Channel Myanmar

Crime

Midnight in the Garden of Good and Evil(1997) 7.0
Midnight in the Garden of Good and Evil(1997) Midnight in the Garden of Good and Evil(1997) အညွှန်း************************************************* နာမည်ကျော်မင်းသားကြီး Kelvin Spacey ပါဝင်ထားတဲ့ Crime/Drama အမျိုးအစားဖြစ်ပါတယ်။Kelvin Spacey ကားဆိုရင် အညွှန်းမဖတ်ဘဲကြည့်သင့်တဲ့အထဲမှာပါတယ်ဆိုတာသူကားတွေအတော်များများကြည့်ဖူးရင်သိကြပါတယ်..ဒါ့ကြောင့်အညွှန်းတွေ ရှည်ရှည်ဝေးဝေးရေးမနေတော့ဘူး..နယူးယောက်မြို့ကနေ ပါတီပွဲတစ်ခုအကြောင်း သတင်းယူဖို့ စေလွှတ်ခဲ့လိုက်ရတဲ့ဂျွန်ကယ်ဆိုတစ်ယောက် ဆာဗန်းနားမြို့ကို မအူမလည်နဲ့ရောက်ချလာပါတယ်။အဲဒီပါတီပွဲကိုတာဝန်ယူကျင်းပမယ့်သူက ရှေးဟောင်းဂန္တဝင်ပစ္စည်းတွေကိုစုဆောင်းလေ့ရှိတဲ့ သူဌေးကြီး ဂျင်မ်ဝီလီယံစ်ဖြစ်ပြီး သူတို့နှစ်ဦး ခင်မင်သွားရာမှတစ်မနက်မှာတော့ ဂျင်မ်တို့အိမ်ကြီးမှာ လူသတ်မှုတစ်ခုဖြစ်သွားကြောင်း သိလိုက်ရပါတယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကတော့…File Size :(3.2GB) (1.4 GB) and (467 MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…02:35:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae
movie

Midnight in the Garden of Good and Evil(1997)

(18+) Female Leopard(1985) 4.8
(18+) Female Leopard(1985) ဒီတခေါက်တင်ဆက်ပေးချင်တာကတော့ စိတ်ပညာသဘောလေးတချို့လဲပါနေသလို အချစ်အနမ်းဇာတ်ဝင်ခန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ဂျပန်ရိုမန့်ကားလေးပဲဖြစ်ပါတယ်....ဇာတ်လမ်းအကျဉ်း ယူကိုဟာ နိုင်ငံခြားကို ပညာတော်သင်ထွက်ပြီး ၆နှစ်အကြာမှာ အိမ်ကိုလွမ်းဆွတ်လာတာကြောင့် ဂျပန်ပြည်က သူ့ရဲ့တဦးတည်းသော အကိုရှိရာ မိသားစုပိုင်စံအိမ်တော်ကြီးဆီ ပြန်လာခဲ့ပါတယ်....အိမ်ကိုပြန်ရောက်ချိန်မှာတော့ ဒီဇိုင်နာတဦးအဖြစ် နာမည်ကြီးပြီး ချမ်းသာကြွယ်ဝနေတဲ့အကိုဖြစ်သူဟာ ထူးထူးဆန်းဆန်းပါတီတွေ ကျင်းပနေပြီး မြေအောက်ခန်းမှာ မိန်းမပျိုလေးတဦးရှိနေတာကို ယူကိုတစ်‌ေယာက်မထင်မှတ်ထားပဲ တွေ့မိသွားချိန်မှာတော့.... File size…1.7GB  / 750MB Quality…1080p AMZ WEB DL /720p Format…mp4 Duration….1h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Dark
movie

(18+) Female Leopard(1985)

1985
Get Carter (2000) 5.1
Get Carter (2000) ဒီတစ်ခါမှာတော့ မင်းသားကြီး စတားလုံးရဲ့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိထားတဲ့ Get Carter ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ကာတာဆိုတာကတော့ သူ့မွေးရပ်မြေမြို့လေးကနေ ထွက်ပြီး အကြွေးလိုက်သိမ်းတဲ့ လူမိုက်တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် သူ့မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ အဲဒါကတော့ သူ့ညီလေး ရစ်ချီ သေဆုံးသွားခဲ့လို့ပါပဲ။ အကုန်လုံးကတော့ အမူးလွန်ကားမောင်းလို့ သေဆုံးသွားခဲ့ရတယ်လို့ ပြောခဲ့ကြပေမယ့် ကာတာတစ်ယောက်ကတော့ မယုံကြည်ခဲ့ပါဘူး။ ဒီလိုနဲ့ ရစ်ချီ သေဆုံးရတဲ့ အမှုမှန်ကို လိုက်တူးဖော်ရင်း ကာတာတစ်ယောက် သူ့မွေးရပ်မြေလေး‌ နောက်ကွယ်ကအရိပ်မည်းတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတော့တယ်။ File size…(2GB) / (1017MB) / (634MBMB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre...Action / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck
movie

Get Carter (2000)

Beating Heart ( 2022 ) 6.2
Beating Heart ( 2022 ) ဒီတစ်ခေါက် CM ရဲ့ တရုတ်ကားချစ်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းလေးကို မိတ်ဆက်ပေးရမယ်ဆိုရင် ဂျပန်ကားလေး 1 Litre of Tears နဲ့ ပုံစံချင်းဆင်သလို ရှိတယ်ပြောလို့ရတယ်... ဘာလို့လဲဆိုတော့ ကျန်းရှောင်းယွီဆိုတဲ့ ကောင်မလေးကလည်း အာယာ့ ချန် လိုမျိုုးပဲ ရုတ်တရက်ချော်လဲရာကနေ ဆေးစစ်ဆေးကြည့်ပြီးနောက်မှ ရောဂါပြင်းကြီးဖြစ်နေတယ်ဆိုတာကို သိလိုက်ရတာမလို့ပါ...ရှောင်းယွီလေး ကျောင်းတွင်း မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ထိပ်ဆုံးက ပြေးနေခဲ့ရာကနေ ရုတ်တရက် ချော်လဲသွားပြီး မေ့မြောသွားခဲ့ပါတယ်... ဒီလိုနဲ့ ဆေးရုံကိုလည်းရောက်ရော ဆေးစစ်ချက်က " ဦးနှောက်ကင်ဆာ" တဲ့... ဖြစ်ချင်တော့ ရှောင်းယွီလေး က single mom တစ်ယောက်တည်းအားနဲ့ နေရတဲ့အပြင် လူကြီးရောဂါသည် အဖိုးကလည်း ရှိနေပြန်တော့ သူ့ရောဂါကို ကုဖို့ဆိုတာ သိပ်မလွယ်ကူဘူးပေါ့...ဒီလိုနဲ့ တစ်ဖက်မှာလည်း သူနဲ့ သွေးအမျိုးစားချင်းတူပြီး မွေးရာပါနှလုံးအားနည်းနေတဲ့ ယန်ဇီဆိုတဲ့ ကောင်မလေးလည်း ရှောင်းယွီ အရေးပေါ်ရောက်ချိန်မှာ သူလည်းရောက်လာတာပေါ့.. ယန်ဇီကတော့ ရှောင်းယွီဘဝနဲ့ မိုးနဲ့မြေပေါ့... ဒါပေမယ့် သူလည်း single daddy ရဲ့ သမီးလေးပေါ့... သို့ပေမယ့် သူ့ single daddy က စွန့်ဦးတီထွင်သူ လုပ်ငန်းရှင်ကြီးဖြစ်နေတာပေါ့... အခု ...
movie

Beating Heart ( 2022 )

An Organized Killer (2022)
An Organized Killer (2022) An Organized Killer (2022)ဂရေ့စ်နဲ့ဂျိမ်းစ်တို့ဟာ အိမ်ထောင်ရေးသက်တမ်းတစ်ခု ကြာမြင့်ပြီးတော့မှ အဆင်မပြေမှုတွေကြောင့် ပူပူနွေးနွေးကွာရှင်းထားတဲ့ ဇနီးမောင်နှံဖြစ်ပြီး ချာလီလို့ခေါ်တဲ့ ၁၆ နှစ်သမီးလေးတစ်ယောက်ရှိပါတယ်။ဂရေ့စ်ဘက်ကတော့ ဂျိမ်းစ်ကို ဖောက်ပြန်တယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ခါးသီးနေခဲ့ပေမယ့် ဂျိမ်းစ်ဘက်ကတော့ ပြန်ပေါင်းထုတ်ဖို့လိုလားနေတာပေါ့။ဒီလိုနဲ့ တရားဝင်ကွာရှင်းပြီး ပိုင်ဆိုင်မှုတွေခွဲဝေပြီးချိန်မှာ ဂရေ့စ်နဲ့ချာလီတို့ အိမ်အကြီးကြီးထဲမှာ ၂ ယောက်တည်းနေရဖို့ဖြစ်လာလေတော့ သူငယ်ချင်းတွေရဲ့တိုက်တွန်းချက်နဲ့အတူ သူတို့မိသားစုထဲကိုဝင်ရောက်လာတဲ့ အိမ်ငှားလစ်လစ်သ်ဂျုန်းစ်နဲ့ သကြားမေမေဂရေ့စ်ရဲ့ပူပူနွေးနွေး ရည်းစားအသစ်လေး အဲလက်စ်..... ဒီလူ ၂ ယောက်က ဂရေ့စ်တို့ရဲ့ အဖုအထစ်များနေတဲ့ အိမ်ထောင်ရေးကို ဘယ်လိုပြဿနာတွေ သယ်ဆောင်လာမလဲ။ ဂရေ့စ်အကြောင်းတွေအကုန် စုံစမ်းပြီးရောက်လာတဲ့ အကြံသမားလစ်လစ်သ်ရဲ့ ပစ်မှတ်က ဘာများဖြစ်မလဲ။ နဂိုထဲကအဆင်မပြေဖြစ်နေတဲ့ ဂရေ့စ်တို့အိမ်ထောင်ရေးကရော ပြန်အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့....တစ်ခါတစ်လေမှာတော့ ကိုယ့်ရှေ့တည့်တည့်မှာရပ်နေတဲ့ရန်သူထက် နောက်ကျောဓားထိုးမယ့်မိတ်ဆွေက ပိုပြီးကြောက်စရာကောင်းပါတယ်ဆိုတဲ့အချက်လေးကို ရိုက်ပြထားတဲ့ An Organized Killer ဆိုတဲ့ဒီရုပ်ရှင်လေးဟာ ကြည့်ရှုသူပရိတ်သတ်အတွက် တွေးစရာတစ်ခုရသွားစေမှာ အသေအချာပါပဲ။အညွှန်း နဲ့ ဘာသာပြနကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Romance Quality…. 1080p | 720p | 480p File size… ...
movie

An Organized Killer (2022)

Sheep Without a Shepherd (2019) 6.8
Sheep Without a Shepherd (2019) Sheep without a Shepherd (2019)Sheep without a shepherd ရုပ်ရှင်ခေါင်းစဉ်က ထူးထူးဆန်းဆန်းပါလားပေါ့။ တရုတ်ကားတို့ထုံးစံအတိုင်း အင်္ဂလိပ်နာမည်ကိုကြုံသလိုပေးမိတယ်ထင်တာ။ ဒါပေမဲ့လည်း Drshym ကို remake ပြန်ရိုက်ထားတာဆိုတော့ ဘယ်လိုမျိုးလဲသိချင်ခဲ့မိပါတယ်။ ရုပ်ရှင်ကိုအစအဆုံးကြည့်ပြီးသွားတော့ ဘာလို့အဲ့ဒီလိုပေးဖြစ်ခဲ့လဲဆိုတာ ခံစားမိသွားခဲ့ပါတယ်။ ပိုထူးခြားတာက remake လို့မထင်ရလောက်အောင်ကို တကယ်ကောင်းတဲ့ကားလေးတစ်ကားလို့ ထင်မိပါတယ်။ဒီကားလေးထဲမှာ သိုးနဲ့ပတ်သက်တဲ့စကားလေးနှစ်ခွန်းပါပါတယ်။ ပထမတစ်ခွန်းက မျက်စိမှုန်တဲ့သိုးလေးတွေက အကောင်ကြီးတွေစားတာကိုခံရတယ်တဲ့။ ဒုတိယတစ်ခွန်းက သိုးလေးတွေက စားစရာသာပေးထားရင် သူတို့သိုးမွှေးတွေကိုရိတ်ပစ်လည်း ဂရုမစိုက်ပါဘူးတဲ့။ အန္တရာယ်ကိုကြိုမမြင်နိုင်ဘူးပေါ့။ အဲ့ဒါကြောင့် သိုးလေးတွေကဖြူစင်သလို သနားဖို့လည်းကောင်းပါတယ်။ ပြီးတော့ သူတို့ကိုစောင့်ရှောက်ပေးဖို့ သိုးထိန်းကောင်းတစ်ယောက်လည်း လိုအပ်ပါတယ်။လီဝေကျယ်ဆိုတဲ့ ရုပ်ရှင်ရူးအင်တာနက်ပိုင်ရှင်ဆီမှာ ဖိန်ဖိန်ဆိုတဲ့ သမီးလေးရှိပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတို့ထုံးစံအတိုင်း အိမ်မှာအဖေနဲ့သိပ်မတည့်ကြပါဘူး။ သူတို့မိသားစုကို ၁၈၀ ဒီဂရီပြောင်းလဲသွားအောင် လုပ်လိုက်တာကတော့ ဖိန်ဖိန်ရဲ့နွေရာသီစခန်းလေးပဲဖြစ်ပါတယ်။အရွယ်နုနယ်တဲ့သိုးငယ်လေး ဖိန်ဖိန်လေးကတော့ သိုးထိန်းမရှိတဲ့အချိန် နွေရာသီစခန်းမှာ လူငယ်သဘာဝအတိုင်း မှားခဲ့မိရာကနေ ချန်ပန်းတစ်မြို့လုံး အုတ်အုတ်သဲသဲဖြစ်သွားတဲ့အထိ ပြဿနာတွေကြီးမားသွားခဲ့ပါတယ်။ ဖိန်ဖိန်ကို ကျူးလွန်စော်ကားတဲ့သူက တစ်ခြားသူမဟုတ်ဘဲ ရဲမှူးကြီးရဲ့သားဖြစ်နေတော့ သာမာန်ပြည်သူတစ်ယောက်နဲ့ အာဏာပိုင်ရဲအရာရှိတို့ကြား လွန်ဆွဲမှု၊ ဉာဏ်ကစားမှုတွေကို စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ။အညွှန်း နဲ့ ...
movie

Sheep Without a Shepherd (2019)

2019
Bloody Milk(2017) 7.0
Bloody Milk(2017) ဆုတွေရထားတဲ့ပြင်သစ်ကားလေးပါ။ နို့စားနွားမွေးမြူရေးခြံပိုင်ရှင်ပီရာဟာ နွားတွေအပေါ်ချစ်ခင်ကြင်နာတတ်ပြီး ခြံတစ်ခြံလုံးကို တစ်ယောက်တည်းထိန်းသိမ်းလုပ်ကိုင်ရင်း နွားနို့အရည်အသွေးပထမအဆင့်ရထားသူပါ။ ဒါပေမယ့် ဘယ်လ်ဂျီယံနိုင်ငံမှာပြန့်ပွားနေတဲ့ ကြောက်မက်ဖွယ်နွားရောဂါပိုးရဲ့လက္ခဏာတွေကို သူ့ရဲ့နွားတစ်ကောင်မှာတွေ့လာရတဲ့အခါ ကျန်တဲ့နွားတွေပါသုတ်သင်ရှင်းလင်းမခံရအောင် တာဝန်ရှိသူတွေကိုအသိမပေးပဲ တစ်ယောက်တည်းဖြေရှင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဇာတ်အေးကားလေးတွေ၊သရုပ်ဆောင်ဦးစားပေးကားတွေကိုကြိုက်တဲ့သူတွေ လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။File size…(1.87GB) / (921MB) / (480MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:30:00 Genre...Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein
movie

Bloody Milk(2017)

Enola Holmes 2(2022) 6.6
Enola Holmes 2(2022) နက်ဖလစ်ရဲ့ နာမည်ကြီး စုံထောက်ကားဖြစ်တဲ့ အနိုလာဟုမ်းစ် ရုပ်ရှင်ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ မူရင်းသရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင်ထားပါတယ်။ ဟင်နရီ ကာဗယ်က ရှားလော့ခ်ဟုမ်းစ်အဖြစ် ပါဝင်ထားပြီး Stranger Things ထဲက အချစ်တော်လေး မီလီ ဘော်ဘီ ဘရောင်းကတော့ ရှားလော့ခ်ဟုမ်းစ်ရဲ့ ညီမ အနိုလာဟုမ်းအဖြစ် ပါဝင်ထားပါတယ်။ သူတို့ရဲ့ အစ်ကိုကြီး မိုက်ခရော့ဖ်တော့ ပြန်မပါတော့ပေမဲ့ လော့ဒ် တုစ်ဘူရီနဲ့ အနိုလာတို့ရဲ့အချစ်ဇာတ်လမ်းကိုတော့ ဆက်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်း ================အနိုလာဟုမ်းစ်ရာ မိခင်ပျောက်ရှာပုံတော်အမှုကိုဖြေရှင်းအပြီးမှာ တုစ်ဘူရီအမှုကိုပါ ဖြေရှင်းနိုင်ခဲ့ပြီး ကွန်ဖီးဒန့်လယ်ဗယ်ဆိုးဟိုက်သွားတာမို့ ကိုယ်ပိုင်စုံထောက်လုပ်ငန်းတစ်ခု တည်ထောင်လိုက်ပါတော့တယ်။ ဒါပေမဲ့ မိန်းမငယ်လေးတစ်ယောက်ကို ဘယ်သူမှ ယုံကြည်ပြီး အလုပ်မအပ်တော့တာကြောင့် ခွက်ခွက်လန်အောင်ရှုံးပြီး ရုံးခန်းကိုပိတ်ဖို့စီစဉ်လိုက်ရပါတော့တယ်။အဲဒီအချိန်မှာပဲ မီးခြစ်ဆံစက်ရုံအလုပ်သမ ‌ကောင်မလေးတစ်ယောက်က ပျောက်ဆုံးနေတဲ့ သူ့အစ်မကို ရှာပေးဖို့ အမှုလာအပ်ပါတော့တယ်။ ဒါပေမဲ့ အနိုလာဟုမ်းစ်တစ်ယောက် လူပျောက်ရှာရင်းနဲ့ ဒါဟာ သာမန်အမှုမဟုတ်ဘဲ ကြီးမားတဲ့ မသမာမှုကြီးတွေ၊ လာဘ်စားမှုတွေ၊လူသတ်မှုတွေပါ ရောယှက်နေတာကိုတွေ့သွားပြီး အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရတဲ့အခါ.... File size…1.9GB / 800MB Quality…1080p NF WEB DL  / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie

Enola Holmes 2(2022)

2022
Preman (2022) 6.4
Preman (2022) Preman (2022)ဇာတ်ဝင်ခန်းထဲက စကားလေးအတိုင်းဆိုရင် တကယ်တော့ မဒူဆာဆိုတဲ့ အမျိုးသမီးဟာ အရမ်းလှပတဲ့ မိန်းမပျိုလေး တစ်ယောက်ပေါ့ဒါပေမဲ့ သူမရဲ့ အလှအပတွေကို လိုချင်တပ်မက်နေတဲ့ ပင်လယ်နတ်ဖုရား ပိုဆိုက်ဒွန်ဟာ သူမကို မုဒိန်းကျင့်ခဲ့တယ် ဒါအပြင့် သူ့ကို မနာလိုတဲ့ နတ်ဖုရားမက အပြစ်ပေးတဲ့အနေနဲ့ မြွေတစ်ပိုင်း လူတစ်ပိုင်း ပြောင်းပစ်ခဲ့ကြတယ် ဒါတောင်မှ သူမအတွက် ရက်စက်မှုတွေက မကုန်နိုင်သေဘဲ ပါစီးယက်ရဲ့ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပါသေးတယ်။ဒီလိုပါပဲ လူတွေ အတွက်တော့ ပါးစီးယက်တို့က သူရဲကောင်းကြီးတွေ ဖြစ်ပေမဲ့ မဒူဆာ အတွက်တော့ သူတို့တွေဟာ မကောင်းဆိုးဝါး စစ်သားတွေပါပဲ။ ယခု ဇာတ်ကားလေးဟာလဲ အင်ဒို ၂၀၂၂ ထွက်ကားလေးဖြစ်ပြီးတော့ ဇာတ်လမ်းသဘောလေးကတော့ နားကန်းနေတဲ့ လူတစ်ယောက်ဟာ လူမိုက်ဂိုဏ်း တစ်ခုမှာ အလုပ်လုပ်နေခဲ့တာ ကြာခဲ့ပါပြီ။ ဒီလို လူမိုက်အလုပ်ကြောင့်ပဲ မိန်းမဖြစ်သူက ပစ်သွားခဲ့ပြီး သားလေးတစ်ယောက်နဲ့ လောက ကိုရင်ဆိုင်နေသူတစ်ယောက်ပါ။ နဂိုက စိတ်ထားကောင်းတဲ့သူ တစ်ယောက်ဖြစ်ပေမဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ အရာရာဟာ သူ့ကို ဒီဘဝကနေ ရုန်းထွက်မရအောင် ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ ...
movie

Preman (2022)

2022
Bitch Ass(2022)
Bitch Ass(2022) ဆီဆယ်က ခပ်တုံးတုံးလူဝကြီး ဖြစ်လို့ "ငကြောက်ကောင်" ရယ်လို့ ငယ်ငယ်ကကျောင်းမှာ စနောက်ခံခဲ့ရပြီး အနိုင်ကျင့်ခံခဲ့ရသူပါ။ အဲဒီထဲမှာ အခုအချိန်မှာ ဆဌမလမ်းလူမိုက်ဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်နေတဲ့ စပိတ်က ထိပ်ဆုံးကဖြစ်ပါတယ်။စပိတ်က ခွမ်တင်အပါအဝင် ဂိုဏ်းကိုစဝင်ခါစ လူငယ်သုံးယောက်ကို ဆီဆယ့်အဘွားဆုံးသွားလို့ အခု ဆီဆယ် တစ်ယောက်တည်း နေနေတဲ့အိမ်ကို ဓားပြဝင်တိုက်ဖို့ တာဝန်ပေးလိုက်ပါတယ်။ လွယ်လွယ်ပြီးပြတ်မဲ့ကိစ္စလို့တွက်ပြီး လူသစ်တွေကို လွှတ်လိုက်ပေမဲ့ သူတို့မသိတာက အဲဒီ့အိမ်ကနေ စောင့်ကြိုနေတဲ့ အန္တရာယ်တွေပါပဲ။ပစ္စည်းတွေယူဖို့နေနေသာသာ လူသစ်တွေက မျက်နှာဖုံးစွပ်ထားတဲ့လူသတ်သမားတစ်ဦးနဲ့ ထိပ်တိုက်တိုးပြီး ရှုံးနိမ့်တာနဲ့ အသတ်ခံရမဲ့ ဂိမ်းတွေကို အသက်နဲ့ရင်းလို့ကစားနေရပါတယ်။ အဲဒီ့အချိန်မှာပဲ ခွမ်တင့်ကို စိတ်ပူလို့ စပိတ်နဲ့အတူ ဆီဆယ့်အိမ်ကို ရောက်လာခဲ့တဲ့ ခွမ်တင့်အမေတို့အဖွဲ့ရော ကံကောင်းနိုင်မလား၊ ခွမ်တင်အပါအဝင် လူသစ်တွေအဖွဲ့ အသက်ရှင်နိုင်မလား၊ အပြင်လူတွေသာမက အဘွားရဲ့ အနှိပ်စက်ခံ သနားစရာလူဝကြီး ဆီဆယ်ရော ဘာတွေဖြစ်သွားလဲ၊ မျက်နှာဖုံးစွပ်နဲ့လူသတ်သမားက ဘယ်သူလဲ ဆိုတာတွေကို ဟာသအနည်းငယ်၊ သွေးသံရဲရဲဇာတ်ဝင်ခန်းများနဲ့ အချိတ်အဆက်မိမိ ဇာတ်အလှည့်အပြောင်း အချိုးအကွေ့တွေကို ကြည့်ရှုခံစားရမှာပါ။ File size…716MB  / 322MB Quality…1080p WEB DL  / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Bitch Ass(2022)

2022
The Stranger (2022) 6.6
The Stranger (2022) The Stranger (2022)~ IMDb - 6.6/10, Rotten Tomatoes - 94% ~ဒီဇာတ်လမ်းဟာ ဩစတေးလျမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ အမှုတစ်ခုကို အခြေတည်ရိုက်ကူးတဲ့ ဇာတ်လမ်းပါ။ အဲဒီအမှုက ဒန်နီရယ်မော်ကွန်ဘီလူသတ်မှုလို့ ခေါ်တဲ့အမှုပါပဲ။ ၂၀၀၃မှာ ဒန်နီရယ် မော်ကွန်ဘီဆိုတဲ့ ၁၃နှစ်သား ကလေးလေးဟာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ ၈နှစ်ကြာပြီးမှ တရားခံကို စခြေရာခံမိပါတယ်။ ၂၀၁၄မှာတော့ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရပြီး တစ်သက်တစ်ကျွန်းအချခံလိုက်ရပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီတုန်းက ဟိုလေးတကျော်ဖြစ်ခဲ့တဲ့ နှစ်ပေါင်းများစွာကြာမှ တရားခံတွေ့ခဲ့တဲ့ သနားစရာကလေးလေး အသတ်ခံရတဲ့အမှုကို သွယ်ဝိုက်ဖော်ကျူးထားတာပါ။ဩစတေးလျ ဒါရိုက်တာကပဲ ရိုက်ကူးထားပြီး သရုပ်ဆောင်တော်တော်ကောင်းသလို တစ်စထက်တစ်စနေရာပိုရလာတဲ့ Joel Edgerton နဲ့ Sean Harris တို့လို သရုပ်ဆောင်ကောင်းပေမဲ့ ရွက်ပုန်းသီးတော့ နည်းနည်းဆန်တဲ့ မင်းသားကောင်း၂ယောက် အပြိုင်ကြဲထားတာပါ။ နက်ဖလစ်ကားဖြစ်သလို ဝေဖန်ရေးသမားတွေလည်း တော်တော်ကြိုက်ခဲ့ကြတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တငြိမ့်ငြိမ့်နဲ့ ရင်ဖိုရတဲ့ကားတွေ ...
movie

The Stranger (2022)

2022
2 Days in the Valley (1996) 6.5
2 Days in the Valley (1996)    2 Days in the Valley (1996) =================== IMDb Rating - 6.5/10မကြည့်ဖူးဘူးဆိုတာ မရှိရလေအောင် ပရိသတ်ကြီးအတွက် မင်းသမီးချောကြီး Charlize Theron ငယ်ငယ်က ရိုက်ကူးခဲ့တဲ့ Crime/Comedy တစ်ကား တင် ဆက်ပေးလိုက်ရပါတယ်။ စနေနှစ်ခိုင်တွေ ပွတ်ပွတ်ပွတ်တွေ အနည်းငယ် ပါလို့ မိသားစုနဲ့တော့ အတူမကြည့်နဲ့ပေါ့ဗျာ။ဇာတ်လမ်းအသွားအလာကတော့ သူ့ခေတ်သူ့အခါဆန်ဆန် အဖြစ်အပျက်(၂)ခု၊ (၃)ခုကို အဆုံးမှာ ချိတ်ဆက်ထားပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ ဒီဇာတ်လမ်းမှာ ဒုစရိုက်သမားက နှစ်ယောက်၊ ရဲကနှစ်ယောက်၊ ဒီလေးယောက်နဲ့ ဇာတ်လမ်းလာနွယ်မယ့် ကာရိုက်တာတွေ ပါကြသဗျ။ဇာတ်လမ်းကတော့ အိုလံပစ် အားကစားမယ်တစ်ယောက်ရဲ့ ခင်ပွန်းဟောင်းကို ကြေးစားနှစ်ယောက်က သတ်တာနဲ့ အစပျိုးထားပါတယ်။ နောက်တော့ ကြေးစားချင်း သဘောထားကွဲ လူကွဲပြီး ဟိုပြေးဒီပြေးနဲ့ သူ့ဇာတ်ကိုယ့်ဇာတ်တွေ ကွဲကုန်တာပါပဲ။ အထက်မှာပြောခဲ့သလို အဖြစ်အပျက်တစ်ခုမကလို့ သိပ်မစပွိုင်းဘဲကြည့်ခိုင်းလိုက်တာက ပိုအဆင်ပြေမယ်ထင်လို့ ဘွားတော်ကြီးရဲ့ ဆက်စီတွေ မြင်ချင် ကြည့်၊ မမြင်ချင် နေလို့ပဲ ပြောလိုက်ပါရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.78 GB) / ...
movie

2 Days in the Valley (1996)

1996
Yakuza Apocalypse (2015) 5.5
Yakuza Apocalypse (2015)  ယခုတစ်ခါမိတ်ဆက်ပေးချင်တာကတော့ နာမည်ကျော် Audition, Ichi the killer, Visitor Q ရုပ်ရှင်တို့ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Takashi Miikeရဲ့လက်ရာလေးပဲ ဖြစ်ပါတယ် ၂၀၁၅မှာ ထွက်ရှိခဲ့တဲ့ ယာကူဇာ(လူဆိုးဂိုဏ်းဝင်)ကားလေးပါ ထူးဆန်းတာက ပုံမှန် vampire တွေလိုမဟုတ်ပဲ Yakuza Vampire ဖြစ်နေတာပါပဲ သွေးစုပ်ခံရတဲ့အခါ မြို့သားတွေဟာ vampire ဖြစ်တဲ့အပြင် ယာကူဆာပါဖြစ်သွားတာပါပဲ ဒီလိုကြောင်တောင်တောင် ဘာမှန်းမသိတဲ့ ရသလေးတွေ ခံစားချင်တဲ့အခါတိုင်း စာရေးသူကတော့ Takashi Miike ကိုပဲ ပြေးမြင်မိပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ကာဂဲယာမာဆိုတဲ့ ယောက်ျားတစ်ယောက်ဟာ စီးပွားပျက်ကပ်မှာ လတ်လျားလတ်လျားနေရင်း သူတို့ရပ်ကွက်လေးကို ကြည့်ရှုစောင့်ရှောက်ပေးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင် ဆရာကြီးကို အားကျမိပါတော့တယ် ဆရာကြီးဟာ မြို့သားတွေကို စောင့်ရှောက်ပေးတာမို့ ယာကူဇာဆိုပေမယ့် ဟီးရိုးသဖွယ် လူတွေကချစ်ခင်ကြတယ် ကာဂဲယာမာကလည်း ဆရာကြီးနောက်လိုက်လုပ်ရင်း ယာကူဇာတစ်ယောက်ဖြစ်သွားတယ် တစ်နေ့မှာတော့ ဆရာကြီးရဲ့ အရင်အဖွဲ့က လူတွေက ဆရာကြီးကို ပြန်လာခေါ်ပေမယ့် မလိုက်တာမို့ ဆရာကြီးဟာ အသတ်ခံလိုက်ရတဲ့အဆင့်ထိရောက်ရှိသွားပါတယ် ဒါကို မြင်တွေ့လိုက်ရတဲ့ ...
movie

Yakuza Apocalypse (2015)

The Client(1994) 7.0
The Client(1994) The Client(1994) အညွှန်း*********************IMDb...7.0,,,, Rt.. 80% ဒီကားဟာ အတော်လေးနာမည်ကြီးခဲ့တဲ့ကားဖြစ်ပြီး ကျွန်တော်တို့ရဲ့ Men In Blackထဲက ဘိုးတော်ကြီးTommy Lee Jonesလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်.... ညီအစ်ကိုနှစ်ယောက်ဟာ တောထဲမှာ ဆော့ကစာနေရင်းရှေ့နေတစ်ယောက် သေကြောင်းကြံတဲ့အမှုမှာ မျက်မြင်သက်သေဖြစ်သွားခဲ့ပါတယ်။ဒီရှေ့နေသတ်သေမှုဟာ လွှတ်တော်အမတ်တစ်ယောက်ပျောက်ဆုံးမှုနဲ့ ပတ်သက်နေတဲ့အတွက်အဲဒီရှေ့နေမသေခင် နောက်ဆုံးမြင်လိုက်ရတဲ့ ကလေးနှစ်ယောက်ထဲကအကြီးကောင် Markဟာမီဒီယာတွေနဲ့ မာဖီးဟားအဖွဲ့ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ ဒါ့အပြင် အမတ်လောင်းပျောက်ဆုံးမှုကိုလိုက်နေတဲ့ ရှေ့နေကြီးRoyအတွက်လည်း မြို့တော်ဝန်ဖြစ်ရေးအတွက်ဒီအမှုနိုင်ဖို့က အရေးပါနေတာကြောင့် မျက်မြင်သတ်သေMarkကို မေးခွန်းတွေ အစ်အောက်ဖို့ ကြိုးစားပါတယ်။ဒီတော့ လူလည်လေးMarkဟာ မပြောသင့်တာတွေပြောရင် အသတ်ခံရမယ်လို့မာဖီးယားတွေခြိမ်းခြောက်ခံထားရတဲ့အတွက် အခြေအနေအရပ်ရပ်ကို ရှောင်ရှားနိုင်ဖို့အတွက်ရှေ့နေတစ်ယောက် ငှားရမ်းပါတော့တယ်။ ဒီတော့ Markနဲ့ ရှေ့နေတွေကြား ဘာဆက်ဖြစ်မလဲ၊မာဖီးယားတွေလက်ထဲက ဘယ်လိုရှောင်ရှားမလဲ၊ လွှတ်တော်အမတ်ပျောက်ဆုံးမှုနဲ့ရောဘယ်လိုပတ်သက်နေလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်..File Size : (2.38GB)(812MB) and (262MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:59:00 Genre : Crime ...
movie

The Client(1994)

Sleepers(1996) 7.5
Sleepers(1996) Sleepers(1996) အညွှန်း*******************IMDb...7.5,,,,Rt...73  Robert De Niro ,Kevin Bacon  နဲ့ Brad Pitt တို့ အဓိကပါဝင်ထားတယ်.. စာရေးဆရာ Lorenzo Carcaterraရဲ့ best sellerဖြစ်ခဲ့တဲ့ ဒီဇာတ်ကားဟာစာအုပ်အဖြစ်ထုတ်ဝေတုန်းမှာ ဝေဖန်သူတွေ၊ သတင်းရေးသူတွေကြားမှာ ဝေဖန်မှုတွေနဲ့ အငြင်းပွားဖွယ်ဖြစ်ခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူပြီးနောက်မှာလည်း အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ နယူးယော့မြို့တော်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ ဒီဝတ္ထုဟာ အဖြစ်မှန်ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့အကြောင်းကို သို့လောသို့လောဖြစ်ရာမှာ ဝတ္ထုရေးဆရာ Lorenzo Carcaterraကတော့ အဖြစ်မှန်ဖြစ်ကြောင်း တစ်ခါအတည်ပြုဖူးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာနေရာတွေကတော့ ဒီလိုအဖြစ်အပျက်မျိုးမရှိဖူးကြောင်း ငြင်းချက်ထုတ်တာပေါ့။ တစ်ခုသတိပေးချင်တာကတော့ ကလေးသူငယ်နှိပ်စက်မှုတွေပါဝင်လို့ စိတ်ခိုင်မှ ဒီကားကို ကြည့်စေချင်ပါတယ်။ နယူးယော့မြို့ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ကြတဲ့ Hell's Kitchenဆိုတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ သူငယ်ချင်းလေးယောက်ဟာ တခြားကလေးတွေလိုပဲ ရပ်ကွက်ထဲ ဆော့ကစားလိုက် ဘုရားကျောင်းတက်လိုက်နဲ့ပေါ့။ အားရင်အားသလို ဘုရားကျောင်းမှာ ဘုန်းတော်ကြီးအကူအဖြစ် ဝင်လုပ်လေ့ရှိသလိုပိုက်ဆံရရင်ရသလိုလည်း နာရေး‌တွေမှာ ဝင်ကူလေ့ရှိပါတယ်။ ဆင်းရဲကြပေမယ့် ရှိတာလေးနဲ့ ရောင့်ရဲစွာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ ကလေးတွေပေါ့။သူတို့သူငယ်ချင်းတွေကြားမှာ နောက်ပြောင်ကျီစယ်ခြင်းကိုလည်း အလှည့်ကျလုပ်လေ့ရှိပါတယ်။ တစ်ခါမှာတော့ ...
movie

Sleepers(1996)

Confessions of Felix Krull (2021) 6.4
Confessions of Felix Krull (2021) Confessions of Felix Krull (2021) ======================== IMDb Rating - 6.4/10ဂျာမန်စာရေးဆရာကြီး Thomas Mann ရဲ့ ရောင်းအားအကောင်းဆုံး၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ IMDb rating အနေနဲ့လည်း 6.4/10 ရရှိထားပါတယ်။ ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဖီးလစ်ခရူလ်ရဲ့ဖခင်ဖြစ်သူဟာ စီးပွားကျသွားခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ လောကဓံရိုက်ချက်ကို ခပ်ပြင်းပြင်းခံလိုက် ရတဲ့ ဖီးလစ်ဟာ ခေတ်စနစ်ရဲ့အလိုအတိုင်း အဆင့်အတန်းခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ အနိုင်ကျင့်ခံရတာတို့ ကြုံတွေ့ရပါတယ်။ ကံကောင်းတာက ရုပ်‌ရည် ချောမော အပြောကောင်းတဲ့ ဖီးလစ်ဟာ သူအလုပ်လုပ်တဲ့ဟိုတယ်မှာ အမျိုးသမီး ဧည့်သည်တွေရဲ့ပစားပေးခြင်းကိုခံရပါတယ်။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေပေမဲ့ ဖီးလစ်ချစ်တဲ့သူကတော့ သူနဲ့ဘ၀တူ ဇာဇာ ဆိုတဲ့ကောင်မလေးတစ်ယောက်တည်းပါ။ ဇာဇာဟာ ဆင်းရဲတဲ့ဘ၀က ရုန်းထွက်ချင်သူမို့ ဖီးလစ်ကိုချစ်ပေမဲ့ နှုတ်ခမ်းပဲ့ချင်းမီးမမှုတ်ချင်သူပါ။ သူလက်ထပ်ရမယ့် ချမ်းသာတဲ့ ယောက်ျားကိုရှာနေ‌သူပေါ့။ အဲဒီအချိန်မှာ မျိုးရိုးမြင့်တဲ့အိမ်က သခင်လေး လူး၀စ်ဗန်နို စတာနဲ့ ဆုံဆည်းမိပါတယ်။ဒီလိုနဲ့ ၃ ပွင့်ဆိုင်ဖြစ်လာတဲ့ သူတို့အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ ဖီးလစ်ကရော သူ့ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အချစ်၊ အလွမ်း၊ ဟာသ၊ ဘ၀ရသစုံစုံလင်လင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ...
movie

Confessions of Felix Krull (2021)

2021
Butterfly in Grey (2002) 4.8
Butterfly in Grey (2002)  ဒေါင်ဝ် အဖြစ် SuangSuda Lawanprasert အီယတ် အဖြစ် Pitchanart မာလီ အဖြစ် Patharawarin Timkulဇာတ်လမ်းအကျဥ်းဒေါင်ဝ်ဆိုတဲ့ မိန်းကလေးက ချမ်းသာတဲ့အပြင် အေးချမ်းစွာနေတတ်တဲ့ ဘွဲ့ရပညာတတ်သမီးလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်တစ်ရက် ဖခင်ဖြစ်သူ သတိပေးတဲ့ကြားက ရဲအရာရှိတစ်ဦးနဲ့ချစ်သူဖြစ်ခဲ့ပြီး ချစ်သူဖြစ်သူနဲ့တခြားမိန်းကလေး အိပ်ရာထက် ဖောက်ပြန်နေတာကြောင့် သေနတ်နဲ့အဆုံးစီရင်ခဲ့လို့ ထောင်၁၀နှစ်ကျခဲ့ရတယ်ထောင်ကလွတ်လာတဲ့အခါ ပြည့်တန်ဆာခေါင်းဖြစ်တဲ့ မာလီအိမ်မှာ နေရင်း ​ပြည့်တန်ဆာတွေရဲ့အတွေးအမြင်တွေ ၊သူတို့ရဲ့စိတ်ခံစားချက်တွေ၊ တစ်ဦးချင်းစီရဲ့ဘဝတွေနဲ့ ထောင်ထဲကအတွေ့အကြုံတွေကို ဒေါင်ဝ်က ဝတ္ထုရေးခဲ့ပါတယ်ဒီဇာတ်လမ်းမှာတော့ လူတွေသဘောမကျ ရှောင်ဖယ်ကြတဲ့ ပြည့်တန်ဆာတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ ဘဝအတွက်ရွေးချယ်ရပုံတွေကို မြင်ရမှာပဲဖြစ်ပါတယ်File Size__(2.7GB) / (1GB) Quality__1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__01:45:00 Type__Adult ,Crime Subtitle__Myanmar Subtitle (Hardsub) Translated by Butterfly Encoded by Dark Devil
movie

Butterfly in Grey (2002)

[18+] The Postman Always Rings Twice (1981) 6.6

[18+] The Postman Always Rings Twice (1981)

1981
The Good Nurse (2022) 6.9
The Good Nurse (2022) IMDb 6.9/10 Rotten Tomatoes 8.1ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားပြီး Netflix ကထုတ်လွှင့်တဲ့ ဒီကားကတော့ Must Watch စာရင်းထဲပါတဲ့ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူးရှင်တစ်နေ့..ပါ့ခ်ဖီးဆေးရုံကြီးကိုချာလီဆိုတဲ့ Male Nurse တစ်ယောက်အလုပ်လာလုပ်ခဲ့တယ် အေမီဆိုတာကတော့ ဆေးရုံမှာမသိတဲ့လူမရှိ လူချစ်လူခင်ပေါတဲ့သူနာပြုတစ်ယောက် ဒီလိုနဲ့ လူသစ်ချာလီကို ကူညီပေးရင်းသူတို့နှစ်ယောက်ရင်းနှီးသွားခဲ့ကြတယ် ချာလီကသူမထင်ထားတာထက် ဖော်ရွေသဘောကောင်းပြီး ကျန်းမာရေးမကောင်းတဲ့သူမကို အရမ်းဂရုစိုက်ပေးခဲ့တော့ တွဲဖက်ကောင်းတွေဖြစ်သွားခဲ့ကြတာပေါ့ဒါပေမယ့်မကြာခင်မှာပဲ ဆေးရုံကလူနာတွေရုတ်တရက်ကြီးသေဆုံးသွားကြပါတယ် ဆုံးပါးတဲ့လူနာတိုင်းကိုစစ်ကြည့်တော့လည်း အင်ဆူလင်ဆေးကြောင့်ဆိုတာထွက်ပေါ်လာတော့ ဆေးရုံဘုတ်အဖွဲ့ကမသင်္ကာလို့ရဲတွေအကြောင်းကြားပြီး ဒီအမှုကိုစုံစမ်းခိုင်းပါတော့တယ်ဒီလိုနဲ့ ICU မှာတာဝန်ကျသူနာပြုတွေကိုစုံစမ်းရင်း လူသစ်ချာလီက ထူးဆန်းစွာဆေးရုံပေါင်း၉ခုမှာအလုပ်လုပ်ခဲ့ကြောင်းတွေ့ရှိလာခဲ့တဲ့နောက်မှာတော့....တကယ်ပဲချာလီကဒီလူတွေသေတာနဲ့ပတ်သက်နေတာလား လူသတ်သမားကဘယ်သူဖြစ်နိုင်မလဲဆိုတာဆက်လက်ခံစားကြည့်ရှုလိုက်ကြပါရှင် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yunni ပါ )File Size__(2GB) / (750MB) Quality__WEB-DL_1080p, 720p IMDb Rating__6.9/10 Format__mp4 Duration__02:01:00 Type__Biography, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Yunni Encoded by Naing Aung Latt
movie

The Good Nurse (2022)

The Art of War (2000) 5.7
The Art of War (2000)   Blade မင်းသားရဲ့ အက်ရှင်ကားဟောင်းတစ်ကားပါ။ဒီဇာတ်ကားမှာတော့ နိုင်ငံတကာပဋိပက္ခတွေဖြစ်ရင် UN က စိုးရိမ်နေရုံတင်မဟုတ်ပဲ လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့လွှတ်ပြီး ​ဖြေရှင်းခိုင်းပါတယ်။ နီးလ်ရှောဟာ အဲ့အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ တရုတ်နဲ့ UN တို့ဟာ အလွန်အရေးပါတဲ့ကုန်သွယ်ရေးသဘောတူစာချုပ်လက်မှတ်ထိုးဖို့ အချိန်နီးကပ်လာချိန်မှာ အမေရိကန်ရဲ့ဆိပ်ကမ်းတစ်ခုမှာ တရုတ်ဒုက္ခသည်လူသေလောင်းတွေအပြည့်ပါတဲ့ကုန်တိန်နာတစ်ခု သောင်တင်လာတဲ့အခါ UN ဟာ နီးလ်ရှောတို့ရဲ့အဖွဲ့ကိုစေလွှတ်ပြီး ထောက်လှမ်းခိုင်းပါတော့တယ်။သတင်းယူရုံစစ်ဆင်ရေးလေးကနေ ပိုကြီးမားတဲ့အရှုပ်တော်ပုံထဲရောက်သွားတဲ့နီးလ်ရှောဟာ တရုတ်နဲ့ အမေရိကန်ကြားက တရားခံစစ်ကိုရှာရပါတော့တယ်။ ထောက်လှမ်းရေးအက်ရှင်ကားတွေကြိုက်ရင် လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။File size…(2.52GB) / (1.3GB) / (673MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Action / Adventure / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein
movie

The Art of War (2000)