Channel Myanmar

Crime

Endgame ( 2021 ) 6.4
Endgame ( 2021 ) ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့....ချန်ရှောင်မုန်ကတော့ အရံသရုပ်ဆောင်အဖြစ်အလုပ်လုပ်ကိုင်ပြီးအကြွေးပတ်ချာလည်နဲ့ အသက်ရှင်ရမဲ့ မျှော်လင့်ချက်တွေပျောက်ဆုံးကာဘဝကြီးကို အဆုံးသတ်ချင်နေတဲ့ အရှုံးသမားတစ်ယောက်ပါကျိုးချွမ်ကတော့ ကြေးစားလူသတ်သမားအဖြစ်လုပ်ကိုင်နေတဲ့ချမ်းသာပြီးငွေလျှံသူတစ်ယောက်ဖြစ်ပါတယ် တစ်နေ့ ချန်ရှောင်မုန်နဲ့ကျိုးချွမ်တို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်နေထိုင်ရာဘဝချင်း လဲနေဖို့ရာ အကြောင်းဖန်လာခဲ့ပါတယ် အရှုံးသမားတစ်ယောက်ကချမ်းသာတဲ့ ဘဝကိုရောက်သွားပြီး ရက်စက်တဲ့လူသတ်သမားကလူတွေနဲ့ရောထွေးနေထိုင်ရမဲ့ ဆင်းရဲသား အရံသရုပ်ဆောင်ဘဝကိုရောက်သွားချိန်မှာတော့ သူတို့နှစ်ယောက် မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာသူတို့ရဲ့စရိုက်တွေနဲ့ ဘယ်လိုတွေအသားကျအောင်နေကြမလဲဆိုတာ ဟာသလေးတွေနဲ့ နှောပြီးကြည့်ရှုကြရမှာပါ Quality : WEB-DL 720pFormat: mp4Subtitle : Myanmar Subtitle ( Hardsub )Translated By Yamin EiEncoded By LK
movie

Endgame ( 2021 )

Jagame Thandhiram(2021) 7.0
Jagame Thandhiram(2021) Jagame Thandhiram(2021) အညွှန်း*******************************IMDb...7.0အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်ထွက် အမိုက်စား အိန္ဒိယ Action/Drama ကားလေးပဲဖြစ်ပါတယ်....ဒီဇာတ်ကားထဲမှာ ဇာတ်လိုက်မင်းသား ဆူရီလီ ဟာ အိန္ဒိယနိုင်ငံ  တမေးလ်နာဒူ ဒေသကသာမာန်စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်... ဒါ့အပြင် ကြံ့ခိုင်ထက်မြတ်တဲ့သူတစ်ယောက်ဖြစ်တဲ့ ဆူရီလီ ဟာ ဒေသတွင်းက ပြဿနာတွေကို အကြမ်းနည်းနဲ့ကိုင်တွယ်ဖြေရှင်းလေ့ရှိတဲ့အတွက် ဂိုဏ်းစတားတစ်ယောက်အဖြစ် နာမည်ကျော်ကြားတဲ့ သူလည်းဖြစ်ပါတယ်  .... တစ်နေ့မှာတော့ ဗြိတိန်နိုင်ငံက နာမည်ကြီး ဂိုဏ်းတစ်ခုဟာ လန်ဒန်မှာ သောင်းကျန်းနေတဲ့….သူတို့ရဲ့ပြိုင်ဖက် အိန္ဒိယလူမျိုးဂိုဏ်းတစ်ခုကို ချေမှုန်းဖို့အတွက် ကူညီပေးဖို့ တမေးလ်နာဒူဒေသရဲ့ နာမည်ကျော် ဆူရီလီ ကို ကမ်းလှမ်းလာပါတော့တယ်...အဲ့ဒီနောက်ဘာတွေဆက်ဖြစ် ဆက်ကြမ်းမလဲဆိုတာကိုတော့.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thar Htet & Thaik San တို့ပဲဖြစ်ပါတယ်...File Size :1.4GB Quality : WEB-DL 720p Format…mp4 Duration…02:37:00 Genre :  Action, Comedy, Crime Subtitle : Myanmar Subtitle ...
movie

Jagame Thandhiram(2021)

HEVC 1080p 5.1
Pipeline (2021) 7.7
Pipeline (2021) Pipeline (2021)2021 ထွက် အရမ်းမိုက်ပြီး ပျင်းစရာမကောင်းဘဲ စိတ်ဝင်တစားကြည့်ရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ Action/Crime အမျိုးအစားဖြစ်ပြီး IMDB 7.7/10 ထိ ရထားတဲ့ ကြည့်လို့ရှယ်ကောင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။တစ်ချို့နေရာတွေလေးတွေမှာ ဟာသပါးပါးလေး ထည့်ပေးထားလို့ အက်ရှင်ကားဆိုပေမယ့် မိန်းကလေး ပရိတ်သတ်တွေပါ အကြိုက်တွေ့မယ့် မပျင်းမရိကြည့်ပျော်တဲ့ ကားလေးလည်းဖြစ်ပါတယ်။မင်းသားတွေကလည်း အခုနာမည်ကြီးနေတဲ့ Doom at your service က အချောလေး Seo In-guk နဲ့ နောက်ထပ် အားပြိုင် ဗီလိန် မင်းသားချော Lee Soo-hyuk တို့က သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ ပါဝင်သရုပ်ဆောင်ပေးထားလို့ ကြည့်ရတာတန်မယ့်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကို ဆက်ရရင် ဖီဒိုးဆိုတဲ့ နာမည်ကြီး ပိုက်လိုင်းဖောက်ထွင်းသူက ဆီမှောင်ခိုလောကမှာ ဖောက်ဖို့မလွယ်တဲ့ တစ်လက်မပတ်လည် ဆီခိုးထုတ်တဲ့ အပေါက်ဖောက်ပြီး နာမည်ကြီးနေတဲ့ ဆီမှောင်ခိုသမားတစ်ယောက်ပါ။သူ့လို လိုက်တုတဲ့ copycat တွေလည်း ရှိတဲ့ မှောင်ခိုလောကက နာမည်ကြီးတစ်ယောက်ပေါ့။ တစ်ရက်မှာ သူ့လိုလူနဲ့ လူဆိုးဂိုဏ်းတစ်ခုက အလုပ်လုပ်ဖြစ်သွားရင်း ကြေးကြီး စပွန်ဆာတစ်ယောက်နဲ့ ဖီဒိုးကို အလုပ်လုပ်ဖို့ ဆက်သွယ်ပေးဖြစ်ခဲ့ပါတယ်။ဒီစပွန်ဆာ ဘဲကလည်း ရေနံကုမ္ပဏီ ...
movie

Pipeline (2021)

2021
Nobody(2021) 7.3
Nobody(2021) Nobody(2021) အညွှန်း*******************IMDb...7.6(((BLU-RAY 1080P.5.1CH ထွက်လာလို့ Updateပေးထားပါတယ်.)ဒီကားကိုတော့ ဂျွန်ဝစ် lite လို့ ပြောရမလား pro max လို့ ပြောရမလား ကိုယ်တိုင်ဆုံးဖြတ်ကြည့်ပါတော့။ကြမ်းတာတော့ အတော်ကြမ်းပါတယ်။ ဘရုစ်ဝီလီရဲ့ Red လို ခံစားမှုမျိုးလည်းပါတယ်။ ဇာတ်လမ်းကတော့ ရှင်းပါတယ်။မန်ဆယ်လ်ဟာ စာလုံးသုံးလုံးပါတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းစစ် အငြိမ်းစားပါ။မိသားစုနဲ့ ကလေးနှစ်ယောက်နဲ့ အေးဆေးနေပါတယ်။ဒါပေမယ့် မိသားစုကို ညဘက် ဓားပြတိုက်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ပြန်လိုက်ရှင်းရင်းနဲ့သမိုင်းပေးလူဆိုးတွေဖြစ်တဲ့ ရုရှားတွေနဲ့ သွားရှုပ်မိတဲ့အခါ... ချူချာတွေ ကံဆိုးရပါတော့တယ်...ဒီကားက သတ်ဖြတ်ခန်းတွေကြမ်းတဲ့အပြင် မင်းသားကြီး Bob Odenkirk ရဲ့အမိုက်စားသရုပ်ဆောင်ချက်တွေကြောင့်Box Office မှာလည်း တော်တော်ဝင်ငွေကောင်းတဲ့ကားကြီးဖြစ်ခဲ့တာမို့ အားလုံးပဲ လက်မလွှတ်သင့်ပါကြောင်းနင်းကန်သတင်းကောင်းပေးပါရစေ..... File Size : 856MB Quality : WEB-DL 720p Format…mp4 Duration…01:32:00 Genre :  Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded ...
movie

Nobody(2021)

HEVC 1080p 5.1
Tumbleweed (2012) 6.2
Tumbleweed (2012)   ငယ်ငယ်တည်းက မိဘမဲ့စွာနေခဲ့ရတာကြောင့် ရပ်ကွက်ရဲ့ တေလေဂျပိုး လူမိုက်တစ်ယောက်ဖြစ်တဲ့ ချန်းဆု...နှစ်အနည်းငယ်ကြာပြီးနောက် ထောင်က လွတ်လာခဲ့တယ်လွတ်ပြီးမကြာသေးခင်မှာ မထင်မှတ်ဘဲ လူတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ရိုက်နှက်နေတာကို မခံနိုင်ဘဲ ဝင်ကူညီပြီးနောက်သူ့အိမ်မှာ လိုက်နေဖြစ်သွားတဲ့ ထိုမိန်းကလေး....ချန်းဆုတစ်ယောက် အတူနေရင်း သံယောဇဉ် တွယ်လာပြီး လူမိုက်ဘဝကို အပြီးစွန့် လက်ထပ်ခွင့်တောင်းဖို့ပြန်လာချိန်မှာ ထိုမိန်းကလေး အသတ်ခံထားရတာကို မြင်လိုက်ရပါတယ်ထိုမိန်းကလေး အတိတ်က ပတ်သက်ခဲ့တဲ့သူတွေက ဘယ်သူတွေလဲ...ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှူ့လိုက်ကြရအောင် ။ Quality__720p IMDb Rating__6.2/10 Format__mp4 Duration__01:45:00 Type__Crime , Drama , Romance Subtitle__Myanmar Subtitle (Hardsub) Translated by SU Encoded by Naing Aung Latt
movie

Tumbleweed (2012)

The Peeping Tom (1997) 5.9
The Peeping Tom (1997) The Peeping Tom (1997)မိန်းမတွေရဲ့ သွယ်လျလှပတဲ့ခြေထောက်တွေကိုပဲ အရူးအမူးတန်းတန်းစွဲနေတဲ့ စိတ္တဇနှာဘူးဆိုက်ကိုတစ်ယောက်...ကောင်မလေးတွေကို ပြန်ပေးဆွဲ မဒိန်းကျင့်ပြီးခါမှ ခြေထောက်လှလှလေးတွေကို ပေါင်ရင်းကနေစ ဖြတ်ပစ်ပြီးသတ်တဲ့ သူ့ရဲ့ကွင်းဆက်လူသတ်မှုကြောင့်ဟောင်ကောင်မြို့တစ်ခုလုံးက ကောင်မလေးတွေ အတိုအပြတ်မဝတ်ရဲတဲ့အထိ ထိတ်လန့်ကြောက်ရွံ့နေရတဲ့ ကပ်ဘေးတစ်ခုလို ဖြစ်နေခဲ့တယ်တနေ့ သေနတ်ချင်းယှဉ်ပစ်နေတဲ့ လမ်းမပေါ်က စစ်ဆေးရေးမှူးစုံထောက်မလေး ချန်ဆူအန်ကိုတွေ့မိခဲ့ရင်းက လူသတ်သမားက ဆူအန်ကို သူဖမ်းနေကြကောင်မလေးတွေနဲ့မတူ တမူသဘောကျမိသွားပြီးလူသတ်သမားနဲ့ စုံထောက်ရဲမေတို့ကြားက ပဋိပက္ခတွေကို သည်းထိတ်ရင်ဖို ခပ်ကြမ်းကြမ်းလေး ခပ်ထန်ထန် ကြည့်ရှုရမှာပါ။ဆိုက်ကိုလူသတ်ကားနဲ့ အက်ရှင်ကြိုက်သူတို့အဖို့တော့ ကြည့်ရှုသင့်တဲ့ ၁၉ရာစုရဲ့လက်ရာ တရုတ်ရုပ်ရှင်ကားတစ်ခုပါ။Mature Rated NC-17 ကြမ်းတာမို့ အသက် ၁၇နှစ်နှင့်အောက် မကြည့်ရနှင့် ပြည့်ပြီးသူများဖြစ်ရင်တောင် နှလုံးရောဂါ ရှိသူများ ကြည့်ရန်မသင့်တော်ပါ။( အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) Quality__480p IMDb Rating__5.9/10 Format__mp4 Duration__01:30:00 Type__Crime , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann ...
movie

The Peeping Tom (1997)

1997
Xtreme (2021) 5.9
Xtreme (2021) Xtreme (2021)============IMDb Rating - 5.9/10ဂျွန်ဝိန်း၊ ဂျက်ကီချန်း၊ ဘရုစ်လီ သုံးယောက်ပေါင်း သောင်းကျန်းသွားသလိုပဲ ဆိုပြီး ဒီဇာတ်လမ်းထဲက မင်းသားကို ချီးမွန်းခန်းဖွင့်ထားကြပါတယ်။ အဲ့ဒီဂုဏ်ပုဒ်တွေနဲ့အညီ အက်ရှင်ကားကြမ်းကြမ်းကိုမှ ကြိုက်တဲ့ပရိသတ်ကြီးအတွက် ဇာတ်အိမ်လည်းကောင်းပြီး Netflix မှတင်ဆက်ပေးထားတဲ့ စပိန်အက်ရှင်ကားသစ်လေး လာပါပြီနော်။လူဆိုးမှာလည်း အသည်းနဲ့ပါဆိုတာ ဒီကားထဲကလူဆိုးကို ညွှန်းချင်တာဖြစ်မယ်။ လူဆိုးဖြစ်လာအောင် နည်းနည်းချင်းဆီတွန်းပို့ခံရတာကိုး.. သူ့ကိုတွန်းပို့ခဲ့သူက သူ့အဖေကိုယ်တိုင်ပါ။ သားအရင်းကိုလည်း ချစ်ပေမယ့် မွေးစားသမီး၊မွေးစားသားတို့နဲ့နေရာတိုင်းအယှဉ်ခံနေရတော့ မကျေနပ်စိတ်တွေဖြစ်လာပြီး အဖေကိုပါပြန်သတ်တဲ့အထိ ဖြစ်လာပါတော့တယ်။ကိစ္စတွေအားလုံးကို အကွက်ချစီစဉ်ပြီး အောင်မြင်ခါနီးကျမှ မွေးစားသားမက်စီမို တစ်ယောက် သေကံမရောက်ဘဲ လွတ်မြောက်သွားပါတယ်။ ဒါပေမဲ့ မက်စီမိုရဲ့သားကတော့ သူ့မျက်စိရှေ့မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ကလဲ့စားပြန်ချေဖို့စီစဉ်နေရင်း ကောင်လေးတစ်ယောက်က လူမိုက်အဖွဲ့နှစ်ဖွဲ့ကြားမှာ ကြားညှပ်ပြီး မက်စီမို ကကယ်တင်ပေးခဲ့ရပါသေးတယ်။သားကို ဆုံးရှုံးထားတဲ့ ဖခင်တစ်ယောက်နဲ့ တစ်မိသားစုလုံးအသတ်ခံလိုက်ရတဲ့ ကောင်လေးတို့ ပေါင်းပြီး ကလဲ့စားဘယ်လိုပြန်ချေမလဲဆိုတာကိုတော့ အကြမ်းစားဖိုက်တင်၊ အလန်းစားအခန်းတွေနဲ့ ခံစားကြည့်ရှုလိုက်ပါဉီးနော်...(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie

Xtreme (2021)

2021
Thupparivaalan 7.6
Thupparivaalan Thupparivaalan (2017) မြန်မာစာတန်းထိုး Imdb Ratings : 7.8 ဒီကားလေးက ကြည့်ဖူးနေကျ တေလဂူကားတွေနဲ့ လုံး၀ကွဲထွက်နေတဲ့ မင်းသားချော Vishal ရဲ့ Mysteryဆန်တဲ့ကားလေးစုံထောက်ကြီးရှားလော့ဟုမ်းကို ကြိုက်ခဲ့လို့လား မသိတေလဂူ စုံထောက်ကားကို အရသာတွေ့နေမိပါတယ် ညွှန်းတယ်လို့ပဲ ဆိုဆို ဒီကားက တေလဂူ(ကောလိဝုဒ်)မဆန်တဲ့ကား လို့ ပြောပါရစေတေလဂူမဆန်ဘူးဆိုတာ့တစ်ခြားပြောတာ မဟုတ်ပါ သီချင်းတွေလုံး၀မပါတာ၊ စကားတွေအများကြီး မပြောတာ ဇာတ်လမ်း အရမ်းကြီးမရှည်တာတွေကို ပြောတာပါမင်းသားကလည်း နာမည်ကြီး မင်းသား အရင်ဇာတ်ရုပ်တွေနဲ့လုံး၀ကို မတူပဲ တစ်ခေတ်ဆန်းထားတဲ့ကားလို့ပဲ ဆိုချင်တယ်ဇာတ်ကြောင်းက...အလွတ်စုံထောက်တစ်ယောက် အမှုလိုက်စရာမရှိလို့ ငြီးတွားနေရာက စပါတယ် လာအပ်တဲ့အမှုတွေကလည်း သာမာန်အမှုတွေမို့သူ့အတွက် ပျင်းဖို့ကောင်းနေတာပေါ့ ပျင်းရင် စောင်ခြုံအိပ်လိုက် စာအုပ်တွေဖတ်လိုက်နဲ့ မာနကြီးပြီး စကားတွေအများကြီးမပြောတတ်တဲ့ ဂွတီးဂွကျ စုံထောက်ပေါ့ (Sherlock charactorကို မှီငြမ်းထားတာကိုး)အမှုမရှိချင်နေ..ပိုက်ဆံတွေ ဘယ်လောက်ပုံပေးပါစေ သူစိတ်မပါရင် ဘယ်အမှုကိုမှ လက်မခံတတ်တဲ့ ခေါင်းမာတဲ့စုံထောက်နာမည်က ကာနီယန်းတဲ့တစ်နေ့တော့ သူတို့မြို့လေးရဲ့ ပင်လယ်ကမ်းခြေနားမှာနေတဲ့ကောင်လေး တစ်ယောက် သူ့ဆီကို အမှုတစ်ခုလာအပ်တယ်အမှုက အဲ့ဒီကောင်လေး မွေးထားတဲ့ခွေးလေး ပျောက်ဆုံးတဲ့အမှုကောင်လေးနာမည်က နာဗီးတဲ့အမှုကိုကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းပေမယ့် အကြောင်းစုံသိလိုက်ရတဲ့အခါ ဆန်းကြယ်တဲ့အမှုတစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ်ဒါနဲ့အဲ့ဒီခွေးပျောက်တဲ့အမှုကို လက်ခံပြီး ...
movie

Thupparivaalan

2017
Machete (2010) 6.6
Machete (2010) IMDb (6.6) / Rotten Tomatoes (72%)မန်ချက်တေးဟာ ဖယ်ဒရယ်တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီးလက်ရှိကတော့တက္ကဆက်နယ်စပ်မှာခိုးဝင်လုပ်သားတစ်ယောက်အနေနဲ့ဇာတ်မြုပ်နေပါတယ်၊တစ်နေ့မှာ သူ့ကိုမြို့ခံစီးပွားရေးသမားတစ်ယောက်ကမြို့တော်ဝန်ကိုလုပ်ကြံဖို့ ဒေါ်လာ ၁၅၀၀၀၀ နဲ့ငှားရမ်းခဲ့ပါတယ်။သူ့လိုနယ်စပ်က တရားမဝင်ခိုးဝင်လုပ်သားတွေကိုကူညီပေးနေတဲ့ မိန်းကလေး လုဇ်နဲ့ သူ့ကွန်ယက်အဖွဲ့ကိုအထောက်အပံ့ပေးနိုင်ဖို့ ဒီကိစ္စကို လက်ခံခဲ့ပေမယ့် သူ့ကိုငှားရမ်းခဲ့တဲ့သူဟာနိုင်ငံရေး တရားမဝင်မူးယစ်ဆေး စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေအတွက်သူ့ကိုထောင်ချောက်ဆင်အသုံးချသွားတယ်ဆိုတာ မကြာခင်မှာပဲသိလိုက်ရပါတော့တယ်။ဒါပေမယ့် အဲ့ဒီလူမသိလိုက်တာကတော့ သူဟာ အတိတ်က ဘယ်လောက်အထိကြမ်းခဲ့ရမ်းခဲ့ပြီးသူ့နာမည်ကြားတာနဲ့ ဖိန့်ဖိန့်တုန်သွားရလောက်တဲ့ အကြောင်းသိတွေ ရှိနေတယ်ဆိုတာကိုပါပဲ။ကြမ်းတာကတော့ရှယ်ကြမ်းပါတယ်၊ သွေးသံရဲရဲငေါက်တောက်တွေ မြက်ရိတ်စက်ကြီးနဲ့ ယမ်းတာတွေဓားမကြီးနဲ့ ဆွဲခုတ်တာတွေ လုံးဝအသစ်အဆန်းတွေချည်းပါပဲ။အဲ့ဒီအချိန်တုန်းက အတော်ကြီး Hype ဖြစ်ခဲ့ကြရတဲ့ကားပါ။လူကြမ်းကြီးအဖြစ်တောက်လျှောက်လူသိခဲ့တဲ့ Danny Trejo ကိုခေါင်းဆောင်မင်းသားတင်ထားပြီးတော့Robert De Niro, Jessica Alba, Don Johnson, Michelle Rodriguez, Steven Seagal, Lindsay Lohan စတဲ့ ဒိတ်ဒိတ်ကြဲတွေ အားလုံးကဗီလိန်တွေ ဇာတ်ပို့တွေအဖြစ်သူ့ကိုပို့ပေးရတယ်ဆိုတာကိုက စိတ်ဝင်စားမှုကိုမြင့်တက်စေခဲ့ပြီးသွေးသံရဲရဲကြမ်းတမ်းတဲ့ပြကွက်တွေထဲမှာ satire ဆန်ဆန်တမင်ထည့်ထားတဲ့ဟာသကွက်တွေကလဲအပြည့်အဝဖျော်ဖြေမှုပေးနိုင်ပါတယ်။နောက်ထပ်ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်က ဒီကားထဲကမင်းသမီးမှန်သမျှရဲ့ဝတ်လစ်စားလစ်ဇာတ်ဝင်ခန်းတွေပါ။အပစ်အခတ် ...
movie

Machete (2010)

Pain and Gain (2013) 6.4
Pain and Gain (2013) [Unicode]ကာယနည်းပြဆရာ Daniel Lugo (Mark Wahlberg)ဟာ သူ၏လက်ရှိဘဝကိုမရောင့်ရဲနိုင်ပဲ သူသည် ဒီထက်ပိုကောင်းမွန်သော ဘဝနှင့်ထိုက်တန်သည်ဟုခံယူထားသူတစ်ဦးဖြစ်ပါတယ် ။ထိုတွင် ခေါင်းထဲပေါ်လာသည့်အကြံက သူလေ့ကျင့်သင်ကြားပေးနေတဲ့ နောက်ကြောင်းမရှင်းသည့် သူဌေးတစ်ယောက်ကို ပြန်ပေးဆွဲမယ့် အကြံပါ...သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် body builder , Adrien Doorbal (Anthony Mackie)၊ နှင့် ထောင်မှထွက်လာတာမကြာသေးသည့် ခပ်အူအူ Paul Doyle (Dwayne Johnson) တို့ကိုဤစီမံကိန်းကြီးထဲ ပါဝင်ဖို့ဆွဲသွင်းပြီးနောက်... သူတို့သုံးယောက်၏အတွေ့အကြုံမပြည့်ဝမှု၊ အူတိအူကြောင်နိုင်မှုတို့ကြောင့် စီစဉ်ထားသည့်အတိုင်းဖြစ်မလာခဲ့ရပေမယ့် နောက်ဆုံးမှာတော့ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ် ။ဒါပေမယ့် မကောင်းမှုတို့၏ထုံးစံအတိုင်း သူတို့ကိုအလွတ်စုံထောက်တစ်ယောက်က ခြေရာခံမိလာသည့်အခါ...အလုံးအရင်းနှင့်ဖြစ်သော ပိုက်ဆံတို့ကိုထိန်းသိမ်းနိုင်သည့်စွမ်းရည် သူတို့မှာမရှိသည့်အခါ အဆိုးဆုံးသောဒုစရိုက်မှုကို သူတို့ကျုးလွန်မိကြကုန်ပါတော့တယ် ။ဒီဇာတ်ကားဟာ IMDb Rating - 6.4/10 ရရှိထားပြီး ဖလော်ရီဒါပြည်နယ်မှာအမှန်တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။ File size__( 1.1 GB) and ( ...
movie

Pain and Gain (2013)

Cruella 2021 7.1
Cruella 2021 ခရူရယ်လာဆိုတဲ့ ဒစ်စနေးရဲ့ နာမည်ကျော် ဗီလိန်ကြီးလာပါပြီ။ ကျတော်တို့ငယ်ငယ်ကတည်းက ခွေးလေးတွေကို လိုက်ဒုက္ခပေးချင်တဲ့ ဒီမိန်းမကြီးကို မြင်တာနဲ့ မုန်းခဲ့တာပါ။ အခုတော့ သူ့နေရာကို အမ်မာကျောက်တုံးလေးက ဝင်ပြီး သရုပ်ဆောင်လိုက်တော့လည်း မုန်းလို့မရတော့ပါဘူး။ မယ်လီဖီးဆန့် ဂျိုလီကို မုန်းလို့မရသလိုပေါ့။ ဒီ Live action အသစ်ကတော့ အတော်ကောင်းတဲ့အထဲမှာ ပါပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လည်း အဆင်ပြေတယ်။ ခရူရယ်လာဆိုတဲ့ သူဌေးမကြီးဘယ်လိုဖြစ်လာသလဲဆိုတာကို ကောင်းကောင်းပြထားတာပါပဲ။ ရိုက်ထားတာတွေ ဖက်ရှင်တွေကလည်းအတော်ကိုကောင်းပါတယ်။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ခရူရယ်လာ အကြောင်းကို ပြန်ကြည့်ချင်ရင်တော ့ 101 dalmatians နဲ့ 102 dalmatians ဆိုတဲ့ ရုပ်ရှင်နှစ်ကားရှိပါသေးတယ်။ ဒါကိုလည်း တစ်ခါတည်း တင်ထားပေးပါတယ်။ File size…(2 GB) and (1.4 GB) Quality….Webrip 1080p and 720p Format…mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Mr.Andreson
movie

Cruella 2021

Tazza 3 : One Eyed Jack (2019) 5.7
Tazza 3 : One Eyed Jack (2019) [Unicode]လောင်းကစားသမားတွေရဲ့ ဘဝကို ပေါ်ပေါ်လွင်လွင်ဖော်ပြထားတဲ့ Tazza ရုပ်ရှင်ကားရဲ့ တတိယမြောက်ဇာတ်ကား Tazza 3: One Eyed Jackကို တင်ဆက်ပေးလိုက်ပါတယ် ။ကျွန်တော်တို့ သင်္ကြန်မိုးရုပ်ရှင်ကားထဲက မမေ့နိုင်စရာ Dialogueတွေထဲကတစ်ခုဖြစ်တဲဇာတ်ကောင်သက်ထွေးရဲ့ "အရက်သမားသား အရက်သမားဖြစ်ရတာ မဆန်းပါဘူးအဖေရာ" ဆိုတဲ့စကားကိုတော့ အားလုံးသိကြမယ်ထင်ပါတယ် ။အခုလည်း လောင်းကစားသမားရဲ့သား လောင်းကစားသမားဖြစ်ရတာမဆန်းဘူးဆိုပြီး နေ့ခင်းမှာ အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ကျောင်းတက်ရင်း၊ ညဘက်မှာ လောင်းကစားဝိုင်းထဲကို ရောက်နေတဲ့ Do Il-chulဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့လောင်းကစားဝိုင်းထဲမှာပဲ ကြီးပြင်းလာတဲ့ Madonnaဆိုတဲ့မိန်းက‌လေးတို့ရဲ့ ဆုံတွေ့မှုနဲ့ပဲ ဒီဇာတ်လမ်းကိုစထားပါတယ်...ကံကြမ္မာအလှည့်အပြောင်းကြောင့် Do Il-chulနဲ့ တကယ့်လောင်းကစားသမားကြီးတစ်ယောက်ဖြစ်တဲ့ တစ်ဖက်လပ်ကြီး Aekkuနဲ့ ပူးပေါင်းမိသွားပြီး ‌လူရှုပ်လူပွေကြာကူလီလောင်းကစားသမား Kkachi၊ သရုပ်ဆောင်သင်တန်းတွေတက်ပြီး သရုပ်ဆောင်ဖြစ်မလာပဲ ကာစီနိုရုံမှာ Lucky Girlလုပ်နေရတဲ့ Young-mi နဲ့ လူလိမ်ကြီး ဒါရိုက်တာKwonတို့ ‌၅ယောက် ပေါင်းမိသွားပြီးကတုံးပေါ်ထိပ်ကွက်ဖို့ ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ကားထဲမှာပဲ စောင့်ကြည့်လိုက်ပါ...။"ကျွန်တော်ဘာလို့ ...
movie

Tazza 3 : One Eyed Jack (2019)

Tazza: The Hidden Card (2014) 6.9
Tazza: The Hidden Card (2014) Tazza; The Hidden Card (2014) =========================IMdb Rating (6.9)ဒီဇာတ်ကားမှာ Big Bang အဖွဲ့က T.O.P မှအဓိက ဇာတ်ဆောင်အဖြစ် ကြမ်းကြမ်းတမ်းတမ်းပါဝင်သရုပ်ဆောင်ထားပါတယ်။T.O.P ဟာ တောင်ကိုရီးယားရဲ့ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။(မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့်မိသားစုနဲ့အတူကြည့်ဖို့တော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။)2006 မှာထွက်ခဲ့တဲ့  Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။  "High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။ဇာတ်လမ်းအရတော့ ကိုရီးယားဖဲလောကမှာ ...
movie

Tazza: The Hidden Card (2014)

2014
Tazza: The High Rollers (2006) 7.2
Tazza: The High Rollers (2006) Tazza; The High Rollers(2006) ======================== IMdb Rating (7.2)Tazzaဇာတ်ကားတွဲတွေရဲ့ ပထမဆုံးကားနဲ့ အကောင်းဆုံးကားပါ။ဖဲသမားတစ်ကောင်က ဘယ်လိုစိတ်မျိုးမွေးသင့်တယ်၊ဖဲလောကက ဘယ်လိုရှိတယ် အူမချေးခါးမကျန် ပြထားတယ်။Sequelနှစ်ကားထက် ဇာတ်အိမ်အများကြီးပိုကျစ်လစ်တယ်။ကံကောင်းရင်တော့ကြည့်ပြီး လုံး၀လောင်းကစား မလုပ်ချင်တာမျိုးဖြစ်သွားနိုင်တယ်။ကံဆိုးရင်တော့ အခုပဲဖဲဝိုင်းသွားထိုင်ချင်စိတ် ပေါက်ကောင်းပေါက်သွားနိုင်တယ်။အတော်ဆုံးဖဲဝိဇ္ဇာဖြစ်တဲ့ဆရာက တပြည့်ကို ဖဲလိမ်ရိုက်ဖိုသင်ပေးနေတာတွေကငယ်ငယ်က မင်းသိင်္ခစာအုပ်တွေထဲက ဆရာတွေက သူ့တပြည့်ကိုသင်ပေးတဲ့ဖီလင်မျိုးရတယ်။Narratorထည့်ပြီး ရှေ့တစ်၀က် နောက်တစ်၀က်ပြထားတဲ့ Storytellingကလည်း အတော်မိတယ်။ဖဲပဲ သေချာရှယ်ရိုက်ပြနေတဲ့ ဖဲကားအစစ်ကိုကြည့်ချင်တဲ့လူတွေအတွက်တော့ဒီရုပ်ရှင်ဟာ တကယ့်ကို အနာနဲ့ဆေးတည့်တယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကိုတော့ WiRa Aung မှ တင်ဆက်ထားတာပါ။)  File size…(2.6 GB) and (1.6 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….02:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung  
movie

Tazza: The High Rollers (2006)

101 Dalmatians 1996 5.7
101 Dalmatians 1996 ကျွန်တော်တို့ ငယ်ငယ်က အရမ်းသဘောကျတဲ့ ခွေးလေး ၁၀၁ ကောင် ကာတွန်းကားကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ 101 Dalmatians 1996 ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားရဲ့ထားခြားချက်ကို ပြောရမယ်ဆိုရင်တော့ ခွေးလေးတွေကိုယ်တိုင်ပါပဲ ကျွန်တော်ကတော့ ရုပ်ရှင်ထဲမှာ တိရစ္ဆာလေးတွေ ထည့်ရိုက်ရင် အရမ်းသဘောကျပါတယ် ဘာလို့ဆိုတော့ သူတို့ကို သရုပ်ဆောင်ဖို့ သင်ပေးရတာ မလွယ်ဘူးလေ ဒါပေမယ့် အခုနောက်ပိုင်းမှာ CGI ဆိုတဲ့ ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ရုပ်အတုတွေပဲ ထည့်ရိုက်ကြပါတော့တယ် ဒီတော့ အရင်ခေတ်ကလို တိရစ္ဆာန်လေးတွေရဲ့ သရုပ်ဆောင်ချက်တွေ မြင်ရဖို့အခွင့်အရေးရှားသွားပါတယ် ဒါပေမယ့် ၁၉၉၆ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဒီကားမှာတော့ ခွေးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးမြင်ကြရမှာပါ အခုလို စိတ်ဖိစီးစရာများတဲ့ ကာလမှာ Old but Gold ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါရစေ File size…(1.5 GB) and (1 Gb) Quality….BluRay 1080p and 720p Format…mp4 Duration….01:43:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Htet Wai Lwin  
movie

101 Dalmatians 1996

Batman: Death in the Family (2020) 5.6
Batman: Death in the Family (2020) Batman: Death In The Family 2020 --------------------------- Dcက ပထမဦးဆုံးအနေနဲ့ ရိုက်ခဲ့တဲ့ interactive movieပါ ။interactive movieရဲ့ သဘောကတော့ ရုပ်ရှင်ဇာတ်သိမ်းကိုစာရေးဆရာက ပရိတ်သတ်ကို ဆုံးဖြတ်ခိုင်းတာပါ။ဒီရုပ်ရှင်ထဲမှာတော့ DCရဲ့ anti heroဖြစ်တဲ့ Jason Toddရဲ့ ကံကြမ္မာကိုအဆုံးဖြတ်ပေးရမှာပါ။ ဒီဇာတ်လမ်းထဲမှာ Jasonသေမှာလားမသေရဘူးလား? batmanနဲ့ ဂျိုကာတို့ ဘာဆက်ဖြစ်မှာလဲ? Batmanမိသားစု၀င်ထဲကတစ်ယောက် သေမှာလား?အဲ့ဒီမေးခွန်းတွေကို dc ပရိတ်သတ်တွေကို part1မှာ ဆုံးဖြတ်ခိုင်းမှာဖြစ်ပြီးpart2မှာတော့ဆာဂျင်ရော့ရဲ့နာဇီတို့နဲ့ တိုက်ပွဲအကြောင်း part 3မှာတော့ အဒမ်စထရိန်း part4မှာတော့ဖန်တွမ်စထရိန်း part5မှာတော့ deathအကြောင်းအဖြစ် အပိုင်း၅ခုအဖြစ်စုပေါင်းထွက်ရှိထားတဲ့ရုပ်ရှင်တခုဖြစ်တာကြောင့် တင်ဆက်ပေးလိုက်ပါတယ်. Translated and Encoded by : YKQuality : 1080p 5.1CH Part 1 - Userdrive / ...
movie

Batman: Death in the Family (2020)

2020
Army of the Dead 7.5
Army of the Dead Army of the Dead (2021)ဆရာ ဇက် စနိုက်ဒါရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ဇွန်ဘီး အက်ရှင်ကားပါပဲ။ သီချင်းကောင်းမယ်၊ အက်ရှင်ကောင်းမယ်၊ ဇာတ်လမ်းကောင်းမယ်၊ ရိုက်ချက်တွေကောင်းမယ်ဆိုတာ သိပြီသားပါ။ဆရာဇက်ရဲ့ ဇွန်ဘီးတွေဆိုတော့ သူများဇွန်ဘီးထက် နည်းနည်းတော့ ပိုဉာဏ်ကောင်းပါတယ်။ ပြီးတော့ ခွေးဇွန်ဘီးတွေကို ရိုးပြီမဟုတ်လား ကျားဇွန်ဘီးလေး ကြည့်ပေါ့ဗျာ။ဇာတ်လမ်းက ဒီလိုပါ .....လက်စ်ဗီးဂတ်စ်မြိ့မှာ ဇွန်ဘီးတစ်ကောင် လွတ်သွားရာကနေ ထိန်းမရတော့ဘဲ တစ်မြို့လုံး ဇွန်ဘီးဖြစ်သွားပါတယ်။ ဒါနဲ့ တစ်မြို့လုံးကို ပိတ်ချထားရတာ ကြာပါပြီ။အဲဒီမှာပဲ အမေရိကန်သမ္မတကြီးက လွတ်လပ်ရေးနေ့ အမှတ်တရအနေနဲ့ မြို့ကို အနုမြူဗုံးနဲ့ထုပြီး မျိုးဖြုတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ နောက်ထပ် ၄ ရက်အကြာမှာပေါ့။အဲဒီမှာပဲ မြို့ရဲ့ ကာစီနိုအောက်မှာ ကျန်နေခဲ့တဲ့ ဒေါ်လာ သန်း ၂၀၀ ကို ယူပေးဖို့ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်း မစ္စတာ စကော့နဲ့အဖွဲ့ကို အလုပ်အပ်လာပါတယ်။ ဆုကြေးက ဒေါ်လာ သန်း ၅၀ ဖြစ်ပါတယ်။ သန်း ၂၀၀ ကို ယူလို့ရမှတော့ ဘာလို့ ၅၀ ပဲ ယူမှာလဲ ...
movie

Army of the Dead

2021
Twenty Hacker (2021) 7.4
Twenty Hacker (2021) ဂျယ်မင်း ဆိုတဲ့အထက်တန်းကျောင်းသား ကောင်လေးဟာ ဆိုက်ဗာတိုက်ခိုက်မှုကြောင့်ဘဝကြီးပြောင်းလဲသွားပြီး သူ့ရဲ့ အဖေကို ဆုံးရှုံးလိုက်ရပါတယ်ဟက်ကာသမားက အရမ်းတော်လွန်းတဲ့အတွက် ရဲတွေမဖမ်းနိုင်တာကြောင့်ဟက်ကာသမားကိုဖမ်းဖို့ သူကိုယ်တိုင် ဟက်ကာလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဟက်ကင်းလုပ်ပြီး ပိုကောင်းတဲ့ကမ္ဘာတစ်ခုကို ဖန်တီးမဲ့"ပိုကောင်းတဲ့ကမ္ဘာ"ဆိုတဲ့အဖွဲ့နဲ့ ဟက်ကာအရည်အချင်းပြည့်ဝလာတဲ့ဂျယ်မင်းတို့ တက္ကသိုလ်မှာ တွေ့ကြတဲ့အခါ ဟက်ကာကိုဖမ်းဖို့အတွက်သူတို့အချင်းချင်းပူးပေါင်းပြီးဘယ်လိုတွေလုပ်ဆောင်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ဆက်လက်ကြည့်ရှုရမှာပါ Quality : WEB-DL 720pFormat: mp4Subtitle : Myanmar Sub ( Hardsub )Translated By Yamin EiEncoded By LK 
movie

Twenty Hacker (2021)