီး Julianne Moore ပါဝင် သရုပ်ဆောင်ထားတဲ့ psychological thriller ဇာတ်ကားသစ် ရပါပြီ။ Justice Smith နဲ့ Briana Middleton တို့လည်း ပါပါသေးတယ်။ဇာတ်လမ်းတင်ဆက်ပုံကတော့ နည်းနည်းထူးခြားပါတယ်။ အစပိုင်းမှာ စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ တွန့်အကြောင်းပြထားပြီး စာအုပ်လာဝယ်တဲ့ ကျောင်းသူလေး ဆန်ဒရာနဲ့ ချစ်သူတွေ ဖြစ်သွားကြပုံကို ရိုက်ပြထားပါတယ်။တစ်နေ့တော့ ဆန်ဒရာက အစ်ကိုဖြစ်သူရဲ့ အကြွေးတွေကို ဆပ်ပေးဖို့ ပိုက်ဆံလိုနေတဲ့အကြောင်း တွန့်ကို ပြောလာပါတယ်။ တကယ်တော့ ဆန်ဒရာက တွန်ထင်နေသလို စာကြမ်းပိုးလေး မဟုတ်ဘဲ အကြီးစား လူလိမ်တစ်ယောက်ပါ။နောက်တော့ ဆန်ဒရာ ဘယ်လိုလုပ်ပြီး လူလိမ်ဖြစ်လာလဲဆိုတာနဲ့ သူ့ကို အလိမ်အညာပညာရပ်တွေ သင်ပေးတဲ့ မက်စ်ဆိုတဲ့သူနဲ့ တွေ့ဖြစ်ကြပုံကို ရိုက်ပြထားပါတယ်။အဲဒီနောက်တော့ မက်စ်အကြောင်း၊ အဲဒီနောက် မက်စ်ရဲ့ဘဝထဲက မက်ဒလင်းအကြောင်းတွေကို တစ်ဆင့်ချင်းစီ ပြသွားပါတယ်။ပြောရရင် လှေကားထစ်တွေလိုမျိုး တစ်ဆင့်ချင်း တက်သွားတဲ့ ဇာတ်လမ်းပါ။ လှေကားထစ်တွေရဲ့ အဆုံးမှာ ဘာတွေ ...
movie

Sharper (2023)

2023
Unlocked(2023) 7.0
Unlocked(2023) Unlocked(2023)***************ရုံးဝန်ထမ်းအမျိုးသမီးတစ်ယောက်က သူ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေပါဝင်တဲ့ ဖုန်းကျပျောက်သွားရာမှ ပြန်ရလာတဲ့အခါမှာ ဖုန်းက အရင်လို မဟုတ်‌တော့ဘဲတစ်ခုခု ပြောင်းလဲသွားတာကို တွေ့လိုက်ရတယ်...အဲ့ဒီပြောင်းလဲမှုတွေကြောင့်ပဲ သူ့ရဲ့ဘဝက ကျွမ်းထိုးမှောက်ခုံတွေ ဖြစ်လာရတယ်...အဲ့ဒါတွေက ဘာကြောင့်များလဲ သူ့ဖုန်းကရောဟက်ခံလိုက်ရတာလား ဘယ်တုန်းကလဲ ဘယ်သူဟက်ခဲ့တာလဲမေးခွန်းတွေနဲ့ ဘယ်နေရာသွားသွား တစ်ယောက်ယောက်ကဖုန်းကနေတစ်ဆင့် စောင့်ကြည့်နေသလို ခံစားရတဲ့ အဲဒီအမျိုးသမီး... နောက်ဆုံးကျရင် ဘယ်လိုဖြစ်သွားမလဲ တရားခံကိုရော ရှာတွေ့သွားမလားဆိုတာကိုတော့ .....Unlocked ရုပ်ရှင်ဇာတ်ကားက ၂၀၂၃ တောင်ကိုရီးယား သည်းထိတ်ရင်ဖို Netflix ဇာတ်ကားဖြစ်ပြီးတော့ Kim Tae-joonက ဒါရိုက်တာအဖြစ် ပွဲဦးထွက် ရိုက်ကူးထားသော ဇာတ်ကားဖြစ်တယ် Cast တွေအနေနဲ့ Chun Woo-hee Im Si-wanနဲ့ Kim Hee Wonတို့ ပါဝင် သရုပ်ဆောင်ထားပါတယ် File Size :(1.6GB) &(643 MB) Quality :WEB-DL1080P5.1Ch,  720p Format…mp4 Duration…01:57:00 Genre : Crime ,Myster, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thynn,  ...
movie

Unlocked(2023)

Hunt (2023)
Hunt (2023) Hunt (2023)=============မကြာသေးခင်မှထွက်ရှိထားပြီး Rating ကောင်းလှတဲ့ တယ်လဂူဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ပါဝင်သရုပ်ဆောင်သူအရမ်းမများပေမယ့် plot အသားပေးရိုက်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။Bromance ခိုင်မာလှတဲ့ ဟိုက်ဒရာဘတ်ရဲဌာနရဲ့ ရဲမှူးချုပ်ဖြစ်တဲ့မိုဟန်၊ ဒုတိယရဲမှူးချုပ်တွေဖြစ်တဲ့ အာဂျွန်နဲ့ အာဟန်တို့ဟာ ဌာနတစ်ခုတည်း တာဝန်ထမ်းဆောင်ပြီး သိပ်ကိုရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ပါတယ်။တစ်ရက်မှာ အာဟန်ဟာ နိုင်ငံတော်ကပေးတဲ့ ဂုဏ်ပြုဆုပေးပွဲမှာ ဆုယူပြီးမိန့်ခွန်းပြောနေတုန်း စနိုက်ပါနဲ့ လုပ်ကြံခံလိုက်ရပါတယ်။ ဒီတော့ မိတ်ဆွေနှစ်ယောက်ဖြစ်တဲ့ အာဂျွန်နဲ့မိုဟန်တို့ဟာ သူတို့မိတ်ဆွေအသတ်ခံရမှုကိုဖော်ထုတ်ဖို့ အသည်းအသန်ကြိုးစားပါတော့တယ်။ တစ်ညမှာ အာဂျွန်ဟာ အမှုမှန်ကိုဖော်ထုတ်လိုက်နိုင်ခဲ့ပေမယ့် ကားတိမ်းမှောက်မှုဖြစ်ခဲ့ပြီး အတိတ်မေ့သွားပါတော့တယ်။ဒီလိုနဲ့ အာဂျွန်တစ်ယောက်နဲ့ မိုဟန်ရဲ့ လမ်းညွှန်မှုတွေနဲ့အတူ အမှုကို အစကပြန်လိုက်ရပါတော့တယ်။ ရက်ပိုင်းအနည်းငယ်အတွင်း မွန်ဘိုင်းမြို့ကိုပြောင်းရတော့မယ့် အာဂျွန်တစ်ယောက် သူ့မိတ်ဆွေအသတ်ခံရမှုရဲ့တရားခံကို အချိန်မှီ ဖမ်းမိနိုင်ပါ့မလား။တရားခံကဘယ်သူများဖြစ်နေမလဲဆိုတာကတော့ မေးခွန်းပေါင်းများစွာနဲ့ Plot twist ကောင်းလှတဲ့ဇာတ်ကားဖြစ်တာမို့ အချိန်ပေးကြည့်ရှုရတန်မဲ့ဇာတ်ကားအဖြစ်ညွှန်ပေးလိုက်ရပါစေ။အာဂျွန်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sudheer Babu ဖို့ ဇာတ်ကောင်သစ်ဖြစ်နေပေမယ့် ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကိုမြင်တွေ့ရမဲ့အပြင် ချီးကျူးမှုများစွာခံထားရတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…2.02GB/ 928MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Hunt (2023)

2023
Beyond the Neon (2022) 5.7
Beyond the Neon (2022) Beyond the Neon (2022) ================== IMDb Rating - 5.7/10ဒီဇာတ်လမ်းမှာ ဂျိုဝီဆိုတဲ့ Youtuber တစ်ယောက်နဲ့ သူ့အဖွဲ့သားတွေက လူမှုရေးစမ်းသပ်တဲ့ဗီဒီယိုတွေ ရိုက်ကူးရင်းနဲ့ လပ်ဗီးဂတ်စ်က ဟိုတယ် တစ်ခုမှာ ပြည့်တန်ဆာမလေးနဲ့ အမေးအမြန်းလုပ်ထားတဲ့ဗီဒီယိုတစ်ခုက ရေပန်းစားသွားတယ်။ အဲ့ဗီဒီယိုကြောင့် (၇)နှစ်လောက်ခွဲခွာနေရတဲ့ အမ ဖြစ်သူ ထရေစီ နဲ့ အဲ့ပြည့်တန်ဆာမလေးတို့ကို အတူပြန်ဆုံစည်းပေးဖို့ ကြိုးစားကြတဲ့အကြောင်းရိုက်ကူးကြမယ်ဆိုပြီး လုံးဝခက်ခက်ခဲခဲနဲ့ အန္တ ရာယ်တွေကြားမှာ နီယွန်မီးရောင်တွေရဲ့နောက်ကွယ်အထိပါ သတင်းအစ အနတွေကို ဘယ်လိုကြိုးစားရှာဖွေကြမလဲ...ဘာတွေ ကြုံတွေ့ကြမလဲ ဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းက လပ်ဗီးဂတ်စ် ဖျော်ဖြေရေးလောကတစ်ခွင်က လိင်ကုန် ကူးခံရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး ရိုက်ကူးထားပါတယ်။ လိင် ကုန်ကူးခံရမှုကနေ လွတ်မြောက်လာတဲ့နစ်နာသူတွေရဲ့ အင်တာဗျူး အစစ်တွေကိုလည်း ထည့်သွင်းထားပါတယ်။ လိင်ကုန်ကူးတဲ့ဖျော်ဖြေရေး လောကကြီးမှာ ခေတ်သစ်ကျေးကျွန်စနစ်လိုမျိုးဖြစ်ပျက်နေတဲ့ ပုံစံကြီးက ဒီလို ဒီလိုတွေလည်း ရှိတယ်ဆိုတာကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်း လေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Orika ဖြစ်ပါတယ်)File Size..........(1.56 GB) / (586 MB) / (344 MB) Quality............WEB-RIP 1080p / 720p / ...
movie

Beyond the Neon (2022)

2022
Machine Gun Preacher(2011) 7.0
Machine Gun Preacher(2011) Machine Gun Preacher(2011)***************************ဆမ်ချီလ်ဒါးစ်ဟာ ထောင်ထဲကိုဝင်လိုက်ထွက်လိုက် လုပ်နေတဲ့လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်ပါတယ်။နောက်ဆုံး ထောင်ကထွက်လာတော့ မိန်းမဖြစ်သူက ဘုရားသခင်ရဲ့ ကရုဏာနဲ့ အပြစ်တွေဆေးကြောပြီးဘဝသစ် စနေကြောင်း၊ ချီလ်ဒါးစ်ကိုလည်း အတိတ်ကလိုမနေဖို့ ပြောပေမယ့် လူဆိုးလုပ်ရတာမဝသေးတဲ့ ချီလ်ဒါးစ်ဟာ အရင်လို ပြန်ဆိုးမိုက်နေပါတယ်။ ဒါပေမယ့် မမျှော်လင့်ဘဲ သူဟာဘုရားကျောင်းကို လိုက်သွားပြီးတဲ့ နောက်မှာ သူ့လုပ်ရပ်တွေကို နောင်တရပြီးပြန်လည်ဆေးကြောဖို့ အသိဝင်လာပါတယ်။ ဒါကြောင့် အာဖရိကကို သွားပြီးတော့ပရဟိတလုပ်ငန်းတွေကို စတင်လုပ်ဆောင်ပါတယ်။ အတိတ်ကလုပ်ရပ်တွေကြောင့် သူ့ကိုအထင်သေးနေကြတဲ့ လူတွေကြားမှာ ချီလ်ဒါးစ်ရဲ့ လုပ်ငန်းတွေ အောင်မြင်ပါ့မလား၊သူ့ရဲ့ စေတနာနဲ့ လုပ်သမျှဟာ အဆင်ပြေချောမွေ့ နေပါ့မလားဆိုတာ ဇာတ်လမ်းထဲမှာ ရှုစားနိုင်ပါတယ်ဗျာ။ ဒီကားဟာ အပြင်မှာ တကယ်ရှိတဲ့ Sam Childers (ဆမ်ချီလ်ဒါးစ်)ရဲ့ စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထား တာဖြစ်ပါတယ်။ ကိုယ့်ဘဝအမှားတွေကို ပြန်လည်ဆေးကြောချင်သူတိုင်းလက်မလွှတ်တမ်းကြည့်သင့်တဲ့ ဇာတ် ကားလေး ဖြစ်ပါတယ်။File Size :(2.7GB)(1.03 GB) and (367 ...
movie

Machine Gun Preacher(2011)

Get Hard(2015) 6.0
Get Hard(2015) Get Hard (2015)=============IMDb - 6.0ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ Kevin Hart တို့ပါဝင်သရုပ်ဆောင်ထားပြီး 2015 တုန်းကထွက်ရှိခဲ့တဲ့ အခွီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။R-rated ဖြစ်ပြီး 18+ အခန်းတချို့ပါဝင်တဲ့အပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် မိသားစုနဲ့အတူတော့မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ချမ်းသာတဲ့စီးပွားရေး မန်နေဂျာတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကင်း(Will Ferrell) ဟာငွေကြေးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုစတဲ့စွဲချက်တွေနဲ့ အဖမ်းခံလိုက်ရပြီး ထောင်ဆယ်နှစ်အချခံလိုက်ရပါတယ်။ထောင်ထဲကိုမဝင်ခင် ပြင်ဆင်စရာတွေပြင်ဆင်ဖို့ဆိုပြီး အချိန်ရက်သုံးဆယ်လည်းပေးလိုက်ပါတယ်။ သူ့ကိုယ်သူထောင်ထဲမှာ မိနစ်ပိုင်းတောင်မခံမှန်းသိနေတဲ့ ဂျိမ်းစ်တစ်ယောက်ကယောင်ခြောက်ခြားတွေဖြစ်နေတုန်းမှာ အင်မတန်ကိုဖြူစင်ပြီးကားပါကင်ဖြတ်ပိုင်းတောင်မရဖူးတဲ့ ဒါနဲလ် (Kevin Hart) နဲ့တွေ့ပြီး ဒါနဲလ်ကိုထောင်ထွက်လူမိုက်တယောက်လိုမျိုးအထင်မှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ထောင်ထဲမှာရှင်သန်နိုင်အောင်သင်ပေးဖို့အတွက် ဒါနဲလ်ကိုဆရာတင်ရင်း နှစ်ယောက်လုံးဘယ်လိုတလွဲတွေဖြစ်ကြမလဲ၊ သူက‌ရောငွေတွေကိုတကယ်လိမ်ခဲ့တာလား၊နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ နှစ်ယောက်သားဘယ်လိုအရှုပ်တွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာကို တချိန်လုံးခွီရင်းကြည့်ရမှာပါ။ဟာသကားကောင်းကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…2.3GB / 831MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard ...
movie

Get Hard(2015)

2015
Infinity Pool (2023) 6.7
Infinity Pool (2023) ဂျိမ်းစ်နဲ့ ဂက်ဘီတို့ လင်မယားဟာ စာရေးဆရာ ဂျိမ်းစ် .. သူ့ရဲ့နောက်ထွက်မယ့် စာအုပ်အတွက် ပြည်ပနိုင်ငံကကျွန်းတစ်ကျွန်းကို အလည်အပတ် ထွက်လာခဲ့ကြတယ်အဲဒီမှာ ဂျိမ်းစ်တစ်ယောက် သူ့ရဲ့ စာဖတ်ပရိသတ်လင်မယား နှစ်ယောက်နဲ့ဆုံမိခဲ့ရာကညစာတွေအတူစားရင်း ခင်မင်သွားတယ်..တစ်ခုရှိတာက သူတို့သွားတဲ့ နိုင်ငံဟာ တိုးတက်မှုမရှိ ယဉ်ကျေးမှု မရှိတဲ့နေရာဖြစ်လို့ ရာဇဝတ်မှုတွေ မကြာခဏဆိုသလို ဖြစ်သလို ..ခရီးသည်သဘောမကျတဲ့ နယ်ခံတွေကခရီးသည်တွေကိုပစ်မှတ်ထားတတ်တဲ့ အရပ်ဒေသလည်းဖြစ်တယ် ...ဒါကို မဆင်မခြင်နဲ့ စုံတွဲနှစ်တွဲ ကားတစ်စီးငှားသောက်စားမူးရူးပြီး အပြန်လမ်းမှာနယ်ခံတစ်ယောက်ကို ကားနဲ့တိုက်ပြီးပြေးတယ် ...ဒါပေမဲ့ ဟိုလင်မယား ချောက်ချမှုကြောင့်စာရေးဆရာလင်မယား ဒုက္ခလှလှတွေ့သွားတယ်နိုင်ငံရဲ့ ဥပဒေအရ .. လူသတ်မှုကျူးလွန်ရင် တရားခံကိုသေတဲ့သူရဲ့ သားဖြစ်သူက သတ်ခွင့်ရှိပြီး သားမရှိရင် နိုင်ငံတော်က ကွပ်မျက်ပေးတယ် ..ဒီတော့ လူပေါင်းမှားတဲ့ ဂျိမ်းတစ်ယောက် ကူညီရာမဲ့ဖြစ်နေချိန်မှာသရက်ရှ်ဆိုတဲ့ စုံထောက်ဟာ ကမ်းလှမ်းချက်တစ်ခု လုပ်လာတယ် ..ဒါကတော့ သူတို့မှာသာ ငွေအလုံအလောက်ရှိရင်သူတို့ သေတာကို သူတို့ကိုယ်တိုင် ပြန်ကြည့်ခွင့်ရှိမယ်ဆိုတဲ့ စကားပါ ...
movie

Infinity Pool (2023)

2023
4K HEVC
Elephant (2003) 7.1
Elephant (2003) Elephant (2003)~ IMDb - 7.1/10, Rotten Tomatoes - 74% ~ဒီကားနာမည်ကိုကြည့်ပြီး ဆင်လေးတွေအကြောင်းရိုက်ထားတယ်ထင်ပြီး လာတယ်ဆိုရင်တော့ မှားပါမယ်။ ဒီလိုပါပဲ ဆင်တွေအကြောင်းမို့ မကြည့်ချင်လို့ ကျော်သွားမယ်ဆိုလည်း မှားမှာပါပဲ။ ဘာကြောင့် ဒီနာမည်ပေးထားမှန်း မသိပေမယ့် ကားအစ ကားအဆုံး ဆင်တစ်ကောင်မှ မပါ,ပါဘူး။ကိုင်း ဒါဖြင့် ဘာအကြောင်းများလဲ...။လူအတော်များများကတော့ ရုပ်ရှင်တွေထဲမှာ အမေရိကန် အထက်တန်းကျောင်းတွေ၊ ဆယ်ကျော်သက်အိပ်မက်တွေကို ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကြိမ်ဖန်များစွာဖြစ်နေကြတဲ့ ကျောင်းတွင်းပစ်ခတ်မှုတွေအကြောင်းရော… ရုပ်ရှင်တွေထဲ အကျွမ်းတဝင်ရှိကြပါပြီလား။ဟုတ်ပါတယ်...။ လက်နက်ကိုင်ဆောင်ခွင့် မတင်းကြပ်ထားတဲ့ အမေရိကန်နိင်ငံမှာ ကျောင်းက ကလေးတွေအပစ်ခံရတာကို သတင်းတွေမှာ မကြာခဏတွေ့ဖူးမှာပါ။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုပေါင်း ၃၀၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတောင် မီချီဂန်က တက္ကသိုလ်မှာပစ်သွားလို့ ၃ယောက် ဆုံးသွားပါသေးတယ်။ ...
movie

Elephant (2003)

2003
Son of a Gun(2014) 6.4
Son of a Gun(2014) Son of a Gun(2014)=============== ပြစ်မှုတစ်ခုနဲ့ ထောင်ထဲကို ပထမဆုံးရောက်လာတဲ့ ဂျက်စီ ရိုင်ယန်ဝှိုက်ဆိုတဲ့ ၁၉ နှစ်အရွယ် ကောင်လေးတစ်ယောက်..ထောင်ထဲမှာ ဆပ်ပြာတုံးပြုတ်ကျလို့တောင် မကောက်ရဲဖြစ်နေချိန်Criminal Mastermind တဖြစ်လည်း စစ်တုရင်ပညာရှင် တစ်ဦးဖြစ်သူဘရန်ဒန် နှင့် တွေ့ဆုံပြီး စစ်တုရင်ကစားကွက်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ကျွမ်းကျင်စွာ ကစားနိုင်တဲ့ ဂျက်စီကို သဘောကျသွားတဲ့ ဘရန်ဒန်က ဂျက်စီနဲ့ပူးပေါင်းပြီး အပြင်လောကမှာပါ Perfect Crime တစ်ခုကို ကျူးလွန်ဖို့ကြိုးစားတဲ့အခါ သူတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ လှည့်ကွက်တွေ၊ပညာသားပါမှု၊ အနိမ့်အမြင့်အတက်အကျ များ စုပေါင်းပြီး ဘယ်လိုစိတ်ကျေနပ်စရာ ရသများကို ပေးစွမ်းနိုင်မလဲဆိုတာCM က ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.31GB / 548MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 48m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Son of a Gun(2014)

Assault on Precinct 13(2005) 6.3
Assault on Precinct 13(2005) Assault on Precinct 13(2005)=======================ဒီဇာတ်ကားလေးကတော့ အက်ရှင်နဲ့ သည်းထိတ်ရင်ဖို ကြိုက်နှစ်သက်သူတွေအတွက်ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ရာဇဝတ်သားတွေကို ထောင်ပြောင်းဖို့သယ်ဆောင်လာတဲ့ကားက လမ်းခရီးလမ်းကြမ်းတာကြောင့်မကြာခင် ပိတ်တော့မယ် စခန်း အမှတ် ၁၃ မှာ ခရီးတစ်ထောက်နားဖို့ဖြစ်လာခဲ့ပါတယ်မင်းသားကတော့ အတိတ်က ဒဏ်ရာတွေကြောင့် အနာမကျက်သေးပဲဒီရာဇဝတ်သားတွေနဲ့ အတူပူးပေါင်းဖို့အကြောင်းပေါ်လာခဲ့ပါတယ်လူဆိုးတွေနဲ့ လူကောင်းတွေကြား မျဉ်းလေးနည်းနည်းပဲ ခြားတာကိုသေချာသရုပ်ဖော်ထားတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…1.23GB / 507MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw
movie

Assault on Precinct 13(2005)