Channel Myanmar

Crime

Phir Hera Pheri (2006) 7.1
Phir Hera Pheri (2006) Phir Hera Pheri (2006) Comedy, Crime IMDb 7.1/10 (24K)ကဲ ဟိုတလောက CM မှာ တင်ပေးသွားတဲ့ ဟာသကားလေး Hera Pheri ကားလေးရဲ့ အဆက်လေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...။ထုံးစံအတိုင်း ဒီကားထဲမှာလည်း မင်းသားကြီး အရှေးကူမား..ဆူနီးရှက်တီး မင်းသမီး ဗီပါရှားဘာဆူးနဲ့ ရီမီဆန်တို့ပါဝင်သရုပ်ဆောင်ထားသလို နာမည်ကျော်ဟာသသရုပ်ဆောင်များ ဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ပရေရှ်လာဝလ်တို့လည်း ပါဝင်အားဖြည့်ပေးထားပါတယ်...။အဓိကဇာတ်ကောင်တွေကတော့ ရာဂျူး..ရှာမ် နဲ့ ဘာဘူရောင်း...။ပထမကားရဲ့အဆုံးသတ်မှာတုန်းက သူတို့ပိုက်ဆံတွေအများကြီးရသွားပြီး သူဋ္ဌေးတွေဖြစ်သွားကြတယ် ဒီကားမှာလည်း လူ့အလို နတ်မလိုက်နိုင်ဆိုသလို ပိုက်ဆံချမ်းသာသွားသော်ငြားလည်းပဲ လူသားရဲ့ မတော်လောဘက အတောမသတ်နိုင်ဘူးလေလောဘရဲ့နောက်ကို လိုက်မိရင်းနဲ့ အလိမ်ခံရပြီး သူတို့သုံးယောက်စလုံး ပြန်လည် မွဲပြာကျဆင်းရဲသွားပြန်တယ်နဂိုဗီဇကိုက အချောင်လိုချင် အချောင်ချမ်းသာချင်တော့ ဒီကားမှာလည်း မဟုတ်တဲ့ နည်းလမ်းနဲ့ သူတို့ ချမ်းသာဖို့ ကြိုးစားပါတော့တယ်...။ကဲ ဆက်လက်ပြီး ဘယ်လိုအခွီလေးတွေနဲ့ မျက်နှာဖြဲနေရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားတော်မူလိုက်ကြပါဦးနော်...။ File size…3.66GB / 1.67GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 33min Subtitle…. Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Phir Hera Pheri (2006)

Confession (2022) 7
Confession (2022) Confession (2022)(1080p ရပါပြီ)ဒီတစ်ခေါက်မှာတော့ ပူပူနွေးနွေး ထွက်ရှိလာတဲ့ မင်းသားကြီး So Ji Sub ပါဝင်ထားတဲ့ Confession ဆိုတဲ့ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ဇာတ်လမ်းအကျဉ်း ... ယူမင်ဟိုဟာ IT ကုမ္ပဏီတစ်ရဲ့ ဥက္ကဌဖြစ်ပြီး ဟိုတယ်အခန်းထဲမှာ မိန်းကလေးတစ်ယောက် အသတ်ခံရတဲ့အမှုမှာ အမှုစစ်တွေရဲ့ သံသယရှိသူ လည်းဖြစ်ပါတယ်။ဒီအမှုမှာ ယူမင်ဟိုဘက်က ခုခံချေပေပးဖို့ ရှေ့နေလုပ်သက်တစ်လျှောက်လုံး တစ်ခါမှ အမှုမရှုံးဖူးသေးတဲ့ ရှေ့နေယန်းရှင်းအယ်က ယူမင်ဟိုရဲ့ ရှေ့နေဖြစ်လာခဲ့ပါတယ်။ဟိုတယ်ခန်းထဲမှာ အသတ်ခံရတဲ့ ဂင်ဆယ်ဟီးက ယူမင်ဟိုနဲ့ ဘယ်လိုပတ်သက်မှုရှိနေမလဲ? ဒီလူသတ်မှုရဲ့ နောက်ကွယ်မှာ ဘယ်လိုကိစ္စတွေရှိနေမလဲ? တစ်ခါမှ အမှုမရှုံးဖူးသေးတဲ့ ရှေ့နေက အမှုသည်ကို ဒီတစ်ခါကော ကယ်တင်ပေးနိုင်ဦးမလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုခံစားလိုက်ကြရအောင်ဗျာ။(ဇာတ်လမ်းအညွှန်းကိုတော့ Estel က ရေးပေးထားပါတယ်။)File Size          : 1.5GB, 473MB, 234MB Quality    ...
movie

Confession (2022)

2022
Dead Man’s Shoes (2004) 7.6
Dead Man’s Shoes (2004) Dead Man's Shoes (2004) ================== Crime / Drama/ ThrillerOld but Gold ဖြစ်တဲ့ British ကားကောင်းလေးတွေကို ရှာဖွေ ကြည့်ရှုတတ်သူတွေအတွက် အလွန်သင့်တော်တဲ့ ရုပ်ရှင်ကားလေး တစ်ကားကို ညွှန်းပေးရမယ်ဆိုရင် ဒီရုပ်ရှင်ကားလေးဟာ ရှေ့ဆုံးကနေ နေရာယူထားလောက်မှာလည်းဖြစ်ပါတယ်။ဟိုးအရင်ကကားတွေကို အမူပိုတယ်လို့ ထင်တတ်တဲ့သူတွေတောင် ကြည့်ရအဆင်ပြေမယ့်ကားလေးတစ်ကားလည်းဖြစ်တဲ့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ Drama/ Thriller အမျိုးအစားဖြစ်ပြီး Google Users ပေါင်း ၉၁% လောက် ကြိုက်နှစ်သက်ထားတဲ့ ကားကောင်း လေးပဲဖြစ်ပါတယ်။နာမည်ကျော်ကြားပြီး ကောင်းမွန်လှတဲ့အင်္ဂလန်စီးရီးတွေဖြစ်တဲ့ This is England(2010/2011/2015), The Virtues နဲ့ A Room For Romeo Brass(1999) တို့ကို ရိုက်ကူးခဲ့တဲ့ အင်္ဂလန်ဒါရိုက်တာ Shane Meadows ရဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ အင်္ဂလန်ကား ကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်ကားဟာ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တာနဲ့အညီ ၉၀ ခုနှစ်အငွေ့အသက်တွေ ရနေမှာ အန်တိုနီနဲ့ ရစ်ချက်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ဇာတ်အိမ်ကောင်းကောင်းနဲ့ တည်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် မလွတ်တမ်းအားပေးကြည့်ရှုပေးလှည့်ပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ...
movie

Dead Man’s Shoes (2004)

2004
Dangerous Methods (2022) 4.3
Dangerous Methods (2022) Dangerous Methods (2022) ====================အလက်ဆာ ဟာ ဟောလီးဝုဒ်မှာလုပ်ကိုင်နေတဲ့ ရည်မှန်းချက်ကြီးသူ လက်‌ထောက်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အထက်လူကြီးဖြစ်သူ ရှယ်ရွန်ဝါးမန်းဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒက်စမွန်ဂေ့ဂျ်ရဲ့ လက်ထောက် လုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ အလက်ဆာလည်း ပိုက်ဆံလည်းရမယ် ရာထူးလည်းတိုးမယ်ဆိုပြီး အပျော်လွန်ကာ လက်ခံလိုက်ပါတယ်။ဒီလိုနဲ့ အလက်ဆာလည်း အလုပ်ကိစ္စအတွက် လူမနီးသူမနီးနေရာ တစ်ခုကို ‌ရောက်လာရင်း ဒက်စမွန်ဂေ့ဂျ်နဲ့ နှစ်ယောက်တည်း တစ်အိမ် တည်းမှာ အတူနေဖို့ ဖြစ်လာပါတော့တယ်။ ဒက်စမွန်ဂေ့ဂျ်ဟာ နာမည်ကြီး သရုပ်ဆောင်ဖြစ်တာနဲ့အညီ သူ့သရုပ်ဆောင်ချက်တွေကို ပီပြင်စေချင် တာကြောင့် ရုပ်ရှင်မရိုက်ခင် ပြင်ဆင်လေ့ရှိသူပါ။ ထို့ကြောင့်လည်း လူမနီးသူမနီးနေရာတစ်ခုမှာနောက်ဇာတ်ရုပ်အတွက် ပြင်ဆင်ဖို့လုပ်ရင်း အလက်ဆာ့ကို လက်ထောက်အနေနဲ့ ခေါ်ထားတာပါ။ဒက်စမွန်ဂေ့ဂျ်ဟာ နောက်သရုပ်ဆောင်ရမယ့် သူ့ဇာတ်ရုပ်ကို အပီအပြင် စျာန်ဝင်စားရင်း လေ့ကျင့်ဖို့ လုပ်နေတဲ့အချိန်နဲ့ ပထမဆုံးအကြိမ် ဒီလို နာမည်ကြီးအတွက် လက်ထောက် လုပ်ပေးရမယ့် အလက်ဆာတို့ ကြားမှာ ဘာတွေဆက်ဖြစ်မှာလဲ။ နောက်ရုပ်ရှင်မှာ ဒက်စမွန် သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကရော ဘယ်လို ဇာတ်ကောင်ဖြစ်မလဲဆိုပြီး အလှည့်အပြောင်း တွေနဲ့ ဒီကားလေးမှာ ဆက်လက်ခံစားလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်)File Size..........(2.5 GB) / (557 MB) ...
movie

Dangerous Methods (2022)

2022
Thunderbird (2022) 5
Thunderbird (2022) Thunderbird (2022)၂၀၂၂ ခုနှစ်ထွက် ရုပ်ရှင်သစ်လေး Thunderbird ကတော့ မှုခင်းအက်ရှင်ကိုကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ လောင်းကစားသမားတစ်ဦးဖြစ်တဲ့ ကင်ထယ်မင်းဟာ တစ်နေ့မှာတော့သူ့ဘဝအလှည့်အပြောင်းဖြစ်သွားစေမယ့်ပမာဏကိုနိုင်ခဲ့ပြီးတော့ Thunderbird ဆိုတဲ့ တန်ဖိုးကြီးကားတစ်စီးကို ရရှိခဲ့တဲ့အပြင် ငွေသားများစွာပါပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီကားကိုရောကားထဲကပိုက်ဆံတွေကိုပါ ဆုံးရှုံးဖို့ဖြစ်လာခဲ့ပြီး သူ့ရဲ့အစ်ကိုဖြစ်သူ ထယ်ဂယွန်းရယ်၊ ရည်းစားဖြစ်တဲ့ မီယောင်းရယ်နဲ့အတူ ကားကိုလိုက်ရှာရင်း အဲ့ဒီသည်းထိတ်ရင်ဖိုတစ်ညတာအတွင်းမှာ ဘယ်လိုအဖြစ်တွေကြုံတွေ့ရမှာလဲဆိုတာကို ကြည့်ရှုရမှာပါ။သရုပ်ဆောင်တွေအနေနဲ့တော့ မင်းသားသစ် Lee Myung Ro ၊ မင်းသမီးသစ် Lee Seol နဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင် Seo Hyun Woo တို့ကအဓိကပါဝင်ထားပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 555MB | 247MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle ...
movie

Thunderbird (2022)

2022
Hit Man (2022) 5
Hit Man (2022) Hit Man (2022)(1080p ရပါပြီ)2022 ခုနှစ်ထဲမှာပဲ ထွက်ရှိခဲ့တဲ့ Hitman ဆိုတဲ့ လူသတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။လျှို့ဝှက်ဆန်းကြယ်တဲ့ မီးလောင်သေဆုံးမှုကို စုံစမ်းပြီး ကျူးလွန်သူတွေကို လက်စားချေချင်တဲ့ ပတ်ဂျောင်းဂျာဟာ ... ဘာလို့ စုံစမ်းချင်တာလဲဆိုတော့ သေဆုံးသူတွေ သူ့သားရဲ့ မိသားစုဝင်တွေ ဖြစ်နေတာကြောင့်ပါ။သားဖြစ်သူအတွက် တရားမျှတမှု ဖော်ဆောင်ပေးဖို့ ဒီလိုကိစ္စတွေမှာ ကြေးစားအဖြစ် လုပ်ကိုင်နေတဲ့ ကွပ်ကဲရေးမှုးရှင်းဆီ အမှုလာအပ်ပါတော့တယ်။ကွပ်ကဲရေးမှူးရှင်းက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ပညာရှင်ဆိုတဲ့ ကြေးစားလူသတ်သမားကို တာဝန်ပေးလိုက်တဲ့အခါ ... ပစ်မှတ်ကို သတ်မှတ်လိုက်ရင် နည်းလမ်းတွေရွေးမနေဘဲ သွေးအေးအေးနဲ့ လူသတ်ပေးတဲ့ ပညာရှင်တစ်ယောက် ...ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ဘယ်လိုရှာဖွေပြီး လက်စားချေပေးမလဲဆိုတာ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Estel ပါ။)File Size          : 1.3GB, 467MB, 235MB Quality          ...
movie

Hit Man (2022)

2022
The Captive(2014) 6.7
The Captive(2014) The Captive(2014)****************Ryan Reynolds ပါဝင်ထားတဲ့ 2014ခုနှစ်က mystery, thrillerကားလေးကို တင်ဆက်ပေးပါရစေ။ မက်သရူးတို့ လင်မယားနှစ်ယောက်ဟာ ငွေးရေးကြေးရေးသိပ်အဆင်မပြေပေမဲ့ သမီးဖြစ်သူကရေခဲပြင်စကိတ်အားကစားမှာ ဆုတွေရပြီး အိုလံပစ်ပွဲတွေပါဝင်ပြိုင်ဖို့လျာထားခံရသူဆိုတော့ ဂုဏ်ယူရတဲ့မိဘတွေပေါ့။သမီးဖြစ်သူ လေ့ကျင့်ရေးပြီးလို့ အိမ်‌ပြန်ခေါ်လာတဲ့လမ်းမှာပဲ ညစာဝင်ဝယ်ချိန်သမီးဖြစ်သူပျောက်သွားပါတယ်။ သမီးပျောက်သွားလို့ မက်သရူးလည်း သူ့ကိုယ်သူအပြစ်တင်မိန်မဖြစ်သူကလည်း ဖြေဆည်မရနဲ့ လင်မယားနှစ်ယောက်ဟာ သိပ်အဆင်မပြေကြတော့ပါဘူး။ဒီလိုနဲ့ သမီးလေးပျောက်သွားတာ ၈နှစ်ကြာပြီးချိန်မှာ သူတို့သမီး အသက်ရှင်နေသေးတယ်ဆိုတာကိုသိလိုက်ရပါတယ်။ ဒီတော့ မက်သရူးတို့လင်မယား၊ ရဲတွေနဲ့ စုံထောက်တွေဟာ ပျောက်သွားတဲ့သမီးလေးကိုပြန်တွေ့အောင် လိုက်ရှာပါတော့တယ်။ သူတို့တွေ ကလေးကို ပြန်ရှာတွေ့ပါ့မလား၊ဘယ်လိုစွန့်စားခန်းတွေလုပ်ရမလဲ၊ သမီးဖြစ်သူကရော ဘာတွေဖြစ်နေမလဲဆိုတာ ဆက်လက်စောင့်ကြည့်လိုက်ပါဦးနော်။    File Size :(1.8GB)(544 MB) and (190 MB) Quality : Blu-Ray 720p Format…mp4 Duration…01:52:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Captive(2014)

Future Is a Lonely Place (2021) 5.7
Future Is a Lonely Place (2021) Future Is a Lonely Place====================ဒီတစ်ခေါက်မှာတော့ ဂျာမန် Action/Dramaဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားရဲ့ မူရင်းနာမည်ကတော့ "Die Zukunft ist ein einsamer Ort" ဖြစ်ပါတယ်။ဒီဇာတ်ကားမှာ ဖရန့် ဟာ သူ့ယောက်ဖ ဓားပြတိုက်ပြေးလာတာကိုကိုယ်စား၀င် အဖမ်းခံခဲ့ပြီး ‌ထောင်အချခံလိုက်ရပါတယ်။ ဒါပေမယ့်သူထောင်အကျခံခဲ့တဲ့ အကြောင်းပြချက်က ဒီတစ်ခုတည်းမဟုတ်ဘဲတခြားရည်ရွယ်ချက်တစ်ခုပါ ရှိနေခဲ့ပါတယ်။ လက်စားချေဖို့ပါ။သူအငြိုးရှိနေတဲ့ ဆေးရောင်းသမားတစ်ဦးကို တိုက်ခိုက်ဖို့ကြံစည်ရင်းဆေးအရောင်းအ၀ယ်လောကထဲ ရောက်ရှိသွားတဲ့အခါ သူ့အကြံအစည်အောင်မြင်နိုင်ပါ့မလား။ ဘယ်လိုအန္တရာယ်တွေ၊ အခက်အခဲတွေကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…1.31GB / 538MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Future Is a Lonely Place (2021)

A Man of Action (2022) 5.9
A Man of Action (2022) A Man of Action=============ဒီတခါမှာတော့ အရမ်းကောင်းတဲ့ Netflix ရုပ်ရှင်ဇာတ်ကားကောင်းတွေထဲကမှCM  ဖန်တွေ အတွက် အကြိုက်တွေ့စေမဲ့ A Man of Action ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်လိုက်ပါတယ်..စာဖတ်သူဟာအမိန့်ပေးခံရတာ အမိန့်နာခံရတာတွေကိုမနှစ်မြို့သူလား?ဆင်းရဲတဲ့ ဘဝကို မုန်းတီးသူလား? အပြောနဲ့ပဲမဟုတ် ကိုယ့်ယုံကြည်ချက်ကိုလက်တွေ့အ‌ကောင်အထည်ဖော်ရမှကျေနပ်မဲ့သူမျိုးလား? ဒါဆိုရင်တော့ဒီLucio Urtubiaရဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးကစာဖတ်သူတို့အကြိုက်ဖြစ်စေမှာပါ။ လူစီယိုဥတုဘျားဟာ လက်တွေ့သမားတယောက်ပါ။ငယ်စဉ်တည်းကဆင်းရဲခဲ့တဲ့အတွေ့အကြုံ‌ကြောင့် သူ့အတွက်တော့အရင်းရှင်စနစ်ဆိုတာဟာ မဟာရန်သူတော်ကြီးပါပဲ။ စစ်ပွဲကြီးတွေက‌နေအမြတ်ထုတ်နေတဲ့ အပြောသာရှိပြီး အဖြစ်မရှိကြတဲ့နိုင်ငံရေးသမားတွေဒီလိုလူတွေနောက်ကွယ်မှာအရာရာကိုချုပ်ကိုင်နေတဲ့ဘဏ်ကြီးတွေဟာဥတုဘျားကိုမင်းမဲ့ဝါဒ anarchisim ရဲ့ စံပြစရာပုဂ္ဂိုလ်တဦးဖြစ်လာအောင်တွန်းပို့ခဲ့ပါတယ်။ ဥတုဘျားတယောက် မိမိခံယူချက်အတွက်ပြင်သစ်နိုင်ငံပါရီမှာဘယ်လိုတွေတိုက်ပွဲ၀င်သွားမလဲ? ဒီသာမန်မင်းမဲ့ဝါဒစပိန်လက်သမားလေးတယောက်က ကမ္ဘာ့အင်အားကြီးအ‌ရင်းရှင်စနစ်ပြယုဂ်ဖြစ်တဲ့အမေရိကန်ဘဏ်‌တွေကိုတုန်လှုပ်သွားနိုင်အောင် ဘယ်လိုများယုံကြည်ချက်ပြင်းပြကာတိုက်ပွဲ၀င်ခဲ့သလဲဆိုတာတွေကို A Man of action ဇာတ်ကားမှာမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာ။ ရှုစားပေးပါဦး.......  File size…1.60GB / 801MB Quality…BluRay 1080p 5.1CH / 720p Format…mp4 Duration….1h 51m Genre ..... Biography , Crime , Drama Subtitle….Myanmar Subtitle (Hard ...
movie

A Man of Action (2022)

3096 Days (2013) 6.5
3096 Days (2013) 3096 Days (2013) ============= IMDb Rating - 6.5/10ဒီအဖြစ်အပျက်လေးကတော့ ဩစတြီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အမှုအခင်းတစ်ခုဖြစ်ပါတယ်။ ၁၉၉၈ခုနှစ် မတ်လ၂ရက်နေ့မှာ (၁၀) နှစ်အရွယ် နာတာရှာကမ်းဘွတ်ရှ်ဆိုတဲ့ ကောင်မလေးတစ်ယောက် ကျောင်းသို့သွားတဲ့လမ်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့က ကြိုးစား ရှာပေမယ့်လည်း ရှာမတွေ့ခဲပဲ ဒီပျောက်ဆုံးမှုဟာ တအုံ့နွေးနွေးနဲ့ ဒီအတိုင်းပြီးသွားခဲ့ပါတယ်။ထိုမိန်းကလေးဟာ အိမ်မြေအောက်ခန်းထဲမှာ ရက်ပေါင်း ၃၀၉၆ (၈နှစ်)အကြာပိတ်ထားခံခဲ့ရပြီး ၂၀၀၆ခုနှစ် ဩဂုတ်လ ၂၃ရက်နေ့မှ ထွက်ပြေးလွတ်မြောက်လာခဲ့တာပါ။ အသက်၁၀နှစ်အရွယ် လူမမယ် မိန်းကလေးတစ်ယောက်ကို ဖမ်းဆီးခဲ့သူ ထိုလူဟာ ပြန်ပေးဆွဲဖို့ရာ အတွက် မြေအောက်ခန်းပြင်ဆင်တာတွေ အခန်းဖွဲ့တာတွေအတွက် အချိန်တစ်နှစ်ကျော်လောက်ကြိုတင်ပြင်ဆင်ခဲ့ပါတယ်တဲ့။ ထိုလူဟာ ကလေးမလေးကို ခိုင်းစေဖို့သက်သက်၊ နှိပ်စက်ဖို့သက်သက်၊ လိင် ကျွန်ပြုဖို့သက်သက်နဲ့ ၈နှစ်ကြာအောင် ဖမ်းဆီးခဲ့တာပါ။ဒီဇာတ်ကားလေးကတော့ သူမရဲ့ကိုယ်တိုင်ရေး အထုပ္ပတ္တိဖြစ်တဲ့ "နာတာရှာ ကမ်းဘွတ်ရှ်"ဆိုတဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဇာတ်ကားတစ်ကားကို ကောင်းတယ် မကောင်း ဘူး ဆိုတာထက် ဒီဇာတ်ကားလေးမှာ နာတာရှာတစ်ယောက် သူ့ဘဝရှစ် နှစ်တာလုံးကို ဒီမြေအောက်ခန်းကျဉ်းကျဉ်းလေးထဲမှာ ဘယ်လိုကုန်ဆုံးခဲ့လဲ၊ ဘယ်လိုတွေ ကြုံတွေ့ခဲ့ရလဲ၊ လွတ်မြောက်ဖို့ရာအတွက် ဘယ်လိုတွေ ကြိုးစားခဲ့ရလဲဆိုတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File ...
movie

3096 Days (2013)

2013
Out for Justice(1991) 7.0
Out for Justice(1991) Out for Justice(1991)*******************90s kid တို့ရဲ့ အသည်းကျော် Steven Segal ရဲ့ အက်ရှင်ကားကြမ်းကြမ်းကြီး တင်ဆက်ပေးလိုက်ပါတယ်..၂၀ ရာစုတလျှောက် ဘရွတ်ကလင်မြို့မှာ ဂိုဏ်းစတားတွေကိုယ့်နယ်နမိတ်နဲ့ကိုယ် ကြီးစိုးကျင်လည်ကြတဲ့အချိန်ပေါ့ဂျီနိုဆိုတဲ့ကောင်လေးဟာ သူ့အဖေကိုသိပ်အားကျတဲ့သူ...တစ်ရက်မှာ သူ့အဖေဟာ စတိုးတစ်ခုထဲက သူခိုးတစ်ယောက်ကို အပြင်ဆွဲခေါ် ထိုးကျိတ်ပြီး သူ့မျက်စိရှေ့တင်ပဲ သူတို့ကားနောက်ဖုံးထဲ ထည့်ပိတ်ထားလိုက်တယ်...ပြီးတော့ သူ့သားကို ဒီကားနဲ့ပဲ ရုပ်ရှင်ရုံခေါ်သွားပြီး ရုပ်ရှင်ပြသတဲ့.. .ရုပ်ရှင်ပြီးတဲ့အချိန်ကျမှ ဂျီနိုလေးကို ကားသော့ပေးလိုက်ပြီး မင်းလုပ်စရာရှိတာလုပ်လို့ ပြောတယ်...ဂျီနိုကလည်း ကားနောက်ဖုံးဖွင့်ပြီး စကားတွေနဲ့ခြိမ်းခြောက်ပြလိုက်တာ သူခိုးလည်း တချိုးတည်းပြေးပါရောလား...သူက အဲဒီကတည်းက သူ့အဖေလို လူမိုက်ဖြစ်ချင်တာ. ..တကယ်တမ်းကြီးလာတော့ ဒီကောင် ရဲဖြစ်သွားတယ်...လူမိုက်တွေနဲ့ပေါင်းခဲ့တဲ့ ဂျီနိုဟာ ရဲဖြစ်သွားတဲ့အချိန် သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလက်ခံနိုင်စရာမရှိတဲ့ပြစ်မှုကို ကျူးလွန်လိုက်တဲ့အချိန်မှာတော့...File Size : (1.8GB)(580 MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:31:00 Genre : Action , Crime ,Drama Subtitle : Myanmar ...
movie

Out for Justice(1991)

Missing (2021) 7.1
Missing (2021) Missing (2021)Missing ဆိုတဲ့နာမည်နဲ့ thriller အမျိုးအစားထဲကဆို "မိသားစုဝင် ဒါမှမဟုတ် ချစ်ရတဲ့သူတစ်ယောက်ယောက် ပျောက်တာလိုက်ရှာမယ်၊ လူသတ်သမားနဲ့တွေ့မယ်၊ ညဖက်ကြီး သတ်ကြမယ်၊ နောက်ဆုံး လူသတ်သမားသေရင်သေ mc သေရင်သေ" ဇာတ်လမ်းမျိုးကို တန်းမြင်ကြမှာပါ။ဒီ Missing 2021 ကလည်း မှန်းထားတဲ့အတိုင်း လူပျောက်တာပါ။ ဒါပေမယ့် မတူတာတွေလည်းရှိပါတယ်။ ဒီတစ်ခါပျောက်တာက အဖေဖြစ်သူ ... လိုက်ရှာတာက အလယ်တန်း‌‌ကျောင်းသူသမီးလေးပါ။ ပြီးတော့ နေ့လယ်ခေါင်ကြီးဖြစ်တာပါ။ဟာရာဒါမိသားစုမှာ မိခင်ဖြစ်သူက အာရုံကြောရောဂါကြောင့် ကိုယ့်ကိုယ်ကိုသတ်သေသွားပြီး အဖေနဲ့သမီးနှစ်ယောက်တည်းကျန်ခဲ့ပါတယ်။စိတ်ကျရောဂါနဲ့ ညစ်ပတ်စုတ်ပြ‌တ်နေတဲ့ အဖေ့ကို ပူညံပူညံလုပ်ပေမယ့် တကယ်တမ်းတော့ သမီးလေးက အတော်ချစ်ရှာပါတယ်။တစ်ညမှာ အဖေက ကွင်းဆက်လူသတ်သမားကို တွေ့ခဲ့တယ်ပြောပြီး နောက်‌တစ်နေ့မှာတော့ ရုတ်တရက်ကြီး ပျောက်ဆုံးသွားပါတယ်။ သမီးဖြစ်သူကတော့ သူ့အဖေ အသတ်ခံရတာများလား? သူ့ကို ထားသွားတာလား? ဝေခွဲမရဖြစ်နေပြီး ဖခင်ကို သဲကြီးမဲကြီးလိုက်ရှာတဲ့အခါ ...ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုလိုက်ကြစို့နော်။Tokyo Revengers LA တို့ The ...
movie

Missing (2021)

2021
Repeat (2022) 7.7
Repeat (2022) Repeat 2022Crime/Thriller/Mystery (IMDb-7.8/10)တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။ မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့ တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။ ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။ တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။မဖြေရှင်းနိုင်တဲ့ရှုပ်ထွေးမှုတွေကြားက သဲလွန်စတွေကို တစ်စချင်းဆွဲထုတ်ရင်း ရင်တထိတ်ထိတ်ကြည့်ရမယ့် ရုပ်ရှင်မျိုးမို့ ခုပဲ Channel Myanmar မှာ ရှူစားလိုက်ပါတော့ခင်ဗျာ။ File size…1.9GB / 900MB Quality…1080p WEB DL HQ  /720p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~HayMan~OeliuJ~Yunni
movie

Repeat (2022)

2022
Monster (2022) 5.1
Monster (2022) အိန္ဒိယ Malayalam ဘက်မှာ မသိသူမရှိတဲ့ မင်းသားကြီး Mohanlal ရဲ့ လှည့်ကွက်များစွာနဲ့ စိတ်ဝင်စားဖွယ် မှုခင်းဇာတ်ကားကောင်းတစ်ပုဒ် ထွက်ရှိလို့ လာခဲ့ပါပြီဇာတ်ကားထဲမှာ သူဟာ လပ်ကီးဆင်းဆိုတဲ့ အမည်ရှိပြီး နိုင်ငံခြားကနေ အိန္ဒိယကို တိုက်ခန်းအရောင်းအဝယ်ကိစ္စနဲ့ ပြန်လာရာကနေ ဇာတ်လမ်းကို စထားပါတယ်ဇာတ်လိုက်မင်းသမီးဖြစ်သူ ဘာမီနီက တက္ကစီဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ဒရိုင်ဘာတစ်ယောက်ဖြစ်ပြီး သူ့ကို လေဆိပ်မှာ သွားကြိုရမယ့်သူပဲဖြစ်ပါတယ်ခရီးတစ်လျှောက်လုံး သူဟာ ပျော်ပျော်နေတတ်တဲ့သူလို ပြုမူပြီး စကားတွေလည်း အများကြီးပြောပါတယ် ဘာမီနီကိုလည်း ချစ်ခင်နှစ်သက်ပုံပြပြီး စကားရွှင်တဲ့ ကိုလူပျော်တစ်ယောက်လို့ပဲ ထင်ရပါတယ်အဲဒီလိုနဲ့ ဘာမီနီတို့လင်မယားရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကို မရမက အတင်းလာမယ်လုပ်ပြီး ရောက်လာတဲ့အချိန်မှာတော့..သူဟာ ဘယ်လိုမှ မထင်မှတ်ထားစရာလုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတော့တယ်သူလုပ်တဲ့လုပ်ရပ်က ဘာဖြစ်မလဲ ဘာကြောင့် ဒီလိုလုပ်ရတာလဲ ဘာအကြံအစည်တွေနဲ့ ဘာမီနီကို သူချဉ်းကပ်ခဲ့တာလဲဆိုတာကို ဟောဒီ့ Monster ဆိုတဲ့ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်ရှင် File size…4.34GB / 2.13GB / 980MB Quality…4K HEVC / 1080p WEBDL / 720p Format…mp4 Duration….2h 15m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora~ BpL ~ Yunni
movie

Monster (2022)

2022
4K HEVC
My Name Is Vendetta (2022) 5.3
My Name Is Vendetta (2022) My Name Is Vendetta (2022)(1080p ရပါပြီ)"သတ်မှာလား အသတ်ခံမှာလား ဒါဟာ ဥပဒေပဲ" ဆိုတဲ့ စကားစုလေးနဲ့ အစချီပြီး စတင်ထားတဲ့ "My Name is Vendetta" ဆိုတဲ့ ဇာတ်ကားလေးက အက်ရှင်ဇာတ်ကား ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Netflix ဇာတ်ကားကောင်းလေး တစ်ကားပါ။ဇာတ်လမ်းအကျဉ်း ... ဘဝမှာ သူများကို သတ်မှာလား ကိုယ် အသတ်ခံမှာလား ဆိုတဲ့စိတ်နဲ့ ဘဝတစ်လျှောက်နေလာခဲ့တဲ့ မာဖီးယား တစ်ဦးက ဖူးစာရှင်လေးနဲ့တွေ့ပြီး သူ့ဘဝကို ပြောင်းလဲလိုက်တယ်။ သမီးလေးတစ်ယောက် မွေး ဘဝကို ပျော်စရာတွေ မေတ္တာတွေနဲ့ ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေစဉ်မှာ အတိတ်မှာ ဆိုးခဲ့တဲ့အမှားတွေနဲ့ မာဖီးယားဂိုဏ်းတစ်ခုက သူ့ကို ကလဲ့စားချေဖို့အတွက် သူ့မိသားစုကို ရက်ရက်စက်စက် သတ်ပစ်လိုက်တယ်။ကံကောင်းချင်တော့ သမီးဖြစ်သူ ဆိုဖီယာက မသေဘဲ လွတ်မြောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူ့မိသားစုကို သတ်ခဲ့တဲ့ ...
movie

My Name Is Vendetta (2022)

2022
Mercury Rising (1998) 6.3
Mercury Rising (1998)  Die Hardနဲ့လူသိများကြတဲ့ မင်းသားကြီး Bruce Willisရဲ့နောက်ထပ်တစ်ကားလာပါပြီ။ ဒီကားမှာတော့ သူက အက်ဂျက်ဖရေးအနေနဲ့သရုပ်ဆောင်ထားပါတယ်။ အက်က သူရဲ့အသွင်ယူပြီးလျှို့ဝှက်စုံစမ်းရေးမှာ ပြဿနာတက်ပြီး ရာထူးချခံထားရတဲ့ FBIအေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။ မာကျူရီဆိုတဲ့ လျှို့ဝှက်ကုဒ်ကို ဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်က မတော်တဆဖော်ထုတ်လိုက်မိပါတယ်။ ဒီလိုဖော်ထုတ်မိလိုက်ရာကနေ အသက်အန္တာရယ်ပါစိုးရိမ်လာရပါတော့တယ်။ ဒီဆိုင်မွန်ဆိုတဲ့အော်တစ်ဇင်ကလေးတစ်ယောက်နဲ့ အက်ဂျော့ဖရေးနဲ့တွေ့ဆုံမှုမှာတော့ ဘာတွေဖြစ်သွားကြမလဲ။ အော်တဇင်ကလေးကရော အန္တာရယ်တွေကြားမှာအသက်ရှင်နိုင်ပါ့မလား၊ သူ့ကိုရော ဘာလို့အဲ့လောက်အသည်းသန်သတ်ချင်နေကြတာလဲဆိုတာ ဒီကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ Actionကားကောင်းကြိုက်တဲ့လူတွေအတွက်ဒီကားနဲ့ကြည့်ရင်း chillလို့ရမှာဖြစ်ပါတယ်။File size…(1.93GB)  / (950MB) / (469MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:13:00 Genre...Action / Crime / drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie

Mercury Rising (1998)

[18+] Body Heat (1981) 7.4
[18+] Body Heat (1981) Body Heat (1981)~ IMDb - 7.4/10, Rotten Tomatoes - 98% ~ဒီကားက Neo-Noir ကိုမှ Erotic ကားပါ။ Neo-Noir ကားတွေ ကြမ်းရင် ဘယ်လောက်ထိကောင်းလဲ အားလုံးသိကြလောက်ပါတယ်။ ဒီကားကလည်း ရိတ်တင်၉၈ရာခိုင်နှုန်းတောင်ရထားတဲ့ Neo-Noir ကားပါ။ David Fincher ရဲ့ နာမည်ကြီးကားဖြစ်တဲ့ Seven တို့ Zodiac တို့ထက်တောင် များပါတယ်။ ဆိုတော့ ဒီကားဘယ်လောက်ကောင်းမလဲ စဉ်းသာစားကြည့်ပေါ့။ရှေ့နေနက်ဒ်ရာဆင်းဟာ အကျင့်ပျက်ခြစားမှုတွေ မရှားပါးတဲ့ သူ့မြို့မှာ သူလည်သလို ဖျံကျလိုက်၊ လူလွတ်ဘဝနဲ့ ပျော်ပါးလိုက်နဲ့ ဘဝကိုဖြတ်သန်းနေရာက တစ်ညမှာ မတ်တီဝေါ်ကာဆိုတဲ့ မိန်းမတစ်ယောက်ကို ဆုံမိပြီးတော့ စွဲလမ်းသွားခဲ့တယ်။ မတ်တီက အိမ်ထောင်ရှိအမျိုးသမီးပေမဲ့ အဲဒီလိုစည်းမျိုးကို သောင်ပြင်ပေါ်ကခြေရာလောက် သဘောထားတဲ့ နက်ဒ်က မရမကလိုက်တဲ့နောက်မှာ အစတည်းက ခင်ပွန်းသည်အပေါ် အလိုမကျတဲ့ မတ်တီကလည်း ...
movie

[18+] Body Heat (1981)

1981
Wild Is the Wind(2022) 5.5
Wild Is the Wind(2022) လူသတ်မှု၊ အကျင့်ပျက်ခြစားမှုနဲ့ လူဖြူလူမည်းခွဲခြားဆက်ဆံခံရမှုတွေ မြင့်တက်နေတဲ့ တောင်အာဖရိကန်အသိုင်းအဝိုင်းမှာ လူမည်းဖြစ်တဲ့ ဗူစီနဲ့ လူဖြူ ဂျွန်တို့က ညီအစ်ကိုလို ရင်းနှီးကြတဲ့ ရဲအရာရှိတွေဖြစ်ကြပေမဲ့ သူတို့ဟာ ခြောက်ပစ်ကင်းသဲလဲစင်တော့ မဟုတ်ပါဘူး၊ရဲဝန်ထမ်းလစာနဲ့မလောက်ငှဘဲ စားဝတ်နေရေး မပြေလည်သူတွေပီပီ လာဘ်လာဘယူလေ့ရှိသလို တရားမဝင်တဲ့ကြအလုပ်‌တွေလည်း လုပ်လေ့ရှိပါတယ်။တစ်နေ့ သူတို့်မြို့ထဲမှာ ဝန်ကြီးရဲ့တူမဖြစ်သူ အသတ်ခံရမှုမှာ ဆု‌ကြေးငွေကြီးကြီးကလည်း ကပ်ပါလာတာကြောင့် လိုက်လံစုံစမ်းကြတဲ့အခါ ပိုပြီးပြင်းထန်တဲ့ ခွဲခြားမှုတွေကို ကြုံတွေ့လာရပါပြီ။ ဒီလိုနဲ့ ဒီအမှုရဲ့တရားခံကို ရှာတွေ့နိုင်မလား၊ သူတို့‌ကိုယ်ကျိုး‌တစ်ခုကောင်းစားရေးလမ်းမှားကနေ လမ်းမှန်ပေါ်ရောက်လာမလား ဆိုတာကို ကြည့်ရှုရမှာပါ။ File size…1.9GB / 874MB Quality…1080p WEB RIP / 720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nana Yuni
movie

Wild Is the Wind(2022)

2022
[18+]Naked Poison (2000) 5.1
[18+]Naked Poison (2000) Naked Poison (2000)ဒီကားလေးကတော့ အရမ်းတော်တဲ့ဆေးဆရာအဘိုးကြီးရဲ့ မြေးဖြစ်သူMinဆိုတဲ့ကောင်လေးနဲ့စတင်ထားပါတယ် Minကကြောင်တောင်တောင်ဆိုပေမဲ့ သူ့အဘိုးရဲ့ဆေးစာအုပ်တွေကိုခိုးဖတ်ပြီး ဆေးပညာကိုတိတ်တိတ်လေးလေ့လာနေသူပါတစ်နေ့ကျတော့ သူ့အဘိုးသေဆုံးပြီးတဲ့နောက်မှာ သူဟာ စိတ်ကြွဆေးတစ်မျိုးအပြင် ‌လူသေစေနိုင်တဲ့အဆိပ်တစ်မျိုးကိုတီထွင်လိုက်နိုင်ပါတယ် အဲ့ဆေးတွေကို ဘယ်နေရာမှာအသုံးချမလဲ ဘယ်လိုတွေကိုင်တွယ်မလဲဆိုတာ ဇာတ်ကားလေးထဲကြည့်ရှူ့ကြရမှာပါ ။ပြီးတော့ Lingဆိုတဲ့‌Minရဲ့ချစ်သူကောင်မလေးဟာလည်း သူ့နေရာနဲ့သူရှိသင့်တာရှိပြီးအတော်လေးချစ်စရာကောင်းလို့ သူဒီဇာတ်ကားထဲမှာပါတာနဲ့တင်ကြည့်လို့ တော်တော်တန်နေပါပြီ။File Size__(580MB) Quality__DVDRip IMDb Rating__5.1/10 Format__mp4 Duration__01:29:00 Type__Adult , Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Dark Group Encoded by Dark Devil
movie

[18+]Naked Poison (2000)