Channel Myanmar

Crime

Ramarao On Duty (2022) 5.5
Ramarao On Duty (2022) ဒီတစ်ခေါက်မှာတော့ ရူပီး ၅၀နဲအမှုဖော်တဲ့ဘဲရီး ရာဗီး တီဂျာရဲ့ အမှု့ဖော်ပုံတွေကိုဆက်လက်ရှု့စားရမှာပါ။ ဒီကားက Main Cast တင်မကပဲ အရံတွေပါလုပ်ကွက်ထွက်တဲ့ကားပေါ့ဇာတ်လမ်းအကျဥ်း ================ အကောက်ခွန်မှူး ရာမာရာအိုဟာ အမှန်အတိုင်းသာဖြစ်ပါစေ ဘယ်လိုကိစ္စမဆို အဆုံးထိ လိုက်သူပါ နူကလီးယားဓါတ်ပေါင်းဖိုဆောက်တဲ့ကိစ္စတစ်ခုမှာ သူမသိပဲ အကျိုးဆောင်ခဲ့တာကစပြီး ရည်းစားဟောင်းကောင်မလေးရဲ့ ယောကျာ်းပျောက်မှုကိုရှာရင်းဖွေရင်းနဲ့ မထင်မှတ်ဘဲ မဖော်ထုတ်ဘဲထားတဲ့လူပျောက်မှုတွေအပြင် မှောင်ခိုမှုတွေပါတန်းစီတွေ့လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ ပြန်ဆုတ်ရိုးထုံးစံမရှိတဲ့ ရာမာရာအိုတစ်ယောက်အစတွေဆွဲထုတ်လွန်းလို့ ကြည့်မရဖြစ်နေတဲ့ရဲမှူးကရော ဘယ်လိုတွေပါဝင်ပတ်သက်နေမလဲ ဆိုတာရုပ်ရှင်ထဲမှာ လိုက်ပါစီးမျောခံစားလိုက်ပါဦး File size…2.6GB / 1.3GB Quality…1080p HQ AVC / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Kham Mon & Lwin Htoo & Kevin &  Yunni & Sora
movie

Ramarao On Duty (2022)

2022
Emily the Criminal (2022) 7.1
Emily the Criminal (2022) Emily the Criminal (2022)ဒီရုပ်ရှင်ကတော့ Crime Thriller အမျိုးအစားပါ။ Imdb 7.1 အထိ ရရှိထားပြီး လူကြိုက်များတဲ့ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ John Patton Ford တဲ့။ အရင်က ရုပ်ရှင်ကြီးကြီးမားမား မရိုက်ဖူးပေမဲ့ သူ့ရဲ့ပွဲဦးထွက် ဒီရုပ်ရှင်က ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စရာဖြစ်လာပါတယ်။ သရုပ်ဆောင်တွေကလည်း A list မင်းသားမင်းသမီးတွေမဟုတ်ပေမဲ့ အတော်လေးပီပြင်ပြီး ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရထားပါပြီ။ ဒီရုပ်ရှင်ကို ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ကူးထားတာပါပဲ။ဇာတ်လမ်းကတော့ ဒုစရိုက်လောကထဲက မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ ရာဇဝတ်မှုကားတွေမှာဆို နှစ်မျိးရှိတတ်တယ်။ ဆရာ့ဆရာကြီးတွေအကြောင်းပြတဲ့ဇာတ်လမ်းမျိုးနဲ့ Breaking Bad လို လုပ်မိလုပ်ရာလုပ်ရင်းနဲ့ ဆရာကြီးဖြစ်လာတဲ့ဇာတ်လမ်းမျိုးပေါ့။သူကတော့ Breaking Bad လိုပါပဲ။ ကျောင်းစားရိတ်ချေးငွေ ၇၀၀၀၀ ကို မဆပ်နိုင်တော့ ငွေရလွယ်တဲ့ အလုပ်တွေရှာရင်းနဲ့ ခရက်ဒစ်ကတ်လိမ်လည်တဲ့ လူမိုက်လောကထဲကိုရောက်သွားပါတယ်။ အဲဒီမှာမှ တဖြည်းဖြည်းကျင်လည်ရင်း ကျွမ်းလာသလို အခက်အခဲတွေ ...
movie

Emily the Criminal (2022)

2022
End of the Road (2022) 5
End of the Road (2022) End of the Road ( 2022 )Fast and Furiousကားတွေနဲ့ လူသိများတဲ့ Ludacrisရဲ့ action , thrillerကားအသစ်ပါ။ အကြွေးတွေပိနေလို့ အိမ်ရောင်းဆပ်ပြီး အဘွားအိမ်ကိုပြောင်းဖို့ နှစ်ညအိပ်သုံးရက်ခရီးရှည်ကြီးကို အိမ်စီးကားလေးနဲ့သွားကြတဲ့ မိသားစုတစ်စုရဲ့ လမ်းတစ်လျှောက်က အခက်အခဲတွေအကြောင်းပါ။မတည့်မရှု့ဖြစ်နေတဲ့ သူတို့မိသားစုဟာ ဘုနဲ့ဘောက်နဲ့ ခရီးထွက်ကြရင်း လမ်းမှာ မိုတယ်တစ်ခုမှာ တစ်ညဝင်အိပ်ကြပါတယ်။ ဘေးခန်းက အသံတွေကြားလို့ သွားကြည့်တော့ လူတစ်ယောက်သေနတ်မှန်ထားလို့ ကယ်ဖို့လုပ်ရင်း သူထားခဲ့တဲ့ပိုက်ဆံလက်ဆွဲအိတ်လိုက်ကြီးကို တွေ့သွားကြတယ်။ ကယ်ဖို့လုပ်ကြပေမဲ့ မမီတော့ပါဘူး။ ငွေတွေယူပြီးပဲထွက်လာလိုက်ကြတယ်။ လမ်းခုလတ်ကျတော့ ငွေတွေရဲ့ပိုင်ရှင် မူးယစ်ရာဇာကြီးက သူ့ငွေတွေကိုပြန်တောင်းပါတယ်။ မူးယစ်ရာဇာကြီးက သူ့ကလေးတွေကိုပါပြန်ပေးဆွဲပြီးငွေတွေပြန်ရအောင်ကြံပါတယ်။ ဒီလိုနဲ့ အမေနဲ့ဦးလေးဟာ ကလေးနှစ်ယောက်အတွက် အဲဒီနယ်တစ်ခွင်က ဘယ်သူမှမော်မကြည့်ရဲတဲ့လူဆိုးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့..File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:29:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

End of the Road (2022)

Falling Down (1993) 7.6
Falling Down (1993) Falling Down (1993) အညွှန်း*************************IMDb...7.6,,,Rt....85%နာမည်ကျော်မင်းသားကြီး မိုက်ကယ်ဒေါက်ကလပ်ရဲ့ Gold but Old Crime/ Actionရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသားကြီးကိုယ်တိုင်ကသူသရုပ်ဆောင်ခဲ့သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုထားပါတယ်။ဝီလီယံဖော်စတာဟာ လောလောလတ်လတ်အလုပ်ထုတ်ခံလိုက်ရတဲ့ဒုံးကျည်အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေ၊ညစ်ပတ်နေတဲ့လမ်းတွေ၊ ရိုင်းစိုင်းတဲ့လူတွေ၊ ကွဲအက်နေတဲ့ ပလက်ဖောင်းတွေကသူ့ရဲ့ မျှခြေမညီတဲ့ အတွေးအခေါ်တွေ၊ခံပြင်းဒေါသတွေနဲ့ခါးသီးမှုတွေကို ပေါက်ကွဲစေတဲ့ တွန်းအားတွေဖြစ်လာတဲ့အခါ ဝီလီယံတစ်ယောက် ပြစ်မှုတွေကို ဆက်တိုက်ကျူးလွန်မိပုံနဲ့ထိုခေတ်ထိုအခါက ခေတ်စနစ်ကို ပေါ်လွင်အောင် ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။  File Size :(2.1GB)(711MB) and (217MB) Quality : Blu-Ray1080P5.1CH, 720p Format…mp4 Duration…01:53:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Falling Down (1993)

Nenjuku Needhi (2022) 7.4
Nenjuku Needhi (2022) “လူသားအားလုံး သာတူညီမျှ ဖြစ်သွားရင် ဘယ်သူက အုပ်ချုပ်မင်းလုပ်မှာလဲ…တဲ့ လူသားအားလုံးဟာ သာတူညီမျှ အခွင့်အရေးရသင့်ကြောင်း တွေးခေါ်နိုင်စွမ်းရှိတဲ့သူပေါ့ဗျာ”ကမ္ဘာအနှံ့မှာ လူ့အခွင့်အရေးအရ သာတူညီမျှဖြစ်နိုင်ဖို့ ယနေ့ထိတိုင် Ideology Revolution တွေ ဆင်နွှဲနေရဆဲပါ။ ပဒေသရာဇ်စနစ်တော်လှန်ရေးမှစပြီး ယနေ့ LGBTQ+ အခွင့်အရေးတွေအထိ ကျွန်တော်တို့ လူသားတွေ တော်လှန်ခဲ့ကြရာ သာတူညီမျှ အခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းဟာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာခဲ့ပါပြီ။ သို့ပေမဲ့ ကျွန်တော်တို့နိုင်ငံအပါအဝင် ကမ္ဘာ့ဒေသတချို့မှာလည်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ အိန္ဒိယနိုင်ငံဟာ လူတန်းစားခွဲခြားမှုကြီးမားပြီး ဇာတ်နိမ့်၊ ဇာတ်မြင့် စသဖြင့် အမျိုးမျိုး ခွဲခြားဆက်ဆံတဲ့ ပြဿနာဟာ ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ဇာတ်ခွဲခြားမှုအပေါ် အခြေခံပြီး လူ့အခွင့်အရေးအတွက် လှလှပပ တင်ဆက်ထားတဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ================ ဗီဂျာယာရာဂါဗန်ဟာ နိုင်ငံခြားကနေ ပြန်လာပြီးနောက် အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်မယ့် ရဲအရာရှိတစ်ယောက်ပါ။ နယ်ဘက်ကို တာဝန်ကျတဲ့အခါမှာတော့ လူတန်းစားခွဲခြားမှုတွေကို သိရပြီး ကသိကအောင့် ဖြစ်ရတာပေါ့။ တာဝန်ထမ်းဆောင်ရင်း တစ်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ ဇာတ်နိမ့်အမျိုးသမီးငယ် ၃ ဦးထဲမှာ ...
movie

Nenjuku Needhi (2022)

2022
The Lost Choices (2015) 6.2
The Lost Choices (2015) The Lost Choices (2015)ဂျီအွန်းက ငယ်စဉ်ဘဝက ယာဉ်မတော်တဆမှုမှာ မိဘတွေ ဆုံးပါးပြီးတဲ့နောက် စကားမပြောနိုင်ဘဲ ဆွံ့အခဲ့ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့မသန်မစွမ်းဖြစ်မှုကို ရင်ဆိုင်ကျော်လွှားပြီး ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့ကို သူ စိတ်ကူးယဉ်ထားခဲ့တာပါ။တစ်နေ့မှာတော့ သူရဲ့အိမ်အပြန်လမ်းမှာ လူစိမ်း ၃ ယောက်က ပြန်ပေးဆွဲပြီး အဓမ္မကျင့်တာ ခံလိုက်ရပါတယ်။ ရဲစခန်းမှာ ရဲတွေက သူ့ကို ကူညီပေးရမယ့်အစား သူ့ကိုပဲ နှိမ့်ချကြပါတယ်။ဒီတော့ ဂျီအွန်း တစ်ယောက် ဘယ်သူ့ကိုမှ မယုံတော့ဘဲ သူ့ကိုယ်သူ အားကိုးပြီး တိတ်တိတ်လေး လက်စားချေဖို့ ကြိုးစားတဲ့အခါမှာတော့ .....ဇာတ်လမ်းနာမည်အတိုင်းပါပဲ ..... ရွေးချယ်စရာတွေ ဆိတ်သုဉ်းပျောက်ကွယ်ပြီး ချောင်ပိတ်လာတဲ့အခါမှာ လူတစ်ယောက်ရဲ့ တုံ့ပြန်မှု အကြောင်းပါပဲ။မှုခင်း ဒရာမာ အမျိုးအစား ဖြစ်တဲ့အတွက် အသည်းတယားယာ ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။ဘာသာပြန်ကတော့ Hnyot Myet Wunn ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB ...
movie

The Lost Choices (2015)

2015
Nna Thaan Case Kodu (2022) 8.5
Nna Thaan Case Kodu (2022) Nna Than Case Kodu (2022) ======================အလုပ်မရှိ အကိုင်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ပလပ်ဖောင်းခေါင်းအုံးရတဲ့ သူခိုးလေး ရာဂျီဗန်... ရုပ်ရည်ချောမောပြီး လူမမာ ဖခင်ကို ပြုစုနေရတဲ့ တမဲလ်အလုပ်သမလေး ဒေဗီ...သူတိုနှစ်ဦးဟာ ကံစီမံရာ ဇာတ်ဆရာအလိုကျအတိုင်း ချစ်ကျွမ်းဝင်ခဲ့ကြရာ ဒေဗီက ရာဂျီဗန်ကို သူခိုးအလုပ်ကို ထပ်မလုပ်ဖို တောင်းဆိုပြီး Living Together နေထိုင်ခဲ့ကြရင်း တစ်နေ့မှာတော့ ရာဂျီဗန်ဟာ MLA အမတ်ရဲ့အိမ်ကို ခိုးဝင်တဲ့အမှုနဲ့ စွပ်စွဲခံရပါတယ်။ တကယ်တမ်းက ဘုရားပွဲကနေပြန်လာရင်း လမ်းမှာ သုံးဘီးတစ်စီးက ဝင်တိုက်မိမလို ဖြစ်တဲ့အတွက် ရှောင်ရင်းကနေ အမတ်ရဲ့ အိမ်ထဲကို ခုန်ဝင်မိရင်း ခွေးဆွဲတာခံရတာပေါ့ဗျာ။အဲ့ဒီလိုနဲ့သူခိုးဆိုပြီး တစ်ရပ်ကွက်လုံးက ဆွမ်းကြီးလောင်း ရဲလက်အပ်လိုက်တာပေါ့။ တရားရုံးမှာတော့ ရာဂျီဗန်ဟာ ဉာဏ်ရွှင်သူဖြစ်တာနဲ့အညီ ပစ္စည်းခိုးဖို ရည်ရွယ်ခဲ့တာမဟုတ်ကြောင်း ချက်ကျလက်ကျ ရှင်းပြရင်း သက်သေတွေကို ကိုယ်တိုင်ရှာရပါတော့တယ်။ အဲ့ဒီလိုနဲ့ ရာဂျီဗန်ဟာ သက်သေတွေ စုတုပြုပြီး ဖြစ်စဉ်ဟာ လမ်းမပေါ်က ချိုင့်ခွက် တွေကြောင့် ဖြစ်ကြောင်းတင်ပြရင်း ဆောက်လုပ်ရေးဝန်ကြီးကိုပါ စွပ်စွဲလိုက်တော့ ပွဲကြမ်းကုန်ပါလေရော...အဲ့ဒီချိုင့်ခွက်တွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိဦးမှာလဲ...?လမ်းဖောက်ဖို အရည်အသွေးမပြည့်မီတဲ့ ...
movie

Nna Thaan Case Kodu (2022)

2022
Detective vs. Sleuths ( 2022 ) 6.3
Detective vs. Sleuths ( 2022 ) CM ကနေ ဒီတစ်ခါမှာတော့ စိတ္တဆန်ဆန် လူသတ်မှုတွေကို ဖော်ထုတ်မယ့် Detective vs. Sleuths ဆိုတဲ့ စုံထောက်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဟောင်ကောင်မှာ စိတ္တဇဆန်ဆန် လူသတ်မှုတွေ ဖြစ်ပွားခဲ့ပြီး တစ်ချိုအမှုတွေဆို နှစ်နဲ့ချီပြီး မဖော်ထုတ်နိုင်ဘဲ ရှိနေဆဲအချိန်မှာ အဲ့လိုအမှုတွေကို တစ်ကိုယ်တော် ဖော်ထုတ်နေတဲ့ အံ့ဖွယ်စုံထောက် လီကျွင့်ကတော့ ရဲတပ်ဖွဲအတွက် မျက်စိနောက်စရာဖြစ်လိုနေပါတယ်ဘာလိုလဲဆိုတော့ သူတံတားအောက်မှာ ရေးလိုက်တဲ့ စာလုံးအတိုင်း အမှုတွေ ဖြစ်ဖြစ်လာနေလိုပဲ ဖြစ်ပါတယ် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့် တာဝန်ကနေ ရပ်နားခံလိုက်ရတဲ့သူ့ကို လူတွေက ရူးနေပြီလို သတ်မှတ်ကြပေမယ့် သူကတော့ သူ့ကိုယ်သူအံ့ဖွယ်စုံထောက် ဆိုတာကို သက်သပြဖို အမြဲကြိုးစားခဲ့ပါတယ် လုယက်လူသတ်မှု အလောင်းပျံအမှု ကွင်းဆက်လူသတ်မှု သားသတ်သမားအမှု အစရှိတဲ့အမှုတွေမှာလူသတ်တရားခံရဲ့လှည့်ကွက်တွေကို အံ့ဖွယ်စုံထောက်ကြီး လီကျွင့်က ဘယ်လိုဖြေရှင်းသွားမှာလဲဒီလိုစိတ္တဇလူသတ်မှုတွေ အစတည်ရာကရော ဘယ်ကနေ လာတာလဲ ဟောင်ကောင်ကားပရိသတ်တွေအတွက်တော့ ရင်းနှီးလောက်တဲ့ သရုပ်ဆောင်တွေကပဲ ပါဝင်ထားတာ‌ဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်တွေကလည်း အရမ်းမိုက်တာမိုလို စုံထောက်ကားကြိုက်တဲ့သူတွေ အနေနဲ့တော့ သဘောကျမိမှာအမှန်ပဲဖြစ်လို ဒီကားလေးကို ကြည့်ကြည့်ဖို ညွှန်းပေးချင်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Crime ...
movie

Detective vs. Sleuths ( 2022 )

Under The Shadow (2022)
Under The Shadow (2022) Under the Shadow (2022)ဒီကားလေးက တရုတ်နိုင်ငံမှာ တရားမဝင်အွန်လိုင်းဂိမ်းအစပျိုးလာတော့ ပညာပေးအနေနဲ့ ရိုက်ကူးထားတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်အနေနဲ့ တာဝန်ယူပြီး ပြည်သူတွေကို ဘယ်လိုကာကွယ်ပေးလဲဆိုတာ အသားပေးရိုက်ကူးထားပါတယ်။ဝက်သတ်ပွဲကို ကြိုးကိုင်နေကြတဲ့သူတွေအကြောင်း၊ အလိမ်ခံရတဲ့ပြည်သူတွေရဲ့ ပျက်ဆီးဆုတ်ယုတ်မှုတွေအကြောင်းတွေကို သေချာရိုက်ပြထားတာမို့ ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပါပဲ။ ဝက်သတ်ပွဲ ဆိုတာကို သိချင်ရင်တော့ ဇာတ်ကားလေးကိုသာ ကြည့်လိုက်ပါတော့။နိဂုံးချုပ်အနေနဲ့ ပြောရရင်... ရှောင်ထုန်လေးက အရမ်းအရမ်းချစ်ဖို့ကောင်းပါတယ်လို့ ....အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။Genre.....Crime, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 755MB | 337MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... Brian
movie

Under The Shadow (2022)

2022
Khuda Haafiz: Chapter 2 (2022) 8.3
Khuda Haafiz: Chapter 2 (2022) Khuda Haafiz Chapter II: Agni Pariksha (2022)=============================ကွန်မန်ဒိုမင်းသားရဲ့ အက်ရှင်ကားလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီ...နံပါတ် ၁ ကတော့ ၂၀၂၀ လောက်က ထွက်ရှိထားပါတယ်...နံပါတ် ၁ တုန်းကလည်း ကွန်မန်ဒိုမင်းသားရဲ့ အကြမ်းအရမ်း အက်ရှင်တွေကို တစ်ဝကြီး ကြည့်ခဲ့ရသလို နံပါတ် ၂ မှာလည်း အက်ရှင်ခန်းတွေကို ကောင်းကောင်းကြီးမြင်တွေ့ရဦးမှာပါ..အိန္ဒိယနိုင်ငံမှာ ၁၅မိနစ်ခြားတစ်ခါ အမျိုးသမီးတစ်ယောက် အဓမ္မကျင့်စော်ကားခံနေရပါတယ်..နှစ်စဉ်နှစ်တိုင်းပြစ်မှုပေါင်း ၇၂၀၀ကျော် ဖြစ်ပွားနေတယ်..ဒီဇာတ်လမ်းလေးမှာလည်း စမီရ်နဲ့ နရ်ဂစ်တို့ဟာ ဒုက္ခအပေါင်းကို ကျော်လွှားပြီး ဘဝကိုအဆင်ပြေပြေနဲ့ အခြေချနေထိုင်ဖို့ ကြိုးစားနေကြတဲ့ ဇနီးမောင်နှံတွေဖြစ်ပါတယ်...နိုင်ငံရပ်ခြားမှာ ရောင်းစားခံရပြီး အကြိမ်ပေါင်းများစွာ မုဒိန်းကျင့်ခံခဲ့ရတဲ့ နရ်ဂစ်အဖို့ ဒီစိတ်ဒဏ်ရာဟာ နေ့စဉ်နဲ့အမျှ လူကို သတ်နေပါတယ်...သူတို့လင်မယားနှစ်ယောက်ရဲ့ကြားမှာ ပေါင်းကူးတံတားလေးဖြစ်စေဖို့ စမီရ်ဟာ နန်ဒီနီဆိုတဲ့ ၅နှစ်အရွယ် သမီးမိန်းကလေးတစ်ယောက်ကို မွေးစားလိုက်တယ်မိသားစုရိပ်မြုံလေးအစပျိုးလာပြီး သံယောဇဉ်တွေနဲ့ ပျော်ရွှင်နေတဲ့အခိုက်အတန့်မှာ နန်ဒီနီလေး မတော်တဆပြန်ပေးဆွဲခံလိုက်ရပါတယ်..ရုန်းရင်းဆန်ခတ်အဖြစ်အပျက်တွေကြားမှာ ဒီကလေးမလေး မဖြစ်သင့်တာတွေဖြစ်လာတဲ့အခါမှာတော့ ဖခင်ဖြစ်သူရဲ့သမီးအပေါ်ထားရှိတဲ့ မေတ္တာနဲ့ ကလဲ့စားဟာ ဘယ်လောက်တောင် ကြမ်းတမ်းပေါက်ကွဲထွက်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ... File size…6.7GB / 2.3GB / 1.1GB Quality…4k HEVC WEBDL / 1080p True WebDl ...
movie

Khuda Haafiz: Chapter 2 (2022)

2022
4K HEVC Web-DL
Low Life (2022) (18+) 5.4
Low Life (2022) (18+) ဒီတစ်ခါတော့ ဆိုရှယ်မီဒီယာနဲ့ပတ်သက်တဲ့ ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ဘန်နီဆိုတဲ့ တစ်ယောက်ဟာ အသက်၁၃နှစ်အရွယ် ကောင်မလေးလိုမျိုး အွန်လိုင်းမှာဟန်ဆောင်စကားလိုက်ပြောပြီး သူ့ဆီကနေ ညစ်ညမ်းပုံတွေတောင်းတဲ့သူတွေကို ချိန်းဆိုဗီဒီယိုရိုက်ပြီးတော့ YOUTUBE က ချန်နယ်မှာတင်နေတဲ့သူတစ်ယောက်ပါ သူ့ရဲ့ လုပ်ရပ်က တရားမဝင်လို့ ရဲမှူးကိုယ်တိုင်ကိုက သတိပေးစာထုတ်ထားရတဲ့တစ်ယောက်ပေါ့ တစ်နေ့မှာတော့ သူ့ရဲ့ အမာခံ ပရိသတ်ကောင်မလေးတစ်ယောက်က သူ့အချစ်ဆုံး သူငယ်ချင်းရဲ့ အဖေကို ကလေးသူငယ်လိင်အကြမ်းဖက်တဲ့သူအဖြစ် ကောင်လေးကိုသတင်းပေးလိုက်ပြီး အဲဒီသူကိုဖော်ထုတ်ဖို့အတွက်ကြိုးစားကြတော့တာပေါ့ အဲဒီမှာပဲ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခုဖြစ်လာခဲ့တော့တာပါပဲ ဥပဒေရဲ့အထက်မှာရှိနေတဲ့ပုံစံမျိုးအချိုးချိုး နေတဲ့အဲဒီကောင်လေးကဘာတွေဖြစ်သွားမလဲ သူလုပ်တာကိုကြိုက်တဲ့သူတွေရှိသလို မကြိုက်တဲ့သူတွေရောရှိနေမှာလား ကောင်မလေးသူငယ်ချင်းရဲ့ အဖေကရော တကယ်ပဲ လိင်အကြမ်းဖက်တဲ့သူတစ်ယောက်လား အဲဒီသူကိုဖော်ထုတ်ရင်းဘာတွေဆက်ဖြစ်မှာလဲဆိုတာကတော့ ရင်တထိတ်ထိတ်နဲ့ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ..... မှတ်ချက် ညစ်ညမ်းတဲ့စကားလုံးတွေပါလို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူးFile size…(2.92GB)/(1012MB)/(605MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Thriller / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

Low Life (2022) (18+)

No Way Out (2022) 4.3
No Way Out (2022) No Way Out (2022) ==============ဇာတ်လမ်းအစ နစ်ကီဆိုတဲ့ ဓာတ်ပုံဆရာတစ်ယောက် Street Photo တွေ ရိုက်နေရင်း တက်ဆာ ဆိုတဲ့ ကောင် မလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။နစ်ကီက ဘဝကို သူ့ရဲ့အနုပညာထဲမှာပဲ မျောပါရင်း ဖြတ် သန်းနေသူတစ်ဦးပါ။ တက်ဆာဆိုတဲ့ ကောင်မလေးနဲ့ တွေ့ ပြီးနောက်ပိုင်း သူ့ရဲ့လုပ်ငန်းတွေလည်း အဆင်ပြေလာပြီး ကောင်မလေးနဲ့လည်း ချစ်ကြိုးသွယ်မိပါတော့တယ်။တစ်ရက် ပါတီကအပြန် တက်ဆာက နစ်ကီကို လူသတ်ခိုင်း ပါတော့တယ်။ တက်ဆာက အဲ့ဒီလူသုံးယောက်ကို ဘာကြောင့် သတ်ခိုင်းတာလဲ၊ နစ်ကီကရော လူသတ်တဲ့အလုပ်ကို လုပ်ပါ့ မလား၊ တက်ဆာနဲ့ နစ်ကီရဲ့ အချစ်ရေးလမ်းကြောင်းကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.4 GB) / (596 MB) / (447 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 29mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Thriller Translator.......Parris Encoder..........SWM  
movie

No Way Out (2022)

The Voices (2014) 6.3
The Voices (2014)  The Voice (2014) Horrer/Thriller Imdb 6.3/10ဒီတစ်ခါဇာတ်ကားကတော့မင်းသားကြီး Ryan Reynolds ရဲ့နာမည်ကြီးသင့်သလောက်မကြီးခဲ့တဲ့ကားလို့ပဲပြောရမယ်ဗျ။ ဇာတ်လမ်းအကျဉ်းကိုပြောရရင်ငယ်ငယ်ထဲကမိသားစုပြဿနာတွေကြောင့်ထရော်မာတွေရပြီးဆိုးဝါးလွန်းတဲ့စိတ်ဒဏ်ရာတွေကိုမျိုသိပ်ထားရတဲ့သနားစရာဂျယ်ရီဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းပါပဲ။ နဂိုစိတ်ထားကဖြူစင်ပြီးသာမန်လူတွေလိုလူတန်းစေ့နေနိုင်ပေမယ့် ဆွေးနွေးကုသမှုခံယူနေရဆဲဖြစ်တာကြောင့်အရွယ်ရောက်တဲ့ထိ စိတ်အခြေအနေကပုံမှန်တော့မဖြစ်နေခဲ့ပါဘူး။ ဇာတ်လမ်းကိုဒီထက်ပိုပြောရင်စပွိုင်လာဖြစ်မှာစိုးတာကြောင့်ရုပ်ရှင်ရဲ့အရည်အသွေးဘက်ကိုသွားကြည့်တာပေါ့။ ဇာတ်လမ်းကကျောရိုးခိုင်ပြီး ကာရိုက်တာတည်ဆောက်ပုံတွေလည်းအပြစ်ပြောစရာမရှိတဲ့အပြင် မင်းသားရဲ့သရုပ်ဆောင်မှုကလည်းလိုလေသေးကိုမရှိအောင်ပါပဲ။ ဘက်ဂျက်ကြောင့်ပဲလားဒါရိုက်တာတွေရဲ့လိုအပ်ချက်ကြောင့်လားတော့မသိပေမယ့် Cinematography တွေ ကင်မရာရိုက်ချက်တွေ အထူးပြုလုပ်မှုတွေကိုခုထက်အားထည့်လိုက်မယ်ဆိုရင် ဒီဇာတ်ကားဟာ မင်းသားတောင်အော်စကာရသွားနိုင်တဲ့ကားမျိုးဆိုတာရဲရဲပြောနိုင်ပါတယ်။ကြာမြင့်ချိန်နှစ်နာရီနီးပါးဆိုပေမယ့်လည်းတစ်ဝက်ကျော်လောက်ကစပြီးဇာတ်လမ်းကို Rush ထားသလိုခံစားရတာရယ်၊ဇာတ်အိမ်ကောင်းပြီးသား၊သရုပ်ဆောင်တွေလည်းကောင်းပြီးသားဒီထက်အများကြီးကောင်းအောင်ရိုက်လို့ရတာကို အနည်းငယ်ပြီးစလွယ်လုပ်လိုက်သလိုခံစားချက်မျိုးဖြစ်နေလို့သိပ်အားမရဘူးပဲဆိုပါတော့ဗျာ။ ဒါဟာကျွန်တော်တစ်ယောက်ထဲအမြင်လည်းဖြစ်နိုင်ပါတယ်။ အချုပ်ပြောရရင်တော့ Psycho thriller တွေကြိုက်တတ်ရင်မဖြစ်မနေကြည့်ရှုသင့်ပြီး Ryan Reynolds ဖန်ဆိုရင်တော့ပိုလို့တောင်လက်မလွှတ်သင့်ပါဘူး။ ပေးချင်တဲ့မက်ဆေ့ချ်ရယ်လို့ပြောရရင် ကလေးတစ်ယောက်ရဲ့စိတ်ကျန်းမာရေးနဲ့အနာဂတ်ကို မိသားစုရဲ့လွှမ်းမိုးမှုကဘယ်လောက်ထိသက်ရောက်နိုင်လဲဆိုတာသင်ခန်းစာယူစရာပါ။ စိတ်မနှစ်မြို့ဖွယ်သွေးထွက်သံယိုအခန်းတွေ၊ သတ်ဖြတ်ခန်းတွေပါဝင်တာကြောင့် ကလေးသူငယ်တွေနဲ့ စိတ်မခိုင်သူတွေကြည့်ရှုဖို့တော့သိပ်အဆင်မပြေနိုင်ပါဘူး။File size…(1.84GB)/(871MB)/(429MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Comdey / Crime / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Bo
movie

The Voices (2014)

Murder 2 (2011) 6.3
Murder 2 (2011) Murder 2 (2011) Action, Crime, Drama IMDb 6.3/10 (7.2K)ကဲ မင်းသားကြီး အင်မရန်းဟက်ရှမီရဲ့ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်လက်ရဲဇက်ရဲနိုင်တဲ့ အရ်ဂျွန်ဟာ သူမှန်တယ်ထင်ရင် ဘယ်သူ့ကိုမှ ကြောက်လေ့မရှိတဲ့ လောကဓံကိုအန်တုနေတဲ့ မိုက်ကန်းကန်းလူတစ်ယောက်ပါ သူဟာ ရဲအရာရှိဟောင်းတစ်ယောက်ဖြစ်ပြီး ရဲဌာနကို စိတ်ကုန်နေလို့ တရားဥပဒေဘောင်ပြင်ဘက်ထွက် ကြေးစားလုပ်နေသူတစ်ယောက်ပါတစ်ရက် သူ့ကိုအလုပ်တစ်ခုလာအပ်ပါတယ် ညဉ့်ငှက်လေးတွေ ပျောက်ပျောက်နေတဲ့အမှုပါ..ဖောက်သည်က ခေါ်သွားပြီးရင် ကောင်မလေးတွေက ပြန်ပေါ်မလာတော့ပါဘူး..ပျောက်သွားတာလား ထွက်ပြေးသွားတာလား ဝေခွဲမရလို့...အဆိုပါအမှုကိုလိုက်နေရင်းနဲ့ မြို့ထဲမှာလည်း လူတွေပျောက်ပျောက်နေတာကို သတိထားမိလာခဲ့ပါတယ်..ပျောက်ဆုံးနေသူတွေအားလုံးဟာလည်း မိန်းကလေးတွေချည်းပါပဲ...ဒီအမှုကိုလိုက်နေရင်းနဲ့ ထင်မှတ်မထားတဲ့ ကိစ္စတွေနဲ့ လှည့်ကွက်လေးတွေ ပေါ်လာတဲ့အခါမှာတော့ ဇာတ်ရှိန်တွေ ဘယ်လိုတက်လာမလဲဆိုတာကို ဖန်သားပြင်ထက်မှာ ဆက်လက်ရှုစားပေးကြပါ...အင်မရန်းဟက်ရှမီရဲ့ဇာတ်ကားဖြစ်တဲ့အတွက် အနုအရွခန်းလေးတွေ ပါသေးလို့ ရင်ခုန်စိတ်လှုပ်ရှားစေဦးမှာဖြစ်တယ်လို့ ညွှန်းပေးလိုက်ပါတယ်နော် File size…1.8GB / 800MB Quality…1080p WEBRIP Hindi / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Murder 2 (2011)

2011
Loving Adults (2022) 6.4
Loving Adults (2022) Loving Adults (2022) =============== IMDb Rating - 6.4/10ဇာတ်လမ်းအစ မိုးသည်းနေတဲ့ ညတစ်ညမှာ ခရစ်စတန်ဆိုတဲ့ အမျိုးသားက သူ့မိန်းမ လီယိုနိုရာ အပြေးလေ့ကျင့်ပြီးအလာကို စောင့်မျှော်နေပါတယ်။ခရစ်စတန်ဆိုတဲ့ အမျိုးသားက ဗိသုကာပညာရှင်ဖြစ်ပြီးသူရဲ့ အမျိုးသမီး လီယိုနိုရာက အရမ်းတော်တဲ့ စန္ဒယားပညာရှင်တစ်ဦးပါ။ သူတို့နှစ်ယောက်ရဲ့ သားလေး ဂျိုဟန် အရမ်းနေမကောင်းဖြစ်တော့ လီယိုနိုရာက သူ့ရဲ့ career ဘဝကို စွန့်လွှတ်ပြီး တစ်သက်လုံး သူ့သား ကိုပဲ အမြဲတန်းစောင့်ရှောက်လာခဲ့တာပါ။တစ်ရက် ခရစ်စတန်က အလုပ်က လုပ်ဖော်ကိုင်ဖက်အမျိုးသမီး စီနာနဲ့ ဖောက်ပြန်နေတာကို လီယိုနိုရာသိသွားတဲ့အခါမှာတော့ သူတို့ရဲ့ အိမ်ထောင်ရေးက ဘယ်လိုဆက်ဖြစ်မလဲ။ အိမ်ထောင်ပြုတယ်ဆိုတာ အမြဲတမ်း ဘဝရဲ့ပျော်ရွှင်မှုအစစ်မဖြစ်နိုင်ဘူး။ အခက်အခဲတွေကို  အများ ကြီး ရင်ဆိုင်ကျော်ဖြတ်လာပြီးမှ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ ဖြစ် ပေါ်လာတဲ့အချိန် သူတို့ရဲ့အိမ်ထောင်ရေးကို ဘယ်လိုတည်မြဲအောင် တည်ဆောက်ကြမလဲဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.49 GB) / (688 MB) / (406 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr ...
movie

Loving Adults (2022)

2022
Safe House 1618 (2021)
Safe House 1618 (2021) Safe House 1618 (2022)ဇာတ်လမ်းလေးရဲ့ အစမှာတော့ လွင်တီးခေါင်တစ်နေရာမှာ လူတစ်ယောက်ရဲ့ လက်နှစ်ဖက်ကို ကြိုးတုပ်ထားပြီး အမည်မသိလူတစ်‌ယောက်က ရက်ရက်စက်စက် သတ်ပစ်ထားပုံနဲ့ စထားပါတယ် ထိုသူရဲ့ နာမည်ကတော့ No One လို့သိရပြီး ကြေးစားတစ်ယောက်ဖြစ်ပုံရပါတယ် ‌နောက်တစ်နေရာမှာတော့ အမျိုးသမီးသုံးယောက်နဲ့ ယောက်ျားတစ်ဦးဟာ ခိုလှုံအိမ်လေးတစ်လူံးဆီကို တစ်နေရာရာကနေ ထွက်ပြေးလာကြပုံရပါတယ် အဲဒီအမျိုးသမီးသုံးဦးဟာ ညီအစ်မတွေဖြစ်ကြပြီး ဖမ်း၀ရမ်းလည်း ထုတ်ခံထားရသူတွေဖြစ်ပါတယ် အသက်ဘေးကနေ ထွက်ပြေးလာသလို ပုံဖော်ထားတဲ့ အဲဒီအုပ်စုဟာ ဘယ်လိုအကြောင်းအရင်းတွေကြောင့် ထွက်ပြေးလာရပြီး ဒီ ခိုလှုံအိမ်မှာ လာသောင်တင်နေရပါသလဲ No One ကရော ဘယ်လိုအခန်းကဏ္ဍမှာ ပါ၀င်လာမှာလဲ သူတို့ရဲ့ နောက်ကြောင်းဇာတ်ထုပ်ကို တဖြည်းဖြည်းဖြည်ချရင်းနဲ့ ခိုလှုံတဲ့အိမ်ကြီးထဲမှာရော သူတို့ဘေးကင်းလုံခြုံစွာ နေနိုင်ပါ့မလား ဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။Genre.....Crime, Horror Quality…. 1080p | 720p | 480p File size… 1.2GB | 580MB | ...
movie

Safe House 1618 (2021)

2021
Catch Me If You Can (2002) 8.1
Catch Me If You Can (2002) IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie

Catch Me If You Can (2002)

2002
HIT: The First Case (2022) 7.8
HIT: The First Case (2022) Hit: The First Case (2022) Action, Crime, Drama IMDb 7.8/10 (6.5K)အခုတစ်ခါထွက်ရှိလာတဲ့ကားလေးကတော့ အိန္ဒိယမှာ ဇူလိုင်၁၅ရက်နေ့တုန်းက ရုံတင်ထားပြီး ဒီနေ့မှ OTTထွက်ရှိလာတဲ့ ရုံတင်ကားတကားပဲဖြစ်ပါတယ် Stree (2018)...Roohi (2021) ဟာသသရဲကားတွေနဲ့ မြန်မာပရိသတ်တွေကြား လူသိများနာမည်ကြီးလာခဲ့တဲ့ မင်းသားချော ရာဂျ်ကူမားရောင်းရဲ့ မှုခင်းဇာတ်ကားလေးပဲ ဖြစ်ပါတယ်မင်းသမီးအနေနဲ့ကတော့ Dangal Girl အကြီးမလေး ဆာနီယားမလိုသရားပါဝင်သရုပ်ဆောင်ထားပါတယ်ဗစ်ကရမ်ဟာ ထက်မြက်တဲ့အရာရှိတစ်ယောက်ဖြစ်ပြီး အမှုတစ်ခုကို ဖော်ထုတ်တဲ့နေရာမှာလည်း သူမတူအောင်ထူးခြားလွန်းလို့ အချိန်တိုအတွင်း ဖော်ထုတ်နိုင်ပေမယ့် အတိတ်ကဖြစ်ရပ်တခုကြောင့် စိတ်ဒဏ်ရာကြီးကြီးမားမားရနေသူပါ...တစ်ရက် အဝေးပြေးလမ်းမပေါ်မှာ ပရီတီးဆိုတဲ့ အသက်၁၈နှစ်အရွယ်ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်အမှုကိုလည်း မဖေါ်ထုတ်နိုင်ခဲ့ပါဘူး...ဇာတ်အေးသွားပြီးတဲ့နောက် ဗစ်ကရမ်ရဲ့ချစ်သူ နေဟားကပါ ထပ်ပျောက်သွားတော့ ဒီအမှုကို ဗစ်ကရမ်ဟာ အခက်အခဲတွေကြားကနေ စုံစမ်းဖို့ဖြစ်လာခဲ့ပါတော့တယ်စုံစမ်းစစ်ဆေးနေရင်းနဲ့ နေဟားဟာလည်း ပရီတီးအမှုကိုလိုက်နေရင်း ပျောက်သွားတာကို သိလိုက်ရတဲ့အခါမှာတော့...ဒီအမှုနှစ်ခု ဆက်စပ်မှုရှိနေမလား....ပျောက်သွားတဲ့ကောင်မလေးတွေကို ပြန်ရှာတွေ့ပါ့မလား...နောက်ကွယ်မှာကြိုးကိုင်နေတဲ့ တရားခံဟာ ဘယ်သူဖြစ်နေမလဲ...ဗစ်ကရမ်ရဲ့အတိတ်ဆိုးကစိတ်ဒဏ်ရာကရော ဘာကြောင့်လဲ ဆက်လက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်.... File size…2.07GB / 983MB Quality…1080p True Web DL AAC5.1Ch  / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ...
movie

HIT: The First Case (2022)

2022