Channel Myanmar

Crime

Aan: Men at Work (2004) 5.7
Aan: Men at Work (2004) Aan: Men at Work (2004) Action, Crime, Drama IMDb 5.7/10 (3.2K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ၂၀၀၀ခုနှစ်အလွန်လောက်က ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ မှုခင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်ကြတဲ့ အရှေးကူမား..ဆူနီးရှက်တီး..အစ်ရဖန်းခန်း..ဂျက်ကီရှရော့ဖ်စတဲ့ မင်းသားကြီးတွေအပြင် မင်းသမီး ရဗီနားတန်ဒန်နဲ့ လာရာဒက်သားတို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ တခြားသော နာမည်ကြီးဇာတ်ပို့သရုပ်ဆောင်များစွာနဲ့လည်း အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် လူမှန် မြို့ပြင်ထွက်နေ ဆိုသလို ပူနေးမြို့ကနေ မွန်ဘိုင်းမြို့ကို အရာရှိတစ်ယောက်ဟာ နယ်ပြောင်းတာဝန်ကျလာခဲ့ပါတယ်။ရာထူးတိုးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့။ သူ ရောက်လာတဲ့ မွန်ဘိုင်းမြို့ရဲ့အခြေအနေဟာလည်း တစ်မြို့လုံးကို လူမိုက်ဂိုဏ်းအသီးသီးက အုပ်စိုးကျက်စားနေသလို နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေဟာလည်း လူမိုက်တွေနဲ့ပေါင်းပြီး မတရားစွာ ကြီးစိုးနေခဲ့ကြပါတယ်။အင်အားကြီးသူက အနိုင်စတတ်စမြဲ ဒီလောကကြီးမှာ ရဲတွေဟာလည်း ကျီးလန့်စာ စားနေခဲ့ရပါတယ်။ နာမည်သာရှိပေမယ့် စနစ်ဆိုးကြီးကြောင့် လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လုပ်ပိုင်ခွင့်နဲ့ ရှေ့လည်းမတိုးသာ နောက်လည်းမဆုတ်သာ အခြေအနေပါ။အဲ့ဒီစနစ်ကြီးကို ဒီအရာရှိနဲ့ သူ့အဖွဲ့က ပြောင်းလဲပစ်ဖို့ ကြံစည်လာတဲ့အခါ တစ်ဖက်က လူမိုက်ဂိုဏ်းအသီးအသီးဟာလည်း ဒီရဲတွေကို ရှင်းထုတ်ပစ်ဖို့ ကြံလာခဲ့ပါပြီ။ဆက်လက်ပြီး ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းနဲ့သွားမလား...။ငွေများတရားနိုင်ဆိုတဲ့ ဇာတ်နာနဲ့သွားမလားဆိုတာကိုတော့ ဖန်သားပြင်ထက်မှာပဲ ဆက်လက်ပြီးရှုစားပေးကြပါဦးနော်...။ File size…3GB ...
movie

Aan: Men at Work (2004)

2004
Manhunter(1986) 7.2
Manhunter(1986) Manhunter(1986)===============FBI စုံထောက်‌ဝေလ်ဂရေဟမ် ဟာကွင်းဆက်လူသတ်သမားအမှုတစ်ခုစုံစမ်းပြီး နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် မိသားစုနဲ့အတူကမ်းခြေအိမ်လေမှာ ဇာတ်မြှုပ်နေနေသူဖြစ်တယ်။တစ်နေ့တော့ ဂရေဟမ်ဆီကိုသူငယ်ချင်းဖြစ်သူရောက်လာပြီးမိသားစုလိုက်သတ်ဖြတ်ခဲ့တဲ့ကွင်းဆက်လူသတ်သမားကိုကူညီစုံစမ်းပေးဖို့ အကူအညီတောင်းလာတဲ့အခါ။ဂရေဟမ်တစ်ယောက်လူသတ်မှုတွေကို ဘယ်လိုစုံစမ်းဖော်ထုတ်မလဲ။လူသတ်သမားကရော ဘယ်လိုပိပိရိရိ ရှောင်တိမ်းမလဲ။ဉာဏ်ကြီးရှင်လူသတ်သမားတွေနဲ့ FBI စုံထောက်တွေကြားအားပြိုင်‌ပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ File size…1.3GB / 455MB Quality…WEB-DL 1080p5.1CH / 720p Format…mp4 Duration….2h Genre ..... Crime , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eunice
movie

Manhunter(1986)

The Yards (2000)
The Yards (2000) Leo တစ်ယောက် ထောင်က အိမ်ကို ပြန်လာတဲ့ အခန်းနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ သူ လူတောသူတောတိုးပြီး အလုပ်တစ်ခု ဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့က သူ့ရဲ့တစ်ခုတည်းသောဆန္ဒဖြစ်ပါတယ်။အဲတော့ သူ့အဒေါ်ရဲ့ ခင်ပွန်းအသစ်ဖြစ်သူ Frank ဦးစီးလုပ်ကိုင်နေတဲ့ မီးရထားအပိုပစ္စည်းအမျိုးမျိုး ထုတ်လုပ်တဲ့ ကုမ္ပဏီမှာ အလုပ်သွားလုပ်ဖို့ လုပ်ပါတယ်။ ဒါပေမဲ့ အဲမှာအလုပ်လုပ်နိုင်ဖို့ဆို သင်တန်းကျောင်းတစ်ခုခု တက်ပြီး နှစ်အနည်းငယ်ကြာမှ အလုပ်ဝင်လို့ရနိုင်မယ်လို့ သိလိုက်ရတဲ့ပါတယ်။မုဆိုးမသူ့အမေကို ပြန်ထောက်ပံ့ပေးဖို့ ချက်ချင်းငွေရှာနိုင်ဖို့လိုနေတဲ့ သားလိမ္မာလေး Leo ဟာ သူ့သူငယ်ချင်း Willie လုပ်နေတဲ့ အဲကုမ္ပဏီရဲ့ ဝယ်သူတွေနဲ့ အဆက်အဆံလုပ်ရတယ်လို့ အမည်ခံထားတဲ့ မရှုပ်မရှင်းအလုပ်ကို ဝင်လုပ်ဖို့ပဲ စိတ်ပိုယိုင်သွားတဲ့အခါ အဲအလုပ်လုပ်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်သွားဦးမလဲ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အခြေအနေ၊ အကြောင်းတရားတွေကိုလိုက်ပြီး လူတွေလုပ်ကြတဲ့ ရွေးချယ်မှုတွေအကြောင်း၊ နိုင်ငံရေးနဲ့ စီးပွားရေးသမားလို့ ကိုယ့်ကိုအမည်တပ်ပြီး လောဘသားကောင်ဖြစ်နေကြသူတွေ အကြောင်းပေါ်လွင်အောင် ရိုက်ထားတဲ့ရုပ်ရှင်ကားတစ်ကားလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ဒီဇာတ်ကားလေးမှာ Leo အဖြစ် Mark Wahlberg ( ...
movie

The Yards (2000)

Two Hands(1999) 7.1
Two Hands(1999) Two Hands(1999)****************Heath Ledger ရဲ့ကားကောင်းတစ်ကားဖြစ်ပါတယ်..ဂျင်မီဟာ ကလပ်မှာ အလုပ်လုပ်တဲ့ကောင်လေးပေါ့။ တစ်နေ့မှာ နယ်မြေရဲ့ဂိုဏ်းစတားကသူ့ပိုက်ဆံ‌တွေသွားပို့ပေးဖို့ဂျင်မီကိုခိုင်းခဲ့ပါတယ်.. သွားပို့ရမယ့်နေရာမှာ ငွေလက်ခံမယ့်သူက အိမ်ထဲက ထွက်မလာလို့အချိန်ဖြုန်းဖို့ဆိုပြီး ရေသွားကူးမိခါမှ ပိုက်ဆံတွေအလစ်သုတ်ခံလိုက်ရပါတယ်။ ပိုက်ဆံတွေပြန်မပေးနိုင်ရင် အသတ်ခံရမှာဆိုတော့ ဂျင်မီခ‌မျာ ကြံမိကြံရာကြံရပါတော့တယ်။ ကံတရားရဲ့အလှည့်အပြောင်းတွေကြောင့် ဂျင်မီတစ်ယောက် အဆုံးမှာဘယ်လိုဖြစ်သွားမလဲဆိုတာ‌ကိုတော့,,,File Size :(2.1GB)(897 MB) and (286MB) Quality : Blu-Ray 720p Format…mp4 Duration…01:43:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Two Hands(1999)

Paul Blart: Mall Cop 2 (2015)
Paul Blart: Mall Cop 2 (2015) Paul Blart Mall Cop 1 ထုတ်လွှင့်အပြီး ၆နှစ်အကြာမှာ အပိုင်း(2) ထပ်မံထွက်ရှိခဲ့ပါတယ်...။ အပိုင်း (2)မှာလည်း... အပိုင်း (1)တုန်းကလိုပဲ ကုန်တိုက်လုံခြုံရေးပေါလ်ဘလတ်ရဲ့ စွန့်စားခန်းဟာသတွေကို တွေ့ရှိရမှာပါ။ ဇာတ်လမ်းအကျဥ်းမှာတော့ ပေါလ်ကို "လုံခြုံရေးအရာရှိများအသင်းအဖွဲ့ကြီး"က ဗေးဂတ်စ်မြို့က "ဝင်န်ဟိုတယ်"မှာ ကုန်စည်ပြပွဲနဲ့ ဆုပေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်။ ဝင်န်ဟိုတယ်ကို ပေါလ်နဲ့ ပေါလ်သမီး မာရာတို့ လာရောက်တည်းခိုရင်းနဲ့ ပန်းချီကားသူခိုးလူဆိုးအဖွဲ့နဲ့ ကြုံရပါတော့တယ်။ ပထမအပိုင်းကလိုပဲ ပေါလ်အနေနဲ့ လူဆိုးအဖွဲ့ကို တစ်ယောက်ချင်းဖြုတ်ဖို့ ဖြစ်လာခဲ့တယ်။ ပေါလ်တစ်ယောက်ရဲ့ အလွဲတွေနဲ့စွန့်စားခန်းကို ဟာသနဲ့ actionရောနှောထားတဲ့ဇာတ်ကားတစ်ကားအနေနဲ့ ကြည့်ရှုရမှာပါ။ Paul Blart Mall Cop (1)ကို ကြည့်ရတာ သဘောကျရင် (2)ကို ဆက်ကြည့်လို့ရပါတယ်နော်...။ နှစ်ကားထွက်ပေမဲ့ ဇာတ်လမ်းချင်းအရမ်းမချိတ်ဆက်ထားတာကြောင့် တစ်ကားချင်းကြည့်လို့လည်းရပါတယ်။File size…(1.97GB)  / (`1.1GB) / (671.02MB) Quality…. Web 1080P ...
movie

Paul Blart: Mall Cop 2 (2015)

Paul Blart: Mall Cop(2009)
Paul Blart: Mall Cop(2009) ဒီ ဇာတ်လမ်းလေးကတော့ ခပ်ဝဝနဲ့ စိတ်ကောင်းရှိတဲ့ ကုန်တိုက်လုံခြုံရေး ပေါလ်ဘလတ် ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ ။ Comedy, Actionအမျိုးအစားဖြစ်ပြီးတော့ မိသားစုနဲ့အတူတူကြည့်လို့ကောင်းမယ့် wholesomeဖြစ်တဲ့ ဇာတ်ကားမျိုးလေးလည်း ဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းမှာတော့ ပေါလ်ဘလတ်က ဝက်စ်အောရိန့်ချ် ပါဗီလီယွန်ကုန်တိုက်ရဲ့ လုံခြုံရေးအစောင့်တစ်ယောက်၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာဖို့ကြိုးစားနေပေမဲ့ သွေးတွင်းသကြားဓာတ်နည်းတဲ့ရောဂါကြောင့် အိပ်မက်က အလှမ်းဝေးနေတယ်။ ပေါလ်ရဲ့ မိခင်နဲ့ ပေါလ်ရဲ့မိတဆိုးသမီးလေးမာရာကတော့ ပေါလ်ကို ဂရုစိုက်ရှာပါတယ်။ ပေါလ်ကို လက်တွဲဖော်လေးတစ်ယောက်လည်း ရစေချင်ကြတယ်။ ပေါလ်မှာလည်း သူလုံခြုံရေးစောင့်တဲ့ ကုန်တိုက်ထဲမှာ ချစ်ရတဲ့crushလေးရှိလာတယ်။ တစ်နေ့ ပေါလ်တို့ရဲ့ ကုန်တိုက်ကို အကြမ်းဖက် လူဆိုးအုပ်စုက ဓားပြတိုက်ဖို့ ဝင်ရောက်စီးနင်းကြတယ်။ အဲဒီအချိန်မှာ ဓားစာခံမိထားတဲ့crushလေးကိုကယ်လိုဇောနဲ့ ပေါလ်တစ်ယောက်က လူဆိုး၈ယောက်ကို တစ်ကိုယ်တော်အစွမ်းနဲ့ တစ်ဆင့်ချင်း ဘယ်လိုဖြုတ်သွားမလဲဆိုတာကိုတော့ Paul Blart Mall Cop ဇာတ်ကားလေးထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလို့ရပါပြီFile size…(1.7GB)  / ...
movie

Paul Blart: Mall Cop(2009)

Stealing Raden Saleh (2022) 7.5
Stealing Raden Saleh (2022) Stealing Raden Saleh (2022)(1080p ရပါပြီ)ဇာတ်လမ်းအစမှာတော့ နိုင်ငံကျော်ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုပုံတူပွားဆွဲတဲ့ပီကိုနဲ့ စထားပါတယ်။ လေလံပွဲမှာ ပီကိုဆွဲထားတဲ့ ကောပီအပွားက သန်းကိုးရာနဲ့ရောင်းထွက်သွားခဲ့ပါတယ်။ပီကို့ရဲ့အဖေကလည်း လုရက်မှု တစ်ခုနဲ့ထောင်ကျနေခဲ့ပြီး အဖေကို ထောင်မကျအောင် အမှုကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ၂ ဘီလီယံလိုလာခဲ့ပါတော့တယ်။ အဲ့ဒါနဲ့ သူငယ်ချင်း အူးကျွတ်နဲ့ တိုင်ပင်ရင်း ဇာတ်ကားနာမည်ထဲက ပန်းချီ အကျော်အမော် ရာဒင် ဆာလက်ရဲ့ ပန်းချီကား တစ်ခုကို ပုံတူကူးဆွဲပြီး ရောင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ပီကိုကရော ပန်းချီအကျော်အမော် ရာဒင်ဆာလက်ရဲ့ ပန်းချီကားကို ပုံတူဆွဲပြီး အောင်အောင်မြင်မြင်နဲ့ရောင်းချနိုင်ပါ့မလား? သူ့အဖေကိုကော အယူခံဝင်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား? ဆိုတာ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။စကားချပ်အနေနဲ့ကော့ အင်ဒိုနီးရှားဆိုတာ ကျွန်တော်တို့ရဲ့ ဒေသတွင်းအိမ်နီးချင်းနိုင်ငံဖြစ်ပေမဲ့ ရုပ်ရှင်အရည်အသွေးပိုင်းမှာတော့ အများကြီးတိုးတတ်လာပါတယ်။ အဲ့ဒီအပြင် IMDB မှာ rating 7.5 ရရှိထားပြီး အစကနေအဆုံးထိ ရိုးအီမသွားအောင်ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှု့ခံစားလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Stealing Raden Saleh (2022)

2022
Transfusion (2023) 5.3
Transfusion (2023) Transfusion (2023)ဒီဇာတ်ကားက Avatar မင်းသား Sam Worthingtonရဲ့ Action,Dramaဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ သူအ​နေနဲ့ ဒီဇာတ်ကားထဲမှာ အထူးစစ်ဆင်​ရေး စစ်သားဟောင်း ရိုင်ယန်လိုဂန်အဖြစ် ပါဝင်ထားပါတယ်။ ဇနီးဖြစ်သူ ယာဉ်တိုက်မှုနဲ့ဆုံးပါးသွားပြီး​​နောက် စစ်ထဲကထွက်ကာ မိတဆိုးသား​​လေးနဲ့အတူ ရရာအလုပ်လုပ်ရင်း ဇနီးသည် ဆုံးရှုံးခဲ့တဲ့ စိတ်ဒဏ်ရာနဲ့ စစ်အတွင်းက ရခဲ့တဲ့ စိတ်ဒဏ်ရာ​တွေကို ကုစားဖို့ ကြိုးစားရင်း သားဖြစ်သူရဲ့​ရှေ့​​ရေးအတွက် ပိုက်ဆံပိုရှာဖို့ လိုအပ်လာတဲ့အခါ တပ်ထဲက အထက်အ​ရာရှိ​ဟောင်းနဲ့ပူး​ပေါင်းပြီး ဒုစရိုက်​လောကထဲကို ဝင်​ရောက်ဖို့ အ​ကြောင်းဖန်လာပါ​တော့တယ်။အညွှန်းကိုတော့ X က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ X နဲ့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 913MB | 504MB | 258MB Format… mp4 Duration….1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ..... X and Rashida Encoder ...
movie

Transfusion (2023)

2023
99.9 Criminal Lawyer: The Movie (2021) 6.3
99.9 Criminal Lawyer: The Movie (2021) 99.9 Criminal Lawyer: The Movie (2021) ============================= IMDb Rating - 6.3/10"ဂျပန်နိုင်ငံက ရာဇဝတ်မှုတွေရဲ့ ၉၉.၉%ဟာ အပြစ်ရှိကြောင်း စီရင်ချက်ချခံရတယ်"၊ "တရားစွဲခံရပြီဆိုတာနဲ့ အပြစ်ဒဏ်ချခံရမှာ သေချာသလောက်ပဲ"၊"ဒီဇာတ်ကားဟာ ကျန်တဲ့(၀.၁%) နောက်ကွယ်ကဖုံးကွယ်နေတဲ့ အမှန်တရားဆီအရောက်သွားဖို့ ဘာမဆိုလုပ်မယ့် ရှေ့နေတွေအ ကြောင်းဖြစ်ပါတယ်"။ဤကား ဇာတ်ကားမိတ်ဆက်။99.9 Criminal Lawyer ဟာ စီးရီးသပ်သပ်ရှိပါတယ်။ ဒါကမူဗီပါ။ စီးရီးနဲ့ ဒီမူဗီရဲ့ အမှုတွေက ဆက်စပ်မနေတာမို့ စီးရီးမကြည့်ဖူးလည်း ဒီမူဗီကိုတန်းကြည့်လို့ရပါတယ်။ဟီရိုတိုမိယာမဆိုတဲ့ လူငယ်ရှေ့နေ့တစ်ယောက်ဟာ မာဒရာမဲဥပေဒေ ရုံးမှာ အလုပ်လုပ်ပါတယ်။ သူက အခင်းဖြစ်ပွားတဲ့ပုံစံကို ပြန်လည်သ ရုပ်ဖော်ပြီး ထင်မထားတဲ့နေရာက သဲလွန်စတွေနဲ့ အမှန်တရားကိုရှာဖွေ တတ်သူပါ။  ဒီကားထဲမှာတော့ လွန်ခဲ့တဲ့၁၅နှစ်က ဝိုင်အဆိပ်သင့်မှုကို မိယာမနဲ့သူ့အဖွဲ့သားတွေ ရှာဖွေစုံစမ်းပုံကို စိတ်ဝင်စားဖွယ်ကြည့်ရှူရ မှာပါ။ တစ်ကားလုံး တရားခံဘယ်သူလဲ စဉ်းစားလာခဲ့ပြီးမှ နောက်ဆုံးမှာ "ဟာ!" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်ရမယ့် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.9 GB) / (828 MB) / (495 MB) Quality............WEB-RIP ...
movie

99.9 Criminal Lawyer: The Movie (2021)

2021
Kiss the Girls (1997) 6.6
Kiss the Girls (1997) ကျောချမ်းစရာ မှုခင်းဒရာမာကောင်းကောင်းလေးတစ်ခု တင်ပေးထားပါတယ်။မှုခင်းဆိုင်ရာ စိတ်ပညာရှင် Alex Cross ဟာ သူ့တူမ ပျောက်ဆုံးသွားတာကို သိသွားတာနဲ့တစ်ပြိုင်နက် သူ့တူမ နေထိုင်ရာဒေသကို လိုက်သွားပါတယ်။ အဲဒီက ဒေသခံရဲတပ်ဖွဲ့ဆီက Casanova ဆိုတဲ့ ကွင်းဆက်လူသတ်သမားက ပြန်ပေးဆွဲသွားတာ ဖြစ်နိုင်ကြောင်း သိလိုက်ရပါတယ်။ အဲလိုဖြစ်နေတဲ့အချိန်မှာပဲ တက္ကသိုလ်ဆေးရုံမှ ဒေါက်တာ Kate McTiernan ဆိုသူ အမျိုးသမီးဟာ Casanova ဖမ်းတာခံလိုက်ရပြီး သူ့ကို ဖမ်းဆီးထားတဲ့နေရာမှာ တခြားအမျိုးသမီးတွေလည်း ရှိနေတာကို တွေ့ခဲ့ရပါတယ်။ ကံကောင်းချင်တော့ Kate ဟာ အဲလူသတ်သမားထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး Alex Cross နဲ့ ပူးပေါင်းကာ Casanova ဖမ်းနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက James Patterson ရဲ့ Kiss the girls ဆိုတဲ့ bestseller မှုခင်းဝတ္တုကို ဒါရိုက်တာ Gary Fleder ...
movie

Kiss the Girls (1997)

Ruben Brandt, Collector(2018) 7.2
Ruben Brandt, Collector(2018) Ruben Brandt, Collector(2018)****************************သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကိုသဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ၊ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ၊ ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ။ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ၊ပါးစပ်ငါးခုတွေ၊ မျက်လုံးသုံးလုံးငါးလုံး ၊two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ။ ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး၊တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့။ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ။ ဒါ့အပြင် စုံထောက်စတိုင်တွေ၊actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီးဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ၊ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါပဲ...File Size :(1.1GB) and (418 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:36:00 Genre : Crime , Animation , Action Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded ...
movie

Ruben Brandt, Collector(2018)

Greenfingers (2000) 6.8
Greenfingers (2000) Greenfingers (2000)===============IMDb Rating - 6.8/10၂၀၀၀ ပြည့်နှစ်က အင်္ဂလိပ် ‌ဟာသဒရမ်မာဇာတ်လမ်း Greenfingers ဟာ ဖြစ်ရပ်မှန်ကို အခြေခံထားတာပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။Greenfinger ဆိုတာ သစ်ပင် အစိုက်ကောင်းတဲ့ ဥယျာဉ်မှူးတွေကို တင်စားခေါ်ဝေါ်တဲ့စကား ဖြစ်ပါတယ်။ အင်္ဂလန်က လုံခြုံရေးလျှော့ပေါ့ထားတဲ့ အကျဉ်း စခန်းတစ်ခုက ဆုရအကျဥ်းသားတွေအကြောင်း အခြေခံရိုက် ကူးထားတယ်လို့ ဆိုပါတယ်။ဇာတ်လမ်းထဲမှာ ကောလင်န်ဘရစ်စ်ဟာ ထောင်နှစ်ရှည်ကျနေတဲ့ အကျဉ်းသားတစ်ယောက်ပါ။ နှစ်အတော်ကြာပြီးတဲ့နောက် သူ့ အပြုအမူကောင်းတွေကြောင့် လုံခြုံးရေးလျှော့ပေါ့ထားတဲ့ open prison စနစ်နဲ့ အကျဉ်းထောင်တစ်ခုဆီ ပြောင်းရွှေ့ရပါတယ်။ အဲဒီမှာ လူအမျိုးမျိုးနဲ့ တွေ့ရပေမဲ့ အထူးခြားဆုံးက သူ့အခန်းဖော် အဘိုးကြီးဖားဂတ်စ်ပါ။ တစ်နေ့မှာ ဖားဂတ်စ်ကြီးကောင်းမှုကြောင့် ကောလင်န်နဲ့ အကျဉ်းသားတစ်စုတို့ ဥယျာဉ်မှူးဘ၀ကို ရောက်မှန်း မသိ ရောက်သွားကြပါတယ်။ အဲဒီမှာ သူတို့‌တွေအပြောင်းအလဲကြီး ပြောင်းလဲပြီး ဘ၀ပန်းတိုင်းကို ရှာတွေ့သွားကြပါတယ်။ဒါပေမဲ့ လူတွေရဲ့ အလိုလိုအထင်သေးခံရမှုတွေကြောင့် သူတို့ပန်းတိုင် ကို သွားရာလမ်းဟာ မဖြောင့်ဖြူးဘဲ အနှောင့်အယှက်တွေ ကြုံရပါတယ်။ ထောင်ထဲကလူဆိုးတွေဘ၀ကနေ ပန်းဥယျာဉ်မှူးအဖြစ် ပြောင်းလဲသွား ကြတဲ့ ကောလင်န်တို့လူစု အခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ် သွားကြမလဲဆိုတာ တွေးရင်းငေးရင်း စိတ်၀င်တစား ကြည့်ကြရမှာပါ။မြင်‌နေကျ အကျဉ်းထောင်ဇာတ်လမ်းတွေမျိုး ...
movie

Greenfingers (2000)

2000
Kaapa (2022) 6.9
Kaapa (2022) Kaapa (2022)IMDb 7/10 ပျိုမေတွေရဲ့အသည်းစွဲ မင်းသားကြီး Prithviraj Sukumaran ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller/Crime အမျိုးအစားဇာတ်ကားကောင်းကိုတင်ဆက်ပေးချင်ပါတယ် အာနန်နဲ့ဘီနူဟာ ချစ်ကြည်နူး တစ်တီတူးလို့မဝသေးတဲ့ကြင်စဦးမောင်နှံလေးပါ သူတို့က ဘန်ဂလောကနေ သီရုဗနသာပူရန်လို့ခေါ်တဲ့မြို့လေးကို ပြောင်းလာခါစရှိပါသေးတယ် အဲ့အချိန်မှာပဲ အာနန်သိလိုက်ရတာက သူ့မဟေသီက မဟာ့မဟာလူဆိုးစာရင်း kaapa ဆိုတဲ့ စာရင်းထဲကို ပါနေတာပါပြီးတော့ အဲ့မြို့ကိုကြီးစိုးနေတဲ့ဂိုဏ်းက မာဒူဦးစီးတဲ့ ကိုလ်တာမာဒူဂိုဏ်းပါတဲ့ မာဒူနဲ့သူ့မိန်းမ ဘီနူရဲ့မျိုးနွယ်သီရိဗစ်ကရာမန်နဲ့က ကမ္ဘာမကြေတွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြန်ဘူးဆိုတာလဲ သိလိုက်ရပါတယ် အာနန်တစ်ယောက် ဂိုဏ်းစတားကြီးကိုပဲ ပြေးတောင်းပန်ရမလား ရဲမှတ်တမ်းကပဲ သူ့မိန်းမနာမည်ဖျက်ပေးရမလား စသည်ဖြင့် ဇာတ်ရှုပ်ကြီးထဲဝင်ပါမိရာကနေ အပ်ချည်အစဖြေသလို နောက်ကွယ်ထိ ဘယ်လိုဝင်ပတ်သတ်ရမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးကြပါဦး....... File size…2.01GB / 935MB Quality…1080p NF WEB DL /720p Format…mp4 Duration…2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai Thu Rein & OeliuJ & Yunni
movie

Kaapa (2022)

2022
RocknRolla(2008) 7.2
RocknRolla(2008) RocknRolla(2008)=============== နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်းအကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့်ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေးတစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအဖြစ်အပျက်တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက်တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။ File size…1.13GB / 502MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chloe Khin
movie

RocknRolla(2008)

Mukundan Unni Associates™ (2022) 8.0
Mukundan Unni Associates™ (2022) Mukandan Unni Associate ====================‌ imdb rating 8.0/ 1.5k၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ် စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။ Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင် သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေ အောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီး အိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီး ရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံက ဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင် ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက် ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.39GB / 829MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ThuRein Lynn
movie

Mukundan Unni Associates™ (2022)

2022
Raw Deal(1986) 5.7
Raw Deal(1986) Raw Deal(1986)============== မာဖီးယားဂိုဏ်းကြီးတခုရဲ့ အမှုမျက်မြင်သက်သေ ကိုကာကွယ်ရင်းသေဆုံးသွားတဲ့ သားဖြစ်သူအတွက် လက်စားခြေဖို့ ကြိုးစားနေတဲ့အရာရှိကြီး ဟယ်ရီရှန်နွန် သက်ငယ်မုဒိမ်းမှု တရားခံကို ကြမ်းတမ်းစွာဖမ်းဆီးမှုနဲ့ ရာထူးချခံလိုက်ရပြီး နယ်မြို့လေးမှာ အရက်စွဲနေတဲ့ဇနီးဖြစ်သူနဲ့ နေထိုင်ရင်း စိတ်ဓာတ်ကျနေတဲ့ နယ်ထိန်း ကာမင်စကီ(အာနိုး)အဲ့ဒီနှစ်ယောက်ပူးပေါင်းမိပြီး အရာရှိတွေပါအိပ်ထဲထည့်ထားနိုင်တဲ့ချီကာဂိုမြို့ရဲ့အကြီးဆုံးမာဖီးယားဂိုဏ်းကြီး ထဲမှာ သူလျှိုအဖြစ်ဝင်ရောက်ကာ ဖျက်ဆီးဖို့ကြိုးစားကြပုံတွေကို ၁၉၈၀ခေတ်ကာလက‌ဇာတ်ကားဟောင်းလေးတွေ အမှတ်တရ ပြန်လည်ကြည့်ရှုလိုသူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ်..(Arnold Schwarzenegger (အားနိုး)  ငယ်ဘဝ ရဲ့  ပုံရိပ်လေးတွေကိုဒီကားမှာ ပြန်လည် ခံစားလို့ ရမှာ ဖြစ်ပါတယ်)  File size…1.25GB / 518MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chit Min Thu
movie

Raw Deal(1986)

Chasing The Dragon ( 2023 ) 6.2
Chasing The Dragon ( 2023 ) ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေအတွင်း ဟောင်ကောင်မှ ရဲတပ်ဖွဲ့တွေဟာ ဒုစရိုက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး အကျင့်ပျက် ချစားမှုတွေ လုပ်ကိုင်ခဲ့ကြပြီးတော့ ဟောင်ကောင်ဟာ ဒုစရိုက်နယ်မြေကြီးသဖွယ်ဖြစ်လို့လာခဲ့ပါတယ် ။အဲဒီအချိန်မှာပဲ တိုက်ရည် ခိုက်ရည်ကောင်းတဲ့ ဝူကော်ဟောင် နဲ့ သူ့ရဲ့ ငယ်သူငယ်ချင်းနှစ်ယောက်တို့ဟာ ဟောင်ကောင်ကို မှောင်ခိုလုပ်ငန်းလုပ်ပြီး စီးပွားရှာချင်လို့ ရောက်လာခဲ့ကြပါတယ် ။ကံအကြောင်းဖန်လာပြန်တော့ ဟောင်ကောင်ရဲ့ အမှုစစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ရွှီလဲ့နဲ့ တွေ့ဆုံခဲ့ပြီး ရွှီလဲ့ဆီမှာ အခစားဖို့ ဖြစ်လာခဲ့ပါတယ် ။ အမှုစစ်ရွှီလဲ့ဟာ လက်ရှိမှာ ပိုင်အိမ်တော် မမလေးကျန်းနီရဲ့ ခင်ပွန်းဖြစ်နေပြီးတော့ တစ်နေ့မှာ သေဆုံးနေပြီဟု သိထားတဲ့ သူ့ရဲ့ ရည်းစားဟောင်း ကျန်းနီနဲ့ မတော်တဆ တွေ့ဆုံလိုက်ရတဲ့ အခါမှာတော့....?❏ တစ်ဖက်က သူ့ရဲ့ အာဏာရာထူးတွေကို ထောက်ပံ့ပေးနေတဲ့ မမလေး ❏ တစ်ဖက်က သူ့ကိုအရမ်းချစ်ရှာပြီး အမြဲအဖော်ပြုပေးနေခဲ့တဲ့ ချစ်ရသူ အာဏာနဲ့ အချစ်ရဲ့ ကြားမှာ ရွှီလဲ့ တစ်ယောက်ဘာတွေကိုရွေးချယ်မလဲ ။ ဒုစရိုက်အမှုတွေက နက်နဲ သထက် နက်နဲလာတဲ့အခါမှာရော အမှုစစ်တစ်ယောက်အနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ ။ တစ်ခြား နောက်ကွယ်က ဘယ်လို စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ ပုန်းကွယ်နေဦးမလဲဆိုတာသိရဖို့ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်လားရှင် ...
movie

Chasing The Dragon ( 2023 )

The Condemned (2007) 6.0
The Condemned (2007) The Condemned (2007)====================== ကျွန်းတစ်ခုပေါ်မှာ သေမိန့်ကျခံထားရတဲ့ ရာဇဝတ်သား (၁၀)ယောက်ကို ထားပြီး မက်လောက်ဖွယ်ငွေကြေးနဲ့ အသက်ရှင်ရက်လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုပေးထားပြီဆိုရင်သေရမှာသေချာနေတဲ့ လူတစ်ယောက်အနေနဲ့ နောက်ဆုံးရှင်သန်သူဖြစ်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ...အီရန်ဘရက်ကယ်ဆိုတဲ့ လူတစ်ယောက်က ဒီစိတ်ကူးကို အင်တာနက်ပေါ်က(Reality Show) တစ်ခုအဖြစ် လက်တွေ့အကောင်အထည်ဖော်ပြီး ဆိုးသွမ်းလှတဲ့ ရာဇဝတ်သား (၁၀) ယောက်ကို ကျွန်းတစ်ခုပေါ်မှာအတူထားပြီး. နောက်ဆုံးရှင်သန်သူဖြစ်ဖို့ သတ်ကွင်းတစ်ခု ဖန်တီးပေးလိုက်တဲ့အခါ….မထင်မှတ်ထားတဲ့ အလှည့်အပြောင်းအဖြစ်နဲ့ ရွေးချယ်ထားတဲ့အဓိကလူတွေထဲက တစ်ယောက် အသတ်ခံလိုက်ရတဲ့ အချိန်မှာအယ်ဆယ်ဗာဒေါက ထောင်တစ်ခုမှာ သေမိန့်စောင့်ဆိုင်းနေတဲ့ဂျက်ကွန်ရက်ဒ် ဆိုတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားချိန်မှာတော့…..နောက်ကြောင်းစုံစမ်းလို့မရနိုင်တဲ့ ပဟေဠိလူသား ဂျက်ကွန်ရက်ဒ်အဖြစ်.WWE Super Star “Stone Cold” Steve Austin က ပါဝင်ထားပါတယ်Survival Mood အပြည့်နဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်...  File size…1.89GB / 800MB Quality…Blu-Ray 1080p 5.1CH/ ...
movie

The Condemned (2007)

Gentleman (2022) 7.0
Gentleman (2022) Gentleman (2022)****************အလွတ်စုံထောက်အေဂျင်စီ ပိုင်ရှင်ဖြစ်တဲ့ ဂျီဟျွန်းဆူကို တစ်နေ့မှာ အိမ်မွေးခွေးလေးကူရှာပေးဖို့ ကောင်မလေးတစ်ယောက်က ဆက်သွယ်လာခဲ့ပါတယ်.... ဂျီဟျွန်းဆူက အဲဒီကောင်မလေးနဲ့အတူ ပိုင်ရှင်မရှိတဲ့ တည်းခိုခန်းမှာ ခွေးလေးကို ရှာဖို့ အတူ လိုက်ပါသွားခဲ့ရာ တစ်စုံတစ်ယောက်က တိုက်ခိုက်လိုက်တဲ့အတွက်သတိလစ်သွားပါတယ်... နိုးလာတဲ့အခါမှာ အလုပ်အပ်ခဲ့တဲ့ ကောင်မလေးကပါ ပျောက်ဆုံးနေခဲ့တဲ့အပြင် အမှုစစ်ကပါ သူ့ကို ပြန်ပေးဆွဲသမားအဖြစ် အထင်မှားပြီး ဖမ်းဆီးခဲ့ပါတယ် ...အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံဆက်ဖြစ်ခဲ့ပါတယ်..ဒီကားက အညွှန်းအများကြီးရေးလို့မကောင်းတဲ့အထဲမှာပါတယ်..ထွက်သမျှကားသစ်တွေထဲမှာ အကောင်းဆုံး စာရင်းထဲထည့်ထားလို့ရတယ်..plot twist တွေလည်းပါသလို အစမှ အဆုံးထိ tempo တစ်ချက်မှမကျဘဲနဲ့ကြည့်နေရတဲ့ကားဖြစ်လို့ပါ..casts တွေတော့ထွေထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ဘူး အကုန်နာမည်ကြီးတွေကြီးပဲ..ဒေါင်းရကျိုးနပ်စေရမယ့်လို့ ရဲရဲကြီးအာမခံတယ်...File Size :(1.7GB )(667MB) & (218MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:03:00 Genre :  Action, Thriller, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel & Miri Encoded by Phyo Pyae
movie

Gentleman (2022)

High Heat (2022)
High Heat (2022) High Heat (2022)အန်နာ ခေါ် အန်ညာက ပြင်သစ်စားသောက်ဆိုင်ကို သူ့ခင်ပွန်းနဲ့အတူပူးတွဲပိုင်ပြီး စားဖိုမှူးတစ်ယောက်လဲဖြစ်ပါတယ်။ မီးဖိုချောင်ရဲ့ အပူတွေကြားမှာ စားဖိုမှူးတွေထုံးစံအတိုင်း တစ်ခါတစ်ရံပေါက်ကွဲသောင်းကျန်းတတ်တဲ့အန်နာ့ကို သူ့ခင်ပွန်းက ယုတ္တိမတန်သူ ဘွဲ့ပေးထားတယ်ဆိုပါတော့။ တကယ်တော့အန်နာက စားဖိုမှူးထက်အများကြီးပိုတဲ့ အပူတွေကိုကြုံဖူးခဲ့တဲ့ရုရှားစပိုင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီဘဝကနေထွက်ပြေးလာပြီး ကိုယ်ရောင်ဖျောက်နေသူတစ်ယောက်ပါ။ ဆိုင်ဖွင့်ပွဲညမှာတော့ မိန်းမအတိတ်အကြောင်းကိုဘာမှမသိတဲ့ အန်ညာ့ခင်ပွန်းကသူ့မိန်းမကိုဂုဏ်ပြုတဲ့အနေနဲ့ သတင်းစာထဲကိုဆိုင်အကြောင်းထည့်ပေးလိုက်ရာမှာ အန်ညာ့အတိတ်က အန်ညာ့နောက်ပြန်လိုက်တာတဲ့အပြင် သူ့ခင်ပွန်းရဲ့အကြွေးဇာတ်ထုပ်တွေကလဲ အဲဒီညမှာပေါ်လာချိန်မှာတော့ အန်ညာတစ်ယောက်ဆိုင်ထဲမှာတပ်စွဲပြီး သူ့စားသောက်ဆိုင်နဲ့သူ့ကိုယ်သူဘယ်လိုကာကွယ်သွားမယ်ဆိုတာကို အက်ရှင်နဲ့ဟာသရောနှောရိုက်ကူးထားလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် ကားတစ်ကားပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.4GB | 557MB | 276MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August
movie

High Heat (2022)

2022