Channel Myanmar

Crime

A Better Tomorrow (1986) 7.5
A Better Tomorrow (1986) A Better Tomorrow (1986)~ IMDb - 7.5/10, RT - 93%, Meta - 78% ~ကျွန်တော်တို့ ငယ်ငယ်ကတော့ ဂျက်လီတို့ ဂျက်ကီချမ်းတို့ ချောင်ယွန်ဖတ်တို့ကားတွေ ခေတ်စားခဲ့တာပေါ့။ ဘူမသိ ကိုးမသိ ငယ်ဘ၀ကတော့ ချောင်ယွန်ဖတ်ကို ဆရာကျမှန်း မသိခဲ့သေးပေမဲ့ ဆေးလိပ်မီးကို ဒေါ်လာတစ်ရာတန်နဲ့ ဟန်ပါပါညှိပြသွားတဲ့ ချောင်ယွန်ဖတ်ရဲ့ဟန်ကိုတော့ ကျွန်တော်တို့တွေ အတော်ညိခဲ့ကြတယ်။Redcliff 1 2, face/off , Hard boiled, The Killer, Bullet in the Head တို့ကို ရိုက်ခဲ့တဲ့ နာမည်ကျော် အက်ရှင်ဒါရိုက်တာဖြစ်တဲ့ ဂျွန်ဝူးကိုတော့ မသိတဲ့လူ မရှိလောက်ပါဘူး။ ဂျွန်ဝူးဟာ ကိုယ်ပိုင် Themeရှိတဲ့ ဒါရိုက်တာပါ။ သူ့Theme ကိုတော့ Heroic Bloodshed Theme လို့ခေါ်ပါတယ်။ ဒီကားဟာ သူ့Themeရဲ့ ကနဦးကားပါပဲ။ ဒါကြောင့်လည်း သမိုင်းကြီးပါတယ်။(မာဗယ်မှာ မန်ဒရင်းလုပ်မယ့် ...
movie

A Better Tomorrow (1986)

1986
On the Line (2021) 7.3
On the Line (2021) On the Line (2021)IMDb - 7.3/10Voice Phishing ဆိုတာ အသံနဲ့လိမ်လည်မှု တစ်နည်းပြောရရင် ဖုန်းဆက်ပြီးလိမ်တဲ့ လိမ်နည်းပါပဲကျွန်မတို့မြန်မာနိုင်ငံမှာ ဒီစကားလုံးနဲ့စိမ်းနေပေမဲ့ ကိုရီးယားမှာတော့ မကြာခဏဖြစ်လေ့ရှိတဲ့ လိမ်လည်မှုလို့ ပြောရင်လည်းမမှားပါဘူး"အသံနဲ့ လိမ်တယ်ဆိုတာက သနားကြင်နာမှုပဲ ဦးနှောက်မရှိတာ အသိပညာမရှိတာနဲ့မဆိုင်ဘူး တစ်ဖက်လူရဲ့ မျှော်လင့်ချက်နဲ့ ကြောက်ရွံမှုကို သုံးရတာ"လူတွေရဲ့ စိတ်လှုပ်ရှားဆုံး ကြောက်ရွံ့ဆုံးအချိန် အမှားအမှန်မခွဲခြားနိုင်တဲ့ အချိန်ကို အသုံးချပြီး ငွေကြေးလိမ်လည်နေတဲ့အဖွဲ့အစည်း....လုပ်ဖော်ကိုင်ဖက်တွေ ငွေအလိမ်ခံရတာကို နောက်ဆုံးအချိန်ထိလိုက်မဲ့ ရဲဝန်ထမ်းကနေ နှုတ်ထွက်ထားတဲ့ ဟန်ဆောဂျွန်း....ဒီအမှုကို ဟန်ဆောဂျွန်းနောက်ဆုံးအချိန်ထိ ထုတ်ဖော်သွားနိုင်မလားဆိုတာ On the line မှာကြည့်ရှုပေးကြပါဦးနော်Cast တွေကတော့ Byun Yo Han နဲ့ Woo Jin Ah တို့ပဲ ဖြစ်ကြပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။Her latest blogGenre.....Action, Crime, Drama Quality….FHDRip 1080p and 720p and 480p File size…1.5GB ...
movie

On the Line (2021)

2021
Once Upon a Time in Hong Kong ( 2021 ) 6.1
Once Upon a Time in Hong Kong ( 2021 ) ဒီကားလေးက ဟောင်ကောင်မှာတစ်ချိန်က အစိုးရအပြောင်းအလဲ စနစ်တွေကြားမှာပြည်သူတွေလုံးပါးပါးခံစားခဲ့ရတဲ့ကာလက ဘဝတချို့ကိုဇာတ်ကားအဖြစ်ရိုက်ထားတာပါ...ဒီကားလေးက ကိုလိုနီလက်အောက်ခံကာလမှာ ဟောင်ကောင်ဟာစီးပွားရေးလုပ်ငန်းတစ်ဟုန်ထိုး တိုးတက်နေခဲ့ချိန်ပေါ့... ဒါပေမယ့်ဟောင်ကောင်ရဲ့ စီးပွားရေးက လောင်းကစားနဲ့ ဘိန်းလုပ်ငန်းဖြစ်နေတာပဲ....နောက်ပြီးကလပ်လုပ်ငန်းနဲ့ မိန်းမကိစ္စပါ ပါလာတာပေါ့...လက်သည်ပျောက်တဲ့အလောင်းတွေ၊ လက်သည်မရှိတဲ့ အမှုတွေ၊ အမှုတောင်မဖွင့်လိုက်ရတဲ့ အမှုတွေ၊ အဖက်ဖက်က ဒုက္ခတွေနဲ့ ဆီးကြိုနေတဲ့ဘဝကြီးမှာကိုယ့်ဘာသာ အဆုံးစီရင်တာက နောက်ဆုံးထွက်ပေါက်ဖြစ်လာခဲ့တဲ့ ကာလကိုတကယ့်ဖြစ်ရပ်ထက်နည်းနည်းလေးလျှော့ပီးရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်ငွေသာလျှင်အမိငွေသာလျှင်အဖဖြစ်လာပြီး ငွေမျက်နှာနဲ့ လူသားချင်းစာနာမှုတွေပျက်ပြားပြီးလုပ်ချင်ရာလုပ် ဖြစ်ချင်ရာဖြစ်နေခဲ့ပါတယ်... ဒါကို မကြည့်နိုင်သူတစ်ဦးကအမှန်တရားကို ဖော်ထုတ်ဖို့မပြောနဲ့ မေးမြန်းတာမျိုးဖြစ်ဖြစ်စုံစမ်းတာမျိုးဖြစ်ဖြစ် လုပ်မိရင်တောင် တစ်ခါတည်းဆုံးမခံရတဲ့ကာလ၊ဘိန်းလို မှောင်ခိုပစ္စည်း အရောင်းအဝယ်လုပ်ရင်တော့ ငွေမျက်နှာကြောင့် ၉ပုံ ၁ ပုံသာဖမ်းပြီး စခန်းကနေ ဝယ်လက်အထိ ခိုးပို့ပေးတဲ့ ကာလ၊အမှန်တရားအတွက် သက်သေလိုက်ပေးမယ်ဆိုရင်တောင် နောက်နေ့ အလောင်းပေါ်သူကပေါ်မိုးလင်း တံခါးလာခေါက်ပြီး ခြေဖြတ်ခံလက်ဖြတ်ခံရတဲ့ကာလမျိုးကိုဘယ်လိုပုံဖေါ်ထားလဲဆိုတာကိုဆက်လက်ခံစားကြည့်လိုက်ကြရအောင် Quality : HDRip 1080pFormat : mp4During : 1h 45minGenres : Action , Crime ...
movie

Once Upon a Time in Hong Kong ( 2021 )

Doctor(2021) 8.5
Doctor(2021) တကယ်လည်း ကြမ်း၊ သည်းထိပ်ရင်ဖိုစရာလည်း ​ကောင်း၊ရုံတင်တုန်းကလဲ အတော်လေးရေပန်းစား ပေါက်ခဲ့ပြီးရုံတင်ရက်၂၅ရက်အကြာမှာ အိန္ဒိယရူပီ ၁၀၀Crsထိရထားတဲ့ နာနီရဲ့ ဒီရုပ်ရှင်ကားကတော့ရုပ်တည်ကြီးနဲ့ တကယ်ခွီရတဲ့ ​Tamil Action - Comedyကားသစ်တစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်MDb rating 8.5ရ​တာနဲ့တန်​အောင် တကယ်ကြည့်​ပျော်ပြီးဇာတ်အစအဆုံး အချိန်၂နာရီခွဲကုန်မှန်းမသိ ကုန်​စေမယ့်ကားလို့ညွှန်းဆိုပါ​ရ​စေ အညွှန်း********စစ်တပ်ဆရာဝန်တစ်​ဦးဖြစ်တဲ့ ဗာရွန်ဟာ ဘုကလန့်လည်းကျ၊စကားကို တည့်တိုးပဲ​ပြောတတ်ပြီး စိတ်ပိုင်းဆိုင်ရာထက်လက်​တွေ့ပိုင်းကို ပိုဦးစား​ပေးလို့ Emotional Dead manရယ်လို့အမည်​​ပေးခံရသူရယ်ပါဒီလူဂွစာကြီးဟာ လူတကာကိုဘု​တော​ပေမဲ့ ဇနီး​လောင်းကို​တော့သည်းသည်းလှုပ် ချစ်ရှာပါတယ်၊ သူချစ်ရတာနဲ့ တန်​အောင်ကိုသူ့ရဲ့ဇတ်ဇတ်ကြဲဇနီး​လောင်း​လေး ပတ်မီနီကလည်း တင်​တောင်းတဲ့​​နေ့မှာတင် ငြင်းလွှတ်လိုက်ပါတယ်ဗာရွန်ခမျာ ရည်းစားငြင်းခံရလို့မှ မပြီး​သေးခင် ခယ်မလောင်းလျာပြန်​ပေးဆွဲခံရတဲ့ကိစ္စကြောင့် မ​တော်လိုက်ရတဲ့ ဇနီးသည်မိသားစုနဲ့အတူ ပြန်​ပေးဆွဲသူ​တွေကို လိုက်လံရှာ​ဖွေရင်း လူကုန်ကူးနဲ့ကိုယ်အင်္ဂါရောင်းဝယ်​ရေး ကွန်ယက်ကြီးထဲ ပတ်သတ်မိသွားတဲ့အခါဘုကလန့်ဗာရွန်နဲ့ ဇတ်ဇတ်ကြဲ ပတ်မီနီတို့နှစ်​ယောက် ဘယ်လိုအလွဲ​တွေဖြစ်ကြမလဲ၊ ညီမဖြစ်သူကို​ရော ပြန်ရှာ​တွေ့ပါမလား၊သူတို့ရင်ဆိုင်​နေရတဲ့ ဂိုဏ်း​တွေက ဘယ်​လောက်​တောင်များလဲဆိုတာကို အတည်​ပေါက်နဲ့ ရယ်လည်းရယ်ရ၊ စိတ်လှုပ်ရှားဖို့လည်းကောင်း​အောင် ရိုက်ကူးတင်ဆက်​ပေးထားတဲ့Tamilကား​ကောင်း တစ်ကားပဲဖြစ်ပါတယ်File size…1.34GB ...
movie

Doctor(2021)

2021
HEVC 1080p 5.1
The Killer (1989) 7.8
The Killer (1989) The Killer (1989)ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်... ဂျွန်ဝူးရဲ့ရွှေခေတ်.... ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ...
movie

The Killer (1989)

1989
Jai Bhim(2021) 9.7
Jai Bhim(2021)  v" မရှိခိုးနိုး မလှစုန်းမျိုး "ဆိုတဲ့စကားပုံထဲကလို မရှိလဲမရှိ မလှလဲမလှတဲ့ ကျောမွဲလူတန်းစားတစ်ရပ်။ ရုပ်မြင်တာနဲ့ ဘာများအလစ်သုတ်မှာလဲထင်ခံနေရရှာတဲ့ လူတန်းစားတစ်ရပ်။ ရုပ်ရှင်ထဲက စကားစုအတိုင်းဆို "အတန်းထဲမှာ ခဲဖျက်ပျောက်ရင်တောင် ကျွန်တော့် အိတ်ကအရင်ရှာခံရတယ်" "ဒီရှက်ရွံ့မှု့ကိုကြောက်တာနဲ့ ကျောင်းတောင်မသွားရဲတော့ဘူး" ဒီလိုလူတန်းစားတွေအပေါ်အဖိနှိပ်ဆုံးက ဘယ်သူတွေဖြစ်မှာလဲ။ ထုံးစံအတိုင်းပြည်သူ့ဆန်စားတဲ့ပြည်သူ့ "ရဲ"ဆိုတဲ့လူတွေပဲပေါ့။ ဒီဇာတ်လမ်းလေးထဲမှာလည်း ပြည်သူ့ရဲအမည်ခံ လူ့ဘီလူးတွေ ဘယ်လောက်တောင်လူမဆန်သလဲ .. လူချင်းတူပါလျက်နဲ့ ဆင်းရဲတဲ့သူတွေက ဘယ်လောက်တောင်လူ့အောက်ကျလည်းဆိုတာကို သနားစဖွယ်တွေ့ရမယ့်အပြင် လောကမှာ လူကောင်းလူဆိုးနှစ်မျိုးနှစ်စားရှိတာမို့ ဒီသနားစရာလူမျိူးစုကိုကယ်တင်ပေးမယ့် လူစွမ်းကောင်းရှေ့နေကြီးလည်း ရှိနေသေးပြန်တဲ့အခါ … အများကြီး spoilမိမှာမို့ အညွှန်းကို ဒီလောက်နဲ့တင်ရပ်လိုက်ပါရစေ။ ကြည့်ရတာတန်မယ့် .. အချိန်ကုန်ရကျိုးနပ်မယ့် Tamilကားကောင်းလေးဖြစ်ကြောင်းပဲလက်တို့လိုက်ပါတယ်နော်။   File size…1.6GB / 2.6GB Quality…720p / 1080p HEVC 5.1Ch Format…Mp4 Duration….2h 44 min Subtitle…Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Lai Laii
movie

Jai Bhim(2021)

2021
HEVC 1080p 5.1
The Unexpected Man ( 2021 ) 5.2
The Unexpected Man ( 2021 ) ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့... ချန်ကျန်းဟာအရမ်းတော်တဲ့သချာ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ် သူဟာ ဘဏ်မှာစာရင်းသွင်းဖို့သွားရင်း ဘဏ်ဓားပြတိုက်မှုတစ်ခုကို ကြုံခဲ့ရပါတယ်အဲ့ဒီနောက်မှာ ရဲတွေကို လုယက်သူတွေကိုဖမ်းဖို့ မျက်မြင်သက်သေတစ်ယောက်အနေနဲ့ သူ့ရဲ့သချာ်စွမ်းရည်ကိုအသုံးချကာ ကြီးမားစွာအကူအညီပေးခဲ့ပြီး ကိန်းဂဏန်းဝိဇ္ဇာလို့ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာ အကြမ်းဖက်သမားတစ်ယောက်က ကိန်းဂဏန်းဝိဇ္ဇာချန်ကျန်းကိုရည်ရွယ်ပြီး မြို့ထဲမှာ ဗုံးတွေဆင်ကာ ပညာစမ်းပါတော့တယ်အကြမ်းဖက်သမားလက်ထဲကနေ အပြစ်မဲ့သူတွေကို ချန်ကျန်းတစ်ယောက်ရဲအရာရှိတွေနဲ့ပူးပေါင်းပြီး သူ့ပညာတွေကို ဘယ်လိုအသုံးချဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ် Quality : WEB-DL 1080pFormat: mp4Genres : Drama , Suspense , CrimeRelease Date : 27.9.21During : 1h 37 minSubtitle : Myanmar Subtitle ( Hardsub )Translated By Yamin EiEncoded By LK
movie

The Unexpected Man ( 2021 )

Snakehead (2021) 5.4
Snakehead (2021) တရုတ်လူမျိုးတွေကို အမေရိကားဆီ လူကုန်ကူးနေတဲ့ snakehead လို့ လူသိများတဲ့ လူကုန်ကူးမှုနဲ့ စီမီရင်လည်း အမေရိကားကို ရောက်လာပါတယ်"ကျွန်မ အမေရိကန်အိပ်မက်ကိုမယုံကြည်ဘူး ဒါပေမယ့်ကျွန်မရှင်သန်ဖို့လိုတယ် ကျွန်မတွက် မိသားစုတွက် ဒီကိုလာရတာ သေနိုင်တယ်ဆိုတာ အားလုံးသိပြီးသားပါ ဒါပေမဲ့ ကျွန်မတို့မှာ ကိုယ်ပိုင်အကြောင်းတရားကိုယ်စီရှိကြတယ် အမေရိကားမှာ ခိုးဝင်နေထိုင်ရတဲ့နေ့ရက်တိုင်းက စွန့်စားနေရတာပါ ထောင်ကျနိုင်တယ် ပြည်နှင်ဒဏ်ထိနိုင်တယ် သေတောင်သေသွားနိုင်တယ် ဒါပေမယ့် ငွေရဖို့ဆိုရင် ဒီထက်ပိုဆိုးတာတောင်လုပ်နိုင်တယ် အကြွေးတွေ မြန်မြန်ဆပ်ပြီး ...သမီးလေးကိုပြန်ခေါ်ရမယ်" အမေရိကားကို လူကုန်ကူးခံရတဲ့ တရုတ်လူမျိုးမိန်းကလေးတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားတာပါ သူကြုံရမယ့် ဒုက္ခတွေ ပြသာနာတွေ ငွေမျက်နှာပဲကြည့်တဲ့သူတွေ မိတ်ဆွေစစ်တွေ မိတ်ဆွေတုတွေ ဒုက္ခသုခတွေနဲ့ သူ့သမီးလေးကိုရော ပြန်ခေါ်လာနိုင်ပါ့မလားဆိုတာကို မှုခင်းကျူးလွန်မှုတွေနဲ့အတူ ကြည့်ရှုရမှာပါ ။မိမိတိုင်းပြည်ထက် တိုင်းတစ်ပါးကို ယုံကြည်တာ အထင်ကြီးတာ တိုင်းတစ်ပါးအိပ်မက်တွေက မမှန်ကန်ဘူးဆိုတာကို ပြသချင်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Oleander ပါ ) File Size__1.7 GB, 900 MB Quality__1080p, 720p IMDb Rating__5.4/10 Format__mp4 Duration__01:30:00 Type__Action , Crime , Drama Subtitle__Myanmar Subtitle ...
movie

Snakehead (2021)

Army of Thieves (2021) 6.2
Army of Thieves (2021) Army of Thieves (2021)IMDb - 6.2/10ဒီ​နေ့ပဲ ထွက်ရှိလာတဲ့ Army of the Thieves ဇာတ်ကားကို တင်ဆက်​ပေးလိုက်ပါပြီ၊ဒီကားက ဒီနှစ်အ​စောပိုင်းမှာ ထွက်ရှိထားတဲ့ Army of the Deadရဲ့ တိုက်ရိုက် Prequelဖြစ်ပြီးDieterအဖြစ် သရုပ်​ဆောင်ထားတဲ့ မင်းသား Matthias Schweighöfer ကိုယ်တိုင် ရိုက်ကူးထားတာပါ၊ဒီဇာတ်လမ်းမှာ Zombie Apocalypse စစဖြစ်ချင်းအချိန်ကို timelineအ​ခြေခံထားပါတယ်၊မီးခံ​သေတ္တာ​နဲ့ ​သော့ဝိဇ္ဇာ Youtuber တစ်​ယောက်ဖြစ်သူ Dieter ဟာသူ့ရဲ့ Youtubeက​နေ အ​ပျော်တမ်း ​သော့ဖျက်နည်း​တွေ၊ မီးခံ​သေတ္တာသမိုင်း​ကြောင်း​တွေ ရိုက်ကူးပြီးတင်တဲ့သူပါ၊သူ့ရဲ့ဗီဒီယို​တွေကို ​တွေ့သွားတဲ့ဂိုဏ်းတစ်ခုဟာသူ့ရဲ့ကျွမ်းကျင်မှုကို အသုံးချပြီး ဘဏ်​တွေကို ​​ဖောက်ပြီးကြံစည်ပါတယ်၊ဒါ​ပေမဲ့ Dieter​​​ဖောက်​ပေးရမယ့် မီးခံ​​သေတ္တာ​တွေက နှယ်နှယ်ရရမဟုတ်ဘဲခက်​ပေ့ဆိုတဲ့ နာမည်​ကျော် မီးခံ​သေတ္တာကြီး ၄လုံးဖြစ်​နေတဲ့အခါ...Army of Dead franchise ရဲ့ မူမပျက်​အောင် ​သွေးသံရဲရဲနဲ့ အရွန်း​ဖောက်ဟာသ​တွေ၊အ​​ပြောအဆိုခပ်ကြမ်းကြမ်း​တွေ သုံးထားလို့အက်ရှင်ကားကြိုက်သူ​တွေအတွက်​တော့ အ​ထွေအထူးညွှန်း​နေစရာမလိုတဲ့ ...
movie

Army of Thieves (2021)

2021
Highway (2014) 7.6
Highway (2014) Highway Hindi Movie(2014) လမ်းမများရဲ့ဟိုမှာဘက်အိမ်ပြန်ဖို့လမ်းတွေဟာ လူတိုင်းရဲ့ဘဝကိုယ်စီအတွက် အရေးပါလှတာကို အားလုံး လက်ခံနိုင်လောက်ပါမည်။လှို င်းတွေပြေး | ရေတွေဖွေးနေသည့် ရေပြင်ထက်ဝေဆီကနေလား။နွေဦးလေပွေတွေ သုန်သုန်ဖြူးလိုက်တိုင်း ဖုန်တွေ။သစ်ရွက်ခြောက်တွေနှင့် ပလူပျံနေသော မြေနီလမ်းကလေးကနေလား။အိမ်ပြန်စရာလမ်းမတွေက အတွေးနှင့်ပုံဖော်ရလိုက်သည်မှာတင် ကြည်နူးစရာကောင်းလွန်းလှပါသည်။လမ်းမ၏အဆုံးတွင် မွေးချင်းပေါက်ဖော်တွေ ရှိကောင်းရှိမည်။ချစ်သူသက်ထားနှင့်သားငယ်သမီးငယ်တွေရှိကောင်းရှိမည်။အိပ်တန်းပြန်ငှက်ငယ်တွေနှင့်အတူ ပျံသန်းလာသည့် အိမ်ပြန်သူကို ကြို ဆိုကြမှာ သေချာသည်။ဗီရာ၏ အိမ်ပြန်လမ်းကလေးကတော့ ယင်းသို့မဟုတ်နိုင်ချေ။လှောင်အိမ်ထဲကနေသာ အဟုန်ပြင်းသောတောင်ပံခတ်သံတွေနှင့် အသောနှင်လိုသော ငှက်ငယ်မလေးဖြစ်လို့နေလေသည်။အိမ်ပြန်လမ်းကလေး၏ ဝေးရာဘက်ဆီကိုသာ ရှာဖွေနေသူဖြစ်ပါသည်။ခုတော့ ရွှေလှောင်အိမ်ကြီးထဲကနေ ထွက်ခွာပျံသန်းဖို့ မပြောနှင့်။ယခုထက် ခိုင်ခန့်ကျယ်ဝန်းရာဆီကို ထပ်မံအကျဉ်းချဖို့ တာစူလာပြန်ပါပြီ။ဘယ်မှာလဲ။ငှက်ကလေး၏ အဇဋာပြင်ကျယ်က ဘယ်မှာလဲ။ကျယ်ဝန်းလှသည့်ကမ္ဘာ။စိမ်းနေသောတောအုပ်။ရေပြာပြာ။ကလေးငယ်များ၏ ရယ်သံခိုးခိုးခစ်ခစ်။ပန်းပွင့်ပေါ်တောင်ပံခတ်နေသောလိပ်ပြာ။သဘာဝတရား၏အလှသည် သူမ၏အကျဉ်းစံအိမ်နှင့် တပါဒစီခြားကာ ဒဏ်ခတ်ပိတ်ပင်ထားလေတော့မည်။တညသားမှာတော့ ကြမ္မာတရား၏ စေ့ဆော်မှုကို ကြုံလိုက်ရလေသည်။ဗီရာ၏ လက်ထပ်မည့်သတို့သားလောင်းနှင့်အတူ စီးနှင်လာသောကားကလေးအား ဟိုက်ဝေးလမ်းမတစ်နေရာက ဆီဆိုင်တစ်ခုမှာ ဆီဖြည့်နေစဉ်၌ ဓါးမြများ၏ စီးနင်းတိုက်ခိုက်မှုအား ကြုံ လိုက်ရတော့သည်။ဗီရာ၏ သတို့သားလောင်းကလည်း သတ္တိနုံနဲ့သူတစ်ဦး ဖြစ်သည့်လျော်စွာပင် ကယ်တင်ခြင်းမပြု ခဲ့။ယင်းသို့်ဖြင့် ...
movie

Highway (2014)

HEVC 1080p
Regression (2015) 5.7
Regression (2015)  လျို့ဝှက်သည်းဖို ဇာတ်လမ်းတွေမှ နှစ်ခြိုက်သူတို့ မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ ဇာတ်ကားကြည့်နေတဲ့တောက်လျှောက် ကိုယ်တိုင်ဝင်ပါပြီး စုံစမ်းချင်စိတ်ပေါက်သွားမယ့်ကားမျိုး...ဇာတ်လမ်းအစမှာ အိန်ဂျလာက သူ့အဖေကို အဓမ္မပြုကျင့်ပါတယ်ဆိုပြီး ရဲတိုင်ထားပါတယ် သူ့အဖေက ဝန်ခံပေမယ့် ဘာမှမမှတ်မိဘူးတဲ့ အဲ့ဒီလိုနဲ့ ဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းအောင် အစပျိုးလိုက်ပါတယ်"လူ့စိတ်ဆိုတာ စကြာဝဠာကြီးတစ်ခုလုံးပဲ " မလိုချင်တဲ့ မှတ်ဉာဏ်တွေက အလိုလို တံခါးပိတ်သွားတက်တယ် ဖွင့်ပေးရမယ့် သော့က Regression လို့ခေါ်တဲ့ စိတ်နောက်ပြန်ဆွဲတဲ့ အိပ်မွေ့ချ ကုထုံးပဲ ဘယ်ညာယိမ်းနေတဲ့ ချိန်သီးရဲ့ နောက်မှာ ဘာရှိနေလဲ မကောင်းဆိုးဝါးတွေလား? စေတန်ခေါ် နတ်ဆိုးလား? နတ်ဆိုးဝါဒီတွေလား? တစ်စုံတစ်ဦးကတော့ သူ့ချိန်သီးရဲ့နောက်မှာ မကောင်းဆိုးဝါးတွေရှိနေခဲ့တယ် တစ်စုံတစ်ဦးရဲ့ ချိန်သီးရှေ့ကို စေတန်ဝါဒီတွေရောက်လာတယ်စိတ်ဆိုတဲ့ကျယ်ပြောတဲ့ စကြာဝဠာကြီးထဲမှာ အတွေးကွင်းဆက်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။( အညွှန်းရေးသားထားသူကတော့ Oleander ပါ )File Size__1.8 GB, 1 GB Quality__1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:45:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Oleander Encoded by ...
movie

Regression (2015)

L: change the WorLd(2008) 6.1
L: change the WorLd(2008) Death Note: L Change the World (2008) --------------------------------------- ဒီရုပ်ရှင်ကတော့ သေမင်းတမန်စာအုပ်ရဲ့ နောက်ဆုံးရုပ်ရှင်ပဲဖြစ်ပါတယ်.အရှေ့ရုပ်ရှင်နှစ်ခုဖြစ်တဲ့ Deat Noteနဲ့ L is the last nameတို့ရဲ့Spin-out sequelဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ L ရဲ့တကိုယ်တော်စွန့်စားခန်းဖွင့်တာကိုမြင်တွေ့ရမှာပါ....ဇာတ်လမ်းအကျဉ်း --------------- Lတစ်ယောက်ကီရာ့အမှုကို လိုက်နေရင်းထိုင်းနယ်စပ်က သူ့အဖွဲ့ဝင်တစ်ယောက်လွှတ်လိုက်တဲ့ ညဏ်ကြီးရှင်ကလေးတစ်ယောက်ကိုကယ်ဆယ်ခဲ့ရတယ်.အဲ့ဒီကလေးက အဲ့ဒီထိုင်းနယ်စပ်ရွာလေးအပေါ် ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ မှောင်ခိုဂိုဏ်းတခုရဲ့ ရက်စက်တဲ့အမှုရဲ့ နောက်ဆုံးမျက်မြင်သက်သေပေါ့...ဒီထဲမှာ Lရင်ဆိုင်ရမှာကတော့ သူတို့ရဲ့အဖွဲ့ထဲကအဖွဲ့ဝင််ဖြစ်တဲ့ Kဆိုတဲ့ ညဏ်ကြီးရှင်မိန်းမတစ်ယောက်ပါပဲ...ပညာလွန်သော်ကောက်ကျစ်ရာ၏ဆိုသလို အစွန်းရောက်သွားတဲ့မိန်းမတစ်ယောက်ပါပဲ...ဒီပွဲမှာရော Lတစ်ယောက် အနိုင်ရမှာလားသူဘာတွေစတေးရခဲ့လဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားပါခင်ဗျာ  File size…2.1Gb / 1.2Gb Quality…1080p Blu Ray 5.1CH / 720p Format…Mp4 Duration….2h 9mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Reviewed by YK Translated by Aung Tay Za   
movie

L: change the WorLd(2008)

2008
Death Note: The Last Name (2006) 7.2
Death Note: The Last Name (2006) Death Note: The Last Name (2006) -------------------------------Death Note 2006ရုပ်ရှင် ထွက်ပြီးနောက်ဆက်ထွက်လာတဲ့ ရုပ်ရှင်ကားတခုပဲဖြစ််ပါတယ်....ဒီရုပ်ရှင်မှာတော့ ဇာတ်ရှိန်ဟာ ပိုမိုတက်လာပြီးနောက်ထပ် သေမင်းနဲ့ မိတ်ဆွေဖြစ်ခွင့်ရတဲ့လူသားတစ်ယောက်ထပ်တိုးလာမှာပါ...ဇာတ်လမ်းအကျဉ်း ------------လူတွေအားလုံးဟာ တနေ့မှာသေကြရမှာပါပဲ...ဒိတော့သေမင်းကို ကြောက်ရတာပေါ့..ဒါပေမယ့် သေမင်းနဲ့သာမိတ်ဆွေဖြစ်ခွင့်ရမယ်ဆိုရင်ရော...အာဆာနဲမီဆာက သေနေ့စေ့ပြီဖြစ်တဲ့မိန်းကလေးတစ်ယောက်.သူက စိတ္တဇလူသတ်သမားရဲ့လက်မှာ သေရမှာဖြစ်ပေမယ့်ကံကြမ္မာအလှည့်ပြောင်းနဲ့မသေရတော့ပဲ သေမင်းနဲ့မိတ်ဆွေဖြစ်ပြီးသေမင်းတမန်စာအုပ်ကိုပါပိုင်ဆိုင်ခွင့်ရလာတဲ့အခါ...သူမရဲ့ခံယူချက်ကလဲ ကီရာလိုပါပဲလောကကြီးကို ဥပဒေဘောင်ပြင်ကနေတရားစီရင်ချင်လာတဲ့အခါ...မီဆာကလဲ ညဏ်နီညဏ်နက်များပြီးကီရာနဲ့ဆုံတွေ့ရတဲ့အခါ စုံထောက်Lတစ်ယောက်ဘယ်လိုဘယ်ခြေနေထိ ခေါင်းသုံးဖြေရှင်းရမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုခံစားကြပါခင်ဗျာ  File size…2.2GB / 1.28GB Quality…1080p Blu Ray Remux DTS 5.1 Ch and 720p Format…Mp4 Duration….2h 21min Subtitle….Myanmar Subtile (Hard Sub) Encoder….YK Translated by Aung Tay Za
movie

Death Note: The Last Name (2006)

2006
Death Note (2006) 7.6
Death Note (2006) Death Note 2006 -----------------------2006ခုနှစ်က ထွက်ခဲ့တဲ့ Animationကို adaption ပြန်လုပ်ပြီးရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ လူငယ်တွေကြားအတော်လေးရေပန်းစားခဲ့ပြီး ဆု၄ဆုနဲ့ စကာတင်ဆုတချို့လဲရခဲ့ပါတယ်.Ratingပိုင်းမှာလဲ ပြောစရာမရှိအောင်ကောင်းတာကြောင့်ကျွန်တော်တို့ Channel MyanmarကနေQuality အကောင်းဆုံးနဲ့ တင်ဆက်ပေးလိုက်ရပါတယ်.ဇာတ်လမ်းအညွန်း -------------------တိုကျိုရဲ့သာမန်မနက်ခင်းတခုရဲ့ သတင်းစာမှာ ရာဇဝတတ်သားတွေရဲ့နာရေးသတင်းတွေ တန်းစီတက်နေတာကြောင့်် ပြည်သူလူထုတချို့ရဲ့အံ့ဩတုန့်လှုပ်မှုက အတော်လေးမြင့်တက်နေပါတယ်. သေဆုံးပုံကလဲတပုံစံတည်းဆိုတော့ ထင်ကြေးအမျိုးမျိုးနဲ့ ဝေဖန်နေကြပါတယ်..သူတို့ရဲ့သေဆုံးပုံကတော့ နှလုံးရပ်ပြီး ရုတ်တရက်ပဟေဌိဆန်ဆန်သေဆုံးကြတာပါပဲ. လူသတ်မှုနဲ့အကျဉ်းကျနေသူတွေ မုဒိန်းကောင်တွေလာဘ်လာဘ်ယူလုပ်ခဲ့တဲ့ ဝန်ကြီးတွေ ခရိုနီတွေနဲ့သူတို့ရဲထင်တိုင်းကြဲနေတဲ့သားသမီးတွေပါ သေဆုံးနေတာကြောင့်် တချို့သောလူတွေကလဲ ဒါကမှတရားမျှတမှု တချို့လူတွေကတော့ ဒါက အစွန်းရောက်မှုဆိုတဲ့ငြင်းခုန်မှုတွေနဲ့ ပွက်လောရိုက်နေကြပါတယ်. ဒါတွေက သမားရိုးကျတိုက်ဆိုင်မှုလေလား လူတစ်ဦးတစ်ယောက်ရဲ့ ပယောဂလားဆိုတာကိုတော့ဇာတ်အိမ်ခိုင်ခိုင်အပေါ် သရုပ်ဆောင်တွေရဲ့လေးနက်တဲ့သရုပ်ဆောင်မှုနဲ့ကြည့်ရှုခံစားသွားရမှာပါ…..File size…1.98GB / 1.15GB Quality…1080p Blu Ray Remux DTS 5.1CH Format…Mp4 Duration….2h 6mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Reviewed by YK Translated by Aung TayZa
movie

Death Note (2006)

2006Shûsuke Kaneko
Ninja Assassin (2009) 6.4
Ninja Assassin (2009) IMDB: (6.4/10)ကိုရီးယား နာမည်ကြီး သရုပ်ဆောင် Rain ပါ၀င်သရုပ်ဆောင်ထားတဲ့ Ninja Assassin ကို BluRay HEVC Quality နဲ့ Update တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းပုံစံကတော့ လူသတ်သမားဂိုဏ်းကို အစပျိုးဖို့ အတွက် မိဘမဲ့ လူငယ်လေးတွေကို သိုင်းသင်ပေးနေတဲ့ အဖွဲ့ အစည်းတစ်ခုမှာ ကြီးပြင်းလာရတဲ့ ကောင်လေး တစ်ယောက်အကြောင်းပါ အစကတော့ ဒီအသင်းအဖွဲ့ က မိဘမဲ့ကလေးတွေကိုစောင့်ရှောက်ပေးတယ်လို့ ထင်ရပေမယ့် ရက်စက်မှုများစွာနဲ့ ငရဲခန်းတစ်ခုအဖြစ်သိလာတဲ့နောက် ထွက်ပြေးဖို့ကြံရွယ်ကြသူတွေရှိကြသလို မိသွားခဲ့ရင်တော့ မတွေးရဲစရာ နှိပ်စက်အပြစ်ပေးတတ်ပါတယ်။ဒီလိုနဲ့ Rain တစ်ယောက်ဟာလဲ ဒီဂိုဏ်းအဖွဲ့ထဲကနေထွက်ပြေးခဲ့ပါတယ်... ဒါပေမယ့် ဘယ်လိုပဲ ထွက်ပြေးပြေး ဒီအဖွဲ့ဟာ နောက်ကနေ တစ်ကောက်ကောက်လိုက်ပြီး အဖွဲ့ပေါ် သစ္စာဖောက်သူတွေနဲ့ ထွက်ပြေးသူတွေကိုသတ်ဖြတ်ကြပါတော့တယ်...သွေးသံရဲရဲ မြင်ကွင်းတွေ အများကြီးပါ၀င်လို့ နှလုံးအားနည်းသူတွေ မကြည့်သင့်ပါဘူး။ File size…(1.9 GB) / (900 MB) Quality….BluRay HEVC 1080p / 720p Format…mkv/mp4 Duration….01:38:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Wai Zin
movie

Ninja Assassin (2009)

2009
HEVC 1080p
Night Teeth(2021) 6.5
Night Teeth(2021) Night Teeth(2021) အညွှန်း**********************Vampire movie ကိုမှ မှုန်မှုန်ထိုင်းထိုင်းရှေးဆန်တဲ့ပုံစံမျိုးမဟုတ်ပဲ ခေတ်ဆန်တဲ့ဇာတ်အိမ်နဲ့သွေးစုပ်ဖုတ်ကောင် အလန်းစားတွေပါတဲ့ကားပဲဖြစ်ပါတယ်...သွေးစုပ်ဖုတ်ကောင်တွေဟာယနေ့ခေတ်ကြီးအထိ လျှို့ဝှက်သိုသိပ်စွာနေထိုင်နေပြီး သူတို့ကိုလိုက်ရှာပြီးသတ်နေတဲ့သွေးစုပ်ဖုတ်ကောင်မုဆိုးအဖွဲ့အစည်းတွေလည်းရှိနေပါတယ် ....Benny ဆိုတဲ့ကောင်လေးကတော့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး အားလပ်ချိန်မှာအချိန်ပိုင်းကားအငှါးမောင်းရင်းနဲ့ အပိုဝင်ငွေလေးရှာနေတဲ့သူပေါ့...တစ်နေ့တော့ ခပ်လန်းလန်း ကောင်မလေး (၂) ယောက်ကသူ့ကို တစ်ညကားမောင်းဖို့ ငှါးလိုက်ပါတယ်...အလန်းစား(၂)ပွေဆိုတော့ ပျော်ရွှင်မြူးတူးစွာ ဝန်ဆောင်မှုတွေပေးခဲ့တာပေါ့...သို့ပေမဲ့ သူပို့တဲ့ အလန်း(၂)ပွေဟာ သွေးစုပ်ဖုတ်ကောင်အကြမ်းစားမတွေဖြစ်နေတဲ့အပြင်အဲ့ဒီညမှာပဲ အလွန်တရာရက်စက်တဲ့သွေးစုပ်ဖုတ်ကောင်မုဆိုးအဖွဲ့အစည်းရဲ့လိုက်လံသတ်ဖြတ်ခြင်းခံရတဲ့အခါ....ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....မမ Megan Fox ကြီးလည်း ပွဲဝင်ကြမ်းထားလေရဲ့....File Size :(0.99GB) and (380 MB) Quality : WEB-DL.NF.1080P, 720p Format…mp4 Duration…01:47:00 Genre : Action ,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu & Hnin Kit Encoded by Phyo Pyae
movie

Night Teeth(2021)

Killing Them Softly (2012) 6.2
Killing Them Softly (2012) Killing Them Softly (2012) ==================== IMDb Rating - 6.2/10 Rotten Tomatoes - 74%ဒီရုပ်ရှင်ကို ဘာလို့ကြည့်ဖြစ်ခဲ့လဲဆိုရင် ဖြေရမယ့် အဖြေက တစ်ခုတည်းရှိမယ်။ ဘရက်ပစ်ပဲ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ဇာတ်ကားတစ်ကားကို ကြည့်သင့်လားဆိုတာ ဒါရိုက်တာကြည့် ဆုံးဖြတ်ကြတာများပေမဲ့ ကိုယ်သဘောကျတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ သရုပ်ဆောင်ပုံကို မြင်ရမှာကိုလည်း ထည့်တွက် ဆုံးဖြတ်ကြတာပဲမလား။ ဒီကားဟာ ဒီအချက်အတွက်တော့ စိတ်မပျက်စေခဲ့ဘူး။ဘရက်ပစ်ဟာ မျှော်လင့်ထားတဲ့အတိုင်း သူ့ကိုမြင်နေကျ သူ့ဟန်အတိုင်းပဲ ပေါ်လာခဲ့တယ်။ ဇာတ်လမ်းကတော့"မနူးမနပ်လူမိုက်ကလေးတွေက ဝါရင့်လူမိုက်ကြီးတွေကို ကတုံးပေါ်ထိပ်ကွက် လုပ်ဖို့ ကြံတဲ့အကြောင်းပါပဲ။ ဒီဇာတ်အိမ်ကို အမေရိကန် ဘဏ္ဍာရေးပျက်ကပ်ခေတ်မှာတည်ပြီး အဲ့ဒီကာလက သတင်းတွေ မိန့်ခွန်းတွေကို တစ်ချိန်လုံးနီးပါး နောက်ခံအသံထည့်ထားတယ်။ ထည့်ထားရတဲ့အကြောင်းရင်းက ဘာလဲ ဒီမနူးမနပ် လူမိုက်တွေရဲ့အဖြစ်နဲ့ ဘဏ္ဍာရေးပျက်ကပ်ကို သရော်ချင်တာလား ဘာလားတော့ စီးပွားရေးပျက်ကပ်နဲ့ပက်သက်ပြီး ဂဃနဏမသိလို့ ညဏ်မမှီဘူး။ မှီတဲ့သူတွေအတွက် ပိုသဘောကျချင်စရာ ကောင်းလောက်မယ်။ခပ်ကြမ်းကြမ်း ရွဲ့ရွဲ့ စကားတွေပြောနေမယ့် ဘရက်ပစ်အပြင် Goodfellasထဲက Ray Liottaလည်းပါတယ်။ Cogan's Tradeဆိုတဲ့ ဝတ္တုကိုပြန်ရိုက်ထားပြီး ကားကောင်းတွေ ...
movie

Killing Them Softly (2012)

Kaminey(2009) 7.4
Kaminey(2009) Kaminey(2009) အညွှန်း********************ဒီဇာတ်ကားလေးကတော့ IMDb rating 7.4 အထိ ရရှိထားပြီး Shahid Kapoorနဲ့ Priyanka Chopraတို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဟင်ဒီစကားပြော ဘောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။" ဘဝမှာ ပိုက်ဆံရဖို့ နည်းလမ်း(၂)သွယ်ရှိတယ်...တစ်ခုက ဂွင်ကြီ:ကြီးရိုက်တာ ....နောက်တစ်ခုကဂွင်သေးသေးရိုက်တာ......" ဒါကတော့ ချာလီဆိုတဲ့ မြင်းပွဲဒိုင်ဖွင့်ချင်တဲ့သူတစ်ယောက်ရဲ့လက်သုံးစကားပဲ...သူ့စကားအတိုင်း မြင်းပွဲတွေကို  မြင်းမောင်းသမားတွေနဲ့ ပေါင်းပြီးငွေရဖို့ အချီကြီးတွေဆော်လေ့ရှိတယ်....သို့ပေမဲ့ ဒီလောကမှာ အင်အားကြီးသူ အာဏာရှိသူ တွေက အများစုကြီ:စိုးစမြဲပဲမလား...တစ်နေ့တော့ ဂွင်ကြီးကြီးဆင်ထားတဲ့ မြင်းပွဲတစ်ခုကို ချာလီတို့အဖွဲ့ဟာအချီကြီးလောင်းလိုက်တယ်...ဒါပေမဲ့ မြင်းသမားဟာ သူတို့ထင်ထားသလို မမောင်းခဲ့တဲ့အတွက်ချာလီတို့အဖွဲ့ရဲ့ ဆုံးရှုံးမှုဟာ အတော်ကြီးသွားခဲ့တယ်...ဒါ့ကြောင့် ချာလီဟာ အကြီးအကျယ်ပေါက်ကွဲပြီးမြင်းသမားကို ဗျင်းဖို့ကြံတဲ့အချိန်မှာတော့...နောက်ဆက်တွဲပြဿနာတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်.....Action/Dramaဇာတ်ကားကောင်းလေးတစ်ကား ဖြစ်တာမို့ ဘောလိဝုဒ်ချစ်သူများ လက်မလွှတ်သင့်ပါကြောင်း .... ဘာသာပြန်သူကတော့ Thaik Sanပဲ ဖြစ်ပါတယ်။   File Size :(2.5GB) (1.1GB) and (410MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…02:10:00 Genre : Action,Crime , ...
movie

Kaminey(2009)

[18+] Irreversible (2002) 7.4
[18+] Irreversible (2002) IMDb Rating (7.4)အသစ်တဖန်ပြန်မလာနိုင်တော့တဲ့ ဒါမှမဟုတ် ပြန်ပြီးအစားထိုးမရနိုင်တော့တဲ့ တစ်စုံတစ်ရာကို တကယ်လို့များဆိုတဲ့ စကားလုံးနဲ့ နောက်ကြောင်းပြန်ချိန်ထိုးပြီး ကွဲပြားသွားနိုင်တဲ့အဖြစ်အပျက်တွေ၊ဘယ်တော့မှ ဖြစ်မလာနိုင်တော့တဲ့ အခြေအနေတွေကို လူတိုင်းလူတိုင်းဟာ တစ်ကြိမ်တစ်ခါမှာ စိတ်ကူးယဉ်လွမ်းဆွတ်ခဲ့ကြဖူးလိမ့်မယ်။မားကတ်စ်ဟာ အဲ့ဒီလိုပဲတွေးနေမိမယ်ဆိုတာ အသေအချာပဲဖြစ်မှာပါ။အဲ့ဒီညက သူအရမ်း အမူးလွန်မနေခဲ့ရင်၊ဆေးကွဲမနေခဲ့ရင် ဒါမှမဟုတ် အနည်းဆုံးတော့ သူ့ချစ်ဇနီးလေးကို တစ်ယောက်တည်း ညနက်သန်းခေါင်ပြန်မလွှတ်ခဲ့ရင်၊ အဲ့ဒီပါတီကို သူတို့မသွားခဲ့ရင်၊ ဆိုတာမျိုးလောက်ဖြစ်ဖြစ်ပေါ့။ ဇာတ်လမ်းကို ဂေးကလပ်တစ်ခုမှာဖြစ်တဲ့လူသတ်မှုတစ်ခုနဲ့ စဖွင့်ထားပြီး အဲ့ဒီကနေမှ အချိန်ရဲ့အစဉ်ကို ပြောင်းပြန်ပြကွက် ဆယ့်လေးခုနဲ့တင်ဆက်ထားတာဖြစ်လို့ စလာလာချင်းအခန်းဟာ ဇာတ်သိမ်းခန်းပဲဖြစ်ပြီး နောက်ဆုံးမြင်လိုက်ရတဲ့အခန်းကတော့ ဇာတ်အဖွင့်ဖြစ်ပါတယ်။ကလပ်ထဲက ကြမ်းတမ်းပက်စက်လွန်းတဲ့လူသတ်ခန်းနဲ့မြေအောက်ဥမင်လမ်းမှာရက်ရက်စက်စက်မုဒိမ်းကျင့်တဲ့အခန်းကို ၉ မိနစ်ကြာတောက်လျှောက်ကြီးပြသွားတဲ့ ပြကွက်တို့ကြောင့် အမျိုးသမီးပရိသတ်အများစုဟာ ဆက်မခံစားနိုင်ပဲရုံထဲက ပြန်ထွက်လာခဲ့ကြတဲ့အထိဖြစ်ခဲ့ကြပါသတဲ့။ ညို့အားအကောင်းဆုံး၊ အလှဆုံး၊ ဆွဲဆောင်မှုအရှိဆုံးစသဖြင့် အကောင်းတကာ့အကောင်းဆုံးတွေရဲ့စာရင်းတွေမှာ ဆယ်စုနှစ်တွေချီအမြဲတမ်းထိပ်ဆုံးမှာပြေးနေတဲ့ မမမိုနီကာလို မင်းသမီးကို ဒီလိုကြီး နှိပ်စက်ပြသွားခဲ့တာတွေဟာ သူ့ပရိသတ် ကမ္ဘာယောက်ျားထုကြီးအတွက်လဲစိတ်နှလုံးမခိုင်ချင်စရာ ရင်နင့်စရာ မြင်ကွင်းတွေဖြစ်ပါတယ်။လိင်စိတ်ခံယူမှုကွဲပြားသူတွေ၊ အမျိုးသမီးတွေ၊ ပြည့်တန်ဆာ အစရှိတဲ့လူတန်းစားအလွှာပေါင်းစုံကို ရိုင်းရိုင်းစိုင်းစိုင်း စော်ကားနှိမ်ချထားတဲ့စကားပြောတွေ၊တစ်တစ်ခွခွအဆဲတွေ၊ အပြတွေအပြင် သာမန်အချိန်မှာပြောနေတဲ့ အလ္လာပသလ္လာပစကားတွေက အစလိင်ကိစ္စတွေပဲဖြစ်သလို သရုပ်ဆောင်နှစ်ယောက်ဝတ်လစ်စားလစ်ချစ်တင်းနှောခန်းကိုလဲ ဆယ်မိနစ်ကျော်အောင်အချိန်ဆွဲပြထားတာတွေလဲပါဝင်လို့ မိသားစုကြည့်ဖို့မသင့်တော်တဲ့ကားတစ်ကားပါ။2002 Stockholm ...
movie

[18+] Irreversible (2002)