Channel Myanmar

Crime

Bad Influence (2022) 5.6
Bad Influence (2022) Bad Influence (2022) =============== IMDb Rating - 5.6/10ဂျိုအန် နဲ့ လီလီ တို့ သားအမိနှစ်ယောက်က မြို့လေးတစ်မြို့ကို ရာထူးတိုးနဲ့ ပြောင်းရွှေ့လာကြတဲ့သူတွေပေါ့။ အထက်တန်းနောက်ဆုံးနှစ် ရောက်နေပြီ ဖြစ်တဲ့ လီလီက introvert သမားတစ်ယောက်ဖြစ်တာကြောင့် ကျောင်းပြောင်း ရအဆင်ပြေပါ့မလားဆိုပြီး စင်ဂယ်မားသားတစ်ဦးဖြစ်တဲ့ ဂျိုအန်တို့ စိတ်ပူပန် ရခြင်းအပြည့်နဲ့ပါ။ လီလီတစ်ယောက်ကတော့ ကျောင်းရောက်ရောက်ချင်းမှာပဲ ဗွိုင်းအိုးလက်၊  ဒဲရက်ခ် စတဲ့ အော့ကြောလန်ကျောင်းသားတွေနဲ့ ပေါင်းမိသွားခဲ့တယ်။ အထူးသဖြင့် ဘာသာမဲ့ကောင်မလေး ဗွိုင်းအိုးလက် နဲ့ပေါ့။ ဗွိုင်းအိုးလက်ရဲ့ လီလီ့အပေါ် ဆိုးရွားတဲ့ လွှမ်းမိုးမှုတွေကြောင့် ပြဿနာတွေ ဆက်တိုက်ဖြစ်လာပြီး ဗွိုင်းအိုးလက်က လွန်ခဲ့တဲ့နှစ်တွေက ဖြစ်ပွားခဲ့တဲ့ လူသတ်မှု တစ်ခုနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာကိုပါ ဂျိုအန် သိလိုက်ရတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လာနိုင်လဲဆိုတာကို အလှည့်အပြောင်းများစွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ဒီထဲမှာဆိုရင်ဖြင့် ဆယ်ကျော်သက်တွေရဲ့ စပ်ကူးမတ်ကူးကာလတွေမှာ တွေ့ကြုံရတဲ့ မိဘတွေရဲ့ ခံစားချက်တွေကိုလည်း တွေ့မြင်ရဦးမှာပါ။ ထင်မှတ်မထားတဲ့ အပြောင်း အလဲတွေနဲ့ ကြည့်ရှု့ရတာ တန်တဲ့ Crime, Drama, Thriller ဇာတ်‌ကားတစ်ကားပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May ...
movie

Bad Influence (2022)

2022
Pada (2022) 7.9
Pada (2022) Pada (2022)IMDb Rating 7.9ဒီဇာတ်လမ်းလေးကတော့ ၁၉၆၆မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မြေယာတွေရဲ့ ဉပဒေကို ထိန်းချုပ်ခန့်ခွဲပြီး မြေယာအခွန်ကောက်ခံတဲ့ တရားဉပဒေပညာရှင်တွေရှိပါတယ်။ ၁၉၆၆မှာ အဲ့ဒီမြေယာခွန်ရှေ့နေတစ်ယောက်ရဲ့ရုံးခန်းထဲကို "Ayyankali Pada"တွေလို သူတိုကိုယ်သူတို ထုတ်ဖော်ပြောကြားတဲ့ လူငါးယောက် ဝင်လာပြီး ကယ်ရလာဉပဒေအဖွဲအစည်းက ပြင်ဆင်ချက်ထုတ်ခဲ့တဲ့ အာဒီဗာစီမြေယာအက်ဉပဒေကို ပယ်ဖျက်ပေးဖို တောင်းဆိုကြပါတယ်။ ဒါကို မြေယာခွန်ရှေ့နေက လက်မခံတဲ့နောက်မှာ သူတိုဟာ အဲ့လူကို ဓားစားခံအဖြစ် ဖမ်းဆီးလိုက်ကြပါတယ်။ သူတိုပြောတဲ့စကားကတော့ "ကျုပ်တိုက မတရားမှုကို စိန်ခေါပြီး ရင်ဆိုင်တိုက်ခိုက်တဲ့သူတွေပါ"တဲ့။  ဒီလူတွေဟာ ကြီးမားတဲ့တော်လှန်ရေးအတွက် ပြင်ဆင်နေကြတဲ့သူတွေပါ။ သူတိုရဲ့မြေ၊ သူတိုရဲ့တောအုပ်၊ သူတိုအိမ်ဖြစ်တဲ့ အာဒီဗာစီကို ထိပါးလာတဲ့ အစိုးရအာဏာပိုင်တွေကို ရင်ဆိုင်ပြီး မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းပြန်လည်တောင်းဆိုဖို စိုင်းပြင်းနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ ဘယ်သူမှ ကိုယ်ချစ်ရတဲ့အရာတစ်ခုကို ထိလာရင် သွေးမအေးနိုင်ကြပါဘူး။ ဒါက ကိုယ်တွေရဲ့မြေပါ။ ကိုယ်တွေရဲ့ အိမ်ပါ။ ရဲရဲတောက်နေတဲ့ ဒီလိုစိတ်ထားမျိုးနဲ့ အင်အားကြီးလို လက်ဝါးကြီးအုပ်တဲ့ အစိုးရကို ဘယ်လို တော်လှန် သွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နဂိုRatingမြင့်တာအပြင် ...
movie

Pada (2022)

2022
Eraser (1996) 6.1
Eraser (1996) Eraser (1996)Eraser Reborn ဆိုပြီး 2022 မှာ ပြန်ရိုက်တာကိုတွေ့ရတော့ မူလ အာနိုးကားကြီးကို သွားသတိရတာနဲ့ ဒီဇာတ်ကားကို တင်ဆက်ဖြစ်တာပါ။ Total Recall ကိုတော့ နောက်ရိုက်တဲ့ကားပဲ တင်ဆက်ဖြစ်ပေမဲ့ Eraser ကတော့ အဲဒီခေတ်ကတည်းက မိုက်တာမလို့ ကြည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ငယ်ဘဝ ဗီဒီယိုရုံမှာကြည့်ခဲ့ရတဲ့ဇာတ်ကားတွေဖြစ်လို့ ကလေးဘဝကို ပြန်ရောက်သွားသလိုပါပဲ။ သေနတ်ကြီးနှစ်လက် တဖက်တချက်ကိုင်ပြီး ကွင်းပြင်မှာ ထီးထီးကြီး ရပ်ပစ်တဲ့ မြင်ကွင်းတွေလေ။ ကလေးဘဝကဆိုတော့ သိပ်မိုက်ပေါ့။ ဆော့ကစားကြပြီဆိုရင် မင်းသားလုပ်ချင်တဲ့သူ သိပ်များတာကိုးဗျ။ မင်းသားဆို ဘယ်လောက်ပစ်ပစ် မသေဘူးဆိုတဲ့ စည်းကမ်းချက်ကို လူတိုင်းလိုက်နာခဲ့တုန်းကပေါ့။မင်းသားကြီး အာနိုး ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကား Eraser ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သိပ်ပြောစရာမရှိပါဘူး။ နိုင်ငံတော်အဆင့် ကန်ထရိုက်သမားတွေက လက်နက်သုတေသနမှာ စွမ်းအားမြင့်လက်နက်ဖြစ်တဲ့ လျှပ်စစ်သံလိုက် မြန်နှုန်းမြင့် အလင်းတန်း ချေမှုန်းရေးရိုင်ဖယ်တွေကို တီထွင်နိုင်ပြီးနောက် မူလစာချုပ်ရှင် ...
movie

Eraser (1996)

1996
Man on the Edge (2022) 5.6
Man on the Edge (2022) “ကျွန်တော်က သာမာန်ပြည်သူတစ်ယောက်ပါ” “ ပြည်သူ့အတွက်ပါ “ဆိုပြီး စွန့်စားမှုကိုစိန်ခေါ်လာခဲ့တဲ့လူအကြောင်းကို ရိုက်ကူးထားတဲ့ ဟောင်ကောင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၀၀ ဝန်းကျင်လောက်က ဟောင်ကောင်အစိုးရအဖွဲ့ရဲ့ အောက်ဖဲတွေကိုပါ ပါးပါးလေးလှပ်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးတစ်ကားပါပဲဗျ ။တရားမဝင်အဖွဲ့အစည်းဆိုတာ အစိုးရဘက်ကသတ်မှတ်ပေးထားတဲ့အဖွဲ့အစည်းတစ်ခု။ အဲ့ဒီအဖွဲ့အစည်းထဲမှာ အားလော့တစ်ယောက် သတင်းပေးလုပ်နေရင်းနဲ့ အဖွဲ့ထဲကညီအစ်ကိုတွေနဲ့ တော်တော်ရင်းနှီးလာခဲ့ပါတယ်။ သူ့အတွက် ရွေးချယ်ရအခက်ဆုံးကတော့ အဖွဲ့ခေါင်းဆောင်အဖြစ် လျာထားခံရတဲ့အထဲမှာ သူပါသွားတာပါပဲ။သူသတင်းပေးလုပ်ရတဲ့ရည်ရွယ်ချက်က နောက်ကွယ်က လက်မည်းကြီးတွေကို ဖော်ထုတ်ချင်တာဖြစ်ပြီး အခုသူကိုယ်တိုင် အဲ့ဒီလက်မည်းကြီးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့…. အဖွဲ့အစည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ဆက်ပြီးကြည့်ရှုလိုက်ပါတော့ဗျာ ။ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ JoJo Va ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:57:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt
movie

Man on the Edge (2022)

Once Upon a Time in Shanghai (2014) 6.7
Once Upon a Time in Shanghai (2014)  ၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အမှန်တကယ်ကြုံးတဲ့ တရုတ်အက်ရှင်ကား​ဟောင်း ကား​ကောင်းတစ်ကားကို တင်ဆက်​ပေးချင်ပါတယ်။ ဂျပန်​ခေတ် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို​ ​နောက်ခံထားပြီး ဂိုဏ်း​တွေ ဂိုဏ်း​ခေါင်း​ဆောင်​တွေရဲ့ ပိုင်နက်အရှုပ်​တော်ပုံ​တွေကြားက ကွန်ဖူးပညာပြခန်း​တွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။ ဖက်တီးမင်းသားလို့ ကျွန်​တော်တို့​ခေါ်ကြတဲ့ Sammo Hungလည်း ပါဝင်ထားပါတယ်။ IMDbက​တော့ 6.7ပါ။၁၉၃၀ပြည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဟာ လူတိုင်းအတွက် နိဗ္ဗာန်ဘုံ တစ်ခုဆိုသလိုပဲ ကြီးပွားချမ်းသာချင်သူ​တွေ လာကြတဲ့မြို့ကြီးပါ။ ဒါ​ပေမဲ့ အလွှာ​ပေါင်းစုံ၊ လူ​ပေါင်းစုံရှိ​နေတဲ့ မြို့ကြီး ဖြစ်​နေတာ​ရယ် ​​ခေတ်မီတိုးတက်သ​လောက် ဒုစရိုက်မှု၊ ခေါင်းပုံဖြတ်မှု​​တွေ အ​​တော် များတာရယ်​ကြောင့် ​ကောင်းစားသွားသူထက် လက်​လျော့သွားသူ၊ အသက်​ပေးလိုက်ရသူ​တွေက ပိုများ​နေတာပါ။မာ​ဝေကျင်းဆိုတဲ့ ​ကောင်​လေးတစ်​ယောက်ကလည်း ရှန်ဟိုင်းမြို့ကို ကြီးပွားချင်တဲ့စိတ်နဲ့ ​ရောက်လာခဲ့သူပါ။ ရှန်ဟိုင်းမြို့ကြီးမှာ ကြုံရာ အလုပ်​​တွေ ဝင်လုပ်ရင်း ရှန်ဟိုင်းရဲ့ ဒိတ်ဒိတ်ကြဲ ဂိုဏ်း​ခေါင်း​​ဆောင် ​လောင်ကျဲနဲ့ သွားဆုံမိပါတယ်။ ​ ဂိုဏ်း​ပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်​နေတဲ့ ​လောင်ကျဲကလည်း ကွန်ဖူးထူးချွန်တဲ့ မာ​ဝေကျင်းကို တပည့်အဖြစ် ​မွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ ​မာ​ဝေကျင်းနဲ့ ...
movie

Once Upon a Time in Shanghai (2014)

Forensic (2022) 6.4
Forensic (2022) ForensicIMDb - 6.9ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားချောလေး ဗစ်ကရန့်မက်စီပါဝင်သရုပ်ဆောင်ထားတဲ့မှုခင်းစုံထောက်ကားလေးပဲဖြစ်ပါတယ်.. ဒီမင်းသားကိုတော့ ပရိသတ်တွေမစိမ်းဘူးလို့ထင်မိပါတယ်Haseen Dilruba ထဲမှာ တာ့ပ်ဆီးပါနူးနဲ့ တွဲရိုက်ထားတဲ့ ညီ​ဖြစ်သူနဲ့ မိန်းမကဖောက်ပြန်လို့လက်ဖြတ်ပေးပြီး ပြန်ချစ်ပြတဲ့ အချစ်သူရဲကောင်းကြီးဆို သိကြမယ်ထင်ပါတယ်။2020မှာထွက်ရှိခဲ့တဲ့ Forensicကိုပဲ Remake ပြန်ရိုက်ထားတဲ့ 2022 Versionပါ။ 2020တုန်းကထွက်ရှိခဲ့တဲ့ကားမှာ Bad Reviewတစ်ချို့ရှိနေခဲ့ပေမဲ့ ဒီ2022ထုတ်အနေနဲ့ကတော့ ဒါရိုက်တာVishal Furiaကရုပ်ရှင် Plotအပြင် သရုပ်ဆောင်တွေ၊ အမှုအခင်းတွေကိုပါ အဆင့်မြှင့်ပြီး ထပ်မံရိုက်ကူးလိုက်တာပဲ ဖြစ်ပါတယ်။ Mussorieဆိုတဲ့ တောင်ကုန်း မြို့လေးမှာ စတင်လာတဲ့ ကွင်းဆက်လူသတ်မှု။ ကွင်းဆက်လူသတ်မှုတွေတိုင်းမှာသူတို့ရဲ့တစ်မူထူးတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒီလူသတ်မှုမှာတော့ အသတ်ခံရတဲ့သူတွေကထူးထူးဆန်းဆန်း သူတို့ရဲ့မွေးနေ့မှာ အသတ်ခံရတာပဲဖြစ်ပြီး အသတ်ခံရတဲ့သူတွေအားလုံးကလည်းကလေးမလေးတွေပါပဲ။ အာဏာပိုင်ရဲတွေကတောင် လက်လျှော့ပြီး ဖုံးလိုက်ရတဲ့ ဒီအမှုကိုဘယ်လိုပဲဖြစ်ဖြစ် မိအောင်လိုက်မယ်လို့ဆုံးဖြတ်ထားတဲ့ ရဲမေတစ်ယောက်နဲ့ မှုခင်းဆေးပညာရှင်တစ်​ယောက်ပူးပေါင်းပြီးလိုက်ကြတဲ့နောက်မှာ အမှုကို လိုက်နေတဲ့ ရဲမေရဲ့ တူမဖြစ်သူ အန်နေယာဆိုတဲ့ကလေးမလေးကလည်း ပျောက်ချင်းမလှပျောက်သွားတဲ့နောက်.... တဖြည်းဖြည်းပုံပေါ်လာတဲ့ကွင်းဆက်တွေ၊သံသယရှိသူတွေနဲ့ ရှုပ်ထွေးတဲ့အမှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုတာကို ...
movie

Forensic (2022)

2022
Clue (1985) 7.2
Clue (1985) Clue (1985) ~ IMDb - 7.2/10, Rotten Tomatoes - 68% ~Clue ဟာ board game ကို Inspiration ယူပြီး ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ နည်းနည်းတော့ ဆန်းတယ်မလား။ ပုံမှန်ဆို ရုပ်ရှင်ကိုမှ board game ပြန်လုပ်ကြတာမလား။ ဒီရုပ်ရှင်ဟာ တကယ့် ကလပ်စစ်ဂကြောင် ရုပ်ရှင်ပါ။ ဘာလို့ဆို သူဆန်းတာက ဒီလောက်တင်မဟုတ်ဘဲ စုံထောက်ကားကိုမှ ဟာသကားဖြစ်အောင်ရိုက်ထားတာလည်း ပါတာကိုး။ တကယ့် ကကြိုးကကြောင်ဇာတ်ဝင်ခန်းတွေနဲ့ ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်လမ်းစစဖွင့်ချင်းမှာ အိမ်တစ်အိမ်ကို လူ့နယ်ပယ်နဲ့ သူ နာမည်ကြီးတဲ့ နာမည်ကျော်လူတွေကို ဖိတ်ခေါ်လိုက်တယ်။ နာမည်ပျက်ခံလို့မရတဲ့သူတွေချည်းပေါ့။ သူတို့အားလုံးမှာ တူညီတာက ငွေညှစ်ခံနေရတဲ့တစ်ချက်ပဲ။ အဲဒီငွေညှစ်ခံရတာကို ဖိတ်ခေါ်တဲ့သူက ဘယ်လိုသိလဲ ဘာလဲညာလဲ အဖြေရှာရင်း လူသတ်မှုတွေဖြစ်လာတယ်။ အဲဒီလူသတ်မှုကို သူတို့ ကြားထဲပဲ ပြန်အဖြေရှာတယ်။ ...
movie

Clue (1985)

1985
[18+] Raped by an Angel (1993) Naked Killer 2 5.5
[18+] Raped by an Angel (1993) Naked Killer 2 ဟောင်ကောင်မင်းသမီး Chingmy Yau ရဲ့ 1992 ကထွက်ခဲ့တဲ့ Naked Killler ရဲ့ နံပါတ် ၂ ...Naked Killler 2 ဖြစ်ပေမယ့် သူ့ထက်ပိုနာမည်ကျော်တဲ့ စီးရီးစ်တစ်ခုဖြစ်လာမယ့် Raped by an angel ဇာတ်ကားတွဲတွေအတွက် ပထမဆုံးကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ယူးနဲ့ မင်းမင်းတို့ဟာ မိဘမဲ့ကျောင်းတစ်ကျောင်းထဲက အတူတူထွက်လာတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လဲဖြစ် အခုချိန်မှာ တက်သစ်စကြေငြာမင်းသမီးလေးတွေဖြစ်နေပြီးတော့ တိုက်ခန်းတစ်ခုမှာအတူတူနေကြပါတယ်။ပါတီတစ်ခုမှာ ချက်ခ်ဆိုတဲ့ လူပွေလူရှုပ်ပုံစံ ရှေ့နေတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ကံဆိုးစွာပဲ အဲ့ဒီလူဟာ သူတို့ဘေးခန်းကိုပြောင်းလာခဲ့ပါတယ်။ ယူးက ကျောင်းတစ်ဖက်နဲ့အလုပ်ရှုပ်နေရင်း ထိပ်သီးနာမည်ကျော်ဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ ချစ်ဇာတ်လမ်းစချိန်မှာ တစ်ယောက်တည်းအိမ်မှာကျန်နေခဲ့တဲ့ မင်းမင်းကို ဟိုရှေ့နေက မတရားကျင့်တာခံလိုက်ရပါတော့တယ်။ဒါကို တရားရုံးမှာရင်ဆိုင်ဖို့ကြိုးစားခဲ့ပေမယ့် အကွက်စေ့ ဉာဏ်များလွန်းတဲ့ရှေ့နေက အမှုကနေ ကွင်းလုံးကျွတ်လွတ်သွားချိန်မှာတော့ အချစ်ဆုံး သူငယ်ချင်းကိုယ်စား ယူး တစ်ယောက်ကိုယ့်နည်းကိုယ့်ဟန်နဲ့ကလဲ့စားချေဖို့ကြိုးစားပါတော့တယ်။ပညာတတ်အောက်တန်းစားထက်စာရင် ကိုယ်ကျင့်တရားရှိတဲ့လူမိုက်ကမှ တော်ပါသေးတယ်ဆိုတဲ့ ရှော့ရစရာသင်ခန်းစာတချို့လဲ ပြထားနိုင်ပါသေးတယ်။၁၉၉၀ ဝန်းကျင် ဟောင်ကောင်ရွှေခေတ်က ဇာတ်ကားတွေထုံးစံအတိုင်း သတ်ခန်းဖြတ်ခန်းတွေကြမ်းတမ်းသလို ချစ်ခန်းကြိုက်ခန်းတွေမှာလဲ အဖုံးအကွယ်မရှိ ပကတိအတိုင်းအလှအပတွေကိုရှုမြင်ခံစားရမှာဖြစ်ပါတယ်။ဖြတ်ထုတ်ထားတဲ့အခန်းတွေကို ဖြတ်ဆက်အနေနဲ့ ပြန်ထည့်ထားတဲ့ ရှားရှားပါးပါး ...
movie

[18+] Raped by an Angel (1993) Naked Killer 2

[18+] Naked Killer (1992) 6.0
[18+] Naked Killer (1992) Naked Killer (1992) IMDb - 6.0/10_____Rotten - 80% ဟောင်ကောင်မင်းသမီး Chingmy Yau ကို Naked Killer (1/2) ဇာတ်ကားတွေနဲ့ မှတ်မိကြတဲ့အထိ ဒီဇာတ်ကားတွေမှာ သူမအနေနဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ခဲ့ပါတယ်။ Naked Killer ဇာတ်ကားက  Naked Weapon(2002) လို ခပ်မိုက်မိုက် ခပ်လန်းလန်း ဟောင်ကောင်ဂျက်မအမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကျောရိုးလေးကတော့ ... တီနမ်လို့ခေါ်တဲ့ ဟောင်ကောင်ရဲတစ်ယောက်ဟာ အမှုတစ်ခုမှာ မတော်တဆဖြစ်ပြီး ညီဖြစ်သူကို ဆုံးရှုံးခဲ့ရလို့ စိတ်ကို ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်နေရတဲ့ ကောင်လေးဖြစ်ပါတယ်။ တစ်နေ့တော့ ဟောင်ကောင်ကနေ ပြောင်းလာတဲ့ ကစ်တီဆိုတဲ့ ခပ်လန်းလန်းကောင်မလေးတစ်ယောက်နဲ့ မတော်တဆ တွေ့ဆုံခဲ့ပြီး သံယောဇဉ်တွယ်ခဲ့မိပါတယ် ... ပျော်ရွှင်နေတဲ့ သူတို့ဘဝထဲကို ကံဆိုးမိုးမှောင်ကျလာခဲ့တာကတော့ ကတ်တီရဲ့ အဖေဖြစ်သူ အသတ်ခံလိုက်ရတာပါပဲ.... ကစ်တီဟာလည်း ပြန်လည်လက်စားချေရင်း ကြေးစားလူသတ်သမားတစ်ယောက် ဘဝကို ရောက်ရှိသွားပါတော့တယ်...။ ဒီတော့ ရဲတစ်ယောက်နဲ့ လူသတ်သမားတစ်ယောက်တို့ရဲ့ မေတ္တာရေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ....။ ခပ်ဟော့ဟော ခပ်ရမ်းရမ်း ဇာတ်ဝင်ခန်းတချို့ပါဝင်တဲ့အတွက် အရွယ်မရောက်သူ ကလေးသူငယ်များတော့ကြည့်လို့ အဆင်မပြေပါဘူး။ File Size ...
movie

[18+] Naked Killer (1992)

1992
Monster(2018) 7.0
Monster(2018) Monster(2018) အညွှန်း********************IMDb..7.0 စတိဗ်ဟာမွန်းက ရုပ်ရှင်ရိုက်ကူးရတာကို ခုံမင်တဲ့ အထက်တန်းကျောင်းသားလေးပါ။ချစ်စရာမိသားစုလေးကို ပိုင်ဆိုင်ထားသလို ကျောင်းမှာလည်းသူငယ်ချင်းတွေ ဆရာတွေ သိုက်သိုက်ဝန်းဝန်းနဲ့ သူ့ဘဝက ပြီးပြည့်စုံတယ်လို့ ထင်ရပါတယ်။ကံဆိုးချင်တော့ စတိဗ်တစ်ယောက် အပေါင်းအသင်းမှားပြီးလူသတ်မှုတစ်ခုထဲ ကြားညပ်သွားတဲ့အခါ သူ့ကို လူသတ်မှုမှာကြံရာပါလို့အားလုံးက မြင်သွားကြတယ်...ဒီလူအမြင်တွေနဲ့စွပ်စွဲချက်တွေဟာ ငယ်ရွယ်ကလေးတစ်ယောက်အတွက်အကြီးမားဆုံးထိုးနှက်ချက်ပါပဲ..သူဘယ်ဆိုရပ်တည်မလဲ..ဒီလို ယိုးစွပ်ချင်ကြတဲ့လူတွေရဲ့ အမြင်ကိုရော သူပြောင်းလဲနိုင်ပါ့မလား။သူကိုယ်တိုင်ကရော တကယ်ပဲ ကြံရာပါလုပ်ခဲ့သလားဆိုတာကိုတော့... File Size : (1.8GB)(678 MB) and (235 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…01:38:00 Genre :  Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Monster(2018)

Collision (2022)
Collision (2022) Collision (2022)အာဖရိက ရုပ်ရှင်တွေကို စင်တင်ပေးဖို့ ကြိုးစားနေတဲ့ Netflix ရဲ့ ကြိုးစားအားထုတ်မှုလေးပါ။ ဒီဇာတ်ကားလေးကတော့ တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဘတ်မြို့ကို အခြေတည်ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအစမှာတော့ ယာဉ်တိုက်မှု တစ်ခုနဲ့ အစပြုထားပြီး အဲဒီနောက်မှာတော့ ဂျိုဟန်ဆိုတဲ့ ကုမ္ပဏီလုံခြုံရေးခေါင်းဆောင်က ဘဏ္ဍာစီမံမှူးအဖြစ် ရာထူးတိုးဖို့ ကြိုးစားနေတာတွေ့မြင်ရမှာပါ။ ခေတ်ကာလကတော့ လူဖြူလူမည်း ခွဲခြားမှုတွေ ရှိနေဆဲအပြင် ဂျိုဘတ်မြို့သားတွေက နိုင်ဂျီးရီးယန်းတွေနဲ့ ဇင်ဘာဘွေနိုင်ငံသားတွေကိုပါ မကျေမနပ် ဖြစ်နေကြတဲ့ အချိန်လေးပေ့ါ။ ဂျိုဟန်ရဲ့ ဇနီးနဲ့ ဂျစ်ကန်ကန်သမီး နစ်ကီတို့က အမေရိကန်သွားဖို့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများနေကြပါတယ်။ နစ်ဟာ အမေရိကား ခရီးကို လုံးဝစိတ်မဝင်စားဘဲ ကျောင်းလစ်ပြီး လူမည်း ရည်းစား ဆီဆဲလ်နဲ့ အတူ ကလပ်တက် ဆေးရှူ လုပ်ဖို့လောက်ပဲ စိတ်ဝင်စားပါတယ်။တစ်ဖက်မှာတော့ ဘရာဆိုးဆိုတဲ့ လူဆိုးဂိုဏ်း ခေါင်းဆောင်တစ်ယောက်ကို အမေချစ်သား အနေနဲ့လည်း မျက်နှာနှစ်ဖက်နဲ့ တွေ့မြင်ရမှာပါ။ ပိုက်ဆံငါးသန်း မရှာနိုင်ရင် သူ့ရဲ့ ...
movie

Collision (2022)

2022
Centauro (2022) 5.2
Centauro (2022) Centauro (2022) Centauro ဆိုတာ စပိန်လို မနုဿမြင်းကို ခေါ်တာပါ။ ရှင်းရှင်း‌ပြောရရင် လူတစ်ပိုင်းမြင်းတစ်ပိုင်း သတ္တဝါပေါ့။ မနုဿမြင်းတွေက နာမည်ကြီးတယ်ဗျ။ ရဲစွမ်းသတ္တိနဲ့ပြည့်ဝတယ်။ သန်မာတယ်။ အထူးခြားဆုံးကတော့ သေအောင် အပြေးမြန်တာပါပဲ။မနုဿမြင်းလို လူငယ်လေးတစ်ယောက်ရှိသတဲ့။ သူကတော့ မြင်းခွာတွေအစား ပြိုင်ဘီးတွေရှိတဲ့ ဆိုင်ကယ်သမားတစ်ယောက်ပေါ့။ မွေးကတည်းက ဆိုင်ကယ်ပြိုင်တဲ့နေရာမှာ ပါရမီပါလာတဲ့ လူငယ်လေးမလို တော်တော်များများက တန်းမျက်မှန်းတန်းမိကြတယ်။ဒီ‌ကောင်လေးတစ်ယောက် ချစ်နေဆဲဖြစ်တဲ့ ဇနီးဟောင်းနဲ့ သားလေး ဒုက္ခရောက်တဲ့အခါမှာတော့ သူကိုယ်တိုင် ဝင်ကယ်ဖိုဖြစ်လာပါတော့တယ်။ မူးယစ်ဂိုဏ်းနဲ့မှ သွားပတ်သက်မိတဲ့ကောင်မလေးရဲ့ အရှုပ်ကို ပြိုင်ဘီးတစ်စီးနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဆိုင်ကယ်‌မောင်းတဲ့အကွက်တွေနဲ့ ဝှီးဝှီးဆိုပြီး ကြည့်ရမှာပါ။2016 ခုနှစ်က ထွက်ရှိထားတဲ့ Burn Out ဆိုတဲ့ဇာတ်လမ်းကို Remake ပြန်ရိုက်ထားတဲ့ Centauro ဆိုတဲ့ စပိန်ကားလေးကို ကြည့်ရှုခံစားကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 1.5GB, 654MB, 338MB Quality : 1080p ...
movie

Centauro (2022)

2022
Spiderhead (2022) 6.2
Spiderhead (2022) Spiderhead (2022) ============== IMDb Rating 6.2/10Thor မင်းသား Christ Hemsworth ဦးဆောင်ပါ၀င်ထားပြီး၊ Miles Teller လည်း ပါဝင်တဲ့ Netflix ရဲ့ရုပ်ရှင် အသစ်လေးထွက်လာပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ သေဒဏ်ချခံထားရပြီး ဘ၀ဆုံးနေတဲ့ အကျဉ်းသားတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အတွက် စပိုက်ဒါဟက်ဆိုတဲ့ ဆေးဝါးထိန်းချုပ်ရေးပရိုဂရမ် တစ်ခုမှာ စေတနာ့၀န်ထမ်းလုပ်ကြပါတယ် ။ ဒီပရိုဂရမ်ကို ဦးဆောင်တဲ့ သူကတော့ စတိဗ် အက်ဘနက်စ်ကိ( Chris Hemsworth ) ပါ ။ ဒီအကျဉ်းသားတွေရဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ် လေ့လာရင်း N-40 ဆိုတဲ့ ပီယ ဆေးဝါးအသစ်ကို ဆန်းသစ်တီထွင်ကြပါတယ် ။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီစပိုက်ဒါဟက်အကျဉ်းထောင်နဲ့ ကျွန်းကြီးမှာ မထင်မှတ်ထားစရာတွေကလည်း အများကြီး စောင့်မျှော်လို့နေသေးတာမို့ ဆက်လက်အားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Thiha Yan Naing, Mr.Anderson, Chit Tee တို့ဖြစ်ပါတယ်။)File Size..........(1.05 GB) / (576 MB) ...
movie

Spiderhead (2022)

2022
To Be Killed by a High School Girl (2022)
To Be Killed by a High School Girl (2022) To be killed by a high school girl (2022)Dissociative Identity Disorder ဆိုတာကို တော်တော်များများ ရင်းနှီးကြမယ်လို့ထင်ပါတယ်။မကြားဖူးသေးတဲ့သူတွေအတွက်ပြောရရင်တော့ ဒီ (DID) လို့ခေါ်တဲ့စိတ်ရောဂါဟာ လူတစ်ယောက်တည်းမှာတင် အမူအကျင့်စရိုက်တွေ အနည်းဆုံးနှစ်မျိုးနဲ့ အထက်ရှိနေတတ်တာမျိုးပါ။ လူတစ်ကိုယ် စိတ်အမျိုးမျိုးနဲ့ပေါ့။ဥပမာပြောရရင် အသက် ၁၀ နှစ်အရွယ်ကလေးမလေး မှာနောက်ထပ်စိတ်ကိုယ်ခွဲ ၂ ယောက်ရှိတယ်ဆိုပါစို့။ အဲကိုယ်ခွဲနှစ်ယောက်က မူလလူနဲ့အကျင့်စရိုက်အားဖြင့်လုံးဝဆန့်ကျင့်ဘက်ဖြစ်နေတာမျိုးပါ။ တစ်ယောက်ကကြမ်းကြမ်းတမ်းတမ်း မာဖီးယားဖြစ်နေပြီး နောက်တစ်ယောက်က အကသင်ဆရာမဖြစ်ချင်ဖြစ်နေနိုင်တာမျိုးပေါ့။ဒီ Disorder ကကိုယ့်မသိစိတ်ကနေ ပေါက်ပွားလာတဲ့ personality တွေဖြစ်တာနဲ့အညီ ကိုယ့်ရဲ့အတိတ်ကနာကျင်မှုတွေ မဖြစ်နိုင်တဲ့ဆန္ဒတွေအပေါ်မူတည်ပြီး သူတို့တွေကမတူညီတဲ့အသက်အရွယ်တွေ၊ gender တွေ၊ mindset တွေလည်းရှိကြပါသေးတယ်။DID ဖြစ်နေတဲ့သူတွေဟာ ထိတ်လန့်မှုတစ်ခုခုကြောင့် personality ပြောင်းသွားတဲ့အခါ သူတို့ကိုယ်ခွဲတွေရဲ့လုပ်ဆောင်ချက်တွေကို သတိပြန်ရလာရင်မမှတ်မိကြတော့တာများပါတယ်။တနည်းအားဖြင့် ကိုယ်ခွဲကလူသတ်လိုက်ပေမယ့် မူလကိုယ်က ဘာမှမသိတာမျိုးပါ။ (မြင်သာအောင်ပြောရရင် Marvel ရဲ့ Moon Knight နဲ့ကိုရီးယားဒရာမာ Kill Me Heal Me တို့ထဲက အဓိကဇာတ်ကောင်တွေလိုပေါ့။)ဘာလို့ဒါတွေပြောနေရတာလဲဆိုတော့ အခုဒီကားထဲမှာပါတဲ့ဇာတ်ကောင်ကလည်းအဲလိုစိတ်ရောဂါဖြစ်နေလို့ပါ။ ဇာတ်ကားနာမည်ကြီးကြည့်ပြီး ...
movie

To Be Killed by a High School Girl (2022)

2022
Ambulance(2022) 6.5
Ambulance(2022) ဒါရိုက်တာ မိုက်ကယ်ဘေးရဲ့ ရုပ်ရှင်အသစ်ကြီး ရပါပြီ။ အဖောက်အခွဲ အတိုက်အခိုက်တွေမှာ ပိုင်ပြီး ထရန်စဖော်မာကားတွေနဲ့လူသိများတဲ့ ဒါရိုက်တာကြီးရဲ့ လက်ရာသစ်ပါပဲ။ဂျိတ် ဂျီလင်ဟော ခေါင်းဆောင်ပါဝင်ထားပြီး မှုခင်း အက်ရှင် ဒရာမာ အမျိုးအစားဖြစ်ပါတယ်။ညီအစ်ကိုနှစ်ယောက်က ဘဏ်ကိုဓားပြတိုက်ပြီးထွက်ပြေးချိန်မှာ သေနတ်မှန်ထားတဲ့ ရဲတစ်ယောက်ရယ် အရေးပေါ်ဆေးအကူကောင်မလေးတစ်ယောက်ရယ် ဓားစာခံပါလာတယ်။ဒီတော့ ရဲတွေ အက်ဖ်ဘီအိုင်တွေကလည်း အတင်းဝင်မလုံးရဲဘဲ နောက်ကနေ ကပ်လိုက်ရင်း ညှိုနှိုင်းနေရတဲ့အခြေအနေပါ။ မိုက်ခဲညီအစ်ကိုကလည်း လူနာတင်ကားဆိုတာကို အခွင့်ကောင်းယူပြီး တစ်မြို့လုံးပတ်မောင်းပြေးရင် လွတ်မြောက်ဖို့ အကြံမျိုးစုံထုတ်ကြတဲ့အခါ...File size…(7 GB)/(3.24GB)/(1.7GB)/(913MB) Quality….WEB-DL 4K HEVC/ 1080p / 720p / 480p Format…mkv/mp4 Duration….02:16:00 Genre...Action/Crime/Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson
movie

Ambulance(2022)

4K HEVC Web-DL
The Unbearable Weight of Massive Talent (2022) 7.4
The Unbearable Weight of Massive Talent (2022) အရင်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ ဂန္ဓဝင်မင်းသားကြီး ပြန်လာပါပြီ။ အကြွေးတွေထူပြီး တွေ့သမျှ ပေါကားပါမကျန် အကုန်ရိုက်နေရတဲ့ မင်းသားကြီးနီကိုလက် ကေ့ဂျ် တစ်ယောက် ရုပ်ရှင်ပိတ်ကားပေါ်ကို ပြန်တက်လာတာပါပဲ။ rating တွေလည်းကောင်း၊ ဝေဖန်ရေးဆရာတွေလည်းအကြိုက်တွေ့သလို ပရိသတ်တွေလည်းအကြိုက်တွေ့နေကြပါတယ်။ ဘယ်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်လဲဆိုတော့ နီကိုလက်ကေ့ဂျ် အဖြစ်ပဲ သရုပ်ဆောင်တာပါပဲ။ ဒီရုပ်ရှင်ထဲမှာလည်း အကြွေးတွေထူပြီး ဇာတ်ကားရိုက်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့သူ၊ မိန်းမနဲ့ကွာရှင်းထားပြီး ကလေးနဲ့ အဆင်မပြေတဲ့သူ အဖြစ်ပဲ သရုပ်ဆောင်ထားပါတယ်။ တစ်နေ့မှာတော့ သူဌေးတစ်ယောက်က မွေးနေ့ပါတီပွဲကို တက်ရောက်ပေးရုံနဲ့ ဒေါ်လာ ၁ သန်းပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ ရွေးစရာမရှိတော့တဲ့ နစ်ခ် ကေ့ဂျ် တစ်ယောက် ဟာဗီဆိုတဲ့ သူဌေး (ပေဒရို ပက်စ်ကယ်) ဆီကို သွားရင်းနဲ့ မထင်မှတ်ထားဘဲ စီအိုင်အေ နဲ့ လူဆိုးဂိုဏ်း အရှုပ်တော်ပုံတွေကြားထဲမှာ ညပ်ပြီး စွန့်စားခန်းတွေ ဖွင့်လာရတဲ့အခါ.... File size…(3 Gb)/(1.5 GB)/(900 ...
movie

The Unbearable Weight of Massive Talent (2022)

4K HEVC Web-DL
Simmer (2020) 6.3
Simmer (2020) Simmer (2020) =========== IMDb Rating 6.3/10အမေရိကန် မက္ကဆီကန် နယ်စပ်မှာဖြစ်လေ့ရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူ ပြဿနာကို ဇာတ်အိမ်တည်ထားတဲ့ကားလေးဖြစ်ပါတယ် ။ အီးကနက်စ်ဆိုတဲ့ စားဖိုမှူးဟာ အမေရိကန်နိုင်ငံသားခံယူထားတဲ့ မက္ကဆီကန်စားဖိုမှူးဖြစ်ပြီး သူ့မိသားစု၀င်တွေ မက္ကဆီကိုဘက်ကို နယ်နှင်ခံရမယ့် အရေးနဲ့ကြုံနေရပါတယ် ။ အစိုးရကလည်း ဒေါ်လာ ၂ သောင်းပေးရင် ချက်ချင်းနိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ ကြော်ငြာလိုက်ပြီး အီးကနက်စ်အတွက် အရေးကြီးငွေလိုလာခဲ့ပါတယ်။ဒီလိုနဲ့ စားသောက်ဆိုင်တစ်ခုမှာ အလုပ်၀င်လုပ်ရင်း အဲ့ဒီစားသောက်ဆိုင် ပိုင်ရှင်ရဲ့ စားဖိုမှူးတစ်ဖြစ်လဲ နောက်ကွယ်မှာ မှောင်ခိုဈေးကွက်ကို တရားမ၀င်ပစ္စည်းပို့ ဒါရိုက်ဘာအဖြစ်သို့ အလိုလိုရောက်ရှိ ငွေရှာနေခဲ့ရတာပေါ့ ဆိုင်ပိုင်ရှင်ဟာလည်း သူထင်ထားသလို လူတစ်ယောက်မဟုတ်ဘဲ သူ့မိသားစု အသက်အန္တရာယ်ကိုပါ ထိခိုက် ရန်ရှာလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ဒီကားလေးမှာ ကြည့်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.0 GB) / (475 MB) / (280 MB) Quality............BluRay 1080p / 720p / 480P Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Thiha Yan Naing Encoder..........SWM
movie

Simmer (2020)

2020
[18+]Homejack Pentagram (2019)
[18+]Homejack Pentagram (2019) Homejack Pentagram (2019)လွန်ခဲ့တဲ့ ဆယ်နှစ်က ပြဇာတ်အဖွဲ့သားတွေ ဆိုင်တစ်ဆိုင်မှာ အစည်းအဝေးလုပ်ပြီး သောက်စားပျော်မြူးကြပါတယ်။ သောက်စားပြီး အားလုံးအိပ်ပျော်သွားပြီးနောက် ဂျူနီယာကောင်မလေး ရိုကိုအရင်နိုးလာပါတယ်... ရိုကိုက အပျိုလေးမို့ ပါကင်ဖောက်ချင်တာကြောင့် သူ့ရဲ့စီနီယာအစ်ကိုတစ်ယောက်ကို အကူအညီတောင်းတဲ့နောက်... စီနီယာကလည်း ဂျူနီယာလေးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနေချိန် စီနီယာအစ်ကိုကြီးတွေပါနိုးလာတဲ့အခါမှာတော့ အကုန်၀ိုင်းလုပ်ကြပါတယ် ဆယ်နှစ်ကြာတော့ ရိုကို့ကိုဝိုင်း*ုဒိမ်းကျင့်ခဲ့တဲ့သူတွေက ဇွန်လ ခြောက်ရက်နေ့တိုင်း တစ်ယောက်ပြီးတစ်ယောက်သေဆုံးနေပါတယ် ရိုကိုက ဘယ်လိုသေသွားခဲ့တာလဲ တစ်ယောက်ပြီးတစ်ယောက် လိုက်သတ်နေတဲ့သူက ဘယ်သူလဲဆိုတာကို ကွင်းဆက်လူသတ်သမား Jack the Ripper ကနေ ကူညီဖော်ထုတ်ရင်း ကောင်မလေးတွေဆန္ဒကိုပါ ဖြည့်ဆည်းသွားမှာပါ ။File Size__(780MB) Quality__DVDRip IMDb Rating__5/10 Format__mp4 Duration__01:27:00 Type__Adult, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Parrot Encoded by Dark Devil
movie

[18+]Homejack Pentagram (2019)

Keeping Company (2021) 5.4
Keeping Company (2021) Keeping Company (2021) ~ IMDb - 5.6/10, Rotten Tomatoes - 80% ~ဦးဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ဟာ ဝေဖန်ရေးသမားတွေကြိုက်ကြတဲ့ ဟာသကားကောင်းတစ်ကားပေမဲ့ B အဆင့်ရုပ်ရှင်ပါ။ ဟာသကားကို သူတို့ဘာလို့ကြိုက်ကြလဲဆိုရင်တော့ ရယ်ရလို့ပေါ့ဗျာ။ သူ့တားဂတ်က ဒါပဲကိုး။ ဒါကြောင့်မို့ တခြားစီနီမာတွေ သရုပ်ဆောင်ကောင်းတွေ ဘာဘာညာညာ အလန်းဇယားတွေတော့ မမျှော်လင့်စေချင်ဘူး။ နည်းနည်းပါးပါး ရယ်ချင်ရင်တော့ ကြည့်လိုက်သင့်တဲ့ကားမျိုးပါပဲ။ ဝေဖန်ရေးသမားတွေတောင် ရိတ်တင် ၈၀ရာခိုင်နှုန်းပေးထားတယ်ဆို‌တော့ အတော်မဆိုးတဲ့ အခြေအနေမှာရှိတဲ့ကားမျိုး၊ ပြောရရင် Sitcom ကြည့်နေသလို သဘောတရားမျိုးပေါ့၊ ဒါပါပဲ။ဇာတ်လမ်းကတော့ ရိုးရိုးရှင်းရှင်းလေး၊ အာမခံရောင်းတဲ့နှစ်ကောင် လူသတ်သမားအိမ် တံခါး သွားခေါက်တယ်။ သူတို့ကတော့ မသိပေမဲ့ အဲ့အိမ်က လူသတ်သမားက သတ်ရုံတင်မဟုတ် ချက်ပါစားတာဆိုတော့ အသတ်မခံရရုံတင်မဟုတ် ချက်ပါစားမခံရ‌အောင် ပတ်ပြေးရတယ်ပေါ့။ဟာသကားပေမဲ့ သူက Crime, Horror ဆိုတဲ့ Genre တွေလည်း ...
movie

Keeping Company (2021)

2021
Blind War (2022) 6.1
Blind War (2022) The Blind War (2022) အကြမ်းအရမ်း တရုတ် Action ကားသစ် တစ်ကားပါ။ Social Media တွေမှာ ဟာသ ဇာတ်လမ်းတိုလေးတွေနဲ့ နာမည်ကြီးတဲ့ Dao Dao (သောင်းသောင်း) လည်း support role ကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။လူကုန်ကူးဂိုဏ်းကြီးက ဆရာကြီးကို တရားရုံးကနေ ဂိုဏ်သားတွေက ကယ်ထုတ်ရာမှာ အထိကရုဏ်းတွေ ဖြစ်သွားပြီး ရဲအများအပြားရော၊ လုကုန်ကူးဂိုဏ်းသားတွေပါ သေဆုံးကာ၊ ရဲတပ်ဖွဲ့ဝင်ဒုံဂူလည်း မျက်စိအလင်းကွယ်ခဲ့ပါတယ်။ အထက်ကခွင့်ပြုချက်မပါဘဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ဒုံဂူတစ်ယောက် ရဲတပ်ဖွဲ့ကလည်းအနားယူလိုက်ရသလို လူကုန်ကူးဂိုဏ်းသား၊ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စီနာဆိုတဲ့ အမျိုးသမီးကလည်း သူ့ကို လက်စားချေချင်နေခဲ့ပါတယ်။ဒီလိုနဲ့ မျက်စိကလည်းကန်း၊ အလုပ်ကလည်း ထွက်လိုက်ရတဲ့ ဒုံဂူဟာ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်သမီးလေးနဲ့ပဲ နေထိုင်ခဲ့ကာ၊ တစ်နေ့ သူ့သမီးပြိုင်ပွဲအတွက် နိုင်ငံခြားက စီနာထောင်ကျနေတဲ့ မြို့ကို အတူသွားရင်း ရုတ်တရက် သူ့သမီးကို လူကုန်ကူးဂိုဏ်းက ဖမ်းသွားတဲ့အခါမှာတော့ ...
movie

Blind War (2022)

2022